GLOW with Wyne - Cosmetics

GLOW with Wyne - Cosmetics

Share

ပိုလှ ပို glow �

Photos from For Your Better Skin's post 29/06/2022

N O. T E

29/03/2022

Problem is အဆီဖု 🤧

25/03/2022

တကယ် 😒

စိတ်ဖိစီးမှု ( Stress ) များခြင်း နဲ့ အိပ်ရေးပျက်ခြင်း က တကယ်ပဲ ဝက်ခြံထွက်စေလား ? 🔴

အခုအချိန်က တော်တော်များများ လူမှုရေး ၊ စီးပွားရေးကအစ ခက်ခဲနေကြတော့ အနည်းနဲ့အများ စိတ်ဖိစီးမှု ဒဏ် နဲ့ အိပ်မပျော်တာကို ခံစားကြရမှာပါ။ တချို့ကျတော့ ဝက်ခြံတွေရှိတဲ့ အပေါ်ပြန်ပြီး စိတ်ဖိစီးကြတာရှိပါတယ် ။ အဲ့တာတွေက တကယ်ပဲ ဝက်ခြံဖြစ်စေလား ? Skin အပေါ်ဘယ်လိုသက်ရောက်လဲဆိုတာကို Zhì တော်တော်လေးစိတ်ဝင်စားတာကြောင့် သေချာလေးရှာဖတ်ဖြစ်ခဲ့ပါတယ်။

အရင်ဆုံး Stress များခြင်း
___________l_____________
- Stress များခြင်းက ဝက်ခြံကိုတိုက်ရိုက်ဖြစ်စေတယ်ဆိုတဲ့ research ကတော့ ခုထိ ရှာမတွေ့သေးဘူးလို့ဆိုပါတယ်။

- ဒါပေမယ့် စိတ်ဖိစီးခြင်းက ဝက်ခြံထွက်ဖို့တော့ ထောက်ပံ့ပေးပါတယ်။ တချို့ စိတ်ဖိစီးမှုများပြီး ဝက်ခြံထွက်တတ်ကြပေမယ့် တချို့က skin ကောင်းမြဲကောင်းဝာာကိုမြင်ဖူးကြမလားတော့မသိဘူး 😅

Stress များခြင်းက ဝက်ခြံထွက်အောင် ၊ skin barrier အားနည်းအောင်support ပေးပါတယ် 📍
_______________
- Stress များခြင်းက အဆီထုတ်လုပ် မှုကို ပိုတိုးအောင်လုပ်တဲ့ hormone တွေကိုထွက်စေပြီး hormone imbalance ဖြစ်စေတယ်။ ပြီးတော့ skin barrier ကိုအားနည်းစေ တဲ့အပြင် inflammation ( ရောင်ရမ်းခြင်း ) တွေလဲ ပိုဖြစ်စေပြီး healing process ကြာစေပါတယ် ။ skin barrier အားနည်းလာရင် ၊ သေချာ Exfoliateမလုပ်ထားမိဘဲ dead cells တွေရှိနေမယ်ဆိုရင် တော့အဆီထွက်နှုန်းပိုများလာလို့ ချွေးပေါက်ပိတ်ပြီး အဖုတွေ ဖြစ်နိုင်ခြေရှိပါတယ်။ များသောအားဖြင့် စိတ်ဖိစီးမှူကြောင့်ဖြစ်တဲ့ ဝက်ခြံတွေက teenagers တွေမှာပိုအဖြစ်များပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့အဖုတွေကို dermatologist အများစုက hormonal acne ထဲပဲသတ်မှတ်ထားကြပါတယ်။

