MON YOGA

MON YOGA

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MON YOGA, Health/Beauty, Meiktila.

Photos from MON YOGA's post 10/10/2020

10.10.2020
World mental health day

Succeeded third walk lake round and I took the view you wanna see. 💜💜💜

09/10/2020

Long time no upload ...

Hello ... Everyone 🙏🙏🙏

မွန် ဒီနေ့ ‌ Sharing တစ်ခု လုပ်ချင်ပါတယ် ...

အဲ့တာဘာလဲ ဆိုတော့ ...
ခုလို အလုပ်တွေနားထားရတဲ့ အချိန်မှာ လူတော်တော် များများစိတ်ကျပြီ Motivation ပျောက် နေတယ် ဆိုပြီး ပြောနေတာ ကို တွေ့ရပါတယ် ...

Motivation ရလာဖို့ ကို မစောင့်ပါနဲ့ ... Motivation ဆိုတာ မိမိ လုပ်ဆောင်တဲ့ Action တွေကနေ လာတာပါ ...
ဒါကြောင့် စိတ်အခြေအနေ က အရမ်းကို Boring ဖြစ်နေပီဆိုရင်
Body movement လေးကို (၅)မိနစ်လောက် ကြိုးစားပြီး လုပ်ကြည့်ပါ ... (၅)မိနစ်တောင်စလုပ်ဖို့ မိမိရဲ့ စိတ်က ပျင်းနေတယ်ဆိုရင် (၁)မိနစ်လောက်ပဲ လမ်းထလျှောက်ကြည့်ပါ ...
အတတ်နိုင်ဆုံး Phone ကိုဖြတ်ကြည့်ပါ ... Phone ကို စိတ်ပညာရှင်ပေါင်း မြောက်များစွာ က ဖန်တီး ထားတဲ့ အတွက်ကြောင့် မို့ လူတိုင်းစွဲလမ်းနေကြတာလို့ သိရပါတယ် ...
မိမိ ကိုယ်ကို Self - Control ကောင်းကောင်းလုပ်ပါ ...
မိမိ ရဲ့ နေ့စဉ် Schedule ကို သေချာ ရေးဆွဲပါ ... မိမိ ဆွဲထားတဲ့ Schedule အတိုင်း လုပ်ဖြစ်အောင် လုပ်ပါ ...

Daily Schedule ထဲမှာ ‌အောက်ဖော်ပြပါ အချက်လေးတွေ ကို ထည့်ပြီး လုပ်ဆောင်ကြည့်ပါ ...

၁။ မနက်အိပ်ရာစောစောထပါ ...

၂။ အိပ်ရာနိုးနိုးချင်း ဖုန်း မကိုင်ပါနဲ့ ...

၃။ Stretching လုပ်ပါ ...

၄။ Meditation (OR) Breathing Exercise ကို သေချာလုပ်ပါ ...
(မိမိရဲ့ စိတ်တည်ငြိမ်နဲ့မှ အရာရာကို သဲသဲကွဲကွဲမြင်ရမှာပါ ..)

၅။ မိမိ ကိုယ်ကို ချစ်တဲ့အကြောင်းကိုပြောပါ ...(မျက်လုံးလေးမှိတ်ပြီး နှလုံးသားက ပြန်ပြောမယ့်စကားကို ခံစားကြည့်ပါ)

၆။ ကိုယ့်ဘဝ မှာ ကျေးဇူးတင်ချင်တဲ့ အကြောင်းအရာ (၃)မျိုးကိုတွေးပါ ... ( တစ်ခါတစ်ရံ ကျေးဇူးတင်ပေမယ့် ပါးစပ်က မပြောဖြစ်လိုက်တာလေးတွေ ရှိပါတယ် ... မိမိ စိတ်ကလေး ကို နှစ်ပြီး ကျေးဇူးတင်ကြောင်းပြောရင် တစ်ဖက်သူ ကလည်း ခံစားလို့ရပါတယ် )

၇။ သူများကို ကိုယ်ကူညီနိုင်တဲ့ အကြောင်းအရာ(၃)မျိုးကို တွေးပါ ... (ကြီးကြီးမားမား ဖြစ်ဖို့မလိုပါ ... တွေးတဲ့အတိုင်းလုပ်ဆောင်နိုင်‌အောင် ကြိုးစားပါ.. )

၈။ စာအုပ်ဖတ်ပါ...
(စာဖတ် ပျင်းတဲ့သူဆို တစ်နေ့ ၁၅မိနစ်လောက်ပဲဖတ်ဖြစ်အောင်ဖတ်ပါ)

၉။ Body movementအနေနဲ့ လေ့ကျင့်ခန်း တစ်ခုခုကို လုပ်ပါ ...

