Cosmetic LANOS

Cosmetic LANOS

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cosmetic LANOS, Health/Beauty, Mawlamyine.

Photos from Cosmetic LANOS's post 30/01/2021

ဒါကြောင့် collagen သောက်သင့်ပါတယ်

30/01/2021

မျက်ခုံးမွှေးလေးနက်မှောင်ဖို့
crd

15/01/2021

ငယ်ငယ်ရွယ်ရွယ်နဲ့ ရုပ်မရင့်စေဖို့ ‼️💯

၁။ နေရောင်ခြည်ရှောင်ကြဉ်ပါ
နေရောင်ခြည်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D3 ကို
ထုတ်ပေးတယ်ဆိုပေမယ့်၊ UV rays များစွာထိတွေ့မယ်ဆိုရင် အရေပြားကင်ဆာဖြစ်တတ်တယ်။ ရုပ်ရင့်စေတယ် ဆိုတာလည်း သိထားဖို့လိုမယ်။ ဒါကြောင့်နေပူမှာထွက်တိုင်း SPF30 ပါဝင်တဲ့ Body Lotion တစ်မျိုးလိမ်းပြီးမှထွက်ပါ။

၂။ အရေပြားအစိုဓာတ်ထိမ်းပါ
အစိုဓာတ်ထိန်းသိမ်းဖို့ ရေဟာ အရေးကြီးဆုံးပါပဲ။ အမျိုးသမီးများဟာ တစ်ရက် ရေ အနည်းဆုံး နှစ်လီတာလိုအပ်ပြီး၊ အမျိုးသားများဟာ နှစ်လီတာခွဲ လိုအပ်ပါတယ်။ ရေသောက်နည်းရင် ရုပ်ရင့်လွယ်သလို ၊ ဆီးကျောက်တည်ရောဂါလည်း ရတတ်တယ်။ ဝက်ခြံလည်းပိုထွက်တတ်တယ်။ ဝမ်းလည်းချုပ်တတ်တယ်။

၃။ ကွမ်း၊ အရက်၊ ဆေးလိပ်ဖြတ်ပါ
ကွမ်းဝါးခြင်းဟာ မေးရိုးမှာရှိတဲ့ ကြွက်သားတွေကို ကြီးထွားစေတာမို့ ဘယ်ညာမညီရင်၊ ပါးရိုးကျွံခြင်း (TMJ dislocation) ဖြစ်တတ်ပါတယ်။ ကွမ်းဝါးခြင်းဟာ မေးရိုးကားစေတဲ့အတွက် ရုပ်ပိုရင့်စေပါတယ်။ ဆေးရွက်ကြီးဟာ မျက်နှာကို နဂိုထက်ပိုရင့်စေတာမို့ ကွမ်း၊ ဆေးလိပ်ဖြတ်တာနဲ့ တစ်လအတွင်း ငယ်ရွယ်နုပျိုသော အသားရည်ကို ပြန်လည်ရရှိစေမှာပါ။ ဘီယာကြောင့် ဗိုက်ပူခြင်းဟာ နဂိုအရွယ်ထက် အသက်ပိုကြီးသလို ဖြစ်စေပါတယ်။

၎။ ညအိပ်ယာဝင်တိုင်း မျက်နှာသစ်ပါ
မျက်နှာမှာတင်ကျန်နေတဲ့ လေထုထဲက မမြင်နိုင်တဲ့ ဖုန်မှုန်များ၊ ဓာတုပါဝင်မှုများသော Skin Care များကို ညအိပ်ယာဝင်တိုင်း သန့်ရှင်းပြီးမှ အိပ်ခြင်းဟာ အရွယ်မတိုင်ခင် ပါးရည်တွန့်ခြင်းကို ကာကွယ်ပေးတယ်။

၅။ ဆီပြန်ဟင်းတွေရှောင်ပါ
ဆီပြန်ချက်ထားသော အသားဟင်းများရှောင်ပါ။ Prebiotic အုပ်စုဝင် အောက်ပါ အစာများများစားပါ။ အဆီကျပြီး အသားရည်လှပ၊ အရွယ်တင်စေပါမယ်။
- ကညွတ်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ကြက်သွန်မိတ်
- ဂျင်း
- သံပုရာသီး
- ငှက်ပျောသီး
- ပန်းသီး

10/01/2021

အဆုံးထိ ဖတ်ကြနော်

(အဆီဖု)

#အဆီဖုဆိုတာ
ဆဲလ်အသေတွေ , အဆီပိုတွေ,ဖုန်မှုန့်, အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေ က မွှေးညှင်းပေါက်လေးတွေထဲ ပိတ်ဆို့ရာမှ ဖြစ်ပေါ်လာတဲ့ ဝက်ခြံတစ်မျိုးပဲဖြစ်ပါတယ်။အစုလိုက်အပြုံလိုက် ဟိုတကွက် ဒီတကွက် ဖြစ်တတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေပါတယ် ။ သတင်းကောင်းအနေနဲ့ကတော့ မှန်ကန်တဲ့လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ထိရောက်တဲ့ ဆေးဝါးကုသမှု ကို အတူတကွ လုပ်ဆောငိခြင်းဖြင့် ကာကွယ်တားဆီးနိုင်ပါတယ် ။

