ACM commestics

ACM commestics

Share

beauty perfect

Photos from ACM commestics's post 23/12/2021

အသုံးတည့်မယ်ထင်တာလေးတွေ ဝင်saveသွားကြ😍

Photo crd😍

23/12/2021

ိမ်းပဲနူးညံ့ချောမွေ့တဲ့အသားအရေလေးရရှိဖို့ဆိုတာ

မိတ်ကပ် လိမ်းကျံထားခြင်းမရှိဘဲ အမျိုးသမီးတိုင်း သဘာဝလှပမှု ကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ပြီး ကျန်းမာအောင် ဆောင်ရွက်ပေးဖို့တော့ အရေးကြီးပါတယ်။ Foundation မသုံးဘဲ နူးညံ့ချောမွေ့တဲ့ အသားအရေလေး ရရှိဖို့ဆိုရင်တော့ ဖော်ပြပါ နည်းလမ်းလေးတွေ လိုက်နာဖို့တော့ လိုအပ်ပါတယ်။

၁) ရေသောက်ပါ

လူသားများရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ၆ဝ% ဝန်းကျင် ရှိပါတယ်။ ရေကို တစ်နေ့ ၂လီတာခန့် သောက်သုံးပေးခြင်းဟာ ကျန်းမာခြင်းကို ဖြစ်စေရုံသာမကဘဲ ကိုယ့်ရဲ့အသားအရေကိုလည်း စိုပြေစေမှာပဲ ဖြစ်ပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ အဆီများရရှိစေဖို့ ရေအလုံအလောက်သောက်ပေးခြင်းဖြင့်လည်း ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ဝက်ခြံထွက်ခြင်းတို့ကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

၂) အသားအရေစိုပြေစေသော အစားအစာများ စားပါ

Anti-oxidant ကြွယ်ဝတဲ့ အစားအစာများ စားသုံးပေးခြင်းမှ ရရှိလာတဲ့ အကျိုးကျေးဇူးတွေက အများအပြားပါပဲ။ ဒီအကျိုးကျေးဇူးတွေထဲမှာ အသားအရေကြည်လင်တောက်ပစေခြင်းလည်း အပါအဝင် ဖြစ်ပါတယ်။ ဟင်းနုနွယ်၊ သံပရိုသီး၊ ဘလူးဘာ်ရီသီးများ၊ မက်မွန်သီး နဲ့ ငါးတို့ပဲ ဖြစ်ကြပါတယ်။ သင့်ရဲ့ diet plan ထဲမှာ အသီးအရွက်များကို ဖြည့်စွက်ချက်တစ်ခုအနေနဲ့ ထပ်ပေါင်းထည့်ပေးသင့်ပါတယ်။

၃) မိမိရဲ့အသားအရေအကြောင်းကို နားလည်ပါ

မိမိရဲ့ အသားအရေဟာ ဘယ်လိုအသားအရေ အမျိုးအစားဖြစ်ပြီး ဘယ်လိုတုံ့ပြန်မှုတွေ ရှိတတ်တယ်ဆိုတာကို နားလည်သဘောပေါက်ပါစေ။ ရေဓာတ်ဖြည့်ချင်တာပဲ ဖြစ်စေ၊ အဆီပြန်တဲ့ အသားအရေကို ဖယ်ရှားရှင်းလင်း ချင်တာပဲဖြစ်စေ၊ အရေးအကြောင်းတွေကို လျော့နည်းချင်တာပဲ ဖြစ်စေ မိမိရဲ့အသားအရေနဲ့ သင့်လျော် လိုက်ဖက်အဆင်ပြေစေတဲ့ ကုန်ပစ္စည်းကို ရှာဖွေသင့်ပါတယ်။

၄) Exfoliation ပြုလုပ်ပါ

Foundation အသုံးပြုရခြင်းရဲ့ အကောင်းဆုံး အချက်တွေထဲက တစ်ခုကတော့ အသားအရေကို ညီညာအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ အသားအရေဟာ ညီညာမှု မရှိဘဲ ဟိုတစ်ကွက် ဒီတစ်ကွက်ဖြစ်နေမယ် ဆိုရင်တော့ မိတ်ကပ်နဲ့ ဖုံးအပ်ခြင်းဟာ လုပ်ဆောင်သင့်တဲ့ အချက်တစ်ခု မဟုတ်ပါဘူး။ မနက်ခင်းတိုင်းမှာ exfoliation ပြုလုပ်ပေးမယ်ဆိုရင်တော့ အသားအရေ ညီညာခြင်းကို ရရှိစေတဲ့အပြင်အသားအရေကိုလည်း နူးညံ့ချောမွေ့စေပါတယ်။

၅) skin care ပြုလုပ်ခြင်းကို နေ့စဉ် အလေ့အထတစ်ခုအနေနဲ့ ဆောင်ရွက်ပါ

မိမိရဲ့အသားအရေအတွက် အကောင်းဆုံး Cleanser ကို ရှာတွေ့ပြီဆိုရင်တော့ နေ့စဉ် အလေ့အထတစ်ခု အနေနဲ့ ဆောင်ရွက်ပေးသင့်ပါတယ်။ မနက်ခင်း အိပ်ရာထချိန်နဲ့ ညဘက် အိပ်ရာမဝင်ခင် တစ်နေ့နှစ်ကြိမ် မိမိရဲ့ အသားအရေကို cleansing လုပ်ပေးသင့်ပါတယ်။ နေ့စဉ်အလေ့အထ တစ်ခုအနေနဲ့ ပြုလုပ်ပေးခြင်းဟာ အသားအရေ ရောင်ရမ်းခြင်းကို ကာကွယ်ပေးပြီး အညစ်အကြေးများနဲ့ အမည်းကွက်တွေကို ဖြစ်စေတဲ့ အဆီပိုတွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်


