Gorgeously1

Gorgeously1

Share

glass skin ဖြစ်စေဖို့

Photos from Gorgeously1's post 27/01/2023

ဒီနေ့မြိတ်ကိုပို့သောပစ္စည်းများ

13/09/2022

မေးခိုင်ရောဂါပိုး

▶️မေးခိုင်ရောဂါသည် Clostridium tetani လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပါသည်။
ယင်းပိုးသည်မြေကြီး၊ဖုန်မှုန့်၊လူနှင့်တိရစ္ဆာန်တို့၏မစင်၊သံနှင့်ဆက်စပ်ပစ္စည်းများ(သံစူး၊သံရှ၊ဓါးရှဒဏ်ရာများ)မီးလောင်၊ရေနွေးပူလောင်အနာများမှတစ်ဆင့်ခန္ဓာကိုယ်အတွင်းရောက်ရှိနိုင်ပါသည်။ယင်းပိုးသည်အောက်ဆီဂျင်ရရှိနေပါကအသက် မဲ့ဘဝဖြင့်နေပြီးအောက်ဆီဂျင်မရမှ ဥများပေါ်ပြီးအသက်ရှင်ပါသည်။သံစူးပါက သံများမှတစ်ဆင့်မေးခိုင်ပိုးများသည် အသားများအတွင်းရောက်ရှိသွားပြီးအောက်ဆီဂျင်မရရှိမှုကြောင့် အသက်ရှင်လာပြီး အဆိပ်များထုတ်လုပ်ကာ ခန္ဓာကိုယ်အနှံ့သို့ပို့လွှတ်သည်။

✅မေးခိုင်ရောဂါဖြစ်ပွားပါကအသက်ရှင်ရန်အခွင့်အလမ်းသည် ၅၀:၅၀% ဖြစ်သည့်အတွက် ထိခိုက်ဒဏ်ရာရပါက အနာကြီး/သေးပေါ်မူတည်ပြီး အပေါ်ရံထိခိုက် ပွန်းပဲ့များအတွက် အမြန်ဆုံးကာကွယ်ဆေး Td (Tetanus Vaccine) လုံလောက်ပါသော်လည်း ဒဏ်ရာနက်နေခြင်း၊မသန့်ခြင်း၊ထိခိုက်ဒဏ်ရာများနေပါက ဆရာဝန်များနှင့်တိုင်ပင်ပြီး အဆိပ်များခန္ဓာကိုယ်အနှ့ံမပြန့်မီအမြန်ဆုံး ✅အဆိပ်ဖြေဆေး ATS ( Anti Tetanus Serum)ကိုပါထိုးကြရပါမည်။

Price ▶️ ATS (Anti Tetanus Vaccine) 5800
▶️TD ( Tetanus Toxoid and Reduce Diphtheria Toxoid Vaccine). 3500

Photos from Gorgeously1's post 13/06/2022

Regen D150 သည်မီးလောင်အနာများ၊သွေးချိုဆီးချိုအနာများ၊bed sore(အိပ်ရာနာ)နှင့်ထိခိုက်ဒဏ်ရာအနာများကိုအမြန်ကျက်စေသောနောက်ဆုံးပေါ် လိမ်းဆေးတစ်မျိုးဖြစ်ပါသည်.Human Epidermal Growth Factor ကိုGenetic Engeneering နည်းပညာဖြင့်ထုတ်လုပ်ထားသောကြောင့်အချိန်တိုအတွင်းအနာကျက်စေသဖြင့်အနာကြောင့်ကိုယ်လက်အင်္ဂါဖြတ်တောက်ရန်မလိုတော့ပါ.
Price 15g ပါ 44000
7.5gပါ 33000
09425267152..သို့ဆက်သွယ်မှာယူနိုင်ပါသည်ရှင့်။
နောက်ဆုံးပေါ်အနာကျက် မြန်ဆေး
မြို့တိုင်းကိုအခမဲ့ပို့ပေးပါသည်။

