Jerry-Myat
A Sleepy Town & Lily in the Valley's Reseller
25/03/2026
- ဆံသား နဲ့ ဦးရည်ပြားအားနည်းပြီး ဆံပင်ပါး ဆံပင်ကျွတ်သူတွေအတွက်
Butterfly pea shampoo
Butterfly pea hair mask
ဒီအတွဲလေးကို သုံးပါ
သူကဆံသားကို ထူပြီးသန်မာစေပါတယ်
အဓိက ဆံပင်ကျွတ်တာကိုသက်သာစေပြီး
Baby hair လေးတွေပြန်ပေါက်စေတဲ့ combo လေးပါ
သဘာဝဆီလေးထဲကဆို လက်ဖက်ဆီ + ထောပတ်သီးဆီနဲ့
တွဲသုံးမယ်ဆို
ဆံပင်သန်စေဖို့ ထူစေဖို့ အပြည့်အဝစိတ်ချရတဲ့ set လေးပါ
- A sleepy town , butterfly pea set - 36000 🌸
24/03/2026
Instock
23/03/2026
ရှားစောင်း ဆန် ပျားရည် ဝါးမီးသွေး
1 pcs- 7000 ks
📌 Instock
မိုးတော့ ညမအိပ်ခင် မျက်နှာသစ်ဆေးသုံးပြီးပြီဆို
မနက်ကြ မျက်နှာသစ်ဆေး ထပ်မသုံးချင်တော့ဘူးရယ်
အဲဒါကြောင့် chemical နည်းတဲ့ မျက်နှာသစ်ဆပ်ပြာလေးကို ၊ဆပ်ပြာခွက် လှလှလေးထဲထည့်ပြီး မနက်တိုင်း morning cleanser အဖြစ်သုံးတယ် စျေးလည်သက်သာ မွှေးလည်းမွှေး ရှားစောင်းလေးက မျက်နှာလေးကို ကြည်ကြည်စိုစို အေးအေးလေး ဖြစ်စေပါတယ်..
ထောင်ဂဏန်းနဲ့ ဆပ်ပြာလေးက ဒီလောက် အလုပ်ဖြစ်လားဆိုရင် တကယ်ကို သုံးပျော်တာပါလို့ တူတူပိုလှကြမယ်နော်။
17/03/2026
17/03/2026
Shampoo 3 မျိုးလုံး in stock ရပါတယ်နော်
၃ မျိုးထဲကဘာလေးသုံးရမလဲ အလွယ်ရွေးနည်းက
ဦးရည်ပြားနဲ့ ဆံသား
Normal ဆို Butterfly pea shampoo
Oily ဆို Rosemary shampoo
Dry ဆို Avocado shampoo
3 မျိုးလုံးက ဆံသား Type အပေါ်မူတည်ပြီး ကျွတ်တာပါးတာသက်သာပါတယ်
အမကတော့ ခေါင်းလျှော်ရက်ကြာသွားလို့ စေးကပ်တယ် ခံစားရရင် Rosemary
ဆံသားခြောက်တယ် ခံစားရတယ်ဆို Avocado
ခေါက်ဆွဲခြောက်စားတာများတဲ့အပတ်ဆို Butterfly pea shampoo သုံးပါတယ်
Herbal extract shampoo လေးတွေမလို့ မတည့်တာမျိုး မရှိသလောက်ပါပဲ
စျေးလေးကတော့ - ၁၈၀၀၀ ပါ
အကောင်းဆုံး ကုန်ကြမ်းများကိုပဲ ရွေးချယ်အသုံးပြုထားပါတယ်နော်
- A sleepy town , for all types of hair 🌸
17/03/2026
ဒီနေ့ကတော့ Hair Mask သုံးတဲ့အကြောင်းလေး ပြောပြချင်တယ်
Hair mask ကလည်း သုံးတာမတော်ရင် တန်ဆေး လွန်ဘေးထဲ ပါပါတယ်
ဘယ်လိုမျိုးလဲဆိုတော့ သင့်တော်တဲ့ ပမာဏကိုသုံးရင် ဆံပင်အတွက် အဆင်ပြေတယ် အကျိုးရှိတယ် အားပြည့်တယ် လှစေတယ် ပျော့စေတယ်
လိုတာထက်ပိုပြီး ပျစ်ခဲနေအောင်လူးရင်တော့ အရှိန်လွန်ပြီး ဆံပင်က ပိုမပျော့လာပဲ မာသလိုလို ၊ ဆံဝေ့ပြီး ခဲနေသလိုလို ၊ ခေါင်းကလည်း ယားလာပြီး မတည့်လို့ပဲ ဗောက်ထလာသလ်ိုမျိုးတွေ ဖြစ်တတ်ပါတယ်
လိုတာထက် ပိုသုံးလို့ ပိုကောင်းသွားတယ်ဆိုတာ မရှိပါဘူး
