Htike Htike Min
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htike Htike Min, Health/Beauty, Maymyo.
05/06/2023
ရက်သုံးသောင်းခန့်သာ
******************
လူ့တစ်သက်၊ ရက်သုံးသောင်းခန့် သာ
ကိန်းဂဏန်း မြင်လိုက်တာနဲ့ ကျွန်တော် လန့်သွားခဲ့သည်။
လူ့ဘဝက တကယ်ပဲ ရက်
သုံးသောင်းပဲ ရှိတာလား။
မယုံလို့ တွက်ကြည့်လိုက်
တယ်။
30,000 365 =83(နှစ်)
တကယ် ၈၃နှစ်ထိ အသက်ရှင် ခဲ့ရင်တောင်
ပျှမ်းမျှ ရက် ၃သောင်းပဲ ရှိပါသည်။
ဒါတောင်
ကျွန်တော်တို့
ရက်ပေါင်း ဘယ်လောက်
ကို
မသိမသာကျော်ခဲ့ သလဲဆိုတာပြန်မနှုတ်
ကြည့်ရသေးပါဘူး။
ကျွန်တော် အစက
လူ့ဘဝကို ဖာသိဖာသာ ပဲထင်ခဲ့တာ။
ဒီနေ့ပြီး မနက်ဖြန်။
မနက်ဖြန်ပြီး သန်ဘက်ခါ။
သန်ဘက်ခါပြီးဖိန်းနွှဲခါပေါ့။
ဒါပေမယ့်
ဒီ ကိန်းဂဏာန်းကိုမြင်ပြီးတဲ့နောက်ပိုင်းမှ
လူ့ဘဝဟာ တိုတိုလေးပါလားဆိုတာ သိလိုက်ရ
တယ်။
သင် ငြိမ်ငြိမ်လေးထိုင်ပြီး
တွေးခဲ့မိဖူးသလား။
သင့်ရဲ့ဘယ်နှစ်ရက်က ပျော်ရွှင်ခဲ့လဲ?
ဘယ်နှစ်ရက်ကမပျော်ရွှင်ခဲ့သလဲ ?
ဘယ်နှစ်ရက်က ဒေါသ
ထွက်ခဲ့သလဲ ?
ဘယ်နှစ်ရက်က ငြိမ်ငြိမ်သက်သက်ဖြတ်
သန်းခဲ့လဲ ?
ဘယ်နှစ်ရက်က
ပြီးပြည့်စုံတယ်ခံစားရလဲ ?
ဘယ်နှစ်ရက်က
အထီးကျန်တယ် ထင်ရသလဲ ?
ဘယ်နှစ်ရက်က
မိမိကိုယ်ကိုယ် အတွက်လဲ?
ဘယ်နှစ်ရက်ကသူတစ်ပါး
အတွက် ဖြစ်ခဲ့သလဲ ?
ဒီလောက်
လူ့ဘဝ ရက်ပေါင်းတိုတိုလေး အတွင်းမှာ....
ဘယ်လို အခိုက်အတန့်တွေက
တန်ဖိုးအရှိဆုံးအချိန်တွေလဲ?
လူ့ဘဝဟာ
တန်ဖိုးရှိမှန်း ကျွန်တော်တို့သိကြပါတယ်။
ဒါပေမယ့် ဘယ်နှစ်ယောက်ကများ
တန်ဖိုးထားပေးတတ်ကြလို့လဲ ??
ဒါ့ကြောင့်
ကျွန်တော်တို့
တစ်ရက် အသက်ရှင်နိုင်သရွေ့
တစ်ရက် မိမိကိုယ်ကို ဘယ်လိုမြတ်နိုးရမလဲဆိုတာ
တွေးတတ်ဖို့လိုမယ်။
လူ့ဘဝ ရက်သုံးသောင်းရဲ့
ကုန်ခါနီးကျမှ
နောင်တရနေလဲ မထူးတော့ပါ။
မိမိကိုယ်ကို နေရာလွတ်ပေးထားပါ။
မိမိရဲ့ အချိန်တွေကို
အလုပ်က တစ်ကန့်..
