Dr. Phyo Thu
How R U?
03/08/2024
အရက်ဘယ်လိုဖြတ်မလဲ?
ပင်ပန်းလို့ အညောင်းပြေအညာပြေသောက်တာ၊ ထမင်းစားကောင်းအောင် သောက်တာ၊ စကားပြောကောင်းအောင် သောက်တာ၊ပျော်ချင်လို့ သောက်တာ၊ ဝမ်းနည်းလို့ သောက်တာ၊ အသည်းကွဲလို့ သောက်တာ၊ စိတ်ညစ်လို့ သောက်တာ စတဲ့အကြောင်းပြချက်မျိုးစုံနဲ့ အရက်ကို အစလုပ်ပြီး သောက်သုံးလေ့ရှိတတ်ကြပါတယ်။ တချို့ကျတော့ သူငယ်ချင်းတွေက အဆွယ်ကောင်းလို့ အစလုပ် သောက်မိတာလည်းရှိပါတယ်။
ဒီလိုအစလုပ်သောက်မိရာကနေ အရက်စွဲပြီး အရက်ကျေးကျွန်ဖြစ်သွားတာမျိုးတွေ အများကြီးရှိပါတယ်။အရက်စွဲပြီး အရက်ကျေးကျွန်ဖြစ်တဲ့အခါမှာကျ မသောက်ရရင်မနေနိုင်တာတွေ၊ နဂို နှစ်ပက်၊သုံးပက်လောက်သောက်ရာကနေ တဖြည်းဖြည်းနဲ့များလာတာတွေ၊အရင်က ညနေစောင်း ညပိုင်းတွေသောက်ရာကနေ မနက်အိပ်ရာထအချိန် အလုပ်လုပ်ချိန်မှာပါသောက်လာတာတွေ၊မသောက်ရတဲ့အခါ လက်တွေတုန်တာ၊လေတွေအန်တာတွေ စတဲ့ လက္ခဏာတွေဖြစ်လာပါတယ်။
ဒါ့ပြင် အသည်းရောင်တာ၊ အသည်းကြီးတာ၊ ရေဖျဉ်းစွဲတာ၊ အသည်းကင်ဆာဖြစ်တာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ဖောက်ပြန်တာ စတဲ့နောက်ဆက်တွဲကျန်းမာရေးပြသာနာတွေလည်းခံစားရနိုင်ပါတယ်။ ဒါကြောင့် မိမိဟာအရက်သောက်တတ်ပြီး အထက်မှာပြောထားတဲ့ အရက်စွဲတဲ့လက္ခဏာတွေရှိလာပြီဆိုရင် အချိန်မနှောင်းခင် စောစီးစွာအရက်ဖြတ်သင့်ပါတယ်။ အရက်ဖြတ်တဲ့အခါ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့မဟုတ်ရင် ဆေးရုံတက်ပြီး ဖြတ်တာက အကောင်းဆုံးနည်းလမ်းပါ။
တချို့တွေကကျ ငါ့စိတ်ငါနိုင်တာပဲဆိုပြီး ဘယ်မှာမှမပြ၊ ဘာဆေးကုသမှုမှမခံယူဘဲ တုံးတိကြီးဖြတ်တာမျိုးရှိပါတယ်။ အဲဒီလိုမျိုးက အန္တရာယ်အရမ်းများပါတယ်။ဦးနှောက်ကိုသွားထိခိုက်နိုင်ပါတယ်။အရက်ကိုရုတ်တရက်ဖြတ်လိုက်တဲ့အခါမှာ အိပ်မပျော်တာ၊စားမဝင်တာ၊ပျို့တာ၊အန်တာတွေ၊ကြောက်လန့်တာ၊တက်တာတွေဖြစ်ပါတယ်။တက်တာက အရက်ဖြတ်တဲ့သူတွေမှာလည်းဖြစ်တတ်သလို အရက်သောက်တာ သက်တမ်းအရမ်းကြာတဲ့သူတွေမှာလည်းဖြစ်နိုင်ပါတယ်။သောက်နေကျအရက်ကလည်းမသောက်ရတဲ့အပြင် အိပ်လည်းမအိပ်၊စားလည်းမစားတော့ ဖြစ်တတ်ပါတယ်။
အရက်ကို ရုတ်တရက်ကြီးဖြတ်တဲ့သူအများစုက အရက်ဖြတ်ပြီး သုံးလေးရက်အတွင်းမှာပဲ အရက်ကြောင်ကြောင်သွားတတ်ကြပါတယ်။အရက်ကြောင်ကြောင်တယ်ဆိုတာက အသိစိတ်တွေလွတ်သွားပြီး တောင်ပြေးမြောက်ပြေး ပြေးတာ၊တကယ်မဟုတ်ဘဲ ကိုယ်ပေါ်ကိုအကောင်တွေတက်လာနေတယ်ဆိုပြီးလျှောက်အော်တာ၊မျက်နှာသစ်တယ်ဆိုပြီး သဲတွေနဲ့မျက်နှာပွတ်တာ စတာမျိုးတွေခံစားရတာမျိုးပါ။
အရပ်အခေါ်ကတော့အရက်ငန်းဖမ်းတယ်လို့ခေါ်ပါတယ်။ ဒီလိုအရက်ငန်းဖမ်းတဲ့သူတွေက သူတို့ကိုယ် သူတို့ဖြစ်ဖြစ်၊ သူတစ်ပါးကိုပဲဖြစ်ဖြစ် အန္တရာယ်ပေးနိုင်ပါတယ်။အရက်ငန်းဖမ်းတဲ့သူတွေရဲ့အသိအာရုံထဲမှာ မရှိတာတွေမြင်တာ၊ကြားတာတွေ ဖြစ်တာကြောင့် တခြားလူကို အသားလွတ် တစ်ခုခုနဲ့လိုက်ထုတာ၊ ဓားနဲ့လိုက်ခုတ်တာတွေလည်းရှိပါတယ်။ ဒါ့ပြင် အဲဒီလိုမရှိတာတွေ မြင်တာကြားတာတွေကိုမခံစားနိုင်လို့ သူတို့ကိုယ်သူတို့သတ်သေတာမျိုးလည်းရှိပါတယ်။ဒီလိုအရက်ကြောင်(အရက်ငန်းဖမ်း)တာက နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ထိပြီး လုံးဝအသိစိတ်ပျောက်သွားတာ၊မှတ်ဉာဏ်တွေလုံးဝပျောက်ပြီး အတိတ်မေ့သလိုဖြစ်တာ၊သူငယ်ပြန်သလိုဖြစ်တာတွေဖြစ်နိုင်ပါတယ်။
ဒါတွေကြောင့်မို့ ဖြစ်နိုင်ရင် အိမ်မှာအရက်ကို တုံးတိဖြတ်တာမျိုးမလုပ်စေချင်ပါဘူး။ဆေးရုံတက်ဖြတ်ဖို့အဆင်မပြေသေးရင် လျှော့သောက်တာမျိုးပဲလုပ်ပါ။ဆေးရုံမှာကျ အရက်ဖြတ်တဲ့အခါဖြစ်လာနိုင်တဲ့ပြသာနာတွေ တအားမဆိုးအောင်အတွက် သောက်ဆေးတွေ၊ထိုးဆေးတွေနဲ့ လိုအပ်သလို ထိန်းထားပေးနိုင်ပါတယ်။ ဒီတော့ အရက်ဖြတ်တဲ့သူအနေနဲ့ခံစားရတာလည်းသက်သာပါတယ်။ခုနောက်ပိုင်းမှာဆိုရင် ဆေးရုံတွေအနေနဲ့ အရက်ဖြတ်ပေးရုံသာမက အရက်ကိုဘာကြောင့်စွဲလဲဆိုတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေပေါ်မူတည်ပြီးကုသပေးတာတွေပါရှိလာပါပြီ။
ဆေးရုံတက်အရက်ဖြတ်ရင် အကြမ်းအားဖြင့် ၁၀ရက်လောက်တော့ ဆေးရုံမှာနေဖို့လိုပါတယ်။လူနာစောင့်၁ယောက်လည်းထည့်ပေးဖို့လိုပါတယ်။
03/08/2024
အရက်သေစာရှောင်ရှားခြင်းအကျိုး ၆ မျိုး