Photos from Gorgeously1's post 05/03/2022

Vitixနဲ့Viticolor ပစ္စည်းအသစ်ပြန်ရောက်ပါပြီ

✅ခရုသင်း (ခေါ် ) သမင်ဖြူ ကြောင့် လူတွေကြားထဲသွားဖို့သိမ်ငယ်နေပါသလား?
✅ပြင်သစ်နိုင်ငံမှထုတ်လုပ်သော
✅Vitix gel & Vitixcolor gel က သင့်ကိုကူညီပေးပါ
မယ်။
အရောင်ရှိသောအသီးအနှံများမှထုတ်လုပ်ထားသည့်ခရုသင်းသဘာဝလိမ်းဆေးသစ်( ၁ )လမှ ( ၃ )လအတွင်းထူးခြားစေရမည်။
✅Vitix gel ခရုသင်းပျောက်ဆေး
✅Vitixcolor အပြင်ထွက်တဲ့အခါခရုသင်းအဖြူကွက်
ကိုဖုံးချင်လျင်လိမ်းနိုင်ပါသည်။အဖြူကွက်ကို
အသားရောင်နှင့်တစ်ပြေးညီတည်းဖြစ်စေပါသည်။
✅ခရုသင်းသည်ကူးစက်တတ်သောရောဂါမဟုတ်ပါ။
ခရုသင်းသည်ကုသလို့ရပါသည်။စိတ်နည်းနည်းရှည်ဖို့
သာလိုပါသည်။
မြို့တိုင်းကိုပို့ခ အခမဲ့ပို့ပေးပါသည်။
Ph 09425267152,018398544
Price 35000

17/12/2021
16/12/2021

Q10 Day Cream ပစ္စည်းပြန်ရောက်ပါပြီနော် cb မှတစ်ဆင့်မှာယူနိုင်ပါတယ်

10/12/2021

https://www.facebook.com/109048200963938/posts/404513514750737/

ဓါတုကုန်ကြမ်းများနှင့်ထုတ်လုပ်ထားသော မိတ်ကပ်၊အလှကုန်ပစ္စည်းများနှင့် ပြင်းထန်လှသောနေရောင်ခြည် (UV)သည် သင်၏အရေပြားကိုဆိုးရွားစွာဖျက်စီးနေသည့်အတွက် မည်ကဲ့သို့ကာကွယ်နေပါသလဲ?

အရေပြား၏အသွင်အပြင်နှင့်အခြေအနေတို့သည်အရေပြားဆဲလ်များ၏ကျန်းမာရေးအပေါ်များစွာမူတည်သည်။ ဓာတုပစ္စည်းများပါဝင်သော လူသုံးကုန်ပစ္စည်းများကိုအသုံးပြုခြင်း၊ နေ့စဉ်လေထုညစ်ညမ်းမှု၊ ရာသီဥတုဆိုးရွားခြင်းနှင့်ခရမ်းလွန်ရောင်ခြည်ကဲ့သို့သော သဘာဝပတ်ဝန်း ကျင်ဆိုင်ရာသက်ရောက်မှုများနှင့်ထိတွေ့ခြင်းဖြင့် Free Radical များထွက်ပေါ်လာပြီး ၎င်းတို့၏တိုက်ခိုက်မှုများကြောင့် အရေပြားကို ပျက်စီးစေခြင်းတို့သည် အချိန်မတန်မှီ အိုမင်းရခြင်း၏အကြောင်းရင်းများဖြစ်သည်။
နေရောင်ခြည်သည် လူသားများအတွက်မရှိမဖြစ်လိုအပ်သောသဘာဝစွမ်းအင်တစ်ခုဖြစ်သော်လည်းနေရောင်ခြည်တွင်ပါရှိသော ခရမ်းလွန်ရောင်ခြည် (Ultra Violet)သည် အသားအရေကိုအလွန်အမင်းထိခိုက်ပျက်စီးမှုဖြစ်စေသော အဓိကအကြောင်းအရင်း တစ်ခုဖြစ်သည်။
မိတ်ကပ်နှင့် အလှကုန်ပစ္စည်းများကိုထုတ်လုပ်ရာတွင် ဓါတုကုန်ကြမ်းများကိုမဖြစ်မနေထည့်သွင်းအသုံးပြုကြရသည်။
ဓါတုကုန်ကြမ်းများဖြင့်ပြုလုပ်ထားသောအလှကုန်ပစ္စည်းများသည်ရေရှည်သုံးစွဲရာတွင်အသားအရေကိုဆိုးရွားစွာပျက်စီးယိုယွင်းစေပါသည်။

Paraben Free ဆိုတာဘာလဲ? သင်သုံးစွဲနေတဲ့အလှကုန်တွေမှာပါဝင်နေတဲ့ Paraben ကဘယ်လိုဆိုးကျိုးတွေရှိသလဲ?