အလှအပနဲ့ ဆိုင်ရာ ဗဟုသုတ တွေကိုမျှဝေပေးမှာမို့ page ကို like&follow လေးလုပ်ထားပါရှင့်

23/12/2021

မိန်းကလေးတိုင်း မဖြစ်မနေ ဖတ်ပြီး မိမိ မိတ်ဆွေတွေကိုပါ သိရအောင် share ပေးပါနော် 🥰🥰
အမှား ၇ ချက် ဖြစ်တဲ့ Skincare နည်း

ကိုယ်သတိမထားဘဲ လုပ်မိနေတဲ့ Skincare နည်းအမှား ၇ ချက်

ဒီခေတ်မှာအားလုံးက အသားအရေလှဖို့ နံပါတ် ၁ ဦးစားပေးပြီး skincare နေကြတယ်နော်

Skincare အကောင်းစားတွေသုံးပြီး skincare နည်းတွေမှားနေရင်တော့ ထိရောက်မှာမဟုတ်ဘူးပေါ့ 🙅🙅

Daily skincare routine မှာ သတိမထားဘဲလုပ်မိနေတတ်တဲ့ အမှားလေးတွေကို သတိထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်

1 📌မကြာခဏ မျက်နှာသစ်တာ
မကြာခဏ မျက်နှာသစ်တဲ့အခါ အဆီပြန်တာနဲ့ ဝက်ခြံဖြစ်တာကို လျော့သွားစေမယ်လို့ အထင်မှားတတ်ကြတယ်။
တကယ်တော့ မကြာခဏမျက်နှာသစ်ခြင်းက အပေါ်ဆုံးအရေပြားကိုပါးသွားစေပြီး အဆီပိုထွက်စေပါတယ်။
အဲ့ဒီအဆီတွေက ချွေးပေါက်တွေကို ပိတ်တော့ ဝက်ခြံပိုဖြစ်ပြီပေါ့။
တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်/ အများဆုံး ၃ ကြိမ်သာ မျက်နှာသစ်ပေးသင့်ပါတယ်။

2 📌မျက်လုံးနားတစ်ဝိုက်ကို ပွတ်ဆွဲသန့်စင်တာ
Eye makeup remover သုံးတဲ့အခါ မျက်လုံးတစ်ဝိုက်က အရေးအကြောင်းတွေကြားထဲ မိတ်ကပ်ကျန်မှာစိုးပြီး ပွတ်ဆွဲသန့်စင်တာက အရေပြားကိုထိခိုက်သလို အရေးအကြောင်းတွေပိုဖြစ်စေပါတယ်။
Makeup removerစိမ်ထားတဲ့ ဂွမ်းစကို မျက်လုံးနား (မိမိသန့်စင်ချင်တဲ့နေရာ) မှာ အချိန်အနည်းငယ် ဖိတို့ထားပါ။
ပြီးတော့မှ အသာအယာသန့်စင်ပေးပါ။

3📌 ကိုယ့်အသားအရေနဲ့မကိုက်တဲ့ပစ္စည်းကိုသုံးမိတာ
ပေါ်သမျှပစ္စည်းလိုက်သုံးနေမယ်ဆိုရင်တော့ အသားအရေက ဘယ်တော့မှကောင်းလာမှာမဟုတ်ပါဘူး။
အသားအရေနဲ့ကိုက်ညီတဲ့ product ကိုတွေ့ပြီဆို စွဲပြီးသာသုံးပါတော့နော်။
မကြာခဏပြောင်းသုံးလို့မကောင်းတဲ့ထဲမှာ မိမိ skincare လည်းပါပါတယ်။

4 📌တကိုယ်လုံး ဆပ်ပြာမြှုပ်ထနေအောင်တိုက်တာ
ခန္ဓာကိုယ်တစ်ခုလုံး နေရာလပ်မကျန် ဖုန်တက်လာတာမဟုတ်ဘူးလေ 😬 တစ်ကိုယ်လုံးကို ဆပ်ပြာမြှုပ်တွေထနေအောင်တိုက်မယ့်အစား လိုအပ်တဲ့နေရာပဲသုံးပေးပါ။
အနံ့ဆိုးထွက်တတ်တဲ့ နားနောက်/ ဂျိုင်းကြား/ ပေါင်ကြား စတဲ့နေရာတွေကို ဆပ်ပြာများများနဲ့ သန့်စင်ပေးပြီး ကျန်တဲ့နေရာတွေကို ပုံမှန်သာသုံးပေးခြင်းဖြင့် shower gel ကို save လုပ်ရအောင်နော်

