Health & Beauty by Daw Shwe Hnin

Health & Beauty by Daw Shwe Hnin

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Health & Beauty by Daw Shwe Hnin, Health/Beauty, No. 4 Aungdana Street, Myawadi.

28/06/2026

🤍

25/06/2026

"Trauma "(စိတ်ဒဏ်ရာ)

"ဘယ်လို စိတ်ဒဏ်ရာ မျိုးက ခွင့်မလွှတ်ပေးနိုင်လဲ?"ဆိုရင် နာကျင်သွားမယ်ဆိုတာကို သိသိရက်နဲ့ တမင်သက်သက် လုပ်လိုက်တဲ့ စိတ်ဒဏ်ရာမျိုးတွေပါ ။

ဘယ်လို "စိတ်ဒဏ်ရာ"မျိူးလဲ ဆိုရင်👇

ဒီလို လုပ်လိုက်တာက/ဒီလို လုပ်​နေတာ​တွေက ကိုယ့်ကို နာကျင်စေမယ်ဆိုတာ သိရက်နဲ့မှ အကြိမ်ဖန်များစွာ ဆက်လုပ်​နေတာမျိုးကိုပေါ့ ။

အဲ့ဒါကို အမှားလို့ မခေါ်ဘူး။ အဲ့ဒါကို "ရွေးချယ်မှု" လို့ ခေါ်ပါတယ်။ ကိုယ်နာကျင်နေရရင်တောင် သူဆက်လုပ်မယ်ဆိုတဲ့ ရွေးချယ်မှု မျိုးပါ။

အကြိမ်ကြိမ်​တောင်းပန် အကြိမ်ကြိမ်သီးခံပြီး အကြိမ်ကြိမ် ခွင့်လွတ်ခဲ့​ပေမယ့် အဲ့အမှားကိုပဲ ထပ်ခါထပ်ခါ ထပ်လုပ်​နေရင် ဒါဟာ နာကျင်​စေချင်လို့လုပ်တာ ပဲဆိုတာ ​သေချာ​နေပြီ​လေ ..

ကိုယ့်ဘက်က အတိတ်မှာ သူ့ကို နာကျင်​အောင်လုပ်ခဲ့ဖူးလို့ ​နောက်ထပ် နာကျင်​အောင် မလုပ်​တော့ပဲ အ​ကောင်းဆုံး​တွေပဲ ​ပေးဖို့ အတက်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်...

အချိန်နဲ့​နေရာ မှားခဲ့တယ် ထင်ပါရဲ့...

Right Person ​ပေမယ့် Wrong Time ဖြစ်သွားပုံ ရတယ်

အနာဂတ်မှာ ​ကိုယ်မဟုတ်တဲ့ အခြားတစ်​ယောက်နဲ့ လူမှန် /အချိန်မှန် ​တွေ့နိုင်ပြီး လက်ကျန် ဘဝကို ​ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါ​စေလို့.....

အမေစု နိုဘယ်လ်ဆုရစဥ်က အမေစုအတွက် ရေးသားထားသော ဆောင်းပါးတိုများ(တင်ဆက်သူ-ဝင်းနှင်းဇာ) 18/06/2026

🤍

အမေစု နိုဘယ်လ်ဆုရစဥ်က အမေစုအတွက် ရေးသားထားသော ဆောင်းပါးတိုများ(တင်ဆက်သူ-ဝင်းနှင်းဇာ) ရသ၊ သုတ၊ စာပေ၊ ဆောင်းပါး ဝတ္ထု ကောင်းတွေအမြဲနားဆင်ဖို့အတွက် ကျွန်မ...

14/06/2026

🖤

07/06/2026

ဟုတ်ကဲ့...
ထားခဲ့တာက "ကိုယ်"ဆို​ပေမယ့် သူကပဲ ​နောက်တစ်​ယောက်နဲ့ အရင် Move On သွားတယ်...
ခုထိလည်း ကိုယ့်အ​ပေါ်မှာ မှားခဲ့တာ​တွေကို ​နောင်တမရတဲ့အပြင် ကိုယ့်ရဲ့ အမှား​တွေကိုပဲ အမှတ်ရ​နေဆဲ...
ကိုယ့်မှာ​တော့ သူ့​ကြောင့်နဲ့ Trauma ​တွေရခဲ့လို့ တခြားတစ်​ယောက်က "ချစ်တယ်လို့" လာ​ပြောရင်​တောင် ထိတ်လန့်​ခြောက်ခြားနေတာ...
သူ့လို Move on ဖို့မ​ပြောနဲ့ ​မေ့​တောင်မ​မေ့နိုင်​သေးဘူးရယ်...
မှန်​သောစကား​ပြောရရင် "တကယ်ချစ်ခဲ့ပါတယ်.."
"ခုထိလည်း ချစ်​နေဆဲပါ..."
"ပြန် မလိုချင်​တော့တာ တစ်ခုပဲ...."

(​နောက်လူရင်မှာ ​​ပျော်နိုင်ပါ​စေ​နော်...
လိုချင်​နေတဲ့အချစ်မျိူးကို ရ​နေပြီဆို​တော့ အတိုင်းမသိ ဝမ်းသာပါ​ကြောင်း..)

06/06/2026

"မင်းက ဘာလို့ အမြဲတမ်း ငါ့ကို ထားသွားချင်​နေရတာလဲ?"...တဲ့....

ရုတ်တရက် အတိတ်ကိုပြန်​မြင်​ယောင်မိသွားတယ်..
(ဒီစကားမျိူးကို လွန်ခဲ့တဲ့ ၄နှစ်​လောက်က ကြားခဲ့ဖူးတယ်)
အဲ့အချိန်က ကိုယ့်ရဲ့ အသိစိတ်ထဲ အချစ်​တွေ ထပ်တူမကျခဲ့လို့/​ပေးသ​လောက် ပြန်မရခဲ့လို့ ရင်နာနာနဲ့ ထားခဲ့တာ...
မထားခဲ့ရင်လည်း ဒီထက်ပိုပြီး ပျက်စီးဖို့ပဲ ရှိတာမို့..

ထားခဲ့မိလို့လည်း ​နောင်တမရဘူး...
တိုက်ဆိုင်မှူ​တွေ ရှိ​ရင်​တော့ တခါတ​လေ ဒဏ်ရာ​တွေက ယင်းထလာတယ်...
ဘဝနဲ့ရင်းပြီး ရခဲ့တဲ့ သင်ခန်းစာ​တွေမို့ ​သေတဲ့အထိ ​မေ့မယ် မထင်ဘူးရယ်...
​သြော်....အချစ်...အချစ်...

ပူ​လောင်လွန်းလိုက်ထှာ....😁😁😁

Want your business to be the top-listed Beauty Salon in Myawadi?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 4 Aungdana Street
Myawadi