SME-Makeup Studio

SME-Makeup Studio

Share

Beauty / Creation / SFX / Eye Brow Tattoo & BB Glow Treatment

06/12/2025

❄️ Snow queen vibe ❄️

🤍 နှင်းပွင့်နဲ့ အေးစက်ခြင်းကြားက အလှတရား 🤍

Photos from SME-Makeup Studio's post 03/12/2025

👩‍🎓Graduation dayအတွက် အလှပဆုံးပြင်ဆင်မှု 👩‍🎓

✨ မျက်လုံးအိမ်လှလှလေးနဲ့မျက်ခုံးမွှေး မရိတ်ချင်တဲ့ညီမလေးအတွက် သဘာဝအတိုင်းလှပအောင် ဖန်တီးပေးထားပါတယ်✨

Makeup & Hair do - Artist by Shin Moe Eaint
Jewelry - SME Makeup Studio

Photos from SME-Makeup Studio's post 24/07/2025

🌸 Radiant Pink Glow 🌸

" Radiant Pink Glow" လေးနဲ့ မျက်နှာလေးကို ပိုပြီးချစ်စရာကောင်းအောင် ပြောင်းလဲလိုက်ရအောင်။ 🌸✨
နူးညံ့တဲ့ ပန်းရောင်လေးနဲ့ အသားအရေကို ကြည်လင်တောက်ပနေစေပြီး မျက်လုံးကို ပိုပြီး ဆွဲဆောင်မှုရှိစေမယ့် ဒီ look လေးကို သဘောကျရင် အခုပဲ SME ကိုလာလိုက်တော့နော်။

💖သဘာဝဆန်တဲ့ အလှအပကို ပိုပြီး ပေါ်လွင်စေချင်သူများအတွက်
💖နေ့စဉ်သွားလာလှုပ်ရှားမှုနဲ့ လိုက်ဖက်ညီတဲ့ look
💖အထူးပွဲလမ်းသဘင်များအတွက်လည်း သင့်တော်

အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 💌

💄MUA - Yada Khoon Cho
SMA Makeup Academy - Yangon

[ SME - Makeup Studio ] 09753518730
📍No.85 / 36.St / 5 quarters / Pyin Oo Lwin

23/07/2025

✨ Velvet Rose Glam ✨

✨ လှပမှုကို တိတ်ဆိတ်တဲ့အပြုံးနဲ့ဖော်ပြလိုက်တဲ့.. ✨ Velvet Rose Glam Look - တစ်ဖန်မျက်လုံးမလွှဲနိုင်တဲ့ လှပမှုတွေကိုခံစားကြည့်ပါ။❤️”

💎 ဒီလို Glam Look လေးတွေနဲ့ထိုက်တန်တဲ့ Beauty လေးတွေတိုင်းအတွက် SME ကအသင့်ရှိနေပါတယ် 🙋🏻‍♀️

[ SME - Makeup Studio ]
📍No.85 / 36.St / 5 quarters / Pyin Oo Lwin

Photos from SME-Makeup Studio's post 23/06/2025

💋 Rosy Luxe Glam – Dinner Party Look That Turns Heads 💄

ဒီညအတွက် လှပတဲ့ client လေးအတွက် Dinner Party သွားဖို့အတွက် Rosy Luxe Glam Look လိမ်းပေးထားပါတယ်။
အသားအရေကို သေချာ ထိန်းသိမ်းထားပြီး၊
နူးညံ့တဲ့ rosy eyeshadow နဲ့ soft matte lips တို့က feminine & classy vibe ထဲကိုခေါ်သွားပေးတယ်။
Smoky မဖြစ်စေပဲ စွဲမက်ဖွယ်ဖြစ်အောင် balance ထားတာက ဒီ look ရဲ့အထူးချက်ပါ။

✨ Special Occasion Look လိုချင်တယ်ဆိုရင် SME မှာ booking ယူထားလိုက်နော် 💌

[ SME - Makeup Studio ]
📍No.85 / 36.St / 5 quarters / Pyin Oo Lwin

Photos from SME-Makeup Studio's post 31/05/2025

💋✨ Bold Sunset Eye Look ✨💋

📸 SME - Makeup Studio မှတင်ဆက်ပေးမယ့် ဒီ stunning Sunset Eye look ကို ကြည့်လိုက်ပါဦး။

💡 ပင်လယ်နီရောင်နဲ့ နေရောင်ခြည်တင်တဲ့ အလှတရားကို ပေါင်းစပ်ထားတဲ့ ဒီ Sunset Eye look က ကြည့်ရုံနဲ့တောင် Fresh ဖြစ်ပြီး ရင်ခုန်စရာ!

