Lambest By Hsu

Lambest By Hsu

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lambest By Hsu, Health/Beauty, Monywa.

Photos from Lambest By Hsu's post 10/02/2022

အခုတလော page မှာပုံမတင်ဖြစ်လို့ sorry par naw.. 😌😌😌
ပုံမတင်ဖြစ်ပေမယ့် order တွေဇွတ်တက်နေတဲ့ ဂြိုလ်သား၂ကောင်ပါနော်..😈😈
စျေးတွေတက်နေလို့ ကြိုဥထားချင်ရင်လဲ မင်မင်ဆီမှာ instock ပါနော် ကာကာတို့ရေ..😻😻😽

Photos from Lambest By Hsu's post 12/01/2022

ချစ်ရသောမိတ်ဆွေအားလုံး
Lambest Productကို အမြဲအားပေးသောCustomer အတွက် ပိုမိုစနစ်ကျပြီး၀ယ်ယူအားပေးနိုင်ရန် Customer System Changes & Updated မူကို ပြုလုပ်ခဲ့ပါတယ်ရှင့်
🔥Lambest Customer New Standard System ကိုမိတ်ဆက်ပေးပါမယ်ရှင့် 🔥
🛒တစ်ဘူး ၀ယ်ယူအားပေးသော Customer အတွက် Official Price List (Changes )ပြုလုပ်ထားပါတယ်ရှင့်

စျေးသက်သက်သာသာဖြင့် Standard ရှိရှိ Brandကောင်းကိုပိုင်ဆိုင်ခွင့်ရရှိပါပြီနော်

🛒၁၅၀၀၀၀ ကျပ်တစ်ခါတည်း၀ယ်ယူအားပေးသောCustomerတိုင်း VIP Card လုပ်ဆောင်ခွင့်ရရှိပြီး တစ်ခါတည်း VIP အတွက် ၁၅%Offပါ လျော့ပေးမည်ဖြစ်ပါတယ်ရှင့်

နောက်ပိုင်း စိတ်ကြိုက်Showroom ,Lambest ဆိုင်မှာလည်း VIP Cardပြပြီး ၁၅% ခံစားခွင့်ရရှိပါတယ်နော်

🛒တာအပြင် ၅၀၀၀၀၀ကျပ် တစ်ခါတည်း၀ယ်ယူအားပေရသော VVIP Customerအတွက်ပါ VVIP Cardထပ်ပြီးစီးစဉ်ထားပါတယ်ရှင့်
VVIP အတွက် Retail Priceကို ၂၀% Offပါ လျော့ပေးနေပြီနော်

တစ်ကြိမ်Shopping တစ်သက်သာခံစားခွင့်🛒🛒🛒
လေးစားရသောLambest Customerအတွက်
Different & Betterဖြစ်ရန် အမြဲကြိုးစားနေသောBrandဖြစ်သည်

by Hsu 🍀
လိုအပ်လျှင်ဝယ်ယူအားပေးလို့ရပါတယ်ရှင့်
သိချင်တာလေးတွေရှိရင်လဲ အားမနာတမ်းမေးမြန်းလို့ရပါတယ်ရှင့် 💃💃

11/01/2022

Skincare မဟုတ်သော Skincare နည်းများ

Skincare ဆိုတာ စား၊ ဝတ်၊ နေ၊ ရေး လို Basic needs မဟုတ်တဲ့အတွက် ဝင်ငွေမရှိ၊ နည်းပါးတာကြောင့် skincare မဝယ်နိုင်လို့ဆိုပြီး စိတ်ညစ်စရာ, stress ဖြစ်စရာမလိုသလို၊ skincare တွေ သိန်းချီသုံးမှ blemishes, skin concerns တွေ သက်သာနိုင်တာမဟုတ်ပါဘူး။

ဒီ အချက် (၅) ချက်ကို လိုက်နာပေးရင်ကို တော်တော်လေး အဆင်ပြေနိုင်ပါတယ်။

(1) If outer care isn't possible, why not inner care.

အစားအသောက်ဂရုစိုက်ပေးပါ၊ ရေလုံလုံလောက်လောက်သောက်ပါ။ supplement တွေကို အားကိုးမယ့်အစား Functional food လို့ခေါ်တဲ့ အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်စေမယ့် အစားအသောက်ကို အလေးပေးပြီးစားပါ။ ဘယ်အစားအစာနဲ့၊ skin နဲ့ ဘယ်လိုတွေ ဆက်စပ်မှုရှိတယ်ဆိုတာ post တင်ပေးမယ်နော်။

(2) Hygiene

• Skin

ဘာမှမလိမ်းတောင် Cleansing လုပ်ပေးသင့်ပါတယ်။ အများကြီးမလိုပါဘူး။ အသားပေါ်က အညစ်အကြေးတွေအတွက် လုံလောက်စွာသန့်စင်ပေးနိုင်မယ့်၊ ရေရှည်သုံးလည်း ပြဿနာမရှိမယ့် cleanser တခုဆိုရပါပြီ။

