YMP Nannmoemoeei
YMP Nannmoemoeei
ဝက်ခြံ အဆီဖု တင်းတိတ်တွေပျောက်ချင်တယ်ဆိုသူတွေအတွက်
မှဲ့ခြောက်သက်သာစေဖို့အိမ်တွင်းနည်းလမ်း💥💥💥
14/03/2024
💥💥💥ဝက်ခြံပုန်းများကိုအိမ်တွင်းကုသနည်းများ💯💯💯
ဝက်ခြံပုန်းတွေကို အိမ်မှာအလွယ်တကူ ကုသနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အန္တရာယ်လည်းကင်းပြီး ပြုလုပ်ရလည်း လွယ်ကူစေမယ့် နည်းလမ်းတွေ ဖြစ်တာကြောင့် ဖော်ပြပေးပါတယ်။ သင့်အတွက် လွယ်ကူမယ့်နည်းလမ်းကို ရွေးချယ်လုပ်ဆောင်ကြည့်ပါ။
ပျားရည်နှင့်နွားနို့ ------------------
ပျားရည်မှာ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ သဘာဝအာနိသင်တွေ ပါဝင်ပါတယ်။ အရေပြားကို ပျော့ပျောင်းနူးညံ့စေပြီး နို့က ရေဓာတ်ကို ရရှိစေတာကြောင့် နှစ်မျိုးပေါင်းလိုက်ရင် အကောင်းဆုံး အာနိသင်ကို ရရှိစေမှာပဲဖြစ်ပါတယ်။
လိုအပ်တာက --------------
ပျားရည်တစ်ဇွန်း၊ နို့တစ်ဇွန်းနဲ့ ဂွမ်းဖတ်လေးအနည်းငယ် လိုအပ်ပါတယ်။
ပြုလုပ်နည်း -------------
ပျားရည်နဲ့ နို့ကိုရောပြီး ၁၀ စက္ကန့်အပူပေးပါ။ သငါခံနိုင်တဲ့ အပူချိန်လောက်ထိ ခဏအအေးခံထားပြီး မျက်နှာတစ်ပြင်လုံးကို လိမ်းပေးပါ။ ဂွမ်းစကို အရည်ထဲစိမ်လိုက်ပြီး ပြန်ဆယ်ယူလိုက်ကာ ဝက်ခြံတွေပေါ်မှာ ဖုံးအုပ်ထားလိုက်ပါ။ မိနစ်၂၀ လောက်ထားပြီးမှ ဖယ်ရှားကာ မျက်နှာသစ်လိုက်ပါ။
ကြက်ဥအကာ ---------------
အရေပြားအတွက် အာဟာရတွေပါဝင်တဲ့ ကြက်ဥဟာ အရေပြားခြောက်သွေ့တာနဲ့ ဝက်ခြံပုန်းတွေကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။
ပြုလုပ်နည်း ------------
ကြက်ဥကို ပန်းကန်လုံးထဲ ခွဲထည့်လိုက်ပြီး အနှစ်ကို သီးသန့်ဖယ်ထားလိုက်ပါ။ အကာကို မျက်နှာပေါ်မှာ သုတ်လိမ်းပြီး၊ အပေါ်ကနေ တစ်သျှူးကို ကပ်လိုက်ပါ။ တစ်သျှူးစပေါ်မှာ ကျန်သေးတဲ့ အကာတွေကို ထပ်သုတ်လိမ်းပါ။ လက်ချောင်းတွေနဲ့ မျက်နှာပေါ်မှာ သေချာကပ်အောင် ပွတ်သပ်ပေးပါ။ မျက်နှာပေါ်က တစ်သျှူးစ ခြောက်သွားချိန်မှ ခွာလိုက်ပြီး ရေဆေးလိုက်ပါ။
သံပရာသီး -----------