လိုတာကို လိုသလောက်ပဲသုံးမှ ထိုက်တန်သော အာနိသင်ကို ရပါတယ်
ဆံပင်အတို / အရှည်အနေထားအလိုက် ထည့်သုံးရမယ့် ခန့်မှန်းခြေပမာဏနဲ့ ဘယ်လိုသုံးရမယ်ဆိုတာကို အလွယ်(ခန့်မှန်းခြေ) ပြောပြရရင် -
- ခေါင်းလျှော်ပြီးတဲ့အခါမှာ ဆံပင်ကို
ရေစင်အောင်ဆေးပါ
- ရေစိုစက်လက်မဖြစ်အောင် ရေကို အရင်ညှစ်ချပါ
ပြီးရင်
- ဆံပင်အတို ဂုတ်ဝဲဆိုရင် Hair mask ကို သကြားလုံးကြီးကြီးလေး တစ်လုံးစာလောက် ထည့်ပါ
- ဆံပင် ဂုတ်လေးနည်းနည်းကျော်ရင် မြေပဲသကြားလုံးစာလောက် ထည့်ပါ
- ဆံပင်ကျောလည်လောက်ဆို ကွမ်းသီးတခြမ်းစာ ပမာဏလောက်ထည့်ပါ
- ဆံပင်ခါး၊ တင်ပါးလောက်ရှည်ရင်
ဆံပင်အထူ / အပါး နဲ့ အတို အရှည်ပေါ်မူတည်ပြီး လိုသလောက်လေး ပိုထည့်ပေါ့နော်
Hair mask တွေကို လက်ဖဝါးထဲ ထည့်ပြီး လက်နှစ်ဖက်မှာ နှံ့အောင်ပွတ် ၊
ပြီးရင် ဆံပင်တွေထဲကို လက်ချောင်းလေးနဲ့ ထိုးသွင်းပြီး ခေါင်းဖြီးသလိုလေး နယ်ချ ဆွဲချပေး
ဦးရေပြားကို ထိစရာမလို ၊ အပေါ်ယံ ဆံသားတွေကိုပဲ လူးရပါတယ်
အထူးသဖြင့် ဆံပင်အဖျားကလေးတွေကို သေချာနှံ့အောင် ပွတ်လူးပေးသင့်ပါတယ်
ပြီးရင် ၂ မိနစ် - ၃ မိနစ်ထားပေးပြီး ရေစင်အောင်ဆေးရမယ်
ရေဆေးတဲ့အခါ ခေါင်းကကျလာတဲ့ရေဟာ အမြုပ်နဲ့ ပူစီဖောင်းလေးတွေ မရှိတဲ့အထိဆေးချရပါတယ်
ဒါဆို Hair mask သုံးခြင်းကိစ္စပြီးပြီပေါ့ရှင်
Hair mask ဗူးထဲ လက် ၅ ချောင်းလုံး
နှိုက်ကလော်ပြီး လက်တခုပ်အပြည့် အားရပါးရလူးချလိုက်မယ် ပျော့ဖတ်သွားအောင်ဆိုပြီး မလုပ်ရဘူးနော်
- Hair mask 3 ခုလုံး in stock ပြန်ရပါပြီ 🌸
17/03/2026
Shampoo လေးတွေနဲ့ ပတ်သတ်ပြီး အချစ်တွေနဲ့ ထပ်ပြီး ပြောပြချင်တာကတော့ Lily shampoo လေးတွေက Chemical လျော့ချမို့ ဆံပင်ကို လျှော်ပြီးတဲ့အခါ အိကျသွားစေတဲ့ အာနိသင်တွေအများကြီးမပါဘဲ ဦးရေပြားအေးစေတာရယ် ခေါင်းကိုလုံးဝ ဂျီးကင်းစင်သွားစေတာရယ် chemical နည်းတာကြောင့် ဆံပင်ကို ပိုကျန်းမာစေပြီး အရှည်မြန်စေတဲ့ အာနိသင်ကို ပေးပါတယ်ရှင်။
ဆံပင်လေးတွေအတွက် ပိုသိသာတဲ့ အာနိသင် ပိုရပြီး ပိုကျန်းမာစေဖို့ လျော်ပြီးတဲ့အခါ ထွေးထွေးအိအိလေး ဖြစ်စေဖို့ Lily ရဲ့ Rosemary oil လေးနဲ့မလျှော်ခင်နှပ်ပြီး လျှော်ပြီးတဲ့အခါ Hair Mask လေးနဲ့ တွဲသုံးပေးရင် ပိုကောင်းတာပေါ့နော်။ပြီးရင်တော့ ဦးရေပြား မစိုမခြောက်မှာ tonic လေးဖြန်းပေးပါ..
ဆံပင်အတွက်ဆို fair price နဲ့ quality ကောင်းကောင်းလေးရဖို့ Lily ကအမြဲ အာမခံပါတယ်ရှင်။🤍
^တူတူပိုလှကြမယ်နော်^
17/03/2026
28/02/2026
Instock 💕
24/02/2026
💚
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mawlamyine