May Myo Mini Oway Taxi Service
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Myo Mini Oway Taxi Service, Circular Road, Maymyo.
21/12/2023
စောစောစီးစီး 🛺
20/11/2023
🌧️
19/11/2023
11/ 19/ 2023
မိုးထဲ ၊ ရေထဲ စုပေါင်းဘုံကထိန်ပွဲ
လုပ်အား ၊ ငွေအား တတ်နိုင်သလောက် ပါ၀င်ခွင့်ရလို့
မျိုးဆက်သစ်အသင်းနဲ့အတူ ဂုဏ်ယူ မှတ်တမ်းတင်အပ်ပါတယ်ဗျာ 🙏🙏🙏
18/11/2023
မဂ်လာပါဗျ 🙏🙏🙏
မျိုးဆက်သစ် မီနီအိုးဝေ အသင်းကြီးရဲ့ ပထမအကြိမ် သင်းလုံးကျွတ် တွေ့ဆုံပွဲ နှင့် မိတ်ဆုံစားပွဲ ကို Elegalt Hotel တွင် 17 11 23 ရက်နေ့ မှာကျင်းပပြုလုပ်ခဲ့ပီး ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှု သက်သာတဲ့ဈေးနှုန်းနဲ့ ခရီးသည်များသွားလိုရာကို အန္တရာယ်ကင်းရှင်းစွာ ပို့ဆောင်ပေးပို့သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ဗျာ 🙏🙏🙏
# Pyin Oo Lwin
# May Myo Mini Oway Taxi Service
# Hotel Elegalt
# May Myo
Page အသစ်လေးမို့ Like & Follow ပီးကူညီပေးပါအုံးဗျ
☎️☎️☎️ - 09 777 680 064
- 09 969 826 479
- 09 263 956 993
14/11/2023
ခရီးသည် ပို့ရင်း နေ့လည်စာ စားချိန်
နောက်ကျတဲ့ နေ့လေးတစ်နေ့ ထပ်တိုးပြန်ပီပေါ့
🛺🛺🛺
အားလုံး ဘေးရန်ကင်းပါစေဗျာ 🙏🙏🙏
11/11/2023
✅ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့မှ (၂၈)ရက်နေ့ ထိပြင်ဦးလွင်မြို့၊ မီးပုံးပျံကွင်း၌
✅ ဝင်ကြေး(အခမဲ့)ဖြင့် (မနက် ၉:၀၀ မှ ည ၁၁:၀၀)နာရီ
✅ အများပြည်သူအားလုံးလွတ်လပ် ပျော်ရွှင်စွာ
✅ လာရောက်ပါဝင်ဆင်နွှဲ နိုင်ရေးအတွက်
✅ (၅)ရက်တိုင်တိုင် အစီအစဥ် ကောင်းများဖြင့်
✅ စည်ကားသိုက်မြိုက်စွာ
✅ ယခင်နှစ်များနှင့်မတူ တမူထူးခြားစွာ
✅ ကျင်းပသွားမှာ ဖြစ်ပါတယ်ခင်ဗျာ.... 📣📣📣
✅✅ ✅ ပါဝင်ကျင်းပမည့်အစီအစဥ်များ -✅ ✅ ✅
⚜ ရှမ်းရိုးရာအကအလှများနှင့် တေးဂီတဖျော်ဖြေရေးများ
⚜ ကျောက်ဆည်ဆင်အကအလှများ
⚜ မြန်မာသံစဥ်တေးဂီတဖျော်ဖြေရေးအစီအစဥ်များ
⚜ DJ အစီအစဥ်များ
⚜ ကံစမ်းမဲအစီအစဥ်များ
⚜ ကလေးများအတွက် ကစားကွင်းများ (ပင်လယ်ဓါးပြနှင့် ချား၊ရဟက်များ)
⚜ ကုန်စည်ပြပွဲများ
⚜ စည်ကားသောဈေးရောင်းပွဲတော်နှင့် အရောင်းပြခန်းများစသည့်
⚜စိတ်ဝင်စားဖွယ်ရာ အစီအစဥ်ကောင်းများစွာဖြင့် စီစဥ်ကျင်းပသွားမည်ဖြစ် ပါသည်။
🥇🥇🥇အခြားနှစ်များနှင့်မတူသော Show ပွဲ(ဝင်ကြေး အခမဲ့)🥇🥇🥇
🏆🏆🏆သီဆိုဖျော်ဖြေမည့် နိုင်ငံကျော်အနုပညာရှင်များမှာ
👑👑နိုင်ငံကျော်အဆိုတော်များဖြစ်သည့် 👑👑
👑 မျိုးကျော့မြိုင်၊ ထူးအယ်လင်း၊ မိုးမိုး၊ ပူစူး၊ မီ၊
👑👑နိုင်ငံကျော်ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များ ဖြစ်သည့်👑👑
👑နေရဲ ၊ ပွင့်နဒီမောင်၊ မုဏ်း၊ ခြူးစစ်ဟန်
👑ခင်လှိုင်နှင့် ဟာသ သရုပ်ဆောင်များ
👑 MC ဆန်းထွဋ်
✅ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အဖွဲ့အနေဖြင့် လိုအပ်သည့်
✅လုံခြုံရေးဆိုင်ရာ အစီအမံများအား သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်
✅ စဉ်ဆက်မပြတ် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်နေသောကြောင့်
✅ပွဲတော်သို့လာရောက်မည့် မည်သူ့ကိုမဆို အဆင်ပြေချောမွေ့စေရန်
✅အပြည့်အဝ တာဝန်ယူပါကြောင်း ထပ်မံသတင်းစကားပါး ပါရစေခင်ဗျာ.....
