Angel Detox Juices

Angel Detox Juices

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Angel Detox Juices, Health/Beauty, Maymyo.

25/12/2022

Merry Christmas ပါ မင်မင့်ရဲ့ ချစ်ရသော Customers များရှင့်😍😍😍

01/12/2022

ချမ်းအေးလှတဲ့ December လအစ မှနေပြီး မင်မင့်ရဲ့ ကာကာ​တွေအတွက်...

ငြိမ်းချမ်းခြင်း.ပျော်ရွှင်ခြင်း.အေးချမ်းခြင်း.ကျန်းမာခြင်း.ပြည့်စုံခြင်းတို့ကိုသယ်ဆောင်လာပေးပါရှင့်😍😍😍
Sweet December 2022...

09/10/2022
28/07/2022

#ဖာလာစေ့ အစွမ်း
Cardamom ဖာလာစေ့ကိုရေနွေးပူပူဖြင့်
စိမ်သောက်၍သော်လည်းကောင်းကျိုချက်ပြီးသောက်၍သော်လည်းကောင်း မိမိကြိုက်နစ်သက်သလို သောက်သုံးလို့ရပါတယ်။

ပိုတက်စီယမ် , ကယ်လ်စီယမ် , ဆာလဖာ , မဂ္ဂနီစီယမ် , သံ ဓာတ် စသည်တို့
အမြောက်အများ ပါဝင်ပါတယ်။

■ဖာလာစေ့ကို ည မနက် အနည်းငယ်ကို
ပုံမှန်စားပေးပါက ခေါင်းကိုက်ရောဂါပျောက်၏။

■ဖာလာစေ့ကို မှန်မှန်သုံးစွဲပေးလျှင် ဆီးရွှင်စေသည် ။

■ကျောက်ကပ် ကျောက်တည်ခြင်း ,
ဆီးသွားစဉ်နာကျဉ်ခြင်း , ဆီးမကြာခဏသွားခြင်း တို့ကို သက်သာပျောက်ကင်းစေသည်။

■ရေနွေးကြမ်းကဲ့သို သောက်သုံးပေးခြင်းဖြင့် အဆီ ( မကောင်းသည့် ကိုလက်ထရောကိုကျစေသည်)
ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးသည်။

■အစာချေဖျက်မူ အားကောင်းစေပြီး , လေနဲ့ ဖောရောင်ခြင်းကို လျော့ကျစေသည်။

■ခံတွင်း ရနံ့ဆိုးခြင်းနှင့် ပိုးမွှားများ ကင်းစေရန် ဖာလာစေ့အနည်းငယ်ကို ဝါးစားပေးပါ။

■ချောင်းဆိုး ရင်ကျပ် လည်ချောင်းနာခြင်းတို့အတွက် -
ဖာလာစေ့ကိုကြိတ်ပြီး ပျားရည်နဲ့ ယက်ပေးရသည်။

■ဖာလာစေ့က အရေပြားနဲ့ ဆံပင်ကို များစွာ အထောက်အကူပေးပါတယ်။

■သွေးအားကိုမြှင့်တင်ပေးခြင်း။

■ကျောက်ကပ်အတွင်းရှိ ureaနှင့်
ကယ်လ်စီယမ်တို့ကို ဖယ်ရှားပေးသည်။

■အသားအရေ စိုပြေလန်းဆန်းစေခြင်း။

■ဆံပင်ပြတ်ခြင်း , ဘောက်ထခြင်း ,
ဆံပင်မသန်စွမ်းခြင်း , ဆံပင်နှစ်ခွဖြစ်ခြင်း , ဦးရေပြား ယားယံခြင်း တို့ကိုပျောက်ကင်း သက်သာစေတယ်။

■ကင်ဆာနဲ့အခြားရောဂါများကိုလည်း
ကာကွယ်တားဆီးပေးပါတယ်။

■ဖာလာစေ့ကို ညက်အောင်ထုချေပြီး မိမိ၏ အနာဒဏ်တစ်ဝိုက်မှာ အုံထားပေးခြင်းဖြင့် အမြန်ပျောက်ကင်း သက်သာစေပြီး ပိုးမွှားများကိုလည်း သေစေနိုင်ပါသည်။

■အခြားသော တိုင်းပြည်တွေမှာ ဖာလာစေ့နဲ့ ရောစပ်ပြုလုပ်ထားသော...
Cardamom tea mix များကိုလည်း
ဝယ်ယူရရှိနိုင်ပါတယ်။

