A Lay for Ladies

A Lay for Ladies

Share

Inspirations �

12/01/2024

ကိုယ်မပျော်ရွှင်တော့တဲ့အကြောင်းတွေ

ဘယ်သူ့ကိုမှမပြောပြနေတော့ဘူး

ကိုယ်မင်းကို လွမ်းတယ် …

သတိတရနဲ့ကိုလွမ်းတယ်

ပြီးတော့ အရမ်းလွမ်းတယ်….

ဝေးသွားရတဲ့အကြောင်းအရာကိုလည်း

ပြန်မတွေးချင်နေဘူး

ကိုယ်မှတကယ်မဝေးချင်ခဲ့တာ

အနောက်လှည့်ကြည့်လိုက်တိုင်း

မင်းမရှိနေတော့

ကိုယ့်မှာ ပိုနာကျင်ရတယ်

မင်းနဲ့ဝေးလို့ ကိုယ်မပျော်နေဘူးဆိုတာ

မင်းသိရင် ပျော်ပါစေဆိုတဲ့ စိတ်နဲ့ ဒီစာကို ကိုယ်ရေးလိုက်တယ်

ကိုယ် မပျော်ရပေမယ့်

မင်းကတော့ ပျော်ရွှင်ပါစေပေါ့ …

#ကိုယ်မင်းကိုလွမ်းတယ်

10/11/2023

ကိုယ့်မျက်နှာ တစ်ကမ္ဘာထင်ပြီး

ကိုယ့်ကို သိပ်ချစ်ပေးရှာတဲ့

ထိုလူသားလေးကို ဆုံးရှုံးပြီးတဲ့နောက်

မပျော်တဲ့နေ့ရက်တွေကို

ပျော်ချင်ယောင်ဆောင်ရင်း

နေ့ရက်တိုင်းကို

မွန်းကြပ်စွာ ရှင်သန်နေရတာဟာလည်း

သူကိုယ့်ကိုပေးတဲ့ ပြစ်ဒဏ်တွေပဲနေမှာ…

ကိုယ်တို့အတူရယ်ခဲ့ မောခဲ့ကြဖူးတယ်

အတူတော့ ရှိမနေကြတော့ဘူး

ဒီလိုနဲ့ …

ကိုယ်တို့ တကယ် ဝေးသွားကြပြီတဲ့လား

ကိုယ်သိပ်ချစ်ခဲ့တဲ့ “မင်း” ချမ်းမြေ့ပါစေ….

19/08/2022

ဦးဆောင်သူ နဲ့ ခေါင်းဆောင်

××××××××××××

ခေါင်းဆောင် နဲ့ နောက်လိုက်

××××××××××××

Leadership လားး ... Followership လား

××××××××××××

ခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး အယူအဆအတွေးအခေါ်တွေမှာ အတိတ် နဲ့ ပစ္စုပ္ပန် မတူညီကြတဲ့အတွက် အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာလည်း တိုးတက်ပြောင်းလဲ ခြားနားနေပါလိမ့်မယ်။

အတိတ်ကာလတွေမှာ ခေါင်းဆောင်ဆိုသည်မှာ မွေးရာပါ (Leaders are Born) ဆိုတဲ့ အယူအဆ၊ နောက်ပိုင်းမှာ ခေါင်းဆောင်တွေ အများအပြား အပြိုင်အဆိုင်ထွက်ပေါ်လာတော့ အယူအဆ တစ်မျိုးပြောင်းသွားခဲ့ပြန်တယ်၊ ခေါင်းဆောင်ဆိုတာ လေ့ကျင့် ယူလို့ရတယ် (Leaders are made)ဆိုပြီး ခေါင်းဆောင်ဖြစ်လာဖို့ လေ့ကျင့်ပေးလို့ရတယ်ဆိုတာပါ။

"ဟာ ဒါဆို လူတစ်ယောက်ကို ခေါင်းဆောင်တစ်ဦး မဖြစ် ဖြစ်အောင် အတင်းအကြပ် ဖန်တီယူလို့ရတယ်ပေါ့" ဆိုပြီး မတွေးစေချင်ပါ။

ကပ်သီးကပ်သပ် အတွေးပေါ်လာမှာဆိုးလို့ ကွဲပြားဖို့ ထပ်ပြောပါရစေ…

“ခေါင်းဆောင်ဖြစ်ဖို့ လေ့ကျင့်ပျိုးထောင်လို့ရပါတယ်၊ ဒါပေမယ့် ဇွတ်အတင်းအကြပ်တော့ လုပ်ယူလို့ မရပါဘူး။”

နောက်တစ်နည်းပြောရရင် “သာမန်အဆင့် ခေါင်းဆောင်များကို လေ့ကျင့်ပျိုးထောင်ပေးလို့ရပေမယ့်၊ ကြီးကျယ်မြင့်မြတ်သော ခေါင်းဆောင်များ အဖြစ် ဖန်တီးယူလို့တော့ မရပါဘူး။”

အဲဒီတော့ ခေါင်းဆောင်မှု အကြောင်း သုတေသနပြုချက်တွေအရ… ယနေ့ အဖွဲ့အစည်းတွေတိုင်းမှာ မရှင်း မရှင်းနဲ့ ရှိနေတဲ့ ဦးဆောင်သူ နဲ့ ခေါင်းဆောင် ဆိုတာ ထပ်ရှင်းပြပါမယ်။

