Aye Thu Kha Clinic
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aye Thu Kha Clinic, Beauty, cosmetic & personal care, Mandalay.
16/08/2022
အလှအပနဲ့ ပါတ်သတ်တဲ့ ကုထုံးအစုံကို တစ်နေရာထဲမှာ ရနိုင်ပြီး ပွင့်လင်းစွာ ဆွေးနွေးနိုင်ဖို့ဆိုရင် Aye Thu Kha Clinic ကို လာခဲ့မှ ဖြစ်မယ်နော်...
🌸 Beauty Standard မြင့်လာတာနဲ့အညီ Skincare တွေနဲ့ဖြစ်ဖြစ်၊ Treatment တွေ ယူတာဖြစ်ဖြစ်၊ အစားအသောက်၊ Supplement တွေနဲ့ဖြစ်ဖြစ် ဘက်ပေါင်းစုံကနေ မျက်နှာအလှအပ၊ အသားအရည်အလှအပတွေကို ထိန်းသိမ်းနေကြပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ ခွဲစိတ်တာကစလို့ ဆေးထိုး၊ ဆေးသောက် တာတွေအထိ Treatment တွေမျိုးစုံ ရွေးစရာရှိပါတယ်။
🌸 အလှအပအတွက် ရက်အနည်းငယ်နဲ့ သိသိသာသာ Result ကို ရချင်ရင်တော့ Treatment တွေဟာ အကောင်းဆုံးရွေးချယ်မှု ဖြစ်မှာပါ။ ကိုယ်လိုချင်တဲ့ ပုံစံ ဥပမာ - နှာတံမြှင့်ခြင်း၊ V-shape ဖော်ခြင်း၊ အသားအရည်ကြည်စေခြင်း၊ အမာရွတ်များ ဖျောက်ခြင်း စတဲ့ Treatment အမျိုးမျိုးကို ယုံကြည်စိတ်ချစွာ ပြုလုပ်နိုင်ဖို့အတွက် Aye Thu Kha Clinic ကိုသာ လာခဲ့ပါရှင့်။
🌸 Aye Thu Kha Clinic မှာ
❣ နှာတံမြှင့် ကြိုးထိုးခြင်း
❣ နှာတံမြှင့် filler ထိုးခြင်း
❣ နှုတ်ခမ်း ပုံဖော်ခြင်း
❣ မျက်နှာပင့်တင်ကုထုံး (face lift)
❣️ collagen ကြိုးထိုးပေးခြင်း
❣️မျက်နှာအရေးအကြောင်း ဖျောက်ပေးခြင်း
❣ သွေးရည်ကြည် ကုထုံး (PRP treatment)
❣ Botox treatment
❣ Chemical peeling
❣ မှဲ့၊ အသားပို ဖျက်ပေးခြင်း
❣ အဆီကျိတ် ခွဲပေးခြင်း
❣ မျက်ရစ်ဖော်ပေးခြင်း
❣ ပါးချိုင့်ဖော်ပေးခြင်း
စတဲ့ Treatment တွေကို
- စျေးနှုန်းသင့်တင့်စွာ
- သန့်ရှင်းသပ်ရပ်စွာ
- လက်ရာသေသပ်စွာဖြင့် ကျွမ်းကျင် အတွေ့အကြုံရှိသော ဆရာဝန်များကိုယ်တိုင် ဆောင်ရွက်ပေးနေပါပြီ....
🌸 မျက်နှာပေါ်က အရေးအကြောင်းတွေ ဖျောက်ချင်လား
🌸 အမည်းစက်၊ အမာရွတ်တွေ ဖျောက်ပြီး အသားအရည် ကြည်ချင်သလား
🌸 ရှိရင်းစွဲအသက်ထက် နုပျိုတဲ့ မျက်နှာလေးကို ရချင်လား
အန္တရာယ်ကင်းကင်းနဲ့ ပျိုမေတို့လှပဖို့အတွက် တာဝန် အပြည့်အဝ ယူပေးတာမို့ အမြန်ဆုံး Booking တင်လိုက်တော့နော်....
ဆက်သွယ်ရန် -
Address - Aye Myittar Street, Kone Tan Quarter, Patheingyi Township, Mandalay.
