OMARR

OMARR

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from OMARR, Health/Beauty, pyin oo lwin, Maymyo.

Photos from OMARR's post 25/05/2025

#ရောင်းရန်ရှိသည်

#အအေးဆိုင် ၈သိန်း
5ပေ 4ပေ အမြင့် 9ပေ သံသားအထူ

ီးအားမြှင့်စက်
ကြေးကွိုင် 8သိန်း
အသစ်ဈေး 15သိန်းကျော်

#စတီးမှန်ကောင်တာ 7သိန်း
အမြင့် 6ပေ
အလျား 5ပေ
အခန်း 6ခန်း

#အလှူမီနီယံ ဘုရားစင် ၇သိန်း
အ မြင့် ၈ပေ အလျား ၂ပေခွဲ
အောက်ခန်း ဘီဒို
အပေါ် မှန်ခန်း
မှန်ခန်းပလ္လင်အေ က်တွင် ဘန်းပါသေးသည်

#ကျွန်းသား စာရေးစာပွဲခုံ ၈၅၀၀၀

#လျပ်စစ် ရေခဲကြိတ်စက် တသိန်း

09785698795

Photos from OMARR's post 03/03/2025

OMARR

နေပူပူမှာ ရွှေရင်အေးအောင်
ရွှေရင်အေးလေး သောက်မယ် ဆို

မုန်ဖတ် ပေါင်မုန့်
ကျောက်ကျောစုံ ကောက်ညုင်း သာကူစေ့
အုန်းသီး တို့ အစုံ ပါပီး
အုန်းနို့ နိင်နိင် နဲ့ ကြိုထားတဲ့
#ရွှေရင်အေး လေး
တပွဲ ၂၀၀၀ပါပဲနော် ။

#အာပူလျှာပူ
#အာပူသုတ်
#မုန့်တီသုတ်
#ခေါက်ဆွဲသုတ်
#ရှမ်းခေါက်ဆွဲ
တို့လဲ ရပါတယ်

လာခဲ့နော့

ဘူတာတိုက်တန်း
Powerking electric ရှေ့
Dli နဲ့ လဲ ပို့တယ်နော်
09666460059
09785698795ပါ

03/03/2025

ရဲ့
မိတ်ဆွေ တို့ကို အသိပေးပါရစေ ရှင့်

မနှစ်က အရမ်းရောင်းကောင်းခဲ့တဲ့

ရေခဲသုတ် ရေခဲခြစ်နှင့်
MANGO ရေခဲသုတ်
သီးစုံရေခဲသုတ်တို့ကို လတ်တလော လေး
နားထားပါသေးတယ် နော်

Oamrr လက်မောင်း က အကြောညုပ်နေတော့
ရေခဲတုန်း ကို မတိုက်နိင်လို့ ပါ ။

ရေခဲကြိတ်စက် ကရှိပေမယ့် လဲ
မက မမှန် တော့ လုပ်ရတာ အဆင်မပြေမူ့လေးတွေ ရှိ‌လို့ လတ်တလောတော့ နားထားပါသေးတယ် ။

OMARR လက် ပြန်ကောင်း တဲ့ အခါ
ရေခဲ တိုက်နိင်တဲ့ အခါ ကျ ပြန်ရောင်းပါမယ့်နော် ။

လတ်တလော တော့
မုန်လက်ဆောင်း ရွှေရင်အေး တို့ ရပါတယ်

လာပေးအားပါဦးနော်

အားလုံး ကို ကျေးဇူးအထူးတင်ပါတယ် ရှင့် 💕🥰

Photos from OMARR's post 03/03/2025

#လာခဲ့နော်

ပြင်ဦးလွင် မြို့တွင်းမှာ
နေ့လည်ခင်း

နွေ နေ ပူပူ မှာ
ရင်အေးစေတဲ့
မုန့်လက်ဆောင်းလေး စားချင်တယ် ဆိုရင်
တခွက် မှ
#တထောင်ပဲနော် လာခဲ့တော့

SNACK 😋
ဘူတာတိုက်တန်း
POWER KING 👑လျပ်စစ်ရှေ့

09785698795
09666460059 ပါ

Photos from OMARR's post 18/01/2025

OMARR

ဒီရက်ထဲ
အလုပ်ရှင်တိုင်း ကြုံတွေ့ရတဲ့
အလုပ်သမား ပြသနာ

စာရိတ္တမကောင်း
ရေသာခိုတယ်
လက်ကြောမတင်း
ခိုင်းရင်တလွဲလုပ်
ပန်းကန်ပြောင်အောင်မဆေး
ပြောင်ရင်လဲ ဆပ်ပြာစော်က နံ
အလုပ်ပျက်ရက်က များ
ညစ်ညစ်ပတ်ပတ်နေ
လက်သဲ မညုပ်
ဆံပင်ဘုတ်သိုက်နဲ့