Leading Person ဆိုတဲ့ ဦးဆောင်သူတွေဟာ အဖွဲ့အစည်းတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ Leader ခေါင်းဆောင်တွေ မဟုတ်ပြန်ဘူး။

လက်ရှိမှာတော့ ဦးဆောင်ကြသူ (Leading Person) အားလုံးကို ခေါင်းဆောင်(Leader) လို့ အထင်မှတ်မှားနေကြပါတယ်။

တစ်ဦးချင်းစီမှာ ကွဲပြားခြားနားတဲ့ အရည်အချင်းတွေ ရှိနေတယ်ဆိုတာ Management ပညာရပ်ဆိုင်ရာ Researcher များက သုတေသနများ စွာပြုလုပ်ကာ ခွဲခြားပေးထားပါတယ်။

ဥပမာအနေနဲ့ ကျွန်တော်တို့ မြန်မာစကားပုံ တစ်ခုရှိပါတယ်။

“ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့် လိုက်၏။” ဆိုတဲ့ အတိုင်း နွားလားဟာ Leading bull of the herd ရှေ့က ဦးဆောင်သွားနေတာဖြစ်တဲ့အတွက် Leading Bull ဆိုနိုင်ပါတယ်။နွားလားကတော့ စားကျက်ကောင်းတဲ့ နေရာကို တောက်လျောက် သွား နေပြီး နောက်မှာ လည်း နွားအုပ်ကြီးက လိုက်ပါနေမှာပဲ။

ဒါပေမယ့် သူတို့ဟာ ဘယ်ချိန် ခြံထဲပြန်ဝင်ရ မယ်၊ ဘယ်လမ်းကြောင်းက ပြန်ရမယ် ဆိုတာ မသိတဲ့ အတွက် အဲဒီ နွားအုပ်ကို ထိန်းကျောင်းနေတဲ့ Cow Boy နွားကျောင်းသားဟာ Leader ပါ။ နွားကျောင်းသားဟာ အချိန်၊ အုပ်စုထဲမှာပါတဲ့ နွားအကောင်အရေ၊ ခြံထဲ ပြန်သွင်းဖို့ လမ်းကြောင်း စတာတွေကို တွက်ချက် စီမံရသူဖြစ်ပါတယ်။ နွားလား မှာရှိနေတဲ့ အရည်အ ချင်း နဲ့ နွားကျောင်းသားမှာ ရှိနေတဲ့ အရည်အချင်း ကွဲပြားနေတာကို တွေ့ရပါပြီ။

အဲဒီတော့ အဖွဲ့အစည်းတိုင်းမှာ ရှေ့ကနေဦးဆောင်နေသူဟာ Leading Person သာဖြစ်ပြီး၊ အဖွဲ့အစည်းကို မှန်ကန်စွာ ခေါင်းဆောင်နိုင်သူသာ Leader ဖြစ်လာမှာပါ။

ခေါင်းဆောင် နဲ့ ဦးဆောင်သူ ကြားမှာ အကြီးမားဆုံး ကွဲပြားမှု အရည်အချင်း တစ်ရပ်က အနာဂတ်ကို ရူမြင်နိုင်တဲ့ Vision ပါ။

အခြားသောသူတွေထက် Vision ထူးကဲ သာလွန်နေမှ သာခေါင်းဆောင် ကောင်းတို့ရဲ့ အရည်အချင်း၊ အခြားသူများ မမြင်နိုင်၊ မတွေးနိုင်တာ ကို တွေးနိုင် မြင်နိုင်ခြင်းဟာလည်း ခေါင်းဆောင်တို့ရဲ့ အရည်အချင်း ဖြစ်ပါတယ်။

ဦးဆောင်သူ (Leading Person) နဲ့ ခေါင်းဆောင်(Leader) ကွဲပြားခြားနားချက် နောက်ကွယ်က အဓိက Issues ဖြစ်တဲ့ Leadership & Follower-ship ပါ။

အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်ကောင်းတွေ လိုအပ်သလို၊ နောက်လိုက်ကောင်းတွေလည်း လိုအပ်လို့ နေပါတယ်။

Leadership ခေါင်းဆောင်မှု မှာ Follower-ship နောက်လိုက်ခြင်းအမှု အကြောင်းအရင်းကို ထည့်သွင်းမစဉ်းစားဘဲနဲ့ ခေါင်းဆောင်မှု Leadership အကြောင်းကို ဘယ်လိုမှ ရှင်းလင်းလို့ရမှာ မဟုတ်ပါဘူး။

ယနေ့ ခေါင်းဆောင်မှုအကြောင်း အလေးထားအာရုံစိုက်နေကြပေမယ့် အဖွဲ့အစည်းတွင်းမှာရှိနေသမျှ လူအားလုံးဟာ တစ်ချိန်တည်းမှာပဲ ခေါင်းဆောင်တွေ ဖြစ်သလို၊ နောက်လိုတွေလည်းဖြစ်နေကြပါတယ်။

ခေါင်းဆောင်မှုဟာ အရေးပါတာ အမှန်တကယ်ဖြစ်ပေမယ့် ထိရောက်သော နောက်လိုက်တွေ မရှိဘဲနဲ့တော့ ဘယ်အဖွဲ့အစည်းမှ ရှင်သန်ရပ်တည်ဖို့ ဆိုတာ အတော်မလွယ်ကူတဲ့ ကိစ္စရပ်ပါ။