အရေပြားပေါ်က ချွေးပေါက်တွေကို ပွင့်စေပြီး၊ အသားအရေလှပဖို့ လိုအပ်တဲ့ ဗီတာမင်စီလည်း ပါဝင် တာကြောင့် သံပရာသီးဟာ အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးပါပဲ။
လိုအပ်တာက ---------------
သံပရာသီးတစ်လုံး၊ ဂွမ်းဖတ်နှင့် ပုလင်းအသေးတစ်လုံး လိုပါတယ်။ ပြုလုပ်နည်း သံပရာသီးတစ်လုံးကို အရည်ညှစ်ပြီး ဝက်ခြံပုန်းတွေပေါ်မှာ မိနစ် ၂၀ အတွင်းလေး၊ ငါးကြိမ်လောက် ပွတ်လိမ်းပေးပါ။ ပုလင်းထဲကို ကြက်သီးနွေးရည်ထည့်ပြီး မျက်နှာပေါ်မှာ လိမ်းကာ နှိပ်နယ်သလို ပြုလုပ်ပေး ပါ။ သံပရာရည် သောက်တာကလည်း တူညီတဲ့ အကျိုးကို ရရှိစေပါတယ်။
ချွေးထုတ်ခြင်း ---------------
မျက်နှာအဆိပ်ထုတ်တယ်လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ နည်းလမ်းတစ်ခုပါ။ မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်စေပြီး ချွေးပေါက်တွေ ပွင့်စေပါတယ်။ လိုအပ်တာက အိုးတစ်လုံး၊ ရေနဲ့ ပဝါပါးပါးတစ်ထည် လိုအပ်ပါတယ်။
ပြုလုပ်နည်း ------------
ဆူပွတ်နေသော ရေကို အိုးထဲထည့်တည်ထာပြီး၊ မီးငြိမ်လိုက်ပါ။ အငွေ့ ထွက်နေတဲ့ အိုးပေါ်က ပဝါပါး ကို အုပ်လိုက်ပြီး ပဝါပေါ်က ထွက်လာတဲ့ အငွေ့ကို မျက်နှာက ပေါင်းခံပါ။ ပေါင်းခံ မလုပ်ခင် မျက်နှာအရင် သစ်ထားလိုက်ပါ။
သကြားသုံးပါ --------------
မျက်နှာပေါ်မှာ သွေးလည်ပတ်မှု ကောင်းစေပြီး အရေပြား ခြောက်သွေ့မှု ကင်းစင်ကာ အရေပြား အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ရရှိစေပါတယ်။
လိုအပ်တာက --------------
သကြားတစ်ဇွန်းနဲ့ သံလွင်ဆီလေးဇွန်း လိုအပ်ပါတယ်။
ပြုလုပ်နည်း ------------
သင့်လက်ချောင်းထိပ်ကို သံလွင်ဆီအနည်းငယ်တို့လိုက်ပြီး နှိပ်နယ်ပေးပါ။ ကျန်တဲ့ဆီကို သကြား တစ်ဇွန်းနဲ့ ရောလိုက်ပါ။ မျက်နှာပေါ်မှာ ခပ်ဖွဖွလိမ်းပေးပါ။ ဝက်ခြံပုန်းနေရာတွေကို ပွတ်သပ်နှိပ်နယ်ပေးပါ။ ၁၀ မိနစ်လောက် နှိပ်နယ်ပေးပြီး ရေနွေးနွေးနဲ့ မျက်နှာသစ်လိုက်ပါ။
#ဝက်ခြံထွက်နေသူများအတွက်
💥တစ်ပတ်အတွင်မျက်နှာကိုglow စေတဲ့လျှို့ဝှက်ချက်💯
#ဝက်ခြံထွက်နေသူများအတွက်
