Myst Perfume Corner

Myst Perfume Corner

Share

Myst Perfume ( Monywa)

Mobile uploads 12/10/2025

30ml instock

🩵 Sexy Graffiti 🩵
- ဒါလေးကတော့ sexy graffiti လို့ဆိုပေမဲ့
ချိုပြီးအီတဲ့ အနံ့ဘက်မသွားဘူး။
သူ့အနံ့လေးက Raspberry + Strawberry ပေါင်းထားတဲ့ အနံ့လေး ချစ်စရာကောင်းပြီး juicy ဖြစ်တဲ့ ရနံ့လေး floral ဘက်ကိုလဲ နည်းနည်းသွားပြီး fresh ,ဖြစ်တယ်။ လူတိုင်းကြိုက်မဲ့ အနံ့မျိုးလေး။
ရွှေရည်လဲ ဒီ အနံ့လေးပိုကြိုက်မိတယ်။
အသီးအနံ့လေးကိုမ့ Strawberry ဘက် သွားတာလေးကြိုက်ရင် Sexy Graffiti လေး try ကြိုက်ကြည့်နော်။

Mobile uploads 12/10/2025

ချစ်ဖို့ကောင်းတာလေး 30ml ရပါမယ်ရှင့်

Myst - Escada Sexy Graffiti 🍬

နောက်ထပ် Escada အနံ့အသစ်ကတော့
Sexy Graffiti ပါတဲ့ သူကကျတော့
ပုံမှန် Fruity & Sweet ဖြစ်တဲ့အနံ့ပဲ
ဒါလေးလည်း လူကြိုက်များမယ့်အနံ့မျိုးလေးပါ

🍬 သူ့အနံ့က Raspberry + Strawberry ပေါင်းထားတဲ့အနံ့
အဲ့ဒါကိုမှ Floral ဘက်လည်းနည်းနည်းရောက်တယ်
Peony ပန်းနံ့လေးကို ငုံးခံစားမိတယ်

🍬 သူ့အနံ့လေးက ရိုးရိုးရှင်းရှင်းနဲ့
လွတ်လပ်ပေါ့ပါးတဲ့ အနံ့မျိုးလေးဘက်ကိုသွားတာမို့
Everyday wear အတွက်အရမ်းအဆင်ပြေလိမ့်မယ်

ငုံးအတွက်ကတော့ ဒီလိုအနံ့မျိုးလေးတွေက
သဘောကျတယ် ကြိုက်တယ်ဆိုပေမယ့်
ရင်ထဲတော့ သိပ်မတိုးတော့ဘူးလေနော်
ကိုယ်တွေက ထောင်းထောင်းထမှ
ရင်ထဲထိတဲ့ဘက်ကို တဖြည်းဖြည်း ရောက်လာပြီမို့ 😛

Mobile uploads 12/10/2025

30ml instock ရပါမယ်ရှင့်

စတော်ဘယ်ရီနဲ့ raspberry တွေပြည့်နှံ့နေတဲ့
ခြံထဲရောက်သွားသလို ခံစားရစေမဲ့ ရနံ့ လေး 🍓🫐

Myst - Escada Sexy Graffiti

Gi လို ချိုချဉ်မွှေးရနံ့ ကြိုက်သူတွေအတွက် အကြိုက်တွေ့စေမဲ့ ရနံ့ ။ လူကြားထဲမှာ ထင်းခနဲ ပေါင်လွင်နေစေတဲ့အထိ စွဲဆောင်မှုရှိတဲ့ ရနံ့လို့လဲ ပြောလို့ရတယ် ။

Strawberry , Raspberry ပါဝင်ထားတဲ့ သူ့ရဲ့ ရနံ့က ချိုချဉ်မွှေး ချစ်စရာ ကောင်းပြီး Fruity & Juicy စစ်စစ်ဖြစ်တဲ့ ဘက်ကိုသွားတယ် 🍓🫐

ဘာနဲ့တူလဲဆိုတော့ ခြံထဲကခူးထားတာမကြာသေးတဲ့ လတ်”ဆတ်” အသီးတွေကို ကိုက်ဝါးလိုက်တဲ့အချိန် နှာခေါင်းထဲ သစ်သီးရနံ့လေး ပြန်ရတဲ့ Feeling မျိုး ရစေပါတယ် 🥰

