HM Skincare By ShwePyae
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HM Skincare By ShwePyae, Beauty, cosmetic & personal care, MayMyo, Maymyo.
24/08/2022
သင့်ရဲ့မျက်နှာအတွက် သန့်စင်မှုကို မေ့လျော့မထားပါနဲ့
မနက်ဖြန်အတွက် စိတ်ပူပေမယ့် ...
မျက်နှာသစ်ဖို့ ပင်ပန်းလွန်းလို့ တန်းပြီး အိပ်ယာဝင်ဖို့ ဆုံးဖြတ်ထားတဲ့ နေ့ရက်လေးတွေရှိခဲ့ဖူးတယ်။
တစ်ကြိမ်တစ်ခါမှာတော့ အဆင်ပြေပေမယ့် ...
အကြိမ်အခါတွေများလာတဲ့ အခါမှာတော့
မနက်ခင်းကတည်းက မျက်နှာပေါ်မှာ အသုံးပြုခဲ့တဲ့
Cosmetics ပစ္စည်းတွေ၊ တစ်နေ့လုံးကပ်ငြိခဲ့တဲ့ ဖုန်မူန့်အညစ်အကြေးတွေ၊ မီးခိုးငွေ့တွေစတဲ့ အညစ်အကြေးတွေက ချွေးပေါက်ပိတ်ဆို့မူ့တွေကိုဖြစ်ပေါ်လာစေပြီး
- အသားအရေခြောက်သွေ့တာ
- ယားယံတာ
- ဝက်ခြံနဲ့ အရေပြားပိုးဝင်တာတွေတောင်ဖြစ်ပေါ်လာတဲ့အခါမှာတော့
မျက်နှာအရေပြားပေါ်မှာ ဆိုးရွားတဲ့ အရာတွေဖြစ်ပေါ်လာတတ်ပါတယ် ။
ဒါပေမယ့် အရမ်းကြီးတော့ မစိုးရိမ်ပါနဲ့နော်
'' ချစ်တို့ရေ '' ...
သင့်အတွက် အရေပြားဆရာဝန်သဖွယ် စောင့်ရှောက်ပေးမယ့်
'' HM Skincare Myanmar '' ရဲ့ Skincare Product တွေရှိနေပါပြီ ။
HM Skincare Products များဟာ Skincare Step များအတွက်
Makeup Remover, Cleanser, Toner, Soap, Facial Mask, Essence,
Jelly Mask, Sunscreen အစရှိသဖြင့်
Products များစုံလင်စွာ ထုတ်လုပ်ပေးထားလို့
တစ်ကိုယ်ရေသုံး သန့်ရှင်းရေးနှင့် အလှအပအတွက်
ယုံကြည်စိတ်ချရသော Brand တစ်မျိုးတည်းကိုသာ စွဲမြဲစွာအသုံးပြုချင်တယ်ဆို
HM ကိုရွေးချယ်ဖို့မမေ့နဲ့နော် ။
12/03/2022
Skincare ကြပါ Suncream လိမ်းပါဆိုတာ စျေးရောင်းချင်ရုံသက်သက်နဲ့ ပြောတာမဟုတ်ဘူးနော်....🤷♀️🤷♀️📌
ပြီးမှနောင်တ အသုံးမကျတဲ့...🙄❌
မျက်နှာပေါ်မှာ ပြဿနာတက်လာမှ ပြာယာခတ်ချင်တာလား မဖြစ်အောင်ကြိုကာကွယ်မလား....⁉⁉😳
ကြာလေကွာလေပဲနော်....✅✅✅
(မိမိမျက်နှာရဲ့အလှတရားက မိမိပေါ်မှာပဲ မူတည်တာနော်...😊✅❓)
12/03/2022
#ချွေးပေါက်ကြီးတွေကျယ် လို့စိတ်ညစ်နေရတဲ့
သူလေးတွေရှိတယ်ဟုတ်❣
နည်းလမ်းတွေအများကြီးထဲကမှ အလွယ်ကူဆုံးနည်းလမ်းလေးတစ်ခု မျှေဝပေးမယ်နော်❣
အဲ့ဒါကဘာလဲဆို မျက်နှာကိုရေခဲကပ်ပေးခြင်းပါပဲ
အရမ်းကိုလွယ်ကူရိုးရှင်းပြီးထိရောက်တဲ့နည်းလေး
ကိုယ်တိုင်လက်တွေ့အသုံးပြုနေတာပါအရမ်းကိုထိရောက်တယ်နော်❣