နှစ်စဉ် သန္နိဋ္ဌာန်ချထားသည့်အတိုင်း လိုက်နာခြင်းသည် နှစ်သစ်ကို ပျော်ရွှင်စွာဖြင့် စတင်ခြင်းဖြစ်သည်။ သန္နိဋ္ဌာန်များထဲမှ ရေပန်းအစားဆုံးမှာ ကျန်းမာအောင် နေထိုင်စားသောက်မည်ဆိုခြင်းပင် ဖြစ်သည်။ ဤရည်မှန်းချက်ကိုရဖို့ လူတွေဟာ လေ့ကျင့်ခန်းတွေစလုပ်ကျမည်၊ အစားအစာချင့်ချိန်စားသုံးမည်၊ ဆေးလိပ်၊ အရက်ဖြတ်ကြမည်။ အရက် ၁ လလောက်ဖြတ်မည်ဆိုလျှင်ပင် အံမခန်းအကျိုးကျေးဇူးများရှိပါမည်။ အောက်ပါတို့သည် အရက်မသောက်သည့်လအတွက် အကျိုး ၆ မျိုးဖြစ်ပါသည်။
အိပ်လို့ပိုပျော်မည်
ပထမစစခြင်း ညများတွင်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ခက်ခဲနိုင်မည်။ အများသိထားသည်မှာ အရက်ကြောင့် ပိုမိုအိပ်ပျော်စေသည်ဟုဖြစ်သည်။ အမှန်မှာ အရက်က အိပ်စက်ခြင်းစက်ဝန်းကို နှောင့်ယှက်သည်။ အရက်သည် (REM) ဟုခေါ်သော နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သည့်အချိန်ကိုပိုကြာစေပြီး မည်မျှကြာကြာ အိပ်စေကာမူ မနက်ခင်းတွင် နွမ်းလျနေတတ်သည်။ အရက်မသောက်ပါက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည့်အချိန်ကို ပိုကြာစေပြီး နိုးလာသည့်အခါ အားအင်ပြည့်ဝကာ နေ့သစ်အတွက် အဆင်သင့်ဖြစ်နေမည်။
အသားအရေ ကောင်းလာမည်
အသားအရေ ကျန်းမာပြီး ဝင်းပလာမည်။ အရက်ကြောင့် အရေပြား၏ ဓါတ်တိုးဆန့်ကျင် ခုခံအားကိုနည်းစေပြီး အရေပြားကိုဆိုးကျိုးပေးမည့် နေလောင်ခြင်း၊ ဘေးထွက်ဓါတုပစ္စည်းများ၊ လေထုညစ်ညမ်းမှုနှင့် ဆေးလိပ်မီးခိုးများ၏ဒဏ်ကို ပိုခံရစေသည်။ အရက်သည် ဆီးကိုများများသွားစေသည်။ ထို့ကြောင့် ခန္ဓာကိုယ်တွင်း ရေဓါတ်စုပ်ယူမှုနည်းစေပြီး ရေခန်းခြောက်ခြင်းဖြစ်မည်။ အရက်ဖြတ်လိုက်ပါက ခန္ဓာကိုယ်ရေဓါတ် ပုံမှန်ပြန်ဖြစ်ပြီး ဘောက်ထခြင်းနှင့် အရေပြားရောဂါများ ကောင်းမွန်လာမည်။
ခန္ဓာကိုယ်ရနံ့ကောင်းမည်
အရက်သည်အဆိပ်ဖြစ်သောကြောင့် ခန္ဓာကိုယ်မှ ချက်ခြင်းခြေဖျက်ပြီး စွန့်ထုတ်သည်။ အလွန်အကျွံသောက်ပါက အသည်းမှလိုက်မလုပ်နိုင်တော့ပဲ ရှုထုတ်သောလေ၊ ခန္ဓာကိုယ်ချွေးပေါက်များမှတဆင့် စွန့်ထုတ်သဖြင့် ကိုယ်နံ့နံတတ်သည်။ အနံမှာ နှစ်မြို့ဖွယ်မကောင်းပေ။ သတင်းကောင်းကတော့ အရက်ဖြတ်ပါက ခန္ဓာကိုယ်လုပ်ဆောင်ချက်များ ပုံမှန်ပြန်ဖြစ်မည်။ အရက်နံ့၊ ချွေးနံ့လည်းထွက်မနေတော့ပဲ ကိုယ်သင်းရနံ့ကောင်းလာမည်။ သင့်မိတ်ဆွေများနှင့် ချစ်ခင်ကြင်နာရသူများက ကြိတ်ပြီးကျေးဇူးတင်လိမ့်မည်။
ပို၍လုပ်ရည်ကိုင်ရည်ရှိလာမည်
အရက်နာမကျပါက ပိုမိုထက်မြက် လုပ်ရည်ကိုင်ရည်ရှိလာမည်။ သင်သည် ပိတ်ရက်သောက်တတ်သူဖြစ်ပါက ဥပမာ သောကြာ၊ စနေတို့တွင် သောက်တတ်ပါက အရက်ရှိန်ပြေသွားသည့် စနေနှင့်တနင်္ဂနွေနေ့များတွင် ပိုမိုသွက်လက်နေမည်။ အလွန်အကျွံသောက်မိပါက နောက်ရက်တွင် အရှိန်ပြေအောင်စောင့်ရင်း သင့်အားလပ်ရက်မှာ အကျိုးမဲ့ကုန်ဆုံးသွားပါမည်။ မသောက်ထားပါက သေမင်းတံခါးဝတွင် နိုးထမည့်အစား တက်ကြွရွှင်လန်းစွာ နိုးကြားလာပြီး နေ့သစ်အတွက်အဆင်သင့် ဖြစ်နေမည်။ သင်ရှည်ကြာစွာ မလုပ်ခဲ့ရသည့်အရာများကို ပြုလုပ်နိုင်မည့် အင်အားပြည့်ဝသော အားလပ်ရက် ၁ ရက်၊ ၂ ရက်လေးကို မြင်ယောင်ကြည့်ပါ။
သင့်အသည်းက သင့်ကိုကျေးဇူးတင်မည်
အရက်ကင်းခြင်း၏ အကြီးမားဆုံး အကျိုးကျေးဇူးမှာ အသည်းအတွက်ပင်ဖြစ်သည်။ အသည်းသည် ခန္ဓာကိုယ်တွင် စွမ်းအင်သိုလှောင်အိမ်သဖွယ်ဖြစ်သည်။ အသည်းသည် ကျန်းမာရေးအတွက် အရေးပါပြီး အရက်ကိုခြေဖျက်ခြင်း၊ အဆိပ်အတောက်များ စစ်ထုတ်ခြင်းစသည်တို့အပါအဝင် လုပ်ဆောင်ချက်များစွာအတွက် တာဝန်ယူရသည်။ အရက်ကြောင့် ဤလုပ်ဆောင်ချက်များကို ထိခိုက်ပါက အဆီဓါတ်များစုပုံကာ အသည်းရောဂါတစ်ခုဖြစ်လာမည့် အသည်းအဆီဖုံးခြင်းဖြစ်မည်။ အသည်းရောင်ခြင်း၊ မာခြင်းနှင့် ခြောက်ခြင်းတို့သည် အဆီဖုံးခြင်းမှစတင်သည်။ ကံကောင်းသည်မှာ အသည်းသည် ပြန်ကောင်းတတ်သောအင်္ဂါဖြစ်သဖြင့် အချိန်ပေးပါက သူ့အလိုလို ပြန်ကောင်းသည်။ အရက်ကို ရက် ၃၀ မျှပင်ရှောင်ခြင်းက အသည်းအဆီ ၁၅% ကိုလျော့ကျစေသည်။
ငွေကုန်သက်သာမည်