Mobile uploads 12/10/2025

Instock ရပါတယ်ရှင့်

DT bathhouse silky hair serum review

မေက နဂိုဆံသား ကြမ်းပြီးဖွာလို့ hair mask သုံးပြီးတာတောင် ဆံပင်ကအုံပွပွကြီးဖြစ်နေတတ်တာပါ။အရင်ကဆို ဆံသားအဖျားတွေ ကြမ်းခြောက်ကောက်လိမ်နေလို့ ဆီလိမ်းပေးမှကို အဆင်ပြေတယ်ပေါ့နော်။

တကယ်ကလေ Hair serum ရွေးရတာလည်း လွယ်မနေဘူးနော်။ဆံပင်အဖျားတွေခြောက်ပြီး ရှုပ်နေလို့ ဆီတွေလိမ်းပေမဲ့ လိမ်းပြီးတာနဲ့ခြောက်ပြီး ကြမ်းမြဲကြမ်းနေတာ၊ ဆီကပျစ်လွန်းလို့ ဆံပင်တွေကပြားကပ်ပြီး (မြင်သာအောင်ဥပမာပေးရရင်) ဆတ်သားခြောက်ကြီးချိတ်လှမ်းထားသလို အချောင်းလိုက်ဖြစ်နေတဲ့ ပြသနာတွေကို အနည်းနဲ့အများ ကြုံဖူးကြတယ်မလား။မေကိုယ်တိုင်လည်း Hair serum တွေ အများကြီးသုံးဖူးပေမဲ့ ရင်ထဲထိပြီးစွဲသုံးဖြစ်တာ ရှားတယ်။ခုတော့ DT silky hair serum လေးနဲ့ အဆင်ပြေလွန်းလို့ ပျော်နေရပြီရယ်။🥰

DT bathhouse product တွေရဲ့ အနံ့လေးတွေက သူများနဲ့မတူဘဲ ထူးခြားတတ်လို့ အမှန်တိုင်းပြောရရင် hair serum လေး လက်ထဲမရောက်ခင်ထဲက သိပ်ကိုရင်ခုန်နေခဲ့တာ။ဘူးလေးဖွင့်ပြီး လက်ထဲထည့်ကြည့်တာနဲ့ fruity jelly လို ချစ်စရာအနံ့လေးရတာနဲ့တင် ကြွေတာပဲ။ပြင်းပြီးအီဆိမ့်နေတဲ့ အနံ့မဟုတ်ဘူးနော်။သိမ်သိမ်မွေ့မွေ့လေးနဲ့ ချိုနေတဲ့အနံ့လေး။မေကအသီးနံ့လေးတွေဆိုရင် သိပ်ကြိုက်တဲ့သူဆိုတော့ အနံ့နဲ့တင် အမှတ်ပြည့်😊🍇

မေအပိုမပြောဘူး။ Silky hair serum ဆိုတဲ့အတိုင်း သူ့ texture လေးက လိမ်းလို့အရမ်းကောင်းတယ်ဆိုတာထက်ကို ပိုတယ်။lightweight oil texture ကိုမှ ထူးခြားတာလေးက ဆံသားပေါ်ပွတ်လိမ်းပြီး ခဏလေးအတွင်းမှာပဲ စိမ့်ဝင်သွားတာ။ဆံပင်တစ်မျှင်ချင်းစီက ဖဲစလေးကိုင်နေရသလို စိုအိပြီးချောပြောင်သွားတော့ ကိုယ့်ဆံပင်လေးကိုယ်လက်နဲ့သပ်ရင်း ကျေနပ်ပီတိတွေဖြာလို့။🤭

နောက်ထပ်အရမ်းသဘောကျတာကတော့ လုံးဝမစေးမကပ်တာပဲ။လိမ်းပြီးရင်လက်ဖဝါးပေါ်မှာတောင် ဆီတွေအိုင်မနေဘူး။မေကဆံပင်အဖြောင့်ဆိုတော့ ဆီလိမ်းပြီးလို့ရှိရင် စေးထန်းပြီး အပြားလိုက်ကပ်နေတာကို မကြိုက်ဘူး။သူကလိမ်းပြီးတာနဲ့ ဆံပင်တွေကပ်မသွားဘဲ ဝပ်ဝပ်လေးနဲ့ ပုံကျပြီး ရှုပ်တာငြိတာတွေ သက်သာသွားစေတော့ မေလိုချင်တာနဲ့ကွက်တိကျတယ်။