အားလုံးဘဲချောမောလှပတဲ့မျက်နှာအသားအရေပိုင်ရှင်လေးတွေဖြစ်ကြပါစေ🥰🥰🥰
08/02/2024
ပါးမှာဝက်ခြံပေါက်ရသည့်အကြောင်းအရင်းများ
=================================
ဝက်ခြံဆိုတာက လူအများစုမှာ ကြုံတွေ့ရတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဝက်ခြံဟာ ဖုန်မှုန့်များ၊ အဆီများ သို့မဟုတ် ဆဲလ်အသေများကြောင့် ဖြစ်လာသည့် အရာတစ်ခု ဖြစ်ပါတယ်။ ဘတ်တီးရီးယားများက ချွေးပေါက်များထဲမှာ ပိတ်မိနေလျှင် ထိုနေရာက ရောင်ရမ်းလာပြီး ဝက်ခြံထွက်လာပါတယ်။ တစ်ချို့သူများက မျက်နှာတစ်ပြင်လုံး ဝက်ခြံထွက်နေကြပြီး တစ်ချို့သူများက နေရာတစ်ချို့မှာပဲ ထွက်တတ်ကြပါတယ်။
မျက်နှာပါးပြင်များပေါ်မှာ ဝက်ခြံပေါက်ရသည့် အကြောင်းအရင်းများစွာ ရှိပါတယ်။
မျိုးရိုးဗီဇကြောင့်လည်း ဝက်ခြံပေါက်နိုင်သလို ပတ်ဝန်းကျင်အခြေအနေများကြောင့်လည်း ဝက်ခြံထွက်လာနိုင်ပါတယ်။
ဖုန်း၊ ခေါင်းအုံးစသည်တို့ဖြင့် မျက်နှာကို တအားဖိမိချိန်မှာလည်း ချွေးပေါက်များပိတ်မိနေပြီး ဘတ်တီးရီးယားများ ရောက်ရှိသွားနိုင်ပါတယ်။
ပါးပေါ်မှာ ဝက်ခြံမထွက်အောင် လုပ်ဆောင်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းက မျက်နှာနှင့်ထိတွေ့မည့် ပစ္စည်းများကို သန့်စင်ပေးရပါမည်။
ဖုန်းကို နေ့တိုင်း သန့်ရှင်းရေးလုပ်ပြီး ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါ လျှော်ပေးပါ။
#ဝက်ခြံမထွက်အောင်ဘယ်လိုလုပ်ကြမလဲ...?
လက်ကို ကောင်းကောင်းသန့်စင်ထားသော်လည်း ဝက်ခြံထွက်နေသေးလျှင် အသားအရေကို ကောင်းစွာ ထိန်းသိမ်းပေးပါ။ ဝက်ခြံထွက်တတ်သူများက တစ်ရက်ကို မျက်နှာ နှစ်ကြိမ် သစ်ပေးရပါမယ်။
ညနေခင်းမှာ မိတ်ကပ်၊ ဖုန်မှုန့်၊ အဆီနှင့် အခြားမသန့်စင်သည့်အရာများကို ဖယ်ရှားဖို့ မျက်နှာသစ်ပေးဖို့ ပိုအရေးကြီးပါတယ်။
ညဘက်မှာ အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးခြင်းကလည်း မျက်နှာအသားအရေ မခြောက်သွေ့အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ သို့သော် ဝက်ခြံထွက်တတ်သည့် အသားအရေပိုင်ရှင်များက ထုတ်ကုန်အများကြီးကို အသုံးပြုခြင်းကို ရှောင်ရှားသင့်ပါတယ်။
