Phyu Sin

Phyu Sin

Share

Healthy & Beauty မျက်နှာ​လေးကိုအပြစ်နာဆာကင်းpဝက်ခြံကင်းစင်သောမျက်နှာသစ်လေးနဲ့ အသားရည်ကို​ဖြူဝင်းချော့မွေ့နူးညံ့စေသောကိုယ်တိုက်လေးပဲ ဖြစ်ပါတယ်ရှင့်

22/03/2022

ကိုယ်သတိမထားဘဲ လုပ်မိနေတဲ့ Skincare နည်းအမှား ၇ ချက်‼

ဒီခေတ်မှာအားလုံးက အသားအရေလှဖို့ နံပါတ် ၁ ဦးစားပေးပြီး skincare နေကြတယ်နော် ✨✨

Skincare အကောင်းစားတွေသုံးပြီး skincare နည်းတွေမှားနေရင်တော့ ထိရောက်မှာမဟုတ်ဘူးပေါ့ 🙅🙅

Daily skincare routine မှာ သတိမထားဘဲလုပ်မိနေတတ်တဲ့ အမှားလေးတွေကို သတိထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်

1 📌မကြာခဏ မျက်နှာသစ်တာ
မကြာခဏ မျက်နှာသစ်တဲ့အခါ အဆီပြန်တာနဲ့ ဝက်ခြံဖြစ်တာကို လျော့သွားစေမယ်လို့ အထင်မှားတတ်ကြတယ်။
တကယ်တော့ မကြာခဏမျက်နှာသစ်ခြင်းက အပေါ်ဆုံးအရေပြားကိုပါးသွားစေပြီး အဆီပိုထွက်စေပါတယ်။
အဲ့ဒီအဆီတွေက ချွေးပေါက်တွေကို ပိတ်တော့ ဝက်ခြံပိုဖြစ်ပြီပေါ့။
တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်/ အများဆုံး ၃ ကြိမ်သာ မျက်နှာသစ်ပေးသင့်ပါတယ်။

2 📌မျက်လုံးနားတစ်ဝိုက်ကို ပွတ်ဆွဲသန့်စင်တာ
Eye makeup remover သုံးတဲ့အခါ မျက်လုံးတစ်ဝိုက်က အရေးအကြောင်းတွေကြားထဲ မိတ်ကပ်ကျန်မှာစိုးပြီး ပွတ်ဆွဲသန့်စင်တာက အရေပြားကိုထိခိုက်သလို အရေးအကြောင်းတွေပိုဖြစ်စေပါတယ်။
Makeup removerစိမ်ထားတဲ့ ဂွမ်းစကို မျက်လုံးနား (မိမိသန့်စင်ချင်တဲ့နေရာ) မှာ အချိန်အနည်းငယ် ဖိတို့ထားပါ။
ပြီးတော့မှ အသာအယာသန့်စင်ပေးပါ။

3📌 ကိုယ့်အသားအရေနဲ့မကိုက်တဲ့ပစ္စည်းကိုသုံးမိတာ
ပေါ်သမျှပစ္စည်းလိုက်သုံးနေမယ်ဆိုရင်တော့ အသားအရေက ဘယ်တော့မှကောင်းလာမှာမဟုတ်ပါဘူး။
အသားအရေနဲ့ကိုက်ညီတဲ့ product ကိုတွေ့ပြီဆို စွဲပြီးသာသုံးပါတော့နော်။
မကြာခဏပြောင်းသုံးလို့မကောင်းတဲ့ထဲမှာ မိမိ skincare လည်းပါပါတယ်။

4 📌တကိုယ်လုံး ဆပ်ပြာမြှုပ်ထနေအောင်တိုက်တာ
ခန္ဓာကိုယ်တစ်ခုလုံး နေရာလပ်မကျန် ဖုန်တက်လာတာမဟုတ်ဘူးလေ 😬 တစ်ကိုယ်လုံးကို ဆပ်ပြာမြှုပ်တွေထနေအောင်တိုက်မယ့်အစား လိုအပ်တဲ့နေရာပဲသုံးပေးပါ။
အနံ့ဆိုးထွက်တတ်တဲ့ နားနောက်/ ဂျိုင်းကြား/ ပေါင်ကြား စတဲ့နေရာတွေကို ဆပ်ပြာများများနဲ့ သန့်စင်ပေးပြီး ကျန်တဲ့နေရာတွေကို ပုံမှန်သာသုံးပေးခြင်းဖြင့် shower gel ကို save လုပ်ရအောင်နော်

5📌 Skincare လုပ်တဲ့အခါ ပမာဏအများကြီးသုံးတာ
အများကြီးသုံးရင် skin ပိုကောင်းလာမယ် ဘယ်သူပြောလဲ ပိုက်ဆံအပိုကုန်မယ့်အလုပ်တွေပါနော်။
ဘယ် skincare product ပဲသုံးသုံး လိုအပ်သလောက်ပမာဏကိုပဲသုံးပေးပါ။
နဖူး ပါးနှစ်ဖက် မေးစေ့ နှာခေါင်းတို့မှာ အစက်လေးတွေချပြီး ဖြန့်ပေးရုံနဲ့ အဆင်ပြေပါတယ်။

