Phyo Phyo Aung
Skin Care & Cosmetics
04/11/2025
သမီးလေးတွေက သမိုင်းအကြောင်းဆိုရင်အရမ်းစိတ်ဝင်စားကြတယ်။
အခုလည်းကြည့် ချစ်စရာအရမ်းကောင်း
😘😘❤
22/10/2025
လူ
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား တတ်ရမယ်။
ကိုယ့်ဘဝ၊ ကိုယ့် ခံယူချက်နဲ့
ကိုယ့် ယုံကြည်ချက် ရှိရှိ
ဂုဏ်ယူစွာ ရပ်တည်နိုင်ဖို့ပါ...
အသက်မွေးဝမ်းကြောင်း ပညာ
တစ်ခုခု တတ်ကို တတ်ထားရမယ်။
မည်သူ တစ်ဦးတစ်ယောက်ကိုမှ
ဘဝတစ်ခုလုံး ပုံအပ်ပြီး
လောက အလယ်မှာ
အားငယ်စွာ မနေထိုင်ရဖို့ပါ...
လှပစွာ ပြင်ဆင် ဝတ်စား တတ်ရမယ်။
ကိုယ်ဟာ လှပစွာ တည်ရှိနေတယ် ဆိုတဲ့စိတ်ဟာ
ကိုယ့်ကို ယုံကြည်ချက် အများကြီး ပေးနိုင်လို့ပါ...
မနက်စောစော ထရမယ်။
ကိုယ့် ရည်မှန်းချက် တွေဆီ
မြန်မြန်ရောက် နိုင်အောင်
အလုပ်တွေ ပိုမို ပြီးမြောက်အောင်
ရထားတဲ့ အချိန်ကလေး ကို
လုံလောက်စွာ အသုံးချ နိုင်ဖို့ပါ...
အလှူအတန်း ရက်ရောရမယ်။
ဘာကိုမှ မျှော်လင့်ချက် မရှိဘဲ
လွတ်လပ်စွာ လှူတန်းရခြင်းဟာ
ကြီးမားတဲ့ မွန်မြတ်ခြင်း တစ်ခု
ဖြစ်နေလို့ပါ...
ဒါတွေ အားလုံးကို
ကောင်းမွန်စွာ တတ်မြောက်ထားရပါမယ်။
ယောင်္ကျားမို့ ၊ မိန်းမမို့ မဟုတ်ဘူး...
လူတစ်ယောက် ဖြစ်နေလို့ပါ။
နေ့စဉ် လုပ်နေတဲ့ အရာတွေက
အကြောင်းအရာချင်း တူရင်တောင်
ရည်ရွယ်ချက်နဲ့ ခံယူချက် မတူရင်
ဘဝ တန်ဖိုးကလည်း တူမှာ မဟုတ်ဘူး...
တစ်ဖက် စောင်းနင်းတဲ့
အတွေးအခေါ် မျိုးက
လူ့ ပတ်ဝန်းကျင်ကို အကျိုးမပြုစေဘူး။
ကိုယ့်ကို လောင်မြိုက်နေတဲ့ အရာ တစ်ခုကို
သူများလည်း လောင်မြိုက်ပါစေ ဆိုပြီး
ဖြန့်ဝေ နေခြင်းက ကြီးစွာသော
အကုသိုလ် ဖြစ်စေ ပါတယ်...
"လူ" ဆိုတာ ...
တဏှာတစ်ခုတည်းအတွက် ရှင်သန်နေတာမဟုတ်ဘူး...
ကိုယ်ရှင်သန်နေတဲ့ ဘဝရဲ့ တန်ဖိုးနဲ့
ရပ်တည်ချက်တွေကို
ကောင်းကောင်း နားလည် စေချင်မိတယ်...