🔥 မိတ်ကပ်လိမ်းပြီးတဲ့နောက်မှာ confidence level 100% အထိ မြှင့်ပေးမယ့် look တစ်ခုပါ။

💄 အသင့်တော်ဆုံး occasions — party night, date night, friend hangouts အတွက် တကယ်
သင့်တော်တဲ့ look ပါ။

✨ SME - Makeup Studio မှာ Booking လုပ်ထားနိုင်ပါတယ်နော်!

26/05/2025

💁‍♀️ မနက်တိုင်း မျက်ခုံးဆွဲဖို့ အချိန်ကုန်နေလို့ စိတ်ညစ်နေပြီလား?

လှပပြီးသဘာဝကျတဲ့ မျက်ခုံးတစ်စုံကို ပိုင်ဆိုင်ချင်သူတွေအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။ အမြဲတမ်း မျက်ခုံးလှလှလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ လှပနေဖို့ Powder Eyebrow Tattoo က ကူညီပေးပါလိမ့်မယ်။

✨ ဘာလို့ Eyebrow Tattoo ထိုး သင့်လဲ?

* သဘာဝကျတဲ့အသွင်အပြင်: ပုံမှန် tattoo လို မဟုတ်ဘဲ ပေါင်ဒါမှုန့် ခြယ်သထားသလိုမျိုး ပေါ့ပါးပြီး သဘာဝဆန်တဲ့ မျက်ခုံးပုံစံကို ရရှိစေပါတယ်။

* အချိန်ကုန်သက်သာ: မနက်တိုင်း မျက်ခုံးဆွဲစရာမလိုတော့ဘဲ အချိန်တွေ အများကြီး သက်သာစေပါတယ်။

* ရေရှည်ခံ: မျက်ခုံးမွှေး ပုံစံမပျက်ဘဲ ကြာရှည်ခံတဲ့အတွက် စိတ်ပူစရာ မလိုပါဘူး။

* ယုံကြည်မှုတိုးစေ: မျက်နှာပေါက်ကို ပိုမိုပေါ်လွင်လှပစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာစေပါတယ်။

💰 အထူးပရိုမိုးရှင်း!
ယခင် 80,000 ကျပ်ကျသင့်တဲ့ Powder Eyebrow Tattoo ကို ယခု 50,000 ကျပ်တည်း နဲ့ ရရှိမှာပဲ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ပါဘူးနော်။

Limited Time Offer ဖြစ်လို့ မြန်မြန်လေး လှဖို့ ပြင်ဆင်လိုက်ရအောင်!

📞09753518730
SME - Makeup Studio
No 85 / 36 St / 5 quarters / Pyin Oo Lwin

25/05/2025

ဆုပေးပွဲဗန်းကိုင်ညီမလေးအတွက် Makeup လေးလိမ်းပေးထားပါတယ်

SME ကိုလာတဲ့ ညီမလေးတွေက အလှလေးတွေချည်းပဲကွယ် 🫠

ဒီလိုအလှလေးတွေကို SME က Artist ရဲ့လက်ရာနဲ့ပေါင်းစပ်လိုက်တော့ ရှိရင်းစွဲအလှထက် ပိုမိုပြီးနူးညံ့လှပစွာ ချစ်စရာကောင်းနေပါတယ် 😍

⛔မျက်တောင်အတု Client လေးစိတ်တိုင်းကျ မတက်ပေးထားပါဘူး

- Donation Makeup
- Bridal Makeup
- Signing day Makeup
- Graduation Makeup
- Photoshoot Makeup
- Dinner Party Makeup
- Fashion Makeup
- History Makeup
- Creation Makeup
- Specialeffect Makeup

📞09753518730
SME-Hair Design & Makeup Studio
📍No.85 , 36 St , 5 quarters , Pyin Oo Lwin

Photos from SME-Makeup Studio's post 23/05/2025
Photos from SME-Makeup Studio's post 14/05/2025

♉ Ta**us Makeup Look ♉

Ta**us ရဲ့သဘာဝက တည်ငြိမ်တယ်၊ အနုပညာရသရှိတယ်၊ သဘာဝအလှကိုချစ်တယ်။ရိုးရှင်းတာကိုကြိုက်တယ်

