Simple Barber Shop Monywa

Simple Barber Shop Monywa

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Simple Barber Shop Monywa, Barber Shop, Monywa.

Photos from Simple Barber Shop Monywa's post 18/01/2025

hair powder လိုအပ်သူများ ဆိုင်မှာဝယ်လို့ရပါပီ

09-973656238

Photos from Simple Barber Shop Monywa's post 18/11/2024

ဒီလိုလေးညှပ်ကြည့် လန်းတယ်

29/08/2024

Low fade အသန့်လေး

Photos from Simple Barber Shop Monywa's post 22/03/2024

ရိုးရိုးလေးညှပ်လဲ လန်းပါတယ်😊

12/02/2024

တွေ့ရင်ခေါ်ပါအုန်း😄

Photos from Simple Barber Shop Monywa's post 06/02/2024

လူငယ်ဆန်ဆန်လေး လန်းချင် ဆိုင်လာခဲ့လိုက်တော့ ရှယ်ဖြုတ်ပေးမယ်😊

29/01/2024

အလုပ်မလုပ်ပဲ ပိုက်ဆံရတဲ့ နည်းရှိရင်ပေးကြပါအုန်း

15/01/2024
Photos from Simple Barber Shop Monywa's post 15/01/2024

ဒီနေ့တော့ ဆံပင်ဘယ်လိုပုံညှပ်ရမယ်ဆိုတာ စဥ်းစားနေတဲ့ ဘော်ဒါတေအတွက် ကျွန်တော်သိထားသလောက်လေး Fade haircut အကြောင်းလေးမျှဝေပေးချင်ပါတယ်။
Skin fade ဆိုတာဘာလဲ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ အပြောင်ညှပ်ထားတဲ့ကေလို့ ပြောလို့ရတယ်ဆိုပေမယ့် အပြောင်ညှပ်ထားတိုင်းလဲ Skin Fade မဟုတ်ပါဘူး။ Skin Fade ကို အမျိုးသား ဆံပင်ညှပ်ဆိုင်တိုင်းမှာလဲ ညှပ်လို့မရသလို စက် ၁ လုံးထဲနဲ့လဲ ညှပ်လို့မရပါဘူး။ သေသပ်လှပတဲ့ Fade ၁ ခေါင်းရဖို့ဆိုရင် စက် ၄ လုံး (Shaver/Trimmer/Fade Blade/Taper Blade) လောက်နဲ့ နည်းစနစ်ကျကျ တဆင့်ချင်း ညှပ်ပေးဖို့ လိုပါတယ်။ လူငယ်တေကြား ရေပန်းစားလာတဲ့ ဆံပင်ပုံစံလို့ပြောရင်လဲ မှားမယ်မထင်ပါဘူး။ Fade ညှပ်ထားတဲ့ လူတစ်ဦးဟာ အထာကျတယ်၊သပ်ရပ်တယ်၊လွတ်လပ်ပေါ့ပါးတဲ့ အတွက် လူကြိုက်များလာပါတယ်။ သပ်ရပ်တိကျတဲ့ Fade ညှပ်ဖို့ဆိုရင် အချိန်အားဖြင့်လဲ ကြာတာကြောင့် တချို့ဆံပင်ညှပ်ဆိုင်တေမှာ Fade ညှပ်မယ်ဆိုရင် စျေးပိုပေးရတာမျိုးလဲ တွေ့ရတတ်ပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေဗျ။

13/01/2024

ဘယ်မှာဝယ်လို့ရလဲ ပြောအုန်း ကလေးတေညှပ်ရတာ အတော်စိတ်ရှည်ရလို့😄

27/12/2023

လူကြီးမင်းတို့ စိတ်တိုင်းကျတဲ့ ဆံပင်ပုံရဖို့😊

15/12/2023

လွယ်မယောင်နဲ့ခက်တဲ့ ခေါင်းလိမ်းဆီရွေးချယ်နည်း

ခေါင်းလိမ်းဆီဝယ်တဲ့အခါ ကိုယ့်အကြိုက်နဲ့အနီးစပ်ဆုံး ကွက်တိဖြစ်အောင် ဒီလိုနည်းလမ်းလေးတွေနဲ့ ရွေးချယ်နိုင်ပါတယ်။👱🏻‍♂️🧔🏻‍♂️👨🏻‍🦱

ခေါင်းလိမ်းဆီမဝယ်ခင်မှာ မဖြစ်မနေ စစ်ကြည့်သင့်တဲ့ အချက်တွေက...