#အဆီဖုဖြစ်ရခြင်းအကြောင်း ။ ။ ချွေးပေါက်ပိတ်ခြင်းက အဆီဖုဖြစ်ရခြင်းရဲ့အကြောင်းရင်းပါပဲ ဒီအကြောင်းရင်းကိုသိထားမယ် ဆို နောက်ထပ် breakout ဖြစ်ခြင်းကိုကာကွယ် နိုင်မှာဖြစ်ပါတယ်။ဘာကြောင့်ချွေးပေါက်ပိတ်တာလဲဆိုတာကတော့ အကြောင်းအမျိုးမျိုးရှိပါတယ် ။စိတ်ဖိစီးမှုများကြောင့် နဲ့ ဟော်မုန်းပြောင်းလဲခြင်းကြောင့် လည်း အဆီဂလင်းကပိုအလုပ်လုပ်လာတဲ့အခါ အဆီထုတ်လုပ်မှုများလာပြီး စတင်ပိတ်ဆို့ရာမှ အဆီနဲ့အတူ ဆဲလ်သေတွေက အပြင်သို့မထွက်နိုင်တဲ့အခါ ဝက်ခြံ( Black head) နဲ့ အဆီဖု (White head ) ဆိုပြီးဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ် ။
ဟော်မုန်းပြောင်းလဲချိန်
- ဆယ်ကျော်သက် အရွယ်
- ဓမ္မတာ လာချိန်
- ကိုယ်ဝန်ဆောင်ချိနိ
- သွေးဆုံးချိန်
- အသက် ၃၀ ကျော်အမျိုးသမီးများလဲ မျက်နာ အဆီထွက်ပြီး ဝက်ခြံထွက်တတ်ပါသေးတယ် ။

#လိုက်နာရန်

♥️ညဘက် အပျော့စားမိတ်ကပ်ဖျက်ဆေးသုံးပြီးမိတ်ကပ်သေချာဖျက်ပါ ။

♥️မျက်နှာသစ်ဆပ်ပြာ အပျော့စား သုံးပြီး မျက်နှာကို တနေ့ နှစ်ကြိမ်သစ်ပါ။မျက်နှာသစ်တဲ့အခါ စက်ဝိုင်းပုံစံ အောက်ကနေ အထက်သို့ နှိပ်ပြီး စက္ကန့်ပိုင်းအကြာမှာရေခပ်နွေးနွေးနဲ့ မျက်နှာသစ်ပါ။ သန့်စင်တဲ့မျက်နာသုပ်ပဝါနဲ့ ရေခြောက်အောင်သုပ်ပါ ။

♥️Toner ကို Alcohol နဲ့ အမွှေးနံ့ပါတာရှောင်ပါ။

♥️ Oil free Moisture & Make up သုံးပါ။

♥️ဆံပင်ကို တပတ်ကို ၂-၃ ကြိမ်လျှော်ပါ။

♥️ ခေါင်းအုံးစွပ်နဲ့ မျက်နာသုပ်ပဝါကို တပတ်ကို အနဲဆုံး တစ်ခါ လဲပါ၊ sensitive skin ရှိသူဆိုရင်အိပ်ယာခင်းကိုလည်းတပတ်တခါလဲပါ။

♥️ ရေများများသောက်ပေးပါ ။

♥️ဝမ်းမှန်ပါစေ။

♥️ဖုန်း screen ကိုမကြာခနသန့်ရှင်းပေးပါ။

♥️စိတ်ဖိစီးမှုလျော့ပါ။

#ရှောင်ကျဉ်ရန်

❌အဆီဖုက မျက်နှာအဆီပြန်သူတွေမှာ ပိုအဖြစ်များပြီး အထူးသဖြင့် နဖူး၊ပါးပြင်၊ မေးစေ့ စတဲ့နေရာတွေမှာ အဆီဝက်ခြံ ထွက်လေ့ရှိတယ် ။သကြား၊ အချိုဓာတ်များ တဲ့အစားအစာ၊ဆိုဒါပါတဲ့ ဖျော်ရည်၊ အဆီအဆိမ့်၊ ဆီကြော်စာ၊နွားနို့ ၊အိပ်ရေးပျက်တာ၊ အစားမမှန်တာ ၊ ဝမ်းမမှန်တာ စတဲ့အရာတွေဟာ အဆီဖု ကို ပိုဆိုးစေပါတယ်။

❌Apple cider vinegar , သံပုရာသီး နဲ့တခြား အက်ဆစ်ပါတာတွေလိမ်းခြင်းကို ကိုရှောင်ပါ ။

