STDR online shop

STDR online shop

Share

ဘာလိုလို သတိရပါ

Photos from STDR online shop's post 17/09/2024

လပြည့်နေ့
တော်သလင်း လပြည့်ကုသိုလ်

18/07/2024

ကုသိုလ်ပိုရတဲ့နည်း

တဝါတွင်းလုံး မြတ်စွာဘုရားရှင်အား ဝါဆိုသက်န်း
နှစ်တိုင်းကပ်လှူနေကျမို့ ဝေမျှကုသိုလ်ပါရှင်🙏🏻

"ဝါဆိုသင်္ကန်း"
"ကထိန်သင်္ကန်း"
ဖြစ်ပေါ်လာအောင်

ခွင့်ပြု ပေးတဲ့
မြတ်စွာဘုရားရှင်ကို
ဝါဆိုသင်္ကန်း ၊ ကထိန်သင်္ကန်း မကပ်ဖူးသေးရင်
ကပ်လှူပူဇော်ပါ။

ကိုယ့်အိမ်ကဘုရားကို
ဝါဆိုသင်္ကန်း ကပ်မယ်ဆိုရင်...

(၁*၈*၂၀၂၃)ဝါဆိုလပြည့်နေ့ နံနက်အာရုံတက်ချိန်

ဘုရားရှေ့မှာ
ကိလေသာအပူအားလုံး ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။
စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမူ့ကို မပြုမကျင့်တော်မူသော မြတ်စွာဘုရား။
လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား။
တပည့်တော်တို့ ဤဝါဆိုသင်္ကန်းကို
ဆက်ကပ်လှူဒါန်းပါတယ်ဘုရား🙏🏻🙏🏻🙏🏻
ဆိုပြီး ဝါဆိုသင်္ကန်းကပ်လှူပါ

မြတ်စွာဘုရားရှင်ကို
ကပ်လှူထားတဲ့
ဝါဆိုသင်္ကန်းကို တစ်ဝါတွင်းလုံး
ဘုရားစင်မှာ ကပ်လှူထားပါ,..
"သီတင်းကျွတ်" လပြည့်နေ့မှ စွန့်ပါ

စွန့်ပြီး အဲ့ဒီသင်္ကန်းကို
သံဃာတစ္ပါးပါး
အားစွန့်ပြီး ပြန်လှူလိုက်ပါ..

" ဘုရားလှူရတဲ့ ကုသိုလ်ရယ် "

" သံဃာလှူရတဲ့ ကုသိုလ်ရယ် "

ကုသိုလ်ပိုရပါတယ်။

သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး
သင်္ကန်းတစ်စုံ ထပ်ဝယ်ပြီး
ဘုရားကို ကထိန်သင်္ကန်းကပ်လှူပါ
ဘုရားခွင့်ပြု တော်မူတဲ့လ,
သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ကနေ
တန်ဆောင်မုန်းလပြည့်ထိ

တစ်လတာအတွင်း, ကထိန်သင်္ကန်း လှူလို့ရတယ်..

အဲ့ဒါ ဘုရားမှာ
တပတ်လှူ , (၅)ရက်လှူ , (၃)ရက်လှူ
လှူပြီးတာနဲ့ စွန့်ပြီး
အိမ်နားက ကျောင်းမှာ ကထိန်ခင်းတာရှိမယ်
အဲ့ဒါ သွားလှူလိုက်ပါ။

အဲ့တော့ ဘုရားလည်း
"ကထိန်သင်္ကန်း"ကပ်ရတယ်။
ကျောင်းမှာလည်း သံဃာတော်တွေအတွက်
"ကထိန်သင်္ကန်း လှူရပါတယ်။

ဘုရားရှင်ကို
" ဝါဆိုသင်္ကန်း "
" ကထိန်သင်္ကန်း "
မကပ်ဖူးသေးတဲ့ သူတွေ
ဒီနည်းအတိုင်းလုပ်လို့ရပါတယ်...