☎Phone - 09421602040, 095170319
07/07/2022
🥔🥔🥔အားလူးသီးရဲ့ လျှို့ဝှက်ချက်🥔🥔🥔
☝️မျက်ခွံမို့တာ မျက်နှာအမ်းတာ သက်သာဖို့အတွက်-
-အာလူးသီးကို ပါးပါးလှီးပြီး မျက်ခွံပေါ် ကပ်ပေးပါ။ ၁၅ မိနစ်ခန့်။
☝️ဆံပင်ကျွတ်တာ သက်သာဖို့အတွက်-
-အာလူးသီးအစိမ်းကို အရည်ရအောင်လုပ်ပြီး ရှားစောင်းလက်ပတ် gel နဲ့ရောပါ။ပြီးရင် ဆံပင်ကို ဦးရေပြားထိရောက်အောင် လိမ်းပေးပါ။၃၀မိနစ်ခန့်။
☝️အမည်းစက်နှင့် အမာရွတ်တွေအတွက်-
-အာလူးသီးအစိမ်းကို အရည်ရအောင်လုပ်ပြီး ပျားရည်နှင့်ရောပါ။ပြီးလျှင် မျက်နှာကို လိမ်းပါ။ ၂၀ မိနစ်ခန့်။
☝️ဆံသား တောက်ပြောင်စေရန်အတွက်-
-အာလူးကို အခွံကျွတ်တဲ့အထိ ပြုတ်ပါ။ပြီးလျှင် ရေဖလားထဲ ရေထည့်ပြီး အခွံချွတ်ထားသော အာလူးကို ထညိ့စိမ်ပါ။ အားလူး အေးသွားရင် အဲ့ဒီ အားလူးစိမ်ထားတဲ့ရေနဲ့ ဆံပင်ကို ရွှဲရွှဲစိုအောင် လိမ်းပေးပါ။၃၀မိနစ်ခန့်။
☝️ဝက်ခြံအတွက်-
-အာလူးအစိမ်းရည်ကို ဝက်ခြံပေါ် နားကြပ်တံနှင့် တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။
☝️အသားအရည် ကြည်လင်စေရန် အတွက်-
-တစ်ရှူး ဒါမှမဟုတ် စက္ကူအသန့်ကို အာခူးအစိမ်းရည်တွင် စိမ်ပြီး မျက်နှာပေါ် ကပ်ပေးပါ(mask အုပ်သလိုမျိုး)။၁၅ မိနစ်ခန့်။
ကဲ.....အာလူးသီး ရှိယုံနဲ့ အဆင်ပြေနေပြီပဲ........ဘာလိုသေးလည်းနော်🥰🥰
01/07/2022
Social media ဒါမှမဟုတ် သူငယ်ချင်း အသိမိတ်ဆွေအိမ်မှာ face roller လေးတွေကို တွေ့ဖူးကြမယ်ထင်ပါတယ်။အများအားဖြင့် သတ္ထု ဒါမှမဟုတ် တွင်းထွက်ကျောက် တစ်မျိုးမျိုးနဲ့ ပြုလုပ်ထားတဲ့ face roller လေးတွေကို အသုံးပြုခြင်းဟာ မျက်နှာပြင် အသားရေ အတွက် အရမ်းကိုအသုံးတည့်ပါတယ်။Face rollerလေးနဲ့ မျက်နှာပြင်ပေါ်ကို အသာအယာ ဖိလှိမ့်ပေးခြင်းဖြင့် မျက်နှာပြင် အသားအရေအတွက် များစွာ ကောင်းကျိုးပြုသလို စိတ်ဖိစီးမှု့နဲ့ မွန်းကြပ်မှု့တွေကို သက်သာစေပါတယ်။
👉 Face roller သုံးခြင်းအားဖြင့်-
-မျက်နှာပြင် သွေးလှည့်ပတ်မှု့ကိုအားကောင်းစေခြင်း
-မျက်ခွံမို့ခြင်း မျက်အိတ်တွဲခြင်းနှင့် မျက်နှာအမ်းခြင်း ၊ ယောင်ရမ်းခြင်းတို့ကိုသက်သာစေခြင်း
-စိတ်ခံစားမှု့ကိုကောင်းမွန်စေခြင်း၊စိတ်ဖိစီးမှု့ကို လျော့ကျစေခြင်း
-မျက်နှာအသားအရေ ကြည်လင်တောက်ပစေခြင်း၊မျက်နှာပြင်အေး၍ အသားအရေ နူးညံ့စေခြင်း
စတဲ့အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
👉ဘယ်လိုအသုံးပြုရမလည်း ?
-roller လှိမ့်ရင် အသာအယာဖိပြီး(gentle pressure) လှိမ့်ရပါမယ်။
-ပထမဆုံး roller မလှိမ့်ခင် မျက်နှာနှင့် လည်ပင်းကို (ချောဆီအနေနဲ့) facial oil, serum ဒါမှမဟုတ် moisturizer တစ်မျိုးမျိုးကို လိမ်းရပါမယ်။
-အဲလို လိမ်းပြီးသွားပြီဆိုရင် rollerကို ပထမဆုံး လည်ပင်း အခြေကနေ အပေါ်ကို ပင့်ဆွဲပြီး လှိမ့်ပေးရပါမယ်(upward direction)။
-Jaw lineကို လှိမ့်ရင် မေးစေ့ကနေ နားရွက်ကို သွားတဲ့ ပုံစံအတိုင်းလှိမ့်ရပါမယ်။အဲဒီ direction အတိုင်း ပါးရိုးအထိ လှိမ့်ပေးရပါမယ်။
-နဖူးပြင် အတွက်ကတော့ ဘယ် (သို့မဟုတ်) ညာ နားထင် ကနေ ညာ (သို့မဟုတ်) ဘယ် နားထင် အထိ မျက်ခုံး အပေါ်နား ကနေ ပင့်ပြီးလှိမ့်ရပါမယ် (အောက်ကနေ အပေါ်ကို ပင့်လှိမ့်ရမှာပါ)။
-မျက်ခုံးပေါ်ကိုတော့ ရေပြင်ညီအတိုင်း နှာတံဖက်ခြမ်းကနေ နားထင်ဘက်ခြမ်းကို လှိမ့်ရပါမယ်။
-နှာတံပေါ်ကိုတော့ အပေါ်အောက် direction အတိုင်း လှိမ့်ပေးရပါမယ်။
👉ဘယ်အချိန်တွေ လုပ်ရမလည်း ?