■အစာမကြေရောဂါ. အော့အန်တတ်တဲ့ရောဂါ. သရက်ရွက်ကြီးတဲ့ရောဂါ ယားယံတဲ့ရောဂါတွေ ဖြစ်ခဲ့ရင် အသုံးပြုလို့ရပါတယ်။

■အစေ့မှ ထုတ်သည့် အဆီကိုလည်း
ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။

■မြန်မာနိုင်ငံမှာတော့ ဖာလာစေ့ကို
ကွမ်းယာထဲ ထည့်စားတတ်သလို
အသားဟင်းတွေ ချက်စားရာမှာလည်း
အသုံးပြုကြပါတယ် ။

■ ခံတွင်းအနံ့ကိုလည်း မွှေးစေပါတယ် -
ခံတွင်းအနံ့ဆိုးလျှင် ဖာလာစေ့ တစ်စေ့ခန့် ဝါးပေးပါ။

■မိုးရာသီ ( တုတ်ကွေးရာသီ) ဂျင်း
ဖာလာစေ့ ထန်းလျက် နဲ့ကျိုသည့်
လက်ဖက်ရည် နွေးနွေးသည် တုတ်ကွေးအဖျားကို သက်သာစေသည်။



#အိမ်တွင်းမှုစားဖွယ်စုံhomemadekitchen

25/07/2022

ဒီနေ့က စပြီး စားတော့ မယ်။ မကြိုက်လည်းစားကြိုက်လည်းစားပဲ

တစ်ရက်ကို ငှက်ပျောသီး (၃)လုံး စားပေးခြင်းဖြင့် ရရှိမည့် အကျိူးကျေးဇူးများ

(၁) အသက် ၄၀ကျော်လာသည် နှင့် ရိုးတွင်းချဉ်ဆီ လျော့လာပြီး အရိုးအဆစ် နာကျင်လာတတ်ပါတယ်။ ဒါကြောင့် မနက် နေ့ ည ငှက်ပျော် သီးမှည့် (၃) လုံး စားပေးပါ ။

(၂) အစာအိမ် ကင်ဆာသမားများနှင့် အရိုး ကင်ဆာ သမားများငှက်ပျောသီး စားပေးခြင်းဖြင့် ရောဂါကို မြန်မြန် သက်သာစေမှာပါ ။

(၃) စိတ်ဖိစီးပြီး စိတ်ညစ်မှု ဝေဒနာဖြစ်လျှင် ငှက်ပျော် သီးမှည့် စားပေးပါ ။

(၄) ကျောက်ကပ် အားနည်း ကျောက် ကပ် နာကျင်မှု အတွက် ပိုတက္စီယံ ကြွယ်ဝသော ဌက်ပျောသီးကို နေ့စဉ် စားပေးပါ ။

(၅) အူမကြီး မြန်ဆန်စွာ အလုပ် လုပ်နိုင်ရန် နေ့စဉ် ငှက်ပျောသီး စားပါ ။

(၆) မျက်စိမှုန်ခြင်း မျက်စိတိမ် ကပ်ခြင်းများ အတွက် နေ့စဉ် ငှက်ပျောသီး စားပါ ။

(၇) ဝမ်းချူပ်ပြီး အပူအပုတ် ကိန်းအောင်းနေလျှင် ညစဉ် ငှက်ပျောသီး စားပေး ပါ ။

(၈) ပင်ပန်းနွမ်းနယ်ပြီး အင်အားမရှိ ဖြစ်နေလျှင်လည်း ငှက်ပျောသီး တစ်နေ့ ၃လုံး စားပေးပါ ။

(၉) လေးဘက်နာ အဆစ်အမြစ် ကိုက်ခဲနေ လျှင် လည်း ငှက်ပျောသီး စားပေးပါ ။

မေတ္တာဖြင့်
ပြန်လည်မျှဝေပေးပါတယ်။
credit to original writer

25/07/2022

🤰ကိုယ်ဝန်ဆောင်မိခင်များ နှင့် နဂါးမောက်သီး

ကိုယ်ဝန်ဆောင်မိခင်တိုင်းသည် သဘာဝသစ်သီးများကို နေ့စဉ်စားသုံးရန် လိုအပ်ပါသည်။ ယင်းတို့အနက် နဂါးမောက်သီးသည်လည်း စားသုံးသင့်သော သစ်သီးတစ်မျိုး ဖြစ်သည်။