အရက်သောက်ခြင်းသည် ကုန်ကျစရိတ်များသော အလေ့အကျင့်တစ်ခုဖြစ်ပြီး သောက်သည့်အရက် အမျိုးအစားပေါ်မူတည်ပြီး ကုန်ကျစရိတ်တက်မည်။ စရိတ်နည်းနည်းသာသုံးပြီး တစ်ပတ်တစ်ခါလောက်သာ သောက်သည်ပင်လျှင် တစ်လမသောက်ဘူးဆိုပါက ဘတ် ၄၀ဝ၀ လောက်စုမိမည်။ ၁ နှစ်ဆိုလျှင် အရက်မသောက်ခြင်းကြောင့် ဘတ် ၄၀ဝ၀ဝ မက စုမိမည်ဖြစ်သည်။ ထိုပိုက်ဆံဖြင့် အပန်းဖြေခရီးထွက်လိုက်ခြင်းက ပိုကောင်းသည်။
ရက် ၃၀ လောက် အရက်ရှောင်ခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာပေးရုံသာမက ထွက်ငွေလည်း နည်းစေသည်။ သင့်အသည်းကျန်းမာရေးကောင်းမည် ။
03/08/2024
RheumatoidArthritis(လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း)ကဘာလဲ။
လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းမှာနာတာရှည်ရောင်ရမ်းနာတစ်ခုဖြစ်ပြီးအဆစ်များသာမကတခြားအရာများကိုပါထိခိုက်နိုင်ပါသည်။လူတစ်ချိှု၌ခန္ဓါကိုယ်၏စနစ်တော်တော်များများကိုပျက်စီးစေပါသည်။အရေပြား၊မျက်လုံး၊အဆုတ်၊နှလုံးနှင့်သွေးကြောစသည်များ။
ကိုယ်ခံအားမှပြန်တိုက်သောရောဂါဖြစ်သည့်လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းမှာသင်၏ကိုယ်ခံအားမှသင့်ခန္ဓါကိုယ်အားမှားယွင်းစွာဖြင့်ပြန်တိုက်သည့်အခါတွင်ဖြစ်ပေါ်လာပါသည်။
သာမာန်အရိုးအဆစ်ရောင်ရောဂါနှင့်မတူသည်မှာလေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းသည်အဆစ်များမှအမြှေးပါးအဖုံးတွင်ဖြစ်ပေါ်ပြီးဖောင်းကြွလာစေ၏။ထိုမှအရိုးကိုလှိုက်စားသွားပြီးပုံပန်းပျက်ခြင်းဖြစ်လာနိုင်ပါသည်။
လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းနှင့်ဆက်စပ်သောရောင်းရမ်းခြင်းမှာခန္ဓါကိုယ်၏တခြားအစိတ်အပိုင်းများကိုပါထိခိုက်စေပါသည်။ဆေးဝါးအမျိုးအစားသစ်များမှာရောဂါကိုအံ့သြစရာကောင်းအောင်သက်သာစေသော်လည်းပြင်းထန်သောလေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းမှာရုပ်ပိုင်းဆိုင်ရာမသန်စွမ်းမှုကိုဖြစ်စေနိုင်ပါသည်။
RheumatoidArthritis(လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း)
အရိုးအဆစ်နဲ့ကြွက်သားများရောင်ခြင်း
အဓိပ္ပါယ်ဖွင့်ဆိုချက်လက္ခဏာများအကြောင်းရင်းများဖြစ်နိုင်ခြေများရောဂါအဖြေရှာခြင်းနှင့်ကုသမှု
အဓိပ္ပါယ်ဖွင့်ဆိုချက်
RheumatoidArthritis(လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း)ကဘာလဲ။
လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းမှာနာတာရှည်ရောင်ရမ်းနာတစ်ခုဖြစ်ပြီးအဆစ်များသာမကတခြားအရာများကိုပါထိခိုက်နိုင်ပါသည်။လူတစ်ချိှု၌ခန္ဓါကိုယ်၏စနစ်တော်တော်များများကိုပျက်စီးစေပါသည်။အရေပြား၊မျက်လုံး၊အဆုတ်၊နှလုံးနှင့်သွေးကြောစသည်များ။
ကိုယ်ခံအားမှပြန်တိုက်သောရောဂါဖြစ်သည့်လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းမှာသင်၏ကိုယ်ခံအားမှသင့်ခန္ဓါကိုယ်အားမှားယွင်းစွာဖြင့်ပြန်တိုက်သည့်အခါတွင်ဖြစ်ပေါ်လာပါသည်။
သာမာန်အရိုးအဆစ်ရောင်ရောဂါနှင့်မတူသည်မှာလေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းသည်အဆစ်များမှအမြှေးပါးအဖုံးတွင်ဖြစ်ပေါ်ပြီးဖောင်းကြွလာစေ၏။ထိုမှအရိုးကိုလှိုက်စားသွားပြီးပုံပန်းပျက်ခြင်းဖြစ်လာနိုင်ပါသည်။
လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းနှင့်ဆက်စပ်သောရောင်းရမ်းခြင်းမှာခန္ဓါကိုယ်၏တခြားအစိတ်အပိုင်းများကိုပါထိခိုက်စေပါသည်။ဆေးဝါးအမျိုးအစားသစ်များမှာရောဂါကိုအံ့သြစရာကောင်းအောင်သက်သာစေသော်လည်းပြင်းထန်သောလေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းမှာရုပ်ပိုင်းဆိုင်ရာမသန်စွမ်းမှုကိုဖြစ်စေနိုင်ပါသည်။
RheumatoidArthritis(လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း)ကဘယ်လောက်အဖြစ်များသလဲ?
ဒီရောဂါသည်အလွန်အဖြစ်များ၏။အမျိုးသားများထက်အမျိုးသမီးများတွင်ပိုအဖြစ်များ၏။အသက်အရွယ်မရွေးဖြစ်နိုင်သည်။ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကိုလျှော့ချခြင်းအားဖြင့်စီမံနိုင်ပါသည်။အချက်အလက်များထပ်မံသိရှိဖို့အတွက်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါသည်။
RheumatoidArthritis(လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း)ရဲ့လက္ခဏာတွေကဘာတွေလဲ?
လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း၏အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ
* နာကျင်၊ရောင်ရမ်း၊ပူနွေးနေသောအဆစ်များမနက်ခင်ပိုင်းနှင့်လှုပ်ရှားမှုမရှိတိုင်းမာတောင့်နေသာအဆစ်များမောပန်းလွယ်ခြင်း၊
ဖျားခြင်းနှင့်ကိုယ်အလေးချိန်ကျခြင်း
အစောပိုင်းလေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းမှာသေးငယ်သောအဆစ်များအထူးသဖြင့်လက်ချောင်းမျာခြေချောင်းများတွင်အရင်ဖြစ်ပါသည်။
ရောဂါတိုးလာသည်နှင့်လက္ခဏာများမှာလက်ကောက်ဝတ်၊ဒူး၊ခြေကျင်းဝတ်၊တံတောင်ဆစ်၊တင်ပါးနှင့်ပုခုံးဆစ်များဆီမှပြလာမည်ဖြစ်သည်။ဖြစ်ရပ်အများစုတွင်ဘယ်ညာအဆစ်များတွင်တစ်ချိန်တည်းဖြစ်တတ်၏။
လေးဖက်နာကဲ့သို့အဆစ်ရောင်ရောဂါရှိသောလူနာ၄၀%တွင်အဆစ်များတွင်လက္ခဏာမပြတာမျိုးတွေ့ကြုံရနိုင်သည်။လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းသည်အဆစ်မဟုတ်သောအစိတ်ပိုင်းများကိုလည်းထိခိုက်နိုင်ပါသည်။
* အရေပြားမျက်လုံးအဆုတ်နှလုံးကျောက်ကပ်တံတွေးဂလင်းအာရုံကြောရိုးတွင်းချဉ်ဆီသွေးကြောများ
လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း၏လက္ခဏာများမှာပြင်းထန်မှုပုံစံအမျိုးမျိုးရှိနိုင်ပြီးပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်ပါသည်။ရောဂါအခြေအနေဆိုးလာသောအချိန်ပိုင်းကိုရောဂါထခြင်းဟုခေါ်ပြီးသက်သာလိုက်ဖြစ်လိုက်နှင့်တစ်လှည့်စီဖြစ်တတ်၏။အချိန်ကြာလာသည့်အခါလေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းသည်အဆစ်များကိုပုံပျက်သွားစေပြီးနေရာမှလွဲချော်သွားစေနိုင်ပါသည်။
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသောအခြားလက္ခဏာများလည်းရှိနိုင်ပါသေးသည်။အကယ်၍ကိုယ့်ဆီ၌ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမည်ဆိုပါကဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
ဘယ်အချိန်မှာဆရာဝန်နဲ့သွားရောက်တွေ့ဆုံသင့်သလဲ
သင့်၌အချိန်ကြာမြင့်စွာအဆစ်များမသက်မသာနှင့်ဖောင်းကြွနေပါကဆရာဝန်နှင့်ပြသပါ။
သင့်ဆီမှာအထက်ဖော်ပြပါရောဂါလက္ခဏာတွေထဲမှတစ်ခုခုများရှိနေမည်ဆိုလျှင်သို့မဟုတ်မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါကဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည်မတူညီနိုင်ပါ။သင့်အခြေအနေအတွက်ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နှင့်တိုင်ပင်ခြင်းကအကောင်းဆုံးပင်။
အကြောင်းရင်းများ
RheumatoidArthritis(လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း)ကိုဘာတွေကဖြစ်စေသလဲ
လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းသည်သင်၏ကိုယ်ခံအားမှဆိုင်နိုဗီရမ်–အဆစ်ဖုံးအမြှေးပါးကိုတိုက်ခိုက်သည့်အခါတွင်ဖြစ်လာပါသည်။
ရောင်ရမ်းမှုကြောင့်ဆိုင်နိုဗီရမ်ထူလာပြီးနောက်ဆုံးအရိုးနုကိုဖျက်စီးပစ်လိုက်ပြီးနောက်အဆစ်အတွင်းမှအရိုးပါပျက်စီးသွားမည်ဖြစ်သည်။
အဆစ်များကိုထိန်းပေးထားသည့်အရွတ်များတွယ်ဆက်တစ်ရှုးများမှာအားပျော့ပြီးဆန့်ထွက်လာနိုင်သည်။တဖြည်းဖြည်းနှင့်အဆစ်မှပုံစံပျောက်သွားပြီးအလိုင်မန်းမညီဖြစ်သွားပါလိမ့်မည်။
ဤရောဂါကိုဘယ်ကစဖြစ်မှန်းမသိရသေးပါ။မျိုးရိုးဗီဇလွှမ်းမိုးမှုတော့ရှိကြောင်းသိထား၏။မျိုးရိုးဗီဇများကဒီရောဂါကိုတန်းဖြစ်စေခြင်းမဟုတ်သော်လည်းပါတ်ဝန်းကျင်အခြေအနေများကြောင့်ဖြစ်နိုင်ချေကိုတိုးမြှင့်စေနိုင်ပါသည်။ဥပမာတစ်ချို့သောဗိုင်းရပ်စ်နှင့်ဘက်တီးရီးယားပိုးကူးစက်များမှာဒီရောဂါကိုဖြစ်လာစေနိုင်ပါသည်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာRheumatoidArthritis(လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း)ဖြစ်နိုင်ခြေကိုဘာ်တွေကမြင့်တက်စေသလဲ
လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်း၏ဖြစ်ပွားနိုင်ချေကိုမြင့်စေသောအကြောင်းရင်းများစွာရှိပါသည်။
ဥပမာအားဖြင့်
လိင်–အမျိုးသမီးများမှာအမျိုးသားများထက်ဖြစ်နိုင်ချေပိုများ၏။
အသက်–လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းမှာအသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။သို့သော်များသောအားဖြင့်အသက်၄၀နှင့်၆၀ကြားတွင်စတင်လေ့ရှိသည်။
မိသားစုမျိုးရိုး–သင့်မိသားစုတွင်း၌လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းဖြစ်ဖူးလျှင်သင့်၌လည်းဖြစ်နိုင်ချေပိုမြှင့်နေပါလိမ့်မည်။