🛒🛒🛒မီးပုံပျံပွဲတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလိုသော ရပ်ဝေး/ရပ်နီး မိဘပြည်သူများနှင့်
🛒🛒🛒မီးပုံပျံကျင်းပမည့် ကွင်းတွင် ဆိုင်ခန်း နေရာ ဝယ်ယူလိုသော မိဘပြည်သူများဖြင့် နေ့စဉ်စည်ကားလျက်ရှိပါကြောင်း အောက်ပါပုံတွင် တွေ့မြင်နိုင်ပါသည်။
🛒🛒🛒ဆိုင်ခန်းနေရာများ ဝယ်ယူလိုပါက အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်နိုင် ပါတယ်ခင်ဗျာ... (viber,FB Chat Box,etc....)တို့တွင်လဲ လွတ်လပ်စွာမေးမြန်းနိုင်ပါတယ်ခင်ဗျာ.....
☎️092044552
☎️092045094
☎️09888867830
☎️09888967866
10/11/2023
နေ့စဉ် အိုးဝေခေါ်ယူ အလုပ်ပေးကြသော ထမင်းရှင်အပေါင်း ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ
🙏🙏🙏
မြေကွက်များလဲ အမြန်ရောင်းထွက်ပါစေဗျာ ❤️
31/10/2023
မဂ်လာပါ မေမြို့ 🙏🙏🙏
5 AM
29/10/2023
နှစ်ရက်တိတိ အိုးဝေခေါ်ယူ
အလုပ်ပေးသွားတဲ့ ဦးလေး ၊ အန်တီနဲ့အမ တို့ကို
အထူးကျေးဇူးတင်ပါတယ်ဗျာ🙏🙏🙏
မဂ်လာပါဗျာ 🙏🙏🙏
28 / 29 / 30
အော်ဒါလေးပြည့်သွားပါပီဗျာ
ယုံကြည်စွာဆက်သွယ် အလုပ်ပေးသော ထမင်းရှင်
များအားလုံး ကျေးဇူးတင်ပါတယ်ဗျာ 🙏🙏🙏
26/10/2023
ကိုယ်စုလို့ ရသလောက်လေးဆိုတော့ အလည်လာတဲ့ ဧည့်သည်တွေကော စျေးရောင်းအလုပ်လုပ်နေကြတဲ့ အိမ်ရှင်တွေရော အဆင်ပြေဖို့ ရည်ရွယ်ပါတယ်။
Review / Blogger မဟုတ်လို့ ကြော်ငြာစာမျက်နှာကို ကြော်ငြာပုံစံပဲ ကြည့်ပေးကြပါ။ တကယ်အသုံးဝင်တာတွေ အကုန် တတ်နိုင်သလောက် စုစည်းပေးထားပါတယ်။ လွတ်လပ်စွာ ရှဲနိုင်ပါတယ်။
(Update အမြဲ လုပ်နေလို့ နံပါတ်စဉ်တွေ ပြောင်းနေမှာပါ။)
ပြင်ဉီးလွင်မှာ စားမလား သွားမလား list တွေ စုစည်းမှု
1. Bလမ်းက ပဲပြားအသားသွပ်နဲ့ ပဲနို့ဆိုင်သစ် 'တရုတ်ကြီး'
2. စကောထမင်း၊ ယူနန်ဟော့ပေါ့၊ သံပုံးကြက်ကင်ကောင်းတဲ့ ချစ်ဆွေနောက်လမ်းက 'ဝမ်လီစားဖွယ်စုံ Pyin Oo Lwin'
3. ငါးဖယ်အစာသွပ်၊ အာပူ၊ ခေါက်ဆွဲသုပ် ရန်ကုန်စာလေးတွေ ရတဲ့ ဗိုလ်ချုပ်လမ်း၊ မေသရဖူအလှပြင်ဆိုင်နားက 'ခိုင်ခိုင်'
4. Be A Queen For A Day ဆိုတဲ့စကားအတိုင်း အနားယူမယ်ဆို Luxury ဆန်တဲ့ 'May Myo Spa'
5. ဈေးသင့်ပြီး တနေရာထဲ အကုန်လုပ်လို့ အဆင်ပြေစေမယ့် ပန်းအိနားက 'The Concepts Nail & Beauty Spa'
