Nwe Health & Beauty
အလှအပနဲ့ ကျန်းမာရေးအတွက် အကျိုးရှိ?
06/12/2021
ဆံပင်အကွက်လိုက် ကျွတ်ခြင်း
ဆံပင်အကွက်လိုက်ကျွတ်ခြင်း(alopecia areata) ဟာ အဖြစ်များတယ်။ ရိုးရိုးဆံပင်ကျွတ်တာ နဲ့မတူပါဘဲ ခုခံအားချင်းပြန်တိုက်လို့ဖြစ်တယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ခုခံအား သွေးဖြူဥဆဲလ်တွေရှိပါတယ်။ သွေးဖြူဥဆဲလ် T cell က ဦးရေပြားမှာရှိတဲ့ ဆံသားအမြစ်ကို သွားတိုက်ခိုက်လို့ ဖြစ်ပါတယ်။ ဆံသားအမြစ်က ရှုံ့သွားပြီး ဆံပင်ထုတ်လုပ်မှု လျှော့နည်းသွားတယ်။ ဘာ့ကြောင့် တိုက်ခိုက်ခံရလဲဆိုတာ ပြောရခက်တယ်။ တချို့က မျိုးရိုးကြောင့်လို့ ဆိုတယ်။ မျိုးရိုးထဲမှာ ရှိရင်၅ယောက် တစ်ယောက် (၂၀%) ဒီရောဂါဖြစ်နိုင်ချေရှိတယ်။ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ခရုသင်း၊သိုင်းရွိုက်၊ ခုခံအားလေးဖက်နာ၊ အဆစ်မြစ်လေးဖက်နာ၊ အူလမ်းကြောင်းနာရောဂါ(ulcerative colitis) ကြောင့်ဖြစ်နိုင်ကြတယ်။ စိတ်ဖိစီးမှု အလွန်အကျွံ များခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Alopecia areata ဟာ ခြေသည်း၊လက်သည်းတွေကိုလည်း အရင်ဆုံး ထိခိုက်နိုင်ပါတယ်။ လက်သည်း၊ခြေသည်းမှာ အဖြူကွက်၊အစင်းကြောင်းပေါ်လာနိုင်တယ်။ ပြီးရင် ကျွတ်ဆတ်၊ခြောက်သွေ့၊ကြမ်းတမ်းလာတတ်တယ်။ ဆံသားပုံစံလည်း ပြောင်းလဲနိုင်ပါတယ်။ ဆံပင်ကတိုပြီး အခြေက သိမ်ဝင်နေရင် ဒီရောဂါဖြစ်ဖို့ များတယ်။Exclamation mark hairs လို့ ခေါ်ပါတယ်။ မပေါက်ခင်ကတည်းက ဆံပင်ကွဲအက်တာ၊ပျက်ဆီးတာမျိုးဖြစ်နိုင်တယ်။ တချို့ဆံပင်ဖြူတွေ ထွက်လာတာလည်း ရှိပါတယ်။ ဒီရောဂါက တခြားရောဂါနဲ့ ခွဲခြားဖို့ လွယ်ကူပါတယ်။ ပုံစံက ကြည့်ရုံနဲ့ သိသာတယ်။
သတိပြုရမှာက ဒီရောဂါဖြစ်သူရဲ့ ၃၀% နှုန်းဟာ နဂိုအခြေနေထက် ပိုပိုဆိုးလာတတ်ပါတယ်။ တခါတရံ ပေါက်လိုက်၊ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေတတ်တယ်။ ကံဆိုးတဲ့ ၁၀ ရာခိုင်နှုန်းကတော့ တခေါင်းလုံးဆံပင်ကျွတ်တဲ့အဆင့် (alopecia totalis)ထိ ရောက်သွားနိုင်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အသေးစိတ်အချက်အလက်ကို ဖတ်ရှုလိုပါက https://drayeminhtoo.com/alopecia-areata/ တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်…