#လူထုဒေါ်အမာ✍️
#ဧကရီမေ ❤️
19/08/2025
ပုံလေးမတင်တာကြာပီ ဆိုတော့ကာ
🫰 ရင်ပေါ့
❤️လေး ပေးခဲ့လို့ရပါတယ်ရှင့်
🫶🤍🤍🤍
12/08/2025
လူမှန်က စကားမာတယ်
လူလည်ကစကားကြွယ်တယ်
လူလိမ်က နှုတ်ချိုတယ်
လူမှန်က စကားမာတယ်တဲ့
I ကိုေပြာတာများလား🤔
20/07/2025
မနက်ခင်းတိုင်း အိပ်ယာထမှာ ရေနွေးနွေးလေးသောက်တဲ့
အကျင့် စကြပါစို့
#ရေနွေးသောက်တဲ့အကျင့်
====================
#လူတော်တော်များများမှာ အယူအဆ မှားနေတာ လေးတွေ ရှိတတ် ကြပါတယ်။ ဥပမာ- မနက် စောစော အိပ်ရာထ တာနဲ့ စိတ်အာရုံ လန်းဆန်းအောင် ကော်ဖီပူပူ၊ လက်ဖက်ရည် ပူပူလေးတွေ သောက်ချင် ကြတာ မျိုးပေါ့။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ ရေကျတော့ ဘယ်သူမှ သိပ်မသောက်ချင် ကြဘူး။ သောက်ရင်လဲ ရိုးရိုးရေ မဟုတ်ဘဲ ရေခဲရေမှ သောက်ချင်သူ တွေကလဲ အများသားလား။ အေးမှ သောက်ချင်တာ လူ့သဘာဝပါ။ ငယ်စဉ်ကာလ ကလေးဘဝ ကတည်းက ရေအေး တိုက်ခဲ့ကြတဲ့ လူကြီးတွေရဲ့ အပြစ်လဲ ပါလိမ့်မယ်။ အသက်ကြီး လာပြန်တော့လဲ ရေဆိုအေးမှ သောက်တဲ့ အကျင့်ရလာ ပါတယ်။
#ဒီလိုဆိုရင် ရေအေး သောက်တာ မကောင်းဘူးလား၊ ကျန်းမာရေး ဆိုးကျိုး ရှိလို့လား၊ ရေပူနဲ့ ရေအေး ဘာကွာ ခြားလဲ မေးစရာ ရှိပါတယ်။ အပေါ်ယံ ကြည့်ရင်တော့ ရေတိုင်း နီးပါး အတူတူ ပါပဲ။ ရေရဲ့ အဓိက အာနိသင်က ဆဲလ်တွေရဲ့ သယ်ယူ ပို့ဆောင်မှု၊ လုပ်ငန်း ဆောင်တာတွေ ကောင်းမွန် စေဖို့သာ ဖြစ်တယ်။ ရေမှာ စွမ်းအင်၊ အာဟာရဓာတ် မည်မည်ရရ မပါဝင် ပေမယ့် သတ္တုဓာတ် တွေတော့ ပါဝင်တတ် ကြတယ်။
#ရေအရင်းအမြစ် ပေါ်လိုက်ပြီး သတ္တုဓာတ် (သံဓာတ်၊ ကယ်လ်စီယမ် နဲ့ မဂ္ဂနီစီယမ်) ပါဝင်မှု ပြောင်းလဲ နိုင်ပါတယ်။ ဒါလဲ အဓိကတော့ သိပ်မကျပါ။ ရေရဲ့ အပူဓာတ်၊ အအေးဓာတ် သဘာဝပေါ် အခြေခံပြီး ကျန်းမာရေး အကျိုး ရလဒ်တွေ ပြောင်းလဲ သွားတယ်။
#ရေကိုအပူပေးတဲ့အခါ အထဲမှာ ပါတဲ့ ရောဂါ ပိုးမွှားတွေ ကင်းစင် သွားတယ်။ ရေနွေးရဲ့ အာနိသင်ကြောင့် ခန္ဓာကိုယ် အပူချိန် မြှင့်တက် လာစေတယ်။ သွေး လည်ပတ်မှု အားကောင်းပြီး ချွေးထွက်များ လာတယ်။ အဆိပ် အတောက်၊ ပိုးမွှားတွေ က အရေပြား ကနေ ချွေးနဲ့အတူ အပြင်ထွက် သွားတယ်။ ဒါ့ပြင် ဆဲလ်တွေရဲ့ ဇီဝ ဖြစ်ပျက်မှု မြန်ဆန် စေပြီး အဆီပိုတွေ လောင်ကျွမ်း စေတယ်။ ကြွက်သား တွေကို ပြေလျော့စေပြီး အာရုံကြော တွေကို နှိုးဆွ ပေးတယ်။
#အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ တွေမှာ ရေနွေးက ပို အသုံးဝင်တယ်။ အအေးမိ၊ နှာစေး၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ အသံဝင်ခြင်း အတွက် ရေနွေးရဲ့ အာနိသင်က ထိရောက်တယ်။ သလိပ်ပျော် စေပြီး ချွဲထွက် စေတယ်။ နှာခေါင်း ပိတ်ခြင်းကို သက်သာ စေတယ်။ အသက်ရှူ လမ်းကြောင်းကို ရှင်းလင်း စေတယ်။ အဖျားရောဂါ တွေမှာ ရေနွေးက ရေအေးထက် ပိုကောင်းတယ်။ ဗမာဆေးတွေ သောက်တဲ့ အခါ ရေနွေးနဲ့ သောက်ခိုင်းတာ ဒီအာနိသင်ကို ရရှိစေဖို့ ဖြစ်တယ်။ သို့သော် အင်္ဂလိပ်ဆေး တွေမှာတော့ ရေနွေးနဲ့ မသောက်ဘဲ ရိုးရိုးရေအေး နဲ့သာ သောက်ပေး သင့်တယ်။ အပူက ဆေးရဲ့ အာနိသင်ကို ပြောင်းလဲ စေတယ်။ ဒါ့ပြင် ဆရာဝန် ညွှန်ကြားချက် မရှိဘဲ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည် စတာတွေနဲ့ တွဲသောက် တာမျိုးကို ရှောင်ကြဉ် သင့်တယ်။
#အသက်ရှည်သူတွေ ကို လေ့လာကြည့် တဲ့အခါမှာလဲ အများစုဟာ ရေအေး မသောက်ဘဲ ရေနွေး ကိုသာ စွဲစွဲမြဲမြဲ သောက်ကြတာ တွေ့ရ ပါတယ်။ သီအိုရီအရ အစာစားပြီး ရေအေး သောက်တဲ့ အခါ အစားအသောက် နဲ့ပါလာတဲ့ အဆီလေး တွေကို ခဲသွားစေတယ်။ အဲဒီ အဆီခဲ လေးတွေဟာ အူနံရံမှာ တွယ်ကပ်တဲ့ အခါ အူလမ်းကြောင်း ကင်ဆာကို ဖြစ်ပေါ် စေတယ်။ မနက်စောစော အိပ်ရာထမှာ ရေနွေးသောက် ပေးခြင်းဖြင့် အထက်ပါ ဆိုးကျိုးတွေကို ကာကွယ် နိုင်တယ်လို့ ဆိုတယ်။
#လေ့လာမှုတွေအရ မနက် အိပ်ရာထမှာ ရိုးရိုးရေနွေး (လက်ဖက် ခြောက်မပါ) သောက်ခြင်းက ကျန်းမာရေး အတွက် အထူး ကောင်းမွန်တာ တွေ့ရတယ်။ အစာအိမ်ကို စတင် နှိုးဆွပေးပြီး အူ လမ်းကြောင်းကို အသက်ဝင် စေတယ်။ တစ်နေ့တာ အစာခြေဖို့ အတွက် အခြေခံကောင်း တစ်ခု ဖြစ်တယ်လို့ ယူဆ ကြတယ်။ အူလှုပ်ရှားမှု ကိုဖြစ်စေပြီး အစာခြေ စနစ်ကို အားပေးလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး ဖြစ်တယ်။ တချို့က လဲ အာနိသင် ပိုကောင်းအောင် ပိုလီဖီနော ( Polyphenol ) ကြွယ်ဝတဲ့ ရှောက်သီးကို မနက်စောစော အိပ်ရာထမှာ ရေနွေးထဲ စိမ်ပြီး သောက်ကြတယ်။ ရှောက်သီးရဲ့ အာနိသင်ကြောင့် အနံ့၊ အရသာ ကောင်းမွန်တဲ့ ရေနွေးကို ဖြစ်ပေါ် စေတယ်။ ပိုကောင်းတာက ရှောက်သီးမှာ ပါဝင်တဲ့ ပက်တင် (Pectin ) အမျှင်ဓာတ် က ဝမ်းမှန်စေတယ်။ အူလမ်းကြောင်း မှာရှိတဲ့ အစာဟောင်း တွေကို စွန့်ထုတ် ပေးတယ်။ အဆီပို တွေကိုလဲ ကျဆင်း စေတယ်။