ထိုကဲ့သို့ ပြုလုပ်လိုက်ခြင်းအားဖြင့် ချွေးပေါက်တွေ ပိတ်မိပြီး ဝက်ခြံများ
ပိုထွက်လာနိုင်ပါတယ်။
#ဗဟုသုတများကိုပြန်လည်မျှဝေခြင်း
03/02/2024
ဝက်ခြံအမာရွတ်တွေကိုဘယ်လိုဖယ်ရှားမလဲ❓️❓️❓️
ခန္ဓာကိုယ်ကတော့ ပုံမှန်သဘာဝအားဖြင့် အချိန်တစ်ခုအရောက်မှာ အမာရွတ်တွေကို ပြန်လည်ဖြူဖျော့သွားပြီး ပျောက်ကွယ်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အမာရွတ်တွေကို လျှင်မြန်စွာ ပျောက်ကင်းချင်တယ်ဆိုရင်တော့ သဘာဝအိမ်တွင်းနည်းလမ်းလေးတွေ ရှိပါတယ်။
၁) ရှောက်ရည်ဖြင့် အမာရွတ်ဖယ်ရှားခြင်း
ရှောက်ရည်မှာ အရေပြားကို လင်းစေတဲ့အစွမ်းရှိပါတယ်။ အက်ဆစ်ဓာတ်ပါဝင်တဲ့အတွက် အနက်ရောင်အစက်အပြောက်တွေကို ပါးလာစေနိုင်ပါတယ်။ ရှောက်သီးစိတ်၂စိတ်ခန့်လှီးပါ။ အရည်ကို ညှစ်ပြီး ဂွမ်းလေးနဲ့ တို့ကာ ဝက်ခြံအမာရွတ်တွေအပေါ်သုတ်လိမ်းပေးပါ။ ၁၀မိနစ်ကနေ မိနစ် ၃၀ခန့်ထားပြီးရေဆေးလိုက်ပါ။ တစ်နေ့လျှင် နှစ်ကြိမ်ခန့်လုပ်ပါ။ ၆ပတ်လောက်ကြာတဲ့အထိ စွဲလုပ်သင့်ပါတယ်။ သင့်ရဲ့ဝက်ခြံအမာရွတ်တွေ တဖြေးဖြေးပါးလာတာကို တွေ့ရပါလိမ့်မယ်။
ရှောက်ရည်နဲ့ ဗီတာမင်အီးအဆီလေးကို ဆတူရောပြီး ဝက်ခြံအမာရွတ်ရှိတဲ့အပေါ်မှာ သုတ်လိမ်းပေးလို့လည်း ရပါတယ်။ ဗီတာမင်အီးအဆီက သင့်ရဲ့အရေပြားအရောင်ကို ပြန်လည်လှပလာစေပြီး လန်းဆန်းမှုကိုခံစားရပါလိမ့်မယ်။ တစ်နေ့မှာ ၂ကြိမ် ၊ ၃ကြိမ်ခန့်လုပ်လို့ရပါတယ်။ ဒါပေမယ့် အဲဒီလိုမလိမ်းကျံခင်မှာတော့ မျက်နှာကိုသန့်ရှင်းအောင် ဆေးကြောထားသင့်ပါတယ်နော်။
ရှောက်ရည်နဲ့ သင့်အရေပြားကို သုတ်လိမ်းထားချိန်မှာ နေရောင်ခြည်ရဲ့ အပူရှိန်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားသင့်ပါတယ်။
၂) အာလူးဖြင့် အမာရွတ်ဖယ်ရှားခြင်း