ဆေးလိပ်သောက်ခြင်း–စီးကရက်သည်လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းဖြစ်နိုင်ချေကိုများစေပါသည်။အထူးသဖြင့်သင့်၌ရောဂါဖြစ်နိုင်သည့်မျိုးရိုးရှိနေလျှင်ပိုဆိုးပါမည်။ဆေးလိပ်မှာရောဂါပြင်းထန်မှုအမြင့်ဆုံးနှင့်ဆက်စပ်နေ၏။
ပတ်ဝန်းကျင်–သေသေချာချာမသိရသေးသော်လည်းAsbestosနှင့်Silicaတို့လိုပစ္စည်းများနှင့်ထိတွေ့ခြင်းကရောဂါဖြစ်နိုင်ချေကိုများစေ၏။ကမ္ဘာကုန်သွယ်ညီနောင်တိုက်ကြီးပြိုကျစဉ်ကလုပ်အားပေးခဲ့ကြသောအရေးပေါ်လုပ်သားများတွင်လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းတို့လိုကိုယ်ခံအားမှပြန်တိုက်သောရောဂါများဖြစ်နိုင်ချေပိုမြင့်နေကြောင်းတွေ့ရပါသည်။
အဝလွန်ခြင်း–အဝလွန်သူများတွင်တစ်နည်းနည်းနှင့်လေးဖက်နာကဲ့သို့အဆစ်ရောင်ခြင်းဖြစ်လာကြောင်းအထူးသဖြင့်အမျိုးသမီးများတွင်အသက်၅၅နှင့်အောက်တွင်ရောဂါရှိကြောင်းသိလာရပါသည်။
#လေးဘက်နာ
03/08/2024
ဆီးချိုရောဂါဆိုတာတသက်လုံးဝေဒနာခံစားရတဲ့နာတာရှည်ရောဂါတမျိုးပါ။ဆီးချိုရောဂါကြောင့်တနှစ်မှာလူတသန်းကျော်သေဆုံးနေရပါတယ်။
လူတိုင်းဟာဆီးချိုရောဂါဖြစ်နိုင်ပါတယ်။ခန္ဓာကိုယ်ထဲကသွေးထဲမှာသကြားဓာတ်ပါဝင်မှုကိုလျော့ချနိုင်တဲ့လုပ်ငန်းစဉ်တခုအားနည်းသွားပြီဆိုတာနဲ့ဆီးချိုရောဂါစဖြစ်တော့တာပါပဲ။
ဆီးချိုရောဂါကြောင့်နှလုံးရောဂါ၊လေဖြတ်၊အမြင်အာရုံထိခိုက်တာ၊ကျောက်ကပ်အလုပ်မလုပ်တော့တာ၊နောက်ဆုံးအဆင့်မှာခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုဖြတ်တောက်ပစ်ရတာအထိခံစားရနိုင်ပါတယ်။
ကမ္ဘာပေါ်မှာဆီးချိုရောဂါခံစားနေရတဲ့လူအများအပြားရှိပါတယ်။WHOရဲ့စာရင်းဇယားတွေအရင်ဆိုရင်၄၂၂သန်းသောလူတွေဟာဆီးချိုရောဂါခံစားနေရတယ်လို့ဆိုပါတယ်။
ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်နဲ့နှိုင်းယှဉ်ရင်အရေအတွက်၄ဆကျော်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
ဒီလိုအန္တရာယ်များတဲ့ဆီးချိုရောဂါကိုတချို့တွေကသမန်ကာလျှံကာသဘောမျိုးနဲ့သတိမထားဘဲနေကြပါတယ်။
ဒါပေမယ့်နေ့စဉ်စားသောက်နေထိုင်မှုကိုအပြောင်းအလဲအနည်းငယ်လုပ်ရုံနဲ့အန္တရာယ်များတဲ့လူသတ်ဆီးချိုရောဂါဖြစ်ပွားမှုကိုကာကွယ်နိုင်ပါတယ်။
ဘယ်လိုတွေများပါလဲ။
ဆီးချိုဘာကြောင့်ဖြစ်သလဲ။
နေ့စဉ်စားတဲ့အစားအစာတွေကိုခန္ဓာကိုယ်ကကာဘိုဟိုက်ဒရိတ်ကစီဓာတ်ကိုခွဲခြားယူပါတယ်။အဲဒီကမှတဆင့်သကြားဓာတ်(ဂလူးကို့စ်)ကိုရယူပါတယ်။နောက်ပြီးဟော်မုန်းတမျိုးဖြစ်တဲ့အင်ဆူလင်ကိုပန်ကရိယ(မုန့်ချိုအိတ်)ကပြန်ထုတ်ပေးပါတယ်။
အဲဒီအချိုဓာတ်ကိုခန္ဓာကိုယ်ကစွမ်းအင်အဖြစ်အသုံးပြုပါတယ်။
ဆီးချိုရောဂါကိုဖြစ်စေတာကအင်ဆူလင်ကိုမထုတ်ပေးနိုင်တာဒါမှမဟုတ်ပန်ကရိယကအလုပ်ကောင်းကောင်းမလုပ်တော့တာကြောင့်ပါ။ဒီလိုအခြေအနေတွေကြောင့်ကိုယ်ခန္ဓာထဲမှာသကြားဓာတ်တွေများလာပြီးဆီးချိုရောဂါဖြစ်ပေါ်စေတာပါ။
ဆီးချိုရောဂါဘယ်နှစ်မျိုးရှိလဲ။
အမျိုးအစား(၂)မျိုးခွဲခြားနိုင်ပါတယ်။ပထမအမျိုးအစားကပန်ကရိယကအင်ဆူလင်မထုတ်ပေးတော့တဲ့အတွက်ခန္ဓာကိုယ်ထဲမှာသကြားဓာတ်ပါဝင်မှုနှုန်းထားများပြားနေတဲ့အဆင့်ပါ။
ဒီလိုအခြေအနေဘာကြောင့်ဖြစ်တယ်ဆိုတာကိုသုတေသီတွေကအတိအကျမသိနိုင်ပါဘူး။
ဒါကမျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်သလိုရောဂါပိုးမွှားကူးစက်မှုကြောင့်ပန်ကရိယထဲကဆဲလ်တွေပျက်စီးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။လူအားလုံးရဲ့၁၀ရာခိုင်နှုန်းမှာဆီးချိုအမျိုးအစား(၁)ကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။ဒါကိုtype(1)Diabeteလို့ခေါ်ပါတယ်။
အမျိုးအစား(၂)ကတော့ပန်ကရိယကအင်ဆူလင်ဟော်မုန်းကိုအလုံအလောက်မထုတ်ပေးနိုင်တာဒါမှမဟုတ်အင်ဆူလင်ဟော်မုန်းကခန္ဓာကိုယ်ထဲမှာအလုပ်ကောင်းကောင်းမလုပ်တော့တာမျိုးဖြစ်ပါတယ်။
ဆီးချိုအမျိုးအစား(၂)သက်လတ်ပိုင်းအရွယ်တွေမှာအဖြစ်များပါတယ်။ဒါပေမယ့်တခါတရံမှာလူငယ်တွေမှာလည်းဖြစ်တတ်ပါတယ်။အဝလွန်ရောဂါရှိနေတဲ့လူငယ်တွေနဲ့အထိုင်များတဲ့အလုပ်လုပ်ရတဲ့လူတွေမှာလည်းဆီးချိုအမျိုအစား(၂)ဖြစ်တတ်ပါတယ်။
နောက်ပြီးလေ့လာမှုတွေအရဒေသတခုထဲမှာပဲဆီးချိုဖြစ်နေတဲ့လူတွေအများအပြားရှိနေတတ်ပြီးအများအားဖြင့်တောင်အာရှဒေသကလူတွေမှာဒီရောဂါအဖြစ်များတယ်လို့စစ်တမ်းတွေကဆိုပါတယ်။
အမျိုးသမီးတွေကိုယ်ဝန်ဆောင်ချိန်မှာလည်းခန္ဓာကိုယ်ထဲမှာသကြားဓာတ်များပြားလေ့ရှိပြီးဒါကဆီးချိုရောဂါဖြစ်ပွားစေနိုင်ပါတယ်။
ဒီလိုကိုယ်ဝန်ဆောင်တွေမှာသကြားဓာတ်များပြားမှုကိုလျော့ချနိုင်ဖို့အတွက်ဆိုရင်ကာယလေ့ကျင့်ခန်းလုပ်တာ၊သကြားဓာတ်များတဲ့အစားအစာတွေကိုလျော့ချပြီးစားသုံးသင့်တယ်လို့ကျန်းမာရေးပညာရှင်တွေကအကြံပြုပါတယ်။