-နေ့စဥ် အဆင်ပြေတဲ့ အချိန်တိုင်း လုပ်ပေးနိုင်ပါတယ်။
👉တစ်ကြိမ်လုပ်ရင် ဘယ်လောက် အချိန်ကြာကြာ လုပ်ရမလည်း ?
-မိနစ် အနည်းငယ်မှ ၁၀ မိနစ်ခန့် အချိန် ကြာကြာ ဆို လုံလောက်ပါတယ်။
Face roller types-
-သစ်သားနဲ့ ပြုလုပ်ထားတာတွေလည်း ရှိသလို သတ္ထု သို့မဟုတ် တွင်းထွက်ကျောက် တစ်မျိုးမျိုးနဲ့ ပြုလုပ်ထားတာတွေလည်း ရှိပါတယ်။
-တွင်းထွက်ကျောက် တစ်မျိုးမျိုးနဲ့ လုပ်ထားတဲ့ face rollerကို ပိုပြီး recommand ပေးပါတယ်နော်☺️။
ကဲ....ဒီလောက်ဆို face roller အကြောင်းနဲ့ အသုံးပြုပုံကို သိသွားကြပြီဆိုတော့ ကုန်ကျစရိတ်လည်း နည်းပြီး အသုံးပြုရ လွယ်ကူတဲ့ face roller လေးတွေကို သုံးပြီး ပြစ်မျိုးမှည့်မထင် မျက်နှာလေးကို ပိုင်ဆိုင်လိုက်ကြရအောင်..🥰🥰။
30/06/2022
အုန်းရည်ကိုတပတ်တာလုံးသောက်သုံးတဲ့အခါ
´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´
တော်ရုံတန်ရုံတော့ ဘယ်သူမှ အုန်းရည်ကို တစ်ပတ်လုံးမသောက်တတ်ပါဘူး။ ဒါပေမယ့် အုန်းရည်ကို အချိန်ကြာကြာသောက်မယ်ဆိုရင်တော့ ဒီလိုအပြောင်းအလဲလေးတွေကို ခံစားမိမှာပါ။
(၁) ကိုယ်ခံအားကောင်းလာမယ်။
အုန်းရည်ဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို သိသိသာသာ ကောင်းမွန်လာစေမှာပါ။
(၂) အားပြည့်လာမယ်။
တစ်ပတ်လုံး အုန်းရည်သောက်တဲ့အခါ သင့်အနေနဲ့ Energy Drink သောက်ထားသလိုကို အားပြည့်နေမှာပါ။ ဒါပေမယ့် အုန်းရည်ကတော့ ဘေးအန္တရာယ်ကင်းတယ်ပေ့ါဗျာ။
(၃) ကိုယ်တွင်းအင်္ဂါတွေကောင်းလာမယ်။
သင့်ခန္ဓာကိုယ်အတွင်းက တန်ဆာပလာတွေ သိသိသာသာကို ကောင်းလာပါလိမ့်မယ်။
(၄) အစာခြေစနစ်ကောင်းလာမယ်။
သင့်အစာခြေစနစ်အတွက် အရမ်းကို အထောက်အကူပြုပါတယ်။ အစာများများစားလာနိုင်သလို သိပ်လည်း ဝမလာနိုင်ပါဘူး။
(၅) ဝိတ်ကျလာမယ်။
အစာခြေစနစ်ကောင်းလာတဲ့အခါ ဝိတ်လည်း ကျလာတော့မှာ ဖြစ်ပါတယ်။
(၆) ခေါင်းကိုက်သက်သာစေတယ်။
လေ့လာချက်တွေအရတော့ အုန်းရည်ဟာ ခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
(၇) ငယ်ရွယ်နုပျိုးစေတယ်။
အချိန်ကြာကြာ သောက်လာတာနဲ့အမျှ အသားအရေ ပြောင်းလဲမှုတွေတောင် ဖြစ်လာနိုင်ပါတယ်။
အုန်းရည်သောက်နေစဉ်ရက်အတွင်းရေပုံမှန်ချိူးကပိုကောင်း၏
Credit
22/06/2022
အရေပြားပေါ်က ရှိသမျှ အညိုကွက်၊ အမာရွတ် တွေကို ဖျောက်ပစ်မယ်....✨️✨️✨️