6 📌မိတ်ကပ်မဖျက်ဘဲအိပ်တာ
မကြာခဏဖြစ်လေ့ရှိတယ်နော်။
ပင်ပန်းပြီး ပြန်လာတဲ့အခါ ခဏဆိုပြီး တညလုံးမိတ်ကပ်ကြီးနဲ့အိပ်လိုက်မိဝာ 😖 အသားအရေကိုအရမ်းပျက်စီးစေပါတယ်။
တစ်နေကုန်မိတ်ကပ်လိမ်းထားတာက အဆီဂလင်းနဲ့ချွေးဂလင်းကိုပိတ်စေပါတယ်။
တစ်ညလုံးသာဆိုရင်တော့.....😬
ဒါကြောင့် အပြင်ကပြန်ရောက်တာနဲ့မိတ်ကပ်ဖျက်ပါ။
ဘယ်လောက်ပဲပင်ပန်းနေပါစေ ၅ မိနစ်လောက်တော့ အချိန်ယူပြီး ဂရုတစိုက်လုပ်ပေးပါ

7 📌Skincare လုပ်ပြီးတာနဲ့ တန်းအိပ်တာ
Skin ကို care တာလား? ခေါင်းအုံးကို care တာလား? မသဲကွဲဘူး
skincare လုပ်ပြီးတန်းအိပ်ရင် product တွေကအသားထဲစိမ့်မဝင်ဘဲ ခေါင်းအုံးထဲပဲဝင်သွားပါလိမ့်မယ်😅
မအိပ်ခင် ၁ နာရီအလိုမှာ skincare လုပ်ပေးပါ။
Skincare ပြီးရင် အိပ်မချပါနဲ့။ Product တွေအသားထဲသေချာစိမ့်ဝင်ပြီးမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပါရှင့်😍

18/03/2022

‼️Mask ကပ်ရင် မှားတတ်တဲ့ အမှား (8)ခု

𝟏🌝 မှန်ကန်တဲ့ 𝐦𝐚𝐬𝐤 ကို မရွေးချယ်ခြင်း

Mask ရွေးတဲ့ နေရာမှာ ကိုယ့်အသားအရေနဲ့လိုက်တဲ့ mask ကိုရွေးချယ်ရမှာပါ။ တချို့မိန်းကလေးတွေက mask ဝယ်ရင် ဘာအာနိသင်ပါလဲအရင်မကြည့်ပဲ နာမည်ကြီးတဲ့ brand (သို့မဟုတ်) အထုပ်လှတာ/ packaging လှတာကိုရွေးဝယ်တတ်ကြပါတယ်။ အဲ့လိုဆိုရင် "သဲထဲရေသွန်" ပဲဖြစ်နေမှာနော် ပိုက်ဆံပဲကုန်ပြီး မျက်နှာဘာမှပြောင်းလဲမှုရှိလာမှာမဟုတ်ပါဘူး။

[စျေးကြီးတဲ့ mask တိုင်းကိုယ်နဲ့မတည့်နိုင်ပါဘူး။ ကိုယ်နဲ့တည့်တာကို ရွေးချယ်ပါ]

𝟐🌝 မျက်နှာမသစ်ပဲ 𝐦𝐚𝐬𝐤 ကပ်ခြင်း

မျက်နှာမသစ်ပဲ mask ကပ်ရင် ရသင့်တဲ့အာနိသင်အပြည့်အဝကို မျက်နှာက မစုပ်ယူပေးနိုင်ပါဘူး။ မျက်နှာမသစ်ပဲ mask ကပ်ရင် မျက်နှာပေါ်မှာဖုန်မုန့်တွေရှိနေပြီး mask က essence တွေ မျက်နှာထဲစိမ့်ဝင်ဖို့ အတားအဆီးတစ်ခုအနေနဲ့ရှိနေမှာပါ။

3🌝 Toner မသုံးပဲ 𝐦𝐚𝐬𝐤 ကပ်ခြင်း

Mask ကပ်ဖို့ မျက်နှာသစ်ပြီးရင် toner သုံးပေးရပါတယ်။ Toner က ချွေးပေါက်မှာပိတ်နေတဲ့ အညစ်အကြေးတွေဖယ်ရှားပေးပါတယ်။ Mask ကပ်ရင်လည်း စိမ့်ဝင်မှု ကောင်းအောင် ပြုလုပ်ပေးပါတယ်။ Sheet Mask နဲ့ sleeping mask သုံးမယ်ဆို Toner ကို mask မသုံးခင်လိမ်းရပြီး peeling mask သုံးမယ်ဆို mask ပြီးမှ Toner သုံးရမှာပါ။

𝟒🌝paper𝐚𝐬𝐤 ကို မခွာပဲသုံးခြင်း

တချို့ mask တွေက sheet mask ပေါ်မှာ paper တစ်ခုပါလာပါတယ်။ အဲ့ paper mask က ခွာပြီးမှ သုံးရမှာပါ။ အဲ့ paper ကို မခွာပဲ သုံးရင် essence အရည် မျက်နှာထဲစိမ့်ဝင်ဖို့ layer အကန့်အသတ်တစ်ခုက တားဆီးနေသလို ဖြစ်နေမှာပါ။

5🌝mask ကိုခြောက်တဲ့ထိ ကပ်ခြင်း

Sheet Mask တိုင်းရဲ့ recommended time က ၁၅-၂၅ မိနစ် ဖြစ်ပါတယ်။ ၃၀ မိနစ်မကျော်ရပါဘူး။ Sheet Mask ကိုလည်းခြောက်တဲ့အထိ မထားရပါဘူး။ ခြောက်တဲ့အထိထားရင် မျက်နှာထဲစိမ့်ဝင်သွားတဲ့ essence တွေကို sheet mask က ပြန်စုပ်ယူပြီး အပြင်မှာပဲ ခြောက်သွားမှာပါ။ မျက်နှာထဲမစိမ့်ဝင်တော့ပါဘူး။ ၁၅-၂၅ မိနစ်ပြည့်သွားရင် mask ကိုခွာပြီး မျက်နှာပေါ်မှာရှိတဲ့ essence တွေကို စိမ့်ဝင်သွားအောင် လက်လေးနဲ့ ပွတ်ပေးရင်ရပါပြီ။ တစ်ညလုံး mask ချင်တယ်ဆိုရင် overnight mask ကို သုံးပေးလို့ရပါတယ်။ Sheet mask ကိုတစ်ညလုံးမသုံးရပါဘူး။