ခေါင်းဆောင်နဲ့ နောက်လိုက်တွေမှာ ရှိသင့်တဲ့ စရိုက်လက္ခဏာတွေရဲ့ အရေးပါမှုဟာ သုတေသနပြုချက်တွေအရ မတူကွဲပြားတဲ့ လေ့လာ တွေ့ရှိချက်တွေ ဖြစ်ပါတယ်။

အများစုလက်ခံထားတဲ့ ခေါင်းဆောင် နဲ့ နောက်လိုက် တို့မှာ ရှိသင့်တဲ့ ထိပ်တန်းအရည်အသွေး တူညီမှုတွေကတော့

၁။ ရိုးသားဖြောင်းမတ်ခြင်း။
၂။ စွမ်းဆောင်ရည် ရှိခြင်း။
၃။ အမြော်အမြင်ရှိခြင်း။
၄။ သစ္စာရှိခြင်း။
၅။ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စွမ်း ရှိခြင်း။

စတဲ့ အချက်အလက်တွေပါ။ တစ်ခြားသော အရည်အသွေးတွေမှာ အနည်းအကျဉ်း ကွာခြားမှုရှိပေမယ့် နောက်လိုက်ကောက်းတစ်ဦးမှာရှိတဲ့ အရည်အသွေးတွေဟာ ခေါင်းဆောင်ကောင်းတစ်ဦး ပိုင်ဆိုင်ထားသင့်တဲ့ အရည်အသွေးတွေနဲ့ တူညီနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

နောက်လိုက်ကောင်းဖြစ်ဖို့ တစ်ရက်၊ တစ်မနက်နဲ့ လုပ်ယူလို့ မရနိုင်ပါဘူး။ နောက်လိုက်မှုမှာလည်း ခေါင်းဆောင်မှုလို လေ့ကျင့်ယူ၊ အသွင်ပြောင်းလဲ ယူရမှာဖြစ်ပါတယ်။

နောက်လိုက်ဟာလည်း သင်ယူရပါတယ်။ တစ်ယောက်တစ်ပေါက် လုပ်နေလို့လည်းမရသလို.. ပူးပေါင်းပါဝင်ဆောင်ရွက်လိုစိတ်ရှိ ရှိနဲ့ လုပ်ဆောင်ရပါမယ်။

နောက်လိုက်ဖြစ်လို့ နောက်ချည်းပဲ အမြဲလိုက်နေဖို့ မလိုဘဲ ခေါင်းဆောင်ကို အကြံဥာဏ်ကောင်းတွေ ပေးဖို့လိုရင်လည်း ပေးနိုင်ရပါမယ်။

“ခိုင်းမှလုပ်” ဆိုတာထက် မိမိအသိနဲ့ လုပ်ဆောင်လိုစိတ် ရှိဖို့ လိုပါမယ်။

“မလုပ်၊ မရူပ်၊ မပြုတ်” ဆိုတဲ့ ခေတ်ကုန်ပါပြီ၊ နောက်လိုက်ကောင်းဆိုတာ နောက်မှာ နေဖို့ထက်၊ ခေါင်းဆောင်ကို ပံ့ပိုးပေးဖို့ တာဝန်လည်း ရှိနေပါတယ်။

ခေါင်းဆောင်တွေဆိုတာလည်း မွေးကတည်းက ခေါင်းဆောင် ဖြစ်လာကြတာမဟုတ်ပါဘူး။

နောက်လိုက်ထဲကမှ ခေါင်းဆောင်ဖြစ်လာကြာတာမို့ နောက်လိုက်ကောင်း ဖြစ်ဖို့ လိုအပ်ပါတယ်။

Leaders are made.

Leaders are not born.

ထိရောက်တဲ့ နောက်လိုက်ကောင်း (ခေါင်းဆောင် အလောင်းလျာ)တွေဖြစ်ဖို့

၁။ Self-Management
To being a good follower is to think for oneself and to work well without close supervision.

၂။ Commitment
Effecting followers are committed to something beyond themselves, be it a cause, product, department, organization, idea or value.

၃။ Competence and focus
Effective followers build their competence and focus their effort for maximum impact.

၄။ Courage
Establish themselves as independent, critical thinkers and will fight for what they believe is right.

Leadership & Followership ဆိုင်ရာ Research ပြုလုပ်မှုတွေက တဆင့် တစ်ဦးချင်းစီ၊ အစုအဖွဲ့လိုက် စမ်းသက်မှု ရလာဒ်တွေကနေ နောက်လိုက်ဖြစ်ရေး၊ ခေါင်းဆောင်ဖြစ်ရေး ဆိုတဲ့ အရည်အချင်းဆိုင်ရာ Model တွေ Dimension တွေပေါ်ထွက်လာခဲ့ပြီးဖြစ်ပါတယ်။

လေ့လာကြပါစို့…၊



Ref; Techniques of Leadership by Auren Uris.

The Path to Leadership by Field – Marshal Montgomery.

The West Point Way of Leadership by Colonel Larry R. Donnithorne (Retd.)