ကုသိုလ်တွေ ပို၍ရအောင် လှူနိူင်ကြပါစေ။
ကုသိုလ်အထူးလည်းရကြပါစေ။
#ဝေမျှကုသိုလ်ပါရှင်
#ချစ်သောမခိုင်

10/07/2024

သဘောထားတော့ကြီးပါတယ်
ဒါပေမယ့် အရာတိုင်းကိုတော့
ခွင့်မလွှတ်တတ်ဘူး

လူဆိုတာ အမှားနဲ့ မကင်းဘူးဆိုတာ
နားလည်တယ်
ခဏခဏမှားနေတာမျိုးကိုတော့
ရွံပါတယ်

ကိုယ်တိုင်က ကောင်းအောင်နေတယ်
အထူးသဖြင့်
"စည်း"ရှိတာ

ဒါကြောင့်မို့ စည်းကျော်တာတွေကိုမကြိုက်ဘူး

"တန်ဖိုးရှိတယ်ဆိုတာ
တန်ဖိုးသိမှ"😊😊
...

#ချစ်သောမခိုင်

10/07/2024

အရင်ဆံုးမင်းကိုစိတ်ပူတယ်။

20/06/2024

အလိမ်ခံရလည်း ပြုံးနေတယ်
အစော်ကားခံရလည်း ပြုံးနေတယ်
ယုတ်မာတာ ခံရလည်း ပြုံးနေတယ်
အရမ်းကြီး သဘောထားကြီးလို့တော့
မဟုတ်ပါဘူး
ဝဋ် ဆိုတာက တုံပြန်တဲ့အခါ
ပိုပြီးတိကျတယ် ပြတ်သားတယ်
မျက်နှာမလိုက်ဘူး တောင်းပန်လို့မရဘူး
ငွေပေးလို့လည်းမရဘူး ကိုယ်လုပ်သမျှ
မကောင်းမှုတွေကို တစ်ချိန်ချိန်မှာ
ထပ်တူပြန်ရတာကို
ဝဋ်လည်တယ်လို့ ခေါ်ပါတယ် ...
ငါတော့ မကောင်းတာ အကုန်လုပ်တယ်
ငါ အမြဲ နိုင်နေတယ် ဆိုပြီး
မာန်တက်မနေပါနဲ့ ...
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်
ကိုယ်ကြိုက်တာ ကိုယ်လုပ်
ကိုယ်ဖြစ် ကိုယ်ခံ ဆိုသလို
သူကြိုက်တာ သူလုပ်
သူဖြစ် သူခံပါလိမ့်မယ်....။

13/06/2024

သူ့ဘဝနဲ့သူ့တန်ရာ
******************
ဟာ.......ဟိုကောင် မွှေးထားတဲ့ခွေးကသိန်း၂၀၀ကျော် တန်း!!!
အော် ... ရူးနေတာ ငါသာဆို မဝယ်ဘူး
အဲ့အစား... ကားဝယ်စီးမှာပေါ့

ဟကောင်
မတူဘူးလေ... လူဆိုတာ သူ့ဘဝနဲ့သူ "

"အခု ငါတို့ စားနေတဲ့ဝိုင်း
ဘယ်လောက်ကျလဲ ???? "
"၃ထောင် .... "
"ငါတို့ လက်ဖက်ရည်ဆိုင်မှာ ခဏလေး စားတာ ၃ထောင်
ခဏ.... ငါ မင်းနားလည်အောင် သက်သေပြမယ်"
:ဖြောင်း...ဖြောင်း ....ညီလေး လာဦး"
ကျွန်တော် လက်ခုပ်တီးပြီး
ကမ်းနား မှာ တောင်းစားနေတဲ့
၈နှစ်အရွယ်
ကလေးတစ်ယောက်ကို ခေါ်လိုက်တယ်
"မင်းကို ငါတို့ ၃ထောင်ပေးမယ်
လမ်းထိပ်က ထမင်းဆိုင်မှာ ပုစွန်ဟင်းကောင်းတယ် ... ပုစွန်ထုပ်ကြီး ၂ကောင်တောင်ပါတယ် ... ဝယ်စားချည် ... စားမလား?"