အနံ့ပျောက်ချင်သလိုလိုဖြစ်နေတယ်၊
ဖျားချင်နေပြီ၊ ကိုက်ခဲနေပြီ ဘာလုပ်ရမလဲ
လာမေးကြသူတွေများလို့ တခါတည်း သိတာလေး
ရေးတင်ပေးထားတာပဲ ဖြစ်ပါတယ်။
အခုက စပြီး ဒါတွေလုပ်ပါ။
(၁) ရေနွေးငွေ့ ရှုပါ
(၂) ရေနွေးပူသောက်ပါ
(၃) ရေနွေး သံပုရာ သောက်ပါ
(၄) အသက်ရှုလေ့ကျင့်ခန်း လုပ်ပါ
(၅) ကြက်ဥပြုတ်စားပါ။
(၆)ကြက်ဥ အစိမ်း+ သံပုရာတလုံး + ပျားရည်တဇွန်း သမအောင် မွှေသောက်ပါ
(၇)အစာ များများစားပါ ၊ မကြာ ခန စားပါ။
ကြက်(အသားမှန်သမျှ) ပြုတ်ရည်ပူပူလေး ၊
အရိုးပြတ်ရည် ပူပူလေး သောက်ပေး၊
အရည်မှန်သမျှသောက်လို့ရတယ်။ ပဲဟင်း၊ ချဉ်ရည်ဟင်း ချက်ပြီး ခွက်လိုက်သာ မော့သောက်။
(၈) ညဘက် စောစောအိပ်ပါ
အိပ်ရေးဝအောင် အိပ်ပါ
မှောက်အိပ်ပါ (နည်းလေ့လာ),
(၉) လေကောင်း လေသန့် ရမယ့် နေရာ နေပါ
(၁၀) နေပူဆာလှုံပါ
(၁၁) နာနတ်သီး ၊ ပြောက်းဖူးပြုတ် စားပါ၊ အသီးအနှံစားပါ
(၁၂)ဆေး သောက်ချင်ရင်
Vitamin-C 500 - (၁)ခဲ
Vitamin D 3000iu - (၁)ခဲ
ZINC 20mg - (၁)ခဲ
တနေ့ တကြိမ် သောက်ပါ
ဖျားရင် ပါရာစီတမော့
တနေ့ သုံးကြိမ် သောက်နိုင်ပါတယ် ။
(၁၃) ကာကွယ်ရေးလုပ်ငန်းတွေ ဆက်လုပ်ပါ။ mask တပ်ပါ ၊ လက်ဆေးပါ။ hand spray အနားမှာ ဆောင်ထားပါ။
(၁၄) မိသားစု နဲ့ သီးသန့်နေပါ။
(၁၅) အပြင်ကို ထိစပ်မှု ထပ်မပေးရအောင်
တတ်နိုင်ဆုံး တယောက်တည်း နေပါ။
(၁၆) မိတ်ဆွေတွေ နဲ့ ဖုန်း ပြောပါ။
(၁၇) ရောဂါဖြစ်နေကြောင်း လက်ခံထားပါ။
ရှက်စရာ မဟုတ်ပါ။
ကျန်တာတော့ ဆရာဝန်များရဲ့ အကြံပြုချက်ရယူပါ။
သာမန် ရောဂါအခံ မရှိသူဆိုရင်တော့ လုံလောက်နေပါပြီ။ အရေးကြီးတာ စိတ်အေးအေးထားပါ၊ မတုန်လှုပ် ပါနဲ့ ၊ စိတ်ဓါတ်မကျပါနဲ့ ၊ ကျော်ဖြတ်နိုင်တယ် ဆိုတာကို ယုံကြည်ထားပါ။
Naing Linn
(ဆရာဝန်မဟုတ်ပါ)
21/07/2021
နည်းမှန် လမ်းမှန် နဲ့ နာကျင်ကိုက်ခဲတာကို သက်သာအောင်လုပ်နည်း ♥️
💪💪💪💪😷😷😷😷😷
ပါတ်မပြေးပါနဲ့ 😔
ရာသီတုပ်ကွေး နဲ့ ကိုဗစ်မှာ
ဖြစ်ပွားပုံအဆင့်ဆင့်ဟာ 80% လောက်တူပါတယ်