___________

28/02/2022

စိတ်ရှည်ပါ
★ ★ ★ ★

ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်မလာသေးတဲ့အခါ
စိတ်လောပြီး ဇွတ်မလုပ်လိုက်ပါနဲ့
တချို့ကိစ္စတွေက ကိုယ်ဘယ်လိုပဲကြိုးစားကြိုးစား
ဖြစ်ချိန်မတန်ရင် ဖြစ်မလာတတ်သေးပါဘူး
စိတ်ရှည်ပါ ... ။

ကိုယ်အရမ်းချစ်ရသူရဲ့
အားနည်းချက် တချို့ကို
ပြုပြင်ပြောင်းလဲဖို့ မလောလိုက်ပါနဲ့

ပြုပြင်မှူဆိုတာ .. သက်မဲ့ပစ္စည်းတွေကို
ကိုယ်လိုသလို ပုံသွင်းလို့ရတတ်ပေမယ့်
သက်ရှိတွေကိုတော့ ...
သူတို့ ပြောင်းလဲချင်စိတ်ရှိလာအောင်
အသိတရားနှင့် အချိန်ပေးရပါတယ်
စိတ်ရှည်ပါ... ။

ကိုယ့်အပေါ် တမင်ရည်ရွယ်ပီး
ထိခိုက်အောင်လုပ်သွားသူကို
ချက်ချင်းတုန့်ပြန်ဖို့ မကြိုးစားလိုက်ပါနဲ့
ဘာ့ကြောင့် ထိခိုက်အောင်လုပ်သွားတာလဲဆိုတဲ့
အကြောင်းအရင်းကိုရှာပြီး
ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်လိုက်ပါ

ခွင့်လွှတ်ခြင်းဆိုတာ
လူတစ်ချို့နဲ့ မတန်ဘူးဆိုပေမယ့်
ကိုယ့်အတွက်တော့ အေးချမ်းမှူကိုရစေပါတယ်
စိတ်ရှည်ပါ ...။

အခက်အခဲတွေကြုံတိုင်း
စိတ်မြန်စွာနဲ့ မဖြေရှင်းလိုက်ပါနဲ့
တချို့သော အခက်အခဲတွေက ခုချက်ချင်းရှင်းမှ
အဆင်ပြေတတ်ပေမယ့်
တချို့သော စိန်ခေါ်မှုတွေက
ကိုယ့်ရဲ့ သည်းခံစိတ်ရှည်တဲ့ သက်လုံကို
စမ်းသပ်မှူတွေ ပါနေပါတယ်
စိတ်ရှည်ပါ ... ။

စိတ်ရှည်ခြင်းဆိုတာ အမှားနည်းစေသလို
အလုပ်ပြီးမြောက်အောင်မြင်ခြင်းရဲ့
လှို့ဝှက်ချက်ပါ

စိတ်ရှိလက်ရှိလုပ်လိုက်မိလို့
ကိုယ့်ကြောင့်အခြားသူ နာကျင်ရကာ
ရလာတတ်တဲ့ နောင်တတွေကို ကာကွယ်ပေးပြီး
ဆုံးဖြတ်ချက်တိုင်းကို စေ့စပ်လုံခြုံအမှားနည်းစေတယ်။

စိတ်ရှည်ခြင်းဆိုတာ
ရင့်ကျက်ခြင်းရဲ့ သင်္ကေတဖြစ်ပီး
တည်ငြိမ်မှူကိုရလာစေကာ
အောင်မြင်မှူတွေရဖို့ ...
အကောင်းဆုံးဗျူ ဟာတစ်ခုလို့ ပြောလို့ရပါတယ်။

လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ် မကွေး[at7:00PM....28.4.2017]

Crd-သုတရသ အဖြာဖြ

23/02/2022

ကိုယ်ပိုင်စီးပွား အောင်မြင်ခြင်း ( ၉ ) ချက်ဆိုတာ
===========================
ဒီကနေ့တော့ ကိုယ်ပိုင်စီးပွားရေးမှာ အောင်မြင်စေဖို့ အချက်(၉)ချက်ကို ပြောပြပါမယ်နော်----

စီးပွားရေးလုပ်ငန်းတိုင်းမှာ Internalလို့ ခေါ်ဆိုတဲ့ (လုပ်ငန်းအတွင်း ပိုင်းလည်ပတ်ခြင်း) နှင့် Externalလို့ ခေါ်ဆိုတဲ့ (ပြိုင်ဘက်နဲ့ ဈေးကွက်) ဆိုပြီးနှစ်ပိုင်းရှိပါတယ်။ ဒီနေ့မှာတော့ လုပ်ငန်းအတွင်းပိုင်း လည်ပတ်ခြင်းအတွက် အရေးပါတဲ့အကြောင်းအရာတွေထဲက အချက် (၉) ချက်ကိုတင်ပြပေးလိုက်ပါတယ်။အဲဒါတွေကတော့---

1) ကိုယ်ရှာချင်တဲ့ ငွေပမာဏ စိတ်ထဲတိကျစွာရှိပြီလား?
----------------------------------------------------------
လူသားတို့လုပ်ဆောင်ချက်ဆိုတာ စိတ်ထဲမှာရှိတာကို လက်တွေ့လုပ််ယူကြတာပါ။ စိတ်ထဲမှာ ပြင်းပြစွာ ရှာချင်တဲ့ ပမာဏတစ်ခု ရှိမနေဘူး ဆို၊ လက်တွေ့ဘဝမှာ သင်ဝေဝါးနေပါလိမ့်မယ်။ တစ်နှစ်အတွင်း ကိုယ်ရှာချင်တယ့် ပမာဏကိုချရေးပြီးရင် ရအောင်ရှာ။ နောက်နှစ် ပမာဏသစ်တစ်ခုချရေး ရအောင်ရှာ။