အာလူးကရတဲ့အရည်က ဝက်ခြံအမာရွတ်ဖယ်ရှားဖို့အတွက် အကောင်းဆုံးအာနိသင်ပါဝင်ပါတယ်။ အာလူးကို ပါးပါးလေးလှီးလိုက်ပါ။ လှီးထားတဲ့အာလူးနဲ့ အမာရွတ်ရှိရာကို ပွတ်တိုက်ပေးပါ။ အာလူးရဲ့အစေးက အရေပြားထဲကိုစိမ့်ဝင်သွားပါလိမ့်မယ်။ အစေးမရှိတော့ဘူးလို့ ခံစားရတဲ့အထိ ပွတ်ပေးပါ ။ ၁၀ မိနစ် နဲ့ မိနစ် ၂၀ကြားကြာအောင် ပွတ်တိုက်ပေးပါ။ နေ့စဉ်ပြုလုပ်လို့ရပါတယ်။ သင့်ရဲ့အမာရွတ်တွေ လျင်မြန်စွာ ပါးလာတာကိုတွေ့ရမှာပါ။ ၁၀မိနစ်ခန့်ကြာတဲ့အခါမှာတော့ ရေနဲ့ဆေးချလိုက်လို့ရပါပြီ။
၃) Apple Cider Vinegar ဖြင့် အမာရွတ်ဖယ်ရှားခြင်း
Apple cider vinegar က ဝက်ခြံအတွက်ကော၊ ဝက်ခြံအမာရွတ်အတွက်ကော သုံးနိုင်ပါတယ်။ အရေပြားက အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေကို သေစေတဲ့အတွက် ဝက်ခြံကို သက်သာစေနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့အက်ဆစ်ဓာတ်ကြောင့် အရေပြားကို ပိုပြီး လင်းလက်လာစေနိုင်ပါတယ်။ Apple Cider Vinegar တစ်ဇွန်းကို ရေနဲ့ ရောပြီး ဂွမ်းလေးနဲ့ဆွတ်ပြီးလိမ်းနိုင်ပါတယ်။ ၁၀မိနစ် ၁၅မိနစ်ခန့်မှာ ရေနဲ့ဆေးကြောနိုင်ပါတယ်။
၄) လက်ဖက်ဆီ
လက်ဖက်ပင်ကရတဲ့အဆီက ဆေးဘက်ဝင်ပြီး အခြားအကျိုးကျေးဇူးတွေအများကြီးရနိုင်ပါတယ်။ မှိုနဲ့ပတ်သက်တဲ့ပြဿနာတွေ၊ ဘက်တီးရီးယားပြဿနာတွေအတွက် မရှိမဖြစ်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။ အဲဒါကြောင့် ဝက်ခြံအမာရွတ်အတွက် အသုံးပြုလို့ ရပါတယ်။ လက်ဖက်ဆီ ၂စက် ၃စက်ခန့်ကို ရေနဲ့ရောပြီး အမာရွတ်ပေါ်သုတ်လိမ်းပေးနိုင်ပါတယ်။ သင့်အသားအရေစိုပြေဖို့အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။ အရေပြားကို ရေဓာတ်ပြည့်ဝစေပါတယ်။
၅) မုန့်ဖုတ်ဆော်ဒါ
အက်ဆစ်ဓာတ်ပါဝင်တဲ့ပစ္စည်းတွေနဲ့ မတူဘဲ အကျိုးရလဒ်ကောင်းတွေရှိပါတယ်။ အရေပြားကို အကျိုးသက်ရောက်မှုရှိစေပြီး အမာရွတ်ကို ဖယ်ရှားနိုင်ပါတယ်။ အရေပြားက အနက်ရောင်အစက်အပြောက်တွေကို ဖယ်ရှားစေနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါကို ရေနဲ့ပျစ်ပျစ်လေးဖော်ပြီး အမာရွတ်တစ်ဝိုက်ကိုသုတ်လိမ်းပေးပါ။ ရေနွေးလေးနဲ့ ဆေးကြောပစ်ပါ။ တစ်ပတ်မှာ ၂ကြိမ် ၃ကြိမ် အိပ်ရာမဝင်မီလုပ်ပေးနိုင်ပါတယ်
#ဝက်ခြံအမာရွတ်ရှိသူတွေအတွက်
30/01/2024
