Credential Beauty

Credential Beauty

Share

share ချင်တာ share , ဖတ်ချင်သူဖတ်

Photos from Credential Beauty's post 19/05/2026

“Air con ခန်းထဲမှာနေရလို့ အသားခြောက်တာ
ဘာသုံးရမလဲ” ဆိုတဲ့သူတွေရယ် ၊ အေးတဲ့ဒေသမှာ
နေတဲ့သူတွေရယ် ၊ အသားအရောင် မညီလို့ ၊ နေလောင်
ထားလို့ ၊ အသားအရေ ကြမ်းပြီး ခြောက်လို့ ဆိုတဲ့သူတွေ
ကို ရည်ညွှန်းပြီး ဒီ Review လေး ရေးပေးဖြစ်ပါတယ်

Moisture lock လုပ်ပေးတာမလို့ အပေါ်ကပြောခဲ့သလို
လူတွေအတွက် အရမ်းသင့်တော်ပါတယ် ၊ လိမ်းလိုက်တာနဲ့
မွှေး စိုပြီး ချောမွေ့ နုညံ့သွားတာ သိသာတယ်

ပါဝင်ပစ္စည်းတွေကလည်း အမိုက်စားတွေချည်းပဲ

👉🏻Gluta ပါဝင်လို့ အသားဖြူစေတယ်

👉🏻Kojic acid ပါဝင်လို့ ခန္ဓာကိုယ်ပေါ်က အသားမညီတာ
အမဲအစက်အပျောက်ဖြစ်တာ နဲ့ အမာရွတ်တွေကို
လျှော့ချပေးနိုင်တယ်

👉🏻Alpha-Arbutin က အသားအရောင်ညီအောင်ပြန်ပြုပြင်
ပေးနိုင်တာမို့ လက်က တစ်ရောင် လက်မောင်းကတစ်
ရောင်ဖြစ်နေတယ် ဆိုတဲ့သူတွေ သုံးပေးပါ

👉🏻Niacinamide က အသားအရေ နေလောင်ခံရတာတွေကို
ပြန်ပြုပြင်ပေးပြီး အသားအရေကို ညီညာစေတယ်
အဲ့ဒါကြောင့် လိမ်းလိုက်တာနဲ့ ချောမွေ့နေတာ

👉🏻Collagen က အသားအရေကို တင်းရင်းစေပြီး

👉🏻Vitamin B3 က နေလောင်ခံရလို့ အသားအရေ နီမြန်း
တာတွေကို သက်သာစေလို့ သင်္ကြန်လည်ထားသူတွေ
သုံးသင့်တယ်

❌ နေပူထဲ လုံးဝလိမ်းလို့မရပါဘူး ၊ UV မပါဘူးနော်ချစ်တို့
Lotion ဆိုတာနဲ့ တွေ့ရာကောက်လိမ်းပြီး အသားပိုမဲသွား
တယ် ဖြစ်မှာစိုးလို့ ကြိုပြောထားတာပါ

Air con ခန်းတွေက လေကိုခြောက်သွေ့စေတာမလို့
အသားအရေကြမ်းတယ် ၊ သကြင်္န်လည်ထားလို့
အသားအရေပျက်စီးတာ ပြုပြင်ဖို့ ၊ အသားဖြူဖို့အတွက်
အထူးသင့်လျော်ပါတယ် ၊ Night လိမ်းအိပ်ရင် ပိုကောင်း
တယ် ဆိုပေမယ့် နေပူထဲမထွက်ပဲ အိမ်နေရင်ကို လိမ်းလို့
ရပါတယ်

Body lotion တွေမှာကျ ကာကွယ်တဲ့ lotion နဲ့
ပြုပြင်တဲ့ lotion ဆိုပြီးရှိတာ Glossy gluta lotion က
ပြန်ပြီးပြုပြင်ပေးတဲ့ အမျိုးအစားပါ

အနံ့ကတော့ နှစ်မျိုးလာပါတယ်

💜ခရမ်းလေးက မိန်းကလေးဆန်ဆန် ပန်းနံ့
နုညံ့သောလေး ၊ အိမ်ထောင်သည် အမျိုးသမီးတွေ
ညအိပ်ရင် လိမ်း 😁😁