ဆီးချိုရောဂါလက္ခဏာကဘာတွေလဲ
ဆီးချိုရောဂါဖြစ်နေပြီဆိုတာနဲ့ဖြစ်တတ်တာတွေကတော့
-ပင်ပန်းနွမ်းနယ်တာ
-ပုံမှန်ထက်ရေငတ်တာ
-ဆီးသွားများတာ၊ညဘက်အချိန်မှာပိုသွားတာ
-အလေးချိန်လျော့အောင်မစားပေမယ့်ခန္ဓာကိုယ်အလေးချိန်လျော့ကျလာတာ
-အမြင်အာရုံလျော့ကျလာတာ
-အနာတွေအကျက်နှေးတာ
တဲ့ကိစ္စတွေကဆီးချိုရောဂါလက္ခဏာတွေပဲဖြစ်ပါတယ်။
အမျိုးအစား(၁)ဆီးချိုဟာကလေးသူငယ်အရွယ်မှာတင်လျော့ပါးပျောက်ကင်းသွားတာတွေလည်းရှိပါတယ်။
အစားအသောက်မဆင်ခြင်မှုကြောင့်အမျိုးအစား(၂)ဆီးချိုရောအဖြစ်ပြောင်းလဲသွားတတ်ကြောင်းဗြိတိန်အမျိုးသားကျန်းမာရေးဌာနကထုတ်ပြန်ပါတယ်။
ဆီးချိုအမျိုးအစား(၂)ဖြစ်နိုင်တဲ့အရွယ်တွေကတော့အသက်(၄၀)ကျော်အရွယ်တွေ၊မိဘတွေမှာဆီးချိုရောဂါဖြစ်နေတဲ့လူတွေနဲ့အဝလွန်နေတဲ့လူတွေမှာအဖြစ်များတယ်လို့လည်းဆိုပါတယ်။
တောင်အာရှကလူတွေနဲ့တရုတ်၊ကာရစ်ဘီယန်နဲ့အာဖရိကဒေသကလူတွေဆီမှာဆီးချိုရောဂါအဖြစ်များတယ်လို့လည်းလေ့လာဆန်းစစ်မှုတွေအရသိရပါတယ်။
ဆီးချိုရောဂါကိုကာကွယ်နိုင်သလား။
ဆီးချိုရောဂါဟာမျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သလိုအစားအသောက်အနေအထိုင်ကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့်နေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေထဲကသကြားပါဝင်မှုကိုလျော့ချစားသုံးမယ်။လေ့ကျင့်ခန်းလုပ်ပြီးလှုပ်လှုပ်ရှားရှားနေထိုင်မယ်ဆိုရင်တော့ဆီးချိုရောဂါကိုကာကွယ်နိုင်ပါတယ်။
နေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေထဲမှာအသင့်ပြင်ဆင်ပြီးသားအစားအသောက်တွေနဲ့အချိုရည်တွေကိုလည်းရှောင်သင့်ပါတယ်။
အဖြူရောင်ပေါင်မုန့်နဲ့ပါစတာခေါက်ဆွဲအစားဂျုံကြမ်းနဲ့လုပ်ထားတဲ့ပေါင်မုန့်တွေကိုအစားထိုးနိုင်ရင်တော့အကောင်းဆုံးပါပဲ။
ပေါင်မုန့်ဖြူနဲ့ဆန်ဖြူတွေဟာပြန်လည်ပြင်ဆင်ထားပြီးသားဖြစ်တဲ့အတွက်အဟာရဓာတ်မှာလျော့နည်းပြီးသကြားဓာတ်ပါဝင်မှုများတတ်ပါတယ်။ဒါတွေကိုလျော့ချစားသုံးသင့်တယ်လို့ကျန်းမာရေးသုတေသီတွေကဆိုပါတယ်။
ဥပမာအနေနဲ့ဂျုံအဖြူ၊ဆန်ဖြူ၊အဖြူရောင်ပါစတာ၊သကြားလုံး၊သကြားဓာတ်ပါဝင်မှုများတဲ့အချိုရည်စတာတွေကိုမစားသင့်ဘူးလို့ဆိုပါတယ်။
အဲဒါတွေအစားဆန်လုံးညို၊အသီးအရွက်၊သစ်သီး၊ပဲနဲ့အိုမီဂါဓာတ်များတဲ့ဆာဒင်း၊ဆယ်လ်မွန်နဲ့ငါးသေတ္တာငါးတွေကိုစားသုံးသင့်ပါတယ်။
ပြီးတော့ဗိုက်တင်းအောင်စားတာထက်စာရင်နည်းနည်းနဲ့ခဏခဏစားသုံးတာကပို့သင့်တော်တယ်လို့လည်းသုတေသီတွေကအကြံပေးပါတယ်။
နေ့စဉ်ကာယကျန်းမာရေးလုပ်ခြင်းကလည်းသွေးထဲမှာပါဝင်တဲ့သကြားဓါတ်ကိုလျော့ချပေးနိုင်ပြီးဆီးချိုဖြစ်ခြင်းကနေကာကွယ်ပေးနိုင်ပါတယ်။
တပတ်မှာ၂နာရီခွဲကြာအောင်အေရိုးဗစ်လေ့ကျင့်ခန်း၊အမြန်လမ်းလျှောက်တာနဲ့လှေကားတွေကိုတက်ဆင်းလုပ်ရင်လည်းဆီးချိုဖြစ်ပွားခြင်းကနေကာကွယ်နိုင်တယ်လို့ဗြိတိန်အမျိုးသားကျန်းမာရေးဌာနကထုတ်ပြန်ထားပါတယ်။
မျှတတဲ့ကိုယ်အလေးချိန်ရှိတာကလည်းသကြားဓာတ်ပါဝင်မှုနှုန်းထားကိုလျော့ချနိုင်ပါတယ်။
ကိုယ်အလေးချိန်များလို့လျှော့ချတယ်ဆိုရင်တောင်မှတပတ်မှာကီလိုဝက်ဒါမှမဟုတ်အများဆုံးတကီလိုလောက်ပဲအလေးချိန်လျှော့ချနိုင်ရင်အကောင်းဆုံးပါပဲ။
ဆေးလိပ်သောက်ခြင်း၊ကိုလက်စထရောအဆီများတဲ့အစားတွေစားခြင်းကလည်းဆီးချိုဖြစ်ဖို့အလားအလာရှိနေပါတယ်။
ဆီးချိုကြောင့်ရောဂါသစ်ဖြစ်စေနိုင်။
သွေးထဲမှာသကြားပါဝင်မှုများပြားတာကသွေးကြောတွေကိုပျက်စီးစေနိုင်ပါတယ်။
သွေးကြောတွေကကောင်းကောင်းအလုပ်မလုပ်ဘူးဆိုရင်ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့နေရာတွေကိုသွေးစီးဆင်းမှုမရှိတာကြောင့်အာရုံကြောထိခိုက်ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။
ဥပမာအားဖြင့်နာကျင်ခံစားမှုကိုမသိရှိတော့တာ၊အမြင်အာရုံချို့တဲ့တာနဲ့ခြေထောက်မှာဝေဒနာတွေခံစားလာရတာတွေဖြစ်နိုင်ပါတယ်။
ဆီးချိုကြောင့်မျက်စိကွယ်တာ၊ကျောက်ကပ်အလုပ်မလုပ်တာ၊နှလုံးရောဂါဖြစ်တာ၊လေဖြတ်တာနဲ့ခန္ဓာကိုယ်အောက်ပိုင်းကအစိတ်အပိုင်းတွေကိုဖြတ်ထုတ်ပစ်လိုက်ရတာစတဲ့နောက်တိုးရောဂါတွေဖြစ်နိုင်ပါတယ်။
၂၀၁၆ခုနှစ်တုန်းကလူပေါင်း၁.၆သန်းဟာဆီးချိုကြောင့်သေဆုံးခဲ့ရတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးWHOကထုတ်ပြန်ထားပါတယ်။
ဆီးချိုကြောင့်လူဘယ်လောက်သေ။
ဆီးချိုရောဂါဖြစ်ပွားသူဦးရေဟာ၁၉၈၀ခုနှစ်မှာ၁၀၈သန်းရှိခဲ့ရာက၂၀၁၄ခုနှစ်မှာတော့၄၂၂သန်းအထိမြင့်တက်ခဲ့တယ်လို့WHOကထုတ်ပြန်ပါတယ်။
၁၉၈၀ခုနှစ်တွေတုန်းကအသက်၁၈နှစ်ကျော်လူတွေရဲ့၅ရာခိုင်နှုန်းဟာဆီးချိုရောဂါဖြစ်နေပြီး၂၀၁၄ခုနှစ်မှာတော့၈.၅ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပါတယ်။