𝟔🌝mask ကပ်ပြီးချက်ချင်းမျက်နှာသစ်ခြင်း

တချို့ mask တွေက ကပ်ပြီးရင် မျက်နှာသစ်စရာမလိုပါဘူး။ သစ်ရတဲ့ mask တွေလည်းရှိပါတယ်။ Mask ဝယ်တဲ့ချိန် အညွှန်းကို သေချာကြည့်ပါ။ မျက်နှာသစ်ခြင်တယ်ဆိုရင်လည်း ချက်ချင်းမသစ်ရပါဘူး။ Essence ရည်တွေအားလုံးစိမ့်ဝင်သွားပြီး ခဏနေမှ သစ်ရမှာပါ။ မဟုတ်ရင် essence တွေကို ရေနဲ့ဆေးချလိုက်သလိုဖြစ်နေမှာပါ။

𝟕🌝 ကျန်တဲ့ 𝐄𝐬𝐬𝐞𝐧𝐜𝐞 အရည်တွေကိုစွန့်ပစ်ခြင်း

Mask ကပ်ပြီး ကျန်တဲ့အရည်တွေကို မပစ်ပါနှင့်။ လည်ပင်း၊ လက်၊ ခြေထောက်၊ ဒူး တွေမှာလိမ်းလို့ရပါတယ်။ Mask ရဲ့အဓိက လုပ်ဆောင်ချက်က ရေဓာတ်ဖြည့်ခြင်းပါ။ ရေဓာတ်လိုတဲ့နေရာတွေ လိမ်းပေးလို့ရပါတယ်။

𝟖🌝 ကပ်ပြီး 𝐬𝐤𝐢𝐧𝐜𝐚𝐫𝐞 အဆင့်ကျော်ခြင်း

Mask တစ်ချပ်ထဲနဲ့ မျက်နှာကပြဿနာတွေအားလုံးကိုမဖြေရှင်းနိုင်ပါဘူး။ Mask ကပ်ပြီးရင်လည်း ပုံမှန်ကိုယ်သုံးနေကျ moisturizer cream တွေ skincare step တွေလုပ်ပေးရပါတယ်။

🌝 Sheet Mask တွေကပ်မယ်ဆိုရင် တစ်ပတ် ၂ ခါလောက်ပုံမှန်သုံးပေးနော်👌

17/03/2022

Serum အကြောင်း သိကောင်းစရာ

ကိုယ်တို့တွေ တနေ့တနေ့ Skincare တွေသုံးကြတယ်

မျက်နှာသစ်တယ်
Toner သုံးတယ်
နို့ရည်သုံးတယ်
Seum , Essence သုံးတယ်
နို့ရည် ထိကတော့ ဟုတ်ပြီ
Serum နဲ့ essence က ဘာလို့ သုံးတာလဲ

သူတို့က ဘာအတွက် ထုတ်ထားတာလဲ
တိုနာနဲ့ နို့ရည်နဲ့က အစိုဓာတ်ဖြည့်ပေးတာပဲ။ ဒါတွေသုံးဖို့ လိုသေးလို့လား…

အဲဒီတော့ Serum ဆိုတာ ဘာလဲ

Serum ဆိုတာ အရေပြားဆီ specific active ingredients တွေကို တိုက်ရိုက်သယ်ဆောင်ပေးသွားပြီး အရေပြားလိုအပ်ချက်တွေကို တိုက်ရိုက်ဖြေရှင်းပေးနိုင်တဲ့ skincare တမျိုးပါပဲ။
အရေပြားရဲ့ လိုအပ်ချက်ဆို
Anti Aging
Dark Spots
Acne
Dehydration
Uneven skin tone တွေနဲ့ skin brightening အတွက်ဆိုပြီး အမျိုးမျိုးရှိသေးတာပဲ။

Serum ရဲ့ လုပ်ဆောင်ချက်

Molecules တွေးတွေသေးငယ်ပြီး အရေပြားအတွင်း ဖောက်ထွင်း စိမ့်ဝင်နိုင်အားပိုကောင်းသွားတယ်။

ဘယ်လိုသုံးမလဲ

ပဲစေ့တစေ့စာ အနည်းငယ်လောက်ကို အရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးရုံပါပဲ။

သုံးလိုက်တဲ့ serum အစွမ်းထက်နေဖို့က

1. ဘယ်ပစ္စည်းမဆို အသုံးမပြုခင် စမ်းသက်ကြည့်ပါ။

2. အနည်းငယ်လေးသုံးရုံနဲ့ ထိရောက်တဲ့ product ဖြစ်တာကြောင့် ပမာဏများသွားမယ်ဆိုရင် အသားအရေ ယားယံတာမျိုး အဆီဖုလေးတွေ ထတာမျိုးဖြစ်နိုင်ပါတယ်။