Paraben သည် အလှကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် အမွှေးနံ့များကိုတာရှည်ခံစေရန်အသုံးပြုသော ဓါတုဗေဒ ကုန်ကြမ်းတစ်ခုဖြစ်ပါသည်။ Paraben ၏တည်ဆောက်ပုံသည် အမျိုးသမီးဟော်မုန်း အီစတိုဂျင်(Oestrogen) နှင့်တည်ဆောက်ပုံချင်းတူညီနေသဖြင့်အလှကုန်ပစ္စည်းသုံးစွဲမှုများလာလေ ခန္ဓာကိုယ်တွင် အီစတိုဂျင်ဟော်မုန်းများပြားလာပြီး မလိုလားအပ်သော ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာရောဂါများကို ဖြစ်စေနိုင်ပါသည်။

Q10 Revitalizing Day Cream ကိုဘာကြောင့်သုံးသင့်သလဲ?

Q10 Revitalizing Day Cream သည်အသားအရေထိန်းသိမ်းရန်အတွက် သင်မျှော်လင့်ထားသည့်အရည်အသွေးကို ထိန်းသိမ်းပေးနိုင်ရန် ထုတ်လုပ်ထားပါသည်။ ထို့ကြောင့် Paraben မပါဝင်အောင်အထူးပြုထုတ်လုပ်ထားသော အသားအရေထိန်းသိမ်းပေးနိုင်သည့် Q10 Revitalizing Cream ကို ဓါတုပစ္စည်းများပါဝင်သော မိတ်ကပ်များကြောင့် သင်၏အသားအရေကို မပျက်စီးစေရန် Foundation Cream အဖြစ်သော်၎င်း၊ သင်၏အသားအရေမှ ကောင်းမွန်စွာစုပ်ယူနိုင်ပြီး ချွေးပေါက်များကို ပိတ်ဆို့မှုမဖြစ်စေပဲသဘာဝအတိုင်း အသားအရေကိုပြုပြင်ပေးနိုင်သဖြင့် Skin Repair Cream အဖြစ်၎င်း၊ အသားအရေခြောက်သွေ့ခြင်းနှင့်ကော်လာဂျင်ဆုံးရှုံးမှုကို အထူးအားဖြည့်ပေးခြင်းဖြင့် အသားအရေစိုပြည်မှုကိုထောက်ကူပေးသော Moisturizer အဖြစ်၎င်း အသုံးပြုသင့်သော ဒိန်းမတ်နိုင်ငံလုပ် အရည်အသွေးမြင့် Revitalizing Cream ဖြစ်ပါသည်။

Q10 Revitalizing Day Cream က သင့်အရေပြားကိုဘယ်လိုပါဝင်ပစ္စည်းတွေနဲ့ကျန်းမာအောင်ထိန်းသိမ်းပေးပါသလဲ?

Q10 Revitalizing Day Cream သည် ကျန်းမာနုပျိုသောအသားအရေအဖြစ် ထောက်ပံ့ပေးနိုင်စေရန်အတွက် အောက်ပါ အရေးကြီးသောသဘာဝအာဟာရငါးမျိုးကိုပေါင်းစပ်ထုတ်လုပ်ထားပါသည်။

Co-enzyme Q10
Co-enzyme Q10 သည် အရေပြားကလာပ်စည်းအသစ်များထုတ်လုပ်ရန်နှင့် ခန္ဓာကိုယ်အသက်ရှင်ရပ်တည်ရန်လိုအပ်သော ဇီဝစွမ်းအင်တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတွင်သဘာဝအလျှောက်ထုတ်လုပ်ပေးသည်။ ၎င်းသည်အရေပြားဆဲလ်များကိုပျက်စီးစေ သော Free Radical များ၏ တိုက်ခိုက်မှုမှကာကွယ်ပေးပြီး ထိရောက်သောအရေပြားဆဲလ်ပြုပြင်မှုကိုမြှင့်တင်ပေးသည်။ ဂျာမနီနိုင်ငံရှိထိပ်တန်းဓာတ်ခွဲခန်းတစ်ခု၏ အရေပြားဆိုင်ရာလေ့လာမှုများအရ Co-enzyme Q10 သည် အရေးအကြောင်းနှင့် အရေပြားတွန့်ခေါက်ခြင်းကိုလျှော့ချပေးနိုင်သည်။