❌နို့နဲ့နို့ထွက်ပစ္စည်းများကို ကာလတခုထိရှောင်ကျဉ်ရန် ။

❌မျက်နာကိုမလိုအပ်ဘဲ မကြာခဏကိုင်ခြင်း, ကုတ်ဖဲ့ခြင်းများရှောင်ရန်။

❌ဆံပင်ရှည်တွေကို မျက်နာပေါ်မကျအောင်ဂရုစိုက်ပါ ၊ ဆံပင်ရဲ့ အညစ်အကြေားအဆီတွေကလဲ ဝက်ခြံ နဲ့ အဆီဖုကို ကိုဖြစ်စေလို့ပါ။

Photos from Cosmetic LANOS's post 02/01/2021

LANOS (Thailand ) ထုတ်ကုန်(4) မျိုးရှိပါတယ်

ထုတ်ကုန်(၄)မျိုးကို GMPထောက်ခံချက်ရရှိထားတဲ့ စက်ရုံ (၄)ရုံမှာ Product(၁)မျိုးကို စက်ရုံ(၁)ရုံစီနဲ့ ထုတ်လုပ်ထားတာပါရှင့်
Skin Care Productsများအား Skin Careပိုင်းအတွေ့ကြုံများပြီး ကျွမ်းကျင်ပိုင်နိုင်တဲ့စက်ရုံတွေနဲ့ ထုတ်လုပ်ပြီး Collagen ပိုင်းဆိုလဲ Collagenနဲ့ ပတ်သက်ပြီး နာမည်ကြီးအောင်မြင်ပြီးသား စက်ရုံမှာသာထုတ်လုပ်ထားပါတယ်ရှင့်
ထုတ်လုပ်မယ့် စက်ရုံအတွက် ရွေးချယ်မှုအပိုင်းမှာလဲ အနည်းဆုံးစက်ရုံ (၃)ရုံမှ Sampleများအား ကိုယ်တိုင်စမ်းသပ်အသုံးပြုပြီးမှ တကယ်ထိရောက်ဆုံးနဲ့ အကောင်းဆုံးဖြစ်တဲ့စက်ရုံကိုမှ ရွေးချယ်ပြီး မိမိတို့ Customerအတွက် နောက်ထပ်အကျိုးပြုစေမယ့် အာနိဒင်များနဲ့ တဖန်ပြန်လည်ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင်ထုတ်လုပ်ထားပါတယ်ရှင့်
ကိုယ်ယုံကြည်ရတဲ့ စက်ရုံကထုတ်ပေးတယ်ဆိုပေမယ့် ထွက်လာတဲ့ Lanos Productsတိုင်းတို ကိုယ်တိုင်လက်တွေ့စမ်းသုံးကြည့်ပြီး တကယ်ကောင်းတယ် စိတ်ချရတယ်ဆိုမှ ဝယ်သူလက်ထဲကို ယုံကြည်စွာနဲ့ရောင်းချပေးတာပါရှင့်♡︎
That's LANOS Thailand🍃

Photos from Cosmetic LANOS's post 31/12/2020

🌹တင်းတိတ်နဲ့ပတ်သက်လို့
🌹သိထားသင့်တဲ့အချက် လေးတွေ
🌹သိသလောက်လေး ပြန်မျှဝေ ပေးပါရစေ.
——————————
➡️- တင်းတိတ်က ဝက်ခြံထက် ပိုပြီးပျောက်ကင်းဖို့ အချိန်ယူရပါတယ်.

➡️- တင်းတိတ်ဆိုတာ မျက်နှာအရေပြားအတွင်းကနေ မယ်လမင် (Melanin)ဓါတ်တွေ ထုတ်လွှတ်တာကနေ Balance မညီဘဲ အညိုကွက်တွေ ဖြစ်လာတာမျိုးပါ.

➡️- အမျိုးသမီးဟော်မုန်းဓါတ်တွေ ထုတ်လွှင့်များရင် မယ်လမင်ဓါတ်တွေ များတာမို့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်.

ဒါဆို ဘယ်သူတွေမှာ တင်းတိတ်လေးတွေ
အဖြစ်များတတ်လဲ ????
🔸🔸🔸🔸🔸🔸🔸🔸🔸

🔺နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရတာ
များတဲ့သူတွေ
🔺ပူလွန်းအေးလွန်းတဲ့ နေရာဒေသတွေမှာ
နေရတဲ့သူတွေ
🔺ကိုယ်ဝန်ဆောင်နဲ့ သန္ဓေတားဆေးတွေသောက်သုံးခဲ့တဲ့သူတွေမှာ ပိုအဖြစ်များတတ်
ပါတယ်.

အဲဒီတင်းတိတ်တွေ မဖြစ်အောင်၊ နည်းနည်းချင်း သက်သာလျော့ပါးသွားအောင် ဘယ်လိုလုပ်
ကြမလဲ.
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
⛔️ဥပမာ - အဝတ်တခုကို မလျော်ဘဲပစ်ထားတာ
ကြာရင် အညစ်အကြေးတွေက အမည်းကွက်တွေပဖြစ်လာပြီး တခါတည်းလျော်ရုံနဲ့ ဖြူဖွေး မသွား
နိုင်ပါဘူး.