30 ml ပါလို့ နည်းတယ်ထင်ရပေမဲ့ တစ်ခါသုံးရင် ကျောလယ်မရောက်တရောက်ဆံပင်ကို 2 pumps လောက်နဲ့တင် လုံလောက်ပါတယ်။ဆိုတော့ အကြာကြီးအသုံးခံမယ်။ dryer မှုတ်ပြီးမှသုံးရင် ဆံပင်လေးက ပိုပြောင်သလိုခံစားရတယ်။

ဆံသားစိုပြီး အားဖြည့်ပေးတဲ့အဆီလေးတွေလည်း ထည့်ထားပေးလို့ ဆံပင်အဖျားအရမ်းခြောက်သူတွေအနေနဲ့ အဆင်ပြေပါလိမ့်မယ်။ဖြီးရခက်ပြီး ပွယောင်းနေတဲ့ ဆံပင်တွေနဲ့လည်း အဆင်ပြေတာ အတိုင်းထက်အလွန်ပေါ့။မေအရမ်းကိုသဘောကျရတဲ့ hair serum လေးမို့ စမ်းသုံးကြည့်ဖို့ လက်တို့လိုက်ပါတယ်ရှင့်။💝

12/10/2025

ဆံသားဖွာတာ.. ကြမ်းတာ သက်သာစေပြီး
ဆံသား စိုပြောင်ပေါ့ပါးတဲ့ Hair Serum လေး ရချင်ရင်
DT Bathhouse Hair Serum လေး instock ရှိပါတယ်

ဆံပင်ဖွာတာကြမ်းတာသက်သာပြီး စိုပြောင်ပေါ့ပါးတဲ့
Hair Serum ကောင်းကောင်းလေးရှာနေရင် . . . ✨

ဒီ DT Bathhouse ရဲ့ hair serum ကို ကြိုက်လားမကြိုက်လားကတော့
ဘူးကိုပဲ ကြည့်ပါ ကုန်တော့မှာမို့ ရင်တုန်နေတယ် 🥹

✨ ငုံးအဓိကကြိုက်တာက သူ့ရဲ့ texture ကြောင့်ပါ
Hair Serum ပေမယ့် Oil ကျဲကျဲလေးနဲ့ပိုတူပါတယ်
Texture ကျဲသလို ဆံသားမှာလည်း
အလွယ်တကူလေးပဲ စိမ့်ဝင်လွယ်တာမလို့
လုံးဝမစေးကပ်သလို နှစ်ထပ်လောက်ထပ်လိမ်းရင်တောင်
ဆံပင်အတုံးလိုက်ကြီး ဖြစ်သွားတာမျိုးမရှိဘူး
လိမ်းပြီးဘာမှမကျန်တော့သလို ခြောက်ကပ်ကပ်နဲ့
ဒီတိုင်းက ဒီတိုင်းပဲဆိုတာမျိုးလည်း မဖြစ်ဘူး

✨ ဆံသားလေးချောအိပြီးနူးညံ့သွားတယ် စိုသွားတယ်
လိမ်းထားတယ်ဆိုပေမယ့်လည်း လိမ်းထားမှန်းမသိသာဘူး
ကိုယ့်ရဲ့နဂိုဆံသားက ကောင်းနေသလို effect ကိုရတာ
ပြီးရင် ခပ်ပြောင်ပြောင်လေးဖြစ်နေတာလည်း
ခေါင်းမလျှော်မချင်းကို အဲ့အတိုင်းလေးပဲ
လိမ်းတုန်းခဏ ဖြစ်သွားတာမဟုတ်ဘူး

✨ အနံ့ကတော့ ချိုတယ် powdery ဆန်တယ်
ချိုမွှေးတဲ့ Peach ဘက်သွားတဲ့အနံ့မျိုးပါ
ငုံးအတွက်တော့ အီတဲ့အထဲ မပါဘူး
နောက်ပြီး သူ့အနံ့ကလည်း ဆံသားပေါ်မှာ
အချိန်တော်တော်ကြာအောင် စွဲတယ်