အရေပြားပေါ်မှာ အထူးသဖြင့်မျက်နှာမှာ အသားအရေမညီညာတာ၊ အရေးအကြောင်းပေါ်လာတာ၊ တင်းတိပ်၊ ဝက်ခြံအမာရွတ်တွေ အတွက် ကောင်းနိုးရာရာ စတီးရွက်ပါတဲ့ တားမြစ် cosmetics တွေ လိမ်းနေမယ့်အစား သေချာထိရောက်မယ့် Chemical peeling သာလုပ်လိုက်ပါ။
❓️ Chemical peeling ဆိုတာ ဘာလဲ။
Chemical solution တစ်မျိုးနဲ့ အရေပြားအပေါ်ယံလွှာမှာ ရှိတဲ့ dead cell တွေကိုဖယ်ရှားပေးတာပါ။ ဆဲလ်သေတွေ မရှိတော့တဲ့အတွက် ဆဲလ်အသစ်လေးတွေ တစ်ဖန်မွေးဖွားလာပြီး အရေပြားဟာ ပိုမို နူးညံ့ ကြည်လင် လာမှာ ဖြစ်ပါတယ်။
❓️ Chemical peeling ကို ဘယ်နေရာမှာ သုံးလဲ။
👳♀️Light peeling
👳♀️ Medium peeling
👳♀️ Deep peeling ဆိုပြီး ၃ မျိုးရှိပါတယ်။
- အရေးအကြောင်းများ
- ဝက်ခြံ အမာရွတ်များ
- အသားအရောင် မညီညာခြင်း
- အသားခြောက်ခြင်း
- တင်းတိပ်
စတဲ့ ကိုယ် peeling လုပ်မဲ့နေရာရဲ့ pigmentation, အမာရွတ်ဆိုလည်း အကြီး အသေးပေါ် မူတည်ပြီး ဘယ် range ကို သုံးရမယ်ဆိုတာ ဆရာဝန်က ဆွေးနွေးပေးပါလိမ့်မယ်။ သုံးတဲ့ solution ပြင်းအားအပေါ် မူတည်ပြီး ရလာတဲ့ result, recovery time ကတော့ ကွာခြားကြပါတယ်။
Chemical peeling လုပ်ပြီးတဲ့နောက်မှာ အနာကျက်လာတာကိုပြတဲ့ အသားအရေ နီမြန်းခြင်း၊ အနည်းငယ်ရောင်ခြင်း တို့ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တာဟာ Chemical ပြင်းလေ ပျောက်ဖို့ အချိန်ကြာလေပါ။
❓️ ဘယ်သူတွေ မလုပ်သင့်ဘူးလဲ။
- ဆေးတစ်မျိုးမျိုး သောက်နေသူတွေ
- keloid ဖြစ်ဖူးသူ၊ မိသားစုထဲတွင် ဖြစ်ဖူးသော ရာဇဝင် ရှိသူ
- peeling လုပ်မယ့် နေရာတွင် အရည်ကြည်ဖု ပေါက်နေသူများ
- ကိုယ်ခံအားမကောင်းသူများ
- နှလုံးရောဂါရှိသူများ
- ကိုယ်ဝန်ဆောင်များ
Chemical peeling လုပ်ဖို့ဆန္ဒ ရှိလျှင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့သာ လုပ်ဖို့ တိုက်တွန်းလိုပါတယ်။ လုပ်ပေးတဲ့သူ မကျွမ်းကျင်ပါက အသားပိုမည်းခြင်း၊ ဖျက်မရသော အမာရွတ်ကျန်ခြင်းများ ဖြစ်နိုင်ပါတယ်။
Chemical peeling လုပ်ပြီးနောက် ဆရာဝန် ညွှန်ကြားချက်အတိုင်း sunscreen လိမ်းခြင်း၊ မျက်နှာသေချာသစ်ခြင်း၊ အစိုဓါတ်ထိန်း ခရမ်လိမ်းခြင်း တို့ကို သေချာလိုက်နာဖို့ လိုအပ်ပါတယ်။
Chemical peeling နဲ့ ပတ်သတ်ပြီး အသေးစိတ် မေးမြန်း ဆွေးနွေးလိုပါက -
Aye Thu Kha Clinic
Address - Aye Myittar Street, Kone Tan Quarter, Patheingyi Township, Mandalay.