⛔️အဲ့လိုပဲ ကိုယ့်မျက်နှာပေါ်မှာ နှစ်ရှည်လများ စွဲနေတဲ့ တင်းတိတ်တွေကို ပျောက်ဖို့ဆို အရင်ဆုံးကစိတ်ရှည်ရပါမယ်.

⛔️အခုချက်ချင်းပျောက်မယ်ဆိုတာမျိုးတွေကို
ရှောင်ပါ.
ဉုံဖွ အမြန်ပျောက်ဆေးတွေ သုံးလိုက်တဲ့အခါ ကိုယ့်အသားအရေနဲ့များ ဓါတ်မတည့်ခဲ့ရင်
တင်းတိတ်တွေ ပိုများလာတတ်ပါတယ်.

✅ ရေများများသောက်ပါ.

✅မျက်နှာသစ်ဆေးကို ရေနဲ့အဆီဓါတ်မျှတစွာပါဝင်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ.

✅အပြင်သွားတိုင်း SPF ပါတဲ့ နေရောင်ခြည်
အကာအကွယ်ပေးတာတွေ သုံးပါ.

✅ညအိပ်ခါနီးတိုင်း Moisture ပါတဲ့
Night Cream လေးတွေ သုံးပေးပါ.

တကယ်လို့ သဘာဝနည်းလမ်းတွေ သုံးချင်တယ်
ဆိုရင်တော့ -
♻️ငှက်ပျောသီးတစ်လုံး, ဒိန်ချဉ်ရိုးရိုး ၂ ဇွန်း,
သံပုရာရည် ၃ ဇွန်းကို ရောမွှေပြီး လိမ်းပေးပါ.

♻️မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပေးပါ

♻️တပတ် (၂) ကြိမ်ခန့် ပြုလုပ်ပေးပါ.

♻️Skin Care သုံးချင်တယ်ဆိုရင်တော့
ကိုယ်နဲ့သင့်တော်တဲ့ FDA ရပြီးသား
Skim Care Brand များကို
ရွေးချယ်အသုံးပြုပေးပါ

❇️ သဘာဝနည်းလမ်းပဲ သုံးသုံး

❇️ Skin Care ပဲ သုံးသုံး စိတ်ရှည်ရှည်နဲ့
ပုံမှန်လေး သုံးပေးမယ်ဆိုရင်
(၁) လကနေ (၂) လအတွင်းမှာ တင်းတိတ်တွေ
ပါးပြီး အသားအရေ ကြည်လင်လာပါတယ်.

အားလုံးပဲ ကြည်လင်ဝင်းပပြီး
တင်းတိတ်ကင်းစင် တဲ့ မျက်နှာလေးတွေကို
ပိုင်ဆိုင်နိုင်ကြပါစေ

Crd 👉

29/12/2020

ပျိုမေတို့ရေ မျက်နှာပေါ်က အမဲစက်တွေ၊ တင်းတိပ် ဝက်ခြံ/ ဆားဝက်ခြံ တွေကြောင့် စိတ်ညစ်နေရင်တော့ လေးကို သတိရလိုက်နော် 😄 Jellyလေးက ရှားစောင်းလက်ပတ် / သခွာသီး ထိုင်း သဘာဝကုန်ကြမ်းထုတ်လုပ်နဲ့ ထုတ်လုပ်ထားတာမို့ အသားအရေကို ပြန်လည်ထိန်းသိမ်းပေးတဲ့အပြင် တင်းတိပ်တွေ အမဲစက် ဝက်ခြံ / ဆားဝက်ခြံ တွေကိုလဲ လျှော့ချပေးတယ်လေ 😊 Jelly လေးနဲ့ဆို စိုပြေဝင်းပမျက်နှာအသားအရေလေးကို ပိုင်ဆိုင်နိုင်ပြီနော်😍

29/12/2020

" ုပ်ရင်ဘာကြောင့်မျက်နှာပေါ်ကအမဲစက်နဲ့ဝက်ခြံတွေသိသာလာတာလဲ?"

Skincare လုပ်ခြင်းကမျက်နှာအပေါ်ယံအလွှာကို
Cleaning လုပ်ပေးခြင်းမဟုတ်🙅🙅

မျက်နှာအသားအရေရဲ့အောက်ဆုံးအလွှာမှာရှိနေတဲ့
အညစ်အကြေးတွေကို စတင်Cleaningလုပ်ပေးတာကြောင့်

အောက်ခံအလွှာကြည်ဝင်းလာတာနဲ့အမျှ
မျက်နှာပေါ်မှာအရင်ကရှိနေတဲ့ ဝက်ခြံနဲ့အမဲစက်တွေဟာ
ပိုမိုသိမြင်ထင်ရှားလာတာသာဖြစ်တယ်

Skincare လုပ်ခြင်းက အပေါ်ယံကြည်ဝင်းခြင်းမဟုတ်
Skincare လုပ်ခြင်းက အသားအရေရဲ့အတွင်းပိုင်းကိုသန့်စင်ပေးခြင်းသာဖြစ်ပါတယ်ဗျ🙋🙋🙋