• things that usually touches your skin

- လက်၊ လက်သည်း
မကုတ်၊ မဖဲ့၊ မထိ၊ မတို့ ပါနဲ့။ သွားမကိုင်ပါနဲ့။

- ဆံပင်
မျက်နှာပေါ် ဆံပင်ချလိုက်မိတိုင်း အဖုထတတ်တဲ့သူဆိုရင် ၂ ရက်ခြားတခါခေါင်းလျှော်တာပဲဖြစ်ဖြစ်၊ ကလစ် ဘီးကုတ် သုံးပြီး ဆံပင်ကို သိမ်းထားတာဖြစ်ဖြစ် တခုခုလုပ်ပေးသင့်ပါတယ်။

- မျက်နှာသုတ်ပုဝါ
ပုဝါသုံးရင် ပွတ်မသုတ်ပါနဲ့၊ ဖွဖွလေးသုတ်ပါ။ ဖြစ်နိုင်ရင်တော့ Facial Tissue ပဲသုံးပေးပါ။

- ခေါင်းအုံးစွပ်
အနည်းဆုံး 2-3 ရက်ခြားတခါလျှော်ပေးသင့်ပါတယ်။ အိပ်‌နေရင်း သွားရည်တွေ ခေါင်းအုံးပေါ် ကျထားရင်တော့ မနက်နိုးတာနဲ့ တန်းလျှော်လိုက်ပါနော် 🌚

- headphones, earphones, အရုပ်များ

- အိမ်မွေးတိရစ္ဆာန်
ကြောင်လေးတွေ၊ ခွေးလေးတွေက ဟိုလျှောက်သွား ဒီလျှောက်သွား လေးတွေမို့ bacteria ပိုးမွှားဆိုတာ သူတို့ဆီအမြဲ ကပ်ငြိနေမယ့်အရာပါပဲ။ အဲ့အတွက် သူတို့နဲ့ ကိုယ့်မျက်နှာနဲ့ထိကပ်တာမျိုးကို လျှော့ချ ရှောင်ရှားပေးသင့်ပါတယ်။ Show your love in another way.

- ရည်းစား
ကြားဖူးတာပြောတာပါ 🥲 ကောင်မလေးတွေ ကောင်လေးတွေ သူတို့ရည်းစားကို ဝက်ခြံညှစ်ပေးတယ် ဆိုလို့၊ မလုပ်ပါနဲ့နော်။ acne patch သာဝယ်ကပ်ပေးလိုက်ပါ 😫

(3) No DIY please

DIY တွေက Skin ကို Dramatically change လုပ်ပေးနိုင်ပါတယ်၊ အကောင်းဖက်ကိုတော့မဟုတ် အဆိုးဖက်ကိုပါ။ ဖိန်းနွဲခါကျမှ တခုချင်း အသေးစိတ်ရေးပေးပါမယ်နော်။

(4) Sun safety habits

အရေပြားပြဿနာဆိုတာ ငယ်တုန်းမလို့ အဆီဖု ဝက်ခြံလောက်နဲ့ ပတ်ချာလည်နေတာ၊ ကြီးလာရင် အရေပြားကင်ဆာ/ တခြား ရောဂါတမျိုးမျိုးကြောင့် skin မှာ ညိုမည်းတာ၊ အဖုထတာ၊ .. အများကြီးပဲ၊ ဖြစ်နိုင်ခြေရှိတာမို့ ထည့်စဉ်းစားထားရပါမယ်။

ဒါကြောင့် Sun Protection နဲ့ပတ်သက်ရင် Prevention is better than cure ဆိုတာ မမေ့ပါနဲ့နော်။

(5) Life style management

• Sleep
အိပ်ရေးဝဝအိပ်ပေးဖို့လိုပါတယ်။ ကိုရီးယားကားက နက်ဖြန်ကြည့်လို့ရပါတယ်။ ဒါမှ skin က သူ့ဟာသူ healing, repairing အလုပ်ကို ညဘက်မှာ အနှောင့်အယှက်ကင်းစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

• Stress
တကယ် stress ဖြစ်လာရင် ဖြေလျော့ဖို့မလွယ်တာမလို့ အများကြီးတော့အကြံမပေးတတ်ပေမယ့် နဂိုရေးဖူးတဲ့ ဒီ tips လေးတွေက အနည်းနဲ့အများအထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။

• Exercise

ရေမချိုးခင် လေ့ကျင့်ခန်းလုပ်ပေးတာမျိုးက နေရထိုင်ရတာပေါ့ပါးသွက်လက်စေတာမို့၊ လုပ်ကြည့်ဖို့အကြံပြုချင်ပါတယ်။ ဝက်ခြံအဖုပျောက်စေမှာမျိုးတော့မဟုတ်ပေမယ့်ပေါ့ 😁

• Ci******es and Alcohol

မသောက်လို့ရရင် မသောက်ပဲနေပါ။ Alcohol က dehydrate ဖြစ်စေပြီး ဆေးလိပ်၊ ဆေးရွက်ကြီးက Collagen Loss/ အရေးအကြောင်းဖြစ်လွယ်စေနိုင်လို့ပါ။