☎Phone - 09421602040, 095170319
ကို ဆက်သွယ်နိုင်ပါတယ်.....✨️✨️✨️
#တင်းတိပ်
#အမည်းစက်
19/06/2022
🗣️ ဒီနေ့ နောက်ဆုံးနေ့ပါရှင့် 🌹🌹🌹
🍀 ည ၇ နာရီ မှာ ကံစမ်း ပါဝင်ဖို့ Share ပြီး ကျပြီလား ကံထူးရှင်တို့ရေ 🗣️🗣️🗣️
✨️ တစ်သိန်းခွဲတန် PRP Treatment Package ကို ၃ယောက်တိတိ လက်ဆောင်ရယူနိုင်မဲ့ အခွင့်အရေးကြီး လာပါပြီ ✨️
PRP Treatment ဆိုတာ ခုနောက်ပိုင်း beauty industry ကိုစိတ်ဝင်စားသူတွေနဲ့ သိပ်မစိမ်းလှတဲ့ စကားလုံးလေးပါ။ အရင်က ဆေးပညာမှာ PRP Treatment ကို အရိုး၊ အဆစ်၊ အရွတ်၊ ကြွက်သား ထိခိုက်ဒဏ်ရာတွေမှာ အသုံးပြုကြပေမဲ့ ခုနောက်ပိုင်းမှာ PRP Treatment ဟာ -
🩸 မိမိသွေးရည်ကြည်မှ တစ်ဆင့်ကုသခြင်းကြောင့် ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းခြင်း
🩸 ဝက်ခြံအမာရွတ်၊ ချိုင့်ခွက် များကို ဖြည့်ပေးခြင်း
🩸 ချွေးပေါက်ကျဥ်းစေခြင်း
🩸 အသားအရည် မညီညာမှုကို သက်သာစေခြင်း
🩸 ဆံပင်ပြန်ပေါက်စေခြင်း
စတဲ့ အချက်တွေကြောင့် အလှအပရေးရာမှာ တွင်တွင်ကျယ်ကျယ် သုံးလာကြတာ ဖြစ်ပါတယ်။
ခုလို နာမည်ကြီးလှတဲ့ PRP Treatment ကို Aye Thu Kha Clinic ဖွင့်ပွဲ အထိန်းအမှတ်အနေနဲ့ လက်ဆောင်လေး ပေးချင်ပါတယ်။
PRP Treatment ၃ ကြိမ် ပါဝင်တဲ့ တစ်သိန်းခွဲတန် Package ကို ကံထူးရှင် ၃ ယောက်ကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ဒီအခွင့်အရေးကို ရယူနိုင်ဖို့ -
🍀 Aye Thu Kha Clinic page ကို like and follow လုပ်ထားသူဖြစ်ရပါမယ်။
🍀 ယခု post ကို -Thu-Kha-Clinic ဆိုတဲ့ Caption တပ်ပြီး public နဲ့ share ပေးရပါမယ်။
🍀 Share ထားသော Screenshot ကိုအောက်မှာ ပေးထားတဲ့ link မှာ comment ပေးရပါမယ်။
https://www.facebook.com/376778873109248/posts/1151118345675293/
✨️ ကံထူးသူ ၃ ယောက်ကို June လ ( 20 )ရက်နေ့ ည ( 7.00 ) မှာ ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။
အားလုံးဘဲ PRP Treatment ရယူပြီး ချောမောလှပတဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်ကြပါစေရှင်...
အခြား Treatment လေးတွေအကြောင်းနဲ့ Knowledge Sharing လေးတွေလည်း တင်ပေးသွားဖို့ရှိတာမို့ page လေးကို အဆင်မပြတ် စောင့်ကြည့်ပေးကြပါဦးနော်....
အလှအပနဲ့ ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးလိုပါက ကျွမ်းကျင် ဆရာဝန်များနဲ့ သေချာဆွေးနွေး ကုသမှု ပေးနေသော Aye Thu Kha Clinic ကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်
ဆက်သွယ်ရန် -
Address - Aye Myittar Street, Kone Tan Quarter, Patheingyi Township, Mandalay.
☎Phone - 09421602040, 095170319
17/06/2022
ခုတလော Beauty Group တွေရဲ့ Comment တွေ မှာတွေ့ရများတဲ့ ဆိုတာ ဘာလဲ ❓
PRP Treatment ဟာ ကိုယ့်ခန္ဓာကိုယ်ထဲက သွေးကို ထုတ်ယူပြီး Centrifuge လှည့်လို့ ရလာတဲ့ အရည်ကြည်ပိုင်းကို မိမိ အသုံးပြုလိုသော နေရာသို့ အပ်သေးသေးများနဲ့ ထိုးထည့်ခြင်း (micro-needling) ဖြစ်ပါတယ်။
PRP (Platelet Rich Plasma) ဟာ ပုံမှန်ထက် Platelet (သွေးဥမွှား) ပိုပါနေတဲ့ သွေးရည်ကြည် ဖြစ်ပါတယ်။ Platelet ရဲ့ ဂုဏ်သတ္တိဟာ အနာကျက်မြန်စေခြင်း၊ သွေးခဲစေခြင်း၊ ဆဲလ်အသစ် ပြန်လည် မွေးဖွားခြင်းနဲ့ တစ်ရှူးအသစ် ဖြစ်ပေါ်စေခြင်း စတဲ့ ဂုဏ်သတ္တိတွေ ရှိတာကြောင့် ထိခိုက်ဒဏ်ရာများ ကုသခြင်း တွင်သာမက အလှအပရေးရာ တွေမှာလဲ အသုံးပြုကြပါတယ်။