#တချို့ကလဲ ရှောက်သီး နေရာမှာ သံပရာသီးကို သုံးတယ်။ အလျဉ်း သင့်လို့ ဖော်ပြရရင် သံပရာသီး နဲ့ ရှောက်သီးမှာ ကွာခြားချက် လေးတွေ ရှိတယ်။ ပုံစံကို ကြည့်ရင် ယေဘုယျ ခွဲနိုင်တယ်။ သံပရာသီးက အလုံးသေးပြီး ဝိုင်းတယ်။ အရောင်က အစိမ်းရောင် ရှိတယ်။ ရှောက်သီး ကတော့ ဘဲဥပုံဖြစ်ပြီး အဝါရောင် ဖြစ်တယ်။ ဒီထဲမှာ သံပရာသီးက ပိုချဉ်ပြီး အက်စစ်ဓာတ် ကဲတယ်။ ရှောက်သီး ကတော့ နည်းနည်း ပိုခါးတယ်။ ဒါပေမဲ့ ရင့်မှည့်လာရင် ပိုဝါပြီး ချိုလာတယ်။ ရေထဲကို စိမ်ကြည့်ရင် သိပ်သည်းဆ ပိုများတဲ့ သံပရာသီးက အောက်ကို နစ်မြုပ် သွားမယ်။ သိပ်သည်းဆ သိပ်မများတဲ့ ရှောက်သီး ကတော့ ရေပေါ်မှာ ပေါလောပေါ် နေတာ တွေ့ရတယ်။ ဒါက သံပရာသီးလား၊ ရှောက်သီးလား အလွယ်ကူဆုံး ခွဲခြားတဲ့နည်း ဖြစ်ပါတယ်။ ရေနွေး သောက်တဲ့အခါ ရှောက်သီး (သို့မဟုတ်) သံပရာသီး တစ်ညလုံး စိမ်ထားပြီးသား ရေနွေး ထက် လောလော လတ်လတ် စိမ်ထားတဲ့ ရေနွေး ခပ်ပူပူကို ပိုသောက် သင့်တယ်။ သောက်တဲ့အခါ အငွေ့ တထောင်းထောင်း ထနေတဲ့ ရေနွေးထက် အသင့်အတင့် ပူတဲ့ ရေနွေးမျိုးက ပါးစပ်၊ အစာမျိုပြွန် နဲ့ အစာအိမ် လမ်းကြောင်း ထိခိုက်မှုကို ကာကွယ်ရာ ရောက်တယ်။
#ရေသောက်တဲ့အခါ တစ်ထိုင်တည်းနဲ့ အများကြီး ကုန်အောင် သောက်တာမျိုးလဲ မလုပ်အပ်ဘူး။ ပျို့ချင်၊ အန်ချင်၊ ရင်ပြည့် ရင်ကယ် ဖြစ်စေတယ်။ အစာခံပြီး ဆီးသွားများ စေတယ်။ ပိန်ချင်သူ တွေကျတော့ ဒီအချက်ကို သုံးတယ်။ တချို့က မစားခင် နာရီဝက် ရေကြို သောက်ပြီး ဗိုက်တင်း စေတယ်။ လူနာတွေ ထဲမှာ မနက်စာ လုံးဝ မစားဘဲ ရေနွေး တစ်ခွက် သောက်ပြီး ငှက်ပျောသီး တစ်လုံးနဲ့ သိဒ္ဓိပြီးသူ တကယ်ရှိ ပါတယ်။ အံ့သြစရာ အချက်က နှစ်လ၊ သုံးလလောက် ကြာတဲ့အခါ တကယ် အဆီကျ လာတယ်။ သောက်စမှာ မလွယ်ကူ ပေမယ့် မကြာခင် အဆင်ပြေ လာပါတယ်။ ဒါကြောင့် ပိန်ချင်သူ၊ ကျန်းမာချင်သူ မည်သူမဆို မနက် အိပ်ရာထ ရေနွေး တစ်ခွက်နဲ့ စတဲ့အကျင့် လုပ်ဆောင် ကြည့်ဖို့ တိုက်တွန်း နှိုးဆော်ချင် ပါတယ်။
to Dr, အေးမင်းထူး
ကျန်းမာ ပျော်ရွှင်ကြပါစေ
13/07/2025
သတိရလို့ ကုသိုလ်လာဝေငှတာပါ
ဝါတွင်းကာလကို ကိုးနဝင်းအဓိဠာန်ဝင်နေပါတယ်ရှင့်
အားလုံးဘဲ ကုသိုလ်များ ထပ်တူရရှိကြပါစေ🙏🙏🙏
26/10/2023
1st runner up Ni Ni Lin Eain 👸
Congratulations👑👸❤
14/08/2023
မေ့နေမှာစိုးလို့ ကိုယ်ရောင်လာပြ🤩
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Monywa
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
18/08/2023
18/08/2023