💚အစိမ်းလေးက Fresh ဖြစ်ပြီး လူကို လန်းဆန်းစေ
တာမို့ Air con ခန်းထဲ အလုပ် လုပ်ရင်း လိမ်း ၊ နေ့ခင်း
အိမ်နေရင်းလိမ်းပါ

ဟိုနားသည်နားအပြင်သွားရင်း လိမ်းတာ ကိစ္စမရှိပေမယ့်
နေပူထဲ အကြာကြီးသွားမယ်ဆိုရင် နေလောင်ခံပါတဲ့
Lotion ထပ်လိမ်းပေးပါ ၊ မမေ့ပါနဲ့

နိုနို ဆိုတာ တကယ်သုံးကြည့်ပြီး စိတ်တိုင်းကျမှ
Review လုပ်တတ်တာ ယုံမှလိုက်သုံးပါ

Sharing is caring ပါ

သုံးနေတာ (၇) လလောက်ရှိပြီ ၊ အိပ်ယာခင်းနဲ့ ပုံကလွဲရင်
ကျန်တဲ့ပုံက New year ကလော တောင်ကြီး အင်းလေး
သွားတုန်းက ရိုက်ထားတာပါ ၊ တော်တော်ကြာသွားပြီ
ကိုယ့်ဘာကိုယ် မအားနေတာနဲ့ ခုမှ Review ထရေးဖြစ်

DDC Beauty Channel မှာ အသေးစိတ်မေးမြန်းနိုင်
ပါတယ်

စျေးနှုန်းက 3️⃣3️⃣5️⃣0️⃣0️⃣ ပါ 4️⃣5️⃣0️⃣ml ပါပါတယ်

Giveaway မလုပ်ပါ ၊ Reach နည်းချင်နည်းပါစေ
Honest ပဲရေးတာမလို့ Honest readers တွေ User တွေ
ကိုသာ အလိုရှိပါတယ် ၊ ချစ်ရင်တော့ share သွားပေါ့ 🫶🏻

Photos from Kolbadent Myanmar's post 11/05/2026

ခုထိလည်း ဒါပဲ ဆက်သုံးဖြစ်ပါတယ်

24/04/2026

သနပ်ခါးကို ခြောက်မသွားပဲ လိမ်းစကလိုပဲ
စိုစိုဝင်းဝင်းလေး ဖြစ်အောင်လိမ်းနည်း တင်ပေးရမလား

18/04/2026

#အလှအပရေးရာအမေးအဖြေ

Photos from Credential Beauty's post 17/04/2026

သင်္ကြန်ပြီးတိုင်း ရေးပေးနေကြ ဆောင်းပါး

#သင်္ကြန်လည်ပြီး_နေလောင်သွားတဲ့_အသားအရေကို_ဘယ်လိုပြန်ကုစားကြမလဲ

နီနေရင် ရှားစောင်းခရင် ထူထူလေးလိမ်းပေးပါ
နိုနိုကတော့ ထူထူလေးလည်းလိမ်းတယ် ၊ အပေါ်ကနေ
တစ်သျှူးအပါးလေးလည်း အုပ်တယ် ၊ သုံးမိနစ်လောက်
ထားပြီး ရေဆေးချပါ ၊ မပွတ်ရဘူးနော်

နိုနို့လို မွဲခြောက် အဖတ်လန်နေတာတွေအတွက်
ရေချိုးဆပ်ပြာ Body scrub ကို ကောင်းတာလေး
သုံးပြီး နေလောင်ခံသေချာ ပြန်လိမ်းပေးပါ
ညဖက် Moisture များတဲ့ Lotion လိမ်းအိပ်ပါ
နီပြီး နာနေတဲ့ နေရာဆိုရင် Scrub မတိုက်ပါနဲ့
နွားနို့လေးနဲ့ တိုနာဂွမ်းကိုစွတ်ပြီး အုပ်ထားပေးပါ

ရေနွေးနဲ့ရေချိုးတာ ရှောင်ပါ ၊ဆပ်ပြာ အပြင်းစားသုံး
ခြင်း ရှောင်ပါ ၊ ရှောင်ပါ ၊ ရေခဲတုံးပွတ်တာရှောင်ပါ
နာနေတဲ့အသားက ပိုပြီးဒဏ်ဖြစ်သွားနိုင်လို့ပါ ၊ အဲ့အစား
အေးနေတဲ့ အဝတ်သန့်သန့်လေးနဲ့ အုပ်ပေးတာ ပိုပြီး
အဆင်ပြေပါတယ်