💉 ဘယ်လိုကုသရမလဲ?
____________
အကောင်းဆုံးကတော့ ဆရာဝန်နဲ့ပြတာပါ။ ဆေးသောက်သင့်ရင်သောက်ရပါတယ်။ skincare ပိုင်းအနေနဲ့ဆို oil control ဖြစ်စေနိူင်တဲ့ BHA , niacinamide လိုမျိူး ၊ soothing & calming ဖြစ်တဲ့ Cica , mugwort , green tea လို plant extractမျိူး ၊ အဖုတွေအတွက် benzoyl peroxide, Retinoid လိုဟာမျိူးသုံးပေးရင်သက်သာနိုင်ပါတယ်။ အခြေအနေအရမ်းဆိုးရင်တော့ ဆရာဝန်ကိုပဲပြပါ။

နောက်တခုကတော့ အိပ်ရေးပျက်ခြင်းပါ
_____________+___________
နှစ်ခုလုံးက အပြန်အလှန် သက်ရောက်ပါတယ်။ စိတ်ဖိစီးမှုများလာရင် အိပ်ရေးပျက်တာပါ တခါထဲတွဲပါလာတတ်ပါတယ်။ လူတွေရဲ့ skin repairing processက ညဖက်အိပ်ချိန်မှာ အလုပ်လုပ်တဲ့အတွက် အချိန်မှန်မအိပ်တာက skin barrier ကို weak ဖြစ်အောင်လုပ်လိုက်လို့ အပေါ်က စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ပုံစံလိုပဲ ဝက်ခြံတွေဖြစိလာဖို့ဖို့အထောက်အကူလုပ်လိုက်တဲ့သဘောပါပဲ။
များသောအားဖြင့် အိပ်ရေးပျက်လို့ဖြစ်တဲ့ အဖုတွေ‌ ပျောက်ဖို့ကတပတ်လောက်ပဲကြာ တတ်ပါတယ်။ သူတို့ကတော့ soothing & calming ဖြစ်တာသုံးပေးတာနဲ့တင်သက်သာကြတာများပါတယ်။

- breakout ဖြစ်ချိန်အတွက် အနည်းနဲ့အများ စိတ်ဖိစီးရလို့ အကောင်းဆုံးကတော့ skincare သေချာလုပ်ချိန်ပဲ မှန်ကြည့်ပြီး တခြားအချိန်မှာ အဲ့လိုဖြစ်နေဝာာကိုမေ့ထားတာအကောင်းဆုံးပါ ✅

စာရှည်သွားပြီဆိုတော့ Zhì ဒီလောက်ပဲရပ်လောက်တော့မယ်။ အနည်းဆုံးစိတ်ဖိစီးလာရင် အဲ့အကြောင်းကိုမတွေးဘဲ သီချင်းနားထောင်တာ , movie ကြည့်တာ ၊ စာအုပ်ဖတ်တာ ၊ အပင်စိုက်တာဖြစ်ဖြစ် ဝါသနာပါရာတခုခုကိုလုပ်ကြည့်ပါလို့။

တခြားလူတွေတော့ မသိဘူး Zhìကတော့ ကျောင်းမှာ စာမေးပွဲဖြေရမဲ့နေ့တွေဆို အိပ်ရေးပျက်တာရော စိတ်ဖိစီးတာရော ပေါင်းပြီး မျက်နှာကြီးက ညစ်ကျပြီး အဖုတွေထွက်တာပါ။ exam ပြီးလို့ ၃ပတ်လောက်နေမှ ပြန်သက်သာပါတယ်။ semester တခုစာမေးပွဲဖြေရတိုင်း skin ကစုတ်ပြတ်သွားတာကိုယ်တွေ့ပါ 😆

နှစ်ခုထဲက ဘယ်ဟာကြောင့် အဖုတွေ ထွက်ဖူးကြလဲ ဟင် 🥲

အဖုတွေနဲ့ကောင်မလေးပုံက Google ကပါ။ Zhì မဟုတ်ပါဘူး 🥲😆

23/03/2022

မိုးအေးအေးနဲ့အိပ်မနေဘဲ ဆောင်းရာသီက မကုန်ခဲ့တဲ့ skincare products တွေနဲ့ ရှယ်care ကြပါလို့ 😅