5📌 Skincare လုပ်တဲ့အခါ ပမာဏအများကြီးသုံးတာ
အများကြီးသုံးရင် skin ပိုကောင်းလာမယ် ဘယ်သူပြောလဲ ပိုက်ဆံအပိုကုန်မယ့်အလုပ်တွေပါနော်။
ဘယ် skincare product ပဲသုံးသုံး လိုအပ်သလောက်ပမာဏကိုပဲသုံးပေးပါ။
နဖူး ပါးနှစ်ဖက် မေးစေ့ နှာခေါင်းတို့မှာ အစက်လေးတွေချပြီး ဖြန့်ပေးရုံနဲ့ အဆင်ပြေပါတယ်။

6 📌မိတ်ကပ်မဖျက်ဘဲအိပ်တာ
မကြာခဏဖြစ်လေ့ရှိတယ်နော်။
ပင်ပန်းပြီး ပြန်လာတဲ့အခါ ခဏဆိုပြီး တညလုံးမိတ်ကပ်ကြီးနဲ့အိပ်လိုက်မိဝာ 😖 အသားအရေကိုအရမ်းပျက်စီးစေပါတယ်။
တစ်နေကုန်မိတ်ကပ်လိမ်းထားတာက အဆီဂလင်းနဲ့ချွေးဂလင်းကိုပိတ်စေပါတယ်။
တစ်ညလုံးသာဆိုရင်တော့.....😬
ဒါကြောင့် အပြင်ကပြန်ရောက်တာနဲ့မိတ်ကပ်ဖျက်ပါ။
ဘယ်လောက်ပဲပင်ပန်းနေပါစေ ၅ မိနစ်လောက်တော့ အချိန်ယူပြီး ဂရုတစိုက်လုပ်ပေးပါ

7 📌Skincare လုပ်ပြီးတာနဲ့ တန်းအိပ်တာ
Skin ကို care တာလား? ခေါင်းအုံးကို care တာလား? မသဲကွဲဘူး
skincare လုပ်ပြီးတန်းအိပ်ရင် product တွေကအသားထဲစိမ့်မဝင်ဘဲ ခေါင်းအုံးထဲပဲဝင်သွားပါလိမ့်မယ်😅
မအိပ်ခင် ၁ နာရီအလိုမှာ skincare လုပ်ပေးပါ။
Skincare ပြီးရင် အိပ်မချပါနဲ့။ Product တွေအသားထဲသေချာစိမ့်ဝင်ပြီးမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပါ။

23/12/2021

🥰 Collagen သောက်ချင်ပေမယ့် collagen အကြောင်း သေချာမသိသေးတဲ့ သဲလေးတို့အတွက်

Collagen အကြောင်းသိကောင်းစရာ
----------------------------------------------------
🍓Collagen ဆိုသည်မှာ လူတိုင်းအတွက်
တကယ့် ကိုမရှိမဖြစ် လိုအပ်တဲ့
Protein အမျိုးအစားတစ်ခုဖြစ်ပါတယ်။

🍓မိန်းကလေးသာမက ယောကျာ်းလေးတွေပါ အသက် ၂၀ကျော်ရင် Collagen ဓာတ်ဆုံးရှုံးလို့ အသားရေနှင့် ခန္ဓာကိုယ် အရိုးအဆစ်တွေ
ပျက်စီးစေပါတယ်။

🍓ဒါအပြင် လေဒဏ် /နေဒဏ်တို့ နှင့်
အခြား chemical ပါသောပစ္စည်းများ
သုံးစွဲလိမ်းခြယ် မှုကြောင့် အသားရေဟာ
ပျက်စီးသထက် ပိုမိုပျက်စီးလာပါတယ်။
ဒါတွေကို အကောင်းထိရောက်စွာ
ပြန်လည် ပြုပြင်ပေးဖို့ Collagen ဓာတ်
ပြန်လည် ဖြည့်တင်းပေးဖို့ လိုအပ်လှပါတယ်။

🧉Collagen သောက်သုံးခြင်းဖြင့် ရလဒ်တွေကတော့..

👩‍🦰Collagenဟာ အသားရေကို တင်းရင်းကာ ကျစ်လစ်သွယ်လှ စေရုံသာမက
ကိုယ်ခန္ဓာရှိအရိုး အဆစ် Joint လေးများ
တစ်ခုစီကိုသန်မာစေပြီး ကြံ့ခိုင်စေပြီး
ဆံပင်ပျက်စီးနေခြင်း။ ဆံပင် အရှည်နှေးခြင်းတို့ကိုပါ
ထိရောက်စွာကောင်းမွန်စေပါတယ်။ဒါ့အပြင်
ဆံပင် ပျက်စီးပြီး နှစ်ခွဖြစ်ခြင်းကိုလည်း
သက်သာစေပါတယ်။

💅ဆံပင်သာမကလက်သည်း။
ခြေသည်းလေးတွေကိုပါ အားဖြည့်ပေးလို့
အမြဲပန်းရောင်သန်းပြီးကျန်းမာတဲ့
လက်သည်းလေးတွေပိုင်ဆိုင်စေပါတယ်။

👱‍♀️မျက်နှာ အသားရေပေါ်ရှိ မှဲ့ခြောက် နဲ့
အမဲစက်များကိုလည်း သိသိသာသာ ပျောက်ကင်းလာစေပြီး ဝင်းမွတ်ဖြူစင်လာစေပါတယ်။
နေလောင်လို့ အသားရေ မညီညာခြင်း နှင့်
အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာသော အရေးအကြောင်းများနှင့် အိပ်ရေး ပျက်ခြင်းကြောင့်
မျက်ကွင်းညိုခြင်းတို့ကိုပါ ပျောက်ကင်းစေပါတယ်။