အသားအရေရဲ့အတွင်းပိုင်းသန့်စင်ပြီးမှအပေါ်ယံအလွှာကိုသန့်စင်မယ်ဆိုရင်ပိုမိုလွယ်ကူပြီး

အပေါ်ကိုသာသန့်စင်မယ်ဆိုရင်အလွယ်တကူပြန်လည်ညစ်ပေလွယ်ပါတယ်ဗျ

အောက်ဆုံးအလွှာကိုSkincareလုပ်ပြီး
သန့်စင်ပေးမယ်ဆိုရင်
ရိုးရိုးအပ်ါယံသန့်ရှင်းတဲ့မျက်နှာအသားအရေထက်
ပိုမိုကြည်ဝင်းနေတာကိုသိသာထင်ရှားစေမှာအမှန်ပါ

ဒါကြောင့်တော်တော်များများအမေးများကြတဲ့
Skincare သုံးပြီးရင်ဝက်ခြံတွေအမဲစက်တွေ
ထင်ရှားပေါ်လာတယ်ဆိုတာ
အခုနားလည်လောက်မယ်ထင်ပါတယ်

Crd

29/12/2020

အလှဖျက်တဲ့ ဝက်ခြံ အမဲစက် PIH တွေ အကြောင်း

ဝက်ခြံအမျိုးအစားတွေထဲကမှ inflammatory acne ဆိုတဲ့ ရောင်ရမ်းဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမဲစက် အနီစက် ဒါမှမဟုတ် အဆီဖု ဆားဝက်ခြံကို ကုတ်လိုက်တဲ့အတွက် ကျန်ခဲ့တဲ့ အမဲစက် တွေကို post inflammatory hyperpigmentation (PIH scars) တွေလို့ခေါ်ပါတယ်။

ဝက်ခြံပေါက်လာတဲ့အခါ ကိုယ်က skin care မသုံးပေးရင်တောင် ခန္ဓာကိုယ်က သူ့နည်းသူ့ဟန်နဲ့သူ ဝက်ခြံ ကုသပါတယ်။ အဲ့လို ကုသတဲ့အခါ melanin ဆိုတဲ့ pigment တစ်မျိုးကို ထုတ်ရပါတယ်ဒါကြောင့် PIH တွေကျန်ခဲ့တာဖြစ်ပြီး ဝက်ခြံကြီးရင် ကြီးသလို၊ နက်ရင် နက်သလို အမာရွတ်က အရောင်ရင့်ပြီး ပျောက်ဖို့ အချိန် ပိုကြာပါတယ် အသားအရည် ညိုလေလေ အမဲစက်ထင်းလေလေ ပျောက်ဖို့ကြာလေလေပါ

အကောင်းဘက်က ကြည့်ရင်တော့ ဝက်ခြံရဲ့နောက်ဆက်တွဲ skin problem တွေထဲမှာဆို PIH က အသက်သာဆုံးပါချိုင့်ခွက်တွေဆိုရင် သူ့အလိုလို ပြန်မပြည့်နိုင်ပေမယ့် အမဲစက် တွေကတော့ ဂရုစိုက်ပေးနိုင်မှုနဲ့ skin barrier ပေါ် မူတည်ပြီး ၃ လ မှ ၁၂ လ အတွင်း အရှင်းပျောက်ပါတယ်

အဲ့လို အချိန်အတွင်း အရှင်းပျောက်ဖို့ဆိုရင်တော့

ဝက်ခြံထပ်မထွက်ဖို့ လိုပါတယ် မဟုတ်ရင်သံသရာလည်နေမှာပါ ဝက်ခြံမထွက်ဖို့နဲ့ထွက်တာသက်သာဖို့ဆို skin barrier ကောင်းနေဖို့လိုပါတယ်skin barrier အတွက်ကို အရင် post မှာ ရေးပေးခဲ့ပြီး ဖြစ်ပါတယ်

ဝက်ခြံထပ်ထွက်ခဲ့ရင်တောင် မကုတ်မဖဲ့ ပိုးမဝင်အောင် ဂရုစိုက်ပေးရပါမယ် antibacterial property ရှိတဲ့ cinnamon hydrosol ကိုသုံးပေးလို့ရပါတယ်။

အမဲစက်အမာရွတ် အမြန်သက်သာဖို့ ဒါတွေလုပ်ပေးဖို့လိုအပ်ပါတယ်။
Crd
Secret by Kyawt

28/12/2020

LANOS နဲ့ လက်တွဲခဲ့တာ
၂လတောင်မပြည့်သေးဘူး
ရွေလက်စွပ် bonus
ငွေသား bonus
ခုတခါ ဆွဲကြိုး
ကံစမ်းမဲပါ ပေါက်သေး
ကျေးဇူးပါ LANOS ရေ