ကိုဗစ်မှန်းသေခြာပြီ အနံ့ပျောက်ပြီ O2 ကျပြီဆိုကာမှ
ကိုဗစ်ဆိုတာ စ ကွဲ ပြားတာပါ
အဲ့ကျမှ စ ကုမယ် စ ပြီးဆင်ခြင်မယ်ဆိုရင်
အချိန် 7 ရက်ကနေ 14 ရက်လောက် ပုပ်ပြီးသွားပါပြီ
ယေဘူယျပြောရ ရင် အပျောက်အရှ များနေတဲ့ အကြောင်းရင်းက အဲ့တာပါ
😒 ရာသီတုပ်ကွေးကို ကိုဗစ်ထင်ပြီးတော့
Isolate လုပ်မိမယ်
အားဖြည့်စာတွေစားမယ် အိပ်မယ် နားမယ်
အစားတွေ မဝင်ဝင်အောင်ဖိစားမယ်ဆို
ဘာအကျိုးယုတ်သွားမှာမို့လို့လဲ 😒
ဘာမှ အကျိုးမယုတ်ပါဘူး
ကိုဗစ်ကို ရာသီတုပ်ကွေးလို့ယူဆပြီး
ခပ်ပေါ့ပေါ့နေမိမယ်ဆိုရင်တော့
- အချိန်တွေ လွန်သွား ပုပ်သွားမယ်
- Treatment လုပ်ဖို့ နောက်ကျသွားမယ်
- မိမိ မိသားစုကို ကူးစက်သွားလောက်ပြီ
- မိမိ ပါတ်ဝန်းကျင်ကို ဖြန့်ဝေမိသွားပြီ
ဘာများ ကောင်းကျိုးရှိမလဲ 😔
ဒါ့ကြောင့်
စ ဖျားတာနဲ့ ငါ ကိုဗစ်ဖြစ်နေပြီ လို့တွေးပါ ယူဆပါ
ကိုဗစ်ဖြစ်ခဲ့သော် ဆိုတဲ့ procedure ကို လုပ်ပါတော့
✅ ငွေဆိုတာ ပြန်ရှာလို့ရတယ် ရွှေဆိုတာ ပြန်ဝယ်လို့ရတယ် ခုနေ ရှိသမျှ အစွမ်းကုန်သုံးပြီး အားဖြစ်အောင်စားပါ
နားကပ်ဖြုတ်ရောင်းရ ရောင်းရ
ဆွဲကြိုးချွတ် ပေါင်ရပေါင်ရ ဖြစ်အောင်လုပ်ပါ
✅ အိမ်မှာပေါင်းတဲ့ကြက်က ရေနဲ့ပြုတ်ထားတာပါ
ရေမပါပဲပေါင်းတဲ့ အဆီအနှစ် အား တကယ်ပါတဲ့ brands ကြက်ပေါင်းကို တနေ့ 3 ခါတိုက်ပါ
✅ အားရှိတာ အကုန်ကျွေး ထ စားပြီးတာနဲ့ အိပ်ခိုင်းပါ
မအိပ်ရင် ကလေးတွေလို ရိုက်သိပ်ပါ
ကိုဗစ် ဖြစ်နေလဲ အနိုင်တိုက်နိုင်ပါတယ်
လက်ဦးမှုရယူပါ
သင် ဘာကိုစောင့်နေတာလဲ
အနံ့မပျောက်သေးလို့လား
O2 မကျသေးလို့လား
မစောင့်ပါနဲ့ အချိန်မလင့်ခင် လက်ခံပါ
ရဲရဲ ရင်ဆိုင်ပါ
အနိုင်တိုက်ပါ
✊✊✊
Credit
19/07/2021
အောက်စီဂျင်နဲ့ ပတ်သက်တာတွေ ❤️❤️❤️
18/07/2021
ဆေးအမည်:
连花清瘟胶囊
Lian Hua Qing Wen Capsules
ဒီဆေးအကြောင်း သိချင်နေတဲ့သူတွေအတွက် ဆေးအညွန်းလေးကို Copy အထောက်အကူပြုမလားလို့ပါ Copy ယူပြီးထပ်တင်ပေးတာပါ
Ingredients:
-သူကပြောရရင်တော့ တရုတ်တိုင်းရင်းဆေးပါ အဲ့ကြောင့် သဘာဝတိုင်းရင်းဆေးတွေနဲ့လုပ်ထားတာပါ
ဆေးထုပ်ပိုးပုံစံ :
-capsules ပုံစံ
ဘယ်လိုအချိန်သောက်သုံးသင့်သလဲဆိုတော့:
