Beauty King
ကျန်းမာခြင်းသည် လာဘ်တစ်ပါး
01/11/2022
မေမေ့နို့ လှိုင်ရဲ့လား
=====••=====
သားဦး/ သမီးဦးလေးများ ဖြစ်ခဲ့ရင် ပထမဆုံး အပတ်မှာ မေမေရော ကလေးပါ နို့တိုက်ခြင်း ခရီးစဉ်ကို စနှင်ရတဲ့ အတွက် အဆင်မပြေတာလေးတွေ ရှိကောင်းရှိနိုင်ပါတယ်။ တစ်ပတ်ကျော်တာနဲ့ မိခင် ကျန်းမာ၊ ကလေး ကျန်းမာရင် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားမှာပါ။
မိခင်အချို့က သူတို့ကိုယ်သူတို့ နို့သိပ်မထွက်ဘူးလို့ ထင်တတ်ကြပါတယ်။
အောက်ပါ လက္ခဏာများရှိမယ်ဆိုရင် သားသားမီးမီးက မေမေ့နို့ရည်ထွက်တာ လုံလောက်တယ်လို့ ပြောပြတာပါ။
(၁)၂၄ နာရီမှာ ၈ ကြိမ် မှ ၁၂ ကြိမ်စို့ရင်
(၂) နို့စို့ဖို့ သူ့အလိုလို နိုးလာရင်
(၃) နို့တိုက်ချိန်များကြားမှာ လွန်လွန်ကဲကဲ မငိုရင်
(၄) ၂၄ နာရီမှာ အနှီး/ သေးခံများ ၆ ကြိမ်မှ ၈ ကြိမ်ထိ ရွှဲစိုရင်
(၅) တစ်နေ့ကို ဝမ်းပျော့ပျော့ အနည်းဆုံး တစ်ကြိမ်သွားရင်
(၆) ၂ ပတ် အကြာမှာ မွေးစကိုယ်လေးချိန် ပြန်ရရင်
(၇) ၂ ပတ်ကစပြီး ပထမ ၃ လမှာ တစ်ပတ်ကို အနည်းဆုံး ၁၅၀ ဂရမ် (=၅ အောင်စ)(=၀.၃ ပေါင်) တက်မယ်ဆိုရင် မေမေ့နို့ လုံလောက်ပါတယ်။
မလိုလားအပ်တဲ့ မိခင်သောက ကင်းဝေးစေရန် ရည်ရွယ်ရေးပါသည်။
#နေနေမိုးဆွေ ( Child Health Myanmar Page)
Reference: Breast Feeding Fact Sheets, Royal Women's Hospital, Victoria, Australia
30/10/2022
ကလေးချက်ကြိုးနဲ့ ပက်သက်ပြီး မေမေတို့ သိထားသင့်သည်မျာ
ကလေးရဲ့ချက်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ မပြောခင် ချက်ကြိုးဆိုဘာလဲ၊ သူ့တာဝန်က ဘာလဲဆိုတာ အရင်ပြောပြချင်ပါတယ်။ ။
ချက်ကြိုးဆိုတာဘာလဲ။ ။
မေမေတို့ဗိုက်ထဲမှာရှိနေတဲ့ ရင်သွေးလေးတွေ အချင်းဆီကနေ အောက်ဆီဂျင်နဲ့ အာဟာရတွေရအောင်လို့ ချက်ကြိုးက ကလေးနဲ့ အချင်းကြားထဲကနေ ဆက်သွယ်ပေးထားပါတယ်။ ဒါကြောင့် ဗိုက်ထဲက ရင်သွေးလေးတွေ အတွက်တော့ချက်ကြိုးက မရှိမဖြစ် အရေးကြီးတဲ့အရာတစ်ခုပါ။
ကလေးမွေးပြီးရင် ချက်ကြိုးကိုဘယ်လိုဂရုစိုက်ရမလဲ။ ။
ဗိုက်ထဲကနေ အပြင်ကိုရောက်လာတဲ့အခါမှာတော့ ချက်ကြိုးရှိနေဖို့ မလိုအပ်တော့တဲ့အတွက် ချက်ကြိုးကို ကလေးမွေးပြီးပြီးချင်း ဖြတ်ထုတ်လိုက်ရပါတယ်။ ဖြတ်ထုတ်ပြီး ကလေးဆီမှာ ကျန်ခဲ့တဲ့ ချက်ကြိုးအပိုင်းလေးကို ဂရုစိုက်ပေးဖို့က အင်မတန်မှ အရေးကြီးပါတယ်။ သူကကလေးရဲ့ဗိုက်နဲ့ ဆက်နေတဲ့အတွက်ကြောင့် အပြင်က ပိုးတွေ ချက်ကြိုးကနေ ဝင်သွားရင် ကလေးအတွက် အန ္တရာယ်အများကြီး ရှိနိုင်လို့ပါ။
ကလေးချက်က ပုံမှန်ဆို ဘယ်အချိန်ကြွေတတ်လဲ။ ။