27/12/2020

LAIT.Sunscreenနဲ့Jellymask up ဘာလို့Setလိုက်ဝယ်သင့်သလဲ ⁉️❔⁉️

🙄မမရေ sunscreenကော jellymask ကောကနေ့တိုင်းသုံးဖို့လိုလို့လားတဲ့🙄

La-IT sunscreenဆိုတာက #နေ့လည်နေပူထဲထွက်ရင်UVA/UVBကိုကာကွယ်ပေးတယ်
#မျက်နှာကိုလိမ်းလိုက်ရင်လဲနဂိုအသားရေလေးလိုပဲထိန်းပေးထားတယ်
#ရေဓါတ်လဲပြန်ဖြည့်ပေးတယ် /CCမပါလို့ဝက်ခြံတွေပြန်ထလာမှာကိုမစိုးရိမ်ရဘူးလေ ညီမလေးရဲ့☺️

Jellymaskupကကျတော့ရှားဇောင်းလပတ်ကိုအခြေခံပြီးထုတ်ထားတာဆိုတော့ဝက်ခြံတင်းတိပ်မှဲ့ခြောက်တွေကိုမြန်မြန်သက်သာစေတယ်လေညလိမ်းအိပ်တာဆိုတော့မျက်နှာရေဓါတ်မခမ်းအောင်Treatmentလုပ်ပေးတာလေ
မရှိမဖြစ်လိုအပ်တာပေါ့

ညီမလေးတို့sumscreenလိမ်းပြီးအပြင်ထွက်ပြန်လာတဲ့အခါမှာမျက်နှာသစ်တော့အဆီတွေနဲ့အညစ်ကြေးတွေရှင်းသွားပါတယ်
ဒါပေမဲ့မျက်နှာကရေဓါတ်ပြန်ဖြည့်ဖို့လိုတယ်လေ
အဲ့အတွက်ကြောင့်jellymaskလေးထပ်သုံးပေးရတယ်
ဒါမှမျက်နှာလေးကရေဓါတ်ပြည့်ပြီးလှနေမှာ
မျက်နှာခြောက်တာဝက်ခြံတင်းတိပ်မှဲ့ခြောက်ဖြစ်တာတွေဆိုတာကမျက်နှာကိုTreatmentမလုပ်ပေးလို့ဖြစ်လာတဲ့ပြဿနာတွေပါ
ကိုယ်ကjellymask upလေးညတိုင်းလိမ်းပေးရင်တကူးတက Treatmentလုပ်စရာမလိုတော့ပါဖူးနော်

ဒါကြောင့်Lanos Productလေးတွေဝယ်တဲ့အခါ Setလိုက်လေးဝယ်ကြပါကွယ်
Jellymask up-19500
LAIT Sunscreen -14500
1sets 34000

27/12/2020

ချွေးပေါက်ကျယ်ခြင်းကို သက်သာပျောက်ကင်းအောင်ဘယ်လိုလုပ်ရမလဲ။

(၁) အနည်းဆုံးတနေ့နှစ်ကြိမ်မျက်နှာသစ်ပါ။
မျက်နှာအဆီပြန်ခြင်းနှင့်အညစ်အကြေးများမျက်နှာတွင်တွယ်ကပ်ပြီး ချွေးပေါက်များပိတ်ဆို့ခြင်းဟာ ချွေးပေါက်ကျယ်ခြင်းကိုအဓိကဖြစ်စေတဲ့အကြောင်းအရင်းပါ။ ထို့ကြောင့် မျက်နှာပေါ်မှအဆီများနှင့်အညစ်အကြေးများကို ဖယ်ရှားပစ်ရပါမယ်။
မျက်နှာသစ်ရာတွင်ဖြစ်နိုင်ပါက ရေကျက်အေးကိုအသုံးပြုပါ။ မျက်နှာကိုကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ခြင်း၊ scrub လုပ်ခြင်းမှာကိုရှောင်ရှားပါ။ scrub လုပ်ခြင်းသည် ချွေးပေါက်များကိုပိုကျယ်စေနိုင်ပါတယ်။ မျက်နှာသစ်ဆေး (cleansers)များကို gel type အမျိုးအစားရွေးချယ်အသုံးပြုပါ။

https://m.facebook.com/story.php?story_fbid=2409497282642481&id=1543385722586979

မျက်နှာသစ်နည်းအကြောင်း အောက်ပါ link မှာဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

(၂)ရေဓါတ်ဖြည့်တင်းပေးသောခရင်မ် (Moisturizers) များကိုနေ့တိုင်းအသုံးပြုပါ။
မျက်နှာအဆီပြန်လို့ moisturizer မသုံးဘူးဆိုတာမဟုတ်ပါဘူး။ Oil-free moisturizers အမျိုးအစားများရွေးချယ်သုံးစွဲနိုင်ပါတယ်။ မှန်ကန်သော moisturizers အမျိုးအစားများရွေးချယ်သုံးစွဲခြင်းဟာ ချွေးပေါက်ကျယ်ခြင်းကိုသက်သာစေနိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=2432235583701984&id=1543385722586979

Moisturizer များအကြောင်း အောက်ပါ link မှာဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

