Soe Wint Wint Htet
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Soe Wint Wint Htet, Health/Beauty, Mandalay.
ဆရာ ကိုဟိန်းရဲ့ မွေးနေ့နဲ့ gymnastics studio ဖွင့်ပွဲသို့
ကျွမ်းဘားဝါသနာပါသူများအတွက်
ဆရာ့သင်တန်းလိပ်စာ👇
60A 111/ 111A မနော်ဟယ်ရီအနီး၊
Ko Hein Movement Studio(Mandalay)
(9.10.2024)
မအားလို့ ခုမှ တင်ရတယ် 🤍🍀
ကိုယ့်ရဲ့ ဘ၀ထဲမှာ လူတွေ အများကြီးရှိဖို့ မလိုပါဘူး။
ကိုယ့်ကို စိတ်လုံခြုံမှုပေးပြီး နားလည်ဖေးမမှုတွေနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးတွေ ရှိဖို့ပဲ လိုပါတယ်။
အခုလို အဆင်မပြေတဲ့ ကာလတွေ၊ စိတ်အဆင်မပြေတဲ့ နေ့ရက်မျိုးတွေမှာ ကိုယ်နဲ့ same energyရှိတဲ့ သူတွေရဲ့ ဖြစ်တည်မှုဟာ သိပ်ကို အရေးပါမှန်း အားလုံး သတိထားမိကြမှာပါ။
လူတိုင်းနဲ့ ကိုယ်ဟာ စိတ်တူ ကိုယ်တူမဖြစ်နိုင်ဘူး၊
လူတိုင်းနဲ့ကိုယ်ဟာ ပေါင်းသင်းဆက်ဆံရ အဆင်ပြေနေမှာ မဟုတ်ဘူး၊ လူတိုင်းကို ကိုယ်ရင်ဖွင့်ချင်တိုင်း ဖွင့်ပြောလို့မရဘူး၊ လူတိုင်းကို ကိုယ်ယုံကြည်ချင်တိုင်း ယုံကြည်လို့မရဘူး။ ဒီလိုအခြေအနေတွေမှာ ကိုယ့်အတွက် စိတ်တူ ကိုယ်တူ ယုံကြည်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူ စသဖြင့် ရှိတာဟာ ကံကောင်းခြင်း တစ်မျိုးပါပဲ။
ငိုချင်တဲ့အခါ ဟန်ဆောင်မနေဘဲ ငိုခွင့်ရတာမျိုး
ရယ်မောချင်တဲ့အခါ ဟန်ဆောင်မနေဘဲ ရယ်မော
ခွင့်ရတာမျိုး
ပြိုလဲချိန်မှာ ပြိုလဲခွင့်ပေးတဲ့လူတွေ
ခံစားချက်တွေကို မလှောင်ရယ်တဲ့ ပတ်၀န်းကျင်
အားနာတယ်ဆိုတဲ့ စိတ်ကို မခံစားစေရတဲ့ ပွင့်လင်းခြင်းတွေ
သက်တောင့်သက်သာနဲ့ စိတ်လုံခြုံရတဲ့ ရပ်၀န်းတွေ
မှီခိုစရာ ပုခုံးတစ်စုံ၊ နားထောင်ပေးတဲ့ နားတစ်စုံ
ထွေးပွေ့နှစ်သိမ့်ပေးတဲ့ ရင်ခွင်တစ်စုံ
ဘယ်တော့မှ လွှတ်မချဘဲ ဆုပ်ကိုင်ပေးထားတဲ့
လက်တွေ....
အားလုံးဟာ တန်ဖိုးထား ကျေးဇူးတင်စရာတွေပါ။
မလွယ်ကူတဲ့ကာလတွေမှာ သူတို့ကြောင့်ပဲ ပျော်ခဲ့ရ၊
သူတို့ကြောင့်ပဲ နွေးထွေးခဲ့ရ၊ သူတို့ကြောင့်ပဲ ပြုံးရယ်ခဲ့ရနဲ့ ကိုယ့်အတွက် သိပ်ကို တန်ဖိုးရှိလွန်းတဲ့ ဖြစ်တည်မှုတွေမဟုတ်လား။
#စူးရှမေ
အများကြီးသဘောကျဖူးသူတစ်ယောက်ကို
ဘာလို့အရင်လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ဖူးလဲမေးရင်
သူနဲ့ကိုယ်ထားတဲ့ value ချင်းမတူလို့, လို့ပဲ
ဖြေရမယ်။
ဒီ value ဆိုတဲ့ စကားကို
လွန်ခဲ့တဲ့ရက်ပိုင်းက ကြားဖူးပြီး
တော်တော်သဘောကျခဲ့တာ။
ကိုယ့်အတွက်က
ချစ်ခြင်းတရားဟာ value တစ်ခုဖြစ်နေပြီ၊
အခြားတစ်စုံတစ်ယောက်အတွက်က
အလုပ်အကိုင်နဲ့ ဘဝရှေ့ရေးက
value တစ်ခုဖြစ်နေခဲ့သလိုမျိုးပေါ့။
ဂရုစိုက်ခံချင်၊ အလေးအနက်ထားခံချင်တဲ့
လူတစ်ယောက်နဲ့ ချစ်ခြင်းကို
အခြားဘာသာစကားတစ်ခုနဲ့ပြောတတ်တဲ့
လူတစ်ယောက်၊