ကိုယ့်အသားအရေကဘယ်အမျိုးအစားထဲမှာပါလဲ❓️❓️❓️
-အရင်ဆုံးကိုယ့်ရဲ့မျက်နှာကိုသစ်ပေးရပါမယ်
-ပြီးရင်မျက်နှာသုတ်ပဝါနဲ့သုတ်ပေးပါ
-ဘာမှမလိမ်းဘဲ၁နာရီလောက်ထားပေးပါနော်
ဒါဆိုရင်တော့ကိုယ်သိချင်တဲ့အသားအရေလေးဖြစ်လာပါလိမ့်မယ်နော်
#အသားအရေအမျိုးအစား
23/01/2024
ဝက်ခြံကိုဘယ်လိုဖြေရှင်းရမလဲ⁉️
ဝက်ခြံက ဘာမှသိပ်မထူးဆန်းတဲ့အရေပြား ပြဿနာတစ်ခုဆိုပေမယ့် ခံရတဲ့သူတွေမှာတော့ တော်တော်လေးကိုဆိုးပါတယ်နော်
၁။ ဝက်ခြံကို မကုတ်မဖဲ့ပါနဲ့။ မဆွပါနဲ့။ မညှစ်ပါနဲ့
ဝက်ခြံနဲ့ပတ်သက်လို့ အရေးကြီးဆုံး နံပါတ် ၁ က ဝက်ခြံကို မကလိဖို့ပါ။ ဝက်ခြံက အချိန်တန် ဟော်မုန်းတွေ နေသားတကျဖြစ်ပြီဆိုရင် ပျောက်သွားပေမယ့် ကလိထားတဲ့ အမာရွတ်တွေက ကျန်နေပြီး ကုသရခက်တတ်ပါတယ်။ ဒါကြောင့် လုံးဝ မကလိဖို့ အရင်ဆုံးမှာချင်ပါတယ်။
၂။ ဝက်ခြံသမားသီးသန့် အသားရေထိန်းသိမ်းမှုပစ္စည်းများ
သင်က ဝက်ခြံပေါက်တတ်တဲ့သူတစ်ယောက်ဆိုရင် တခြားသူတွေအသုံးပြုတဲ့ အသားရေထိန်းသိမ်းမှုပစ္စည်းတွေကိုပဲ အလွယ်တကူအသုံးပြုလိုက်တာက အဆင်မပြေပါဘူး။ လူတစ်ယောက်ချင်းမှာ အသားရေဖွဲ့စည်းတဲ့ပုံစံတွေ မတူညီလို့ skincare အသုံးပြုမယ်ဆိုရင် အသားရေနဲ့ကိုက်ညီတဲ့ပစ္စည်းတွေ ရွေးချယ်အသုံးပြုဖို့ လိုအပ်ပါတယ်။ ဝက်ခြံသမားတွေဟာ ယေဘူယျအားဖြင့် အရမ်းမပြင်းလွန်း မပျော့လွန်းတဲ့ skincare တွေကိုအသုံးပြုဖို့လိုအပ်ပါတယ်။ အရမ်းပြင်းလွန်းတဲ့အခါ အသားရေတွေပျက်စီးပြီး ဝက်ခြံပိုဆိုးစေနိုင်သလို အရမ်းပျော့လွန်းရင်ကျပြန်တော့လည်း အဆီပိုတွေကို မထိန်းချုပ်နိုင်ဘဲ ဘာမှ မထူးဖြစ်တတ်ပါတယ်။ ဝက်ခြံသမားတွေအနေနဲ့ အသားရေထိန်းသိမ်းမှုအတွက်ဆိုရင် BIODERMA က ထုတ်လုပ်တဲ့ Sebium Series ရှိပါတယ်။ Sebium series က အဆီပြန်တဲ့အသားရေပိုင်ရှင်တွေနဲ့ ဝက်ခြံပေါက်လွယ်သူတွေအတွက် အထူးဖော်စပ်ပြုလုပ်ထားတဲ့ ဖော်မြူလာဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ Seibum series မှာပါဝင်တဲ့ Fluidactiv က အဆီတွေရဲ့ အဆီအရည်အသွေးနဲ့ထွက်ရှိမှုကိုထိန်းချုပ်ပေးပြီး