-ကိုယ်အပူချိန်များပြီးအဖျားကြီးခြင်း/
ရာသီတုပ်ကွေးဖြစ်ခြင်း/
ခေါင်းကိုက်/ချမ်း/တုန်ဖျား/
ကြွက်သားနာကျင်/
အဆုတ်ထဲကအပူများခြင်း/
နှာစေး/ချောင်းဆိုး/လည်ချောင်းနာ/အာခေါင်ခြောက်/လျှာဖျားနီတာ ဝါတာဖြစ်ခြင်း
ဆေးမတည့်တဲ့လက္ခဏာများ :
-ခေါင်းမူး/အော့အန်/ အာခေါင်ခြောက်/
ဗိုက်နာ/ဝမ်းပျက်ဝမ်းလျှော/ဗိုက်ကယ်/လေအန်/ ယားယံ/ အနီစက်ပေါ်
သောက်သုံးရန် အညွှန်း :
-လူကြီး တစ်ကြိမ်သောက် ၄လုံး တစ်ရက် ၃ ကြိမ်
-ကလေးကတော့ တစ်ကြိမ် ၁လုံး/၂ လုံး တစ်ရက် ၂ကြိမ်(Bai du မှာရှာထားတာပါ)
ဂရုစိုက်ရန်:
1. ဤဆေးသောက်နေစဉ်အရက်/ဆေးလိပ်/အပူ/အစပ်/အအေးစာ/အဆီများတဲ့အစာ မစားရ
2. Sensitive ဖြစ်ပြီး Allergy ရလွယ်တဲ့သူတွေ မသောက်ရ
3. ဒီဆေးသောက်နေတုန်းတခြား
တရုတ်တိုင်းရင်းဆေးမသောက်ရ
4. ဆီးချို/သွေးတိုး/နှလုံးရောဂါ/ အသည်းရောဂါ/ ကျောက်ကပ်ရောဂါ သည်များက ဆရာဝန်ရဲ့ညွှန်ကြားချက်ဖြင့်သောက်
သင့်
5. ကလေး/ကိုယ်ဝန်ဆောင်/နို့တိုက်မိခင်/ သက်ကြီးရွယ်အိုများ ဆရာဝန်ရဲ့
ညွှန်ကြားချက်ဖြင့်သောက်သင့်
6. ကိုယ်ပူချိန် 38.5 degree centigrade ရှိနေလျှင် ဆေးရုံသို့သွားပါ
7. ဆေးအညွန်းတိုင်းသာသောက်ရန်။ရေရှည် စွဲမသောက်ရ
8. ဆေးသောက်လို့ ၃ ရက် နေမှမ
သက်သာလျှင်ဆေးရုံသို့သွားပါ
9. ဤဆေးနဲ့မတည့်သူများမသောက်ရ။ဆေးမတည့်လက္ခဏာများပေါ်လျှင်ချက်ချင်းရပ်ပါ
10. ဆေးပုံစံနှင့်အရောင်ပြောင်းသွားပါက မသောက်ရ
11. ကလေးသူငယ်များ လူကြီးရဲ့ကြည့်ရှုညွှန်ကြားမှုဖြင့်သောက်ရန်
12. Keep out of reach of children
13. တစ်ခြားဆေးသောက်နေစဉ် ဤဆေးကိုဆရာဝန်ရဲ့ညွှန်ကြားချက်ဖြင့်သောက်
သင့်သည်
14. ပြင်းပြင်းထန်ထန် အားကစားလုပ်သူ များမသောက်ရ
15. ခြောက်သွေ့သောနေရာတွင်ထားရန်
ဒီစာလေးဖတ်ပြီးမှ တထောင့်တနေရာ ကနေအထောက်အကူရကြပါစေရှင်
အားလုံး ရောဂါကပ်ဘေးမှ ကျော်လွှားနိုင်ကြပါစေ။
Crd:
ကျမရဲ့ ဝန်ထမ်းတွေ ပိုးစတင်ကူးခံရတာနှင့် ဒီဆေးကို 4.လုံး3.ကြိမ် 3.ရက် ဆက်တိုက်သောက်ခိုင်းပါတယ်...
ကျန်တဲ့ဆေးမတိုက်ပဲ အားဆေးတွေတော့ တွဲတိုက်ပေးပါတယ်...
ကိုယ်ခံအားကောင်းမယ့်အစားအစာတွေ အသီးအနှံတွေကျွေးပါတယ်...