နဂါးမောက်သီးသည် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအတွက် လိုအပ်သော အာဟာရဓာတ်များဖြစ်သည့် ကယ်လ်စီယမ်ဓာတ်၊ ဗီတာမင်စီ နှင့် ဖောလိတ် အစရှိသည်တို့ကို ဖြည့်တင်းပေးပါသည်။

အမျှင်ဓာတ် (Dietary fiber) များလည်း ကြွယ်ဝစွာ ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်များတွင် ဖြစ်လေ့ဖြစ်ထရှိသော ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး ဝမ်းမှန်စေပါသည်။

ကာဘိုဟိုက်ဒြိတ်ဓာတ်များကလည်း စွမ်းအင်ကိုထုတ်လုပ်ပေးသည့်အတွက် ကိုယ်ဝန်ဆောင်ခါစ အစားအသောက်ပျက်ချိန်တွင် စားသုံးပါက ချက်ချင်း အလျင်အမြန် စွမ်းအင်များရရှိစေရန် အထောက်အကူပြုပါသည်။

နဂါးမောက်သီးတွင် ပါဝင်သော အာဟာရဓာတ်များကလည်း ကိုယ်ဝန်ဆောင်မိခင်၏ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါပိုးများ အလွယ်တကူ မဝင်ရောက်စေရန် ကာကွယ်ပေးသည့်အပြင် ဆေးဖက်ဝင် ဓာတ်ပစ္စည်းများ (Phytochemicals) မှလည်း ဓာတ်တိုးခြင်းကို ဆန့်ကျင်သောအာနိသင် (Antioxidant effect) ကို ရရှိသောကြောင့် မိခင်ရောကလေးပါ ကျန်းမာစေပါသည်။

ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တိုင်းသည် နဂါးမောက်သီးကို မကြာခဏ စားသုံးပေးသင့်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "သစ်သီးများနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း(၈) နဂါးမောက်သီး မှ ထုတ်နုတ်ဖော်ပြသည်။

22/07/2022

ကယ်လိုရီပါဝင်မှု နည်းပြီး အမျှင်ဓာတ်နှင့် အင်တီအောက်ဆီဒင့် ကြွယ်ဝစွာ ပါဝင်သော ပန်းသီးကို တစ်နေ့တစ်လုံး နေ့စဉ် ပုံမှန်စားပေးပါ။ အနီရောင်ရင့်ရင့်၊ ခပ်ချဉ်ချဉ်၊ ခပ်ကျစ်ကျစ် ပန်းသီးကိုသာ ရွေးချယ်ဝယ်ယူ စားသုံးပါ။ ပန်းသီးမစားမီ ရေဖြင့် သေချာဆေးကြောပြီး အလုံးလိုက် အခွံပါ ဝါးစားပါ။ ပန်းသီးသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါတို့ကို ကာကွယ်၊ ကုသရာတွင် အသုံးဝင်ရုံသာမက ပန်းနာရင်ကျပ်ရောဂါ၊ ယားယံခြင်းနှင့် ရောင်ရမ်းခြင်း ဝေဒနာများကိုလည်း လျောနည်းသက်သာစေသောကြောင့် ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုပါသည်။

ပန်းသီးအခွံတွင် ဆေးဖက်ဝင် ဓာတ်ပစ္စည်းများဖြစ်သည့် ဖလေဗိုနွိုက်များ၊ ကယ်ရိုတီနွိုက်များ အဓိက ပါဝင်ပါသည်။ အခွံခွာပြီးစားလျှင် ဆေးဖက်ဝင်အာနိသင်များ ရရှိမည် မဟုတ်ပါ။ ထို့ကြောင့် အခွံကို ရေဖြင့် သေချာစွာဆေးကြောပြီး စားရပါမည်။

သဘာဝပန်းသီးအခွံကို ဖယောင်းလွှာ (Cuticle) နှင့် အုပ်ထားသောကြောင့် ပိုးသတ်ဆေးအကြွင်းအကျန်များသည် ရေဖြင့်ဆေးလျှင် အလွယ်တကူ ပါသွားနိုင်သော်လည်း ပန်းသီးတွင် အနာအဆာနှင့် ဓားရှရာများ ရှိနေမည်ဆိုလျှင် ပိုးသတ်ဆေးများ အတွင်းထိ ဝင်ရောက်သွားနိုင်သောကြောင့် မစားသုံးသင့်ပါ။