မေတ္တာတရားမှာ ဖွင့်ဆိုချက်မတူတဲ့ လူနှစ်ယောက်။
မိုးပျံပူဖောင်းလေးတစ်လုံးကိုမှ
ကြံကြံဖန်ဖန် ပူဆာတတ်တဲ့ အမျိုးသမီးရယ်။
မိုးပျံပူဖောင်းလေးဖြစ်လို့ မဝယ်ပေးချင်တဲ့
ယော၊ကျ်ားတစ်ယောက်ရယ်။
ဒီမိုးပျံပူဖောင်းလေးတစ်လုံးထဲကိုမှ
ရှုမြင်ကြတဲ့ မတူညီတဲ့ အမြင်တွေရယ်။
အမျိုးသမီးဟာ အဲ့ထက်ပိုမြင်ခဲ့တာ ဖြစ်ပြီး၊
အမျိုးသားကတော့
မိုးပျံပူဖောင်းလေးတစ်လုံးလို့သာ မြင်ခဲ့တဲ့အခါ၊
ဒီလူနှစ်ယောက်က
သေချာပေါက် ဝေးမှဖြစ်ပါလိမ့်မယ်။
တစ်ယောက်ယောက်ရဲ့ အမှာ:ကြောင့်မဟုတ်ဘဲ
သူတို့ထားကြတဲ့ value ချင်းမတူသလို၊
သူတို့ပြောတတ်တဲ့ ချစ်ခြင်းဘာသာစကားချင်းလည်း မတူတာကြောင့်ပါပဲ။
crd
ကိုယ့်ကို စစ်မှန်စွာချစ်တဲ့သူဆိုတာ
ဥယျာဉ်မှုးလို ပန်းတပွင့်ကို
အရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးမှာပါ
အရိပ်နေနေ အခက်ချိုးချိုး
ကိုယ့်ဘဝကိုခူးယူပီး
ခူးစရာအကိုင်းအခက်ကုန်သွားရင်
တခြားအပင်ကူးမယ့်သူမျိုးမဟုတ်ပါဘူးးး
လွန်ခဲ့တဲ့ ၃နှစ် အလုပ်မရှိတော့တဲ့ချိန်တည်းက
ကိုယ်တတ်နိုင်သလောက် ကျွေးရင်းကနေ
သနားလို့ ကောက်မွေးမိပီး
သောင်တင်နေတဲ့ ခလေးတွေပေါ့
တချို့ခလေးတွေ ဆုံးပီး ခု ဆယ်ကောင်ကျော်ကျန်တယ်
အလုပ်စစချင်း တနှစ်ထိ ဝန်ထမ်းနည်းသေးတော့
ကိုယ်နဲ့ အတူ ခေါ်ထားပေမယ့်
ဝန်ထမ်းများလာတော့ အလုပ်ရုံးမှာ ထားမရဘူး
ကိုယ်ကလဲ အလုပ်မှာ မနေလို့ မရသေးလို့
သူတို့ကို ကျွေးပေးစောင့်ရှောက်ပေးနိုင်မယ့်ဆီ
ငှါးအပ်ထားရတယ်
ခုနောက်ပိုင်းတော့ ဒီ သံယောဇဉ်တေ ကြောက်လို့
ကျွေးချင်ရင် သွားကျွေးလိုက်တယ်
ခေါ်မမွေးဖြစ်တော့ဘူး
ခုမွေးထားတဲ့ ခလေးတွေ တစ်သက်ဘဲ
ဒီသံယောဇဉ်တွေကုန်ရင်တော့
တွယ်ငြိမှုတွေ ရပ်ပါပီ
ယောကျာ်းမရှိ ခလေး မရှ်တာတောင်
တခုခုဆို အရင်လို စိတ်လွတ်ကိုယ်လွတ်
ဆုံးဖြတ်ချက်ချမရဘူး
အော် ငါ့မှာ မိသားစုကို ပေးဖို့နဲ့
ငါကယ်ထားတဲ့ ခွေးလေးတွေ ကျွေးဖို့ ရှိသေးတယ်
ဒီ ငဲ့စရာကြောင့်ဘဲ မပြတ်သားနိုင်ခဲ့ဘူး
ကိုယ့်အတွက်ကိုယ်ဆို risk ယူရဲတယ်
ဘယ်နေရာ ရောက်ရောက် ဘာလုပ်လုပ်
ကိုယ်က မိန်းမသားပေမယ့် ဒေါင်ကျကျ ပြားကျကျ
နေနိုင်သလို အပင်ပန်းခံနိုင်တယ်
ဘာဘဲ ဖြစ်ဖြစ် ကိုယ် လုပ်နိုင်တာ
အကောင်းဆုံး ကြိုးစားလုပ်တတ်တဲ့
ကိုယ့်ကိုယ်ကို ယုံကြည်မှုကြောင့်
ဘာ အခက်ခဲ ကြံုကြံု တနေ့မဟုတ် တနေ့
ပြန်ခေါင်းထောင်လာမယ်ဆိုတာ သိတယ်
ဘဝဆိုတာ ဒီလိုဘဲ
အသက်ရလာလေ
တချို့အရာတွေမှာ ငယ်ငယ်ကလို
စိတ်လိုက်မာန်ပါ မလုပ်ဖြစ်တော့တာဟာ
စိတ်မရှိတော့လို့ မဟုတ်ဘူး
ငဲ့ကြည့်ရမယ့်အရာတချို့က ပြန်ထိန်းချုပ်ထားလို့ 🤍🍀
အရင်က စာရူးပေရူးလေးပေါ့ 🥰
ဒီနေ့ ဘာဟင်းလဲ 🐶🫶
စစ်ကိုင်း ကမ်းနားလမ်း ☘️
ဒီနေ့ ခွေးလေး ၃၀လောက် အဝစား ဘူဖေး 🤍
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay