BLACK LION People Defence Force

BLACK LION People Defence Force

Share

တော်လှန်ရေးအင်အားစု
Monywa အထူးကွန်မန်ဒို ပျောက်ကျားတပ်ဖွဲ့.....

15/12/2024

"ကျည်အကူ ဇီဝိတအလှူ"

ကျွန်တော်တို့ ရဲ့Black lion Force မှာ
လိုအပ်ချက် နှစ်ခုရှိနေပါတယ်.........

🟥ဆက်တိုက်ဖို့နဲ့ ကြံ့ကြံ့ခံ တော်လှန်နေဖို့ပါ။
တိုက်ပွဲတွေနဲ့အတူ ဒဏ်ရာတွေလည်း ရလာကြတာနှင့်အမျှ
မသေသင့်တဲ့ အသက်တွေကို ကယ်ဖို့အတွက် ဆေးဝါးတွေ လိုအပ်နေပါတယ်။ ကြယ်တွေ ထပ်ပြီး မကြွေဖို့က လိုအပ်တဲ့ ဆေးဝါးတွေရမှသာ ဆက်လက်ရှင်သန်နိုင်ကြမှာပါ။

🟥ဆက်တိုက်ဖို့အတွက်က ရှေ့တန်းအသုံးစရိတ်ပါ။
အဓိကကတော့ ကျ ည်ပေါ့ဗျာ။ ဟိုဘက်က ကျ ည်တွေကို ရေလိုသုံးနေကြချိန် ကိုယ်တွေမှာက သက်စောင့်ကျ ည်တောင် မထားနိုင်တဲ့ အခြေအနေမျိုးဖြစ်နေလို့ မရပါဘူးဗျာ။
ဒီလိုအခြေအနေမျိုးတွေက ဖောက်ထွက်ဖို့ ပြည်သူတစ်ဦးချင်းစီရဲ့ "အား" ကို လိုအပ်နေပါတယ်ဗျ။

🟥ငွေ ကူနိုင်ရင် ကူပါ
ငွေမကူနိုင်ရင် RCS ကူပါ
အကောင့်လုံခြုံရေးကြောင့် RCS မကူနိုင်ရင်
ကူနိုင်သူကို သတင်းစကား မျှဝေခြင်းဖြင့် ကူပါ။

ခက်ခဲလာကြတဲ့ ကျွန်တော်တို့ရဲ့ ပြည်သူတွေကို စာနာသောအားဖြင့် မေတ္တာ‌လက်ဆောင် ပစ္စည်းလေးတွေလည်း မဲဖောက်ပေးဖို့ စီစဉ်ထားပါတယ်ဗျာ✨

ဒါလေးတွေကတော့ .........
🍁ပထမဆု - ချည် One-set
🍁ဒုတိယဆု- မမ (မြသန်းတင့်)
🌻တတိယဆု - handmade နေကြာပန်းအိုး
🍁စတုတ္ထဆု- တောသားကြီး ( အကြည်တော်)
(မှတ်ချက် : အကြည်တော်သည် တောသားမဟုတ်ပါ)
🌻နှစ်သိမ့်ဆု - handmade နေကြာပန်းတစ်ပွင့်

✅မဲအရေအတွက်- 200
📌မဲတစ်စောင်တန်ဖိုး
3000ကျပ်သာ‼️

📌မဲရောင်းချမည့်ကာလ
(15.12.2024 to 31.1.25)

သော်ကေသွားမှ R.I.Pပြောတဲ့သူတွေဖြစ်မဲ့အစား
3000ကျပ်တန်မဲဝယ်ပြီး ကိုယ်နိုင်သလောက်ကူတဲ့ သူပဲ
ဖြစ်လိုက်စမ်းပါဗျို့‼️
Cbမှာ စောင့်နေပါပြီနော်။

15/10/2024

The Heart of Chindwin project က ဒီနေ့ နောက်ဆုံးရက်ဖြစ်တဲ့အတွက် လာကူချင်တယ် ဆိုရင် ကူညီလို့ ရပါတယ် ခင်ဗျ

Photos from BLACK LION People Defence Force's post 07/10/2024

အားလူံးကို အကူအညီလေး တောင်းစရာရှိလို့ပါ ခင်ဗျာ ကျနော်က Black Lion People defense force Monywa က ရဲဘော် အက်ဆစ်ပါခင်ဗျာ
ဒီရက်ပိုင်း တယ်လီဂရမ်မှာ ကျနော်တို့ တပ်ဖွဲ့နာမည်သူံးပြီး အုပ်စုဖွဲ့ လိမ်စားမှုတွေ ဖြစ်ပေါ်နေပါတယ် ဒီအတွက်ကြောင့် မိဘ ပြည်သူများအနေနဲ့ သေချာစစ်ဆေးပေးကြပါခင်ဗျာ



ဒီအကောင့်တွေဟာ လူလိမ်တွေ လက်ရှိသုံးနေတဲ့ တယ်လီဂရမ် အကောင့်တွေဖြစ်ပါတယ် ခင်ဗျာ ထို့အတွက်ကြောင့် အဲ့ဒီ တယ်လီဂရမ်အကောင့်တွေကနေ ဆက်သွယ်လာခဲ့ရင် လူလိမ်ဆိုတာ သတိရပေးကြပါ ကျနော်တို့တပ်ဖွဲ့မှာ ဗိုလ်သူရိန် ဆိုတာလဲ မရှိပါဖူးခင်ဗျာ ကျေးဇူးပြုပြီး သေချာစီစဉ်ပြီးမှ လှူဒါန်းပေးကြဖို့ရာ မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ ဒီဂုဏ်ပြုမှတ်တမ်းလွှာကလဲ ကျနော်တို့ တပ်က ထုတ်ပေးတဲ့ ဂုဏ်ပြုမှတ်တမ်းလုံးဝမဟုတ်ပါဖူးခင်ဗျာ
ဒီလူကလဲ ကျနော်တို့ တပ်ဖွဲ့ကရဲဘော်လုံးဝ မဟုတ်ပါခင်ဗျာ

Photos from BLACK LION People Defence Force's post 04/10/2024

ဒါက ကျနော်တို့ တပ်ဖွဲ့က ထုတ်ပေးတဲ့ ဂုဏ်ပြုမှတ်တမ်းလုံးဝ မဟုတ်ပါဖူးခင်ဗျ
Black Lion People defense force Monywa က ပါဆိုပြီး အလှူလာခံတာမျိုးရှိရင် သေချာစီစဉ်ပေးကြပါ ခင်ဗျာ
အဲ့ တယ်လီဂရမ် အကောင့်က လူလိမ်အကောင့်ပါဗျ

26/08/2024

အခုအချိန်အညာဒေသမှာ စစ်ရေးမြှင့်တင် တိုက်ပွဲဖော်ဆောင်မှူတွေ များလာတာ နဲ့ အမျှ လက်နက်ခဲယမ်းလိုအပ်ချက်အများအပြားရှိလာတဲ့အတွက်
ကျနော်တို့ Black Lion People defense force Monywa အနေနဲ့ MA2အမျိူးအစား စက်ကလေးဝယ်ယူရန်
The Heart of Chindwin အမည်နဲ့project. တခု ပြုလုပ်လိုက်ရပါတယ်
သေနတ်ဝယ်ယူဖို့ လိုအပ်နေတဲ့ငွေကြေးပမာဏာကတော့ သိန်း၃၀၀ဖြစ်ပါတယ် သိန်း၃၀၀ဆိုတဲ့ ပမာဏဟာ ငွေကြေးပမာဏ အနည်းငယ်များပြားတယ် ဆိုပေမယ့် လက်နက်ခဲယမ်း လုံလုံလောက်လောက်ရှိမှသာ စစ်ခွေးတွေကို တိုက်ထုတ်ရာမှာ အဆင်ပြေမှာ ဖြစ်တဲ့အတွက်
ပြည်တွင်းပြည်ပ အလှူရှင်များ အနေနဲ့ လာရောက်ကူညီပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ
wave pay. k pay. NUG pay .Thai Bank တို့နဲ့ ပါဝင်ကူညီအားဖြည့်နိုင်ပါတယ် ခင်ဗျ
သတ်မှတ်ကာလ က တစ်လ ဖြစ်တဲ့အတွက်
တစ်လ အတွင်းမှာ စက်သေနတ် တလက်ဝယ်ယူနိုင်ဖို့ ပြည်တွင်းပြည်ပမှာ နေထိုင်ကြတဲ့ တော်လှန်ပြည်သူများအနေနဲ့ ကူညီပေးကြပါအုံးခင်ဗျာ။