ပန်းသီးတွင် ကျန်းမာရေး အကျိုးကျေးဇူးများ ရှိသကဲ့သို့ ဆိုးကျိုးလည်း ရှိပါသည်။ အန္တရာယ်ရှိသော အပိုင်းမှာ ပန်းသီးအစေ့ ဖြစ်သည်။ ပန်းသီးအစေ့တွင် အဆိပ်တစ်မျိုးဖြစ်သည့် ဆိုင်ယာနိုဂျန်းနစ် ဂလိုင်ကိုဆိုက် (Cyanogenic glycoside) များကြွယ်ဝစွာ ပါဝင်ပါသည်။ ထို့ကြောင့် အမှတ်တမဲ့ ပါးစပ်ထဲ မဝင်စေရန် ဂရုပြုရပါမည်။ ပန်းသီးအစေ့ကို များများစားမိပါက ဆိုင်ယာနိုက် (Cyanide) အဆိပ်သင့်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပန်းသီးစားလျှင် အစေ့ကို မစားမိစေရန် ဂရုပြု၍ စားသုံးသင့်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "သစ်သီးများနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း (၁) ပန်းသီး မှ ထုတ်နုတ်ဖော်ပြသည်။

21/07/2022

#ကြက်သွန်ဖြူ
ကြက်သွန်ဖြူသည် သွေးကိုသန့်စေ၏၊ ပိုးသေ၏၊ လေသက်၏၊ ဖျားနာ၊ အရေပြားရောဂါကို ပျောက်စေ၏၊ ချွေးထွက်ခြင်း၊ သုတ်ပွားခြင်း ဖြစ်စေ၏၊ ဆီးဝမ်းကိုရွှင်စေ၏၊ ကာမကိုအားပေး၏၊ မျက်စိကိုအကျိုးပြု၏၊ အသက်ရှည်၏။

သွေးတိုးရောဂါကို အိန္ဒိယနိုင်ငံ၏ သူရဲကောင်းကြီး မဟတ္တမဂန္ဒီကြီးက မိမိ၏သွေးတိုးရောဂါသည် ကြက်သွန်ဖြူကို နေ့စဉ်စားခြင်းဖြင့် ပျောက်ကင်းရ သည်ဟုဆိုထား၏။ ချောင်းဆိုးရောဂါသည် ကြက်သွန်ဖြူကို နာတာရှည်ရောဂါ ၊ချောင်းဆိုးရောဂါအတွက် အရည်ပြု၍တိုက်ပါ၊ ကျွေးပါ၊ အလွန်ထင်ရှားသော အိမ်သုံးဆေးဖြစ်သည်။ လေရောဂါသည် ကြက်သွန်ဖြူကို နှမ်းဆီနှင့်စိမ်၍ ဆားအနည်းငယ်ထည့်ပြီး ထမင်းမစားမီ စားပါ။ နာတာရှည််ရောဂါပျောက်၏။

ကလေးလေဆန်နာရောဂါကို ကလေးများ၏ လေဆန်ရောဂါအတွက် ကြက်သွန်ဖြူတစ်လုံးကို မီးဖုတ်၍ကျွေးရ၏။ ကြက်ညှာချောင်းဆိုးကို ကြက်သွန်ဖြူကိုထုထောင်း၍ နှမ်းဆီနှင့် ကျေအောင်နယ်ပြီး ရင်ဘတ်နှင့် ကျောကို လိမ်းကျံပေးပါ။ ကြက်သွန်ဖြူကိုအရည်ညှစ်ပြီး ရေအနည်းငယ်နှင့်သကြားရောပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် တိုက်ပေးပါ။ လည်ပင်းကြီးရောဂါသည် ကြက်သွန်ဖြူဆီကို တစ်ကြိမ်လျှင် နှစ်စက်မျှ တစ်နေ့သုံးကြိမ် တိုက်ကျွေးပါ။ လည်ပင်းတွင်လိမ််းပေးပါ။