မျက်နှာသစ်ပြီးတိုင်း ချွေးပေါက်ကျယ်တဲ့နေရာတွေကပ်ပေးနော်❣
အကြားကြီးကပ်စရာလဲမလိုဘူးဆိုတော့ အချိန်လဲအရမ်းမပေးရဘူးနော်❣
ချွေးပေါက်ကျယ်သမားက ိုနာလေးလဲအမြဲသုံးပေးပါ
အားလုံးအဆင်ပြေကြပါစေ😘
21/02/2022
💁 Toner သုံးနည်း အမြဲမေးကြတဲ့ ကိုယ့်အချစ်တွေ
သေချာ ဖတ်ကြည့်ပေးနော်
***တိုနာလိမ်းနည်း**
💁 တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံးလိမ်းရပါတယ်။
အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့ ဆံသယ်စတွေကို သေချာလိမ်းပေးရတယ်။
💁 သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ်။
တိုနာလိမ်းတဲ့အခါ လက်နဲ့လိမ်းကြတယ်။ မှားတယ်။
💁 တကယ်က တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ အညစ်အကြေး၊ ပိုးမွား၊အဆီနဲ့ မိတ်ကပ်တွေ ကင်းစင်မှာဖြစ်တယ်။
💁 ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင် စိမ်ပြီး မသုံးရဘူး။
အနေတော်လောက်ထည့်ပြီး သုံးရတယ်။
ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပါ။
လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ။
💁 သတိချပ်ရမှာက တိုနာသုံးပြီး တခြားskin care ချက်ချင်းမသုံးပါနဲ့။ အနည်းဆုံးခြောက်အောင် စက္ကန့် ၂၀/၃၀ လောက် ထားပြီးမှ တခြားskin care ဆက်သုံးရမယ်။
💁 ဒီနည်းလမ်းလေးအတိုင်း Toner ကို အသုံးပြုမယ်ဆိုရင် အားလုံးကိုအလှတိုးစေမှာ အသေချာပဲပေါ့
💁 ဪ ဒါနဲ့ စကားမစပ်...ကျွန်မ ဆီမှာ အသားအရေအားလုံးနဲ့ ကိုက်ညီအောင်ထုတ်လုပ်ထားတဲ့ HM Toner လေးကို မှာယူသုံးစွဲလို့ရနေပါပြီနော် 😍😍😍
15000 ထဲနဲ့ ၃လလောက်အမုန်းသုံး
crd
14/02/2022
တိုနာ (Toner)သုံးနည်း(မသိသေးတဲ့သူတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်)
အရင်ကဆိုရင် toner ကို လုံးဝ မလိုအပ်ဘူး ထင်ခဲ့တာ
အရည်လိုပဲ ဘာမှ ထူးခြားမှုမရှိဘူး ပေါ့
တကယ် skin care သုံးပြီး တကယ်လေ့လာကြည့်တော့ မှ အသားအရေ ထိန်းသိမ်းမှု အပိုင်းမှာ toner က အခြေခံအကျဆုံးထဲ က တစ်ခု ဆိုတာ သိလာရတယ်
နေ့ဘက် မိတ်ကပ် လိမ်းတဲ့ အခါ toner လိုအပ်သလို
ညဘက် အိပ်ခါ နီး အားဖြည့်ရည်တွေ မသုံးခင် toner ဆိုတာ မဖြစ်မနေ သုံးသင့်တဲ့ အရာဆိုတာ လုံးဝ နားလည် လာရတယ်
သုံးနည်း လေးပါ ပြန်copy ပေးထားပါတယ် နော်
တိုနာလိမ်းနည်း
အမေး။......တိုနာကလေ မျက်လုံးတဝိုက်နဲ့ မေးစေ့တဝိုက်ချန် သုံးရတယ်ဆိုတာ ဟုတ်ပါသလား ဆရာ..
အဖြေ။......
တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံးလိမ်းရပါတယ်။ အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့ ဆံသယ်စတွေကို သေချာလိမ်းပေးရတယ်။ သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ်။ တိုနာလိမ်းတဲ့အခါ လက်နဲ့လိမ်းကြတယ်။ မှားတယ်။ တကယ်က တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ အညစ်အကြေး၊ ပိုးမွှား၊အဆီနဲ့ မိတ်ကပ်တွေ ကင်းစင်မှာဖြစ်တယ်။
ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင် စိမ်ပြီး မသုံးရဘူး။ အနေတော်လောက်ထည့်ပြီး သုံးရတယ်။ ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ။
သတိပြုရမှာက တိုနာသုံးပြီး တခြားskin care ချက်ချင်းမသုံးပါနဲ့။ အနည်းဆုံးခြောက်အောင် တစ်မိနစ်ထားပြီးမှ တခြားskin care ဆက်သုံးရမယ်။
Credit - ဒေါက်တာ အေးမင်းထူး
04/02/2022
ကျန်းမာလှပတဲ့ အသားအရေလေးတွေ ပိုင်ဆိုင်ဖို့ --------💚
ဒီအချက်တွေ သေချာလုပ်နော် 💙💙
- ရေများများသောက်ပါ🥛🥛
- Vegetables မကြိုက်ရင်တောင်
Fruits တွေတော့စားပေးပါ🍒🍈🍆🍅🥑
- အိပ်ရေးဝအောင်အိပ်ပါ💗
- ညတိုင်း Double Cleansing လုပ်ပါ✌
- Skin Care Routine ကို မပျက်ကွက်ပါနဲ့♥
- Sunscreen ကို မပါမဖြစ် ကိုယ့် skincare steps ရဲ့နောက်ဆုံးမှာ ထည့်ပါ⛅⛅
- တစ်ပတ် ၂ခါ Mask ကပ်ပါ🍀🍀
- တစ်ပတ် ၂ခါ scrub လုပ်ပါ🌼🌼
- တစ်လတစ်ကြိမ်တော့ Clinic တွေ, Spa တွေမှာ Special Treatment တွေ ယူသင့်ပါတယ်💐💐
- အသက် ၂၅ကျော်ရင် Supplements တွေ၊Collagen တွေ သောက်ဖို့မနှမြောပါနဲ့🍷🍷
- စိတ်ကိုရှင်းအောင်ထားပါ🥰
- မနာလိုစိတ်က Skin ကို ညစ်ထေးစေတာကို နားလည်ပါ🥰
- ကိုယ့်ဘဝကိုယ် ကျေနပ်ပျော်ရွှင်ပါ🥰
- အကောင်းမြင်စိတ်မွေးပါ🥰
- မိမိကိုယ်ကို ယုံကြည်မှုရှိပါ🥰
- ကိုယ့်ကိုကိုယ် ချစ်တတ်ပါစေ
ဂရုစိုက်တတ်ပါစေ🥰
Skin ရော, လူရော, ဘဝရော
အားလုံးလှလာပါလိမ့်မယ်နော် 😇
Crd:
03/02/2022
၀က်ခြံ breakout ဖြစ်လို့ ဆေးတွေလိမ်းနေရတယ်ဆိုရင် တချို့က သုံးနေတဲ့ skincareတွေ ရပ်ထားရမယ်ဆိုပြီးပြောကြတယ်။
မဟုတ်ပါဘူးနော်။သုံးနေသမျှအကုန်ရပ်ထားစရာမလိုပါဘူး။
🔴ရပ်ထားရမှာတွေက🔴
🙅မိတ်ကပ်ပစ္စည်းတွေရယ်
🙅Active ingredient တွေပါတဲ့ ၀က်ခြံအတွက်ထုတ်ထားတဲ့ skincare အပြင်းစားတွေရယ်
🙅Exfoliating effectပါတဲ့ skincare တွေရယ်
🙅Scrub တွေရယ် ပါ။
🟢မရပ်သုံးရမှာတွေက🟢
💥moisturizer
(ရေဓာတ်ဖြည့်၊အစိုဓာတ်ထိန်းcream)
-၀က်ခြံအတွက်ဆေးတွေ(ပိုးသတ်ဆေး၊အဆီထိန်းဆေး)လိမ်းတဲ့အခါ အသားအရမ်းခြောက်စေတဲ့အတွက် moisturizer နိုင်နိုင်လိမ်းပေးဖို့လိုပါတယ်။