ပိုက်ဆံတစ်ခုထဲနောက်တော့မလိုက်ပါနဲ့ ကိုယ်ပျော်ရွှင်မယ့်ပန်းတိုင်တွေ တစ်ခုပြီးတစ်ခု ဖြတ်သွားရင်း ဘဝကိုရှင်သန်ပါ။

2) သင့်ကိုယုံကြည်သူတွေရှိပြီလား?
--------------------------------------
ဘော့စ်တစ်ယောက်လို လက်ညိုးထိုး ခိုင်းနေတာတစ်ခုထဲနဲ့တော့ အောင်မြင်လာမှာမဟုတ်ပါဘူး။ သင့်ရဲ့အိပ်မက်တွေကို လူတွေ နားလည်လာအောင်၊ ယုံကြည်လာအောင် ကြိုးစားပေးပါ။

တကယ်နားလည်ပြီး ယုံကြည်သူတွေဟာ သူတို့ကိုယ်တိုင်ပျော်ရွှင်စွာ သင့်ကိုကူညီရင်း ပန်းတိုင်တွေကို တူတူချီတက်ဖို့ အဆင့်သင့်ဖြစ်နေကြ မှာပါ။

3) သင်ယုံကြည်ရသူရှိပြီလား?
--------------------------------
ဘယ်သူယုံကြည်ရတယ်၊ ဘယ်သူအားကိုးရတယ်ဆိုတာ အချိန်က ပြောပြမှာပါ။ စနစ်တကြ ကြည့်နေဖို့ပဲလိုတာပါ။

4) လူမှန်နေရာမှန်ပြီလား?
----------------------------
ယုံကြည်ပြီးအားကိုးရတဲ့ အဖွဲ့ခေါင်းဆောင်တွေကို လုပ်ပိုင်ခွင့့် အပြည့့််အဝပေးပြီး၊ တာဝန်ခံမှုနဲ့ ချီးမြှင့်မှုကို တခါတည်းတွဲထည့်ပေးလိုက်ပါ။

5) မိုင်ထောင်ချီခရီးလဲ ခြေတလှမ်းနဲ့စရတာကို မမေ့ပါနဲ့။
----------------------------------------------------------
လုပ်ငန်းအကြီးကြီးဆိုတာ မရှိဘူး။ လုပ်ငန်းစဉ်သေးသေးလေးတွေ အများကြီးပေါင်းထားတာတော့ရှိတယ်။ အမြင့်ဆုံးကိုတွေးပါ၊

လှေကားတထစ်ခြင်းတက်ဖို့တော့ ဘယ်တော့မှမမေ့နဲ့။ ကျော်တက််လွန်းတဲ့ခြေထောက်တွေက သင်ပြုတ်ကျချိန် လေထီးတွေ ပြောင်းသွား မယ် ထင်လို့လား?

6) ပြည့်စုံခြင်းကို တစ်ရက်ထဲလုပ်ယူလို့ရလား?
-------------------------------------------------
ကောင်းတဲ့အစီအစဉ်တွေကို အစွမ်းရှိသမျှ ပြင်ဆင်ပါ။ အမှားကင်းမယ်တော့ မထင်လိုက်နဲ့။ အမှားနဲအောင်လို့ပါ။ မှားလိုက်ပြင်လိုက်နဲ့ ပြည့်စုံခြင်းသင့်ထံအလည်လာလိမ့်မယ်။

သူ့ကိုကြာကြာနေစေချင်ရင် အရင်ကထက် အနဲဆုံး နှစ်ဆကြိုးစား ရမယ်။ သူဘယ်လောက်ကြာကြာနေမလဲဆိုတာ သင်ဘယ်လောက် ပိုကြိုးစားသလဲပေါ်မှာပဲမူတည်တယ်။

7) အခက်အခဲဆိုတာ အောင်မြင်သူတိုင်းရဲ့ ဘဝအစိတ်အပိုင်းပါ။
------------------------------------------------------------------
တောရှုပ်လေ ထင်းရလေပဲ။ ဓားထက်ဖို့ပဲလိုတာပါ။ ကိုယ့့်ဓားထက်ဖို့ ကတော့ ဘယ်နေရာမှာ၊ ဘယ်လိုသွေးရမလဲ သေချာရှာပြီး၊ အမြဲတမ်း သွေးနေဖို့တော့လိုတာပေါ့။ နိုင်ငံတကာနဲ့ပြိုင်ရမယ့်ခေတ်ရောက်နေပြီ။

8) အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူဆိုတာမရှိဘူး
ဘယ်ချိန်မှာတွဲပြီး၊ ဘယ်ချိန်မှာ ခွဲသင့်လဲ သိမှရေရှည်ရှင်သန်နိုင်မယ်။
-----------------------------------------------------------------------

9)စီးပွားရေးဆိုတာဘာလဲ?
----------------------------
စီးပွားရေးဆိုတာ သင့်မှာရင်းနှီးမတည်ငွေ ရှိလိမ့်မယ်၊ ဘယ်တော့မှ မဆုံးရှုံးစေနဲ့၊ အမြဲတိုးပွားအောင်လုပ်နေ တနေ့ချမ်းသာလာလိမ့်မယ်။ ဒီ (၃) ချက်မပြည့်စုံသူတိုင်း မချမ်းသာဘူး။

