Jai Noung

Jai Noung

Share

သုတ/ရသ စာတိုပေစများရေးသားသည်။

02/09/2024

အရှင်ဘုရား..........။
လေး(4)ပါးသီလပဲ ပေးပါဘုရား.......
ဘာကြောင့်လဲဆိုရင်
သူ့ကိုမချစ်တော့ပါဘူးလို့
ကိုယ့်ကိုကိုယ်..........
ညာ/လိမ် နေရအုံးမှာ မို့လို့ပါ
အရှင်ဘုရား။

22/08/2024

Don't Talk about me .
You know my Name
Not my Story.
You can see my Smile
Not my Pain.
You can see my Cuts
Not my Scar's .
You can read my Lips
Not my Mids.

12/06/2024

ချစ်သောရေ........
လောကမှာ........
တောင်းဆုတွေတောင် မပြည့်မှတော့
ဘယ် ကောင်းမှုမှလဲ
မပြုချင်တော့ပါဘူးလေ...........။

11/06/2024

သူငယ်ချင်း...............
ပျော့ညံ့တဲ့စိတ်နဲ့
ဘယ်သူရှေ့မှ ဒူးသွားမထောက်မိပါ‌စေနဲ့။

ဘာကြောင့်လဲဆိုရင်.............
သနားလို့ပါဆိုပြီး
ဘယ်သူမှခင်ဗျားကို ဆွဲမထူဘူး
အကုန်တက်နင်းသွားကြမယ့်သူတွေကြီးပဲမို့...........။

10/06/2024

အမြဲတမ်း ထာဝရအတွက်
မဟုတ်ခဲ့ဘူးဆိုရင်
ချစ်တယ်ဆိုတဲ့စကားကို
လုံးဝမသုံးပါနဲ့လား..........။
ပြောတဲ့သူ အတွက်
ဘာမှမဟုတ်ပေမယ့်......
အပြော ခံရတဲ့သူအတွက်တော့
ဘဝကြီးတစ်ခုလုံးနဲ့ သက်ဆိုင်နေလို့ပါ😥🥀🥀🥀။

09/06/2024

လောကကြီးထဲမှာ
နေရာမှားပြီး ရွာတဲ့မိုး
လူမှားပြီး ပေးမိခဲ့တဲ့ မေတ္တာတွေအတွက်
ကျနော်ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး........။
ကိုယ့်ဘဝနဲ့ကိုယ်သာ ရှိပါစေတော့ဗျာ..........။

08/06/2024

ကျနော့်ဘက်ကကြီးပဲ ဆွဲထား ခဲ့ရတာမို့

ကျနော်လေ သူ့ကို လက်လွှတ် လိုက်ရတာပါ။

တကယ်ချစ်လို့ ပြန်ခေါ်ရမယ်ဆိုရင်တောင်မှ.......။

တော်ပါပြီဗျာ..........။

ဆယ်(၁၀)ခါ အသွားရှိပြီး

တစ်(၁)ခါမှ အပြန် မရှိတဲ့ ချစ်ခြင်းမေတ္တာမျိုး

ဘယ်သူက ကြာကြာ ပျော်‌နေနိုင်မှာလဲလေ.........။

ကျနော်ကြားဖူးတာ တစ်ခုရှိတယ်ဗျ

နှစ်ဦးနှစ်ဖက် ချစ်ကြိုက်နေတာမျိုး မဟုတ်ရင်

ကျနော့်ရဲ့ ဇွဲရှိနေမှု‌တွေက သူ့ရဲ့ကမ္ဘာမှာ

အနှောက်အယှက်တစ်မျိုး ဖြစ်စေတယ်လေ။

အဲ့တာကြောင့်မို့ သူနဲ့ဝေးရာကို

ကျနော်ထွက်သွားပေးခဲ့ရတာပါ။

မလိမ်ပါဘူးဗျာ.......

ကျနော်လေ သူ့ကို တကယ်ချစ်ခဲ့တာပါ.......။

23/04/2024

စာတွေအများကြီး ပို့ကြည့်ပြီးသွားပြီ။
တစ်ချို့ စာလေးတွေ
ဖတ်တယ်စာပြန်မလာဘူး။
တစ်ချို့ စာလေးတွေဆို
ဖတ်တောင်မကြည့်တော့ဘူး။
ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်တွေ
အဖြေတွေ ရှာရင်းကျနော်တစ်ယောက်တည်း
ကမ္ဘာတွေ ပျက်ခဲ့ရတဲ့ညတွေ
မျက်ရည်ကျခဲ့ရတဲ့ညမှ အများကြီးပါ
ကျနော်ခင်ဗျား အနား နေချင်တယ်ဆိုတဲ့
စကားတွေဟာတစ်ဘက်မှာ
လှောင်ရယ်ချင်စရာတွေဖြစ်မှန်း
ကျနော်မသိခဲ့တာလေ။