အလုပ်သမား ပြသနာ ကို
မျိုးစုံကြိုးခုန် ကြုံတွေ့ နေရတဲ့ OMARR ပါ

ဒီရက်ထဲ
အာပူက ၄နာရီ ကျော် ဆို ကုန်ပါပီ

အလုပ်သမား
အဆင်မပြေမူ့တွေကြောင့်

စားသုံးသူများ အဆင်မ‌ပြေတာများရှိခဲ့ရင် ခွတ်လွတ်ပေးပါနော့

ရှမ်းခေါက်ဆွဲ တို့ဟူးပျော့
ဆီချက် မြီးရှည် ကြက်ပေါင်း
ဝက်လုံးခေါက်ဆွဲ တို့လဲ တနေကုန်ရပါတယ် နော့်

လာခဲ့နော်

#သွေးမတိုးစေတဲ့အာပူလျှာပူလေး #ဝက်သားလုံးခေါက်ဆွဲ #တို့ဟူးပျော့ #အာပူသုတ် #ရှမ်းခေါက်ဆွဲ #ဆီချက် #မြီးရှည် #ကြက်သားလုံးခေါက်ဆွဲ #ဘူတာတိုက်တန်း

POWERKING ရှေ့
09666460059

13/01/2025

OMARR
ချစ်မိတ်ဆွေ တို့ ရေး

ဒီနေ့တရက် လပြည့်နေ့မို့
ဆိုင်တရက်ပိတ်ပါတယ်ရှင့်

လပြည့် လကွယ်နေ့တိုင်း ပိတ်ပါတယ်

အားပေးသူ တဦးချင်းစီအား ကျေးဇူးတင်ပါတယ်ရှင့် 🥰

Photos from OMARR's post 12/01/2025

OMARR တို့ရဲ့

အာပူtime 😍

လာခဲ့နော်
အာပူ ကုန်တော့မယ်

ဒီနေ့ကတော့
မနက်ခင်း မှာ ရှမ်းခေါက်ဆွဲအပြင်
ကြက်သားလုံး ကြက်ပေါင်း
ဝက်သားလုံးခေါက်ဆွဲ တွေ များပါတယ်

OMARR တို့
မနက်ဖြန်တရက်တော့ ဆိုင်ပိတ်ပါမယ်နော်

တလ မှာ လပြည့် လကွယ် ၂ရက်တော့ နားမယ်နော့

လာခဲ့နော်

OMARR

09666460059
ဘူတာတိုက်တန်း
Powerking ရှေ့

Photos from OMARR's post 10/01/2025

OMARR
တို့
ဒီနေ့ စည်ပင်က ဆိုင်ဘုတ်လဲ မထုတ်ရ
ဆိုင်ကို နောက်ဆုတ် ဖွင့်ပါဆိုလို့ နောက် ကို ဆုတ်ထားပါတယ် နော်

အာပူလဲ ရပါပီ နော်
လာခဲ့တော့နော်

ဒီနေ့
တို့ဟူးပျော့ အစောကြီးကုန်ပါတယ်
ပါဆယ်လာရောက်အားပေးကြတာ ကျေးဇူးတင်ပါတယ်ရှင့် ။

လာခဲ့နော်

OMARR
#သွေးမတိုးစေတဲ့အာပူလျှာပူလေး
#ကြက်သားလုံးခေါက်ဆွဲ
#ဝက်သားလုံးခေါက်ဆွဲ
#တို့ဟူးပျော့ #အာပူသုတ် #ရှမ်းခေါက်ဆွဲ #ဆီချက် #မြီးရှည်

ဘူတာတိုက်တန်း
POWERKING လျပ်စစ်ရှေ့
09666460059

09/01/2025

OMARR

နေ့တိုင်း နေ့တိုင်း ခုလို ပြောင်အောင်အားပေးကြတာ ကျေးဇူးတင်ပါတယ်

အဆင်မပြေမူ့လေးတွေ ကို လဲ ခွင့်လွတ်ပေးကြပါလို့ တောင်းပန်ပါတယ်

ငံတယ် ငံတယ် ဖြစ်နေတာ အဖြေလဲ ရှာပါတယ်
ပါဆယ်ထုတ်တဲ့အခါ စပ်စပ်ကလေး ထည့်ပေးပါဆိုတာနဲ့ ငပိထောင်းတွေ အများကြီး ထည့်ပေးတာ
ကို တွေ့ရပါတယ်