#လာပါငါတို့အတူတူရုန်းကြမယ်
heart of Chindwin
# MA2 project
#သိန်း၃၀၀

11/07/2024

ကျနော်တို့ တပ်ဖွဲ့ အခြေစိုက်ရာ ဒေသမှာ
ရေကြီးရေလျံ မှူတွေ ဖြစ်နေတဲ့အတွက် ကုန်းမြင့်တဲ့နေရာကို ပြည်သူလူထုနဲ့အတူ ရေဘေးရှောင်နေရပါတယ် ခင်ဗျ
ခရီးသွားလာမှူ ခက်ခဲသလို
ရေကောင်းရေသန့်မရရှိတာ
နေရာထိုင်ခင်းအခက်အခဲ စားနပ်ရိက္ခာ အခက်အခဲတွေ ရှိနေတဲ့အတွက် အဆင်ပြေတဲ့ လူတွေအနေနဲ့ ကူညီပေးကြစေလိုပါတယ်ဗျ

ရေသန့် တကဒ် 4500ကျပ်
ဆန်တအိတ် 110000ကျပ်
မားမား ခေါက်ဆွဲခြောက် တဖာ 20000ကျပ်
ဆီ5ပိဿာ တပုံးကို 60000ကျပ် ရှိနေတဲ့အတွက်
အဆင်ပြေတဲ့ လူတွေ အနေနဲ့ ကူညီပေးကြပါလို့ မေတ္တာ ရပ်ခံလိုပါတယ်ဗျ

14/02/2024

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တိုက်ခိုက်လိုသော မည်သူမဆို ကျွန်ုပ်တို့နှင့် လာရောက်ပူးပေါင်းနိုင်ပါသည် ခင်ဗျာ

05/01/2024

ကျနော်တို့ Black Lion People defense force အနေနဲ့ နှုတ်ခမ်းနီ (ကျည်) များ အကြွေးနဲ့ ဝယ်ယူထားရတဲ့ အတွက် ငွေကြေးလိုအပ်ချက်များ ရှိနေပါတယ် ခင်ဗျာ။
ပွဲတွေ များများ ကနိုင်ဖိူ့အတွက် အဓီက လိုအပ်နေတာက လက်နက်ခဲယမ်းဖြစ်နေတဲ့အတွက်
ကူညီပေးကြပါလို့ မေတ္တာ ရပ်ခံ အပ်ပါတယ် ခင်ဗျာ။
ကျနော်တို့က ရှေ့ကနေ အသက်တွေ ဘဝ တွေရင်းပြီး တိုက်ခိုက်ပါ့မယ် မိဘ ပြည်သူများ အနေနဲ့က နောက်ကနေ ကူညီပံ့ပိုးပေးကြပါလိူ့ အထူးပင် မေတ္တာ ရပ်ခံအပ်ပါတယ်ဗျ။ နိုင်ငံခြားရောက် ပြည်သူများအနေနဲ့လဲ ပါဝင် အားဖြည့်ပေးကြပါအုံး ခင်ဗျာ ။
5.56 ကျည် တစ်တောင့် ၁၀၀၀၀ကျပ်
၇.၆၂ ကျည် တစ်တောင့် ၁၄၀၀၀ကျပ် ဈေးပေါက်နေတဲ့အတွက်
၅၀၀ ၁၀၀၀ကျပ်က စပြီး ပါဝင်ကူ‌ညီပေးကြဖို့ အထူးပင် မေတ္တာ ရပ်ခံအပ်ပါတယ်ဗျ။

#အရေးတော်ပုံ အောင်ရမည်
#လာပါ ငါတို့အတူ ရုန်းကြမယ်။

19/12/2023

ဆောင်းဝင်လာပြီ ဖြစ်ပါသဖြင့်
ရဲဘော်များအတွက် အနွေးထည်များ စောင်များ လိုအပ်နေပါသဖြင့် လှူဒါန်းပေးကြပါအူံးခင်ဗျာ
page massenger ကို ဆက်သွယ် လှူဒါန်းနိုင်ပါသည် ခင်ဗျာ
NUG pay Wave pay K pay တို့ဖြင့် ပါဝင်ကူညီလို့ ရပါတယ်ဗျ

Want your business to be the top-listed Beauty Salon in Monywa?
Click here to claim your Sponsored Listing.

Category

Website

Address


မုံရွာ
Monywa