🍓Collagen သောက်သုံးခြင်းဟာ
Plastic Surgery လုပ်သလိုပင် အသားရေကိုတင်းရင်းလှပစေ နိုင်သောတစ်ခုတည်းသော အန္တရာယ်ကင်းလှတဲ့ နည်းလမ်းတစ်ခုပါ
အသားရေတင်းရင်းလာတဲ့ အတွက်
မျက်နှာ မေးရိုးရှိ ကြွက်သားများတင်းရင်း လို့
ပိုမို နုပျိုလှပသော V-Shape မျက်နှာ
အနေအထား ကို ရရှိစေပါတယ်။

🌺Collagen ကို အခြား မိမိစားသုံးသော အစားအစာ / အဖျော်ရည် တို့နှင့်လည်း
တွဲဖက်စားသောက် နိုင်လို့ အချိန်ပေးပြီး
သောက်စရာမလိုပါဘူး။

⏰ဘယ်အချိန်တွေ သောက်ရင်
ပိုသင့်တော်မလဲ❓
----------------------------------------------------

💥Collagen ဟာ အသားရေကောင်းမွန်
လှပဖို့ သာမက ကျန်းမာရေးကိုလည်း
အထောက်အကူပြုလို့ နေ့ ။ည အချိန်မရွေး
သောက်သုံးနိုင်ပါတယ်
မနက်ပိုင်း အစာနဲ့အတူ သောက်ခြင်းဖြင့်
ကျန်းမာသန်စွမ်း ပြီး တစ်နေ့လုံး လန်းဆန်း
တတ်ကြွမှုရှိစေပါတယ်။

💥ညပိုင်းအိပ်ခါနီး အစာစားပြီး
သောက်ရင်တော့ တစ်ညလုံး မျက်နှာ နှင့့်
ကိုယ်ခန္ဓာအသား အတွက်အထိရောက်ဆုံး
ပြုပြင်ပေးလို့ မနက်မိုးလင်းတာနဲ့
ကြည်လင် ဝင်းမွတ်နေတဲ့ အသားလေးကို
ရရှိစေမှာပါ။

💥 လစဉ် ပုံမှန် Collagen သောက်တဲ့သူတိုင်းအမြဲနုပျိုကျန်းမာနေရုံသာမက အစဉ်လန်းဆန်းတက်ကြွ နေလို့ နဂိုရှိရင်းစွဲအသက်ထက်
၁၀နှစ်နီးပါးငယ်ရွယ်နုပျိုနေသလို
ထင်ဟပ်စေပါတယ်။

💥ဒါကြောင့် Collagen ကို အသက် ၂၀ ကျော်မှ စပြီး လစဉ် သောက်သုံးသွားမယ် ဆိုရင်
စိုပြေ တင်းရင်းသော အသားရေကို
အမြဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်လို့ သောက်ဖို့
အကြံပေးလိုက်ပါတယ်နော်

💓Collagenက စွဲသောက်သင့်လား ???🤔

အနဲဆုံး ၃လလောက် သောက်ပေးသင့်ပါတယ်။ ၃လပြီးရင် ၂လလောက်ခြား ပြန်သောက်
အဲ့လိုလုပ်ပေးရပါမယ် ၃လလောက်သောက် ပြီးရင်တော်တော်သိသာသွားပါပြီ ၂လလောက် ကြာတဲ့ထိ အသားအရည်လှနေမှာပါရှင့်

06/12/2021

တင်းတိတ်နဲ့ပတ်သက်လို့
သိထားသင့်တဲ့အချက် လေးတွေ
သိသလောက်လေး ပြန်မျှဝေ ပေးပါရစေ.
——————————
- တင်းတိတ်က ဝက်ခြံထက် ပိုပြီးပျောက်ကင်းဖို့ အချိန်ယူရပါတယ်.

- တင်းတိတ်ဆိုတာ မျက်နှာအရေပြားအတွင်းကနေ မယ်လမင် (Melanin)ဓါတ်တွေ ထုတ်လွှတ်တာကနေ Balance မညီဘဲ အညိုကွက်တွေ ဖြစ်လာတာမျိုးပါ.

- အမျိုးသမီးဟော်မုန်းဓါတ်တွေ ထုတ်လွှင့်များရင် မယ်လမင်ဓါတ်တွေ များတာမို့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်.

ဒါဆို ဘယ်သူတွေမှာ တင်းတိတ်လေးတွေ
အဖြစ်များတတ်လဲ ????
🔸🔸🔸🔸🔸🔸🔸🔸🔸

🔺နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရတာ
များတဲ့သူတွေ
🔺ပူလွန်းအေးလွန်းတဲ့ နေရာဒေသတွေမှာ
နေရတဲ့သူတွေ
🔺ကိုယ်ဝန်ဆောင်နဲ့ သန္ဓေတားဆေးတွေသောက်သုံးခဲ့တဲ့သူတွေမှာ ပိုအဖြစ်များတတ်
ပါတယ်.