6. ကန်တော်လေးဘေးမှာ ခေါက်ဆွဲပြုတ်နဲ့ လူငယ်ကြိုက်အစားအစာလေးတွေ ဈေးသက်သက်သာသာနဲ့ စားမယ်ဆိုရင် 'Nan Daewi Food Center Pyinoolwin'
7. ရေချမ်းအိုးက ပန်းချီပြခန်း Symphony art gallery
8. နေရာထိုင်ခင်း ကျယ်ကျယ်နဲ့ မြို့သစ် ကံ့ကော်လမ်းမှာ အသစ်ဖွင့်လှစ်ထားတဲ့ 'ကိုရွှေ Cafe'
9. ဘူဖေးဆို အကင်ကော ဟော့ပေါ့ကော စုံတဲ့ Heaven (မြို့ပတ်လမ်း)
10. မုံရွာကနေ အသစ်လာဖွင့်တဲ့ ဈေးတန် လက်ရာကောင်း လူကြိုက်များတဲ့ မချိုမီးမီးဆီဆိုင်ရှေ့က 'စန္ဒာအောင် Bar & Restaurant B.B.Q
11. ကဗျာဆန်ဆန်နဲ့ Black Gold ဆီဆိုင်နောက်က Nail & Beauty ဆိုင်လေး 'Reem'
12. အခုဆို ပြင်ဉီးလွင်မှာပါ အသစ်ဖွင့်လိုက်တဲ့ Bamboo Korean BBQ (တုံဂပူရီဟိုတယ်နား)
13. အလှအပဆို တနေရာထဲ လူကြိုက်များတဲ့ 'IDA Beauty Saloon & Nail Spa' (22လမ်းထိပ်မှာ တစ်ဆိုင်. ၁၆လမ်းထိပ်မှာ တစ်ဆိုင်'
14. အနီးစခန်းက ထင်းမီးနဲ့ ကြော်တဲ့ ရှေးလက်ရာ ခေါက်ဆွဲကြော် သိဂီရွှေဝါ(၂)
15. မီးဘယ်လိုပျက်ပျက် အမြဲလိုတဲ့ Wifi အတွက် UPS စက်ဆို 'Global UPS'
16. တုံဂပူရီဟိုတယ် အပေါ်ဆုံးထပ် ကောင်းကင်ကျယ်ကြီးနဲ့ စားမယ် သောက်မယ်ဆိုရင် 'Tungapuri Sky Lounge - Pyin Oo Lwin'
17. ပင်လယ်စာဟင်းပွဲတွေ သံပြားကင်18. အစုံဆုံး ဈေးတန် စားကောင်းဆို 'ဓနစံ - BBQ & Seafood Restaurant'
19. Rottweiler ခွေးလေးတွေ မွေးချင်တယ်ဆိုရင် Piccolo Kennel
20. ဂျုံရွက်နဲ့ ထုပ်စားရတဲ့ ဘဲကင်၊ တရုတ်အစားအစာဆို Best Friend (ချယ်ရီလမ်း ကာဗာနန်းတော်နား မြတ်လေးလမ်းက)
21. မြို့လယ်ရွှေစည်းခုံကျောင်း တောင်ဘက်က လူငယ်ကြိုက် ဈေးသက်သာတဲ့ ဟော့ဒေါ့၊ အထောင်း၊ မာလာစုံတဲ့ 'ခေတ်စတား -ရသာသစ်'
22. မြို့သစ်ထဲ ချယ်ရီလမ်းပေါ်က 'TGI' ဟော့ပေါ့နှင့် အကင် (ဘူးဖေးမဟုတ်)
23. ပုံစားနဲ့ အမဲစွပ်ပြုတ်ခေါက်ဆွဲကောင်းတဲ့ KBZ ဘဏ် ၁ နားက 'Muse Thu - Pyin Oo Lwin'
24. Rottweiler ခွေးလေးတွေ မွေးချင်တယ်ဆိုရင် Kennel Alpha - POL
25. ပြည်တော်သာ ၂ လမ်းထဲ ဆံပင်နဲ့ ပတ်သက်ရင် စိတ်ချရတဲ့ 'Golden Angel Hair & Beauty' (အမျိုးသမီး သီးသန့်)
26. ကျန်းမာရေးအတွက် ဆေးခန်းဆို ဈေးလေးမီးပွိုင့်အနီး နေလှိုင်းကဖေးဘေးက 'Care And Care - Family Health Care Clinic and Diagnostic Center'