ခု OMARR ပြင်ခိုင်းထားပါတယ်
ငပိထောင်း လျော့ထည့်ပီး
ငရုပ်သီးစီမ်းလှော်ထောင်း ကို ပိုထည့်ပေးဖို့ ပြောလိုက်တော့
အဆင်ပြေသွားပါတယ် ရှင့်

အားလုံး ကို ကျေးဇူးအထူးတင်ပါတယ် နော် 🥰

Photos from OMARR's post 08/01/2025

OMARR

မိုးကြီးကလဲ အုံလိုက် ပူလိုက် အေးလိုက်နဲ့ ဆိုတော့
ရှမ်းတို့ဟူး ဝက်သားလုံး ကြက်သားလုံး
အာပူသုတ် တွေ ဆက်နေတာနဲ့

ခုရက်ထဲ အာပူက 5နာရီ ဆို ကုန်ပါတယ်

လိုင‌်းပေါမှာ တွေ့ လို့ ရှာနေတာ 2ရက်ရှိပီ
ခုမှ တွေ့တယ်
ဆိုင်က ဘယ်ချိန်ပိတ်တာလဲ တဲ့
ကုန်တဲ့အချိန်ပဲ ညီမလေးဆိုတော့
ဟိုရက် က 4နာရီကျော် လောက်လာတယ်လေ
မတွေ့ဘူး တဲ့

ဟုတ်ပါတယ်
2ရက် 3ရက်လောက်က 4နာရီကျော်ဆို ကုန်လို့မို့
အာပူကုန်တာနဲ့ ပိတ်ခိုင်းထားတာပါ ။

ရှမ်းခေါက်ဆွဲ ရောင်းနေရင်ရပေမယ့်
အာပူ ကုန်ပါပီ ပြောရတာ အားနာလို့ ပါ။

မနေ့က
လူကျနေတဲ့အချိန်
DELIVERY နဲ့ ပို့ပေးရတဲ့ ချစ်သူလေးတွေ
Delivery က နောက်ကျသွားလို့ အဆင်မပြေတာ ဖြစ်သွားရင် တောင်းပန်ပါတယ်နော့ ။

ခုရက်ပိုင်းတော့ အာပူ စောစောလေးချက်ထားပေးတယ်နော် 12နာရီ လောက်ဆို ရပ့ပီ

အာပူအိုးကြီး အငွေ့တထောင်းထောင်း ထုတ်ခါရှိသေး
မွေးနေတာပဲ အာပူ စားတော့မယ် တဲ့
ဇွတ်ဇွတ်ကလေးတွေ က

လာခဲ့တော့နော်

SNACK 😋
#သွေးမတိုးစေတဲ့အာပူလျှာပူလေး
#အာပူသုတ်
#ရှမ်းခေါက်ဆွဲ
#တို့ဟူးပျော့
#ကြက်သားလုံးခေါက်ဆွဲ
#ဝက်သားလုံးခေါက်ဆွဲ
#မြီးရှည်
#ဆီချက်

#ဘူတာတိုက်တန်း
POWERKING ရှေ့
09666460059

07/01/2025

OMARR

အာပူနံ့လေး က မွှေးလွန်းလို့

လာဝယ်တာ ဟယ်
ဒို့က ခု မှ ထမင်းစားလာတာ ပေမယ့်
မနေနိင်ဘူးအေ

အစုံပါဆယ်လေး ထည့်လိုက်ပါ ဦး တဲ့

ဝက်သားလုံးခေါက်ဆွဲ က လဲ
ကောင်းတယ်နော်

မထင်ဘူး တဲ့ 🥰

07/01/2025

OMARR တို့

ဒီနေ့ အစောကြီး
အာပူလျှာပူရပါပီနော်

မိုးအေးတော့
11နာရီလော က်ဆို
လာမေးကြလို့
အစောကြီးချက်ထားပါတယ်

ဒီနေ့
အာပူအိုးကြီး ထုတ်တုန်း
အာပူသုတ်ငါးဖယ်ငုံးဥ ထည့် ချဉ်ငံစပ် ကလေး စားမယ် ဆိုပီး
ကောင်လေးတယောက် က မှာတော့
မစားနိင်ဘူး ထင်တာ

ကုန်တယ်တော်
ဟူးဟဲ ရှူးရှဲ နဲ့ စားသွားတာ ပြောင်နေရော 😋

လာခဲ့တော့နော်

🥰OMARR SNACK 😋
ဘူတာတိုက်တန်း
Powerking ရှေ့

09666460059

Want your business to be the top-listed Beauty Salon in Maymyo?
Click here to claim your Sponsored Listing.

Category

Website

Address


Pyin Oo Lwin
Maymyo