✨ Argan Oil , Avocado Oil နဲ့ Jojoba Oil တို့အဓိကပါတာကြောင့်
ဆံသားခြောက်တာ တော်တော်လေးသက်သာတယ်
Silicone တော့ပါတာပေါ့နော် ပုံမှန်ထက် smooth ပိုဖြစ်သလို
ငြိနေတဲ့အဖျားတွေရှိရင်တောင် လိမ်းပြီးတာနဲ့
ဘီးနဲ့ဖြီးစရာမလိုဘဲ လက်နဲ့သပ်ချလိုက်ရုံတင်
ပုံကျပြီး သပ်သပ်ရပ်ရပ်လေးဖြစ်သွားတယ်
ငုံးကတော့ သုံးနေကြပုံစံအတိုင်း ဆံပင်ရေခြောက်သွားမှ
လိမ်းရတာကိုပိုကြိုက်တာမို့ အဲ့အချိန်ပဲလိမ်းဖြစ်ပါတယ်

✨ Packaging ကလည်း airless pump ပုံစံနဲ့မို့
Local Brand လို့ကိုမထင်ရအောင် မိုက်တယ်
အဲ့ဒါကြောင့်လည်း ဈေးလေးတော့နည်းနည်းများတယ်
ဒါပေမယ့် စေတနာပါပါလုပ်ပေးထားတယ်ဆိုတာ သိသာတော့
သုံးရတာတန်ပါတယ် 30ml ကို ငုံးကတော့
Feb တည်းကစသုံးတာ ခုထိမကုန်သေးဘူးပေါ့နော်

အဲ့‌ဒီတော့ Hair Serum ကောင်းကောင်းရှာနေရင်တော့
ဒါလေးကို Recommend ပေးပါတယ် ခင်ဗျာ
အစက local 3 ခုယှဉ်ရေးပေးမလို့ပေမယ့်
တစ်ခုချင်းစီတင်ပေးတာပဲ ပိုကောင်းမယ်စဉ်းစားမိလို့ပါ
လက်ဆောင်လည်းမဟုတ် collab လည်းမဟုတ်ပါဘူး
ကွကိုယ် ဝယ်သုံး ကွကိုယ် အရမ်းကြိုက် 🤩

Mobile uploads 12/10/2025

DT Bathhouse Hair Serum လေး 21000 ကျပ်နဲ့ ဝယ်ယူအားပေးနိုင်ပါပြီရှင့်

✨DT Bathhouse Argan Oil Silky Hair Serum

Local brand လို့တောင် ထင်ရက်စရာမရှိ၊ အနံ့နဲ့တင် အမှတ်ပြည့် တန်းပေးချင်တဲ့ hair serum ပါ။ ချိုချိုချဉ်ချဉ်ကိုက်စားချင်စရာ အနံ့မွှေးမွှေးလေးကိုမှ ဂျူလီ့ဆံပင်အပေါ် တစ်ရက်နီးပါးလောက်ထိ အနံ့စွဲပါတယ်။ ဆံပင်အကောက်သမားမို့ လေးငါးညှစ်စာယူလိမ်းပစ်ရင်တောင် ဆံပင်ပေါ်စီးကပ်မနေသလို၊ လက်ထဲမှာလည်း ဗျစ်တစ်တစ်နဲ့ ကပ်စီးစီးဖြစ်မနေပါဘူး။ လိမ်းလိုက်ရင်လည်း ခဏနဲ့စိမ့်ဝင်တာမြန်သလို ဆံပင်တွေအချောင်းလိုက်ဖြစ်သွားတာလည်းမရှိဘူး။ ဘယ်လောက်မစီးကပ်ကပ်၊ လက်လွန်ကြက်သွန်ဖြစ်သွားရင်တော့ စေးထန်သွားနိုင်လို့ မလွန်စေဖို့တော့ ဂရုစိုက်ပေါ့။

Packaging ကို airless pump bottle အသုံးပြုပေးထားလို့ serum ကမကုန်သေးဘူး၊ ပိုက်ကမမှီလို့ အောက်မှာဆီတွေကျန်ခဲ့ပြီး မသုံးရတဲ့ပြဿနာနည်းသွားတဲ့တစ်ချက်ကိုလည်း သဘောတွေ့မိပါတယ်။ သေချာလေးသုံးပေးရင် ဆံပင်ဖွာတာ၊ ကြမ်းတာ၊ ရှုပ်တာတွေကို သက်သာလာစေပြီး မွဲခြောက်ခြောက်ဖြစ်နေတာတွေကိုလည်း လျော့ချပေးနိုင်တာတွေ့ရတယ်။
ဆံပင်အဖြောင့်အကောက် all hair types အသုံးပြုနိုင်ပါတယ်။
စျေးနှုန်းကတော့ 30ml - 16000 ဝန်းကျင်ပါ။ 16000 ဆိုပေမဲ့ local brand လို့မဆိုနိုင်အောင် quality ကောင်းရုံမက သုံးလိုက်တာနဲ့စိတ်ကျေနပ်မှုပေးနိုင်မှာသေချာလို့ စျေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်တဲ့ hair serum ရှာဖွေနေရင် ဒါလေးကိုညွှန်းပါရစေ။ DT Bathhouse မှာဝယ်ယူနိုင်ပါတယ်။