အဓိက အဆုတ်မှာအဆိပ်ဖြေတာလည်းပါပြီး ယခုဖြစ်နေတဲ့ ခံစားနေရတဲ့ ကိုဗစ် လက္ခဏာ တွေအတွက် ကောင်းတာဖြစ်လို့ ကျမကတော့ ယုံကြည်စွာပဲ တိုက်ပေးခဲ့ပါတယ်...ဆောင်ထားသင့်တဲ့ဆေးပါ
Credit အန်တီမညို(ကျမအဒေါ်ကိုယ်တွေ့)
ကိုဗစ် တတိယလှိုင်း
ရောဂါအခံရှိ ကိုယ်ခံအား နည်းသူ
အလွန်ဆုံး ၂၁ ရက် ခံရပါသည်
ကိုယ်ခံအားကောင်းသူ ၁၅ ရက်သာခံရပါသည်
၁၅ ရက် သီးခံ လျင် အသက်ရှည်ပါသည်
လုံးဝ ကြောက်စရာမလိုပါ
ခန္ဓာကိုယ်ထဲတွင် ကိုဗစ်ပိုးသည်
၁၅ရက်သာ နေနိုင်သည်
မောတော့မောတာပေါ့
ဒါပေမဲ့.မသေပါ
ကြောက်လျင် သေသည်
စိတ်တိုလျင် သေသည်
တွေး လျင် သေသည်
အစားမစားလျင် သေသည်
အောက်စီဂျင် ထက် သဘာဝလေကို
ရှူပါ
အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ
ရေနွေး ၂၀မိနစ်ခြားသောက်ပါ
မှောက်လျက်အိပ်ပါ
မောပါသည် သီးခံပါ
ရင်ကြပ်ပါသည် သီးခံပါ
ချောင်းဆိုးပါသည် သီးခံပါ
ဝမ်းသွားပါသည် သီးခံပါ
၁၅ ရက် သီးခံပါ အသက်ရှည်ပါသည်
မိမိကိုယ် မိမိ အားကိုးပါ
ဘေးရန်ကင်းပြီး ကပ်သုံးပါးကျော်လွှား
နိုင်ကြပါစေ
Credit... Shwe Zin
ကိုဗစ်လျှို့ဝှက်ချက်
ပရဟိတတွေအမြဲလုပ်နေတဲ့ 1st wave 2nd wave တွေမှာ အတွေ့ကြုံအများကြီးရှိခဲ့တဲ့ ဆရာဆရာမကြီးတွေပြောကြားချက်အရ
စိတ်ဓါတ်ခိုင်တဲ့သူ အကောင်းမြင်စိတ်ရှိပြီး ပျော်ပျော်နေတတ်တဲ့သူတွေ ကိုဗစ် P ဖြစ်ရင်တောင် ဘာမှမဖြစ်တဲ့အပြင် ရောဂါလက္ခဏာတောင်မပြကြဘူး။
ကြောက်လာရင် လူ့ဦးနှောက်က ကျုံ့သွားတယ်
အဲ့ဒီ့အခါ အောက်စီဂျင်စုပ်ယူနိုင်မှုနည်းသွားပြီး spo2 level ကျသွားမယ် မူးမောလာမယ် ပိုကြောက်လာလိမ့်မယ်
စိတ်ဓါတ်ကျတဲ့အခါ အင်မြူလို့ခေါ်တဲ့ ကိုယ်ခံအားကျသွားတယ် ထိုအခါ ရောဂါပေါင်းစုံဝင်လာတော့တယ် ကံဆိုးရင် အသက်ပါပါသွားတတ်တယ်
မကြောက်တဲ့သူနဲ့စိတ်ဓါတ်ခိုင်မာတဲ့သူအတွက်တော့
ကိုဗစ်က ရောဂါမဟုတ်ဘူး ဘာကောင်မှမဟုတ်ဘူး
"ကြောက်တတ်တဲ့သူ နှစ်ခါသေရတယ်"
"ပျော့ညံ့တဲ့သူတွေအတွက် ဒီကမ္ဘာမှာ နေရာမရှိဘူး"
" ပျော်ပျော်နေ သေခဲ " စတဲ့စကားပုံတွေဟာ
ကိုဗစ်ကို အောင်နိုင်ဖို့အတွက် လျှို့ဝှက်ချက်တွေပဲ ...
အားလုံးပဲ Fighting ပါ... 💪💪💪💪💪
ကပ်ဘေးအပေါင်းမှ လွတ်ကင်း၍ချမ်းသာကိုယ်စိတ်မြဲကြပါစေ..
Credit.
17/07/2021
☘️ SpO2 90% အောက်ကျပြီး အောက်စီဂျင်မရသေးမီအချိန်မှာ လုပ်ဆောင်သင့်တာလေးပါ။.......................................................
👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻
🚨ယခုလတ်တလော COVID -19 ရောဂါကြောင့် အမောဖေါက်ပီးအောက်စီဂျင်မရကြသောလူနာများအတွက် ရည်ရွယ်ပါသည်။
🚨အောက်စီဂျင်လည်းမရှိ ၊ ဆေးရုံလည်း တက်လို့ အရမ်းခက်တာကြောင့် အိမ်မှာမောရင်း သေဆုံးကြရတဲ့ လူနာတွေ လျော့ကျစေရန် အလို့ငှာ စေတနာဖြင့် ဤစာကို ရေးသားအပ်ပါတယ်။
⚫️ ပထမဆုံး အသိပေးလိုသည်မှာ COVID ရောဂါဖြစ်သူတိုင်း Oxygen မလိုပါ။ ရောဂါဖြစ်သူအားလုံး၏ ၂၀ ရာခိုင်နှုန်းသာ oxygen လိုအပ်ပါသည်။
⚫️ ဒုတိယ အသိပေးလိုသည်မှာ COVID ရောဂါဖြစ်သူတိုင်းမသေပါ။ လူနာစုစုပေါင်း၏ ၂ ရာခိုင်နှုန်းသာ သေဆုံးပါသည်။�
➡️ အမောဖောက်လူနာအားပြုစုဖို့အောက်ပါအချက်များကိုနားလည်ထားရပါမည်။
အမောဖောက်ခြင်းသည် အကြောင်း ၂ ချက်ကြောင့် ဖြစ်ပါသည်။
A. ခန္ဓာကိုယ်သို့ oxygen ပံ့ပိုးမှုနည်းသွားခြင်း
B.ခန္ဓာကိုယ်မှ oxygen ကို အသုံးပြုမှုများသဖြင့် oxygen မလုံလောက်ခြင်း
➡️ လူနာအမောဖောက်ခြင်းသက်သာစေရန်
A. ခန္ဓာကိုယ်သို့ oxygen ပံ့ပိုးမှုများလာအောင်လုပ်ဆောင်ရပါမည်။
B. ခန္ဓာကိုယ်မှ oxygen သုံးစွဲမှု တတ်နိုင်သမျှလျှော့ကျအောင်ပြုလုပ်ရပါမည်။
🏮A. Oxygen ပံ့ပိုးမှုနည်းသွားခြင်း ကို ကုစားရန်နည်းလမ်းများ🏮
အဆုတ်မကောင်းလျှင်သော်လည်းကောင်း နှလုံးမကောင်းလျှင်သော်လည်းကောင်း သွေးအားနည်းလျှင်သော်လည်းကောင်း ခန္ဓာကိုယ်သို့ Oxygen ပံ့ပို့နည်းသွားတတ်ပါသည်။
SpO2 90% အောက်ရောက်လျှင် oxygen ရှုရပါမည်။
ယခု မြန်မာနိုင်ငံ သားများကြုတွေ့နေရသည့် အခြေအနေအရ Oxygen မရရှိပါက အောက်ပါကိစ္စများကိုပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အား Oxygen ပံ့ပိုးမှု ပိုများလာအောင် ပြုလုပ်ပါ။
၁။ လူနာကို လေကောင်းလေသန့် ရသည့်နေရာတွင်ထားပါ
၂။ အဆုတ်ထဲ လေဝင်အောင် ဂရုတစိုက် သတိထားပီး ဖြေးဖြေးချင်းရှုပါ။
အသက်ကိုဖြေးဖြေးနှင့်ရှည်ရှည်ရှုပါ။အသက်ရှုရာတွင် မြန်မြန်ရှုလေပိုမောလေဖြစ်တတ်ပါသည်။ ဖြေးဖြေးနှင့်မှန်မှန်ရှုရန်လိုအပ်ပါသည်။ အသက်ရှုခြင်းသည် အဆုတ်ထဲသို့ လေဝင်အောင်လုပ်ခြင်းဖြစ်ပါသည်။ အကြိမ်ရေများများနှင့် တိုတိုရှုခြင်းထက် အကြိမ်ရေနည်းနည်းနှင့် ရှည်ရှည်ရှုခြင်းက အဆုတ်ထဲလေပိုဝင်ပါသည်။ သတိထားပီး အသက်ရှုရပါမည်။