ကိုယ်ပိုင်စီးပွားလုပ်သူတွေအတွက် အကြီးမားဆုံး အဟန့့်အတားက သင်ကိုယ်တိုင်ပဲ။

အဲဒီတော့သင်ကိုယ်တိုင်မပြောင်းလဲဘဲ၊ ပြောင်းလဲတဲ့ ရလဒ်တွေကို ဘယ်မှာသွားရှာတွေ့မှာလဲနော်။
အောင်မြင်ကြပါစေလို့. . .
Created by----
MYAT KHINE(SUCCESS WAY)
Myat Khine Success Way Management Team
Crd.Original Uploader

19/02/2022

အရမ်းကောင်းလို့ မျှဝေပေးလိုက်ပါတယ်
====================
လှေရယ်...⛵ မြင်းရယ်... 🐴 လူရယ်... 👦

🌲လှေက ကမ်းမှာကပ်ထားရင် အန္တရာယ်အကင်းဆုံးပဲ

ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့

ရည်ရွယ်ချက် မဟုတ်ဘူး။

🌲လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက်
မဟုတ်ဘူး။

🌲တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊
သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့
အခွင့်အရေးကိုစောင့်နေတယ်။

🌲ကုန်သည်ရောက်လာတယ်၊ မြင်းကိုမေးတယ်၊
''မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်၊

🌲''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို့
ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ''

🌲စစ်သားရောက်လာတယ်၊ မြင်းကိုမေးတယ်၊
''မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်။

🌲''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ.. ဘယ်လိုဖြစ်လို့
သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး
တိုက်ပွဲဝင်ရမှာလဲကွ''

🌲မုဆိုးရောက်လာတယ်၊ မြင်းကိုမေးတယ်၊
'မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်။

🌲''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ...ဘယ်လိုဖြစ်လို
မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ''

🌲ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားခဲ့တယ်။
မြင်းဟာသူနဲ့တန်တဲ့အလုပ်ကို
ရှာမတွေ့သေးဘူး။

🌲တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့်
စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း
နေရာအနှံ့ ကြော်ငြာစာများကပ်ကာ
လိုက်ရှာလေသည်၊

🌲အာဇာနည်မြင်းက ....
စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊
''ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ''

🌲စစ်သူကြီးက မေးတယ်၊
''ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့
လမ်းတွေကို နှံ့စပ်လား''
့ မြင်းက ခေါင်းခါတယ်၊

🌲စစ်သူကြီးက ထပ်မေးတယ်၊
''ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား..စစ်ပွဲအတွေ့အကြုံရှိသလား''
မြင်းက ခေါင်းထပ်ခါတယ်၊

🌲စစ်သူကြီးက ထပ်မေးတယ်၊
''ဒါဆို မင်းတောထဲတောင်ထဲမှာ
သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက်
ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား''
မြင်းက ခေါင်းထပ်ခါတယ်၊

🌲စစ်သူကြီးကပြောတယ်။
''ဒါဆို မင်းဘာအသုံးကျသေးသလဲ''

🌲မြင်းကပြောတယ်
''ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီး
ညဘက်ဆို မိုင်ရှစ်ရာသွားနိုင်တယ်၊
လေအဆန်မှာ အစုန်ထက်တောင်မှ.
အပြေးမြန်သေးတယ်''

🌲စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊
မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊
ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊
အမောဟိုက်ပြီး ကျောမှာချွေးတွေပြန်လာတယ်၊

🌲''မင်းအိုသွားပြီ... မပြေးနိုင်တော့ဘူး'' ဟုဆိုကာ
စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊

🌲 ဒီနေ့ သင်လုပ်တဲ့ကိစ္စတစ်ခုစီတိုင်းဟာ
သာမာန်ကြိုးစားနေတယ်ထင်ရပေမယ့်
နောင်တစ်ချိန်အတွက်....
အင်အားလေးတစ်ခုဆိုတာ သိထားပါ၊
ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့
အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ
အနာဂတ်အတွက် အုတ်မြစ်ချပ်လေးတွေပါ၊

🌲 အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ
မပြေးခဲ့ရပါလားလို့ နောင်တမရပါနဲ့၊

🌲 လှေက ကမ်းမှာကပ်ထားရင်
အန္တရာယ်အကင်းဆုံးပဲ၊ဒါပေမယ့် အဲဒါက
လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

🌲 လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့
ရည်ရွယ်ချက် မဟုတ်ဘူး။

🌲 ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊
စာပေက ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊

🌲 မနေ့ကကျော်ဇောခဲ့တဲ့အရာဟာ
ဒီနေ့မှာ အတိတ်နဲ့ မှတ်ဉာဏ်အချို့ဖြစ်သွားပြီ၊

🌲 ဒါ့ကြောင့် အရေးကြီးတာက
" မနေ့ကသင်ဘယ်သူလဲမဟုတ်ပါဘူး"
" ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊"

🌲 ပိုပြီးအရေးကြီးတာက...
ဒီနေ့သင်ဘာလုပ်သလဲ..
မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ။

Credit original writer
#စာပေ

18/02/2022

" Respect #လေးစားခြင်း "
••••••••••••••

နာမည်ကျော် စာရေးဆရာကြီးတစ်ဦးက ဒီလိုပြောဖူးပါတယ်။

" သူများတွေ ကျွန်တော့်ကို လေးစားတယ်ဆိုတာ...
ကျွန်တော် ထူးချွန်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ထင်ခဲ့ဖူးပါတယ်။

- နောက်မှ နားလည်လာတာက
သူများတွေ ကျွန်တော့်ကိုလေးစားတယ်ဆိုတာဟာ သူတို့ထူးချွန်ကြတဲ့အတွက်ကြောင့် ကျွန်တော့်အား လေးစားခြင်းပါ " တဲ့…။