Photos from For Your Better Skin's post 22/03/2022

🛑

20/03/2022

ရှယ်ပလန်နဲ့ ဂျီးထွက်တဲ့ ဂျီးတွန်းကျောက်လေး Instock 🛑
1500 ks
ရေလေး 15 မိနစ်လောက်စိမ်ပြီး တွန်းရင် ပိုကောင်းတယ်နော်
ဒါလေး သုံးပြီး scrub တိုက်
ပြီးရင် baby oil or lotion လေးလိမ်း
အသားလေးကို ချောပြီး စိုပြေနေရော
မယုံရင် သုံးကြည့် 😁

Photos from GLOW with Wyne - Cosmetics's post 20/03/2022

Thai best seller ~SAPPE drink
လေးရောက်ထားပါတယ်
1 bottle - 2500
6 bottles- 12000
Low calorie ,no sugar mixed ဖြစ်လို့ ၀တဲ့မမတွေအတွက်လည်း သောက်လို့အဆင်ပြေပါတယ်
အရသာတိုင်းမှာ 10% grape juice ရောထားလို့ ချိုချိုချဉ်ချဉ်လေးနော်
# # မှာ အပြင်ပုံလေးနဲ့ review လေးပါတယ် ❤️

Like Page Babe ❤️ 20/03/2022

အသားအရေလေးက ကောင်းလိုက်တာ 😁

Like Page Babe ❤️

Photos from Yes to Healthy Skin's post 17/03/2022
12/03/2022

တွဲသုံးရန်အကောင်းဆုံး Ingredient အတွဲ များ 💥
တချို့ ingredient တွေက တခုထဲသုံးတာထက် နှစ်မျိူးကို သေချာလေးသုံးရင် ပိုပြီး result ရတာမြန်တယ်။ လုပ်ဆောင်မှုမြန်တယ်ပေါ့။ Zhì အဲ့ထဲကမှ အရမ်းကောင်းတဲ့ နောက်ထပ် Ingredient 4တွဲ Zhì ဒီနေ့ရေးထားပါတယ်။

Niacinamide + Mugwort 💧 🌿
___________
Niacinamide နဲ့ Mugwort တွဲသုံးလို့မရဘူးဆိုပြီး ဘယ်ကဘယ်လို ပြန့်တဲ့ဟာလဲတော့ Zhì မသိဘူး ခဏခဏလာမေးကြတယ်။ တွဲသုံးလို့အရမ်းကောင်းတဲ့ အတွဲပါ။ သူတို့နှစ်ခုကိုတွဲသုံးရင် ဝက်ခြံ အရောင်ကျတာတော်တော်ကို မြန်တယ်။ Zhì တွဲသုံးပါတယ်။
- All Skin Types Ok!
Best Combo - The Ordinary Niacinamide+ I'm From Mugwort Essence or Round Lab mugwort Cream

Hyaluronic Acid + Retinol 💦💥
___________
HA ကို retinol နဲ့ တွဲမနဲ့ဆိုတာလဲ Zhì ကြားမိလိုက်တယ်။ Cerave Resurfacing retinol ဆို Retinol နဲ့ Hyaluronic acidကို တပါထဲ တွဲထည့်ထားတာပါ။သူတို့နှစ်ခုကိုတွဲသုံးရင် retinol ကြောင့် အသားခြောက်တာ သက်သာမယ်။ Dehydration ဖြစ်တာသက်သာမယ်။ skin barrier repairing မြန်မြန်လုပ်ဖို့ပိုအထောက်အကူပြုပါတယ်။ ( retinol သုံးမယ်ဆို လိုအပ်မှသုံးပြီး သေချာလေ့လာပါလို့)
- All Skin Types Ok!
Best Combo - Hanskin Hyaluronic Essence + Cerave retinol or the inkey list Retinol