လေကိုဖြေးဖြေးနှင့် ရှည်ရှည်ရှုခြင်းက respiratory muscle များအသုံးပြုမှုကို လျော့ကျစေပါသည်။ လူပိုသက်သာပါသည်
၃။ လူနာအနီးတွင် ဆူညံသံများကို မပြုလုပ်ပါနှင့်၊ အသက်ရှုခြင်း တစ်ခုထဲကိုသာအာရုံစိုက်ရန် လူနာကို သတိပေးပါ။
၄။ ပက်လက်အနေအထားဖြင့် အသက်ရှုခြင်းသည် ပို၍ မောပါသည်( ထိုင်ပီးမှောက်လျှက်အနေအထားဖြင့် နေပါ)
၅။ လူနာ စိတ်အေးလက်အေးဖြစ်နေပါစေ( ကြောက်လန့်တကြားဖြစ်ပီး လူနာရုန်းကန်ပါက အခြေအနေကို ပိုမိုဆိုးဝါးစေပါသည်။ ထို့ကြောင့် ကြုံလာသည့် ပြဿနာကို စိတ်အေးအေးထားပီးရင်ဆိုင်ရန်အရေးကြီးပါသည်။)
၆။ အခန်းအပူချိန်ကို မပူလွန်း မအေးလွန်းဖြစ်နေဖို့လိုပါသည်။(26’C သည် လူအတွက်အကောင်းဆုံးအပူချိန်ဖြစ်သည် )
၇။ လူနာရှိသောအခန်းအား ပြူတင်းပေါက်များဖွင့်ထားပါ။
၈။ လူနာအနီးတွင် တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်းရှိနေပါစေ
၉။ အနံ့အသက်များ မရှိပါစေနှင့်( ညှော်နံ့, ခြင်ဆေးခွေနံ့, မြောင်းပုပ်နံ့, ရေမွေးနံ့ , ဟင်းနံ့ များ သည် အမောဖောက်လူနာအားပိုဆိုးစေပါသည်)
၁၀။ အသက်ရှုလမ်းကြောင်းတွင် ချွဲ သလိပ်များ ပိတ်ဆို့နေပါက လက်ဖြင့်ဖြစ်စေ , Suction Machine ဖြင့်ဖြစ်စေ ဖယ်ရှားပေးပါ။
🏮B. ခန္ဓာကိုယ်မှ Oxygen သုံးစွဲမှုများပြားခြင်းကို လျော့ချရန် 🏮
လူ့ခန္ဓာကိုယ်တွင် Oxygen အများဆုံးအသုံးပြုသည့် ကိုယ်အင်္ဂါများမှာ ဦးနှောက်, နှလုံးနှင့်ကြွက်သားများဖြစ်ကြပါသည်။
ဦးနှောက်နှင့် နှလုံး တို့ သည် oxygen ပြတ်၍မရပါ။
သဘာဝအရ ၄င်းအင်္ဂါများတွင် Oxygen နည်းလာပါက နှလုံးခုံမြန်လာပါမည်၊ အသက်ရှုမြန်လာပါမည်၊ စိုးရိမ်စိတ်ဝင်လာတတ်ပါသည်။
၄င်းအခြေနေတွင် ခန္ဓာကိုယ်မှ Oxygen သုံးစွဲမှုနည်းအောင် အောက်ပါ ကိစ္စများပြုလုပ်ပါ။
၁။ စိတ်အေးအေးထားပါ ၊ စိတ်မပူရန် အရေးကြီးပါသည်၊ မကြောက်ပါနှင့် ( စိတ်အေးချမ်းအောင်နေခြင်းသည် နှလုံးနှင့် ဦးနှောက် Oxygen သုံးစွဲမှုများစွာလျော့ကျစေပါသည်) ( အာနာပါန တရားအားထုတ်ဖူးသူများ ကိုယ်တွေ့သိပါသည်)
၂။လူနာသည် တတ်နိုင်သမျှ ငြိမ်ငြိမ်နေရပါမည်။ လှုပ်ရှားလေ ကြွက်သားများ oxygen ပိုသုံးလေ ပိုမောလေ ဖြစ်ပါသည်။ထို့ကြောင့်ငြိမ်ငြိမ်နေပါ။
၃။ သက်တောင့်သက်သာ အဖြစ်ဆုံးအနေအထားဖြင့်နေပါ။အဝတ်အစားကိုချောင်ချောင်လယ်လယ်ရှိသောချည်သား ဝတ်ဆင်ပါ။
၄။ တတ်နိုင်သမျှစကားမပြောပါနဲ့(စကားပြောလျှင်ပိုမောပါသည်)၊ စကာပြောနေသဖြင့်အသက်ရှုချိန်ကိုလည်းနည်းစေပါသည်။