--------

လူတွေ Skincare လုပ်ရတဲ့ရည်ရွယ်ချက် အမျိုးမျိုးရှိနိုင်တယ်ဆိုပေမယ့် Ei အတွက်ကတော့ skin problems, skin conditions တွေအားလုံး under control ဖြစ်နေစေဖို့၊ အသက်ကြီးလာရင် အရေပြားကင်ဆာမဖြစ်စေဖို့ ~ လောလောဆယ်တော့ ဒီ ၂ ချက်ပါပဲ။
Crd.🍀

10/01/2022

🤦‍♀️မျက်နှာအသားအ​ရေ​​​တွေအမြဲ ခြောက်​သွေ့အက်ကွဲ​​နေတာဟာ သိပ်ကိုစိတ်ရှုပ်စရာ​ကောင်းတဲ့အ​ခြေ​နေတစ်ခုပါပဲ! 😕

🥶အခုလို ​ဆောင်းရာသီမှာဆိုရင် မျက်နှာအသားအ​ရေ​ခြောက်​သွေ့အက်ကွဲခြင်းကို ​တော်​​တော်များများကြုံရ​လေ့ရှိပါတယ်။❄☃️

🧏‍♀️များ​သောအားဖြင့် မျက်နှာအသားအ​ရေ​ခြောက်​သွေ့ခြင်းဟာ.....
❄​လေထုတွင်းမှာ စိုထိုင်းစနည်းတဲ့ရာသီဥတုအ​ခြေ​နေမျိုး​တွေ
❄​အေးလွန်းတဲ့ရာသီဥတုအ​ခြေအ​နေ
❄​ရေပူသုံးပြီး အမြဲ​ရေချိုးတာ​တွေ
❄​ရေ​သောက်သုံးမှုနည်းပါးတာ​တွေ
❄မျက်နှာသစ်ဆပ်ပြာကို အလွန်အကျွံအသုံးပြုတာ​တွေ
❄Skin care ပုံမှန်မလုပ်ဖြစ်သူ​တွေ
စတဲ့အချက်​တွေ​ကြောင့်ဖြစ်​လေ့ရှိပါတယ်ရှင်!

👉အဲ့ဒီလို စိတ်ရှုပ်စရာ​ကောင်းတဲ့အ​ခြေ​နေ​တွေကို ​ဝေး​ဝေးတွန်းပို့ပစ်နိုင်ဖို့ဆိုရင် 😍Lambest ရဲ့
Dry Skin Set ကိုသာ ​✅ယုံကြည်စွာရွေးချယ်လိုက်ပါ။

➡️Dry Skin Set မှာဆိုရင်....✴
1️⃣Cleanser
2️⃣Toner
3️⃣Essence
4️⃣Day Cream(Moisture)
5️⃣Emulsion
6️⃣Night Mask Cream
7️⃣Hydrating Mask (7)မျိုးအဆက်သုံးနိုင်ပါတယ်ရှင့်

⚠️Lambest ရဲ့ Dry Skin Set နဲ့အတူ ​ခြောက်​သွေ့​နေတဲ့​နေ့ရက်​တွေကို ​ကျောခိုင်းပစ်လိုက်ရ​အောင်!

by Hsu..🍀

05/01/2022

ဝက်ခြံ ပေါက် နေရင် ဒါလေးတွေ မလုပ်ပါနဲ့!!🙅🙅

- သနပ်ခါး မလိမ်းပါနဲ့။
- ထုံး/ သွားတိုက်ဆေး မတို့ပါနဲ့။
- မိတ်ကပ် တက်နိုင်သလောက် ရှောင်ပါ။
- ပင်လယ်စာ မစားရ။
- နို့ထွက် စာ မစားရ။
- တာရှည်ခံ စာများ မစားရ ( ဥပမာ - ခေါက်ဆွဲခြောက် )
- အချိုများသော အစားအစာမ်ား မစားရ။
- ဝက်ခြံကို မညှစ်ပါနဲ့။
- အိပ်ရေး ၀၀ အိပ်ပါ။
- ရေများများ သောက်ပါ။
- ကိုယ့် skin type နဲ့ လိုက်တဲ့ မျက်နှာ သစ်ဆေးမျိုး
ရွေးသုံးပါ
- မျက်နှာ မနက် တစ်ကြိမ် ည တစ်ကြိမ် သစ်ပါ။

ဒါလေးတွေကိုအတက်နိင်ဆုံး ရှောင်ပေးပါနော်
📣🙅🙅
# lambest by hsu 🍀

04/01/2022

page အသစ်လေးမို့ like&follow
လေးလုပ်ပေးကြပါအုံးရှင့် 📣
အရောင်းပိုစ့်တင်မဟုတ်ဘဲ ကျန်းမာရေးဆိုင်ရာသတင်းလေးတွေကိုပါမျှဝေသွားမှာမို့ အကျိုးမယုတ်စေရပါဘူးနော် ကာကာတို့ရေ....😍🍀

Want your business to be the top-listed Beauty Salon in Monywa?
Click here to claim your Sponsored Listing.

Category

Address


Monywa