PRP ကို အလှအပရေးရာတွင် အသုံးပြုသော ကုသမှုများမှာ -
👨⚕️ collagen များကိုလှုံ့ဆော်ပေးသည့်အတွက် အရေးအကြောင်းများ သက်သာစေခြင်း
👨⚕️ တစ်ရှုးအသစ်ဖြစ်ပေါ်စေတဲ့ ဂုဏ်သတ္တိကြောင့် ဝက်ခြံအမာရွတ်၊ ချိုင့်ခွက်များ ပြည့်လာခြင်း
👨⚕️ ချွေးပေါက်များ ကျဥ်းစေခြင်း
👨⚕️ micro-needling ဖြစ်သည့်အတွက် သွေးလှည့်ပတ်မှု အားကောင်းကာ Glow Look ကို ရရှိစေခြင်း
👨⚕️ ဆံပင်များ ပြန်ပေါက်စေခြင်း
👨⚕️ အသိသာဆုံးကတော့ လုံးဝမျက်နှာ ကြည်တောက်ရှင်း နေမှာဖြစ်ပါတယ်။
PRP Treatment ရဲ့ အားသာချက်တစ်ခုက မိမိကိုယ်ထဲက သွေးရည်ကြည်ကို ယူသုံးတာဖြစ်လို့ ဓာတ်မတည့်တဲ့ ပြဿနာ အတော်ကို နည်းပါးပါတယ်။
❓အမေးများသော မေးခွန်း❓
PRP လုပ်ပြီး ဘယ်လောက်ကြာအောင် effect ရှိလဲ
- ၁၈ လကနေ အများဆုံး ၂ နှစ်အထိ ခံပါတယ်။
- မိမိပြုလုပ်တဲ့ treatment ပေါ်မူတည်ပြီး အကြိမ်အရေအတွက် မတူညီနိုင်ပါဘူး
🚫 ရှောင်ရန် 🚫
- PRP လုပ်ပြီး ၇၂ နာရီကြာ ရေခဲကပ်တာ၊ ရေနွေးဖတ်တင်တာ၊ နေပူထဲထွက်တာမျိုးတွေ ရှောင်ပေးရပါမယ်နော်.....
PRP treatment ဟာ နားလည်တတ်ကျွမ်းတဲ့ အလှအပ ဆရာဝန်နဲ့ သေချာကုသမှုခံယူနိုင်ရင် ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းတဲ့ treatment ဖြစ်ပါတယ်။
PRP treatment ကို Aye Thu Kha Clinic တွင် ရယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးပါရစေ...
ဆက်သွယ်ရန် -
Address - Aye Myittar Street, Kone Tan Quarter, Patheingyi Township, Mandalay.
☎Phone - 09421602040, 095170319
31/05/2022
✨️ တစ်သိန်းခွဲတန် PRP Treatment Package ကို ၃ယောက်တိတိ လက်ဆောင်ရယူနိုင်မဲ့ အခွင့်အရေးကြီး လာပါပြီ ✨️
PRP Treatment ဆိုတာ ခုနောက်ပိုင်း beauty industry ကိုစိတ်ဝင်စားသူတွေနဲ့ သိပ်မစိမ်းလှတဲ့ စကားလုံးလေးပါ။ အရင်က ဆေးပညာမှာ PRP Treatment ကို အရိုး၊ အဆစ်၊ အရွတ်၊ ကြွက်သား ထိခိုက်ဒဏ်ရာတွေမှာ အသုံးပြုကြပေမဲ့ ခုနောက်ပိုင်းမှာ PRP Treatment ဟာ -
🩸 မိမိသွေးရည်ကြည်မှ တစ်ဆင့်ကုသခြင်းကြောင့် ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းခြင်း
🩸 ဝက်ခြံအမာရွတ်၊ ချိုင့်ခွက် များကို ဖြည့်ပေးခြင်း
🩸 ချွေးပေါက်ကျဥ်းစေခြင်း
🩸 အသားအရည် မညီညာမှုကို သက်သာစေခြင်း
🩸 ဆံပင်ပြန်ပေါက်စေခြင်း
စတဲ့ အချက်တွေကြောင့် အလှအပရေးရာမှာ တွင်တွင်ကျယ်ကျယ် သုံးလာကြတာ ဖြစ်ပါတယ်။
ခုလို နာမည်ကြီးလှတဲ့ PRP Treatment ကို Aye Thu Kha Clinic ဖွင့်ပွဲ အထိန်းအမှတ်အနေနဲ့ လက်ဆောင်လေး ပေးချင်ပါတယ်။
PRP Treatment ၃ ကြိမ် ပါဝင်တဲ့ တစ်သိန်းခွဲတန် Package ကို ကံထူးရှင် ၃ ယောက်ကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ဒီအခွင့်အရေးကို ရယူနိုင်ဖို့ -
🍀 Aye Thu Kha Clinic page ကို like and follow လုပ်ထားသူဖြစ်ရပါမယ်။
🍀 ယခု post ကို -Thu-Kha-Clinic ဆိုတဲ့ Caption တပ်ပြီး public နဲ့ share ပေးရပါမယ်။
🍀 Share ထားသော Screenshot ကိုအောက်မှာ ပေးထားတဲ့ link မှာ comment ပေးရပါမယ်။
https://www.facebook.com/376778873109248/posts/1151118345675293/
✨️ ကံထူးသူ ၃ ယောက်ကို June လ ( 20 )ရက်နေ့ ည ( 7.00 ) မှာ ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။
အားလုံးဘဲ PRP Treatment ရယူပြီး ချောမောလှပတဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်ကြပါစေရှင်...