Pycnogenol
Pycnogenol သည်ပြင်သစ်ထင်းရှူးပင်၏အခေါက်မှရရှိသော သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပြီး Collagen ၊ အရေပြားဆဲလ်များထုတ်လုပ်ရန် နှင့် အရေပြားပေါ်ရှိ အဆိပ်အတောက်များကိုဖယ်ရှားကာကွယ်ပေးသော Bioflavonoids ပါဝင်ခြင်းကြောင့် မိတ်ကပ်၊ဆိုးဆေးများ တိုက်စားဖျက်စီးမှုမှကာကွယ်ပေးခြင်း၊ အရေပြားအတွင်း နေရောင်ခြည်ထိုးဖောက်ဖျက်စီးမှုမှတားဆီးပေးခြင်းနှင့် အရေပြားအတွင်း Free Radical များ၏တိုက်ခိုက်ခြင်းတို့မှကာကွယ်ပေးပြီး အရေပြားကိုကျန်းမာစေပါသည်။

Jojoba Oil
Jojoba အသီးမှထုတ်လုပ်ထားသော အဆီတစ်မျိုးဖြစ်ပြီး သဘာဝဖယောင်းကဲ့သို့အာနိသင်ရှိသဖြင့် အရေပြားထဲအလွယ်တကူစိမ့်ဝင်စေပြီး အဆီပြန်မှုမရှိပဲ အသားအရေကိုဖယောင်းကဲ့သို့ ချောမွေ့နူးညံ့စေပါသည်။

Apricot Kernel Oil
မက်မွန်သီးမှရရှိပြီး Vitamin A,E,Folic Acid, Oleic Acid နှင့် Linoleic Fatty Acid တို့ပါဝင်သောသဘာဝကုန်ကြမ်းတစ်ခုဖြစ်ပြီး ရေဓါတ်များစွာပေါကြွယ်ဝခြင်းကြောင့် အသားအရေကို အစဉ်စိုပြေနူးညံ့စေပါသည်။ Apricot kernel oil သည်အထူးသဖြင့်ခြောက်သွေ့ပျက်စီးလွယ်သောအသားအရေပိုင်ရှင်များအတွက်အထူးသင့်တော်ပါသည်။

Squalane from Olive Oil
သံလွင်ဆီမှထုတ်လုပ်ထားသော Squalene သည် အရေပြားကလာပ်စည်းနံရံများကို မပျက်စီးစေခြင်းနှင့် အညစ်အကြေး အဆိပ်အတောက်များ ကို ဖယ်ရှားပေးခြင်းဖြင့် အရေပြားကိုကျန်းမာနုပျိုစေနိုင်ပါသည်။ Squalene သည်အစိုဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးပြီး တစ်ချိန်တည်းတွင်အရေပြား၏နူးညံ့ပျော့ပျောင်းမှုကိုပြန်လည်ရရှိစေပါသည်။ ထိခိုက်ပျက်စီးလွယ်သောအသားအရေအတွက် အထူးသင့်လျော်ပြီး ပုံမှန်အသုံးပြုခြင်းဖြင့် အရေပြားကိုနူးညံ့ချောမွေ့စေသည်။

24/10/2021

မဂ်လာပါခင်ဗျ။ Pharma Nord ရဲ့ထုတ်ကုန်အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဆေးတစ်တောင့်လျှင် လိမ္မော်သီး ၁.၅ကီလိုဂရမ်နဲ့ ညီမျှသော Vitamin C 750 mg ပါဝင်တဲ့ Bio-C-Vitamin ဖြစ်ပါတယ်။

အများနဲ့မတူ ထူးခြားတာကတော့ အက်စစ်ဓါတ်မပါဝင်တဲ့ Calcium-L-Ascorbate ကရရှိတဲ့ Vitamin C ကိုသုံးထားတာမို့ အစာအိမ်ရောဂါအခံရှိသူတွေသင့်တော်သလို ပုံမှန်သုံးစွဲမယ့်သူတွေအတွက် အစာအိမ်အချဥ်ပေါက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

