Beauty & Health

Beauty & Health

Share

of May Thet

20/05/2023

🎼ဆံပင်ဖြူတွေ တစ်ခါပြန်နက်ဖို့ ဘယ်လောကီလူ့ပညာ မတတ်နိုင်စွမ်းတာ 🎼🎵🎶
အဒီသီချင်းလိုပဲ ဆံပင်ဖြူပြီးမှတော့ သဘာဝအတိုင်းပြန်နက်ဖို့က တကယ်မလွယ်ဘူး
ဒါကြောင့် ငယ်ရွယ်စဉ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်ဖို့က အရေးကြီးတယ်နော်

03/02/2023

အမျိုးသမီးများအတွက် ငါးကြီးဆီ
*********************************

ငါးကြီးဆီက အမျိုးသမီးများရဲ့ အလှအပနဲ့ ကျန်းမာရေးအတွက် အရေးပါလှပါတယ်ရှင်🥰🥰🥰
♦️ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းကို ကာကွယ်ကုသပေးပြီး ဆံပင်အုံထူစေခြင်း
♦️သွေးတွင်းအဆီလျှော့ချပေးပြီး ကိုယ်အလေးချိန်လျော့ကျစေခြင်း
♦️ခြေသည်း၊ လက်သည်းနှင့် အသားအရေကို လှပစေခြင်းစသည်တို့အပြင်
♦️လေဖြတ်ခြင်း
♦️သွေးတိုးရောဂါ
♦️နှလုံးရောဂါတို့ကို ကာကွယ်ပေးပြီး
♦️အမြင်အာရုံနဲ့ မှတ်ဉာဏ်ကိုလည်း ထောက်ပံ့ပေးပါတယ်နော်

28/01/2023

ဆံပင်နဲ့ဦးရေပြားသန့်ရှင်းဖို့

27/01/2023

အပူဒဏ်၊ နေရောင်ဒဏ်က အသားအရေသာမက ဆံသားကိုလည်း ပျက်ဆီးစေတာဖြစ်ပါတယ်နော်
အလှအပအတွက်ဆိုတာထက် အရေပြားဆိုင်ရာ ရောဂါကာကွယ်ရန်အတွက်နဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း၊ ဆံပင်ကျဲပါးခြင်းမရှိရအောင် နေပူထဲသွားတိုင်း ထီး ဒါမှမဟုတ် ဦးထုပ်ဆောင်းဖို့ လိုပါမယ်ရှင့်

27/01/2023

ဆံသားကျန်းမာလှပစေဖို့အတွက်ဆို ခေါင်းပုံမှန်လျှော်ဖို့က အရေးကြီးပါတယ်နော်
ဆံသားနဲ့ ဦးရေပြားသန့်ရှင်းဖို့ ၂ရက်ခြားတစ်ခါတော့ ခေါင်းလျှော်ပေးသင့်ပါတယ်ရှင့်
နေ့တိုင်းခေါင်းလျှော်တာမျိုးကလည်း ဆံသားတွေ ပျက်စီးစေပါတယ်နော်
ခေါင်းလျှော်တဲ့အခါ ဆံသားတွေကို ကြမ်းတမ်းစွာပွတ်လျှော်တာမျိုးမလုပ်ဘဲ ဦးရေပြားကို ဖွဖွကုပ်ပြီးလျှော်ပေးသင့်ပါတယ်ရှင့်
ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ရေစင်ကြယ်အောင်ဆေးချပေးဖို့ လိုပါမယ်နော်
ပြီးတော့ ရေမခြောက်ခင် ခေါင်းလုံးမဖြီးဖို့ကလည်း အရေးကြီးပါတယ်ရှင့်
ရေမခြောက်တခြောက်အချိန်မှာတော့ hair coatလေးလိမ်းပေးပါရှင့်
ခေါင်းလျှော်ရည်ရွေးချယ်တဲ့အခါမှာလည်း မိမိဆံသားနဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်အမျိုးအစားကို ရွေးချယ်တတ်ဖို့အရေးကြီးပါတယ်နော်