အခြား Treatment လေးတွေအကြောင်းနဲ့ Knowledge Sharing လေးတွေလည်း တင်ပေးသွားဖို့ရှိတာမို့ page လေးကို အဆင်မပြတ် စောင့်ကြည့်ပေးကြပါဦးနော်....
အလှအပနဲ့ ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးလိုပါက ကျွမ်းကျင် ဆရာဝန်များနဲ့ သေချာဆွေးနွေး ကုသမှု ပေးနေသော Aye Thu Kha Clinic ကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်
ဆက်သွယ်ရန် -
Address - Aye Myittar Street, Kone Tan Quarter, Patheingyi Township, Mandalay.
☎Phone - 09421602040, 095170319
24/05/2022
လူ့အကြိုက် နတ်မလိုက်နိုင်ပေမဲ့ သင့်အလှအပအတွက်တော့ "Aye Thu Kha" Health & Beauty Clinic က အရာအားလုံး အလိုလိုက် အကြိုက်ဆောင်ပေး နိုင်ပါတယ်.....🎆🎆🎆
"Aye Thu Kha" Clinic ရဲ့ကုထုံးတွေနဲ့ဆို အသက်ကြီးကြီး၊ ငယ်ငယ်၊ ယောက်ျား၊ မိန်းမ၊ ပျိုပျို၊ အိုအို ကြိုက်တဲ့အသက်အရွယ်မှာ ကြိုက်သလို လှလို့ရပါပြီ။
💁 ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်ကြောင့် collagen ထုတ်လုပ်မှု လျော့နည်းလာလို့ဖြစ်စေ၊ အလုပ်က stress တွေကြောင့် ဖြစ်စေ၊ ဆိုးရွားလာတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဒဏ်တွေကြောင့် ဖြစ်စေ သင့် အလှအပကို ဖျက်စီးနေတဲ့ အရေးအကြောင်းများကို လျော့နည်းစေရန် collagen ကြိုးထိုးခြင်း
💁 မျက်နှာ အသားအရည်ကို ကြည်လင်ချောမွေ့စေမည့် PRP ကုထုံး
💁 မျက်ဝန်းလှလှလေးများ ပိုင်ဆိုင်ဖို့ မျက်ရစ်ဖော်ခြင်း
💁 နှုတ်ခမ်းပုံဖော်ပေးခြင်း
💁 ကိုရီးယား မင်းသား၊ မင်းသမီးတွေလို နှာတံမြင့်မြင့်၊ V shape ရစေဖို့ ပြုပြင်ပေးခြင်း
💁 စိတ်အနှောင့်အယှက် ပေးတဲ့ မျက်နှာချွေးထွက်များခြင်း၊ ချိုင်းချွေးထွက်များခြင်းတို့ကို ကုသပေးခြင်း
💁 သင့်အလှတရားကို ဖုံးကွယ်ထားတဲ့ မှဲ့၊ အသားပိုများ ဖျက်ပေးခြင်း
စတဲ့ အလှအပဆိုင်ရာ ကုထုံးများကို Aye Thu Kha Clinic တွင် အတွေ့အကြုံရှိသော ဆရာဝန်နဲ့ ကုသမှုခံယူနိုင်ပါပြီ။
အလှအပအတွက် ငွေကုန်ပြီး အကျိုးမရှိ မဖြစ်ရလေအောင် အာမခံချက်ပေးနိုင်တဲ့ အတွေ့အကြုံရှိတဲ့ Clinic များတွင်သာ ကုသမှုခံယူသင့်ပါတယ်နော်...
ဆက်သွယ်ရန် -
Address - Aye Myittar Street, Kone Tan Quarter, Patheingyi Township, Mandalay.
☎Phone - 09421602040, 095170319
02/05/2022
သင့်ထံ လျှင်မြန်စွာ ရောက်ရှိလာမဲ့ အရေးအကြောင်းတွေကို တားဆီးနိုင်အောင်........
💠 ဆယ်ကျော်သက်အရွယ်မှာ အသားအရည်ဟာ အကောင်းဆုံးပါဘဲ။ အသားအရည်နဲ့ မကိုက်တဲ့ အရမ်းပြင်းတဲ့ skincare တွေသုံးမိလို့ breakout ဖြစ်တာမျိုးကလွဲရင် basic skincare လေးတွေနဲ့တင် အသားအရည်ကို ကောင်းကောင်း ထိန်းသိမ်းလို့ ရပါတယ်။
💠 အများစုက aging process ဟာ အသက် ၄၀ နောက်ပိုင်းမှ စ,တယ်လို့ထင်ကြပါတယ်။ တကယ်တော့ Collagen ထုတ်လုပ်မှု စပြီးလျော့လာတဲ့ ၂၅ နှစ်လောက်မှာ againg process ဟာ စ,နေပါပြီ။ 25 နောက်ပိုင်းမှာ ကိုယ်တိုင်အသားအရည်ကို ဂရုမစိုက်တဲ့အခါ fine lines တွေပေါ်လာမယ်၊ မျက်ကွင်းညိုတာ၊ မျက်အိပ်ဖောင်းတာ၊ ချွေးပေါက်ကျယ်လာတာ၊ ဝက်ခြံ၊ အမဲစက်ထွက်လာတာ စတဲ့ skin problem မျိုးစုံကို ကြုံလာရတော့တာပါ။
💠 အသက် ၄၀ နောက်ပိုင်းမှာတော့ aging process အရရော၊ ငယ်ငယ်ထဲက သေချာ မထိန်းသိမ်းခဲ့တဲ့ အတွက်ရော အသားအရည် လျော့ရဲလာမှုဟာ အရမ်းသိသာလာပါတယ်။ ဥပမာ - wrinkles တွေအရမ်းထင်းလာတာ၊ မေးနှစ်ထပ်ဖြစ်လာတာ စတာတွေဘဲ ဖြစ်ပါတယ်။
ဒါကြောင့် ပြောင်းလဲလာတဲ့ အသက်အရွယ်အရ aging process ကိုနှေးစေဖို့ အိမ်မှာဘဲ လိုက်လုပ်နိုင်မဲ့ skincare tips တချို့ကို ပြောပြပေးပါမယ်....