Retinol + Peptide 💥☁️
___________
ဒီအတွဲက anti aging အတွက်ဆို ပိုမှန်ပါမယ်။ နှစ်ခုလုံးက anti aging လုပ်ပေးနိုင်တော့ အရေးအကြောင်းထွက်တာ ၊ wrinkles တို့ အသားအရေ တွဲကျနေတာတို့ဆို ဒီအတွဲက တော်တော်အဆင်ပြေမှာ။ Peptide နဲ့ထုတ်ထားတဲ့ skincare ကရှိတော့ရှိပေမယ့် နည်းနည်းရှားသလားလို့။ retinol serum + peptide ပါတဲ့ moisturizerတခုခုဆိုအဆင်ပြေမယ်။
- All skin Types Ok!
Best Combo - Cerave or the inkey list retinol + Purito Centella Unscented Serum ( Zhìက ဒါပဲသုံးဖူးတယ်)

Niacinamide + Azelaic Acid 💧🌀
___________
Azelaic acid ကတော့ တော်တော်လေး underrated ဖြစ်နေဆဲ ingredient ပါ။ ဒါပေမယ့် သူ့ကို Niacinamide နဲ့တွဲသုံးရင် အမဲစက်တွေ hyperpigmentations တွေအတွက် သိသာတာမြန်ပါတယ်။ ingredient နှစ်ခုလုံးက barrier repairing လုပ်တာရော ၊ calming ဖြစ်တာရော ကောင်းတာမလို့ ဝက်ခြံသမားအပြင် dull skin နဲ့ အမဲစက်ရှိနေသူတွေအတွက် အကောင်းဆုံး couple ပါပဲ။
- Normal to Oily Skin Ok!
Best Combo - Axis y Glow serum + The Ordinary Azelaic Acid or Facetheory Azelaic Acid

The ordinary niacinamideနဲ့ The ordinary Azelaic acidကတော့ တွဲမသုံးတာပိုကောင်းတယ်။ Zhì တွဲသုံးကြည့်ပြီးပါပြီ။ အသားအရမ်းခြောက်ပါတယ်။

တွဲသုံးမယ်ဆို သတိထားရမဲ့ 3ချက်ရှိပါတယ်။
📌 တခုနဲ့တခု တွဲသုံးမယ်ဆို ကိုယ်က အဲ့ ingredient နှစ်မျိူးလုံးနဲ့တည့်တဲ့လူဖြစ်ရမယ်။
📌 Sensitive skinဆို အရင် patch test လုပ်ပါ။
📌 တွဲသုံးလို့ irritation ရလာပြီဆို ရပ်လိုက်ပါ။ ကိုယ့် skin က မခံနိုင်တဲ့အတွက် လုံးဝဆက်မသုံးပါနဲ့လို့။

11/03/2022

🛑🛑

⚠️🚨🚨 Bioderma ထုတ်ကုန်လေးတွေကိုအတုအစစ် ဘယ်လိုခွဲမလဲ 🚨🚨⚠️

အစစ် ✅

📃 FDA အသိအမှတ်ပြုပြီး ဖြစ်တဲ့အတွက် ဘူး
ဒါမှမဟုတ် ဘူးခွံနောက်ကျောဘက်မှာ မြန်မာစာ အညွှန်းပါပါတယ်

✅ Bioderma ထုတ်ကုန်တိုင်းကို ပြင်သစ်နိုင်ငံ NAOS ဓာတ်ခွဲခန်းက ထုတ်ထားပြီး ပန်းပွင့်ပုံစံလေးနဲ့ဆင်တဲ့ NAOS Logo လေးကို ဘူး ဒါမှမဟုတ် ဘူးခွံအရှေ့ဘက် အောက်နားလေးမှာရှာတွေ့နိုင်ပါတယ်

💟 ပန်းရောင်၊ အစိမ်းရောင် Micellar Water တွေကို တရားဝင်သွင်းတဲ့ ဆိုဒ်တွေက 100 ml, 250 ml နဲ့ 500 ml အစရှိတဲ့ ဆိုဒ်တွေပဲဖြစ်ပါတယ်။