အဆီပေါက်တွေမပိတ်ဆို့နေအောင်၊ နီရဲရောင်ရမ်းတာတွေ မဖြစ်အောင် တားဆီးပေးနိုင်တဲ့အတွက်ကြောင့် ဝက်ခြံပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ အမျိုးအစားတစ်ခုစီလိုက်ရှာဝယ်စရာလည်းမလိုအောင် ဒီ Sebium range မှာဆိုရင် မျက်နှာသန့်စင်တာ၊ မိတ်ကပ်ဖျက်တာ၊ အစိုထိန်းတာ အကုန်လုံးအတွက် ရှိပြီးသားဖြစ်တာကြောင့် ဝက်ခြံကြောင့် စိတ်ညစ်နေရတယ်ဆိုရင် အသားရေထိန်းသိမ်းမှု အစအဆုံး အကုန် အဆင်ပြေစေပါလိမ့်မယ်။
၃။ သောက်ဆေးနဲ့ လိမ်းဆေးများ
ဝက်ခြံကို ကုသဖို့အတွက် အများဆုံးအသုံးပြုတဲ့ သောက်ဆေးလိမ်းဆေးနှစ်ခုရှိပါတယ်။ Retinoid ဒါမှမဟုတ် Antibiotics ဥပမာ Clindamycin ပါတဲ့ သောက်ဆေးလိမ်းဆေး တစ်ခုခုအသုံးပြုနိုင်သလို နှစ်ခုလုံးကို တွဲဖက်ပြီး အသုံးပြုတာလည်းရှိပါတယ်။
၄။ အိမ်တွင်းကုထုံးများ
ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝနေအောင်နေပါ။ မျက်နှာဆဲလ်သေဖယ်ရှားတာကို မှန်မှန်ပြုလုပ်ပါ။ ရေနွေးအပူကြီးနဲ့ ရေချိုးတာ မျက်နှာသစ်တာကိုရှောင်ရှားပါ။ နေရောင်ကို ရှောင်ပါ။ ပူလွန်းစပ်လွန်းတဲ့အစားအသောက်တွေကို လျှော့ပါ။
#ဝက်ခြံထွက်နေသူများအတွက်
23/01/2024
ဝက်ခြံတွေဘာကြောင့်ဖြစ်ပေါ်လာတာလဲ⁉️
ဝက်ခြံနှိပ်စက်မှုကို ခံစားနေရတဲ့သူတစ်ယောက်ဖြစ်နေတာလား။ ကြည့်ရဆိုးတဲ့ အဖုအပိန့်တွေနဲ့ ဆားဝက်ခြံမည်းမည်းတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ပျောက်ဆုံးပြီး လူကြားထဲ မသွားရဲမလာရဲအောင်ဖြစ်နေရသူလား။ ဒါဆို မဖြစ်မနေဒီစာသားလေးကိုဖတ်ကြည့်လိုက်ပါနော်
နာမည်ကြီး ကြားတာနဲ့တင် မုန်းဖို့ကောင်းတဲ့ ဝက်ခြံက အသက် ၁၃ နှစ်ကနေ ၃၀ ကြားမှာဆိုရင် လေးယောက်မှာ သုံးယောက်နှုန်း ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းကအဲဒီအပိုင်းအခြား အသက်အရွယ်လောက်မှာဖြစ်ပြီး ဝက်ခြံပေါက်လို့ စိတ်ညစ်နေရတယ်ဆိုရင် တစ်ယောက်တည်းမဟုတ်ပါဘူး ကိုယ့်လိုလူတွေအများကြီးရှိနေသေးတယ်ဆိုတာ သိထားနော်။
ဝက်ခြံတွေ ဘာကြောင့်ဖြစ်ပေါ်လာတာလဲ။
ဝက်ခြံဖြစ်ရတဲ့ အကြောင်းရင်း လေးခုရှိပါတယ်။