27. ရိပ်သာလမ်း One Star KTV နားက ကျန်းမာရေးနဲ့ညီတဲ့ မြန်မာအညာအိမ်ချက် ဖက်ထမင်းဟင်းစားမယ်ဆို 'အေးလပြည့် ဖက်ထမင်း'
28. ဂေါက်ကွင်းအကျော်က တနေကုန် ထိုင်လို့ကောင်း ဈေးတန် စားးကောင်း အစုံရတဲ့ လက်ဖက်ရည်ဆိုင်ဆို 'Lan San Aung Cafe and Restaurant'
29. Export အထည်တွေ အနွေးထည်တွေ ဈေးတန် ကွာလတီကောင်းနဲ့ဆို C လမ်းထဲက '9 Color'
30. ပင်လယ်စာတွေ အစုံစားမယ်ဆို လမ်း ၂၀ ထဲက 'ရွှေလာဘ် ပင်လယ်စာ မျိုးစုံဖြန့်ချီရေးနှင့် ပင်လယ်စာ စားဖွယ်စုံ'
31. လူငယ်ဆန်ဆန် ဆိုင်သစ်လေးနဲ့ စုံစုံလင်လင်ရတဲ့ ဂန္ဓာမြိုင်အဝိုင်းနားက 'Luna's Eatery'
32. တောင်ကြီးဟင်းထုပ်နဲ့ ကျိုင်းတုံစားဖွယ်စုံဆိုရင် ချယ်ရီလမ်းအဆုံး မြို့သစ်က 'ဆောင်းရနံ့'
33. ညအိပ်ဖို့ ဈေးသက်သာ သန့်ရှင်း အသစ်ထဲကဆို ကားကြီးကွင်း တိုက်တန်းက 'Mingalar Guest House Pyin Oo Lwin'
34. အနီးစခန်း ဘူတာလမ်းဆုံက 'မဌေးမာ' အမဲစွပ်ပြုတ် အမဲကြောသုပ်
35. အိမ်မွေး သားသား မီးမီးတို့အတွက် ဆေးခန်းဆို ၁၆ လမ်း စံဂျူးမလိုင်နောက်က 'Mercy Vet Clinic & Pets Acessories'
36. မန္တလေး အထမ်းမြီးရှည်နဲ့ မုန့်တီဆို ခွာညိုလမ်း မြို့သစ် ကားကွင်း မီးသတ်နားက 'မေ့လက်ရာ'
37. အနားယူမယ် အနှိပ်ခံမယ် အပန်းဖြေမယ်ဆို ထ ၄ ရှေ့လမ်းက 'The Thai Reflexology & Wellness'
38. ကိုရီးယားအစားအစာ အစုံဆုံး စားကောင်းတဲ့ဆိုင်ဆို တရုတ်ဘုံကျောင်းနားက 'Sarang Bang Korean Cafe'
39. ရှယ်နှပ် ရှယ်လျှော်မယ်ဆို ချစ်ဆွေ ဖိနပ်ဆိုင်ဘေးက 'ရွှေလမင်း Beauty Salon' (ကျားရော/ မရော ရ)
40. အုမ္မတီးလမ်းခွဲ နာမည်ကြီး ငါးခူမျှစ်ချဉ်နဲ့ ရှမ်းဟင်းတွေ စားမယ်ဆို ၁၅ လမ်းထိပ်က 'Aung Thiri Shan Restaurant'
41. လူငယ်ကြိုက် ဖိနပ်တွေ Sneaker တွေ All Star တွေ အစုံ ရွေးမယ်ဆို B လမ်း Uni Mart နောက်ကျောက 'BoBo Branded Second Shoes'
42. ချယ်ရီလမ်းပေါ်က စက်ဘီးလေးနဲ့ ကော်ဖီဆိုင်လေး 'Barista Cafe' '
43. မြန်မာမုန့်အစုံ စားမယ်ဆို ဇရပ်ဂတုံးဈေး ၁၉ လမ်းထိပ်က 'Su Lae Wai ရွှေရင်အေးနှင့်ဗမာမုန့်မျိုးစုံ ရောင်းဝယ်ရေး'
44. ငါးခူမုန့်ဟင်းခါး ကောက်ညှင်းပေါင်းကောင်းတဲ့ မြို့သစ် Smile Hotel ဘေးလမ်းထဲက 'ရွှေမြို့'