အဲဒီတင်းတိတ်တွေ မဖြစ်အောင်၊ နည်းနည်းချင်း သက်သာလျော့ပါးသွားအောင် ဘယ်လိုလုပ်
ကြမလဲ.
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
⛔️ဥပမာ - အဝတ်တခုကို မလျော်ဘဲပစ်ထားတာ
ကြာရင် အညစ်အကြေးတွေက အမည်းကွက်တွေပဖြစ်လာပြီး တခါတည်းလျော်ရုံနဲ့ ဖြူဖွေး မသွား
နိုင်ပါဘူး.

⛔️အဲ့လိုပဲ ကိုယ့်မျက်နှာပေါ်မှာ နှစ်ရှည်လများ စွဲနေတဲ့ တင်းတိတ်တွေကို ပျောက်ဖို့ဆို အရင်ဆုံးကစိတ်ရှည်ရပါမယ်.

⛔️အခုချက်ချင်းပျောက်မယ်ဆိုတာမျိုးတွေကို
ရှောင်ပါ.
ဉုံဖွ အမြန်ပျောက်ဆေးတွေ သုံးလိုက်တဲ့အခါ ကိုယ့်အသားအရေနဲ့များ ဓါတ်မတည့်ခဲ့ရင်
တင်းတိတ်တွေ ပိုများလာတတ်ပါတယ်.

✅ ရေများများသောက်ပါ.

✅မျက်နှာသစ်ဆေးကို ရေနဲ့အဆီဓါတ်မျှတစွာပါဝင်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ.

✅အပြင်သွားတိုင်း SPF ပါတဲ့ နေရောင်ခြည်
အကာအကွယ်ပေးတာတွေ သုံးပါ.

✅ညအိပ်ခါနီးတိုင်း Moisture ပါတဲ့
Night Cream လေးတွေ သုံးပေးပါ.

တကယ်လို့ သဘာဝနည်းလမ်းတွေ သုံးချင်တယ်
ဆိုရင်တော့ -
♻️ငှက်ပျောသီးတစ်လုံး, ဒိန်ချဉ်ရိုးရိုး ၂ ဇွန်း,
သံပုရာရည် ၃ ဇွန်းကို ရောမွှေပြီး လိမ်းပေးပါ.

♻️မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပေးပါ

♻️တပတ် (၂) ကြိမ်ခန့် ပြုလုပ်ပေးပါ.

♻️Skin Care သုံးချင်တယ်ဆိုရင်တော့
ကိုယ်နဲ့သင့်တော်တဲ့ FDA ရပြီးသား
Skim Care Brand များကို
ရွေးချယ်အသုံးပြုပေးပါ

❇️ သဘာဝနည်းလမ်းပဲ သုံးသုံး

❇️ Skin Care ပဲ သုံးသုံး စိတ်ရှည်ရှည်နဲ့
ပုံမှန်လေး သုံးပေးမယ်ဆိုရင်
(၁) လကနေ (၂) လအတွင်းမှာ တင်းတိတ်တွေ
ပါးပြီး အသားအရေ ကြည်လင်လာပါတယ်.

အားလုံးပဲ ကြည်လင်ဝင်းပပြီး
တင်းတိတ်ကင်းစင် တဲ့ မျက်နှာလေးတွေကို
ပိုင်ဆိုင်နိုင်ကြပါစေ❤️

03/12/2021

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်ဆိုတဲ့ စကားလုံးက ဒီဘက်ခေတ်မှာ ကြားရများတဲ့ စကားလုံး တစ်လုံးဖြစ်လို့ လူတိုင်းနဲ့ သိပ်မစိမ်းတော့ပါဘူး။ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့် ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဒီလို အသားအရေ ကျန်းမာလှပစေဖို့ သောက်တဲ့အခါ ကော်လာဂျင်ကို မနက် သောက်တာ ကောင်းတယ်။ ည အိပ်ရာ မဝင်ခင် သောက်တာ အထိရောက်ဆုံး ဆိုပြီး အမျိုးမျိုး ပြောဆိုကြတာတွေ ရှိပါတယ်။ ဒီ မက်ဆေ့ခ်ျတွေကြောင့် ကော်လာဂျင်ကို ဘယ်လို သောက်ရမလဲ ဆိုပြီး ခေါင်းခြောက်နေကြပြီလား။

ဒါဆိုရင်တော့ ဒီဆောင်းပါးလေးမှာ ကော်လာဂျင် သောက်တာနဲ့ ပတ်သက်လို့ သိချင်နေမယ့် အကြောင်းလေးတွေကို ပြောပြပေးသွားပါမယ်။

ကော်လာဂျင် ဆိုတာ
ကော်လာဂျင် ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်း တစ်မျိုး ဖြစ်ပြီး အရေပြား၊ အရိုး၊ ကြွက်သား၊ အရိုးနု၊ အရွတ်၊ သွေးကြော နဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးထားပါတယ်။
ကော်လာဂျင်နဲ့ မေးခွန်းများစွာ
ကော်လာဂျင်နဲ့ ပတ်သက်ပြီး သိချင်နေမယ့် မေးခွန်း များစွာ ရှိနေနိုင်ပါတယ်။

ကော်လာဂျင်က အလှအပ အတွက်ပဲလား …
တကယ်ကတော့ ကော်လာဂျင်က အလှအပအတွက်ပဲ အရေးပါတာမဟုတ်ပါဘူ။ ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားတဲ့ ကြွက်သား၊ အရေပြား၊သွေး၊ အရိုး၊ အရိုးနု နဲ့ အရွတ်အပါအဝင် အစာအိမ်နဲ့အူလမ်းကြောင်းတွေကိုပါ ကျန်းမာစေနိုင်ပါသေးတယ်။

ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အဆစ်တွေနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ပြောပြချင်တဲ့ အချက်တစ်ခုကကော်လာဂျင်က အသားအရေလှရုံ၊ ဆံသားတွေသန်စွမ်းရုံ နဲ့ လက်သည်းခြေသည်းလေးတွေ ကျန်းမာရုံဆိုတာထက် ပိုတယ်ဆိုတာပါ။

ကော်လာဂျင်ကို ဘယ်အချိန်မှာ သောက်မလဲ …
ကော်လာဂျင်ကို မနက်စာ မစားခင် သောက်တာ ကောင်းတယ်။ ည အိပ်ရာမဝင်ခင် သောက်တာ ကောင်းတယ်လို့ ထင်ကြပါတယ်။ တကယ်ကတော့ ကော်လာဂျင်ကို ဘယ်အချိန်မှာ သောက်သောက် ကော်လာဂျင်ရဲ့ အာနိသင်ကတော့ မပြောင်းလဲပါဘူး။ ဒါကြောင့် ကော်လာဂျင်ကို မနက်ခင်း မနက်စာ မစားခင်မှာ သောက်လို့ ရသလို ညအိပ်ရာ မဝင်ခင်လည်း သောက်လို့ ရပါတယ်။

ကော်လာဂျင် သောက်ပြီးရင် ရေသောက်ရမလား …
ကော်လာဂျင်ကို သောက်ပြီးတဲ့အခါ အာနိသင် ပိုထိရောက်စေဖို့ ရေတစ်ခွက် ထပ်သောက်ပေးကြပါတယ်။ ဒါကြောင့် ကော်လာဂျင် သောက်ပြီးတဲ့အခါ ရေသောက်တာက အသားအရေအတွက် ပိုကောင်းသလို ခန္ဓာကိုယ်ကိုလည်း ပိုကျန်းမာစေပါတယ်။

ကော်လာဂျင်ကို ကော်ဖီနဲ့ သောက်ရမလား …
ကော်လာဂျင်ကို ကော်ဖီနဲ့ တွဲသောက်လို့ ရပါတယ်။ ဒါပေမယ့် ကဖင်း များတာက ဆဲလ်တွေ ကော်လာဂျင် စုပ်ယူနိုင်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ကော်လာဂျင်ကို သောက်ရင် အကောင်းဆုံးက ရေအေး ဒါမှမဟုတ် ဗီတာမင် C ကြွယ်ဝတဲ့ သစ်သီး ဖျော်ရည်တွေနဲ့ သောက်တာက ထိရောက်မှု အားကောင်းပါတယ်။

ကော်လာဂျင်ကို နေ့တိုင်း သောက်ရမလား …
ကော်လာဂျင်ကို နေ့တိုင်း သောက်လို့ ရသလို တစ်ရက်ခြား တစ်ထုပ် ဒါမှမဟုတ် ဖြစ်နေတဲ့ အရေပြား ပြဿနာတွေ အပေါ် မူတည်ပြီး သောက်ရမှာပါ။ ဥပမာ ဝက်ခြံ ထွက်တယ်ဆိုရင် တစ်နေ့ တစ်ထုပ် သောက်ရမယ်။ ဝက်ခြံ အမာရွတ် သက်သာစေချင်တယ်ဆိုရင် တစ်ရက်ခြား တစ်ထုပ် သောက်ရမယ် စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။

ကော်လာဂျင်ကို အရေပြား ပြဿနာတွေ တင်မကဘဲ အစာခြေစနစ် ကျန်းမာစေဖို့ရော အရိုးအဆစ်တွေ ကျန်းမာစေဖို့ပါ အသုံးပြုလို့ ရပါတယ်။ ဒီတော့ အသားအရေ ကျန်းမာစေဖို့ ကော်လာဂျင်ကို သောက်သုံးတဲ့ အမျိုးအစားအလိုက် အညွှန်းအတိုင်း သောက်သုံးသင့်ပါတယ်။

Photos from ACM commestics's post 03/12/2021

💦💦Scrub လုပ်တိုင်း ကောင်းသလား…????

😊အသားအရေကို ကြည်လင်စေဖို့ Scrub လုပ်ကြတယ်နော်။ Scrub လုပ်တာက အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ 💦💦ဒါပေမယ့် Scrub ကို နည်းစနစ် မှန်မှန်လေး လုပ်တတ်မှလည်း အသားအရေက ကျန်းမာကြည်လင်မယ်ဆိုတာ မမေ့ပါနဲ့။

💦💦Scrub လုပ်တာ အသားအရေကို ဘယ်လို အထောက်အကူပြုလဲ

အသားအရေကို ပုံမှန် Scrub လုပ်တာက အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။ ဆဲလ်သေတွေက အရေပြားပေါ်မှာ အလွှာတစ်ခုအနေနဲ့ ရှိနေကြပြီး အရေပြားရဲ့ အာဟာရစုပ်ယူနိုင်စွမ်းကို အဟန့်အတားဖြစ်စေနေပါတယ်။