Mobile uploads 12/10/2025

အရမ်းမိုက်တဲ့အနံ့မှ ရချင်တာဆိုရင် BR 540 ရှိပါတယ်

Myst Baccarat Rouge 540 🧡🧡 ( Unisex )

ဒီရနံ့ကလေ တစ်အားမိုက်တယ်၊ personally အရ
ဒီတစ်ခုနဲ့ Eros ကို ပိုအကြိုက်ဆုံးပါပဲ။

သူရနံ့ luxury ဆန်ပြီး လုံး၀ကို သူဌေးနံ့ တကယ်ကြွက်ဆင်ကြီးရယ်။ အနံ့အသေကောင်းတယ်။
Blind buy လုပ်ရင်တောင် လုံး၀နောင်တမရမယ့်
ရနံ့မျိုးကွယ်။ ဒီတစ်ခုဆွတ်ထားရင် classic ဆန်ပြီး calm & clean look ကိုမှ ကျက်သရေရှိပြီး
ထည်ဝါတဲ့ ပုံစံမျိုးကို ခံစားရစေပါတယ်။

ဒါပေမယ့် စစချင်းဆွတ်တဲ့အခါ alcohol အနံ့ရပေမယ့် dry down ဖြစ်သွားတဲ့အခါ ဇာတ်လမ်းက
အဲမှာ စတာပဲ။ Woody & Warm ဖြစ်တဲ့ ရနံ့ကိုမှ ချိုတဲ့ရနံ့ ခပ်ပါးပါးလေးနဲ့ အဆုံးသတ်ထားတာပေါ့နော်။ အရမ်းကြီး မချိူပါဘူး။ Unique အရမ်းဖြစ်တယ် သုံးဖူးတဲ့ woody ဖြစ်တဲ့ ရနံ့တွေနဲ့ကို
ကွဲထွက်နေတာမျိုး။ ရနံ့ကလည်း တော်တော် long lasting ဖြစ်တယ်၊ လျော်လိုက်ရင်တောင် ဆွတ်ထားတဲ့နေရာက ရနံ့စွဲတုန်းပဲ။

Daily wear သုံးလို့ အဆင်ပြေသလို date တဲ့အခါ၊
ပွဲတက်၊ night out နဲ့ dinner တွေအတွက်ပါ
အဆင်ပြေတယ်၊ လူတောတိုးတဲ့ ရနံ့ဖြစ်သလို
ဆွတ်ထားတိုင်း ဘာရေမွှေးဆွတ်ထားလဲထိ မေးခံရတာပါပဲ။ Unisex သုံးလို့လည်း အဆင်ပြေပါတယ်၊
သူက woody ဘက်ကို သွားတော့လေ။

Photos from Blog By PHU's post 12/10/2025

BR 540 လေး 30ml instock ပါရှင့်

Mobile uploads 11/10/2025

30ml instock လေး ရှိ

Myst Candy Love Perfume 🍬🍭❣️

ကောင်လေးဆီမှာ သဲသဲလှုပ်အချစ်ရမယ့် ရေမွှေးမျိုးလေး။ အချစ်ခံချင်ရင် ဒီတစ်ခုကိုရွေး 😹

ဒီရနံ့လေးက ချစ်စရာကောင်းတယ်၊ ချိုမြိန်တယ်၊
အချစ်ရဲ့အဓိပ္ပာယ်ကို ဖော်ကျူးနေသလို ပုံစံမျိုးလေးကွာ။ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ Cute & Innocent vibes ကိုရတဲ့
ရနံ့ဖြစ်တာကြောင့် မိန်းကလေး 100မှာ 95 လောက်က သဘောကျစေမယ့် ရနံ့လို့ ယူဆပါတယ်။
သူ့ရနံ့က မိန်ကလေးအရမ်းဆန်ပါတယ်။