45. လူငယ် လူကြီးကြိုက် ကျန်းမာရေးဉီးစားပေးတဲ့ Hotel 99 နားက 'ကျော် မုန့်ဟင်းခါး'
46. ဂျယ်လီဘူဖေး စားမယ်ဆို သိင်္ဂီလမ်းသွယ် ၃ က 'Shop With Amanda'
47. ၇၀၀၀ နဲ့ မူကထ အ၀စားဆို နဝရတ်လမ်းပေါ် 'ဆုယဉ်ထက်'
48. ကော်ဖီ မီနူး အစုံနဲ့ လယ်ကွင်းတွေ ကြည့်ပြီး Chill မယ်ဆို မိုးကုတ်လမ်းခွဲအကျော်က 'Autumn Cafe' '
49. ခေါက်ဆွဲမျိုးစုံ၊ ထမင်း ဟင်းအစုံစားမယ်ဆို ညဈေးလမ်းနဲ့ ချယ်ရီလမ်းထောင့်က 'နတ်သုဒ္ဒါ ခေါက်ဆွဲနှင့် ရှမ်း/မြန်မာထမင်းဆိုင်'
50. ညဘက် Chill မယ်ဆို ဂေါက်ကွင်းနားက 'Memories'
51. သက်သက်လွတ်ခေါက်ဆွဲဆိုင်ဆို စနိုးကွင်းကျောင်းနားက 'ဗေဋု၀'
52. ညအိပ်မက် နေ့အပန်းဖြေမယ် ရေကူးမယ်ဆို 'Kone Paw Angel Resort'
53. ငါးတို့ ပင်လယ်စာတို့ကို ရန်ကုန်ဒိုင်ကနေ ဆိုင်လာဖွင့်တဲ့ ဈေးကြီး မီးသတ်နားက 'ရန်ကုန်ဆိုင်'
54. ထိုင်းအစားအစာ ကွေ့သယိုဆို မြို့သစ် နှင်းဆီလမ်းသွယ် ၃ က 'လဂွန်းအိမ်'
55. တို့ဖူးသုပ်နဲ့ ရှမ်းထမင်းချဉ် မနက်စောစောဆို ဒီဇင်ဘာမတ်ရှေ့ နေလှိုင်းနားက အန်တီရဲ့ ဆိုင်ပိစိလေး (ပါဆယ်ပဲ ရ)
56. ဈေးကြီးထဲက တန် ကောင်း ဒံပေါက်နဲ့ ဖာလူဒါဆို 'ရွှေသရဖီ-ဒံပေါက်'
57. မာလာရှမ်းကော ဘီယာ အကင် ဟင်းပွဲစုံ Chill Vibe ဆိ တရုတ်ဘုံကျောင်း မျက်နှာချင်းဆိုင်က 'We Love Spicy'
58. ညဘက် ထိုင်လို့ ကောင်းတဲ့ Bar ပိစိလေးဆို စိန်ပေါက်က ဖွင့်တဲ့ 'Cocktail & Sh**ha Lounge'
59. လမ်းမကြီး UP လက်ဖက်ရည်မျက်နှာချင်းဆိုင်လမ်းထဲက မနက်စောစော တို့ဖူးပျော့ ခေါက်ဆွဲကောင်းတဲ့ အန်တီဆိုင်လေး
60. ပြင်ဉီးလွင် မန်းလေး အတက်အဆင်း ဆိုင်ဘာစီးတီးနားက ကြက်သောက်ဆမ်း တရုတ်စာရတဲ့ 'Myat' (သစ်ပင်ပေါ်က အိမ်လေးတွေလည်း ရှိ)
61. ပြင်ဉီးလွင် အပြန် လက်ဆောင်ဝယ်ဆို ယိုတွေ စုံတဲ့ 'Sweet Jam' နဲ့ ချိုဝင်း နေကြာစေ့
62. မြို့သစ် ရတနာလမ်းနဲ့ ကံ့ကော်လမ်းထောင့်က အမဲဆာခုမ်နဲ့ အမဲစွပ်ပြုတ်ဆို ရှယ်ကြီးကောင်းတဲ့ 'တာချီလိတ် လောက်ရန် ဆိုင်သစ်'
63. စာသင်ကျောင်းလမ်းဆုံအနီး မိုးကြိုးထဲက ဆေးစိမ်အ ရက် အစုံရတဲ့ အိမ်ဆိုင်လေး
64. ရေကူးကန်နဲ့ ဘားထိုင်ကောင်းတဲ့ ဘူတာလမ်းနားက 'Hotel Pan Thit Sar'
65. ကြံရည် ရွှေရင်အေး အသုပ်စုံကောင်းတဲ့ ခွာညို ၅ လမ်းထောင့်က 'အိမ်ပြည့်'