3. Serum မသုံးခင် အရေပြားကို သန့်စင်အောင်အရင်ဆုံး သန့်ရှင်းရေးလုပ်ပေးထားဖို့လိုပါတယ်။

4. အသားခြောက်သူတွေအနေနဲ့ အရေပြားအတွင်း စုပ်ယူအားကောင်းအောင် အစိုဓာတ်ရှိနေတဲ့အချိန် ဒါမှမဟုတ် moisturizer သုံးပြီးတာနဲ့ သုံးပေးဖို့လိုပါတယ်။

5. Sensitive Skin ပိုင်ရှင်တွေအနေနဲ့ကတော့ Serum မသုံးခင် အသားလေးကို ခြောက်သွေ့သွားအောင်အရင်ထားပြီးမှ သုံးပေးပါ။ Serum စိမ့်ဝင်အား လျော့နည်းသွားတဲ့အတွက် အရေပြားယားယံတာမျိုး ဖြစ်နိုင်ခြေနည်းသွားပါလိမ့်မယ်။

6. အရောင် အနံ့ ပါတဲ့ serum မျိုးရှောင်ပါ။

7. ညပိုင်း အသုံးပြုသူတွေအနေနဲ့ night cream, moisturizer တို့လို အစိုဓာတ်ဖြည့် cream တွေ အထပ်ထပ်မသုံးဖြစ်အောင် ဂရုစိုက်ပါ။

8. Serum စသုံးဖို့ အကောင်းဆုံးအသက်အရွယ်ကတော့ အရေပြားအိုမင်ရင့်ရော်တဲ့ လက္ခဏာတွေ စတင်ပြလာတဲ့ အသက် ၂၀ - ၃၀ အရွယ်လောက်က စပြီးသုံးတာ အကောင်းဆုံးပါ။

9. Serum နဲ့ Face Oil ကွာခြားချက်ကတော့ serum က water based ဖြစ်ပြီး အရေပြားအတွင်း စိမ့်ဝင်နိုင်စွမ်းပိုကောင်းစေပါတယ်။ Face Oil ကတော့ အရေပြား အပေါ်ယံအလွှာမှာ အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ အရေပြားအတွင်းစိမ့်ဝင်ဖို့ အချိန်တော့ ပေးရပါတယ် ။

15/03/2022

♨ Skincare အသုံးပြုပုံ အဆင့်ဆင့်......

(၁) မျက်နှာသစ်ဆပ်ပြာအရင် သုံးပါ။
(၂) Toner တခုခု ဆက်လိမ်းပါ။ သန့်စင်တဲ့ ဂွမ်းစနဲ့ လိမ်းရပါတယ်။
(၃) ပြီးရင် အပေါ်က serums (သို့) gel တခုခုထပ်သုံးပါ။
(၄) အစိုဓာတ်ထိန်း moisturizer ဆက်သုံးနိုင်ပါတယ်။
(၅) ပြီးရင် နေလောင်ကာ sunscreen ဆက်သုံးချင် သုံးပါ။
(၆) နောက်ဆုံးရောက်မှသာ makeup primer (သို့) foundation တခုခုသုံးရပါတယ်။

♨ ညပိုင်းအသုံးပြုနည်း

💢 ညဖက် Skincare သုံးတဲ့အခါ နံပါတ်(၄)ထိ အစဉ်တိုင်းသုံးနိုင်တယ်။
💢 ဒါပေမယ့် sunscreen နဲ့ makeup မျိုး လုံးဝမသုံးသင့်ပါ
💢 အဆိုပါပစ္စည်းတွေက အဆီဂလင်း၊ချွေးဂလင်းတွေကို ပိတ်ဆို့စေတယ်။
💢 အဆီပြန်စေပြီး ဝက်ခြံကို ဖြစ်စေတယ်။

သတိပြုစရာ အချက်များ.......

(၁) တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ အခြား skincare တွေဆက်သုံးပါ။
(၂) ညဖက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။
(၃) မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် ဘာမှမသုံးဘဲ ခဏစောင့်ပါ။ ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်ပါတယ်။

♨ Skincare ရွေးချယ်နည်း

💢 Skincare သုံးတဲ့ခါ အဆီပြန်တဲ့အသားအရေမှာ ရေဓာတ်အခြေခံ ပစ္စည်း တွေသာ ရွေးချာ်သုံးစွဲသင့်ပါတယ်။
💢 Cream Type တွေ မသုံးသင့်ပါ။(အထူးသဖြင့်နွေရာသီမှာပါ)
💢 မျက်နှာအဆီပြန်တာ ဝက်ခြံထွက်တာပိုဖြစ်နိုင်ပါတယ်။
💢 ခြောက်သွေ့တဲ့အသားအရေအတွက် Moisturizer နဲ့ Serum လိုပစ္စည်းမျိုး သုံးပေးပါ။
💢 အရေပြားခြောက်သွေ့သူဖြစ်ဖြစ်၊ အဆီပြန်တဲ့သူဖြစ်ဖြစ် moisturizer သုံးဖို့လိုအပ်ပါတယ်။
💢 အခုလို လုပ်ပေးမှသာ ရေဓာတ်ပြည့်ဝပြီး ကြည်လင်သန့်ရှင်းတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်နော်