"ဟာ...ကျွန်တော်အရူးမှ မဟုတ်တာ ဘာလို့စားမှာလဲ?
စားမနေဘူး ... အဲ့အစား မိသားစုအတွက် ဆန်၂ပြည် ဝယ်သွားပြီး ချက်စားမှာပေါ့ "
ကောင်လေးက ရိုးရိုးပဲ ဆတ်ခနဲ ပြန်ပြောတယ်

သူငယ်ချင်းဘက်ကို လှည့်ပြီး ပြောလိုက်တယ်
"ဟေ့ကောင်... စောစောက မင်း ဘာပြောလဲ?
ဝယ်မနေဘူး .... အဲ့အစား
ကားဝယ်မှာပေါ့ လို့ ပြောတယ်မလား ???"

"အေး အဲလိုပဲ
ငါတို့အတွက် ၃ထောင်ဆိုတာ ၁၀မိနစ်အတွင်း လက်ဖက်ရည်ဆိုင်ထိုင်ဖြုန်းပစ်တာ ဘာမှ အရာမဟုတ်ပေမဲ့
သူတောင်းစားတစ်ယောက်အတွက်တော့ ..... အဲ ၃ထောင်က ဆန် ၂ပြည်ပဲ"

"ထို့နည်းတူ.... သူ့ဘာသူ
ဘယ်နှသိန်းတန် ဘာဝယ်ဝယ်
လူချင်းတူပေမဲ့ ဘဝချင်းမတူဘူး
ဒါကို မင်းကောင်းကောင်း နားလည်ဖို့လိုတယ်"

"သူရှိလို့ သူဝယ်တာ
သူရှာတဲ့
သူ့ပိုက်ဆံနဲ့သူဝယ်တာ
မင်းက ဝင်ကဲ့ရဲ့တော့
မင်း အဖြစ်နဲ့ မင်းအဆင့်က
စောစောက ငါယှဉ်ပြတဲ့
သူတောင်းစား လို ဖြစ်သွားတော့ မပေါ့"
"မုဒိတာတရား ထားစမ်းပါကွာ " 🙂

"မင်းအတွက် မတန်ဘူး ထင်လား
အဲ့ဒါဆို အဲ့ပစ္စည်းက မင်းအတွက် ထုတ်တာ မဟုတ်ဘူး "

Credit
ပြန်လည်မျှဝေသည် 😍
#ချစ်သောမခိုင်

08/06/2024

ငွေရှာနိုင်တဲ့ မိန်းမနဲ့ ငွေမရှာနိုင်တဲ့ မိန်းမ
ဘာတွေ ကွာခြားလဲ? 💸💰

❣️ ကျွန်မ ငယ်ရွယ်တဲ့ အချိန်တုန်းက
မင်္ဂလာဆောင်ဖို့ ဘာအတွက်ကြောင့်
ကိုယ်ပိုင်အိမ်တစ်လုံး၊ ကားတစ်စီး ရှိဖို့
လိုအပ်တာလည်း ဆိုတာကို နားမလည်ခဲ့ဘူး။

လူတစ်ယောက်နဲ့ တစ်ယောက်
လက်ထပ်တယ်ဆိုတာ ချစ်ခြင်းမေတ္တာ
ရှိနေရုံနဲ့ မလုံလောက်ဘူးလားပေါ့။

အသက်အရွယ်တစ်ခု ရောက်လာတဲ့
အခါမှာတော့ ပိုက်ဆံဟာ ဘဝရဲ့
နေရာတိုင်းအတွက် လိုအပ်တဲ့အရာတစ်ခု
ဖြစ်တယ်ဆိုတာကို နားလည်လာခဲ့တယ်။

❣️ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က
ကျွန်မ ဘွဲ့ရခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ ဝင်ငွေက
ပြောပလောက်တဲ့ အတိုင်းအတာ မရှိခဲ့ဘူး။