၁၀။ ဘုရား၊ တရားလုပ်ပါ ...

မိမိရဲ့ လုပ်ဆောင်ချက် Action‌ တွေကို Brain က မှတ်ထားတဲ့အတွက်ကြောင့် အကျင့်ဆိုတာဖြစ်လာတာပါ ...
မိမိ ရဲ့ အကျင့်တွေက ပြင်လို့ ရပါတယ် ...

Chance Myanmarက တီချယ်ဖြိုးပြောသလိုပေါ့

Motivation is not coming.Never wait for motivation.You have to take the action first.

Motivation ရဖို့ ဘယ်တော့မှ မစောင့်မိပါစေနဲ့နော် ...

အခုဖြစ်နေတဲ့ ကာလပေါ်မှာ လိုက်ပီးမစီးမျောပါနဲ့ ...မိမိလုပ်စရာရှိတာတွေကို လုပ်ပါ ... ဘယ်လိုအရာမျိုးကမှ မိမိရဲ့ လုပ်ဆောင်ချက်တဲ့ ကို ရပ်တန့်လို့ မရပါဘူး ... တကယ်တမ်းရပ်တန့်သွားတာ မိမိစိတ်ပါ ...
မိမိစိတ်ကို အမြဲတတ်ကြွအောင်နေပါ ... မကောင်းတဲ့ Emotion တွေ ဝင်မလာအောင် အတွေးတွေကိုရပ်တန့်ပါ...

မွန် ကိုယ်တိုင်လဲ အမြဲ စိတ်ကျလွယ်တဲ့သူမို့ ... မွန်လိုမျိုး စိတ်ကျ လွယ်တတ်တဲ့သူတွေအတွက် ပြန်ပီး Sharing လုပ်ပေးတာပါ ... အများကြီးသိနေလို့တော့မဟုတ်ပါဘူး... မွန် ကိုယ်တိုင်လဲ ကြိုးစား‌လေ့လာနေဆဲပါ ...

Everyday you can talk yourself.
I love you.
I respect you.
I thank you.💪

🤍 Thank You 🤍 Thank You Thank You 🤍

03/09/2020

ဝနေပေမဲ့လေ့ကျင့်ခန်းပုံမှန်စွဲစွဲမြဲမြဲလုပ်သူတွေဟာ
ပိန်ပြီးလေ့ကျင့်ခန်းမလုပ်သူတွေထက်အသက်ရှည်ကြရောဂါနည်းကြတယ်ဆိုတာ လူဦးရေအတော်များများကိုmorbidity and mortality ratesတွေနှိုင်းယှဉ်လေ့လာပြီးလေ့လာခဲ့ကြတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့ကျန်းမာတဲ့ဝက်ကြီးဟာ
ပိန်ပြီးလှုပ်ရှားရှားမရှိသူတွေထက်ကျန်းမာကြတယ်လို့တွေ့ရတယ်။

ဒီတော့လေ့ကျင့်ခန်းပုံမှန်လုပ်နေပြီဆိုရင်ဘဲကျန်းမာသက်ရှည်ဖို့အကျိုးကျေးဇူးတွေခံစားနေရနှင့်နေပြီဖြစ်လို့အကျိုးအမြတ်အများကြီးရနှင့်ပြီးသားဖြစ်တယ်။

ပိန်သည်ဖြစ်စေ,ဝသည်ဖြစ်စေ...stay activeပါ...
ZAYAR:CIFA

15/08/2020

" Yogas Chitta Vritti Nirodha "

Yoga is restraining the modulations of the minds .

Yoga is the perfect balance between strength and flexiblity .

YOGA - to yoke , to join , to unite
CHITTA - Consciousness
VRITTI - fluctuations
NIRODHA - quieting of

11/08/2020

မင်္ဂလာ ပါ 🙏🙏🙏

MON YOGA မှ ကြိုဆိုပါတယ်ရှင်

ဘဝ လောကဓံ မှာ သက်လုံကောင်းဖို့ စာများများဖတ်ပြီး...