13/03/2022

တွဲဖက်မသုံးသင့်သော 𝙨𝙠𝙞𝙣𝙘𝙖𝙧𝙚 ပါဝင်ပစ္စည်းများ

၁။ 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾 + 𝘼𝙃𝘼/𝘽𝘼𝙃

Vitamin C က အက်စစ်ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သလို AHA/BAH(glycolic, salicylic,lactic acid..စသည်) ကလည်း အက်စစ်ပစ္စည်းတွေဖြစ်တဲ့အတွက် ...အတူတူသုံးမိတဲ့အခါ ကိုယ်ရဲ့ပင်ကိုယ်ပသားအရေ က PH levelတွေကို မတည်မငြိမ်ဖြစ်စေတဲ့အတွက်အချိန်ကြာလာတဲ့အခါ break out တွေအသားအရေပါးလာတာတွေနဲ့...skinခြောက်သွေ့တာတွေဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်

[ မှတ်ချက်
တစ်မျိုးစီ သုံးမယ်ဆိုရင် တော့

Vitamin C က အေရကြောင်းတွေကိုသက်သာစေတယ် အသားအေရကို ကြည်လင်စေတယ် အမဲစက်နဲ့ ဝက်ခြံသက်သာစေတဲ့ အာနိသင်တွေရှိပါတယ်

AHA/BHA တွေကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်စို့ခြင်းကို သက်သာစေပြီး အသားအေရကို ကြည်လင်သန့်ရှင်းစေတဲ့ အာနိသင်တွေရှိပြီး ဆဲလ်သေ ဖြစ်ပျက်နှုန်းကို မြန်စေတဲ့အတွက် အရေပြားနုပျိုစေတဲ့ peeling acid တွေဘဲဖြစ်ပါတယ် ]

၂။ 𝙍𝙚𝙩𝙞𝙣𝙤𝙡+ 𝘼𝙃𝘼/𝘽𝙃𝘼

Retinol က AHAနဲ့ BHAလို ဆဲလ်သေဖယ်ရှားပေးတဲ့ပစ္စည်းမဟုတ်ပေမဲ့ အရေပြားအတွင်းပိုင်းက ဆဲလ်သေ တွေကို အပေါ်ယံအရေပြားကို တွန်းတင်ကွာကျ စေပြီးဆဲလ်သစ်တွေ ဖြစ်ပေါ်စေဖို့ကူညီပေးတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

Retinol နဲ့ AHA/ BHAလို acidတွေနဲ့ တြဲသုံးမိတဲ့အခါ အရေပြားအလွန်အမင်းခြောက်သွေ့စေပြီး အသားအရေရဲ့သဘာဝအစိုဓာတ်ကိုပျက်စီးစေလို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်....

၃။ 𝙍𝙚𝙩𝙞𝙣𝙤𝙡 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 𝘾

Retinol နဲ့ Vitamin C ကို တွဲသုံးမိရင် အသားအရေနီမြန်းတာ ခြောက်သွေ့တာနဲ့ အရေပြားအဖတ်လန်တာတွေ ဖြစ်စေနိုင်တဲ့အပြင် အသားအေရက နေရောင်ခြည်ရဲ့ UV Rays တွေကို အထိမခံနိုင် ဖြစ်စေတဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေနိုင်လို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..

[မှတ်ချက်
ဝက်ခြံနဲ့အရေးကြောင်းသမားတွေအတွက်ကတော့
Vitamin C ကို မနက်ပိုင်းသုံးပြီး..ညဘက် တရက်ခြား Retinol သုံးမယ်ဆိုရင်တော့ အသားအရေအတွက် ကောင်းမွန်တဲ့ ရလဒ္ကို ရနိုင်ပါတယ်]

၄။ 𝙊𝙞𝙡 𝙗𝙖𝙨𝙚𝙙 + 𝙒𝙖𝙩𝙚𝙧 𝙗𝙖𝙨𝙚𝙙 𝙥𝙧𝙤𝙙𝙪𝙘𝙩𝙨

Oil based နဲ့ water based productsတွေကတော့
တြဲသုံးလို့ လုံးဝအဆင်မပြေနိုင်ဘူးနော်..စဉ်းစားကြည့်လေ ရေနဲ့ဆီ ရောလို့မှ မရတာ..oil based product တွေက water based product တွေရဲ့ အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်မှုကို ဟန့်တားထားတဲ့အတွက် ဘာအကျိုးရလဒ်မှ ထူးလာစေမှာ မဟုတ်ပါဘူး..

၅။ 𝙂𝙡𝙮𝙘𝙤𝙡𝙞𝙘 𝘼𝙘𝙞𝙙 + 𝙎𝙖𝙡𝙞𝙘𝙮𝙡𝙞𝙘 𝘼𝙘𝙞𝙙

နှစ်မျိုးလုံးက ဆဲလ်သေဖယ်ရှားဖို့ သုံးတဲ့ ပစ္စည်းတွေဖြစ်နေတဲ့ အတွက် တွဲသုံးမိရင် အရေပြားနီမြန်းခြင်းနဲ့ခြောက်သွေ့ခြင်းတွေအပြင် ဓာတ်မတည့်မှုကိုပါဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်

၆။ 𝙉𝙞𝙖𝙘𝙞𝙣𝙖𝙢𝙞𝙙𝙚 + 𝙑𝙞𝙩𝙖𝙢𝙞𝙣 C

Niacinamide နဲ့ Vitamin C က အမဲစက်ထွက်တတ်တဲ့အသားအရေနဲ့ အမာရွတ်တွေကုသဖို့ အတွက် အကောင်းဆုံး ပစ္စည်းတွေ ဆိုပေမဲ့ တွဲသုံးမိရင် Niacinamide က vitamin C ကိုဓာတ်ပြယ်စေပြီး ရလဒ်အနေနဲ့ အသားအရေနီးမြန်းတာတွေနဲ့ ဝက်ခြံတွေကို ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..