-အဓိက ရေဓာတ်ဖြည့်ပေးတဲ့၊ တခြားဘာ whitening, brightening effect မှမပါတဲ့ basic moisturizer မျိုးလိမ်းပေးသင့်တယ်။
-မျက်နှာကိုရေဓာတ်မခမ်းအောင်သေချာထိန်းသိမ်းဖို့လိုပါတယ်။
📌 Moisturizer Recommendation
- CeraVe daily moisturizing lotion/cream
- Cetaphil moisturizing lotion
- Neutriderm vitamin E moisturizing lotion
- the Ordinary natural moisturizing factor
- Simple hydrating moisturizer
💥နောက်တစ်ခုက နေလောင်ကာ Sunscreen ပါ။
🔥လုံး၀(လုံး၀) မရပ်ရပါဘူး။
လိမ်းကိုလိမ်းရမယ့် must ပါ။
-ဆေးတွေလိမ်းနေတဲ့အခါ အသားရေကနဂိုထက်ကို sensitiveပိုဖြစ်ပြီး အသားရေပါးနေတဲ့အချိန်ပါ။
-ဒီလိုချိန်က နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ ၀က်ခြံတွေပိုဆိုးနေတယ်။
-ဒါကြောင့် နေလောင်မခံရဖို့အရေးကြီးတယ်။
📌 Zinc oxide/Titanium dioxide ပါတဲ့ Physical sunscreen
SPF 30-50 PA +++ ပါတာလိမ်းပါ။
#၀က်ခြံနဲ့ပတ်သက်ပြီးအလွဲများ
#အလှပရေးရာအလွဲများ
30/01/2022
# HM Skincare ကို ဘာကြောင့်ရွေးချယ်သင့်တာလဲ⁉️
🌟အပြစ်အနာဆာတွေကင်းရှင်း စိုပြေ၀င်းပတဲ့
အိမ်မက်တွေကို HM Skincare လေးနဲ့
အသက် သွင်းကြပါစို့လား ‼️
✨အသားရေ ထိန်းသိမ်း ချင်သူတွေအတွက်
ရွေးချယ်ဖို့အသင့်တော်ဆုံး ✨
Baby Skin လေးလို အသစ်တစ်ဖန်ပြန်လည်
မွေးဖွား ပေးမဲ့ အသားရေလေးရဖို့
✨အဆင့်ဆင့် အများကြီး လိမ်းစရာ မလိုဘူး✨
🙋♂️အမျိုးသား
💁♀️အမျိုးသမီး
🤰ကိုယ်ဝန်ဆောင် မိခင် နှင့်
Sensitive Skin များ ပါ သုံးလို့ရပါတယ်
💸💶💴 စျေးနှုန်းလား အရမ်းသင့်တင့်တဲ့
ပမာဏ မှာရှိပါတယ်
🇲🇲 မြန်မာနိုင်ငံ အသိမှတ်ပြု FDA လက်မှတ်
ISO , GMP လက်မှတ်ရ ရှိထားပြီး
🏆 Skin အတွက် ထားရှိပေးထားသော
PACIFIC INSURANCE CPIC (သိန်း2000 )
😍ယုံကြည် စိတ်ချစွာ ရွေးချယ် ဝယ်ယူအားပေး
နိုင်ပါတယ်ကြောင်း 🥰
28/01/2022
မိမိရဲ့ skin ကဘယ်အမျိုးအစားလဲဆိုတာသေချာသိပါသလား ? မိမိ skin အမျိုးအစားကိုသေချာသိမှ skin care ဝယ်တဲ့အခါ မတည့်တာတို့၊ပစ်ရတာတို့မဖြစ်မှာနော်
အနိုကဒီနေ့ မိမိ skin ကိုအလွယ်တကူဘယ်လိုခွဲခြားမလည်းဆိုတာပြောပြပါမယ် အောက်ကပုံလေးကိုကြည့်ပြီးကိုယ့်အသားအရေအမျိုးအစားကို ပုံဖော်ကြည့်လိုက်ရအောင်
မျက်နှာကို ရေဆေးပြီး ခြောက်အောင်သုတ်ပြီး တစ်နာရီလောက်စောင့်ပါ ၊သင့်နှာခေါင်း၊ မေးစေ့၊ ပါးနှင့် နဖူးတို့ကို သန့်ရှင်းသော တစ်ရှူးနဲ့ဖိကပ်ကြည့်ပါ တစ်ရှူးပေါ်တွင် အဆီအကြွင်းအကျန်ရှိမရှိ စစ်ဆေးကြည့်ပါ။