66. စီလမ်းထဲကို ပြောင်းပြီး ပုံစံအသစ်လေးနဲ့ 'အပ်ချည်လုံး Home Shop'
67. အနီးစခန်းမှာ စားမယ် ကော်ဖီသောက်မယ်ဆို 'Chue's Bakery'
68. ပန်းအိရှေ့က ကြေးအိုး၊ ဝက်သားတုတ်ထိုးဆို 'Shwe Tote'
69. တိုရှည် မနက်စာဆို မြို့ပတ်လမ်း ထ ၂ နားက 'သနပ်ခါး'
70. ရန်ကုန်အသုပ်နဲ့ မုန့်ဟင်းခါးဆို မြို့မကဖေး ဘေးလမ်းထဲ 'မြောင်းမြတင်တင်လှ'
71. ရွှေစည်းခုံလမ်းထဲက ဘဲကင်ကောင်းကောင်း Halal ဆို 'မန္တလေး ပန်းသေး'
72. ရှေးခေတ်ပုံစံလေးနဲ့ ကြာဇံဟင်းခါး ထမင်းဟင်းကောင်းတဲ့ ၂၁ မိုင်က 'ပြည်သူ့အလင်းရောင်' (ပဲစိမ်းကြော်၊ အာလူးကြော် ကိုယ်တိုင်ကြော်ကြတယ်)
73. ၄ လမ်းထဲက ဂစ်တာနဲ့ ပတ်သက်လို့ ဂီတတူရိယာတွေ အကုန်စုံတဲ့ 'Rocky Guitar'
74. Halal Food စုံတဲ့ မြို့သစ် စစ်ကိုင်းလမ်းက 'Daddy Mommy'
75. ဖက်ထုပ် ဆီချက်ဆို ဟိုတယ် Merry Land ဘေးက 'မိန်မိန်း'
76. စာပန်းအိမ် ပင်မ မျက်နှာချင်းဆိုင် မြို့ပတ်လမ်းက ဉီးလေးကြီး မန္တလေး အထမ်းမြီးရှည်
77. Second ဖုန်း အစုံ အာမခံ ဈေးတန် စိတ်ချရတဲ့ ပုလဲခန်းမဘေးက 'Kyar Pwint Second Phone Shop'
78. အညာ ထမင်း ဟင်း ဘူဖေး အဝစားဆို ၂၀ ထိပ်က 'ထနောင်းရိပ် ဘူဖေးဗမာထမင်းဆိုင် ပြင်ဉီးလွင်'
79. အသုပ် အစုံရတဲ့ ၉ လမ်းထဲက 'ရွှေညောင်ပင်'
80. ဖုန်း ကာဗာအစုံ အပိုပစ္စည်းအစုံဆို YMBA ခန်းမနောက်က 'Cover Queen Phone Accessories House'
81. ရွှေဝယ်မယ်ဆို မြို့မဈေးကြီးနဲ့ မျက်နှာချင်းဆိုင်က 'ပြည့်စုံ ရွှေဆိုင် Pyae Sone Gold Shop'
82. ပေါ့ပေါ့ပါးပါး ချဉ်ချဉ်စပ်စပ်စားမယ်ဆို ဘီလမ်း Uni Mart နောက်ကျောက 'Zoey's Food House'
83. ရွှေတောင်ကုန်း ဘုန်းကြီးကျောင်းနားက မနက်စာ မုန့်ဟင်းခါးဆို 'လမင်းတရာ'
84. မနက် ညနေ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ အသုပ်စုံဆို OK ကားပစ္စည်းဆိုင်ရှိတဲ့ သစ္စာလမ်းထဲက 'ကိုဇော်ဝမ်း ကျောက်တိုင်ကွင်း မုန့်ဟင်းခါးဆိုင်'
85. မာလာဟင်းဆို ညဈေးနားက 'စိန်ပန်း'
86. မြို့မဈေးကြီးရှေ့ရယ်၊ ဈေးလေးအနီး မလေးရှား ဒံပေါက်ဆိုင်နားက ပြင်ဉီးလွင်အပြန် လက်ဆောင်ဝယ်မယ်ဆို စုံတဲ့ 'A Yee Shan'
87. မြို့သစ် ခတ္တာလမ်းထဲက USA ပစ္စည်းစုံတဲ့ 'Unique U.S.A Branded Collection'