နိုင်ငံတကာဆီးချိုရောဂါကာကွယ်ရေးအဖွဲ့ကြီးရဲ့ထုတ်ပြန်ချက်အရကမ္ဘာ့လူငယ်၈ရာခိုင်နှုန်းဟာဆီးချိုဝေဒနာခံစားနေရပြီးအဲဒီလူငယ်တွေဟာ၊ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေကဖြစ်တယ်လို့ဆိုပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလည်းအသင့်စားသုံးနိုင်တဲ့အစားအသောက်စားသုံးမှုတွေများပြားလာတာကြောင့်လည်းဆီးချိုရောဂါဖြစ်မှုကမြင့်တက်လာနေတယ်လို့အဲဒီအဖွဲ့ကြီးကပြောပါတယ်။
#ဆီးချို
03/08/2024
သွေးတိုးရောဂါ(Hypertension)လို့ဆိုလိုက်ရင်လူအများစုကသေနိုင်လောက်တဲ့ကျန်းမာရေးပြဿနာမဟုတ်ပါဘူး။အသက်အန္တရာယ်မစိုးရိမ်ရတဲ့အပယိကရောဂါလိုမျိုးသဘောထားတတ်ကြပါတယ်။တကယ်ကတော့သွေးတိုးကအသက်အန္တရာယ်ကိုထိခိုက်စေသည်အထိပြင်းထန်ပါတယ်။
သွေးတိုးခြင်းဟာနှလုံးကိုထိခိုက်ပျက်စီးစေတဲ့အခြေအနေဖြစ်ပါတယ်။ကမ္ဘာတလွှားမှာလူပေါင်းတစ်ဘီလျံခန့်ကိုဒုက္ခပေးနေတဲ့ရောဂါလည်းဖြစ်ပါတယ်။ထိရောက်စွာမကုသခဲ့ရင်နှလုံးရောဂါ၊လေဖြတ်ခြင်းစတဲ့အခြေအနေတွေတွေ့ကြုံနိုင်ပါတယ်။
သွေးတိုးရောဂါ(သွေးပေါင်တက်ခြင်း)
သွေးတိုးရောဂါ(သွေးပေါင်တက်ခြင်း)ဆိုတာအပေါ်သွေးသွေးပေါင်ချိန်၁၄၀နဲ့ထက်၊အောက်သွေး၉၀နဲ့အထက်(သွေးပေါင်ချိန်၁၄၀/၉၀mmHg)အထက်ဖြစ်နေတဲ့အချိန်မှာတွေ့ရတဲ့နှလုံးသွေးကြောဆိုင်ရာအခြေအနေတစ်ရပ်ပါ။ကျန်းမာတဲ့သွေးပေါင်ချိန်ဆိုတာကသွေးပေါင်ချိန်တိုင်းတဲ့အခါ၁၂၀/၈၀mmHgအောက်ရှိရမှာပါ။
ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ။
သွေးတိုးရောဂါ(Hypertension)ဆိုတာကခန္ဓာကိုယ်တွင်းကသွေးတွေကိုပုံမှန်ထက်ညှစ်ထုတ်ဖို့ခက်ခဲတဲ့အနေအထားမျိုးပါ။နှလုံးကသွေးတွေကိုညှစ်ထုတ်ပေးနိုင်စွမ်းကျသွားတယ်ဆိုတဲ့သဘောပါ။ဒီလိုအခြေအနေမျိုးမှာ
* မအီမသာဖြစ်တာခေါင်းတစ်ခြမ်းကိုက်တာနှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာချွေးစေးတွေပြန်တာမျိုးတွေခံစားရနိုင်ပါတယ်။
သွေးတိုးဘာကြောင့်ဖြစ်ရတာလဲ။
သွေးတိုးရောဂါဖြစ်ရတဲ့အကြောင်းအရင်းကိုတိတိကျကျမသိရသေးပါဘူး။သွေးတိုးရောဂါဟာပတ်ဝန်းကျင်ရဲ့သက်ရောက်မှုကြောင့်ဖြစ်နိုင်သလိုမျိုးရီုးဗီဇကြောင့်လည်း(မူလအစသွေးတိုးရောဂါ)ဖြစ်နိုင်ပါတယ်။ဒါ့အပြင်ကျောက်ကပ်ရောဂါဒါမှမဟုတ်ဟော်မုန်းစနစ်မူမမှန်တာတွေကြောင့်(တဆင့်ခံသွေးတိုးရောဂါ)ဖြစ်နိုင်ပါတယ်။မူလအစသွေးတိုးရောဂါကိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေကတော့ဆေးလိပ်သောက်တာ၊မျိုးရိုး၊ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်များနေတာ၊အငန်ကဲတဲ့အစားအစားတွေစားတာ၊အရက်အလွန်အကျွံသောက်တာတွေကြောင့်ပါ။စိတ်ဖိစီးမှုများတာကြောင့်လည်းသွေးတိုးနိုင်ပါတယ်။
ဒီအချက်တွေအပြင်
ကဖင်း အသောက်များတာ
အချို့သောဆေးဝါးတွေသောက်သုံးနေရတာ
နာတာရှည်ကျောက်ကပ်ရောဂါရှိနေတာ
ကိုကင်းသုံးတာ
အက်ဒရီနယ်လင်ဂလင်းတွေအရမ်းအလုပ်လုပ်လွန်းနေတာ
ကိုယ်ဝန် ရှိနေတာကြောင့်သွေးပေါင်ချိန်တက်လာတာဆေးလိပ်သောက်တာ
စိတ်ဖိစီးတာ
သိုင်းရွိုက်ပြဿနာရှိနေတာ
အဝလွန်နေတာဆီးချို ရှိနေတာ
သွေးတွင်းမှာပိုတက်ဆီယမ်၊ကယ်လ်ဆီယမ်နဲ့မဂ္ဂနီဆီယမ်ပမာဏနည်းနေတာ
ကိုယ်လက်လှုပ်ရှားမှု နည်းတာ
အယ်လ်ကိုဟောအသောက်များတာ
အမျိုးသမီးတွေမှာဆိုရင် သန္ဓေတားဆေးတွေကြာင့်ဟော်မုန်းအပြောင်းအလဲဖြစ်ပြီးသွေးတိုးနိုင်ပါတယ်။
အချိန်ကြာမြင့်စွာသွေးတိုးရောဂါခံစားရတာကသွေးကြောနံရံတွေကိုပျက်စီးစေနိုင်ပြီးသွေးကြောတွေထဲမှာအနယ်တွေစုပုံတာမျိုးဖြစ်စေနိုင်ပါတယ်။သွေးတိုးတာကနှလုံးကိုသွေးညှစ်ထုတ်ရာမှာခက်ခဲစေပြီးခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကိုသွေးစီးဆင်းရောက်ရှိမှုနည်းစေပြီးလေဖြတ်တာ၊နှလုံးထိခိုက်ပျက်စီးတာတွေကိုဖြစ်စေနိုင်ပါတယ်။
လက်ရှိနေရာထက်ကောင်းတဲ့ နေရာရောက်ချင်ရင်
စွန့်စားမှု့တေ စွန့်လွတ်မှု့တေ ရှိမှရမယ်
31/07/2024
Ascites(ရေဖျဉ်းအကြောင်း)
“ဗိုက်ကြီးဖောင်းပြီးရေဖျဉ်းဘာလို့စွဲလဲသိလား…
အဲတာထမင်းစားပြီးပြီးချင်းရေချိုးလို့ဖြစ်တာ…
နောက်ကိုထမင်းစားပြီးပြီးချင်းရေမချိုးနဲ့နော်”
(ငယ်ငယ်ကအစာစားပြီးရေချိုးရင်အစာမကြေမှာစိုးလို့လူကြီးတွေကခြောက်လှန့်ပြောတဲ့စကား)
ခုတော့ခေတ်အခါတွေပြောင်းလာပြီ။ကလေးတွေကိုခြောက်လှန့်စကားတွေ၊ဂျင်းတွေထည့်လို့မရတော့သလိုပြည်သူတွေကလည်းကျန်းမာရေးဗဟုသုတတွေကိုစိတ်၀င်တစားရှာမှီးလာကြတဲ့ခေတ်ဖြစ်လာပါပြီ။ဒီတော့လည်းရေဖျဉ်းအကြောင်းတစေ့တစောင်းလေးမျှဝေလိုက်ရပါတယ်။.