အဝတ်အစားအသစ် ဝယ်ချင်လို့
ကုန်တိုက်တွေကို သွားတဲ့အခါတိုင်း
စျေးနှုန်းကို တိတ်တဆိတ် အမြဲအရင်ဆုံး
ကြည့်ရလေ့ရှိတယ်။

တစ်ခါတစ်လေ တချို့အင်္ကျီတွေဆို
သိပ်ကြိုက်မိသွားပေမယ့် သိပ်သဘော
မကျသလို ဟန်ဆောင်ဖြစ်ခဲ့တယ်။

အကြောင်းပြချက်က ရိုးရှင်းပါတယ်
အဲဒီအင်္ကျီတွေရဲ့ စျေးနှုန်းက ကျွန်မ
ခန့်မှန်းထားတာထက် အရမ်းများနေလို့ပေါ့။

ဒါပေမယ့် အခုတော့ ကိုယ်ကြိုက်တာတွေ့ရင်
"ကျွန်မကို ဒါလေး ထုတ်ပေးပါ" လို့ ဝင့်ကြွားစွာ
ပြောနိုင်နေပြီ။ ကျွန်မ မျက်လုံးတွေမှာလည်း
ချေတုံချတုံ ဖြစ်နေတဲ့ အရိပ်အယောင်မျိုး
လုံးဝ မရှိတော့ပါဘူး။

အကြောင်းကတော့ ကိုယ်ဒါကို ဝယ်ဖို့
တတ်နိုင်တယ်ဆိုတာ သေချာနေလို့ပါပဲ။

❣️ ဟိုအရင်တုန်းက
ယောက်င်္ကျားတစ်ယောက်က ကိုယ့်ကို
လက်ဆောင်တွေ ဝယ်ပေးတဲ့အခါ
သူကျွန်မကို ချစ်လို့မေတ္တာရှိလို့
သူ့ပိုက်ဆံတွေကို ကျွန်မအတွက်
သုံးတယ်လို့ တထစ်ချ ထင်ခဲ့ဖူးတယ်။

ဒါပေမယ့် အခြားမိန်းကလေးတွေကိုလည်း
သူ ထိုနည်းလည်းကောင်းပဲ ဆက်ဆံတာကို
တွေ့ရတဲ့အခါ ဒါဟာ အချစ်မဟုတ်ဘူး
ဆိုတာကို နားလည်ခဲ့တယ်။

အခု ကျွန်မအနေနဲ့ ဆက်ဆံရေးတစ်ခုမှာ
ရှိနေပေမယ့် ယောက်င်္ကျားတစ်ယောက်
​ဝယ်ပေးနိုင်တဲ့ အရာအားလုံးကို
ကျွန်မ ကိုယ်တိုင်လည်း ဝယ်နိုင်နေပြီလို့
ကျွန်မထင်တယ်။

အဲဒီ ရုပ်ပစ္စည်းတွေထက် ကျွန်မ
ယောက်င်္ကျားတစ်ယောက်ဆီက ရဖို့ ပိုပြီး
ဂရုစိုက်အလေးထားမိတဲ့ အရာတွေက

❣️ ကျွန်မရဲ့ အလုပ်မှာ ပိုပြီး တိုးတက်
တောက်ပြောင်လာအောင် သူဟာ
ကူညီပံ့ပိုးပေးနိုင်တဲ့ သူတစ်ယောက်
ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား၊

❣️ ကျွန်မ နာမကျန်းဖြစ်နေတဲ့ အချိန်တွေမှာ
သူဟာ ကျွန်မကို တကယ် ဂရုစိုက်မယ့် လူမျိုး
ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား၊

❣️ နောက်ပြီး သူက ကျွန်မ မိဘတွေနဲ့
မိသားစုတစ်ခုလုံးကို
လေးလေးစားစား ဆက်ဆံမယ့် လူမျိုး
ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကိုပါပဲ။

❣️ လက်ထပ်ပြီးသွားတဲ့အခါ
ကိုယ်ပိုင်ပိုက်ဆံ မရှာနိုင်တဲ့
မိန်းမတစ်ယောက်ဟာ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့
အမျိုးသမီးတစ်ယောက် မဖြစ်နိုင်ပါဘူး။