88. ပေါက်စီသေးသေးလေးတွေ ကောင်းတဲ့ ဘီလမ်းထဲ 'ရွှေနှင်းဆီ ရှမ်းခေါက်ဆွဲ'
89. ရေချမ်းအိုး နိုးတူးလက်ဖက်ရည်ဆိုင်ဘေးမှာ ပြန်ဖွင့်တဲ့ 'မောဓနု ခေါက်ဆွဲဆိုင်'
90. အကင်စုံ ဈေးတန်တဲ့ K One Ktv နား G & G မျက်ချင်းဆိုင် ချယ်ရီလမ်းက ညဘက်ဖွင့်တဲ့ 'တမ်းတ'
91. လိပ်ခုတ် ထူးထူးဆန်းဆန်းတွေ ရတဲ့ 'ပန်းအိ လက်ဖက်ရည်ဆိုင်'
92. မာလာခရုချက် ကောင်းတဲ့ ၁၈ လမ်းထဲက 'ဓနစံ - BBQ & Seafood Restaurant'
93. ဒူးရင်းသီးမုန့်အစုံ၊ ဘာဂါ၊ ကော်ဖီ၊ စကင်းကဲပစ္စည်း အစုံရတဲ့ 'The Concepts Cafe & Branded Collections'
94. ဈေးကြီးထဲက မြန်မာမုန့် အစုံ ဗန်းတွေနဲ့ ရောင်းတဲ့ အစ်မတွေ ဆိုင် (၀၉၂၆၅၈၁၉၅၆၅. ၀၉၇၉၁၀၉၆၅၆၅)
95. အကင် ဘီယာအေးအေးလေး ထိုင်းစာစုံတဲ့ ဈေးလေးနားက 'The Grey House'
96. တရုတ်ဘုံကျောင်းနားက ဟင်းဖွယ်ဖွယ်ရာရာနဲ့ မိသားစုထမင်းဆိုင်လေး 'ရွှေမိုင်းသူ'
97. ပွဲတက် ပိုးထည် ချည်ထည်ဆိုရင် မြို့မဈေးကြီး မြောက်ဘက်က 'ShweBaho Silk and Lace'
98. မြန်မာထမင်းဆိုင်ဆို ချစ်ဆွေဖိနပ်ဆိုင်နားက 'မင်းသီဟ မြန်မာထမင်းဆိုင်' (ဟိုးခေတ်ထဲက ဆိုင်ပါ)
99. ခေတ်မီဆွယ်တာတွေ စုံတဲ့ 'May Myo Sweater House'
100. ကောက်ညှင်းပေါင်းနဲ့ အကြော်စုံရတဲ့ ရူဘီမက်ရှေ့က 'ရွှေလက်ရာ'
101. အလှပရေးရာ ဆေးခန်းဆိုရင်တော့ မြို့ထဲ ကာဗာနန်းတော်ဘေး ကပ်လျှက်က 'Dr Sandy Esthetic & Anti-aging Clinic'
102. ကုန်မာနဲ့ အိမ်ဆောက်ပစ္စည်းအစုံဆိုရင် ၁၂ လမ်းထဲက 'NADI Furniture Hardware'
103. Halal Food ကို အိမ်ချက်တရုတ်ဟင်းလျာအစုံ အွန်လိုင်းကနေ ရောင်းတဲ့ '5 Star Halal Foods'
104. ဆပ်ပြာကုန်ကြမ်းပစ္စည်းအစုံဆို ကားကြီးကွင်းတိုက်တန်းက 'ကြယ်စင် ဆပ်ပြာဆီ ကုန်ကြမ်းရောင်းဝယ်ရေး'
105. ဂျပန်ရေဘ၀◌ဲလုံးကြော်ဆို ချယ်ရီလမ်းမပေါ်က 'Oishi Takoyaki'
106. နာရီနဲ့ ပတ်သက်ပြီး အတော်စုံ ဈေးမှန်တဲ့ ဈေးကြီး အရှေ့မျက်နှာစာတန်းက 'Mo Mo Watch Store'
107. Halal Food ကို အရှေ့တိုင်း၊ အနောက်တိုင်း အစုံရတဲ့ ရွှေစည်းခုံဘုရားအနီးက 'Garden Cafe'
108. မုန့်ပစ်သလက်ဆို လမ်း ၂၀ ထဲက ဒေါ်ဝတုတ်
109. လျှပ်စစ်ရုံးနားက Halal ပန်းသေး ရှမ်းခေါက်ဆွဲဆိုင်
110. ဖက်ရှင်၊ ဖန်စီ၊ အောက်လက် အိတ်တွေ စုံတဲ့ ဘူတာလမ်းခွဲထိပ်က 'The Bag Shop by Dream'