ပျိုမေတို့အနေနဲ့ skincareသုံးတာဟာ အသားအေရ နုပျိုလှပစေဖို့ဘဲ ဖြစ်သင့်ပါတယ်..ဒါပေမဲ့ တွဲဖက်မသုံးသင့်တဲ့ skincare ingredientsတွေကို သိထားမွသာ ငွေကုန် လူပမ်း မဖြစ်စေမှာ မဟုတ်ပါလား..ရှင်....

ပျိုမေတိုင်း skincare လေးတွေကို မှန်မှန်ကန်ကန်သုံးတတ်စေဖို့ ဆန္ဒပြုရင်း....လှပနိုင်ကြပါစေရှင်..

မင်မင်Pageထဲက အသဲလေးတွေ သိရအောင် ပြန် shareလိုက်တာပါရှင့်

12/03/2022

အမေးအများဆုံးမေးခွန်းပါ✅
အဆီဖုတွေပေါက်နေလို့ ဘာလုပ်ရမလဲ?

ဘာလုပ်ရမလဲ မပြောခင် ဘာကြောင့်ဖြစ်လဲဆိုတာ အရင်ဆုံး ပြောပြပေးချင်ပါတယ်🔸

အဆီဖုဖြစ်ရတဲ့အကြောင်းအရင်း📌...........................

>မိတ်ကပ်လိမ်းပြီး သေချာပြောင်အောင်မဖျက်တာ
>သနပ်ခါးလိမ်းပြီး double cleansing မလုပ်တာ
>suncream မလိမ်းပဲ အပြင်ထွက်တာ
> မျက်နှာကိုသေချာပြောင်စင်အောင်မသစ်ပဲ အိပ်ရာ၀င်တာ
> ရေသောက်နည်းတာ
>အဆီအဆိမ့်နဲ့ ဆီကြော်စာတွေအစားများတာ
>လေထုထဲကအညစ်အကြေးဖုန်မှုန့်တွေကြောင့်လဲ
ချွေးပေါက်ပိတ်ဆို့ပြီး အဆီဖုတွေဖြစ်လာနိူင်ပါတယ်

အဆီဖု အဖြစ်အများဆုံးနေရာတွေကတော့
နဖူး မျက်လုံးအောက်ဖက်နဲ့ မေးစေ့တစ်ဝိုက်ပဲဖြစ်ပါတယ်
စိတ်ဖိစီးမှုများခြင်းကြောင့်နဲ့ ဟော်မုန်းအပြောင်းအလဲ
ကြောင့်လဲ အဆီဂလင်းတွေပိုမိုပြီးအလုပ်လုပ်ရာကနေ
အဆီထုတ်လုပိမှုများပြီးတော့ ချွေးပေါက်တွေပိတ်ဆို့ရာက
နေ မျက်နှာပေါ်မှာရှိနေတဲ့ဆဲလ်သေတွေက အပြင်သို့
မထွက်နိုင်တဲ့အခါ အဆီဖုတွေဖြစ်လာရပါတယ်

>အဆီဖုမှာလဲအမျိုးအစားရှိပါတယ် ထိပ်ဘက်မှာအဆံအမဲ
ရှိတာကို ဆား၀က်ခြံအဆီဖု (blackhead.)ဖြစ်ပြီး
ထိပ်ဘက်မှာအဆံအဖြူ လေးတွေရှိတာက (White head)ပါ

>Oily skinတွေနဲ့ Combination skin typeတွေမှာ
ပိုပြီးအဖြစ်များပါတယ် အဆီထုတ်လုပ်မှုများတဲ့အတွက်
မျက်နှာကိုချွေးပေါက်ပွင့်အောင် မဖွင့်ပေးဘူးဆိူရင်
မျကိနှာအရေပြားအောက်မှာအောင်းပြီး ၀ကျခွံ အဆီဖု
ဆား၀က်ခြံတွေဖြစ်လာရတာပါ ဒါကြောင့်oily skin type
တွေနဲ့ combination skin type တွေက cleansing ကို
သေချာနိုင်အောင်လုပ်ပေးဖို့လိုအပ်ပါတယ်

>>လိုက်နာရမည့်အချက်များ📌

>မိတ်ကပ်ကိုပြောင်စင်အောင်ဖျက်ပါ မိတ်ကပ်မဖျက်ပဲ
အိပ်ရာမ၀င်ပါနဲ့
>မိတ်ကပ်မလိမ်းတဲ့နေ့လဲမျက်နှာကိုသေချာသန့်စင်ပေးဖို့
လိုအပ်ပါတယ် ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ၀င်နေနိူင်တာ
ကြောင့် cleansing လုပ်ပေးရပါမယ်
>တစ်ပတ်နှစ်ကြိမ်မျကိနှာကို scrub တိုက်ပေးပါ
>အပြင်သွားတိုင်းsuncreamလိမ်းပေးပါ
>စိတ်ဖိစီးမှုလျော့ချပါ
>ရေများများသောက်ပါ
>အဆီအဆိမ့်အချိူ သကြားနို့ ရှောင်ပါ
>မျက်နှာကိုမကြာခဏ ကိုင်တွယ်ခြင်းရှောင်ပါ
>ဆံပင်နဲ့ အိပ်ယာခင်းများကိုသန့်စင်အောင်ထားပါ