မိသားစုက တစ်ကန့်
အပေါင်းအသင်းမိတ်ဆွေတွေကတစ်ကန့်
ကိုယ်ပိုင်အနားယူချိန်ကတစ်ကန့် ခွဲထားပါ။
မိမိကိုယ်ကို
မြတ်နိုးတတ် ချစ်တတ်ပြီး
အမြင်များပြောင်းလဲကြည့်ပေးပါ။
အချိန်တန်လို့ဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင်ကို
အကောင်းမြင်စိတ်နဲ့ကြည့်ပေးပါ။
ကောင်းကင်က ဒီလိုပဲပြာတယ်။သစ်ပင်တွေက ဒီလိုစိမ်းစိုတယ်။ မိုးက ဒီလိုပဲရွာတယ်။
လူ့ဘဝဟာလည်း
တကယ်တော့...:..
ဒီလိုပဲလှပတယ်။
ရက် ၃ သောင်းမှာ
သင့်အတွက်
ရက် ဘယ်လောက်ပဲကျန်တော့လဲ??
တစ်ရက်ဆိုတာ ခဏလေးပါပဲ။
ကျန်နေသေးတဲ့
ရက် လေးတွေမှာ
အရာရာကိုအကောင်းမြင်စိတ် ရှိကြပါစေ။
Copy
27/05/2023
"မိန်းကလေးတိုင်းဖတ်ပါ စကားလက်ဆောင်"
မိန်းကလေးတိုင်း လှလှပပလေးနေပါ
ပေါ့ပါးလွှတ်စွာ ဘဝ ကိုရှင်သန်နိူင်ဖို့
ဗဟုသုတ ရှိမယ့် စာတွေလည်း ဖတ်ရမယ်
ပြီးတော့ ကိုယ့်အားကို ကိုးပြီး အလုပ်လည်းလုပ်ပါ။
မိန်းကလေးဆိုတာ အလှအပလည်း မက်တယ်
ခန္ဓာကိုယ် အလှအပကြောင့် ဘဝ မလှတဲ့ အဖြစ်တော့
အမြဲသတိထား စည်းကမ်းရှိရှိနေထိုင်ပါ။ သန့်ရှင်းမူနဲ့
အမြဲတမ်း သပ်ရပ်မူစွာ လှလှလေးနေတတ်ဖို့ မမေ့ပါနဲ့
မိန်းကလေးတစ်ယောက်က သပ်ရပ် သန့်ရှင်းမူတွေ နဲ့
လှလှပပနေခြင်းက ကိုယ့်ကိုကိုယ် ယုံကြည်မူတိုးစေပါတယ်။
မိန်းကလေးဆိုတာ ဒီကမ္ဘာမြေကြီးရဲ့မိခင်ဖြစ်လို့
အတတ်နိူင်ဆုံး ချိန်ပေးပြီး အသိပညာရစေမယ့်
ခွန်အား ရှိစေမယ့် စာပေတွေကို ဖတ်ရူလေ့လာသင့်တယ်။
စာဖတ်တဲ့ မိန်းကလေး တစ်ယောက်ဟာ
အမြဲတမ်း တက်တက်ကြွကြွနဲ့ လန်းဆန်းစေတယ်
တညျငျွိမျရငျ့ကကြျမူတှရှေိတဲ့ ဘဝကို ပိုင်ဆိုင်ရစေတယ်။
စိတ်နှလုံးသား လှပပြီး သိမ်မွေ့နူးညံ့လာ စေတယ်။
ဘဝရဲ့ လောကဓံ ကိုပြုံးပြုံးလေးနဲ့ ရင်ဆိုင်နိူင်စေတယ်။
ကိုယ့်ကိုကိုယ် အားနွဲ့တဲ့ မိန်းမသားတစ်လောက်နဲ့မတူအောင်
စိတ်ဓါတ်တွေလည်း ကြံခိုင်သန်မာလာ စေတယ်။
မိန်းကလေးဆိုတာ သနားကြင်နာတတ်တဲ့စိတ်
ကိုယ်ချင်းစာနာစိတ်နဲ့ ကူညီတတ်တဲ့ စေတနာ
ခွင့်လွှတ်နားလည်ပေးနိူင်တတ်တဲ့ သေဘာထား
ရိုးသားဖြုစင်တဲ့ နှလုံးသား ပိုင်ရှင်ဖြစ်နေဖို့လည်း
အလွန်အရေးကြီးပါတယ် တခါတစ်လေ ဘဝမှာ
အားနာတတ်တဲ့ လူနဲ့ ရိုးသားတဲ့လူတွေတွက် လက်ဆောင်
အဖြစ် ဆုံးရှူံးမူ တွေရတတ်တယ် အခြေနေအရ ဘာကိုပဲ
စွန့်လွှတ်ရ စွန့်လွှတ်ရပါစေ..ရိုးသားတဲ့ အကျင့်စာရိတ္တရယ်
လှပတဲ့ အပြုံးတွေရယ် ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေရယ်
ဘယ်တော့မှ မစွန့်လွှတ်ရဘူး..အဲဒီအရာတွေက ဘဝ ကို
လှပစေဖို့ ပံံ့ပိုးပေးနေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေချည်ပါ
အနာဂတ် ဘဝမှာ အလှတရားတွေ ပိုရှိလာစေမှာပါ။
မိန်းကလေးဆိုတာ ဘယ်လောက်ပဲပြည့်စုံချမ်းသာနေပါစေ
မေတ္တာရေး လူမူရေး ငွေရေး ကြေးရေး ပညာရေး အရပါ
သူတပါးကို အားကိုးရရင် ကိုးရမယ် ဒါပေမယ့် အကောင်းဆုံး
ကတော့ သိက္ခာရှိရှိနဲ့နေပြီး ကိုယ့်အားကို အားကိုးခြင်းပါပဲ.