_ မှန်ပါတယ်။ ထူးချွန်တဲ့သူများဟာ လူတိုင်းကို လူတိုင်းကို
လေးစားဖို့ နားလည်ကြပါတယ်။

- အထက်ကလူကို လေးစားခြင်းဟာ
တာဝန်ကို ပိုမိုသိတတ်စေပါတယ်။

- လုပ်ဖော်ကိုင်ဘက်ကို လေးစားခြင်းဟာ
အလုပ်ကို ပိုမို အဆင်ပြေစေပါတယ်။

- အောက်လက်ငယ်သားကို လေးစားခြင်းဟာ စီမံခန့်ခွဲမူမှာ ပိုမိုထိရောက်စေနိုင်ပါတယ်။

- စားသုံးသူကို လေးစားခြင်းဟာ
အလုပ်ကို ပိုမိုအောင်မြင်စေနိုင်ပါတယ်။

- ပြိုင်ဘက်ကို လေးစားခြင်းဟာ သဘောထားကြီးခြင်းကို ပြသနိုင်ပါတယ်။

- တော်တဲ့လူကို လေးစားခြင်းဟာ အသိအမှတ်ပြုခြင်းကြောင့် ဖြစ်တယ်။

- အားနည်းသူကို လေးစားခြင်းဟာ စိတ်ရင်းစေတနာကြောင့်ဖြစ်တယ်။

- ဆရာသမားကို လေးစားခြင်းဟာ ပညာရဲ့တန်ဖိုးကို သိရှိခြင်းကြောင့် ဖြစ်တယ်။

- နောင်မျိုးဆက်ကိုလေးစားခြင်းဟာ လောကကို ပိုမိုကောင်းမွန်စေချင်တာကြောင့် ဖြစ်တယ်။

- မိသားစုဝင်ကို လေးစားခြင်းဟာ သာယာတဲ့ မိသားစု ပိုင်ဆိုင်လိုတာကြောင့် ဖြစ်တယ်။

- မိတ်ဆွေကို ကို လေးစားခြင်းဟာ
ရေစက်ကို တန်ဖိုးထားလိုခြင်းကြောင့်ဖြစ်တယ်။

- လူတိုင်း လူတိုင်းကို လေးစားတတ်ခြင်းဟာ
လူ့ကျင့်ဝတ်ကို နားလည်ခြင်းကြောင့် ဖြစ်ပါတယ်။

- လူသားတိုင်း လူသားတိုင်းကို လေးစားနိုင်ကြပါစေ။
........................................

သူတပါးကိုလေးစားခြင်းဟာ...
မိမိကိုယ်ကို မိမိတန်ဖိုးမြှင့်တင်ခြင်းမို့ ...
လေးစားစွာ ဆက်ဆံနိူင်ကြပါစေ..
လေးစားစွာဖြင့်....

Credit … oringinal writer &
နွေပန်းချီ

17/02/2022

"A Lay for Ladies" pageလေးကို ပစ်ထားမိတာ ဘာလိုလိုနဲ့ ၁ နှစ်နဲ့ ၄ ရက်တောင်ရှိသွားခဲ့ပြီ...
ဒီ Page လေးကို စဖွင့်တုန်းက မှတ်မှတ်ရရ Page Name ပေးဖို့အတော် စဉ်းစားယူခဲ့ရတယ်...

* ဘာအတွက်ဖွင့်မှာလဲ ?
* ဘယ်သူ့အတွက် ရည်ညွှန်းမှာလဲ ?
* စိတ်ဓာတ်ပိုင်းလား ?
* ကျန်းမာရေးအပိုင်းလား ?
* ပြင်ပ ဗဟုသုတ အတွက်လား ?
* ပညာရေးလား ?

အကုန်လုံးကို ခြုံငုံစဉ်းစားခဲ့ပြီးမှ အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး

*ကျန်းမာရေး
*ပညာရေး
*စီးပွားရေး
*လူမှုရေး
*စိတ်ဓာတ် မြှင့်တင်ရေး အပိုင်းတွေကို sharing လုပ်ပေးချင်တဲ့ ကိုယ့်စိတ်က အလေးသာနေခဲ့တာရယ်ကတစ်ကြောင်း | ကိုယ့်နာမည် အစအက္ခရာလေးပါ ထည့်ကြည့်ချင်တာရယ်ကြောင့် နောက်ဆုံးမှာတော့ "A Lay for Ladies" ဆိုတဲ့ Page
လေးဖြစ်ပေါ်လာခဲ့တာပါ ...

အခုချိန်ကစပြီး ကိုယ်မျှဝေလိုတာလေးတွေရယ် |
ကျန်းမာရေး|ပညာရေး|စီးပွားရေး|
စိတ်ဓာတ်မြှင့်တင် ရေးအပိုင်းတို့ကို သိသလောက် မှတ်ရသလောက်လေး ပြန်ပြီး sharing
လုပ်ပေးချင်ပါတယ် ...