ခေါင်းကိုက်ရောဂါသည် ကြက်သွန်ဖြူကို ဆားနှင့်ရောပြီးသောက်ပါ။ ကြက်သွန်ဖြူကိုကြိတ်ပြီး နားထင်တွင်လိမ်းပေးပါ။ ကလေး aချာင်းဆိုးရောဂါ သည် ကြက်သွန်ဖြူကိုအပ်နှင့်ထိုး၍ ပြာကျအောင်မီးဖုတ်၊ ပြာကိုအမှုန့်ပြု၍ ကလေးများ ချောင်းဆိုးရောဂါဖြစ်သောအခါ တိုက်ကြရသည်။ ပွေး၊ ဝဲ၊ ယားနာတို့သည် ကြက်သွန်ဖြူတစ်လုံးကို ဖင်မှလှီး၍ ထွက်လာသောအစေးနှင့် အနာကို မကြာခဏပွတ်ပေးပါ။ မုချပျောက်ကင်းပါ၏။

အဆုတ်ရောဂါကို ကြက်သွန်ဖြူတစ်လုံး တစ်နေ့တစ်ကြိမ် အရည်ညှစ်တိုက်ပါ၊ စားပါ။ ကြက်သွန်ဖြူကိုကြိတ်၍ ထွက်လာသောအဆီဖြင့် ရင်ဘတ်ကိုလိမ်းပေးပြီး အဝတ်နှင့် ရင်ဘတ်ကို ပတ်ထားပါ။ အရေပြားကွာခြင်းမရှိတော့ပါ။ ၎င်းအဆီ (အရည်)သည် အရေပြားမှ အတွင်းသို့ စိမ့်ဝင်ပြီး ပိုးများကိုသတ်နိုင်သော အစွမ်းသတ္တိရှိကြောင်း ရှေးဆရာကြီးမှ အဆိုရှိထားပါသည်။ အနာများသည် အရိုးထိအောင်စားတတ်သော အနာများပင်ဖြစ်ပါသည်။ အနာကို ရေနွေး (ဖန်ရည်)ဖြင့် ဆေးကြောပြီး ကြက်သွန်ဖြူကိုထုထောင်းအုံ၍ ပတ်တီးစည်းပေးထားပါ။ ၂၄ နာရီကြာသောအခါ ပတ်တီးကိုဖြေ၍ အသစ်ထပ်မံလိမ်းပေးပါ။ အနာတွင်ရှိသော ပိုးများကိုသတ်နိုင်သော သတ္တိရှိပါသည်။

အကြောအခြင်ကိုက်ခဲပါက ကြက်သွန်ဖြူကိုအရည်ထုတ်၍ ပွတ်လိမ်းခြင်းဖြင့် ပျောက်ကင်း၏။ နားပြည်ယိုခြင်းကို နှမ်းဆီငါးကျပ်သားတွင် ကြက်သွန်ဖြူ အနည်းအငယ်၊ လေးညှင်းနှစ်ပွင့်ခန့် ထည့်ပြုတ်၍ နားအတွင်း ပူနွေးနွေး ထည့်ပေးပါ။ နားပြည်ယို၊ နား ကိုက်၊ နားထိုင်း ပျောက်ကင်း၏။

ရာသီမြုံ၍ ဒုက္ခရောက်သော် ကြက်သွန်ဖြူ ၊ စမုံနက်၊ ဆား၊ မန်ကျည်းသီးမှည့်၊ ထန်းလျက်ငါးကျပ်သားစီ၊ မိဿသ လင်သုံးကျပ်သား ပေါင်းစပ်၍ ကြိတ် (ရာသီဆိတ်သော်၊ ကြောက်ထိတ်မလန့်၊ ဆီးသီးခန့်လောက်စားသုံးမြောက် က ပျောက်ရဧကန်မလွဲမှန်၏။) အနာဝင်သော် ကြက်သွန်ဖြူ ဥတစ်လုံးနှင့် ငရုတ်ကောင်းခုနစ်စေ့ကို ကြိတ်၍အုံပါ။ ဒူလာ၊ မီးယပ်ပျောက်ဆေး ကြက်သွန်ဖြူဥတစ်လုံးကို ဓားနှင့်အဖျားဘက်ကလှီးပြီး အခေါင်းလုပ်၊ ဘိန်းခြောက် ရွေးသားထည့်၊ မီးကင်၊ မြေသင်းခဲကို အရည်ဖျော်အရည်ကြည်ရအောင် ခေတ္တထား၊ ရေကြည်ဖြင့်ကြက်သွန် ဖြူမီးကင်ကိုကြိတ်၍ပဲနောက်စေ့ခန့်လုံး၍ထား ရောဂါရှင်ကိုချင့်ချိန်တိုက်ပါ။တိုက်သည့်အခါတွင် မြေသင်းခဲ(မြေကြီးကိုမီးရဲအောင် ဖုတ်ထားသောမြေ) အရည်နှင့်ပင်တိုက်ရမည်။ဝဲရောဂါ ပျောက်ကင်းချင်ပါက ကြက်သွန်ဖြူကိုထောင်းပြီး အုန်းဆီနှင့်လိမ်းပေးပါ။ ။
original writter
#သမားတော်တိုင်းရင်းဆေး