✅ရိုးရိုးခေါင်းနဲ့ပဲလာပါတယ်၊ ❌ပန့်ခေါင်းနဲ့ မဟုတ်ပါ။

❌ Bkk Import, SGP Import, USA Import တို့ မရှိပါ။

🇫🇷 ပြင်သစ် တစ်နိုင်ငံတည်းကသာ တိုက်ရိုက်တင်သွင်းပါတယ်။

------------------------------------------------

🚫အတု

🛑 ဘူး ဒါမှမဟုတ် ဘူးခွံနောက်ကျောဘက်မှာ မြန်မာစာ အညွှန်းမပါပါဘူး။ မြန်မာစာအညွှန်းမပါတဲ့ Bioderma ထုတ်ကုန်တွေဆို လုံးဝ စိတ်မချရပါဘူး။
တရားမဝင်မဟုတ်တဲ့ အွန်လိုင်းစတိုးတွေက ရောင်းချတဲ့ ဘူးတွေမှာ ကုန်ကျစရိတ် ကို တတ်နိုင်သမျှသက်သာ
အောင် လုပ်ထားတဲ့အတွက် မြန်မာအညွှန်းတွေ ကပ်ထား
ခြင်းမရှိပါဘူးနော်။ မြန်မာပြည်တွင်းက သုံးစွဲသူတွေ လွယ်ကူအဆင်ပြေစေဖို့ ထည့်သွင်းမစဉ်းစားထားပါ။

🛑 အရင်ထုတ်ပိုးမှု ပုံစံအဟောင်းတွေမှာ NAOS Logo လေးမပါပါဘူး။ အတုတွေက ထုတ်ပိုးမှုပုံစံအဟောင်းကို တုပထားသည့် အတွက် အတုဘူးတွေမှာလည်း
ပန်းပွင့်ပုံစံ NAOS Logo လေးမပါဝင်သေးပါဘူး။

🛑 အထူးသဖြင့် ပန့်ခေါင်းနဲ့ ပန်းရောင်၊ အစိမ်းရောင် Micellar Water တွေကို မြန်မာနိုင်ငံကို တရားဝင် တင်သွင်းခြင်းမရှိပါ။ ပန့်ခေါင်းနဲ့ ဘူးတွေကို မြန်မာ FDA မှာ တရားဝင် မှတ်ပုံတင်ရခြင်းမရှိသေးပါ။

🛑 QR code တွေကိုလည်း Official Website ဆီရောက်အောင် QR အတုလုပ်လို့ရတဲ့အတွက် QR code scan ရပေမယ့်လည်း အတုဖြစ်နိုင်ချေရှိပါတယ်။

🛑 ပုံမှန်ထက် သိသိသာသာစျေးနှုန်းကွာခြားနေပါက အတုဖြစ်နိုင်ချေရှိပါတယ်🚫

💲ပန့်ခေါင်းနဲ့ ပန်းရောင်၊ အစိမ်းရောင် Micellar Water တွေကို အချို့နိုင်ငံများတွင်ဖြန့်ချီသော်လည်း Public Selling Price 💲30 (မြန်မာကျပ် ခြောက်သောင်း)
ဝန်းကျင်ခန့်ရှိပါတယ် 💵

❗️❗️အတုအစစ် စိတ်ချရအောင် နိုင်ငံအလိုက်၊ မြို့အ
လိုက် သတ်မှတ်ထားတဲ့ တရားဝင်စတိုး၊ တရားဝင်
အွန်လိုင်းစတိုးတွေကနေ သာဝယ်ယူပေးကြပါနော်။

☑️ မြန်မာနိုင်ငံအတွက် တရားဝင်စတိုးလေးတွေကို
📩Page Chat Box ကနေ မေးမြန်းလို့ရပါတယ်။

💥💥ကိုယ့်အသားအရေအတွက် လုံးဝစိတ်ချရအောင် သုံးစွဲသူတွေရဲ့ Safety ကို ဦးစားပေးတဲ့ တရားဝင်
ထုတ်ကုန်လေးတွေကိုပဲ အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်💥💥

Want your business to be the top-listed Beauty Salon in Monywa?
Click here to claim your Sponsored Listing.

Telephone

Website

Address


Monywa