ဆဲလ်သေတွေ အရေပြားပေါ်မှာ များလာတဲ့အခါ အသားအရေက ရေဓာတ်မပြည့်ဝတာ၊ အရွယ်မတိုင်ခင် အိုမင်းတာတွေ ဖြစ်လာနိုင်သလို အရေပြား ပိုးဝင်ကူးစက်လွယ်တာမျိုး ဖြစ်လာနိုင်ပါတယ်။

အရေပြား အပေါ်ယံလွှာ ကျန်းမာဖို့က အရေးကြီးပါတယ်။ ဒီလိုပြောရတာက အရေပြား အပေါ်ယံလွှာက ခန္ဓာကိုယ်ရဲ့ ရှေ့တန်းခံတပ်ပါ။ အရေပြားက အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ခံနိုင်ရည် နည်းလာပါတယ်။ ဒီလိုအခြေအနေမှာ အရေပြားက လိုအပ်တဲ့ အာဟာရတွေ စုပ်ယူနိုင်စေဖို့ အရေပြားကို သေချာလေး Scrub လုပ်ဖို့ လိုပါမယ်။

💦အရေပြားကို Scrub လုပ်တဲ့အခါ အသားအရေက

ချောမွေ့မယ်

နူးညံ့မယ်

အာဟာရစုပ်ယူမှု ကောင်းမယ်

သက်တောင့်သက်သာ ရှိမယ်

ချွေးပေါက်တွေ ပွင့်မယ်

အစိုဓာတ် ထိန်းပေးတယ် စတဲ့ အသားအရေကို အထောက်အကူပြုနိုင်တဲ့ အကျိုးကျေးဇူးကောင်း များစွာကို ရရှိစေနိုင်ပါတယ်။

💦💦Scrub လုပ်တိုင်းကောင်းရဲ့လား……….

Scrub က တစ်ပတ်ကို နှစ်ကြိမ်ဆိုတာက အများဆုံး လုပ်သင့်တဲ့အကြိမ်ပါ။ အသားကြည်တယ်ဆိုပြီး နေ့တိုင်းလုပ်တာက အသားအရေ ကြည်လင် ကျန်းမာစေဖို့ထက် အသားအရေကို ထိခိုက်စေဖို့ ပိုဖြစ်စေနိုင်ပါတယ်။

💦နောက်တစ်ချက် သတိထားရမှာက Scrub လုပ်ပြီးတိုင်း အသားအရေကို ပြန်လည် ရေဓာတ်ဖြည့်ဖို့ပါ။ ဒါမှ ဘေးကင်းပြီး အသားအရေကို ကျန်းမာစေနိုင်တဲ့ Scrub လေးဖြစ်တော့မှာပါ။ Scrub လုပ်တဲ့အခါမှာလည်း သဘာဝ ပစ္စည်းတွေနဲ့ လုပ်တဲ့ Scrub ရှိသလို ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့ Scrub တွေလည်းရှိပါတယ်။ ဘယ်လို Scrub အမျိုးအစားဖြစ်ဖြစ် တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ် အများဆုံး ၂ ကြိမ်က အလွန်ဆုံးပါ။ ဓာတုပစ္စည်းတွေပါဝင်တဲ့ Scrub တွေဆိုရင် တစ်ပတ်ကို တစ်ကြိမ် သူတို့ညွှန်တဲ့ အညွှန်းအတိုင်း လုပ်တာ အဆင်အပြေဆုံးပါ။

💦💦Scrub လုပ်တာက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားရာရောက်သလို ချွေးပေါက်တွေကို ပွင့်စေပြီး အသားအရေကို ကြည်လင်စေမှာပါ။ အသားအရေကို လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံး စုပ်ယူနိုင်အောင် ထောက်ပံ့ပေးမှာ ဖြစ်တာကြောင့် အသားအရေကို ကျန်းမာစေမှာပါ။ 💦💦ဒါပေမယ့် ထပ်တစ်ခေါက်ပြောချင်တာက အသားအရေ ထိခိုက်မှုကင်းစေဖို့ တစ်ပတ်ကို ၂ ကြိမ်ထက်ပိုပြီး Scrub မလုပ်ကြပါနဲ့။

💦💦💦Scrub ကို လိုတာထက် ပိုလုပ်မိတဲ့အခါ

Scrub လုပ်တာက အသားအရေအတွက် အထောက်အကူပြုတယ် မှန်ပေမယ့် လိုတာထက် ပိုလုပ်မိတဲ့အခါ အရေပြားက ခံနိုင်ရည် နည်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ရှေ့တန်းခံတပ်ဖြစ်တဲ့ အရေပြားကို ထိခိုက်စေမှာပါ။ တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း Scrub ကို အသားဖြူချင်ဇောနဲ့ နေ့တိုင်းနီးပါး လုပ်နေမယ်ဆိုရင်