“အနုပညာနဲ့ တည်ငြိမ်မှု ရောထားတဲ့အလှတရားကို ဖန်တီးထားတဲ့ Ta**us ရဲ့ Style ကိုခံစားကြည့်ပါ"

**usSeason

02/05/2025

💒 မင်္ဂလာပွဲအတွက် သတို့သမီးလောင်းလေးတို့
သိထားရမယ့် အရေးကြီးအချက်များ

💕မင်္ဂလာပွဲနီးလာပြီဆိုတော့ စိတ်လှုပ်ရှားမှုတွေ၊ ပျော်ရွှင်မှုတွေနဲ့အတူ ပြင်ဆင်စရာတွေလည်း များနေပြီဟုတ်? ဘာကိုအရင်လုပ်ရမလဲ၊ ဘာတွေသိထားသင့်လဲဆိုတာ တွေဝေနေပြီလား? ဒီမှာ သတို့သမီးလောင်းလေးတို့အတွက် အရေးကြီးတဲ့အချက်တွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

1️⃣Dream Big,Plan Smart(ပန်းတိုင်ကိုသတ်မှတ်ပါ)
💕မင်္ဂလာပွဲပုံစံ - ဘယ်လိုပုံစံ မင်္ဂလာပွဲမျိုးကိုလိုချင်လဲ? ခမ်းနားကြီးကျယ်တာလား? ရိုးရှင်းပြီး ချစ်စရာကောင်းတာလား? မိသားစုနဲ့ သူငယ်ချင်းရင်းနှီးတဲ့လူတွေနဲ့ပဲ ကျင်းပချင်တာလား? ကိုယ့်ရဲ့စိတ်ကူးထဲက မင်္ဂလာပွဲပုံစံကို အရင်ဆုံးသတ်မှတ်လိုက်ပါ။
💸Budget - ဘယ်လောက်အထိ သုံးနိုင်မလဲဆိုတာကို တိတိကျကျ သတ်မှတ်ထားပါဘတ်ဂျက်ကို သိထားမှသာ အရာရာကိုထိန်းချုပ်နိုင်မှာပါ
📅ရက်ရွေးချယ်ခြင်း - နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် ရက်ကို ရွေးချယ်ပါ။ ရာသီဥတု၊ ရုံးပိတ်ရက်တွေနဲ့ မိသားစုဝင်တွေရဲ့ အားလပ်ရက်တွေကိုလည်း ထည့်စဉ်းစားပါ။

2️⃣ Assemble Your Dream Team! ( အရေးကြီးတဲ့ အဖွဲ့သားတွေကို စုစည်းပါ )
💁‍♂️ Wedding Planner - ဘာမှစိတ်မပူချင်ဘူးဆိုရင် ကျွမ်းကျင်တဲ့ မင်္ဂလာပွဲစီစဉ်သူကို ငှားရမ်းလိုက်ပါ။ သူတို့က အရာရာကို စနစ်တကျ စီစဉ်ပေးပါလိမ့်မယ်။
💕မိတ်ဆွေအပေါင်းအသင်း - မင်္ဂလာပွဲမှာ ကူညီပေးမယ့် သူငယ်ချင်းတွေကို စောစောကတည်းက တိုင်ပင်ထားပါ။ သူတို့ရဲ့ အကူအညီတွေကတကယ်ကို အားဖြစ်စေပါတယ်။