24/01/2023

ဆံပင်အရှည်နှေးရခြင်းအကြောင်းက
🔺မျိုးရိုး
🔺အစားအသောက်
🔺စိတ်ဖိစီးမှု
🔺ရေသောက်နည်းခြင်း
🔺ဦးရေပြားအဆီပြန်ခြင်း
🔺ဗောက်ထခြင်း
🔺ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းတို့ဖြစ်ပါတယ်...
ဆံပင်အရှည်မြန်အောင် ပြုပြင်ထိန်းသိမ်းလို့ရပါတယ်နော်
♦️သကြားများတဲ့ အစားအစာများကို လျှော့စားပြီး ပရိုတင်းပါတဲ့ အစားအစာများများစားမယ်
♦️စိတ်ဖိစီးမှုတွေ လျှော့ချမယ်
♦️ရေများများသောက် မယ်
♦️ဆံပင်ကို အချိန်ကြာမြင့်စွာ တင်းတင်းကြပ်ကြပ်စည်းနှောင်ခြင်းမှ ရှောင်ကြဉ်မယ်
♦️ဆံပင်ရေစိုစဉ် ဘီးဖြီးခြင်း၊ သဘက်ဖြင့် ကြမ်းတမ်းစွာ သုတ်ခြင်းတို့မှ ရှောင်ကြဉ်မယ်
♦️ဗောက်ထခြင်းမဖြစ်အောင် အစိုဓာတ်ဖြည့်ပေးသည့် ခေါင်းလျှော်ရည်အသုံးပြုမယ်
ဒါဆိုရင် ရှည်လျားလှပတဲ့ ဆံနွယ်တွေ ပိုင်ဆိုင်ရမှာပါရှင့်

23/01/2023

🧓🧓အသက်အရွယ်ရလာတာနဲ့အမျှ ဆံသားခြောက်သွေ့မှု များလာတတ်တာကြောင့်

🥛🥛ရေများများသောက်ဖို့ လိုပြီး
💦💦အစိုဓာတ်ဖြည့်ပေးတဲ့ ခေါင်းလျှော်ရည်၊ ပေါင်းဆေးတို့ကို အသုံးပြုပေးဖို့ လိုအပ်ပါတယ်နော်

🌞🌞အပူနဲ့ ထိတွေမှု နေရောင်နဲ့ တိုက်ရိုက် ထိတွေ့မှုတွေ အတတ်နိုင်ဆုံးရှောင်ပါ၊ အပြင်သွားတဲ့အခါ ထီး သို့မဟုတ် ဦးထုပ်ဆောင်းပါ👒☂️🧢🌂

Hair serum ဒါမှမဟုတ် ဆီတစ်မျိုးမျိုးလိမ်းပေးပါ🥥🫒

13/01/2023

ဗောက်ပြဿနာနဲ့ ပင်လယ်ဆား
******************************

ဦးရေပြားခြောက်သွေ့တာကြောင့်လို့ပဲပြောပြော၊ မှိုရောဂါတစ်မျိုးလို့ပဲပြောပြော ဦးခေါင်းမှာ ဗောက်ရှိတာကိုတော့ လူတိုင်းမနှစ်သက်ကြပါဘူးနော်

‌စိတ်ရှုပ်စရာဗောက်ပြဿနာကို အိမ်မှာ အလွယ်တကူရနိုင်တဲ့ ဆားနဲ့ ဖြေရှင်းပေးလို့ရပါတယ်ရှင်

ဦးရေပြားပေါ်ကို ဆားအနည်းငယ်ဖြူးပြီး ရေစိုနေသောလက်ဖြင့် ၁၀မိနစ်ခန့်နှိပ်နယ်ပေးပါ။ ပြီးနောက်ရေဆေးချပြီး ခေါင်းလျှော်လိုက်ပါ။

ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ဗောက်ပြဿနာကင်းဝေးစေသလို ဆံပင်နှင့် ဦးရေပြားရှိအဆီများကိုလည်းဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ကျွတ်ခြင်းကို လည်း တားဆီးပေးပါတယ်ရှင့်

12/01/2023

ဗောက်ကင်းပြီး ဆံသားသန်စွမ်းတောက်ပြောင်ရန်
**********************************************
ဆောင်းရာသီမှာ ဦးရေပြားခြောက်သွေ့တာကြောင့် ဗောက်လို့ခေါ်တဲ့ မှိုရောဂါတစ်မျိုးဖြစ်စေပါတယ်
🙆🙆ဦးရေပြားမှာ ဗောက်ရှိတဲ့အခါ
🤦ယားယံတဲ့အတွက် ကုတ်မိတာ၊ ဘီးအချွန်နဲ့ ခြစ်မိတာတွေကြောင့်
🤦ဦးရေပြားယောင်ရမ်းပြီး ဆံပင်အမြစ်တွေကို ထိခိုက် မိစေပါတယ်
🤦ဆံပင်အလွယ်တကူ ကျွတ်စေပါတယ်
🤦ဗောက်ရှိနေတဲ့အတွက် ဆံသားတွေအာဟာရစုပ်ယူမှုလည်း အဟန့်အတားဖြစ်စေပါတယ်
🤦ဗောက်တွေ တဖွေးဖွေးဖြစ်တာကလည်း စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်

ဒီလိုဗောက်ပျောက်ကင်းပြီး ဆံပင်သန်စွမ်းချင်ရင် လက်ဖက်ဆီနဲ့ အုန်းဆီကို အသုံးပြုပေးလို့ ရပါတယ်ရှင်