21/07/2022

နာနတ်သီး၏ ကင်ဆာကာကွယ်နိုင်သော အာနိသင်

🍍 နာနတ်သီးတွင်ပါဝင်သော ဘရိုမယ်လိန်း (Bromelain) သည် ကင်ဆာရောဂါ ကာကွယ်ရာတွင် များစွာ အထောက်အကူပြုပါသည်။ အထူးသဖြင့် အရေပြားကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ နှင့် ဦးနှောက်ကင်ဆာများတွင် ပိုမို အစွမ်းထက်ပါသည်။ ကင်ဆာဆဲလ်များ မပွားနိုင်စေရန်၊ မကြီးထွားလာစေရန်နှင့် တစ်နေရာမှ တစ်နေရာသို့ ပျံ့နှံ့မှုမရှိစေရန် (Metastasis) ဟန့်တားရာတို့တွင် များစွာအကျိုးရှိပါသည်။ ကင်ဆာဆဲလ်ကို သတ်ဖြတ်နိုင်သော ဆဲလ်များဖြစ်သည့် မိုနိုဆိုက် (Monocyte) နှင့် လင်ဖိုဆိုက် (Lymphocyte) တို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို အကျိုးပြုပါသည်။

🍍အရေပြားကင်ဆာနှင့် ပတ်သက်၍ ကြွက်များတွင် လေ့လာတွေ့ရှိချက်တစ်ခုမှာ ကြွက်များကို အုပ်စုခွဲ၍ ခရမ်းလွန်ရောင်ခြည်နှင့် နေ့စဉ်ထိတွေ့စေပြီး ကင်ဆာဖြစ်စေရန်ပြုလုပ်၍ အုပ်စု (၂) တွင် ရှိသော ကြွက်အားလုံး ကင်ဆာဖြစ်သွားချိန်၌ ဘရိုမယ်လိန်း ကျွေးထားသော အုပ်စု (၁) မှ ကြွက်စုစုပေါင်း၏ ၄၀% သာ ကင်ဆာဖြစ်သေးကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ဘရိုမယ်လိန်းသည် ကြွက်များတွင် အရေပြားကင်ဆာကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ကြောင်း သိရှိနိုင်သည်။

🍍 အမျိုးသမီးများတွင်ဖြစ်သည့် ရင်သားကင်ဆာကို ကာကွယ်ရာတွင်လည်းကောင်း၊ ရင်သား ကင်ဆာဖြစ်ပြီးသားလူနာများ စားသုံးလျှင်လည်းကောင်း များစွာအထောက်အကူပြုပါသည်။ ရင်သား ကင်ဆာဖြစ်နေသည့် လူနာ (၁၆) ယောက်အား လေ့လာခဲ့ရာတွင် ဘရိုမယ်လိန်း ကျွေးထားလျှင် ယင်းတို့၏သွေးထဲတွင် သွေးဖြူဥတစ်မျိုးဖြစ်သည့် မိုနိုဆိုက်၏ ကင်ဆာဆဲလ်ကို တိုက်ဖျက်နိုင်သည့် အာနိသင်များပိုကောင်းလာခြင်း၊ လင်ဖိုဆိုက်၏ အာနိသင်များပိုကောင်းလာခြင်း၊ ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သည့်ဆဲလ်များ (Natural killer cells) ပိုမိုကောင်းမွန်လာခြင်း တွေ့ရခြင်းကြောင့် ရင်သားကင်ဆာဝေဒနာများအတွက် နာနတ်သီးသည် အလွန်စားသင့်သော သစ်သီးတစ်မျိုး ဖြစ်သည်။