☑️Hold - ပုံသွင်းထားတာ မပျက်အောင် ခေါင်းလိမ်းဆီက ဘယ်လောက်ကြာကြာ ထိန်းပေးနိုင်သလဲဆိုတာကို ပြတာဖြစ်ပါတယ်။ Hold များလေ ထိန်းအားကောင်းလေပါပဲ။ ဆံပင်ကို အထောင်ပုံစံထားပြီး တော်ရုံလက်နဲ့ထိမိတာတောင် ပုံမပျက်ချင်ဘူးဆို သေချာပေါက် ထိန်းအားကောင်းတဲ့ ခေါင်းလိမ်းဆီကို ရွေးဝယ်ရမှာပါ။

☑️Shine - ဆံသားရဲ့ တောက်ပြောင်မှုကို ဆိုလိုတာပါ။ ခေါင်းလိမ်းဆီ လိမ်းထားမှန်း သိသာစေချင်တယ်၊ ဆံပင်ကို ပြောင်လက်တောက်ပနေစေချင်တယ်ဆိုရင် Shine တောက်ပမှု များများပေးနိုင်တဲ့ ခေါင်းလိမ်းဆီကို ရွေးရမှာပါ။ Matte Finish ဆိုရင်တော့ အမှိန်ပုံစံ၊ တောက်ပြောင်နေတာမျိုး လုံးဝမရှိဘူးလို့ ဆိုလိုတာပါ။

☑️Application - ခေါင်းလိမ်းဆီဝယ်မယ်ဆို ဆုံးဖြတ်ရမှာက ကိုယ်ရဲ့ဆံပင်ကို ဘယ်လိုပုံစံထားမယ်ဆိုတာပါပဲ။ ဆံပင်ကို သပ်သပ်ရပ်ရပ်နဲ့ Slick Look လေး ဖြီးပြီး ပုံသွင်းထားချင်တာလား? ဒါမှမဟုတ် Messy Look ပုံစံ ဖွပြီးထားချင်တာလားဆိုတာ ဆုံးဖြတ်ရပါမယ်။ ယေဘူယျအားဖြင့် သပ်သပ်ရပ်ရပ် Slick Look တွေအတွက် ချောချောမွေ့မွေ့ Smooth Application ကိုရွေးချယ်နိုင်ပြီး Messy Look တွေအတွက် Dry Application ကို ရွေးချယ်နိုင်ပါတယ်။ ဘာလာလာဒေါင်းမယ်ဆိုရင်တော့ဖြင့် Medium Application ပေါ့ဗျာ။ Smooth Application က ဘီးနဲ့ပုံသွင်းလို့ကောင်းပီး၊ Dry Application က လက်နဲ့တိတိကျကျပုံသွင်းလို့ကောင်းပါတယ်။ Dry Application ဖြစ်ပေမဲ့လည်း ဘီးနဲ့ပုံသွင်းချင်မယ်ဆိုရင် ဆံပင်ကိုရေလေးနဲနဲစိုနေတဲ့အချိန်မှာ အသုံးပြုပေးနိုင်ပါတယ်။

☑️Weight - ဒါက ခေါင်းလိမ်းဆီလိမ်းလိုက်ရင် လေးလေးကြီးဖြစ်သွားမှာကို ပြောတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဆံပင်ကို ဘယ်လောက်အထိ ထိန်းချုပ်ရခက်လဲဆိုတာပေါ်မူတည်ပြီး Weight ကို ရွေးလို့ရပါတယ်။ ကိုယ့်ရဲ့ ဆံပင်က ဆံလုံးတုတ်ပြီး ထိန်းသိမ်းရခက် ထိုးထိုးထောင်ထောင်ဖြစ်တတ်တယ်ဆို Heavy Weight နဲ့ ထိန်းချုပ်နိုင်ပြီး၊ သင့်ဆံသားက ထိန်းချုပ်ရလဲလွယ်ကူတယ်၊ ရုန်းကန်လေ့မရှိဘူးဆိုရင်တော့ Light Weight Product တွေနဲ့ လွယ်လွယ်ကူကူ ပုံသွင်းထားနိုင်ပါတယ်။ အလယ်အလတ်လောက်နဲ့အဆင်ပြေမယ်ဆိုရင်တော့ Medium Weight ကိုရွေးပေးနိုင်ပါတယ်။