Candy Apple ရနံ့နဲ့ ဖွင့်တာမို့ Top note မှာတည်းက sweet & fruity ရနံ့ကို စပြီး သတိထားမိပါတယ်၊ နောက်က Rose & Vanilla ရနံ့လေးတွေ
ပေါင်းစပ်ထားတာကြောင့် အနံ့က သင်းသင်းမွှေး
မွှေးဖြစ်တဲ့အပြင် အရမ်းကြီးလည်း ချိုအီမသွားစေဘဲ အသီးနံ့ခပ်ချိုချို ပုံစံမျိုးလေးနဲ့ ထိန်းပေးသွားပါတယ်။

ရနံ့က dry down ဖြစ်သွားတဲ့အခါလည်း မသိသာလေး ပိုဖျော့သွားပေမယ့် စွဲနေတုန်းပဲ၊ အတော်အသင့် long lasting ဖြစ်ပါတယ်နော်။
ဒီရနံ့ကိုရရင် အလိုလိုကို ကိုက်စားချင်စရာလေး 🥹 တကယ်သိလား 🤭

အထူးသဖြင့် ကောင်လေးနဲ့ date တဲ့အခါ
ဆွတ်သွားရင် တော်တော်ကိုမှ အဆင်ပြေစေတဲ့
ရနံ့လေးပါ 🙌

Mobile uploads 11/10/2025

Good Girl လေး 30ml instock ရမယ်နော် 👠👠👠

Myst Good Girl Perfume 🖤 🫶

ကိုယ်ရဲ့ ကိုယ်သင်းရနံ့က ဘေးကလူတွေကိုပါ
influence လုပ်နိုင်ပြီး လူပုံအလယ်မှာ ထင်ပေါ်လွင်စေချင်တယ်ဆိုတဲ့ ရေမွှေးရနံ့ကောင်းကောင်းလေးရှာနေရင် ဒါကို ရွေး။

ဒါကိုဆွတ်လိုက်တဲ့အခါ ပင်ကိုရှိတဲ့ confidence ကို ပိုကြွစေပြီး smart ကျပြီး ခပ်လန်းလန်း၊
ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးပုံစံ vibes မျိုးကို ခံစားရပါတယ်။ ဒါဆွတ်ထားရင် "ဟေ့ နင်ဘာဆွတ်ထားတာလဲ" အဲလိုတောင် စိတ်၀င်တစားမေးမယ့် ရနံ့မျိုးကွယ်။

စစချင်းဆွတ်လိုက်တဲ့အခါ Coffee & Bergamot ရနံ့မျိုးကို ရပြီး နည်းနည်းလောက် ချိုပြီး strong ဖြစ်တဲ့ ရနံ့နဲ့ စဖွင့်ပေမယ့် middle note မှာက
စံပယ် နှင်းဆီရနံ့လိုမျိုး ပန်းရနံ့ကိုမှ နွေးထွေးပြီး မိန်းမသားဆန်တဲ့ ရနံ့ကို ခံစားရပါတယ်။
Based note က vanilla လိုချိုတဲ့ ရနံ့ကိုမှ woody & powdery ဖြစ်တဲ့ရနံ့မျိုးက ဆွဲခေါ်သွားပြီး
ခန္ဓာပေါ်မှာ ပင်ကိုကိုယ်သင်းရနံ့တစ်ခုလို
ညို့အားပြင်းတဲ့ ပုံစံမျိုးအနေနဲ့ စွဲကျန်ခဲ့ပါတယ်။

အနံ့ကတော်တော်ကို ဆွဲဆောင်မှုရှိသလို အနံ့လည်း
အကြာကြီးစွဲတယ်ရယ်၊ ရနံ့ကလည်း sexy & fstrong ဖြစ်တော့ 2ချက်လောက်နဲ့တင်ကို အဆင်ပြေနေပြီ။ ဆွတ်တာအရမ်းများသွားရင်တော့ ဘေးကလူတွေကို နှောက်ယှက်သလို
ဖြစ်သွားလိမ့်မယ်။ ဆိုလိုတာက လက်လွန်ကြက်သွန်မဖြစ်စေဖို့ပါပဲ။

Daily အတွက် သုံးလို့ အဆင်ပြေသလို ကောင်လေးနဲ့ date တဲ့အခါ၊ night out, party & dinner night တွေမှာ ဆွတ်လို့လည်း ပိုသင့်တော်တဲ့ ရနံ့ပါ 🙌

Want your business to be the top-listed Beauty Salon in Monywa?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Kyaukkar Road
Monywa