သူမ အမျိုးသားဘက်က ဆွေမျိုးတွေရဲ့
အပြစ်တင်ဝေဖန်ခြင်းတွေနဲ့လည်း
နေ့စဉ်ရင်ဆိုင်ရမှာ ဖြစ်တဲ့အပြင်
အိမ်အလုပ်တွေ အကုန်သိမ်းကြုံး
လုပ်ရတာရယ် ကလေးတွေ ထိန်းရတာနဲ့
တစ်နေကုန် တစ်နေခမ်း လုံးလည်ချာလည်
လိုက်နေရပါလိမ့်မယ်။

အဲလောက် ပင်ပန်းနေတဲ့ အမျိုသမီးတွေဟာ
ဘာတစ်ခုမှ စေဒက မတက်နိုင်ပဲ
အဲဒီအစား သူ့ရဲ့ ဝမ်းနည်းနာကျင်မှုတွေ
အကုန်လုံးကို အစာအိမ်ထဲပဲ မျိုချချေဖျက်
လိုက်တာနဲ့ပဲ အဆုံးသတ်လိုက်ကြရပါတယ်။

❣️ ပိုက်ဆံကောင်းကောင်း ရှာနိုင်တဲ့
အမျိုးသမီးတွေ အများစုကတော့ အဲလို
ဇာတ်သိမ်းမျိုးနဲ့ ခြားနားပါတယ်။
သူတို့က အဓိပ္ပါယ်မရှိတဲ့ အရာတွေအတွက်
ဘယ်သူ့ကိုမှ သည်းခံမှာ မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ သူမအနားမှာ
လူတွေ ရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ
သူမကိုယ်သူမ အကောင်းဆုံး ဆက်ပြီး
ရှင်သန်နေနိုင်တဲ့ အတွက်ကြောင့်ပါပဲ။

❣️ ဒါဟာ တကယ့် လက်တွေ့ဘဝရဲ့
မှန်ကန်တဲ့ အကြောင်းတရားတွေပါ။
အမျိုးသမီးတိုင်းရဲ့ အရံအစီအစဉ်
(backup plan) ဟာ ငွေပါပဲ။

❣️ မိန်းမတစ်ယောက်ဟာ အရမ်းတွေ
ချမ်းသာနေဖို့ ဆိုတာထက် ငွေလုံလုံ
လောက်လောက် ရှိဖို့တော့ လိုအပ်ပါတယ်။

❣️ ပိုက်ဆံဟာ အရေးမကြီးဘူးလို့
ဘယ်သောအခါမှ မထင်လိုက်ပါနဲ့။

❣️ ချစ်ရတဲ့ အမျိုးသမီးတို့ရေ ရှင်တို့ကို
ဘယ်တော့မှ သစ္စာမဖောက်သွားမယ့်
တစ်ခုတည်းသောအရာက ကိုယ့်ရဲ့
ကိုယ်စွမ်း ဉာဏ်စွမ်းနဲ့ ကြိုးစားပြီး
ထိုက်ထိုက်တန်တန် ရှာလို့ ရလာတဲ့ ပိုက်ဆံပါပဲ။

❣️ ငွေရဖို့အတွက် အလုပ်တွေ ကြိုးစားလုပ်တာ
ပိုက်ဆံမက်တာ မဟုတ်ပါဘူး။

❣️ အသက် ၂၀ အရွယ်မှာ
ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး
ရင်းနှီးမြုပ်နှံဖို့အတွက် ငွေရှိဖို့ လိုပါတယ်။

❣️ အသက် ၃၀ အရွယ်မှာ
ကိုယ့်အနားမှာရှိတဲ့ ကိုယ်ချစ်တဲ့ လူတွေကို
အကောင်းဆုံး စောင့်ရှောက်နိုင်ဖို့အတွက်
ငွေရှိဖို့ လိုပါတယ်။