3️⃣ Every Detail Matters ( အသေးစိတ်ကိုဂရုစိုက်ပါ )
💒နေရာရွေးချယ်ခြင်း - မင်္ဂလာပွဲကျင်းပမယ့် နေရာကို စောစောစီးစီး Booking လုပ်ထားပါ။ ကိုယ့်ရဲ့ ပုံစံနဲ့ Budget နဲ့ ကိုက်ညီတဲ့ နေရာကို ရွေးချယ်ပါ။
🍰စားသောက်ဖွယ်ရာ - ဧည့်သည်တွေကို ဘယ်လိုအစားအစာတွေနဲ့ တည်ခင်းဧည့်ခံမလဲဆိုတာကို စဉ်းစားပါ။ အရသာရှိပြီး လူကြိုက်များမယ့် Menu ကို ရွေးချယ်ပါ။
💐အလှဆင်ခြင်း - မင်္ဂလာပွဲရဲ့ အပြင်အဆင်ကို ဘယ်လိုပုံစံမျိုး လိုချင်လဲ? ပန်းတွေ၊ မီးတွေ၊ အရောင်အသွေးတွေကို ဘယ်လိုပေါင်းစပ်မလဲ? ကိုယ့်ရဲ့ စိတ်ကူးတွေကို ဖန်တီးနိုင်မယ့်သူကို ရှာဖွေပါ။
🎥Photo & Viedo - အမှတ်တရတွေကို ထာဝရ သိမ်းဆည်းထားဖို့အတွက် ကျွမ်းကျင်တဲ့ ဓာတ်ပုံဆရာနဲ့ ဗီဒီယိုဆရာကို ရွေးချယ်ပါ။
✉️ဖိတ်စာ - ဖိတ်စာပုံစံလေးတွေကအစ ကိုယ့်ရဲ့ မင်္ဂလာပွဲရဲ့ ပထမဆုံးသော အထင်အမြင်ကို ပေးစွမ်းနိုင်ပါတယ်။ လှပပြီး ထူးခြားတဲ့ ဖိတ်စာလေးတွေကို ရွေးချယ်ပါ။

4️⃣ Pamper Yourself ( ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ )
👗Wedding Dress - ကိုယ့်ကို အလှဆုံးဖြစ်စေမယ့် မင်္ဂလာဝတ်စုံကို စောစောစီးစီး ရှာဖွေပါ။ လိုအပ်ရင် ပြင်ဆင်ချိန်ရအောင် အချိန်ယူပါ။
💄Makeup & Hair - မင်္ဂလာရက်မှာ ကိုယ့်ရဲ့ အလှကို ပေါ်လွင်စေမယ့် မိတ်ကပ်နဲ့ ဆံပင်ပုံစံကို ကြိုတင်လေ့ကျင့်ထားပါ။
💆‍♀️Skin Care ပါ - မင်္ဂလာပွဲမတိုင်ခင်ကတည်းက အသားအရေကို ဂရုတစိုက် ထိန်းသိမ်းပါ။ Spa သွားတာမျိုး၊ Mask ကပ်တာမျိုးတွေ လုပ်ပေးပါ။
🧘‍♂️စိတ်နဲ့ ခန္ဓာကို ပြင်ဆင်ပါ - မင်္ဂလာပွဲနီးလာရင် စိတ်ဖိစီးမှုတွေ များလာတတ်ပါတယ်။ ယောဂကျင့်တာ၊ တရားထိုင်တာမျိုးတွေ လုပ်ပြီး စိတ်ကို တည်ငြိမ်အောင် ထားပါ။ လုံလောက်တဲ့ အိပ်ရေးလည်း ပျက်လို့မဖြစ်ဘူးနော်။

5️⃣ Be Prepared for Anything ( အရေးပေါ် အခြေအနေအတွက် ပြင်ဆင်ပါ )
🚨မမျှော်လင့်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ - ရာသီဥတု မကောင်းတာ၊ ပစ္စည်းတစ်ခုခု ပျက်သွားတာမျိုးတွေပေါ့။ ဒါကြောင့် အရေးပေါ် အခြေအနေအတွက်လည်း အစီအစဉ်လေးတွေ ချထားပါ။

6️⃣ Enjoy Every Moment ( ပျော်ရွှင်မှုကို ခံစားပါ )
👫မင်္ဂလာပွဲဆိုတာ တစ်သက်မှာ တစ်ခါပဲ ကြုံရမယ့် အမှတ်တရ နေ့ရက်လေးပါ။ ပြင်ဆင်နေတဲ့အချိန်တွေရော၊ မင်္ဂလာပွဲ ကျင်းပနေတဲ့ အချိန်တွေရော စိတ်ကို လျှော့ထားပြီး ပျော်ရွှင်စွာ ခံစားပါ။

သတို့သမီးလောင်းလေးတို့ ဒီအချက်လေးတွေကို သိထားရင် မင်္ဂလာပွဲကို အေးအေးဆေးဆေးနဲ့ အဆင်ပြေပြေ ပြင်ဆင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပျော်ရွှင်စရာ မင်္ဂလာပွဲလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်! ☺️

🙅‍♀️ စာသားများကူးယူဖော်ပြခွင့်မပြုပါ 🙅‍♀️

Want your business to be the top-listed Beauty Salon in Maymyo?
Click here to claim your Sponsored Listing.

Category

Telephone

Address


Pyin Oo Lwin
Maymyo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00