(၃) နေရောင်ကာခရင် (suncream)နေ့တိုင်းသုံးပါ။
နေရောင်ခြည်မှာအရေပြားကိုထိခိုက်ပျက်စီးစေနိုင်သော ရောင်စဉ်တန်းများပါဝင်ပါတယ်။ အရေပြားထိခိုက်ပျက်စီးလျှင် ချွေးပေါက်များလည်းကျယ်လာနိုင်ပါတယ်။ ထို့ကြောင့်နေ့စဉ်နေ့တိုင်း suncream ကို မှန်ကန်သောနည်းလမ်းဖြင့်သုံးပါ။

https://m.facebook.com/story.php?story_fbid=2417121521880057&id=1543385722586979

Suncream များအကြောင်း အောက်ပါ link မှာဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

(၄)မအိပ်ခင်အမြဲမိတ်ကပ်ဖျက်ပါ။
မ်တ်ကပ်မဖျက်ပဲအိပ်ပါက မျက်နှာပေါ်ရှိချွေးပေါက်များပိတ်မည့်အပြင် ရောဂါပိုးမွှားများလည်းဝင်ရောက်နိုင်ပါတယ်။ ဝက်ခြံ၊အဆီဖုများလည်းထွက်လာပါလိမ့်မယ်။ ထို့ကြောင့်မိတ်ကပ်ကိုသေချာဖျက်အိပ်ဖို့ မပျင်းပါနဲ့။

(၅)အရေပြားအပေါ်ယံလွှာမှာရှိတဲ့ ဆဲလ်အသေများ၊ အညစ်အကြေးများကိုဖယ်ရှားခြင်း (Exfoliate ) ကိုတပတ်လျှင်နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။
အလွယ်ကူဆုံး၊ လူသိအများဆုံး exfoliator တွေကတော့ AHA၊ BHA နှင့် salicylic acid တို့ပဲဖြစ်ပါတယ်။ chemical peeling လဲလုပ်နိုင်ပါတယ်။ Exfoliate လုပ်ရန်အတွက်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီးမှလုပ်လျှင်ပိုကောင်းပါတယ်။ အလွန်အကျွံလုပ်လျှင်လည်း အသားအရေခြောက်ပြီးပျက်စီးနိုင်ပါတယ်။

(၆) Retinoid cream များသုံးနိုင်ပါသည်။
အဆီပြန်ခြင်း၊ ဝက်ခြံပေါက်ခြင်းနှင့်အသားအရေလျော့တွဲခြင်းတို့ဟာ ချွေးပေါက်ကျယ်ခြင်းကိုပိုဆိုးစေနိုင်ပါသည်။ Retinoid cream များဟာ မျက်နှာအဆီပြန်ခြင်းကိုသက်သာစေခြင်း၊ ဝက်ခြံပျောက်ကင်းစေခြင်း၊ အသားအရေကိုတင်းရင်းစေခြင်းအစရှိသည့် ကောင်းကျိုးများကိုပေးစွမ်းနိုင်ပါတယ်။ ထို့ကြောင့်ချွေးပေါက်များကျဉ်းအောင်လည်း အထိုက်အလျောက်ကူညီပေးနိုင်ပါတယ်။

(၇)အခြားအသုံးဝင်သော treatment အချို့လည်းရှိပါသေးတယ်။ယင်းတို့မှာ
-Microneedling
-Botox
-Chemical peeling
-Laser တို့ပဲဖြစ်ပါတယ်။ ထို treatment များကိုမူနားလည်တတ်ကျွမ်းသည့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီးမှသာလုပ်သင့်ပါသည်။

Dr.Myat Thu Han
https://www.facebook.com/myat.thu.9847

Open - 10 am -6pm (ကြာသပတေးနေ့တိုင်း ဆေးခန်းပိတ်ပါသည်)
00250640747
09455788310

တိုက် F, အခန်း ၈၀၃, ပုလဲကွန်ဒို
( ဆရာစံလမ်း နှင့် ကမ္ဘာအေးဘုရားလမ်းထောင့် )
ဆရာစံရွှေဘဲ စားသောက်ဆိုင် နောက်
ဗဟန်းမြို့နယ်
ရန်ကုန်

ချွေးပေါက်ကျယ်ခြင်းကို သက်သာပျောက်ကင်းအောင်ဘယ်လိုလုပ်ရမလဲ။

(၁) အနည်းဆုံးတနေ့နှစ်ကြိမ်မျက်နှာသစ်ပါ။
မျက်နှာအဆီပြန်ခြင်းနှင့်အညစ်အကြေးများမျက်နှာတွင်တွယ်ကပ်ပြီး ချွေးပေါက်များပိတ်ဆို့ခြင်းဟာ ချွေးပေါက်ကျယ်ခြင်းကိုအဓိကဖြစ်စေတဲ့အကြောင်းအရင်းပါ။ ထို့ကြောင့် မျက်နှာပေါ်မှအဆီများနှင့်အညစ်အကြေးများကို ဖယ်ရှားပစ်ရပါမယ်။
မျက်နှာသစ်ရာတွင်ဖြစ်နိုင်ပါက ရေကျက်အေးကိုအသုံးပြုပါ။ မျက်နှာကိုကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ခြင်း၊ scrub လုပ်ခြင်းမှာကိုရှောင်ရှားပါ။ scrub လုပ်ခြင်းသည် ချွေးပေါက်များကိုပိုကျယ်စေနိုင်ပါတယ်။ မျက်နှာသစ်ဆေး (cleansers)များကို gel type အမျိုးအစားရွေးချယ်အသုံးပြုပါ။

https://m.facebook.com/story.php?story_fbid=2409497282642481&id=1543385722586979

မျက်နှာသစ်နည်းအကြောင်း အောက်ပါ link မှာဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