Bio-C-Vitamin က ကိုယ်ခံစွမ်းအားစနစ်နဲ့ အာရုံကြောစနစ်ကောင်းမွန်စေခြင်း၊ အရိုး၊သွား၊သွားဖုန်း၊အရေပြားနဲ့ သွေးကြောများအတွက် လိုအပ်တဲ့ Collagen ထုတ်လုပ်မှုကိုအားပေးခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတို့ကိုလျှော့ချပေးစေနိုင်တဲ့အတွက် တစ်နေ့တစ်ကြိမ်သောက်သုံးသင့်တဲ့ ဖြည့်စက်အစားအစာဖြစ်ပါတယ်ခင်ဗျာ။

Photos from Gorgeously1's post 04/10/2021

Regen D150 သည်မီးလောင်အနာများ၊သွေးချိုဆီးချိုအနာများကိုအမြန်ကျက်စေသောနောက်ဆုံးပေါ် လိမ်းဆေးတစ်မျိုးဖြစ်ပါသည်.Human Epidermal Growth Factor ကိုGenetic Engeneering နည်းပညာဖြင့်ထုတ်လုပ်ထားသောကြောင့်အချိန်တိုအတွင်းအနာကျက်စေသဖြင့်အနာကြောင့်ကိုယ်လက်အင်္ဂါဖြတ်တောက်ရန်မလိုတော့ပါ.
Price 15g ပါ 44000
7.5gပါ 33000
09425267152..သို့ဆက်သွယ်မှာယူနိုင်ပါသည်ရှင့်။
နောက်ဆုံးပေါ်အနာကျက် မြန်ဆေး
မြို့တိုင်းကိုအခမဲ့ပို့ပေးပါသည်။

27/09/2021

ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သော ပထမတန်းစားတိုက်စစ်မှူးများနှင့်ဖွဲ့စည်းထားသော Bio-Selenium+Zinc

Bio-Selenium+Zinc သည် ဒိန်းမတ်နိုင်ငံ Pharma Nord ApS မှ (၂၅) နှစ်ကြာသုတေသနရလာဒ်များအပေါ် အခြေခံထုတ်လုပ်ထားသော အာဟာရဖြည့်စွက်ဆေးဝါးတစ်မျိုးဖြစ်ပါသည်။ Bio-Selenium + Zinc တွင် လူသားတို့အတွက် မရှိမဖြစ်လိုအပ်သောသက်စောင့်ဓါတ်များဖြစ်ကြသော Selenium, Zinc, Vitamin A, C, E နှင် B6 တို့ ပါ၀င်ပါသည်။ ဈေးကွက်အတွင်း Vitamin နှင့် Zinc ပါဝင်သောအားဆေးများကို အလွယ်တကူရှာဖွေနိုင် သော်လည်း Selenium သတ္တုဓါတ်သည် လက်ရှိဆေးဝါးအများအပြားတွင် မပါ၀င်သလောက်နည်းပါးပါသည်။ ယင်း Selenium သတ္တုဓါတ် ကို အထက်ဖော်ပြပါဗီတာမင်များနှင့်ပေါင်းစပ်ဖွဲ့စည်းလိုက်သောအခါ ပိုမိုထူးခြားကောင်းမွန်သောအာနိသင်ရှိသည့် Bio-Selenium + Zinc ကိုရရှိပါသည်။ Bio-Selenium + Zinc သည် ကိုယ်ခံစွမ်းအားကို အထူးမြှင့်တင်ပေးပြီး နေထိုင်မကောင်းဖြစ်ပြီးကာစအချိန်တွင်လျော့နည်းသွားသော ဗီတာမင်နှင့်သတ္တုဓါတ်များကို အလျှင်အမြန်ဖြည့်စွမ်းပေးနိုင်ပါသည်။ ရေရှည်သောက်သုံးခြင်းဖြင့် နာတာရှည်ရောဂါများဖြစ်သော ကင်ဆာ‌ရောဂါ၊ သွေးတိုးနှင့် နှလုံးရောဂါ၊ လေးဖက်နာရောဂါ၊ စိတ်ဖိစီးမှုများခြင်းနှင့် အရွယ်မတိုင်မှီအိုမင်းရင့်ရော်ခြင်း စသည့်ရောဂါများမှကင်း‌‌‌‌ဝေးစေပါသည်။ Bio-Selenium + Zinc သည် မြန်မာနိုင်ငံတွင်နှစ်ပေါင်း(၂၀)ကျော်ကြာ သောက်သုံးသူများ၏ယုံကြည်မှုကိုရရှိထားသော အာဟာရဖြည့်စွက်ဆေးဝါးဖြစ်ခြင်းကြောင့် ယုံကြည်စိတ်ချစွာသောက်သုံးနိုင်ပါသည်။