20/04/2024

ခင်ဗျားနဲ့ စကားပြောနေရရင်ကို ပျော်နေတတ်တဲ့ လူသားလေးပါ

လူသန်းပေါင်းများစွာထဲကမှ စကား အပြောချင်ဆုံးသူဟာ ခင်ဗျားပါ။

အားပြီ ဆိုတာနဲ့ ခင်ဗျားနဲ့ စကားပြောခွင့်ရဖို့ အရင်ဆုံး ကြိုးစားတတ်သူပါ။

စကားနည်းတဲ့ ဒီလူသားလေးက ခင်ဗျားနဲ့မှ ဖော်ဖော် ရွေရွေ စကားတွေ ပြောမိနေတာ။

ဘယ်သူ့ကိုမှ အရေးမလုပ်တတ်တဲ့သူက ခင်ဗျားဆီက Reply လေးများ ကြာရင် ပေါက်ကရတွေ တွေးတတ်နေပြီ။

သူများတွေ ပြောပြောနေကြတဲ့ အကြည်ဓာတ်လေးဆိုတာ ဒီလူသားလေးအတွက်တော့ ခင်ဗျားပါပဲ။

ခင်ဗျားဆီက Reply လေးများ ပုံမှန်ရနေရင် အပျော်ဆုံး လူသားပါ။

ခင်ဗျားပြောပြတဲ့ ဆုံးမစကားတွေကိုလည်း တစ်သဝေမတိမ်း လိုက်နာမှာပါ။

ခင်ဗျားနဲ့ စကားပြောနေရရင်ကို ပျော်တာ။

ဒါပေမယ့်လည်းလေ..............

19/04/2024

ပြစ်ထားပါများရင်
နေတတ်သွားတာပဲမဟုတ်လား
သူနဲ့စကားမပြောရရင်ကိုယ့်မှာ ပျာယာကိုခပ်လို့
သူ့မျက်နှာလေးမှမမြင်ရရင်ကိုယ့်မှာ မျက်ရည်တွေကိုဝဲလို့
မချစ်တော့တာလားလို့တွေးမိရင် ကိုယ်မှာ . . . .

အိပ်ရေးတွေလဲပျက်လို့ပေါ့
သူမရှိပဲမနေနိူင်ပါဘူးဆိုတဲ့ အတွေးတွေရယ်
သူမရှိပဲမနေချင်ပါဘူးဆိုတဲ့ .... အတွေးတွေနဲ့
အမြဲတမ်းကိုယ့်မှာရှင်သန်နေခဲ့မိတာပါ

18/04/2024

မေတ္တာ

မေတ္တာ တဲ့ အသွားအပြန်ဆိုတာ ဝေးလို့
ကိုယ်ကသွားပြီးကိုယ်ပဲပြန်ခဲ့ရတာပါ။

သတိရတယ်ခဗျားလေးရယ်
ညညဆိုခဗျားလေးရဲ့အကောင့်လေး
မီးစိမ်းနေတာကိုကြည့်ပြီး
ဒီချိန်မှာဘာလုပ်နေမယ်ဆိုတဲ့အသိနဲ့
ခဗျားလေးရှိ‌နေသလိုပါပဲ။

တကယ်ချစ်ခဲ့တာပဲလေဆိုတဲ့
အသိနဲ့ဖြေစရာရှာကြည့်ပါသေးတယ်။
ပိုလို့သာ ခံစားရတာပါ။

လွမ်းပါတယ်ဆိုတာကိုလိမ်လို့မှမရတာ
မီးစိမ်းနေတဲ့အကောင့်လေးကို
ကြည့်ပြီးတစ်ညလုံးထိုင်လွမ်းရတာလဲ
ဝဋ်ကြွေးတွေနဲ့တူပါတယ်။

နာမ်စားလေးတွေသုံးပြီး
ခေါ်ခဲ့ကြဖူးတဲ့ နာမည်လေးကို
တိုးတိုးဖွဖွရွတ်နေရင်းမျက်ရည်တွေကျတဲ့အထိပါပဲ။

09/04/2024

When you feel sad
Just remember that
I am here for you
I may not be much
But I'll always be by your side
No matter what happens .

Want your business to be the top-listed Beauty Salon in Mu-se?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mu-Se