Dr.CHI Skin Care & Detox Clinic

Dr.CHI Skin Care & Detox Clinic

Share

Make life better than ever by improving our health

06/05/2026

"We Are Hiring! 📢 Therapist ရာထူး အတွက် ဝန်ထမ်းအသစ် ခေါ်ယူနေပါတယ်။
✅ လိုအပ်သော အရည်အချင်းများ:
• ပညာအရည်အချင်း - အထက်တန်းအောင် (Grade 12)
• အသက် - ၁၈ နှစ်မှ ၂၅ နှစ်အတွင်း
• အလုပ်ချိန်နှင့် တာဝန်များကို တိကျစွာ လုပ်ဆောင်နိုင်သူ
💵 လစာ: အင်တာဗျူးတွင် ညှိနှိုင်းဆွေးနွေးနိုင်ပါသည်။

သင်ယူလိုစိတ်ရှိတဲ့ လူငယ်လေးတွေကို ကြိုဆိုနေပါတယ်။ အသေးစိတ်ကို Comment မှာ မေးမြန်းနိုင်သလို လူကိုယ်တိုင်လည်း လာရောက်လျှောက်ထားနိုင်ပါတယ်ရှင်။ ✨

☎️ 09-253 199 441
🏥🏠 No.187, 75st, bet 35 x 36, Mandalay.
.CHI_Skin_Care_&_Detox_Clinic

Photos from Dr.CHI Skin Care & Detox Clinic's post 18/04/2026

နေပူရှိန်က တဖြည်းဖြည်း ပြင်းလာပြီဆိုတော့ အသားအရေ ပျက်စီးမှာ စိုးရိမ်နေရပြီလား? ဒီလိုအချိန်မှာ Moisture/Sunscreen ဆိုတာ အလှကုန်တစ်ခုတင်မဟုတ်ဘဲ အသားအရေအတွက် "အသက်ကယ်ဆေး" တစ်ခုလို အရေးကြီးပါတယ်။
အထူးသဖြင့် နေပူထဲထွက်ရင် အသားအရေ ခြောက်သွေ့တာ၊ နီမြန်းတာတွေ မဖြစ်စေဖို့ Moisture Sunscreen လိမ်းရတဲ့ အကြောင်းရင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။
☀️ နေပူတဲ့အခါ Moisture Sunscreen ဘာကြောင့် လိုအပ်တာလဲ?
နေရောင်ခြည်ထဲမှာပါတဲ့ UV Rays တွေက အသားအရေကို လောင်ကျွမ်းစေရုံတင်မကဘဲ အရေပြားထဲမှာရှိတဲ့ ရေဓာတ်ကို ခမ်းခြောက်စေပါတယ်။
• UV Protection + Hydration: Moisture ပါဝင်တဲ့ Sunscreen တွေက နေရောင်ကို ကာကွယ်ပေးတဲ့အပြင် တစ်နေကုန် အသားအရေကို စိုပြေနေစေလို့ အသားပတ်တာ၊ အသားအရေ ကြမ်းတမ်းတာတွေကို သက်သာစေပါတယ်။
• Cooling Effect: ရေဓာတ်ပါဝင်မှုများတဲ့အတွက် လိမ်းလိုက်ရင် အေးအေးလေးနဲ့ အသားထဲ စိမ့်ဝင်လွယ်စေပါတယ်။
• Anti-Aging: နေရောင်ကြောင့် အရေးအကြောင်း ဖြစ်တာနဲ့ တင်းတိပ်၊ မှဲ့ခြောက် ဖြစ်ခြင်းကို ထိထိရောက်ရောက် တားဆီးပေးပါတယ်။
💡 Sunscreen လိမ်းတဲ့အခါ သတိထားရမည့် အချက်များ
စနစ်တကျ လိမ်းမှသာ နေရောင်ဒဏ်ကို အပြည့်အဝ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

"အိမ်ထဲမှာပဲ နေတာပဲ၊ Sunscreen မလိုပါဘူး" ဆိုတာ အမှားကြီးပါ။ ပြတင်းပေါက်ကနေ ဝင်လာတဲ့ အလင်းရောင်နဲ့ ဖုန်း/ကွန်ပျူတာက ထွက်တဲ့ Blue Light တွေကလည်း အသားအရေကို ပျက်စီးစေနိုင်လို့ အိမ်မှာနေရင်းလည်း Moisture Sunscreen လေး လိမ်းထားဖို့ မမေ့ပါနဲ့ဦး။

• နေပူထဲက ပြန်လာရင် ချက်ချင်း မျက်နှာမသစ်ပါနဲ့ (အသားအရေ အပူချိန် ကျသွားအောင် ခဏစောင့်ပါ)။
• ရေများများ သောက်ပေးပါ။
• အပြင်ထွက်ရင် ထီး ဒါမှမဟုတ် ဦးထုပ် ဆောင်းပါ။
နေပူရှိန်ပြင်းတဲ့ ဒီရက်ပိုင်းမှာ အသားအရေလေးကို Moisture Sunscreen နဲ့ အကောင်းဆုံး ကာကွယ် စောင့်ရှောက်လိုက်ရအောင်လားရှင်။ 🌿✨

10/04/2026

မြန်မာ့နှစ်သစ်အခါသမယမှာ မိတ်ဆွေ ညီအစ်ကို မောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေကြောင်း
Dr.Chi မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်💦💧🙏🏻

28/03/2026

နေရောင်ထဲမှာတောင် Glow ဖြစ်နေချင်လား? ☀️✨

ဒီလိုဆိုရင် သင့်အတွက်လိုအပ်တာက — Dr. CHI ရဲ့ Sun Liquid 💧

🌿 Titanium Dioxide & Zinc Oxide ပါဝင်ပြီး
🛡️ နေရောင်ကြောင့်ဖြစ်တဲ့ UV rays ကို ကာကွယ်ပေးတယ်
💦 စေးကပ်ခြင်းမရှိပဲ
🌞 နေ့စဉ်သုံးဖို့ အဆင်ပြေပြီး skin ပေါ်မှာ glow ပြီးကျန်တယ်

နေရောင်ကာလိမ်းဖို့ မမေ့နဲ့နော် —
Glow skin ရဖို့အတွက် အရေးကြီးဆုံး step ပါ!

☎️ 09-253 199 441
🏥🏠 No.187, 75st, bet 35 x 36, Mandalay.
.CHI_Skin_Care_&_Detox_Clinic

31/12/2025

ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေကြောင်း

Dr.CHI မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်

☎️ 09-253 199 441
🏥🏠 No.187, 75st, bet 35 x 36, Mandalay.
.CHI_Skin_Care_&_Detox_Clinic

01/12/2025

တင်းတိပ်သက်သာဖို့ဆိုတာ စိတ်ရှည်ရပါမယ်
အချိန်ပေးရပါမယ် ဆရာဝန်ညွှန်ကြားချက်
သေချာလိုက်နာရပါမယ်ရှင်

ထိရောက်တဲ့ကုသမှုအတွက် အသေးစိတ်လာရောက်ဆွေးနွေးလို့ရပါပြီရှင်😍

☎️ 09-253 199 441
🏥🏠 No.187, 75st, bet 35 x 36, Mandalay.
.CHI_Skin_Care_&_Detox_Clinic

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 187, 75th Street , Between 35th X 36th Street
Mandalay

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00