ကျန်းမာရေး သက်လုံ ကောင်းဖို့ Yoga ကျင့်ပါ .... 🧘🧘🧘

07/08/2020

ကျေးဇူးပြုပြီး အဆုံးထိဖတ်ဖြစ်အောင်ဖတ်‌ပေးပါ
~~~~~~~~~~~~~~~~~~~~~~~~~~

ကိုယ်ယောဂသင်တန်းပြရင် အမြဲပြောလေ့ရှိပါတယ်
ကိုယ့်ကိုယ်ကို တနေ့မှာ အနဲဆုံး တနာရီခွဲလောက် အချိန်ပေးပြီး ချစ်ပါ ဂရုစိုက်ပါ မိမိကိုယ်ကို စောင့်ရှောက်တာဟာ မိသားစုတခုလုံးကို စောင့်ရှောက်တာနဲ့အတူပါပဲလို့လေ

မိမိ ခန္ဓာကိုယ်ကို ‌ရောဂါဘယတွေဖိစီးမှ ငွေကုန်ကြေးကျခံ ဆေးကုနေတာထက် မဖြစ်ခင်ကြိုတင်ကာကွယ်
ဂရုစိုက်ထားတာအကောင်းဆုံးပါ
ဘယ်အားကစားနည်းဖြစ်ဖြစ် လေ့ကျင့်ပါ
ဘာမှမလုပ်တာထက်စာရင်
တခုခုကို လုပ်နေတာကပိုကောင်းပါတယ်

မအားဘူးဆိုတာ ဆင်ခြေပါ အဲ့ဒီဆင်‌ခြေ
ကိုယ်လဲပေးခဲ့ဖူးပါတယ် ကျန်းမာရေးအတွက်
အချိန်တခုပေးပြီး အားကစားကို လုပ်ဆောင်တာဟာ
လူတိုင်းတယောက်ချင်း ဘဝအတွက်
အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်
ငွေရှာရသလိုမျိုး နေ့စဉ် မဖြစ်မနေ လုပ်ရမဲ့ ကိစ္စထဲမှာပါပါတယ်။

အဲ့ဒီတော့ အာရောဂျံ ပရမံ လာဘံ ဆိုတဲ့အတိုင်း
စီးပွားရှာတာလဲရှာ ကျန်းမာရေးလဲ ဂရုစိုက်ပြီး
မိမိကိုယ်တိုင်နဲ့ မိမိရဲ့မျိုးဆက် မိမိရဲ့မိသားစု
အတွက် ဒီနေ့ကစ လုပ်ဆောင်လိုက်ပါလို့
အပြုသဘောနဲ့ အကြံပေးလိုပါတယ်

🚣🥋🥊🏓🥅🎾🏀🏊🏇🏋️⛹️🚴🏃🧘🏌️🧗

သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ယောက်နေ့တိုင်းလေ့ကျင့်ခန်းအားကစားလုပ်တာကို သူ့မိတ်ဆွေကမေးတယ် ... တစ်နေကုန်အလုပ်လည်းပင်ပန်းလာပြီးပြီ ရတဲ့လစာလေးကလည်းနည်းနည်း ဘာလို့ကျန်းမာရေးကိုဒီလောက်ဂရုစိုက်နေရသလဲ ???
သူမရဲ့အဖြေဟာ အားလုံးကိုနိုးထလာစေတယ် ...
လွန်ခဲ့တဲ့ ၁၀နှစ်က ကျွန်မရဲ့အဖေဟာ သူစုထားတဲ့ငွေဘတ်၈သိန်း ကိုအဖိုးရဲ့ကျန်းမာရေးအတွက် အကုန်ခံကုသခဲ့တယ်
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မရဲ့၁၀နှစ်စာစုမိထားတဲ့ငွေ ဘတ်၂သန်း လည်း ကျမ ရဲ့အဖေ့ကျန်းမာရေးအတွက် အကုန်ခံကုသခဲ့ရပြန်တယ် ၊

ကျွန်မတို့ ၂မျိုးဆက်လုံး (Generation) ဟာ ဆေးရုံအတွက်ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ခဲ့ရတယ် ၊ ကျွန်မရဲ့သားသမီးတွေကို ကျွန်မလို ဒုက္ခမပေးချင်ဘူး
မျိုးဆက်နံပါတ် ၃ ကိုလည်းဆေးရုံအတွက် ပင်ပင်ပန်းပန်းအလုပ် မလုပ်ပေးရအောင် ဒီနေ့ ကျွန်မကျန်းမာတုန်း မဖျားမနာတုန်း ကျွန်မရဲ့ ကျန်းမာရေး ကို ကျွန်မ ဂရုစိုက်ရပါမယ် ။