☑️Hair Feel - ကိုယ့်ဆံပင်ကို ကိုင်လိုက်ရင် ခံစားရမယ့် အထိအတွေ့ကို ဆိုလိုပါတယ်။ ဆံပင်ကို ကိုင်ကြည့်လိုက်တဲ့အခါ အဆီပြန်နေတာမျိုးမရှိစေချင်ပဲ ခပ်ဖွာဖွာအထိအတွေ့လေးရချင်ရင် Dry, ပျော့ပျော့ပျောင်းပျောင်း ချောမွေ့တဲ့ပုံစံလေး ဖြစ်ချင်ရင် Flexible, မာတောင့်တောင့်ဖြစ်စေချင်ရင်တော့ Stiff ကို ရွေးချယ်နိုင်ပါတယ်။

☑️Restylability - ဆံပင်ကို အချိန်တစ်ခုကြာပြီးနောက် ပြန်ပြင်နိုင်စွမ်းကို ဆိုလိုတာပါ။ အချို့ ခေါင်းလိမ်းဆီတွေက ပုံသွင်းထားပြီးရင် အချိန်မရွေး ပြန်ပြင်လို့ ရနိုင်ပါတယ်။ အပြင်သွားရင်းဆံပင်ပုံပြောင်းလဲချင်တာပဲဖြစ်ဖြစ်၊ ဆိုင်ကယ်ဦးထုတ်ဆောင်းရတာပဲဖြစ်ဖြစ်၊ ကားပေါ်မှာ၊ ဖြတ်သွားဖြတ်လာ တွေ့ရတဲ့မှန်မှာ ကြည့်ပြီး ပုံမကျဖြစ်နေတာတွေကို အလွယ်တကူ ပြန်ပြင်လို့ရတာမျိုးပေါ့။ အချို့ခေါင်းလိမ်းဆီတွေကတော့ ပုံသွင်းထားပြီးရင် ပုံသွင်းထားတဲ့အတိုင်း အမြဲရှိနေပြီး ပြန်ပြင်ချင်ရင်တော့ ရေလေးအနည်းငယ် အသုံးပြုပြီး ပြန်ပြင်ရပါတယ်။ ပထမအမျိုးအစားကိုတော့ Restylability – Anytime, Anywhere လို့ခေါ်ပြီး ဒုတိယအမျိုးအစားကိုတော့ Restylability – With Water လို့ ခေါ်ပါတယ်။

☑️Washability - ပုံကျအောင် ထိန်းသိမ်းပေးနိုင်ဖို့အတွက် ခေါင်းလိမ်းဆီတွေမှာ တာရှည်ခံအဆီတစ်မျိုး ပါလေ့ရှိပါတယ်။ ဒါကို Build Up လို့ခေါ်ပါတယ်။ Build Up နည်းနည်းပဲပါရင် ခေါင်းပြန်လျှော်ရတာလွယ်ပြီး Build Up များရင်များသလို ခေါင်းလျှော်ရတာ အချိန်ပေးရလေ့ ရှိပါတယ်။ Build Up နည်းတဲ့ ခေါင်းလိမ်းဆီတွေရဲ့အားသာချက်က ခေါင်းလျှော်တဲ့အခါ လွယ်ကူမြန်ဆန်ပါတယ်။ Build Up များတဲ့ ခေါင်းလိမ်းဆီတွေရဲ့ အားသာချက်က ခေါင်းလျှော်ပြီးတဲ့အခါ အဆီအနည်းငယ်ကျန်နေပြီး Dryer သုံးတဲ့အခါ ကျန်နေတဲ့အဆီတွေက အပူဒဏ် ကာကွယ်ပေးပါတယ်။ Hold ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလိမ်းဆီ အများကြီး ထပ်လိမ်းဖို့မလိုပဲ နည်းနည်းပဲ ထပ်သုံးရုံနဲ့ လုံလောက်ပါတယ်။ သူ့ကောင်းကျိုးနဲ့သူရှိတာမို့ နှစ်သက်ရာကို ရွေးချယ်သုံးလို့ရပါတယ်။

☑️Scent - အမွှေးနံ့ကတော့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူနိုင်တဲ့အတွက် အထူးတလည် မညွှန်းပေးတော့ပါဘူး။ ဘူးမှာပါဝင်တဲ့ အညွှန်းကို သေချာဖတ်ပြီး စိတ်ကြိုက်အမွှေးနံ့ကို ရွေးချယ်ဖို့ အကြံပြုပါတယ်။