မိန်းကလေးဆို ခက်ခဲမူနဲ့ကြုံတိုင်း အတွေးများတယ်
အတွေးအခေါ်ကစပြီး ပြုပြင်ပြောင်းလဲနိူင်ရမယ်
အလုပ်တစ်ခုကို အာရုံစူးစိုက် လုပ်သင့်တယ်။
ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိူင်ရမယ်
လောကကြီးမှာ ခေါင်းမော့ ရင်ကော့ပြီးနေနိူင်ရမယ်
ဘဝ ကိုပေါ့ပျက်ပျက်နဲ့ လုံးဝ မနေပါနဲ့ ကိုယ့်ဘဝကို
ပဲ့ကိုင်ထိန်းကျောင်းနိုင်တဲ့ မိန်းကလေးတစ်ယောက်
ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားပြီး နေထိုင်ရမယ်။
ဒါကြောင့် စာပေ ဗဟုသုတ နဲ့ အနည်းဆုံးမှာ နေပါ
မိန်းကလေးတစ်ယောက်က ဆင်းရဲတဲ့ ဘဝကို
ကြောက်တာမဟုတ်ဘူး ပိုက်ဆံတွေက လူ စကား
မပြောပေမယ့် လူ တွေကတော့ ပိုက်ဆံစကားတွေ
ပြောပြီး အဆင့်တန်းတွေ ခွဲခြား အထင်သေးတဲ့
အကြည့်တွေနဲ့ နိမ်တတ်တဲ့ လူ တွေရဲ့ မကြျနှာဆျိုး
တွေရဲ့ အောက်မှာ မျက်နှာငယ်ပြီး မနေနိူင်လို့ပဲ
မိန်းကလေးတစ်ယောက်ရဲ့ အရည်အချင်း
မိန်းကလေးတစ်ယောက်ရဲ့ ကိုယ့်ကျင့်တရားနဲ့ တန်ဖိုး
မိန်းကလေးတစ်ယောက်ရဲ့ စည်းကမ်းနဲ့ သိက္ခာ ရှိခြင်း
မိန်းကလေးတစ်ယောက်ရဲ့ အလှဆုံး အပြုံး ဒါတွေက
တနေ့ကျရင် ပတ္တမြား ကြားက အကောင်းဆုံး စိန်တစ်ပွင့်
ဖြစ်လာစေရမယ် ငွေရောင်လက်ပတ် နာရီတွေကြားက
တောက်ပြောင်နေတဲ့ ရွှေရောင်နာရီလေး ဖြစ်လာစေရမယ်
ရောင်စုံပန်းတွေကြားက အနံအသင်းဆုံး တော်ဝင် သဇင်ပန်း
လေး ဖြစ်စေရမယ် လို့ ယုံကြည်မူ အပြည့်ရှိထားပါ
ဒီလောက်ဆို လုံလောက်ပါပြီ။
လောကကြီးရဲ့ နတ်သမီးလေးတွေရေ..
မိမိတို့ရဲ့ဘဝကို စာဖတ်ခြင်းများဖြင့်မိတ်ဆွေဖွဲ့ပါ
ပညာရှာပြီး စိတ်ဓာတ်ခွန်အားတွေ မွေးပါ
စာအုပ်စာပေ တွေနဲ့ အဖော်ပြုပါ
ပျော်ရွှင်ချမ်းမြေ့ကြ ပါစေ..🙏🙏🙏
Credit
Click here to claim your Sponsored Listing.
Category
Website
Address
Maymyo