✔️ကျန်းမာရေးကိုဂရုစိုက်ကြပါ ...
✔️ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် စရိတ်ဘယ်လောက်ကြီးကြီး ဆေးရုံဆေးခန်းကုသစရိတ် ဆေးဖိုးဝါးစရိတ်ထက်မကြီးဘူးဆိုတာ ယုံလိုက်ပါ

သင့်ကို ကျန်းမာရေးဂရုစိုက်ပါလို့လာပြောတဲ့ မိတ်ဆွေအပေါင်းသင်းတွေကိုကျေးဇူးတင်လိုက်ပါ

လူတော်တော်များကျန်းမာရေးဂရုမစိုက်ဖို့ ပေးလေ့ရှိတဲ့အကြောင်းပြချက်တွေက
- စိတ်မဝင်စားဘူး
- မလိုအပ်သေးဘူး
- အချိန်မရှိဘူး
- ငွေကုန်ကြေးကျများတယ်

သင့်ပိုက်ဆံအိပ်ထဲက ပိုက်ဆံကိုကုန်အောင် ဆရာဝန်စကား (၃)ခွန်းပဲပြောမှာပါ
- သင့်ရဲ့ကျန်းမာရေးအရမ်းဆိုးဝါးနေပါပြီ
- ခင်ဗျားကံကောင်းသေးတယ်
ကုသလို့ရသေးလို့
- ဒါပေမယ့် " ပိုက်ဆံ ကုန်ကျစရိတ် "တော့များမယ်

သင့်ရဲ့နှစ် ၃၀လောက်စုထားတဲ့ငွေကို ဆရာဝန်က ၃မိနစ်အတွင်းအရယူသွားလိုက်ပါပြီ

❤️ ကျန်းမာရေးကိုဂရုစိုက်ကြပါ
❤️ ခန္ဓာကိုယ်ရဲ့ကလီစာတွေဟာစျေးအရမ်း ကြီးတယ်
❤️ အဲဒီ ကလီစာတွေက လွယ်လွယ်ကူကူရှာဝယ်လို့မရပါဘူး

အသက်ငယ်သေးလို့ ကျန်းမာရေးကောင်းပါသေးတယ်ဆိုတာ အကြောင်းပြချက်ပါ ၊ ဒီနေ့သတင်းစာမျက်နှာတွေပေါ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးတဲ့လူဦးရေအရမ်းများပါတယ်

" ကျန်းမာရေးကောင်းရင် အနာဂတ်အတွက်လုံခြုံရပါတယ် "

!

04/08/2020

💗 ယောဂ လေ့ကျင့်ပေးခြင်းက ညတွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အများကြီး အထောက်အကူ ဖြစ်စေပါတယ်😊😊

💗 အိပ်ရေးမဝခြင်းက အဝလွန်တာ၊ သွေးတိုးတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးမှုဖြစ်တာ စသည့် ပုံမှန်မဟုတ်တဲ့ အကြောင်းအရာတွေကို ဖြစ်စေသလို ပိုမို ဆိုးရွားစေပါတယ်😩😩

💗 သုတေသနတွေ လုပ်ပြီး တွေ့ရှိတာက ယောဂ လေ့ကျင့်သူတွေက ပိုပြီးအရည်အသွေးပြည့်ဝတဲ့ အိပ်ပျော်ခြင်းတွေ ရရှိကြပြီး နေ့စဉ်ဘဝမှာ ပိုကျန်းမာကြတယ် ဆိုတာပါပဲ👍👍

30/07/2020

🎈စိတ်ပိုင်းဆိုင်ရာ 🧘‍♀️🧘‍♂️

🎈ရုပ်ပိုင်းဆိုင်ရာ 🤸‍♀️🤸‍♀️

🎈အားလုံးအတွက် 🙏🙏

🎈Yoga လေ့ကျင့်ပေးပါ🌅🌅

Want your business to be the top-listed Beauty Salon in Meiktila?
Click here to claim your Sponsored Listing.

Category

Website

Address


Meiktila