❣️ အသက် ၄၀ အရွယ်မှာ
ကိုယ်လုပ်ချင်တာ ဘာမဆို
ယုံကြည်မှုရှိရှိနဲ့ လုပ်နိုင်ဖို့အတွက်
ငွေရှိဖို့ လိုပါတယ်။

❣️ အသက် ၅၀ အရွယ်မှာ
ကိုယ့်ရဲ့ ဘဝနှောင်းပိုင်း အချိန်တွေမှာ
အိုစာတာကောင်းကောင်း
နေထိုင်သွားနိုင်ဖို့အတွက်
ငွေရှိနေဖို့ လိုအပ်ပါတယ်။ 💵💰

🌸🌸🌸🌸🌸
Credit

05/06/2024

ကိုယ်ကပဲ အသက်ကြီးသွားပြီထင်နေတာ ရွှေစျေးကကိုယ့်ထက်ကိုပိုကြီးသွားပြီ
ကောင်းပါတယ်
ကိုယ့်ကိုကိုယ် ပိုငယ်တယ် ထင်သွားတာပေါ့
#စီအာဒီ

Photos from STDR online shop's post 25/05/2024

Happy birthday သားသား လေး။
‘ဗညားဘုန်းပြည့် ‘
ရက်၁၀၀ပြည့်မှသည် နှစ်ပေါင်းတစ်ရာတိုင် ကျန်မား ချမ်းသာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။

Photos from STDR online shop's post 23/05/2024

iMDK Pulse Oximeter (သွေးတွင်းရှိOxygenပမဏကိုတိုင်းတဲ့စက်

OLED screen ဖြစ်ခြင်း၊
တိုင်းတာသူကြည့်ရှုရ လွယ်ကူစေရန် screen ကို အရပ်လေးမျက်နှာ လှည့်၍ ကြည့်ရှုနိုင်ခြင်း၊
Plethysmograph ပါရှိခြင်း၊
ဓါတ်ခဲအား အနည်ငယ်သာ အသုံးပြုသောကြောင့် ဓါတ်ခဲကြာရှည်ခံခြင်း၊
အရည်အသွေ့မြင့်မားသောကြောင့် တိကျတော့ result ကိုတိုင်းတာပေးနိုင်ခြင်း၊ ထိုမှ တိကျသော ကုသမှုကို ခံယူရရှိနိုင်ခြင်း၊
အာမခံ ပါရှိခြင်း။
iMDK Pulse Oximeter ၏ အားသာချက်များ
နိုင်ငံတကာ FDA များမှ အသိအမှတ်ပြုရရှိထားခြင်း၊
Instrument class - II နှင့် ကိုက်ညီအောင်စီမံထုတ်လုပ်ထားခြင်း၊
Safety certificate - ISO 13485:2016 (ဆေးဘက်ဆိုင်ရာ စက်ပစ္စည်း အရည်အသွေးထိမ်းသိမ်းမှု လက်မှတ် Germany မှ ရရှိထားခြင်း)၊
CE certificate (ထုတ်လုပ်မှုအရည်အသွေးစစ်ဆေး အာမခံမှုဆိုင်ရာလက်မှတ် Germany မှ ရရှိထားခြင်း)၊
USA နှင့် European Union ဥရောပနိုင်ငံများတွင် တရားဝင်ရောင်းချရန် မှတ်ပုံတင်ထားနိုင်ခြင်း၊
35000mmk

Phone - 09944423666

12/05/2024

RC 2ထပ်+တိုက်ပု=
အိမ်၂လုံးပါ။
ရေတွင်း ၁အဝီစိ ၁ မီတာ၂လုံး
အေးချမ်း စိတ်ငြိမ် ရပ်ကွက် သန့်
သိန်း 5500 အထက် ပေးနိုင်သူကို ရောင်းမည်။
အိမ်ရှင်တိုက်ရိုက်
09944423666
အိမ် ကိုယ်တိုင်လာကြည့်ပါ။
Cb

Want your business to be the top-listed Beauty Salon in Mawlamyine?
Click here to claim your Sponsored Listing.

Telephone

Website

Address


မာလာဝတ်ရည်လမ်း
Mawlamyine
MON