၅။ လူနာကို အားပေးစကားပြောပါ။
၆။ စိတ်ရှုပ်စရာများမတွေးပါနှင့်၊ စိတ်ငြိမ်အောင် ဘုရားစာတစ်မျိုးရွတ်နေလို့ရပါသည်, အသက်ရှုတာကိုဘဲအာရုံစိုက်ပါ။ “ငါဒီအခက်အခဲကို ကျော်ဖြတ်နိုင်ရမည်”” ကျော်ဖြတ်နိုင်ရမည်” ဟုအကြိမ်ကြိမ်ရွတ်ပါ။
၇။ လူနာအနီးအသံဆူညံခြင်းမဖြစ်အောင် ဂရုစိုက်ပါ။ ဆူညံခြင်းကြောင့် စိတ်မတည်မငြိမ်ဖြစ်ပါသည်။ စိတ်မတည်ငြိမ်လျှင် ပိုမောပါသည်။
၈ ။ ချောင်းဆိုးချင်လာပါက အတတ်နိုင်ဆုံး အားမသုံးပါနှင့် အသာအယာ ဆိုးပါ။
၉ ။ လူနာအသက်ရှု မြန်လာပါက ဖြေးဖြေးနှင့် ရှည်ရှည်ရှုဖို့ ဘေးမှသတိပေးပါ။
မြန်မာပြည်သူပြည်သားများအားလုံး ရင်ဆိုင်ကြုံတွေ့နေကြရသည့် အခြေအနေဆိုး များမှ အမြန်ဆုံးလွတ်မြောက်ကြပါစေ
🙏🙏🙏
credit~Dr.kaung myat
16/07/2021
ငါမလိုသေးဘူးဆိုပြီး မဖတ်ဘဲ မကျော်သွားပါနဲ့...
သတိထားနိူင်အောင်လို့ပါ
ပိုက်ကို နှာခေါင်းမှာတပ်ပီးမှ အောက်စီဂျင်ဗူးကိုဖွင့်ထုတ်တာ နံဘေးကဘု(levelတင်တဲ့ခလုတ်)ကို လှည့်တာမျိုးမလုပ်ပါနဲ့ လေတွေဆောင့်ထွက်ရင် နှာခေါင်းမှာရှိတဲ့လေပြွန်ကွဲတတ်ပါတယ်
🛑ပထမ
အောက်စီဂျင်ကိုဖွင့်ပါ
🛑ဒုတိယ
နံဘေးကဘုကို ကိုယ်ပေးချင်တဲ့နေရာရောက်အောင်ဖြည်းဖြည်းချင်းလှည့်ပါ
🛑တတိယ
နှာခေါင်းအဝထဲထည့်မဲ့ပိုက်ပြွန်နှစ်ခုကနေ ထွက်လာတဲ့လေကို ကိုယ့်လက်ဖမိုးနဲ့ခံကြည့်ပါ လေထွက်ကြမ်းလွန်းရင်လျှော့ချပါ
🛑စတုတ်ထ
ပီးမှနှာခေါင်းမှာတပ်ပီးရှူပါ
ပီးရင်ရေဗူးထဲကရေမဆူတော့ရင်(အရှိန်လျော့လာရင်)ကိုယ်တင်ထားတဲ့ Level (အရစ်)မှာခုန်နေတဲ့ အသီးသေးသေးလေး အောက်ကိုကျသွားရင်
နှာခေါင်းပိုက်ကိုဖြုတ်ပီး လိုသလောက်ပြန်တင်ပါ
တော်တော်များများသေနေကြတာ ဒါတွေအမှားလုပ်မိလို့လဲပါပါတယ် ဂရုစိုက်ကြပါခင်ဗျာ
ပုံကနားလည်လွယ်အောင်လုပ်ပေးထားတာပါ
မူရင်းCrd
14/07/2021
ရိုးရိုးဖျားနေရင်တောင် ကိုယ့်ကိုကိုယ်သံသယဖြစ်နေတဲ့အချိန်မှာ ရာသီပေါ် တုပ်ကွေးနဲ့ ကိုဗစ်-၁၉ တို့ရဲ့လက္ခဏာနဲ့ ကွာခြားချက်လေးကိုရှင်းရှင်းလင်းလင်းသိရပြီဆို အနေအထိုင်နဲ့ အစားအသောက်ပြုပြင်နေထိုင်လို့ရအောင် မျှဝေခြင်းဖြစ်ပါတယ်...
အသေးစိတ်လေ့လာရန်
https://healthmatters.nyp.org/how-to-tell-the-difference-between-covid-19-vs-flu/
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
45 Kone, Street (1)
Mu-Se
06401