အခုပြောပြခဲ့တဲ့ အချက်တွေအတိုင်း စစ်ကြည့်ပြီး ရွေးချယ်မယ်ဆို အကြိုက်နဲ့ထပ်တူကျတဲ့ ခေါင်းလိမ်းဆီကို ရွေးချယ်နိုင်မယ်လို့ ထင်ပါတယ်။ REUZEL မှာ သင့်ရဲ့ လိုအပ်ချက် တစ်ခုချင်းစီနဲ့ကိုက်ညီမယ့် ခေါင်းလိမ်းဆီ အမျိုးအစားများစွာရှိပြီး ကျွမ်းကျင်ပညာရှင်တွေကလည်း အသင့်တော်ဆုံး ခေါင်းလိမ်းဆီကို ရွေးချယ်ပေးဖို့ အမြဲအသင့်ရှိပါတယ်။ ခေါင်းလိမ်းဆီဆိုတာကလည်း လိမ်းရင်းနဲ့မှ အကြောင်းသိလာပြီး အကြိုက်တွေ ပြောင်းလာတတ်တဲ့အမျိုးဆိုတော့ ဘယ်တော့မှ တစ်ဘူးတည်းနဲ့ မလုံလောက်ဘူးပေါ့ဗျာ။ ကိုယ့်မှာ ခေါင်းလိမ်းဆီဘူးတွေ အများကြီးရှိနေရင် ဒါက ပုံမှန်ပါပဲ။

အရည်အသွေးမြင့် ဘေးဥပဒ်ကင်းစင်ပြီး ကမ္ဘာတစ်ဝှမ်းယုံကြည်စိတ်ချစွာ သုံးစွဲနေတဲ့ REUZEL အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းများကို အောက်ပါတစ်ပုံချင်းစီမှာ စိတ်ကြိုက်ကြည့်ရှုရွေးချယ်ပြီး လူကြီးမင်းတို့ရဲ့ အောင်မြင်တဲ့နေ့ရက်တွေစီသို့ ခန့်ညားစွာလှမ်းချီလိုက်ပါ။

———————————————————-

"REUZEL Myanmar's Story"

REUZEL အမှတ်တံဆိပ် အရည်အသွေးမြင့် အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းများကို Holland နိုင်ငံ Schorem Barbershop မှ ကမ္ဘာ့ထိပ်သီး Barber ပညာရှင်များကိုယ်တိုင်ဖန်တီးထားပြီး၊ USA တွင်ထုတ်လုပ်ကာ နိုင်ငံတကာမှ Barber များနဲ့ ကမ္ဘာတစ်ဝှမ်း Gentlemen များအားလုံး နှစ်ခြိုက်စွာ ပင်တိုင်လက်ခံသုံးစွဲနေတဲ့ Professional အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။

REUZEL Myanmar မှ လူကြီးမင်းတို့ရဲ့ အခြေအနေအချိန်အခါတိုင်းအတွက် အရည်အသွေးမြင့်ခေါင်းလိမ်းဆီ အမျိုးအစား ၁၀ မျိုးမကနှင့်တကွ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းအမျိုးအစားများစွာကို မြန်မာနိုင်ငံတစ်ဝှမ်း တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချပေးနေပြီး၊ လူကြီးမင်းတို့ရဲ့ အောင်မြင်တဲ့နေ့ရက်တွေစီသို့ ခန့်ညားစွာလှမ်းချီနိုင်ရန် ကူညီပေးဖို့အသင့်ရှိနေပါတယ်။

သင်နဲ့အကိုက်ညီဆုံး အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းများကို ကူညီရှာဖွေပေးနိုင်ရန် အခုပဲဆက်သွယ်လိုက်ပါ။


Created by Barbers | Made in the USA
Used by Gentlemen All Over the World

ရရှိနိုင်သောပစ္စည်းအမျိုးအစားများကိုကြည့်ရှုရန်
👉 https://www.facebook.com/100063862598373/posts/762992399172840/?mibextid=cr9u03

လက်လီလက်ကားဆက်သွယ်မှာယူရန်:
👉Website
https://mmgents.com/collections/reuzel

👉Facebook Messenger
m.me/reuzel.mm.official
m.me/mmgents

👉Hotline
09788805050

👉ခေါင်းလိမ်းဆီရွေးချယ်နည်း
https://www.facebook.com/100063862598373/posts/770684265070320/?mibextid=cr9u03

✔️မှတ်ချက်
ခေါင်းလိမ်းဆီတိုင်း၏ အာနိသင်များသည် ရာသီဥတုနှင့်ပတ်ဝန်းကျင်အပူချိန်တို့ကိုလိုက်၍ အထိုက်အလျှောက်အပြောင်းအလဲများရှိတတ်ပါသည်။

Want your business to be the top-listed Hair Salon in Monywa?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


Monywa