✍ နေလောင်ကာခရင်မ် လိမ်းပါ။
ဒီအချက်ဟာ ဘယ်အသက်အရွယ်အတွက်မဆို အရေးကြီးပါတယ်။ suncream ဟာ UV rays တွေကြောင့် ဖြစ်ပေါ်လာမဲ့ အမည်းစက်၊ တင်းတိပ်၊ အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။
✍ Moisturizer လိမ်းပါ။
တချို့က oily skin တွေဟာ moisturizer လိမ်းရင် ပိုပြီး အဆီပြန်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ အသားအရေ အစိုဓာတ် ခမ်းခြောက်လို့ အဆီတွေကိုပိုထုတ်ပေးတာပါ။ အဆီထုတ်တာ လျော့နည်းသွားအောင် အစိုဓာတ်ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရှားစောင်းလတ်ပတ်၊ သခွားသီး စတာတွေ ပုံမှန်ကပ်ပေးတာလဲ လိုအပ်တဲ့ moisture ကိုရရှိစေပါတယ်။
✍ ရေခဲကပ်ပါ။
မျက်နှာနီမြန်းတာတွေ လျော့ချဖို့၊ ဝက်ခြံသက်သာဖို့၊ ချွေပေါက်ကျဥ်းဖို့ ရေခဲကပ်ပေးပါ။
✍ လေ့ကျင့်ခန်းလုပ်ပါ။
facial yoga, facial message လုပ်ခြင်းဟာလည်း wrinkles တွေ၊ မေးအောက်က အဆီတွေကို လျော့စေပါတယ်။ Youtube မှာ tutorial လေးတွေ ကြည့်ပြီး လုပ်နိုင်ပါတယ်။
✍ ရေများများသောက်ပါ။
ရေဓာတ်မပြည့်ဝတဲ့အခါ အရေးအကြောင်းတွေ ပိုမို ဖြစ်ပေါ်စေပါတယ်။ ရေဓာတ်ပြည့်ဝနေတဲ့အခါ မျက်နှာသာမက ကိုယ်ခန္ဓာအသားအရည်လဲ စိုပြေနေမှာ ဖြစ်ပါတယ်။
✍ Vitamin C ကြွယ်ဝတဲ့ အစားအစာတွေစားပါ။
Collagen ထုတ်လုပ်မှုကို အားပေးတဲ့အတွက် skin ကိုတင်းရင်းစေတဲ့အပြင် ကိုယ်ခံအားစနစ်ကိုပါ မြှင့်တင်ပေးတဲ့ vit C ကြွယ်ဝတဲ့ အသီးအနှံတွေ စားပေးသင့်ပါတယ်။
✍ အချိုလျော့စားပါ။
အချိုများများစားတာဟာ အဆီဖု၊ ဝက်ခြံထွက်နိုင်ချေလည်း များသလို အသက်ကြီးလာတဲ့အခါ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။
✍ အရက်၊ဆေးလိပ် ရှောင်ပါ။
aging process ကိုအားပေးတဲ့အတွက်ရော နောက်ဆက်တွဲ ဆိုးကျိုးများတဲ့ အတွက်ရော ရှောင့်သင့်ပါတယ်။
✍ မျက်နှာကို သန့်ရှင်းအောင်ထားပါ။
မျက်နှာကို လက်နဲ့ခဏခဏထိခြင်း၊ ဖိပွတ်ခြင်းများကို ရှောင်သင့်ပါတယ်။ မျက်နှာနဲ့ ထိတွေ့နေရသော ခေါင်းအုံးစွပ်၊ ဖုန်းမျက်နှာပြင် စသည်တို့ကိုလဲ သန့်ရှင်းအောင် ထားရပါမယ်။
အပေါ်ကပြောသွားတဲ့ အချက်လေးတွေဟာ လိုက်လုပ်ဖို့ ခက်ခက်ခဲခဲ မရှိဘဲ effective ဖြစ်တာမို့ လုပ်ကြည့်ကြပါလို့ တိုက်တွန်းရင်း......
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the business
Telephone
Website
Address
Mandalay