Photos from Gorgeously1's post 27/09/2021

အရည်အသွေးပြည့်ဝကောင်းမွန်သောငါးကြီးဆီ Bio-Marine Plus

Bio-Marine Plus တွင် သည်းခြေရည်နှင့် Lipase enzyme ကဲ့သို့သောအစာခြေအင်ဇိုင်းများကချေဖျက်ပေးရန်မလိုအပ်ပဲ အူလမ်းကြောင်းမှတိုက်ရိုက်စုပ်ယူနိုင်စေရန် တမူထူးခြားသောနည်းစနစ်ဖြင့် ထုတ်လုပ်ထားသော အာနိသင်ပြည့်ဝကောင်းမွန်သည့် Omega-3 free fatty acids (EPA/DHA) ၊ Folic Acid နှင့် Vitamin B12 တို့ပေါင်းစပ်ထားပါသည်။ ထို့ကြောင့် အဆီချေဖျက်ပေးသည့် အင်ဇိုင်း လျော့နည်းနေသူ၊ သည်းခြေအိတ်နှင့် ပန်ကရိယ အားနည်းနေသူများတွင်ပင် အလွယ်တကူအပြည့်အဝအသုံးပြုနိုင်သည်။ Bio-Marine Plus တွင် glycerol မပါ၀င်ပဲ တခြားငါးကြီးဆီများထက် အာနိသင်ပိုမိုမြင့်မားသော Omega 3 ကို အသုံးပြုထားသည်။

Bio-Marine Plus သည် Omega-3 PUFAs ကိုအမြင့်ဆုံးရရှိစေသောဆယ်လ်မွန်နှင့် မက်ကရယ်ငါးများကဲ့သို့သော “plankton”ကိုစားသုံးပြီး ရေအေးတွင်ရှင်သန်သည့်ငါးများမှ ရယူထားပါသည်။ ငါးကြီးဆီအတွက် Omega-3 free fatty acids ကို ရယူရာတွင်လည်း “plankton” ဟုခေါ်သည့် ရေထုထဲရှိ မတူကွဲပြားသည့် သက်ရှိအစုအဝေးများကိုစားခြင်းမှ Omega-3 polyunsaturated fats (PUFAs)ကိုရရှိပြီး ငါးများရှင်သန်ကြီးထွားသည့်နေရာသည် ၎င်းတို့၏ fatty acid ဖွဲ့စည်းမှုအပေါ်သက်ရောက်မှုရှိကြသည်။ ပတ်ဝန်းကျင်ရေထုပိုမိုအေးသောနေရာတွင် ရှင်သန်ကြီးထွားသည့်ငါးများ၏ Omega-3 PUFA ပါဝင်မှုနှုန်းမှာ တခြားငါးများထက်ပိုမိုမြင့်မားကြသည်။

Bio-Marine Plus ကိုပုံမှန်သောက်သုံးခြင်းဖြင့် မွေးကင်းစနှင့်ကလေးငယ်များ၏ ဦးနှောက်၊ မျက်စိနှင့် အမြင်အာရုံဖွံ့ဖြိုးတိုးတက်စေပါသည်။ အရွယ်ရောက်သူများအတွက် ဦးနှောက်နှင့်နှလုံး၏လုပ်ငန်း ပုံမှန်လုပ်ဆောင်မှုကို ထောက်ပံ့ပေးနိုင်ပါသည်။Folic Acid နှင့် Vitamin B12 တို့ကိုပေါင်းစပ်ထားသဖြင့် ပင်ပန်းနွမ်းနယ်မှုကိုသက်သာစေပြီး ခန္ဓာကိုယ်တွင်းယောင်ယမ်းမှုတို့ကိုလျော့ပါးစေပါသည်။

ကျွန်တော်များ Golden Glory Int'l Trading Co., Ltd သည် Pharma Nord (Denmark) ၏ထုတ်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွက်တစ်ဦးတည်းသောတရားဝင်ကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးပေးနေပါသည်။

Want your business to be the top-listed Beauty Salon in Mawlamyine?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mawlamyine