အသုံးပြုနည်း
*************
အုန်းဆီအနည်းငယ်ထဲတွင် လက်ဖက်ဆီ ၃စက်ခန့်ထည့်ပြီး သမအောင်မွှေပြီး အနည်းငယ် အပုပေးပါ

ခပ်နွေးနွေးလေးဖြစ်ပါက ဦးရေပြားကို လိမ်းပြီး နှိပ်နယ်ပေးပါ

တစ်ညအိပ် သိုမဟုတ် နာရီအနည်းငယ်ကြာလျှင် ခေါင်းလျှော်ရည်အပျော့စားဖြင့် လျှော်ပေးပါ

📌ဗောက်ပျောက်ကင်းစေပြီး
📌ဦးရေပြားအစိုဓာတ်ဖြည့်ပေးကာ
📌ဆံသားနက် မှောင်သန်စွမ်းစေပါတယ်နော်

& Health

04/01/2023

ရှားစောင်းလက်ပတ်က လူသိများတဲ့ အဖိုးတန်သဘာဝ အပင်ဖြစ်ပါတယ်နော်

ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့
ဗီတာမင်A, C, E၊ ဗီတာမင် B12နဲ့ folic acid က ဆံသားကို ကြံ့ခိုင်ပြီးကောင်းမွန်စေရန် ကူညီပေးတဲ့အတွက်
🔸ဆံပင်ကျွတ်သက်သာပြီး
🔸ဆံပင်အရှည်မြန်စေပါတယ်နော်

ရှားစောင်းလက်ပတ်က ဆံသားမှာရှိတဲ့ အညစ်အကြေးနဲ့ အဆီကို နူးညံ့စွာသန့်စင်ပေးတဲ့အတွက်
🔸ဆံသားပျက်စီးမှုလည်း ကင်းဝေးပါတယ်ရှင့်
🔸ဆံသားကို ရေဓာတ်ဖြည့်ပေးပြီး

ဆံသားအဆီပြန်ခြင်း
ဆံသားခြောက်သွေ့ခြင်း
ဗောက်ထပြီး ယားယံတတ်ခြင်းများအတွက် အထူးကောင်းမွန်ပါတယ်နော်

📱09263231016



#ပြည်တွင်းဖြစ်တရော်ကင်ပွန်းခေါင်းလျှော်ရည်
#မုံရွာကိုယ်စားလှယ်

03/01/2023

ဆံကေသာအလှနှင့် ကျန်းမာရေး

🔸 ဆံကေသာအလှနဲ့ ခန္ဓာကိုယ်ကျန်းမာရေးက ဆက်စပ်လျှက်ရှိနေပါတယ်ရှင့်
🔸 သွေးအားနည်းနေပါက ဆံပင်အရောင်မရှိဖြစ်တတ်ပြီး ရေဓာတ်ခန်းခြောက်ပါက ဆံပင်အဖျားများ ခြောက်သွေ့တတ်ပါတယ်နော်
🔸ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ပြီး စိတ်ကို ရွှင်လန်းစွာထားဖို့လည်း လိုပါတယ်ရှင့်
🔸ဆံပင်အရောင်အသွေး ခြောက်သွေ့နေပါက သွေးလည်ပတ်မှုကောင်းစေဖို့ ဦးရေပြားကို နှိပ်နယ်ပေးခြင်း
🔸ဦးရေပြားနဲ့ ဆံပင်သန့်ရှင်းနေဖို့ တစ်ပတ်ကို နှစ်ကြိမ်ခေါင်းလျှော်ပေးခြင်းဖြင့်လည်း ဆံကေသာကို ဂရုစိုက်ပြုစုနိုင်ပါတယ်နော်

စိတ်ပျိုမှ ကိုယ်နုမို့ စိတ်ကိုပျော်ရွှင်လန်းဆန်းစွာထားဖို့ မမေ့ပါနဲ့နော်

02/01/2023

ဆံပင်ကျွတ်သက်သာပြီး ဆံပင်သန်မည့် နည်းလမ်း

ခေါင်းဖြီးရမှာ ကြောက်တဲ့အထိ ဆံပင်ကျွတ်နေပြီလား???

ဒါဆို အဆိပ်ထုတ်ထားတဲ့ ရှားစောင်းလက်ပပ်အနှစ်ကို ဦးရေပြားနဲ့ ဆံပင်အနှံ့လိမ်းမယ်။ ၁၀မိနစ်ကြာတဲ့အခါ ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်ကို ၃ကြိမ် ပြုလုပ်ပေးပါနော်

Want your business to be the top-listed Beauty Salon in Monywa?
Click here to claim your Sponsored Listing.

Category

Website

Address


Myothit Qr
Monywa