(၂)ရေဓါတ်ဖြည့်တင်းပေးသောခရင်မ် (Moisturizers) များကိုနေ့တိုင်းအသုံးပြုပါ။
မျက်နှာအဆီပြန်လို့ moisturizer မသုံးဘူးဆိုတာမဟုတ်ပါဘူး။ Oil-free moisturizers အမျိုးအစားများရွေးချယ်သုံးစွဲနိုင်ပါတယ်။ မှန်ကန်သော moisturizers အမျိုးအစားများရွေးချယ်သုံးစွဲခြင်းဟာ ချွေးပေါက်ကျယ်ခြင်းကိုသက်သာစေနိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=2432235583701984&id=1543385722586979

Moisturizer များအကြောင်း အောက်ပါ link မှာဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

(၃) နေရောင်ကာခရင် (suncream)နေ့တိုင်းသုံးပါ။
နေရောင်ခြည်မှာအရေပြားကိုထိခိုက်ပျက်စီးစေနိုင်သော ရောင်စဉ်တန်းများပါဝင်ပါတယ်။ အရေပြားထိခိုက်ပျက်စီးလျှင် ချွေးပေါက်များလည်းကျယ်လာနိုင်ပါတယ်။ ထို့ကြောင့်နေ့စဉ်နေ့တိုင်း suncream ကို မှန်ကန်သောနည်းလမ်းဖြင့်သုံးပါ။

https://m.facebook.com/story.php?story_fbid=2417121521880057&id=1543385722586979

Suncream များအကြောင်း အောက်ပါ link မှာဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

(၄)မအိပ်ခင်အမြဲမိတ်ကပ်ဖျက်ပါ။
မ်တ်ကပ်မဖျက်ပဲအိပ်ပါက မျက်နှာပေါ်ရှိချွေးပေါက်များပိတ်မည့်အပြင် ရောဂါပိုးမွှားများလည်းဝင်ရောက်နိုင်ပါတယ်။ ဝက်ခြံ၊အဆီဖုများလည်းထွက်လာပါလိမ့်မယ်။ ထို့ကြောင့်မိတ်ကပ်ကိုသေချာဖျက်အိပ်ဖို့ မပျင်းပါနဲ့။

(၅)အရေပြားအပေါ်ယံလွှာမှာရှိတဲ့ ဆဲလ်အသေများ၊ အညစ်အကြေးများကိုဖယ်ရှားခြင်း (Exfoliate ) ကိုတပတ်လျှင်နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။
အလွယ်ကူဆုံး၊ လူသိအများဆုံး exfoliator တွေကတော့ AHA၊ BHA နှင့် salicylic acid တို့ပဲဖြစ်ပါတယ်။ chemical peeling လဲလုပ်နိုင်ပါတယ်။ Exfoliate လုပ်ရန်အတွက်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီးမှလုပ်လျှင်ပိုကောင်းပါတယ်။ အလွန်အကျွံလုပ်လျှင်လည်း အသားအရေခြောက်ပြီးပျက်စီးနိုင်ပါတယ်။

(၆) Retinoid cream များသုံးနိုင်ပါသည်။
အဆီပြန်ခြင်း၊ ဝက်ခြံပေါက်ခြင်းနှင့်အသားအရေလျော့တွဲခြင်းတို့ဟာ ချွေးပေါက်ကျယ်ခြင်းကိုပိုဆိုးစေနိုင်ပါသည်။ Retinoid cream များဟာ မျက်နှာအဆီပြန်ခြင်းကိုသက်သာစေခြင်း၊ ဝက်ခြံပျောက်ကင်းစေခြင်း၊ အသားအရေကိုတင်းရင်းစေခြင်းအစရှိသည့် ကောင်းကျိုးများကိုပေးစွမ်းနိုင်ပါတယ်။ ထို့ကြောင့်ချွေးပေါက်များကျဉ်းအောင်လည်း အထိုက်အလျောက်ကူညီပေးနိုင်ပါတယ်။

(၇)အခြားအသုံးဝင်သော treatment အချို့လည်းရှိပါသေးတယ်။ယင်းတို့မှာ
-Microneedling
-Botox
-Chemical peeling
-Laser တို့ပဲဖြစ်ပါတယ်။ ထို treatment များကိုမူနားလည်တတ်ကျွမ်းသည့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီးမှသာလုပ်သင့်ပါသည်။

Dr.Myat Thu Han
https://www.facebook.com/myat.thu.9847

Want your business to be the top-listed Beauty Salon in Mawlamyine?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mawlamyine