၁။ အဆီထုတ်လုပ်မှု များပြားခြင်း
၂။ မွေးညှင်းပေါက်များမှာ အဆီနဲ့ ဆဲလ်သေများပိတ်ဆို့ခြင်း
၃။ ဘက်တီးရီးယားများ ပေါက်ဖွားခြင်း
၄။ ရောင်ရမ်းခြင်း
အားလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်ဖြစ်ပေါ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲဖြစ်တာ၊ အစားအသောက်၊ ဆေးဝါးအချို့နဲ့ စိတ်ဖိစီးမှုများတာတွေကြောင့် အဆီထုတ်လုပ်မှု များလာတာကနေ အဲဒီပိုလျှံနေတဲ့အဆီတွေက မွေးညှင်းပေါက်လမ်းကြောင်းလေးတွေထဲမှာ ဆဲလ်သေတွေနဲ့ရောထွေးပြီး ပိတ်ဆို့ကုန်တယ်။ အဲဒီနေရာမှာ ဘက်တီးရီးယားတွေပေါက်ဖွားလာပြီး နောက်ဆက်တွဲအနေနဲ့ ရောင်ရမ်းပြည်တည်တာတွေ ဆက်ဖြစ်တာကနေ အဖုအပိန့်တွေနဲ့ ကြည့်ရဆိုးတဲ့ ဝက်ခြံတွေဖြစ်ရပါတယ်။
ဝက်ခြံဖြစ်တဲ့အကြောင်းအရာတွေကိုသိထားမယ်ဆိုရင်ဝက်ခြံကုသဖို့အရမ်းကိုလွယ်ကူပါတယ်နော်😊😊😊
အားလုံးဘဲဝက်ခြံကင်းစင်တဲ့မျက်နှာအလှပိုင်ရှင်လေးတွေဖြစ်ကြပါစေနော်
#ဝက်ခြံထွက်နေသူများအတွက်
20/01/2024
🚫ဝက်ခြံထွက်နေတဲ့သူတွေလုံးဝမလုပ်သင့်တဲ့အချက်(၄)ချက်🙅♀️🙅♀️🙅♀️
၁.ဝက်ခြံထွက်တဲ့နေရာကို👉သွားတိုက်ဆေး👈လိမ်းခြင်း❌️
၂.ဝက်ခြံထွက်နေတဲ့နေရာကို👉ထွန်းရွှေဝါ ဆရာခို👈လိမ်းခြင်း❌️
၃.ဝက်ခြံထွက်တဲ့နေရာကို👉ထုံး👈နဲ့အုံခြင်း❌️
၄.👉.Chemical👈များတဲ့အလှကုန်Skincare တွေကိုအသုံးပြုခြင်း❌️
ဒီလိုလုပ်နေတဲ့သူတွေရှိရင်ရပ်တန်းကရပ်လိုက်ပါနော်🙅♀️🙅♀️🙅♀️
ဒီပစ္စည်းတွေကိုယ့်ရဲ့မျက်နှာမှာရှိနေတဲ့💁♀️ဝက်ခြံတွေကိုပိုပြီးဆိုးရွားလာစေပါတယ်
ဒီလိုပစ္စည်းလေးတွေအစားကိုယ့်မျက်နှာskinနဲ့တည့်မဲ့မျက်နှာသစ်မျိုး. အပျော့စားမျက်နှာသစ်မျိုးတွေကိုရွေးချယ်အသုံးပြုပေးပါ
နောက်ပြီးကိုယ့်မျက်နှာအသားအရေကိုရေဓာတ်ဖြည့်ပေးစေ မယ့်Skincare ပစ္စည်းလေးတွေကိုရွေးချယ်အသုံးပြုစေချင်ပါတယ်နော်
အားလုံးလည်းဝက်ခြံကင်းစ်တဲ့မျက်နှာအလှပိုင်ရှင်လေးတွေဖြစ်ကြပါစေနော်🥰🥰🥰
#ဝက်ခြံထွက်နေသူများအတွက်
Click here to claim your Sponsored Listing.
Category
Website
Address
Maymyo