111. ဖက်ဒံပေါက်၊ မုန့်ဟင်းခါး အစားအသောက် စုံ၊ စားကောင်းတဲ့ 'မြို့မ ကဖေး'
112. စာပန်းအိမ်ကျောင်းသားဟောင်းတို့ အားကိုးရာ အဖွားထောပတ် ထမင်းဆိုင် (ထ ၂ နဲ့ ထ ၄ ကျောင်းကြား၊ ရွှေပုလဲ မျက်နှာချင်းဆိုင်လမ်းထဲ ပြောင်းထားပါတယ်)
113. BKK မုန့်အစုံ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ရှန်ပူ လိုးရှင်းအစုံရတဲ့ ထ ၂ မျက်နှာချင်းဆိုင်က 'Nay La Convenience Store'
114. ကလေး ပစ္စည်း၊ ကစားစရာ အစုံရတဲ့ ဈေးလေးတောင်ဘက်က 'Baby Plus TOYS Show Room'
115. အိမ်သုံးရေသန့်စက်နဲ့ အပိုပစ္စည်းတွေ လိုရင် ရူဘီမက်အကျော်က 'K K Water'
116. ပါဆယ်ခွက်၊ ပလပ်စတစ်၊ စက္ကူ ရှိသမျှ အကုန်ရတဲ့ ၁၂ လမ်း ထိပ်က 'Dသိန်း ပလတ်စတစ်'
117. ရကောက်ဈေးထိပ် မြို့သစ်က ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ ပဲပြုတ်၊ အကြော်စုံ
118. အနီးစခန်းက မြန်မာနိုင်ငံထဲက စကင်းထုတ်ကုန် အစုံရတဲ့ 'Ei Local Skin Care Collection'
119. ကြက်သားတုတ်ထိုး One Star KTV ဘေး
120. စာအုပ်ငှားမယ် ဖတ်မယ်ဆိုရင် မြို့သစ် န၀ရတ်လမ်းသွယ် ၇ က 'Glory ကိုယ်ပိုင်စာကြည့်တိုက်'
121. ပဲပြုတ်ထမင်းကြော်၊ ငါးသားချောင်းကြော်၊ လက်ဖက်ရည် ကောင်းတဲ့ Cafe 99
122. ဇရပ်ဂတုံးဈေးထဲက မုန့်ပြားသလက် အန်တီ ညီအစ်မ
123. ၁၄ လမ်းထိပ်က ကြိုက်သလောက်ထည့် ကျသလောက်ရှင်း စားကောင်းတဲ့ 'ပူတူးမာလာတုတ်ထိုး'
124. ထိပ်တန်းထမင်းဆိုင်ဘေးနားက တောင်မာတော မန္တလေးသား အထမ်းမြီးရှည်
125. Chill Place တစ်ခုထဲက အစားအသောက်ကောင်း၊ နားလို့ကောင်းတဲ့ မြို့သစ် သိင်္ဂီလမ်းအဆုံးက 'Shambala Food Corner'
126. ရန်ကုန်၊ ပြည် စားဖွယ်စုံတဲ့ မြို့ထဲ ကာဗာနန်းတော်ဘေးက 'Cafe Glory'
127. Light Food တွေ အအေးတွေ စားမယ်ဆို ဂန္ဒမာအဝိုင်းနားက 'DarLi'
128. Insta Spots လေးတွေနဲ့ ဆက်သွယ်ရေးရုံးကြားလမ်းက 'M 2.0 Cafe'
129. ၁၄ လမ်းထဲက ၁၆ လမ်း ဖက်ထုပ်ပေါင်းဆိုင်
130. ကော်ဖီဆိုရင် အကြိုက်ဆုံး အကောင်းဆုံး နာမည်ကြီး Cafe May Myo (Hotel နှင်းဆီခိုင်နား)
131. အေလမ်း Uni Mart နောက်ကျောက ကြက်သားလုံး Halal ခေါက်ဆွဲဆိုင်
Click here to claim your Sponsored Listing.
Telephone
Website
Address
Circular Road
Maymyo