မူရင်း
Crd

11/03/2022

#ဝက်ခြံ‼

ဝက်ခြံထွက်ပီဆို အားလုံးစိတ်ညစ်ကြမှာပါ။ ကြည့်ရလဲဆိုးသလို ပြင်သွားရင်ဖုံးရတာနဲ့ ကိုယ့်ကိုယ်ကို ယုံကြ ည်မှုလဲနည်းလာတာပေါ့ဗျ။ (ကိုယ်ကြေိတွ့ပါ😵)

ဝက်ခြံစထွက်ပီး ပိုးရှိနေပြီဆိုင်တော့-
🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️
🔺️ပုံမှန်ထက် အရွယ်စားကြီးလာမယ်
🔺️နီရဲပြီး နာကျင်လာမယ်
🔺️အနာကျတ်ဖို့လဲ ကြာလာမယ်
🔺️ပြည်တွေနဲ့ ပြည့်နေမှာဘဲဖြစ်ပါတယ်

ဝက်ခြံပေါက်တဲ့အကြောင်းရင်းကတော့-
🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️
🔻စိတ်ဖိစီးမှုများလွန်းတာ
🔻အိပ်ရေးပြည့်ဝ မအိပ်စက်တာ
🔻နေရောင်နဲ့ထိတွေ့များလွန်းတာ
🔻ဟော်မုန်းပြောင်းလဲတာ
🔻နို့၊နို့ထွက်ပစ္စည်း၊ချိုလွန်း၊ငံလွန်းစားများတာ
🔻အမျိုးသမီးများ ရာသီစက်ဝန်းလာချိန်နဲ့ သန္ဓေတားသောက်တာရပ်လိုက်ရင်လဲ ထွက်တတ်ပါတယ်(ဖတ်ဖူးတာပါ😁)

🤔ဘာဒေရှောင်ကျဉ်သင့်သလဲ🤔
🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️
🔹️အိပ်ရေးပျက်ခြင်း
🔹️မိတ်ကပ်လိမ်းခြင့်
🔹️လက်ဖြင့်ကုတ်ခြင်း
🔹️မျက်နှာscurbအမြဲပြုလုပ်ခြင်း
🔹️ညအိပ်လျှင် ဝက်ခြံပေါ် သနပ်ခါးလိမ်းပီးအိပ်ခြင်း(လုံးဝ ရှောင်ကျင်ပါ)

🎄သက်သာအောင်ရော ဘယ်လိုလုပ်မလဲ❔🎄
🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️
1️⃣တနေ့မျက်နှာ ၂ကြိမ်သစ်ပါ။ ဓာတုပါဝင်မှုနည်းတဲ့ သဘာဝမျက်နှာသစ်ဆေးများ အဓိကဦးစားပေးအသုံးပြုပါ။(အထူးသဖြင့် အိပ်ယာဝင်ခါနီးသစ်ပါ)
2️⃣ရေများများသောက်ပေးပါ။ရေသောက်နည်းခြင်းက မျက်နှာအဆီပြန်ခြင်း၊ အသားခြောက်ခြင်းတို့ ဖြစ်စေပါတယ်။
3️⃣ရေခဲကပ်ပေးပါ။ ရေခဲကပ်ပေးခြင်းက ဝက်ခြံများ ရောင်းရမ်းခြင်း၊ နာကျင်ခြင်း၊ နီရမ်းခြင်းကို သက်သာစေပါတယ်။

🎄ဝက်ခြံကုသရာတွင် ဘာတွေအသုံးဝင်သလဲ❔🎄
🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️🔸️
✅ပျားရည်- ပျားရည်က အသားအရေတွက် အလွန်ကောင်းတဲ့ ဆေးတခုဆိုတာ လူတိုင်းသိပါတယ်။ ဝက်ခြံအများကြီးထွက်သူဒေတွက် အလွန်သင့်လျော်ပါတယ်။
✅လက်ဖက်စိမ်း - လက်ဖက်စိမ်းရဲ့အာနိသင်တွေကတော့ ဝက်ခြံဖစ်စေတဲ့ ဘတ်တီးရီးယားတွေကို သတ်နိုင်တယ်၊ ဆီပြန်နှုန်းကို လျော့ချပေးတယ်၊ ချွေးပေါက်ပိတ်ဆို့မှုကိုလဲ လျော့ချပေးပါတယ်။
✅ရှားစောင်းလက်ပတ် - ရှားစောင်းလက်ပတ်ကတော့ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေကိုသက်သာစေတယ်၊ အသားအရေကိုလဲ ရေဓာတ်ဖြည့်ပေးတယ် ၊ အသားအရေပြုပြင်ရာမှာ အဓိကပါဝင်တာပေါ့

beauty

10/03/2022

ဝက်ခြံတွေ မထွက်အောင် ဒီသုံးချက်ပဲ နေ့စဉ်လုပ်ဖို့လိုတယ်နော်✔️

၁။မနက်တစ်ကြိမ် ညအိပ်ခါနီးတစ်ကြိမ် အစိုဓာတ်ကလေးကျန်ခဲ့ပြီး မျက်နှာခြောက်သွေ့မသွားစေတဲ့မျက်နှာသစ် ကောင်းကောင်းလေးသုံးပါ။
(ကောင်းကောင်းလေးဆိုတာ စျေးကြီးတာကို မဆိုလိုဘူးနော် စျေးသင့်ပြီး ကောင်းတဲ့မျက်နှာသစ်လေးတွေ စျေးကွက်ထဲမှာရှိပါတယ်)မျက်နှာသစ်ပြီးတိုင်း ချွေးပေါက်ထဲက အဆီလေးတွေသန့်ဖို့ အရက်ပျံမပါတဲ့ တိုနာလေးသုံးပေးပါနော်❗️