အသီးအနှံများများစားပါ ၊ ရေများများသောက်ပေးပါ
အိပ်ရေးဝအောင်အိပ်ပြီး Alcohol ရှောင်ပေးပါ
Vitamin C ပါတဲ့ Skincare တွေရှောင်ပါ ၊ အဲ့အစား
Vitamin C ပြည့်ဝတဲ့ လိမ္မော်သီး စားပေးလို့ရပါတယ်

နေပူထဲ ထပ်မထွက်ပါနဲ့ဦး ၊ ထွက်ရရင်လည်း
ပေါ့ပါးပြီး သက်တောင့်သက်သာရှိ လေဝင်လေထွက်
ကောင်းတာမျိုးလေးတွေဝတ်ပြီး ထီး ဦးထုပ် အကာ
အကွယ်သေချာ ကာကွယ်ပေးပါ

နောက်ထပ်သိချင်တာရှိရင် မေးထားခဲ့နော်
နည်းနည်းအားပြီမို့ အရင်လို စာတွေပြန်ရေးမယ်
နိုနို့ စာတွေ စောင့်ဖတ်နေတဲ့သူတွေ ရှိသေးလား
သိချင်လို့ အပန်းမကြီးရင် မန့်ခဲ့ပါဦး


#နေလောင်တာအတွက်ကုသနည်း

Photos from Credential Beauty's post 17/04/2026

Mature K Beauty က Powder mask လေး

တစ်ကြိမ်ဆို တစ်ကြိမ် ကြည်ရှင်းဝင်းသွားတာ
သိသာတယ် ၊ နေလောင်တာလည်း သက်သာတယ်
တစ်ခုပဲ သနပ်ခါးလိမ်းထားတာနဲ့တူတာရယ် အနံ့ဆိုး
တာရယ်ကိုတော့ မသိချင်ယောင်ဆောင်ရတာပေါ့
နှစ်ကြိမ်သုံးကြည့်ပြီးပြီ ကြိုက်တယ်

No sponsor post ပါ ၊ ကိုယ့်ဆိုင်ထဲက ကိုယ်ယူသုံးပြီး
အဆင်ပြေလို့ Short review လေး တစ်ဖြတ်ပါ
ရောင်းရဖို့က နောက် တကယ်ကောင်းမှညွှန်းတယ်
ရောင်းတယ်က အရင် ၊ Instock အများကြီးမရှိပါ
ဝယ်မယ်ဆို NORA Skincare & Cosmetics မှာရ

သင်္ကြန် (၄) ရက်လုံးလည်ပြီး အသားကုန်ပြန်လုပ်နေရပြီ

Photos from Credential Beauty's post 17/04/2026

Glossy Myanmar ရဲ့ Product တွေ သင်္ကြန်လက်ဆောင်
ရထားတာ ကြာပါပြီ ၊ ခုမှအားလို့ ရိုက်တင်ရတယ်
ကျေးဇူးပါ ၊ သင်္ကြန် (၄) ရက်လာ်ပြီး မဲတူး မွဲခြောက်
သွားတဲ့ skin ကို သေချာ care လိုက်ပါမယ်

သုံးကောင်းရင် ပြန်လာပြောမယ်နော် ✌🏻

02/04/2026

Crd ပေးပြီး ပြန်လည်မျှဝေပါတယ်ရှင်

🚨 [မန္တလေးနှင့် အလယ်ပိုင်းတကြော - အစွန်း ရောက်အပူရှိန်နှင့် လေပြင်းအန္တရာယ်သတိ ပေးချက်] ⚠️

​မန္တလေး၊ မိတ္ထီလာနှင့် အလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းရှိ ပြည်သူများအတွက် ယခုရက်ပိုင်း (ဧပြီ
၆ ရက်အထိ) ရာသီဥတုမှာ "နေ့လယ် အလွန်ပူပြီး ညနေ လေပြင်းတိုက်မည့်" အန္တရာယ်ရှိသော အခြေ
အနေ ဖြစ်နေပါသည်။