💁♀️Normal skin
တစ်ရှူးပေါ်မှာ အဆီပြန်တဲ့ အကြွင်းအကျန်မရှိဘူး၊အရေပြားက တင်းကျပ်ကျပ်ဖြစ်ခြင်း သို့မဟုတ် ခြောက်သွေ့ခြင်း မခံစားရဘူးဆိုရင် သင့်မှာ ပုံမှန်အသားအရေရှိပါတယ်။
💁♀️Oily Skin
တစ်ရှူးပေါ်မှာ အဆီပြန်ကျန်နေတယ်ဆိုရင် သင့်မှာ အဆီပြန်တဲ့ အသားအရေရှိပါတယ်။သင့်မျက်နှာကဝက်ခြံလည်းပေါက်တတ်ပါတယ်။
💁♀️Dry Skin
တစ်ရှူးပေါ်မှာ အဆီပြန်တဲ့ အကြွင်းအကျန်မရှိပေမယ့် သင့်အသားအရေက တင်းတင်းကျပ်ကျပ်နဲ့ မညီမညာဖြစ်နေတယ်လို့ခံစားရရင် သင့်မှာ ခြောက်သွေ့တဲ့ အသားအရေရှိပါတယ်။
💁♀️Combination skin
ပေါင်းစပ်အသားအရေဆိုတာကတော့သင့်အသားအရေသည် ခြောက်သွေ့ပြီး အဆီပြန်နိုင်တယ် မျက်နှာအစွန်းတစ်ဝိုက်ခြောက်သွေ့ ကြမ်းတမ်းပေမဲ့ T-zone (နဖူး၊ နှာခေါင်းနှင့် မေးစေ့)တစ်လျှောက် အဆီပြန်နိုင်ပြီးT-zone ဧရိယာတွင်းမှာချွေးပေါက်များရှိပါတယ်။
💁♀️Sensitive Skin
အကယ်၍ သင့်တွင် ထိခိုက်လွယ်သော အသားအရေရှိလျှင် သင့်အရေပြားသည် နီရဲလာပြီး ယားယံလွယ်ပါတယ်။
💁♀️Aging Skin
သင့်အရေပြားမှာ အစင်းကြောင်းများ သို့မဟုတ် အရေးအကြောင်းများကို မြင်ရလျှင် သင့်တွင် အိုမင်းရင့်ရော်သော အသားအရေရှိပါတယ် အသက်ငယ်သူများမှာလည်းတွေ့ရနိုင်ပါတယ်။
ကဲ..ဒီလောက်ဆိုရင် မိမိ skin အမျိုးစားကို
သိသွားလောက်ပြီထင်ပါတယ်နော် 😘❤️
Credit to original uploader
27/01/2022
Skin care အသားကုန်လုပ်တယ်ပြောပြီး sunscreen မလိမ်းဘူးလို့ပြောရင် စိတ်ဆိုးပါမယ် 😒
တော်တော်များများက sunscreen ကို skin cancer မဖြစ်အောင်ကာကွယ်ဖို့လောက်ပဲထင်ကြတာ တကယ်တော့အဲ့ထက်ပိုပြီးကျယ်ပြန့်ပါတယ်ရှင့်
နေရောင်ခြည်မှာ rays နှစ်မျိုးရှိပါတယ် UVA rays နဲ့ UVB rays ဆိုပြီးရှိပါတယ် UVB rays ကတော့ မှန်တွေကနေဖောက်ထွက်နိုင်ပါတယ် skin cancer တို့ sunburn ဖြစ်စေနိုင်ပါတယ် UVA rays ကတော့ blemish တွေဖြစ်မယ် အရေးအကြောင်းတွေပိုဖြစ်မယ် ဝက်ခြံအမာရွတ်တွေပါပိုဆိုးလာနိုင်တယ်
🥺ဝက်ခြံသမားတွေ sunscreen သုံးသင့်လား
ပိုသုံးသင့်ပါတယ်နော် ကိုယ်ကဝက်ခြံပျောက်အောင် AHA BHA တွေအစရှိတဲ့ active ingredient တွေသုံးတဲ့အခါ skin ရဲ့ sensitivity ပိုမြင့်လာတဲ့အတွက် sunscreen မလိမ်းရင် acne တွေကအခြေအနေပိုဆိုးလာနိုင်ပါတယ်
💕Sunscreen မှာပါတဲ့ SPF ဆိုတာ UVB cover ကိုဆိုလိုတာဖြစ်ပြီး PA ဆိုတာ UVA protection level ကို ပြောတာပါ PA +များလေ higher protection ဖြစ်လေပါပဲ
🥺Sunscreen အမျိုးအစား 2 မျိုးရှိပါတယ်
Physical နဲ့ chemical ဆိုပြီး
❤️Physical sunscreen က skin ပေါ်မှာတင်ပြီး လာသမျှ rays တွေကို block လုပ်ပေးတယ် လိမ်းလိုက်တာနဲ့ ချက်ချင်း respond လုပ်ပြီး cover ပေးတယ် blend ရခက်တယ် (eg Dr.G sunscreen)
❤️Chemical suncscreen ကစိမ့်ဝင်လွယ်တယ် ဒါပေမယ့် skin ထဲရောက်ပြီးမှ ကျလာတဲ့ UV rays တွေကို skin မပျက်စီးစေတဲ့ အပူအဖြစ်ပြောင်းလဲပေးတယ် (eg espoir sunscreen)
❤️Sunscreen ကို အပြင်မထွက်ခင် min 30 လောက်ကြိုလိမ်းမှ အပြင်ထွက်ရင် fully cover ဖြစ်မှာပါရှင့်
❤️Reapply ကလည်းအရေးကြီးပါတယ်နော် every 2 hour လို့ပြောထားပေမယ့် ခင်ကအပြင်မထွက်ခါနီးမှ reapply ပြန်လုပ်ပါတယ် လုံးဝမလိမ်းတာထက်စာရင်တော့ ကိုယ်လိုမယ်ထင်သလောက်သာလုပ်ပါ
❤️Sunscreen လိမ်းပြီးရင် double cleansing သေချာလုပ်ဖို့တိုက်တွန်းပါတယ်နော်😘
18/01/2022
𝗖𝗵𝗹𝗼𝗮𝘀𝗮𝗺𝗮 ခေါ် တင််းတိပ် ပြဿနာ
တင်းတိပ် ဟာ သက်လက်ပိုင်း အမျိုးသမီးတွေ ကနေ သက်ကြီးပိုင်း အမျိုးသမီးများမှာ အများဆုံး ဖြစ်တတ်ပါတယ်။
✔️နေရောင်ခြည်ဒဏ်အများဆုံး ထိတွေ့ရသူများ
✔️ကိုယ်ဝန်ဆောင် အမျိုးသမီးများ
✔️ အသားခြောက်တတ်သူများ
✔️မျိုးရိုးအရ တင်းတိပ်ရှိသူများ
✔️ဟောမုန်း မညီသူများ တွင် အများဆုံး ဖြစ်လေ့ရှိပါတယ်။
တင်းတိပ်ကကုသရတာ အချိန်ကြာမြှင့်ပါတယ်
အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့ ကုသပေးဖို့တော့ လိုအပ်ပါတယ်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
တင်းတိပ်အတွက် အကောင်းဆုံး Skincare Set
𝗛𝗠 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 𝗙𝗼𝗮𝗺𝗶𝗻𝗴 𝗖𝗹𝗲𝗮𝗻𝘀𝗲𝗿 150 𝑚𝑙
𝗛𝗠 𝗔𝗹𝗰𝗼𝗵𝗼𝗹 𝗙𝗿𝗲𝗲 𝗧𝗼𝗻𝗲𝗿 150 𝑚𝑙
𝗛𝗠 𝗛𝘆𝗮𝗹𝘂𝗿𝗼𝗻𝗶𝗰 𝗔𝗰𝗶𝗱 20/30 𝑚𝑙
𝗛𝗠 𝗟𝗮𝘃𝗲𝗻𝗱𝗲𝗿 𝗦𝘂𝗻𝗰𝗿𝗲𝗮𝗺 50 𝑔
𝗛𝗠 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗖 𝗦𝗵𝗲𝗲𝘁 𝗠𝗮𝘀𝗸 30𝑚𝑙*5
ဒါလေးတွေကို စွဲသုံးပေးရင် တင်းတိပ် ပြဿနာကို အမြန်ဆုံး သက်သာစေမှာပါ📣
( လက်တွဲလိုသူများ နွယ်ရဲ့cbမှာ အသေးစိတ်လေးစုံစမ်းလို့ရပါတယ်နော် 🙆🏼♀️)
ရောင်းသူကျန်သုံးသူတန် တဲ့ HM skincare}
HM Skincare Myanmar
HM Soap 6500ks
HM Collagen Foam - 16000ks
HM Enzyme cleancer 15000ks
HM Alcohol Free Toner - 15000ks
HM Liquid 20ml / 3oml - 14500ks / 21000ks
HM Sunscream 28500ks
HM Sheet Mask 30ml - 12500ks
Crd
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
MayMyo
Maymyo
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 21:00 - 20:00 |
| Sunday | 09:00 - 20:00 |