၂။ သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်ထားတဲ့ Skincare လေးတွေ နေ့စဉ်သုံးပြီး အသားရည်ထိမ်းသိမ်းပါ။

၃။အိပ်ရေးဝအောင် အချိန်မှန်အိပ်ပါ။
ဝမ်းမှန်အောင် အသီး အရွက်များများစားပါ။
အငံ အစပ်နဲ့ အချိုမှုန့်တွေ လျော့စားပါ

အားလုံးပဲ ဝက်ခြံကင်းစင်တဲ့ မျက်နှာလှလှလေးတွေ ပိုင်ဆိုင်နိုင်ပါစေရှင့်❗️

09/03/2022

ဝက်ခြံ ပေါက် နေရင် ဒါလေးတွေ မလုပ်ပါနဲ့‼️‼️‼️‼️

❌◾- သနပ်ခါး မလိမ်းပါနဲ့။

❌◾- မိတ်ကပ် တက်နိုင်သလောက် ရှောင်ပါ။

❌◾- ပင်လယ်စာ မစားရ။

❌◾- နို့ထွက် ပစ္စည်း မစားရ။

❌◾- တာရှည်ခံ ပစ္စည်းများ မစားရ ( ဥပမာ - ခေါက်ဆွဲခြောက် )

❌◾- အချို/အစပ်/အဆီများသော အစားအစာများ မစားရ။

❌◾- ဝက်ခြံကို မညစ်ပါနဲ့။

✅◾- အိပ်ရေး ၀၀ အိပ်ပါ။

✅◾- ရေများများ သောက်ပါ။

✅◾- မျက်နှာ မနက် တစ်ကြိမ် ည တစ်ကြိမ် သစ်ပါ။

✅◾-မျက်နှာသုတ်ပဝါ/ခေါင်းအုံးစွပ် တပတ်တကြိမ်အနည်းဆုံးလျှော်ပေးပါ...

'ထာဝရလှပနိုင်ကြပါစေ...

09/03/2022

ကိုယ့်မျက်နှာပေါ်က ဝက်ခြံလေးတေကြောင့် စိတ်ညစ်စရာမလိုတော့ဘူးနော်🤗🤗🤗

07/03/2022

‼Chloasma (တင်းတိတ်ဖြစ်ခြင်း)‼

တင်းတိတ်ဖြစ်ခြင်းသည် မျက်နှာပေါ်တွင် မီးခိုးရောင်၊ အညိုရောင်အကွက်များပေါ်လာသော အဖြစ်များသည့် အရေပြား ပြသနာဖြစ်ပါသည်။ အများစုသည် ပါးနှစ်ဖက်၊ နှာခေါင်းရိုး၊ နဖူး၊ မေးစေ့ နှင့် နှုတ်ခမ်းအပေါ်ပိုင်းတွင်အဖြစ်များ
ပါသည်။ သို့သော် နေအထိများသောလက်မောင်း၊
လည်ပင်းစသည့်နေရာများတွင်လည်းဖြစ်နိုင်
ပါသည်။

Chloasma (တင်းတိတ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ လေ့လာချက်များ အရ တင်းတိတ်ဖြစ်သောသူများ၏ ၉၀% သည်အမျိုးသမီးများဖြစ်သည်ဟုဆိုပါသည်။ အသားညိုသော လူမျိုးများဖြစ်သည့် လက်တင်၊ မြောက်အာဖရိက၊ အာဖရိက-အမေရိကန်၊ အာရှ၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနှင့် မြေထဲပင်လယ်တဝိုက်ရှိလူများသည် တင်းတိတ်
ပို ဖြစ်ကြောင်းတွေ့ရသည်။

ထို့ပြင်တင်းတိတ်ဖြစ်သူများနှင့် ဆွေမျိုးတော်စပ်သူများသည် တင်းတိတ်ပိုဖြစ်ကြောင်းတွေ့ရပါသည်။

#လက္ခဏာများ

👉Chloasma (တင်းတိတ်ဖြစ်ခြင်း) ရဲ့
လက္ခဏာတွေကဘာတွေလဲ..

တင်းတိတ်ဆိုသည်မှာ အရေပြားတွင်ဖြစ်သော အရောင်မညီသော အကွက်များဖြစ်ပြီး အများအားဖြင့် သင့်အရေပြားအရောင်ထက်ပို နက်ပြီး မျက်နှာနှစ်ဖက်တွင် အချိုးညီစွာ
ဖြစ်ပေါ်တတ်ပါသည်။ ထို့ပြင် နေအထိများသော လက်မောင်း၊ လည်ပင်းစသည့် နေရာများတွင်
လည်းဖြစ်နိုင်ပါသည်။

အညိုရောင် တင်းတိတ်ကွက်များသည် အများအားဖြင့်...
ပါးများ
နဖူး
နှာခေါင်းရိုးနှင့်
မေးစေ့ တို့တွင် ပို အဖြစ်များပြီး
လက်မောင်း၊ လည်ပင်းစသည့် နေရာများတွင်လည်းဖြစိနိုင်ပါသည်။

ထိုသို့ဖြစ်ခြင်းများသည် သင့်ကို ရုပ်ပိုင်းဆိုင်ရာအရ အန္တရာယ်ပေးခြင်းမျိုး
မဟုတ်သော်လည်း မိမိကိုယ်ကို ယုံကြည်မှုများ ကျဆင်းစေနိုင်ပါသည်...

Want your business to be the top-listed Beauty Salon in Mawlamyine?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mawlamyine Mon State
Mawlamyine