13/02/2021

ဗိုလ်ချုပ်မွေးနေ့ဒို့မမေ့ 🌟

ဗိုလ်ချုပ်မွေးနေ့ ကဗျာ
***************
တို့ဗိုလ်ချုပ် တို့ဗိုလ်ချုပ်
ထူးထူးချွန်ချွန်အလုပ်လုပ်
ရိုးရိုးကုပ်ကုပ်သူ့အသွင်
ငယ်ငယ်တည်းကပင်
မဟုတ်လျှင်မခံတတ်
မွန်မြတ်လှတဲ့သူ့စိတ်ဓာတ်
လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်
အသက်သွေးနဲ့လဲလို့ပင်
ထာဝစဥ်ဦးညွတ်တွား
ဂုဏ်ပြုကြစို့လား...



Credit

29/01/2021

❝ နေတတ်ရမယ် ❞

အခက်အခဲတွေရှိမယ်။
အဆင်မပြေတာတွေရှိမယ်။
ထိခိုက်နာကျင်နေတာတွေရှိမယ်။
ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။
စိတ်ဖိစီးမှုများလွန်းတဲ့အချိန်တွေ ရှိမယ်။
အင်း ဒါပေမယ့် မင်း နေတတ်ရမယ်။
နေတတ်အောင်နေပါ။

ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့
မင်းထိပ်တိုက်တိုးတဲ့အခါ
မင်းမှာရွေးချယ်စရာနှစ်ခုရှိမယ်။
တစ်က မင်းစိတ်ပျက်ညည်းညူနေမှာလား။
နှစ်က အခြေအနေမကောင်းပေမယ့်လည်း မင်းပကတိစိတ်လေးကို ကောင်းအောင် ဆက်ထိန်းထားမှာလား။
မင်းမှတ်ထားဖို့က ပျော်ရွှင်ခြင်း၊မပျော်ရွှင်ခြင်း
ဆိုတာက မင်းရွေးချယ်မှုတွေပေါ်မှာပဲ
မူတည်တယ်ဆိုတာကိုပါပဲ ။

တခြားအရာတွေထက်
မင်းကိုယ်မင်း ဦးစားပေးရမယ်။
ကျန်းမာရေးဂရုစိုက်ရမယ်။
နေမကောင်းတဲ့အခါ ဆေးသောက်မပျင်းရဘူး။
သဘာဝအလှတရားတွေကို မင်းခံစားတတ်ရမယ်။

မင်းကိုယ်မင်း ပိုချစ်ရမယ်။
မင်းကိုယ်မင်း မထိခိုက်အောင်ဂရုစိုက်ရမယ် ။
အတိတ်ကအဖြစ်အပျက်တွေကို ပစ္စုပ္ပန်ထဲ
ထည့်မသိမ်းထားသင့်တော့ဘူး။
မင်းကို နာကျင်စေတဲ့အရာဖြစ်နေရင်
မင်းနာကျင်လည်းပဲ လွှတ်ချတတ်ရမယ်။

မင်းကိုယ်မင်း တန်ဖိုးထားရမယ်။
မင်းမှာ အနာဂတ်လှလှလေး ရှိနေရမယ်။
ရည်မှန်းချက်တွေ ရှိနေရမယ်။
လူတွေရဲ့စကားသံတွေ၊ပတ်ဝန်းကျင်ရဲ့
ရိုက်ခတ်မှုတွေကြား မင်းအရှုံးမပေးသွားရဘူး။

မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်။
မင်းကိုယ်မင်း လေးစားတတ်ရမယ်။
မင်းလိုချင်တဲ့ဘဝကို မင်းကိုယ်တိုင် ဖန်တီးနိုင်ရမယ်။
အရေးမပါတာတွေ အရာမပေးဘဲ ဖြစ်သင့်တာတွေ
မဖြစ်သင့်တာတွေ၊ဖြစ်ချင်တာတွေ၊မဖြစ်ချင်တာတွေကြားမှာ မင်းအနေအထားကို ချိန်ဆတတ်ရမယ်။

မင်းကိုယ်မင်း သန်မာနေစေရမယ်။
အချစ်တစ်ခုအတွက်နဲ့ ကိုယ့်စိတ်ကိုယ်
အချိန်အကြာကြီး မနာကျင်စေသင့်တော့ဘူး။
မလိုလို့ လွှတ်ချခဲ့တဲ့ လက်တစ်စုံအတွက်
အသနားခံမနေသင့်တော့ဘူး။
မင်းအတွက်မင်း ရှိနေရမယ်။

မင်းကိုယ်မင်း တည်ငြိမ်အောင်ထားရမယ်။
စကားလုံးတွေကြောင့် စိတ်ခံစားမှုအတက်အကျ ပြင်းထန်နေတာမျိုး မဖြစ်စေသင့်တော့ဘူး။
မင်းနှလုံးသားရဲ့စကားသံကိုပဲ နားစွင့်သင့်ပြီ။

မင်းကိုယ်မင်း ချစ်တတ်ရမယ်။
မင်းကိုယ်မင်း တန်ဖိုးထားတတ်ရမယ်။
မင်းကိုယ်မင်း တည်ဆောက်တတ်ရမယ်။

မင်းဟာ အရာရာကို စွမ်းဆောင်နိုင်ဖို့
မင်း စိတ်ပျော်ရွှင်မှုတွေ ဆုပ်ကိုင်ထားနိုင်ဖို့
ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးတွေပဲ ခံစားရပါစေ။
ဘာပဲဖြစ်ဖြစ် မင်းဟာ နေတတ်ရမယ်။
နေတတ်အောင်လည်းကြိုးစားပါ။

Want your business to be the top-listed Beauty Salon in Mawlamyine?
Click here to claim your Sponsored Listing.

Category

Website

Address


Mawlamyine