မွေးစကလေးတစ်ယောက်ရဲ့ချက်က ၇ရက်ကန ၂၁ရက်အတွင်းမှာ ဘာပိုးဝင်တဲ့ လက္ခဏာမှ မရှိဘဲ သူ့ဘာသာ ကြွေသွားရမှာပါ။ ချက်ကြွေသွားပြီးရင် ကျန်ခဲ့တဲ့ အနာလေးက ၁ပတ်ကနေ ၂ ပတ်အတွင်းမှာတင် ကျက်သွားတတ်ပါတယ်။
ချက်ကြိုးကြွေတဲ့အချိန်မှာ ကလေးသေးခံမှာ သွေးစလေးတွေ တွေ့ရတတ်ပါတယ်။ အရမ်းကြီး စိတ်မပူပါနဲ့။ ဒါချက်ကြွေရင်ဖြစ်နေကြ အရာတစ်ခုပါ။ အနာကိုသာ သန့်သန့်ရှင်းရှင်းထားပေးရင် အချိန်တာနဲ့ အနာကျက်သွားမှာပါ။
ဒါဆို ချက်မကြွေခင် ကလေးချက်ကို ဘယ်လိုဂရုစိုက်ရမလဲ။ ။
ကြွေသင့်တဲ့အချိန်မှာ ဘာပိုးဝင်ခြင်းမှ မရှိဘဲချက်ကြွေသွားဖို့အတွက် မေမေတို့ဘက်က မကြွေခင် ချက်ကြိုးကို ဂရုစိုက်ရမယ့် အပိုင်းလေးတွေ ရှိပါတယ်။ ။
ကလေးချက်ကြိုးအပိုင်းလေးကို သန့်ရှင်းခြောက်သွေ့နေအောင်ထားပါ။
ကလေးသေးခံကို ချက်ကြိုးနဲ့ ပေးမထိပါနဲ့။ ကလေးအညစ်အကြေးတွေနဲ့ချက်ကြိုးနဲ့ထိမိသွားရင် ပိုးဝင်သွားတတ်လို့ပါ။
ကလေးချက်ကြိုးတန်းလန်းဖြစ်နေတဲ့အချိန်မှာ ရေချိုးပေးမယ့်အစား ရေပတ်ပဲတိုက်ပေးပါ။ ရေပတ်တိုက်ရင်လည်း ချက်ကြိုးကိုရှောင်တိုက်ပါ။
လေဝင်လေထွက်ကောင်းတဲ့ အင်္ကျီတွေ ကလေးကို ပေးဝတ်ပါ။ ဒါမှ ချက်ကြိုးနဲ့ ပြင်ပကလေးနဲ့ထိပြီး အောက်ဆီဂျင်လည်းရ ချက်ကြိုးလည်း မြန်မြန်ခြောက်မှာပါ။
ကလေးချက်ကြိုးတန်းလန်းဖြစ်နေတာကို အသည်းယားပြီး ချက်ကြိုးကို ညှပ်ထားတဲ့ ကလစ်ကို ဖြုတ်ဖို့ ယောင်လို့တောင် မစဉ်းစားမိပါစေနဲ့။
ပိုးဝင်တာကနေ ကာကွယ်ဖို့အတွက် ကလေးချက်ကြိုးထဲကို အရက်ပြန်ထည့်တာမျိုးက လုံးဝမလုပ်သင့်တဲ့ အရာတစ်ခုပါ။ ချက်ဆိုတာ အရက်ပြန်သုတ်မှ မြန်မြန်ကြွေသွားတာ မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့သလို သေချာဂရုစိုက်ပေးရင် ဘာပိုးမှ မဝင်ဘဲ ကြွေချိန်တန်ရင် ကြွေသွားတတ်တာမျိုးပါ။
အခန့်မသင့်လို့ချက်ထဲ ပိုးဝင်သွားရင် ဘယ်လိုလုပ်ရမလဲ။ ။
ချက်ထဲ ပိုးဝင်တာက တကယ်ကို ရှားတဲ့အရာတစ်ခုပါ။ အခန့်မသင့်ရင်ဖြစ်တတ်တဲ့အတွက်
ချက်ပတ်လည်တစ်ဝိုက်မှာ နီရဲနေမယ်။
ချက်ကိုထိလိုက်ရင် ကလေးက ငိုမယ်။
ကလေးဖျားနေမယ်။
ချက်အနာကလည်း ၁ ပတ် ၊ ၂ ပတ်အထိ မကျက်သေးဘဲ ပြည်ထွက်နေမယ်ဆိုရင် ဘာမှ စဉ်းစားမနေဘဲ ဆရာဝန်ဆီပြေးတာသာ အကောင်းဆုံးပါ။ ။
ချက်ကြိုးဆိုတာ မွေးစကလေးတစ်ယောက်အတွက် အရမ်းအရေးကြီးလို့ မေမေတို့ သေချာ ဂရုစိုက်သင့်တဲ့ အရာတစ်ခုပါ။ ။
Credit by Hello Health
&Store
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Maymyo
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |