Nway Gant Gaw Shampoo

Nway Gant Gaw Shampoo

Share

Natural Herbal Shampoo

10/12/2022

ဆံကေသာလေးတွေ ကျန်းမာသန်စွမ်းချင်ရင် ဒါတွေ မလုပ်ပါနဲ့။

၁။ ခေါင်းလျှော်ရည်တွေကို ဦးရေပြားပေါ် တိုက်ရိုက်တင်တာမျိုး မလုပ်ပါနဲ့။

ဒါဟာ မလိုအပ်ဘဲ Chemicalတွေကို ဦးရေပြားနဲ့ ထိတွေ့မိစေပါတယ်။ ဒါကြောင့် ဆံပင်ကို ရေများများလောင်းပြီး Shampooလေးကိုယူ ဆံပင်အဖျားပိုင်းကို အရင်လျှော်ပြီး အမြှုပ်လေးနဲ့မှ အရင်းတွေကို လျှော်ပါနော်။

၂။ ဆံပင် ရေခြောက်အောင် သုတ်တဲ့အခါ ကြမ်းတမ်းစွာ မသုတ်ပါနဲ့။

အကောင်းဆုံးကတော့ ရေချိုးခန်းထဲက ထွက်လာတဲ့အခါ တဘက်လေးနဲ့ ပေါင်းထားပြီးမှ ငြင်ငြင်သာသာ သုတ်ပေးတာပါပဲ။

၃။ တဘက်ရွေးချယ်မှုလေး သေချာရွေးချယ်ပေးပါ။

အခုဆို ဆံကေသာအတွက် သီးသန့်ထုတ်ထားတဲ့ တဘက်လေးတွေ ရှိတယ်နော်။ Tshirtသား တဘက်လေးတွေက ဆံကေသာအတွက် သင့်တော်ပါတယ်။

၄။ အခြောက်ခံစက်ကို အပူချိန်မြင့်ပြီး မသုံးပါနဲ့။

နွေကတော့ ဆံပင်အခြောက်ခံစက်ကို မသုံးဖြစ်တာ ကြာပါပြီ။ အရေးကြီးမှပဲ သုံးဖြစ်ပါတယ်။ သုံးတဲ့အခါမှာ အပူချိန် အမြင့်ဆုံးကို မသုံးဖြစ်ပါဘူး။

၅။ မကြာခဏ ဖြောင့်၊ ကောက်၊ ဆေးဆိုးတာမျိုး မလုပ်ပါနဲ့။

ဖြောင့်၊ ကောက် ပြင်ဆင်ရတာကို သဘောကျတယ်ဆိုရင်တော့ နွေတို့ရဲ့ နွေကံ့ကော် သဘာဝ တရော်ကင်ပွန်းခေါင်းလျှော်ရည်လေးနဲ့ ခေါင်းလျှော်ပြီး Hair Care Serumတစ်မျိုးမျိုးကို သုံးဖို့ မမေ့ပါနဲ့နော်။

02/12/2022

သည်းငယ်​လေးတို့​ရေ.. 💓💓💓

နွေကံ့​​ကော် Shampoo လေးကို ကြိုက်နှစ်သက်လွန်းလို့
ရန်ကုန်မှာ ဘယ်မှာရလဲ ဘယ်ဆိုင်မှာရလဲ
မေးနေကြတဲ့ သည်းငယ်လေးတို့
အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ရန်အတွက်
နွေတို့ရဲ့ ရန်ကုန်ကိုယ်စားလှယ်နဲ့ မိတ်ဆက်ပေးမယ်နော့်

ရန်ကုန်ကိုယ်စားလှယ်ကြီး 👑👑👑

Thidar Nwe
မအေးသီတာနွယ်

09790529555

Photos from Nway Gant Gaw Shampoo's post 26/11/2022

ပျိုပျိုမေတို့ရေ ခေါင်း​ဆေးမင်္ဂလာပြုမယ်ဆိုရင်​တော့
မြန်မာ့ရိုးရာ တ​ရော်ကင်ပွန်း ခေါင်း​လျှော်ရည် ဖြစ်တဲ့ နွေကံ့​ကော်ကိုသာ သတိရလိုက်ပါ​နော်။

ခေါင်း​ဆေးမင်္ဂလာပြုဖို့ရာ တ​ရော်ကင်ပွန်းကို အလုပ်ရှုပ်ခံပြီး အချိန်​ပေး ပြင်ဆင်စရာ မလို​တော့ဘဲ နွေကံ့​ကော်​လေး ရှိရင် ပြည့်စုံပြီ​​နော်။

အမြှပ်ထွက်အားလည်း ကောင်းပြီး ဆံ​ကေသာကို နက်​မှောင် သန်စွမ်း​စေတာမို့ ယုံကြည်စွာ စွဲသုံးသင့်တဲ့ Local Product လေးပါရှင့်။

နွေကံ့​ကော်​လေးရဲ့ စျေးနှုန်းက​တော့ တမိသားစုလုံး သုံးစွဲနိုင်တဲ့ 350 MLပါ တဘူးကို ၈၀၀၀ ကျပ်ပါရှင့်။

Photos from Nway Gant Gaw Shampoo's post 21/11/2022

ကံထူးရှင်လေးတွေ page cb ကနေ လက်ဆောင်လာရောက်ထုတ်ယူလို့ရပါပြီရှင့် 🧡🧡🧡

Photos from Nway Gant Gaw Shampoo's post 20/11/2022

မြန်မာပြည်မှာ ဂုဏ်ယူစွာ ထုတ်လုပ်တဲ့

မြန်မာ့ရိုးရာထုတ်ကုန်မို့

မသုံးကြည့်ရ​သေးရင် အခုပဲ မှာယူလိုက်ပါရှင့်💖

နွေကံ့​​ကော်-သဘာဝတ​ရော်ကင်ပွန်း​ခေါင်း​လျှော်ရည် ကို
ဖောင်းဖောင်း Mini Mart မုံရွာမှာ ဝယ်ယူရနိုင်ပါပြီရှင့်

https://www.facebook.com/profile.php?id=100057655351018&mibextid=LQQJ4d

Photos from ဆင်မင်း -၄ စတိုး မုံရွာ's post 19/11/2022

ဆင်မင်း -၄ စတိုး မုံရွာ မှာဝယ်ယူအားပေးလို့ရပါပြီရှင့်
🥰🥰🥰

22/08/2022

ရှေးသရောအခါက ဘာညာဏသီပြည်ကြီးမှာ မင်းတုပ်မင်းတရားကြီးဟာ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်မင်းလုပ်နေသတဲ့ကွယ်။

ဒါပေမယ့် ဘုရင်ကြီးဟာ သက်တော် ကြီးရင့်လာပြီ ဖြစ်တာကြောင့် အိမ်ရှေ့စံဖြစ်တဲ့ ကျည်းဘောင်မင်းသားကြီးကို ထီးနန်းလွှဲအပ်ပြီး တရားအားထုတ်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။

ဒါပေမယ့် အိမ်ရှေ့စံဟာ အခု စာဖတ်နေသူတို့လိုပဲ ဂေါ်မစွံ FAကြီး ဖြစ်တာကြောင့် နန်းတက်ပွဲ ကျင်းပတဲ့အခါ အတိုင်းတိုင်း အပြည်ပြည်က သံတမန်တွေဆီက အဆိုတော် မိုးမိုးရဲ့ သီချင်းထဲကလို "အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ" အမေးမခံရလေအောင် ကြင်ယာရှာပေးဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။

မင်းတရားကြီးဟာ တိုင်းပြည်အနှံ့ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံတဲ့ မိန်းမပျိုမှန်သမျှ The Princess Crownအတွက် မယ်အရွေးခံနိုင်ကြောင်း ကြေညာမောင်းခတ်စေပါသတဲ့။

ဒီလိုနဲ့ Miss ဘာညာဏသီ ပြိုင်ပွဲနေ့ကြီးကို ရောက်လာပြီး နန်းတော်ကြီးဟာလည်း အထူးဧည့်သည်တော်တွေနဲ့ အထူးစည်ကားနေခဲ့ပါသတဲ့။

"ပြိုင်ပွဲဝင် ခါးအမှတ်စဥ် ၁ သက်ထားကလျာဒေဝီကျော့ကျော့ရှင်း"

"သက်ထားကလျာဒေဝီ ကျော့ကျော့ရှင်းဟာဆိုရင် လက်ဝဲ အမတ်ချုပ်ကြီးရဲ့ သမီးတော်လေး ဖြစ်ပြီး သူမရဲ့ အားသာချက်ဟာဆိုရင်တော့ ကော်လဂျင် နေ့တိုင်းမှီဝဲတဲ့အတွက် လေးပေမီးချောင်းကဲ့သို့သော ထွန်းလင်းတောက်ပတဲ့ အသားအရည်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်ခင်ဗျား။ ဒါ့အပြင် Gymကိုလည်း Personal Trainerနဲ့ သေချာဆော့ပြီး Dietတွေ လုပ်တာကြောင့် စစ်ကိုင်းအိုးအလှနဲ့ ကျက်သရေရှိတဲ့ ပြိုင်ပွဲဝင်ပဲ ဖြစ်ပါတော့တယ်ခင်ဗျား။"

ပရိသတ်ကြီးဟာ ချောမောလှပလွန်းတဲ့ မဒီလေးရဲ့ အလှမှာ ရင်သပ်ရှုမောနေကြတုန်းမှာ အိမ်ရှေ့စံရဲ့ မှတ်ချက်ကြောင့် အားလုံးက ဟာခနဲ မှင်သက်သွားခဲ့ပါတယ်။

အိမ်ရှေ့စံ : ကိုယ်တော်ကတော့ နိုးပါ။

ဒီလိုနဲ့ ရေမချိုးတဲ့ အိမ်ရှေ့စံဟာ တိုင်းပြည်ရဲ့ အလှပဂေးတွေကို ထိုင်ငြင်းနေလိုက်တာ ပွဲလာသူ ပြည်သူအများက မဟာ သောက်မြင်တော် ကပ်ကုန်ကြတဲ့အထိပါပဲတဲ့။

တိုင်းသူပြည်သား ၁ : ဒီလောက်ချောတဲ့ အလှလေးတွေကို စိတ်ညစ်အောင် လုပ်နေတာ မရှက်ဘူးလား၊ မရှက်ဘူးလား?

တိုင်းသူပြည်သား ၂ : ပြိုင်ပွဲဝင်တွေက ကုန်နေပြီ။ တယောက်ကိုမှ မကြိုက်ရတာနဲ့ ကျွန်တော်မျိုးမတို့ ဘာညာဏသီ ပြည်သူတွေ အရှက်ရရပါတော့မယ်အေ။

တိုင်းသူပြည်သား ၃ : အလှလေးတွေရဲ့ အရှက်တရားကို ကာကွယ်ဖို့ သကောင့်သားကို ဒီKFCကြက်ကြော်လေးစားရင်း ဝိုင်းဆဲပြီး ပညာပေးလိုက်ကြရအောင်။

ဘုရင်မင်းတရားကြီးကလည်း ကြီးကျယ်လွန်းတဲ့ သားတော်မောင်ကြောင့် မျက်ခုံးကြီးနှစ်ခုက ကျွဲနှစ်ကောင် ခတ်တော့မယ့်ဟန် ဖြစ်လာတဲ့အထိ စိတ်ရှုပ်နေခဲ့ပါသတဲ့။

အိမ်ရှေ့စံ : အချစ်စစ်ကို ရှာဖွေမိတာ အပြစ်လား၊ ဖီဖီဘျင်။

ဒီလိုနဲ့ အားလုံး ရုတ်ရုတ်သဲသဲ စဖြစ်လာချိန်မှာ အိမ်ရှေ့စံဟာ လက္ဘက်ရည် လာချပေးတဲ့ ကောင်ငယ်လေးရဲ့ လက်ကို ရုတ်တရက် ဆွဲကိုင်လိုက်ပြီး ရုတ်တရတ် မေးလိုက်ပါသတဲ့။

အိမ်ရှေ့စံ : သင့်ဆီကနေ အလွန်တရာ မွှေးပျံ့တဲ့ သင်းရနံ့ ရပေတယ်။ အသင့်ကို အရင်က တကြိမ်တစ်ခါမျှ မမြင်ဖူး။ အသင်က အဘယ်သူနည်း။

ရွှေပွဲလာ ပရိတ်သတ်ကြီးဟာ ဟာခနဲ ဖြစ်သွားတဲ့အချိန်မှာ လုလင်ပျိုလေးထံက သာယာချိုမြိန်လှတဲ့ အသံလေး ထွက်လာသတဲ့ကွယ်။

"ကျွန်တော်မျိုးမက မြို့စွန်က သူဆင်းရဲမလေး ဖြစ်ပါတယ် အရှင်။ နန်းတော်က ဒီပွဲကျင်းပတော့ အလုပ်ခေါ်စာတွေ့လို့ လာလျှောက်ခဲ့တာပါ။ လုံမပျိုတို့ကို မခေါ်ဘဲ လုလင်ပျိုတွေကိုသာ ခေါ်ယူလို့ ဒီလို ဝတ်စားပြီး ဝင်လုပ်မိတာပါ။ ကျွန်တော်မျိုးမကို ချမ်းသာပေးပါ အရှင်။"

အိမ်ရှေ့စံက လုလင်ပျိုယောင်ဆောင်ထားတဲ့ မိန်းကလေးရဲ့ သျှောင်ထုံးကို ဖြည်ချလိုက်တဲ့အခါ နက်မှောင်သန်စွမ်းပြီး သင်းပျံ့တဲ့ ရနံ့ရှိတဲ့ ဆံကေသာတို့က ညနေခင်းရဲ့ လေပြည်ထဲမှာ ဝဲပျံ့သွားသတဲ့ကွယ်။

အိမ်ရှေ့စံ : နှမငယ်ရဲ့ ဆံကေသာအလှက ထူးခြားလှပြီး ရနံ့က ထူးကဲလှပေတယ်။ ကိုယ်တော်ကတော့ Golden Buzzer တန်း ပေးလိုက်ပါတယ်။

ဒီလိုနဲ့ ဂျီးများလွန်းတဲ့ အိမ်ရှေ့စံဟာ ကြင်ယာတော် ရသွားပြီး ဆူပူတော့မယ့် လူအုပ်ကြီးကလည်း ကြင်ယာတော်ကို ကျေကျေနပ်နပ် လက်ခံလိုက်ကြပါသတဲ့။

ဒါပေမယ့် အရှုံးကို လက်မခံနိုင်သေးတဲ့ သက်ထားကလျာဒေဝီကျော့ကျော့ရှင်း ဟာ အော်ဟစ်ငိုကြွေးပြီး စောဒက တက်ပါသတဲ့။

"ဒီသူဆင်းရဲမက ကျွန်တော်မျိုးမထက် ဘာများသာနေလို့ပါလဲ။ အရှင်က ကျွန်တော်မျိုးမရဲ့ အချစ်တွေကို ဘာကြောင့် မမြင်နိုင်ရတာလဲ။ သူ့လောက်တော့ အားလုံးက လှပါတယ်။ ဘာကြောင့်ပါလဲ။"

"ဘာကြောင့်ဆို ကျွန်မက တရော်ကင်ပွန်းကို အခြေခံပြီး သဘာဝ သစ်သီးသစ်ဖုတွေနဲ့ ထုတ်လုပ်ထားတဲ့ မြန်မာ့ရိုးရာ ခေါင်းလျှော်ရည် နွေကံ့ကော်နဲ့ အမြဲ ခေါင်းဆေးမင်္ဂလာ ပြုတယ်လေ။

ဆံကေသာကို နက်မှောင် သန်စွမ်းစေတဲ့အပြင် ဦးရေပြားကိုလည်း အေးမြစေတယ်။ ဆံပင်ကျွတ်သက်သာပြီး ဗောက်ရှင်းတဲ့အပြင် ဆံကေသာကိုလည်း သဘာဝရဲ့ မွှေးရနံ့လေး သင်းပျံ့စေတယ်။

အမြှုပ်ထစေတဲ့ Chemical မပါဝင်ဘဲ လုံးဝ သဘာဝအတိုင်း ထုတ်လုပ်ထားတာမို့ ဆံသားမရွေး ဘေးထွက်ဆိုးကျိုးမရှိဘဲ အသုံးပြုနိုင်တာပေါ့။

မိန်းကလေးတိုင်း အလှကျက်သရေ တိုးဝေချင်ရင် နွေကံ့ကော်ကို ဆောင်နော်။"

သက်ထား​ကလျာ​ဒေဝီကျော့ကျော့ရှင်း : သူ့ဘက်မှာ နွေကံ့ကော် ရှိနေမှတော့ နှမတော် အရှုံးပေးလိုက်ပါပြီ။

နွေကံ့ကော်ကို မှာယူချင်တဲ့ မဒီလေးများရှင်... Messengerကို ကြွမြန်းကြပါရှင်။

08/08/2022

ပျက်ဆီးနေတဲ့ ဆံသားများအတွက် အသင့်တော်ဆုံး

နွေကံ့ကော် သဘာဝ တရော်ကင်ပွန်း ခေါင်းလျှော်ရည်

Messengerမှာ ဆက်သွယ်မှာယူနိုင်ပါပြီ။

21/07/2022

ဆံကေသာလေး ကျန်းမာသန်စွမ်းဖို့ရာ ဘာအစားအစာလေးတွေ စားပေးရမလဲလို့ မေးလာတဲ့ နွေချစ်သူလေးတို့ရေ...

ဒီနေ့မှာလည်း နွေချစ်သူတို့အတွက် ရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်နော်။

ဆံကေသာလေး ကျန်းမာသန်စွမ်းနေဖို့ အထောက်အကူပြုတဲ့ အစားအစာတွေကတော့ ငါးကြီးဆီ၊ အသားအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆံတွေပဲ ဖြစ်ပါတယ်နော်။

ဒီအစားအစာတွေက ခန္ဓာကိုယ်မှာ Collagen ဓါတ်ကို ရရှိစေပြီး ဆံကေသာရော အသားအရည်ကိုရော အကျိုးပြုပါတယ်ရှင့်။

ဒါ့အပြင် လက်ဘက်ဆီ၊ သံလွင်ဆီ၊ အုန်းဆီ၊ Rosemary Oil စတဲ့ အရွက်ဆီတွေကလည်း ဆံကေသာကို နက်မှောင်သန်စွမ်းစေပါတယ်နော်။

အကောင်းဆုံး ဆံကေသာကို ထိန်းသိမ်းနည်းလေးကတော့ နွေကံ့ကော် သဘာဝ တရော်ကင်ပွန်းခေါင်းလျှော်ရည်လေးနဲ့ တပတ်ကို ၂ကြိမ် ခေါင်းလျှော်ပေးတာပါပဲနော်။

ဆံကေသာကို ထိန်းသိမ်းဖို့ နည်းလမ်းလေးတွေ မျှဝေပေးသွားမှာမို့ နွေကံ့ကော် Pageလေးကို Followထားဖို့ မမေ့နဲ့နော်။

10/07/2022

♡ဝသန်မိုးနဲ့ အတူ ပြန်ရောက်လာတဲ့ နွေကံ့ကော်♡

နွေရာသီကုန်သွားလို့ ကံ့ကော်တွေ မဝေတော့ပေမယ့် နွေကံ့ကော်လေးကတော့ ပျိုမေတို့နဲ့ မခွဲအတူ ရှိနေမှာပါနော်♡

100% Natural Herbal Shampoo ဖြစ်တာကြောင့် ဖြောင့်၊ ကောက်၊ ဆေးဆိုးတာတွေ လုပ်ထားတဲ့ ဆံကေသာပိုင်ရှင်လေးတွေလည်း အသုံးပြုလို့ ရပါတယ်နော်♡

နွေကံ့ကော်လေးကို အသုံးပြုဖူးတဲ့ ပျိုပျိုမေတို့ဆီက ရင်တွင်းစကားသံလေးတွေလည်း အမြဲ စောင့်မျှော်နေပါတယ်ရှင်♡

08/07/2022

ဘာလိုလိုနဲ့ မိုးတွေ သည်းသည်းမည်းမည်း ရွာတဲ့ မိုးရာသီတောင် ရောက်ခဲ့ပြီပဲ..

နွေရာသီတုန်းက မီးကမလာ၊ ပန်ကာကမရ၊ ပူအိုက်လွန်းလို့ အိမ်ရှေ့ မန်းကျည်းပင်အောက်မှာ ကွပ်ပျစ်နဲ့ ထွက်ထိုင်နေခဲ့ရတာတွေက အခုတော့ ပုံပြင်လိုပါပဲဗျာ

အခုတော့ နေ့စဥ်ရက်ဆက် မိုးလေးအေးအေးနဲ့ ကွေးလို့ ကောင်းနေတာပေါ့... ဒါပေမယ့်လည်းဗျာ အပြင်ထွက်တိုင်း ထီးမဖြစ်မနေ သယ်သွားရတာကတော့ အဆင်မပြေဘူးဗျ

ထီး မေ့ခဲ့လို့ မိုးရွာပြီဟေ့ဆိုရင် ဘယ်လိုမိုးဖွဲလေးပဲ ဖြစ်ပါစေ လူကို ရွဲစိုကုန်တာပဲဗျို့...

ထီး ဆိုလို့ ကျွန်တော့် သက်လျာလေးက ထီးဆောင်ဖို့ကို အင်မတန် ပျင်းတဲ့ ကောင်မလေး.. သူ့ကို ရုံးသွားရုံးပြန် ကျွန်တော်က ထီးတလက်နဲ့ လိုက် စောင့်ကြိုပေးကာမှ တော်ကာကျတာ...

မနေ့ကလည်းဗျာ.. ကျွန်တော် မသိတုန်း သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တာ.. ထီးမယူသွားတော့ဗျာ.. မိုးမိပြီး ပြန်ရောက်လာတယ်...

ဆံကေသာကို လှလှလေး ပြင်ဆင်ထားတတ်တဲ့ သူမက မိုးမိလို့ သူ့ဆံပင်တွေ ပျက်ဆီးကုန်တိုင်းမှာ တော်တော်လေး စိတ်ထိခိုက်တတ်သူလေးပေါ့

အရင်ကတော့ မိုးမိပြီး ဆံကေသာတွေ ကြမ်းတမ်းသွားတိုင်းမှာ ကျွန်တော့်ဆီ ဝမ်းနည်းပြီး ပြောပြလေ့ ရှိတာနဲ့ နွေကံ့ကော် သဘာဝ တရော်ကင်ပွန်း ခေါင်းလျှော်ရည်လေး လက်ဆောင်ပေးထားလိုက်တာ

အခုတော့ သူမက နွေကံ့ကော်နဲ့ ခေါင်းလျှော်ရတာ သဘောကျပါတယ်ဆိုပြီး မိုးရွာတိုင်း မိုးရေချိုးနေလေရဲ့...

ညိုကီတို့လည်း ကိုယ့်ကောင်မလေးမှာ ဆံကေသာ ပြဿနာရှိရင် နွေကံ့ကော် ခေါင်းလျှော်ရည်ကို လက်ဆောင်ပေးဖို့ အကြံပေးချင်တယ်ဗျို့..

နွေကံ့ကော်က ကြာရှည်ခံဆေးဝါး၊ Chemicalတွေ မပါဘဲ တရော်ကင်ပွန်းကို ဆေးဖက်ဝင် သဘာဝ သစ်ဥသစ်ဖုတွေနဲ့ ဖော်စပ်ထားတာမို့ ဘေးထွက်ဆိုးကျိုး မရှိဘဲ ဆံကေသာမရွေး အသုံးပြုလို့ ရတယ်..

ဆံသားကို နက်မှောင်သန်စွမ်းစေပြီး ဦးရည်ပြားကို အေးစေတယ် ဦးရည်ပြား ယားယံတာ၊ ဆံပင်ကျွတ်တာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးတယ်

ဒါ့အပြင် မြန်မာပြည်မှာ ထုတ်လုပ်တဲ့ အဆင့်မြင့် မြန့်မာ့ရိုးရာ ထုတ်ကုန် တစ်ခုလည်း ဖြစ်သေးတယ်

ကျွန်တော်တို့ အိမ်မှာတော့ တအိမ်သားလုံးက နွေကံ့ကော်ပဲဗျို့...

28/05/2022

ဒီအချက်အလက်တွေနဲ့ ပြည့်စုံတဲ့ သဘာဝ Hair Care Shampoo လေးကို ရှာဖွေနေတယ်ဆိုရင် နွေကံ့ကော် လေး ရှိတယ်နော် ပျိုမေတို့ရေ...

တရော်ကင်ပွန်းကို အခြေခံထုတ်လုပ်ထားပြီး ဆံကေသာကို ထိခိုက်စေတဲ့ ဓါတုဆေးဝါး မပါဝင်တာမို့ ယုံကြည်စိတ်ချလိုက်ပါနော်

နွေကံ့ကော်လေးကို မှာယူချင်ရင် Chatboxကို ကြွလှမ်းခဲ့ပါရှင်

Want your business to be the top-listed Beauty Salon in Monywa?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Jaw Ki Street
Monywa