ရေဖျဉ်းစွဲတယ်ဆိုတာဘာကိုခေါ်တာပါလဲ?
ရေဖျဉ်းစွဲတယ်ဆိုတာဗိုက်ထဲအရည်တွေစုမိတာပါ။ဗိုက်ကြီးဖောင်းပြီးနေရခက်ပါတယ်။အရမ်းတင်းရင်အသက်ရှုရပါခက်တတ်ပါတယ်။.
ရေဖျဉ်းဘာလို့စွဲတာပါလဲ?
ဖြစ်စေတဲ့အကြောင်းရင်းအများကြီးထဲမှာမှအဖြစ်အများဆုံးကအသည်းခြောက်လို့ပါ။အရက်အရမ်းသောက်တာနဲ့အသည်းရောင်အသားဝါဘီပိုး၊စီပိုးတွေကြောင့်အသည်းခြောက်ပြီးရေဖျဉ်းစွဲတတ်ပါတယ်။
နောက်အကြောင်းရင်းတစ်ခုကတော့ကင်ဆာကြောင့်ဖြစ်တဲ့ရေဖျဉ်းပါ။အများအားဖြင့်ကင်ဆာအဆင့်မြင့်တဲ့အနေအထားတွေမှာရေဖျဉ်းစွဲတတ်ပါတယ်။
ကျန်တဲ့နှလုံးရောဂါ၊ကျောက်ကပ်ဆေးတဲ့သူတွေ၊ပိုး၀င်တာ(ဥပမာတီဘီ)နဲ့အသားဓာတ်နည်းတဲ့သူတွေမှာလည်းရေဖျဉ်းစွဲတတ်ပါတယ်။.
ရေဖျဉ်းစွဲရင်ဘာတွေခံစားရတတ်ပါလဲ?
ရေဖျဉ်းစွဲရင်
–ဗိုက်ဖောင်းမယ်
–ကိုယ်အလေးချိန်တက်မယ်
–ပြည့်အင့်အင့်ဖြစ်မယ်
–လေးတယ်
–ပျို့ချင်၊အစာမကြေချင်တွေဖြစ်မယ်
–အန်မယ်
–ခြေထောက်ရောင်မယ်
–အသက်ရှုမ၀ဘူး
–လိပ်ခေါင်းပါတွဲတွေ့ရတတ်ပါတယ်။.
ရေဖျဉ်းစွဲရင်ဘာလုပ်ရမလဲ?
ရေဖျဉ်းစွဲရင်ဖြစ်ရတဲ့အကြောင်းရင်းကိုရှာပြီးကုသဖို့အတွက်ဆရာ၀န်နဲ့သေချာတိုင်ပင်ဖို့လိုပါတယ်။
မိမိကိုယ်ကိုရေဖျဉ်းမများဖို့/ထိန်းဖို့/သက်သာဖို့အတွက်…
(၁)ဆားလျော့စားပါ။အငန်လျော့စားပါ။
(၂)ရေသောက်တဲ့ပမာဏကိုလျော့ချပါ။
(တစ်နေ့တာသောက်သုံးတဲ့ရေ+အရည်ပမာဏသည်ဆီးပမာဏ+၅၀၀စီစီထက်မပိုသင့်ပါ။ဥပမာမနေ့ကဆီး၁၀၀၀စီစီ(ရေသန့်တစ်ဘူး)သွားထားရင်ဒီနေ့ရေ+အရည်၁၅၀၀စီစီထက်ပိုမသောက်သင့်ပါ။)
(၃)အရက်မသောက်ပါနဲ့။အရက်ဖြတ်ပါ။
(၄)အသားဓာတ်များများစားပါ။
(ကြက်ဥအကာမကျက်တကျက်/အကျက်သို့တနည်းနည်းလုပ်စားပါ။)ချွင်းချက်-အသည်းပန်းနေချိန်(hepaticencephalopathy)တွင်တော့မရပါ။
ဆရာ၀န်တွေကလည်း
(၁)ဆီးဆေးပေးလေ့ရှိပါတယ်။
(၂)လိုအပ်ရင်ဗိုက်ကအရည်ကိုဖောက်ထုတ်ပေးပါတယ်။
(၃)တချို့သောအခြေအနေတွေမှာတော့သွေးကြောကုထုံးတစ်မျိုး(TIPSS)လုပ်ဖို့လိုတတ်ပါတယ်။.
ရေဖျဥ်းစွဲတာကအန္တရာယ်ရှိလား?
ရေဖျဉ်းစွဲတော့စားရသောက်ရလှုပ်ရှားရခက်ပါတယ်။အရမ်းတင်းရင်အသက်ရှူရလည်းခက်သလိုပိုး၀င်နိုင်၊ကျောက်ကပ်ထိနိုင်ပါတယ်။ချက်နဲ့ပေါင်ခြံမှာလည်းအူကျွံတတ်ပါတယ်။.
ရေဖျင်းမစွဲအောင်ကာကွယ်လို့ရလား?
အချို့သောအသည်းမခြောက်အောင်ဆင်ခြင်နည်း၊ကင်ဆာရောဂါမဖြစ်အောင်ဆင်ခြင်နည်းတွေကရေဖျဉ်းမစွဲအောင်ကူညီပေးနိုင်ပါတယ်။
(၁)အရက်ဖြတ်ပါ။
(၂)ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်မှာပဲထိန်းထားပါ။
(၃)လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
(၄)ဆေးလိပ်မသောက်ပါနဲ့။
(၅)အငန်/ဆားလျော့စားပါ။
(၆)အသည်းရောင်အသားဝါဘီပိုး၊စီပိုးမကူးအောင်အတူနေရင်အကာအကွယ်သုံးပါ။ဘီပိုးကာကွယ်ဆေးမထိုးရသေးရင်ထိုးထားပါ။
(၇)စိတ်ကိုယစ်မူးစေသောဆေးဝါးများမသုံးစွဲပါနဲ့။
ရေဖျဥ်းစွဲလာခဲ့ရင်လည်းမိမိကိုယ်ကိုဆင်ခြင်နေထိုင်ပြီးဆရာ၀န်ညွှန်ကြားချက်အတိုင်းလိုက်နာပါ၊ဆေးသောက်ပါ။ရေဖျဉ်းပိုများလာရင်ဆရာဝန်နဲ့ပြန်လာပြပါလို့ပြောကြားရင်းရေဖျဉ်းနဲ့အတူနေထိုင်နည်းကိုတင်ပြလိုက်ရပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Monywa