အရေပြား ပါးတာ

အသားအရေ လောင်တာ

အရေပြား နီမြန်းတာ

စပ်ဖျဉ်းဖျဉ်း ဖြစ်တာ

ခြောက်သွေ့တာ

အဖက်တွေ ကွာတာ

အရွယ်မတိုင်ခင် အိုမင်းတာ

ဝက်ခြံတွေ ထွက်တာ

ရှိပြီးသား ဝက်ခြံတွေ ပိုဆိုးလာတာ

💦💦အရေပြား ပိုးဝင်ကူးစက်တာ လိုမျိုး အရေပြားပြဿနာတွေ ဖြစ်လာနိုင်သလို အသားအရောင် ပြောင်းတာ၊ အမဲကွက်တွေ ဖြစ်တာလိုမျိုး ပြင်းထန်တဲ့ အရေပြား ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်သာ Scrub လုပ်ပါ။ Scrub လုပ်တဲ့အခါ လက်ချောင်းထိပ်လေးတွေ သုံးလို့ ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တာမျိုး မလုပ်ပါနဲ့။ Scrub လုပ်ပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးဖို့ သတိရပါ။
😊သိပြီဆိုတော့ ဆောင်စရာရှိတာ ဆောင်ပြီး ရှောင်စရာရှိတာရှောင်ကြမယ်နော်

Photos from ACM commestics's post 01/12/2021

photo crd #

Photos from ACM commestics's post 30/11/2021

ဆံပင်အရှည်မြန်ချင်တဲ့မိန်းခလေးများအတွက်

ဆံပင်တွေဟာ ပုံမှန်အားဖြင့် တလကို ½ လက်မ နဲ့
တနှစ်ကို 6 လက်မခန့် ပျမ်းမျှရှည်လေ့ရှိပါတယ်။
ဒါပေမယ့် Jar ကတော့ တလကျော်နဲ့ကို
ဆံပင် 1 လက်မလောက်ရှည်လာပါတယ်။ ဒါဘာကြောင့်လဲ?
ဆံပင်အရှည်မြန်ချင်ရင် ဘယ်လို tips တွေကို လိုက်နာရမလဲ?
ဆိုတာလေး ဒီနေ့ မျှဝေပေးချင်ပါတယ်။

(၁) ဦးရေပြားအားကောင်းအောင်၊ ကျန်းမာအောင်လုပ်ပါ။

မြေဆီလွှာကောင်းမှ အပင်ထွားနိုင်တာဖြစ်သလို ဦးရေပြားကျန်းမာမှ ဆံသားအရှည်မြန်လာနိုင်မှာပါလို့ပြောရင်မမှားပါဘူးမွေးညင်းပေါက်ပိတ်ဆို့တာမျိုးမရှိရဘူး၊အညစ်အကြေးအထပ်ထပ်မဖြစ်ရဘူး၊ လိုအပ်တဲ့ nutrients တွေရနေနိုင်ရမယ်။ အဲ့အတွက် ဦးရေပြားနဲ့ကိုက်ညီတဲ့ Shampoo ကောင်းကောင်းတခုအပြင် Scalp Tonic တခုခုပါသုံးပေးဖို့အကြံပေးချင်ပါတယ်။

(၂) အစာအာဟာရ

Vitamin D, Zinc, Iron, Omega 3 and 6 ဓါတ်‌ချို့နည်းရင် ဆံပင်ပိုကျွတ်တတ်ပါတယ်။ Supplement တွေ တခုချင်းစီလိုက်သောက်တာထက် အစာအာဟာရကိုပဲ ပြည့်ပြည့်ဝဝစားသုံးပေးပါ၊ ပရိုတင်းစားပါ။ အရမ်းပြင်းထန်တဲ့ အစားအသောက် Diet ပုံစံတွေကိုရှောင်ပေးပါ။

(၃) ဆံပင်အဖျားတွေကိုဂရုစိုက်ပါ။

တနည်းပြောရရင် hair mask အမြဲသုံးပါ။ shampoo ကြောင့် အားနည်းသွားတဲ့ဆံသားတွေကို ချက်ချင်းပြန်ဂရုစိုက်ပြီး အာဟာရဓါတ်ဖြည့်ရင်း အကာအကွယ်ပေးလိုက်ဖို့က hair mask/ treatment တွေရဲ့တာဝန်မလို့ပါပဲ။

(၄) အပူဒဏ်‌ကိုဂရုပြုပါ။

Styling tools တွေ၊ hair dryer တွေသုံးတဲ့အခါ ဆံသားပျက်စီးမှုအနည်းဆုံးဖြစ်စေဖို့ဂရုစိုက်ပေးရပါမယ်။ အပူခံ spray ဒါမှမဟုတ် lotion တခုခုလိမ်းပြီးမှ ဖြောင့်၊ ကောက်၊ ပုံသွင်းပေးပါရန်။

(၅) Scalp Massage လုပ်ပါ။

နှိပ်နယ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းစေလို့ ဆံသားတွေဆီကို Oxygen နဲ့ Nutrients ပိုရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ ဦးရေပြားနာကျင်မှုကိုမဖြစ်စေတဲ့ ဘီးမျိုးနဲ့ တနေ့ ၂ မိနစ်ခန့် ဘီးဖြီးရင်း နှိပ်နှယ်ပေးလို့ရပါတယ်။

မျိုးရိုးဗီဇကလည်း ဆံပင်အရှည်မြန်နှုန်းနဲ့ အလွန်သက်ဆိုင်နေတာမို့ အရှည်မမြန်ရင်တောင်ဒီ tips လေးတွေကိုလိုက်နာရင်း ကျန်းမာတဲ့ဆံသားတွေကို ပိုင်ဆိုင်ရရှိစေနိုင်မယ်လို့ယုံကြည်ပါတယ် 🥰

Want your business to be the top-listed Beauty Salon in Maymyo?
Click here to claim your Sponsored Listing.

Website

Address


Maymyo