​🔥 ၁။ "ခြောက်သွေ့ပူပြင်းမှု" သတိပြုရန်

​နေ့လယ်ပိုင်းတွင် 38°C မှ 43°C အထိ အထွတ် အထိပ် ရောက်ရှိပါမည်။

လေထုစိုထိုင်းဆ အလွန်နည်းသဖြင့် ချွေးမထွက်
ဘဲ ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်သည့်ဖြစ်နိုင်ခြေ အလွန်မြင့်မားပါသည်။

ခေါင်းမူးခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့် အပူလျှပ်ခြင်း (Heatstroke) တို့ကို အထူးဂရုစိုက်ပါ။ (နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအတွင်း အပြင်ထွက်ခြင်း ရှောင်ကြဉ်ပါ။ မဖြစ်မနေထွက်ရပါက အကွယ် အကာယူပါ)။

​⛈️ ၂။ ညနေခင်း မိုးသက်လေပြင်းနှင့် မိုးကြိုးအန္တရာယ်

နေ့လယ်ပိုင်းတွင် စုစည်းထားသော အပူစွမ်းအင်များကြောင့် ညနေပိုင်းတွင် တစ်နာရီ မိုင် ၂၀ ခန့်အထိ ရုတ်တရက် လေပြင်းတိုက်ခတ်နိုင်ပါသည်။
​မိုးနည်းနည်းသာ နေရာကွက်၍ ရွာသွန်းနိုင်သော်
လည်း လေထုမတည်ငြိမ်မှုကြောင့် မိုးကြိုးပစ်
ခြင်းအန္တရာယ် အလွန်ကြီးပါသည်။

​(သတိပြုရန် - မိုးရွာသော်လည်း အပူရှိန် လျော့ကျသွားမည်မဟုတ်ဘဲ အိုက်စပ်မှု ပိုလာနိုင်ပါသည်။)

​🛑 ၃။ ပြည်သူများ လိုက်နာရန် ဆောင်ရန်/
ရှောင်ရန်

​💧 ရေဆာရေငတ်သည်ဖြစ်စေ၊ မဆာမငတ်သည်ဖြစ်စေ ရေကို ခပ်စိပ်စိပ် သောက်ပေးပါ။ ဓာတ်ဆားရည် သောက်သုံးပေးခြင်းက ပိုမိုထိရောက်ပါသည်။

​☂️အပြင်ထွက်ပါက ထီး၊ ဦးထုပ်၊ အင်္ကျီလက်ရှည် (သို့မဟုတ်) နေရောင်ကာခရင်မ် (Sunscreen) ကို မဖြစ်မနေ အသုံးပြုပါ။

​⚡ မိုးကြိုးသံကြားသည်နှင့် သစ်ပင်အောက်နှင့် ကွင်းပြင်များတွင် မနေဘဲ ခိုင်ခံ့သော အဆောက် အအုံအတွင်း ချက်ချင်းဝင်ရောက်ပါ။

​🏠 ညအချိန်တွင် အခန်းတွင်း လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်များ ဖွင့်ထားပေးပါ။

​“ဒါဟာ သာမန်နွေရာသီ မဟုတ်ဘဲ မိုးမဝင်ခင် အပူအမြင့်ဆုံးနှင့် လေထုမတည်ငြိမ်ဆုံး မိုးကြိုကာလ (Pre-Monsoon )အန္တရာယ်ကာလ ဖြစ်ပါတယ်။”
​📢 မိသားစုနှင့် မိတ်ဆွေများကို Share လုပ်ပြီး သတိပေးပေးကြပါ။
💬 မိမိတို့ဒေသ၏ အပူချိန်နှင့် လက်ရှိအခြေအနေကို Comment မှာ မျှဝေနိုင်ပါသည်။ ကျနော်တို့ အချိန်ရရင်ရသလို ဆွေးနွေးအကြံပြုပေးပါမယ်။

🌿 AI Info Team 🌿
📅 2 APR 2026 | 16:30 PM
DMH/IMD/Realtime Data

Photos from NORA Skincare & Cosmetics's post 31/03/2026

💕💕💕

29/03/2026

https://www.tiktok.com/?_r=1&_t=ZS-955XmPz0FVQ

ဆိုင်ရဲ့ tt အကောင့်လေး follow လုပ်ပေးကြပါဦး

Want your business to be the top-listed Beauty Salon in Maymyo?
Click here to claim your Sponsored Listing.

Category

Website

Address


Maymyo