🍍 ဦးနှောက်တွင်သော ကင်ဆာတစ်မျိုးဖြစ်သည့် ဂလိုင်အိုမာ (Glioma) ရောဂါသည်များ နာနတ်သီးစားခဲ့လျှင် ဘရိုမယ်လိန်းများကြောင့် ကင်ဆာဆဲလ်ပြန့်ပွားမှုကို များစွာလျော့နည်းစေပြီး ဦးနှောက်ထဲတွင် ဆဲလ်များ တစ်ခုနှင့်တစ်ခုကပ်ပြီး ပျက်စီးခြင်း (Adhesion) ကို ကာကွယ်ပေးပါသည်။ အူမကြီးကင်ဆာမဖြစ်စေရန် ကာကွယ်ရာတွင် ပါဝင်သောဘရိုမယ်လိန်းကြောင့် အူမကြီးကင်ဆာကို ကာကွယ်နိုင်သည့်အပြင် အမျှင်ဓာတ်များနှင့် ဗီတာမင်စီ ဓာတ်များကလည်း များစွာ အကျိုးရှိစေနိုင်ပါသည်။

🍍 နိဂုံးချုပ်အနေဖြင့် နာနတ်သီးသည် ကျွနုပ်တို့နိုင်ငံတွင် ပေါပေါများများ ရရှိနိုင်သော သဘာဝ သစ်သီးတစ်မျိုး ဖြစ်သည်။ ယင်းမှာ အာဟာရရှုထောင့်က ကြည့်လျှင်သော်လည်းကောင်း၊ ရောဂါ ကာကွယ်နိုင်သော အကျိုးအာနိသင်ဘက်မှ ကြည့်လျှင်သော်လည်းကောင်း အလွန်အကျိုးများလှသောကြောင့် လူတိုင်းမကြာခဏ စားပေးသင့်ပါသည်။ အထူးသဖြင့် ကင်ဆာရောဂါဝေဒနာရှင်များ နေ့စဉ်စားသုံးလျှင် အကျိုးရှိနိုင်ကြောင်း အကြံပြုလိုပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "သစ်သီးများနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း(၅) နာနတ်သီး မှ ထုတ်နုတ်ဖော်ပြသည်။

08/05/2022

Happy Mother's days 😍😍😍😘😘😘

21/04/2022

Angel Juice သောက်သုံးခြင်းကြောင့်🍹🍹🍹

အူမကြီးနဲ့အစာအိမ်လမ်းကြောင်းသန့်စင်စေခြင်း.
အသားအရည်ကြည်လင်လှပစေခြင်း.
အစာချေဖျက်မှုအားကောင်းစေခြင်း.
စိတ်ကိုကြည်လင်စေခြင်း.
စိတ်ရောကိုယ်ပါကျန်းမာလာခြင်း.
စတဲ့ကောင်းကျိုးတွေရရှိစေပါတယ်...

အစာရှောင်ပြီး သူများအတွက် 3 days plan လေးရှိပါတယ်..

အစာမရှောင်နိုင်တဲ့သူများအတွက်လည်း.ညစာအစားထိုး 5 days plan dinner juice လေးရှိပါတယ်.

အခြား Monthly Plan လေးများလည်းရှိပါတယ်.တဘူးကို 500 ml ပါပါတယ်.

Promotion price ကတော Plan လေးတွေပေါ်မှာမူတည်ပြီးကွာခြားမှုရှိပါမယ်..

ကဲ Promotion Price လေးနဲ့မင်မင်တို့အတူတူ ကြိုးစားကြရအောင်.Fighting👏👏👏

13/04/2022

မြန်မာနှစ်ကူးအချိန်အခါမှာမြန်မာပြည်သူပြည်သား
များအပေါင်း.

မင်္ဂလာကျက်သရေအပေါင်းနဲ့ပြည့်စုံပြီး
အလှူဒါနလက်နဲ့မကွာလှူဒါန်းနိုင်၍🙏🙏🙏

အစစအရာရာကြံတိုင်းအောင်လို့ဆောင်တိုင်းမြောက်ကြပါစေ..🙏🙏🙏

စည်းစိမ်ဥစ္စာဒီရေအလားတိုးတက်ကြပါစေ..🙏🙏🙏

လိုအင်ဟူသမျှပြည့်ဝကြပါစေ..လို့🙏🙏🙏

Angel Detox Juice မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ရှင်...

Want your business to be the top-listed Beauty Salon in Maymyo?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address


Maymyo