Mi Mi Natural Bird's Nest

Mi Mi Natural Bird's Nest

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mi Mi Natural Bird's Nest, Health/Beauty, အမှတ် ၃၅၅ အောင်ချမ်းသာလမ်း, ရေပုန်းရပ် မြိတ်မြို့, Myeik.

အကောင်းဆုံးသဘာဝငှက်သိုက်စစ်စစ်ကို ဝယ်ယူချင်တယ်ဆိုရင်တော့ Mi Mi Natural Bird's Nest ကိုသတိရလိုက်ပါ

သဘာဝငှက်သိုက်ကုန်ကြမ်းများကို ဂရုတစိုက်သန့်စင်ပြီး ပေါင်းရန်အသင့် ငှက်သိုက်ခြောက်နှင့် Ready-to-Drink ငှက်သိုက်ပေါင်းရည်များ ထုတ်လုပ်ရောင်းချပါတယ်။

07/09/2026

အရေးပေါ် ဖြေရှင်းနိုင်သည့် နည်းလမ်းများ
———————-

၁ ။ နှလုံးခုန်တာ မြန်လွန်းနေရင်..
၂ -၃ ကြိမ်လောက် အားပြင်းပြင်းနဲ့ ချောင်းဆိုးလိုက်ပါ။ နှလုံးစည်းချက်ကို ပြန်လည် ပြင်ဆင်ပေးနိုင်ပါတယ်။

၂ ။ ကောင်းကောင်း အသက်ရှူလို့မရ ဖြစ်နေရင်…
သင့်လက် ၂ ဖက် ကို ခေါင်းပေါ်တင်ထားလိုက်ပါ။ သင့် အဆုတ် ပွင့်လာနိုင်ပါတယ်။

၃ ။ ရုတ်တရက် ကြောက်စိတ်ဝင်လာရင်…
အေးတဲ့အရာ တစ်ခုခု ( သတ္တု၊ ရေ၊ ဖုန်း ) ကို ထိတွေ့လိုက်ပါ။ သင့်ဦးနှောက်က ကြောက်ရွံ့တာကနေ တစ်ခြားအရာကို ပြောင်းရွှေ့သွားနိုင်ပါတယ်။

၄ ။ ခေါင်းမူးနေရင်..
တစ်နေရာရာကို အာရုံစိုက်ကြည့်ပြီး ခြေထောက်တွေကို တင်းကျပ်ထားလိုက်ပါ။ သွေးတွေ ဦးနှောက်အတွင်းသို့ အမြန် ပြန်ရောက်နိုင်ပါတယ်။

၅ ။ အတွေးလွန်နေရင်…
နံပါတ် ၁၀၀ မှ ၇ ဆီနှုတ်ပြီး နောက်ပြန် ရေတွက်ပါ။ ဥပမာ ၁၀၀ ၊ ၉၃ ၊ ၈၆ ၊ ၇၉…

၆ ။ အိပ်မပျော်ဖြစ်နေရင်..
အသက်ရှူထုတ်တာကို ရှူသွင်းတာထက် ပိုရှည်လိုက်ပါ။ ၄ -၇ ( ရှူသွင်း ၄ မှတ် ရှူထုတ် ၇ မှတ် ) သင့်ဦးနှောက်က အိပ်စက်ဖို့ ပြင်ဆင်ပေးပါမယ်။

၇ ။ နှာပိတ်နေရင်…
အသက်အောင့်ထားပြီး ဖြည်းဖြည်းချင်း ဦးခေါင်းညိတ်လိုက်ပါ။ ပိတ်နေတဲ့ နှာလမ်းကြောင်း ပွင့်ထွက်သွားနိုင်ပါတယ်။

၈ ။ ရုတ်တရက် စိုးရိမ်စိတ်ဝင်လာရင်…
မျက်နှာကို ရေဖျန်းလိုက်ပါ။ စိတ်အေးချမ်းမှုရတဲ့ တုံ့ပြန်မှုကို နှိုးဆွနိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

06/09/2026

အမာခံအားပေးသူညီမလေးရေ ကျေးဇူးအထူးပါခင်ဗျား🙆

05/09/2026

မိမိရဲ့Brainကိုသတိတရcheckingလုပ်ဖို့မမေ့နဲ့နော်

04/09/2026

03/09/2026

ပေါင်းရည် အမာခံအားပေးတဲ့ညီမလေးရေ ကျေးဇူးအထူးပါခင်ဗျား🙆

02/09/2026

ကျွန်တော်တို့ရဲ့ကုန်ချောများကို စောင့်ဆိုင်းပြီးမှာယူအားပေးထားလို့ ကျေးဇူးအထူးပါခင်ဗျား🙆

01/09/2026

သင့်အူတွေက အာဟာရကို စုတ်ယူမှု မရှိတဲ့ လက္ခဏာများ
———————
၁ ။ အစာစားအပြီး လေပွခြင်း..
အစာမကြေဖြစ်နေတာက အစာခြေအင်ဇိုင်းနည်းပါးနေတာ၊ အစာအိမ်အက်စစ်နည်းပါးနေတာ ဒါမှမဟုတ် သည်းခြေရည်စီးဆင်းမှု အားနည်းတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

၂ ။ မကြာခဏ လေလည်ခြင်း..
လေလည်များနေတာက အစာကသေချာကြေညက်ရမယ့်အစား အချဉ်ဖောက်သွားတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

၃ ။ ဝမ်းချုပ်ခြင်း..
အစာရွေ့လျားမှု နှေးကွေးတာကြောင့် အညစ်အကြေးတွေ စုပုံလာပြီး သတ္တုဓာတ်စုတ်ယူမှု ( အထူးသဖြင့် မဂ္ဂနီဆီယမ်) လျော့ကျသွားပါတယ်။

၄ ။ လက်သည်းအားနည်းခြင်း..
လက်သည်းကျွတ်ဆတ်နေတာက ပရိုတင်း၊ သံဓာတ်၊ သွပ်( ဇင့် ) ချို့တဲ့တာရဲ့အကျိုးဆက် ဒါမှမဟုတ် စုတ်ယူမှု ညံ့ဖျင်းတာကြောင့်ပါ။

၅ ။ အရေပြားခြောက်သွေ့ခြင်း..
အဆီစုတ်ယူမှု အားနည်းတဲ့အတွက် အိုမီဂါ-၃ ချို့တဲ့လာပြီး အရေပြားရဲ့အဆီ ခမ်းခြောက်နေတာကြောင့်ပါ။

၆ ။ ဝမ်း ( မစင်) ထဲမှာ အစာစိမ်းတွေ ပါဝင်ခြင်း..
ဝမ်းထဲမှာ အစာတုံးတွေ ပါဝင်နေတာက အစာကြေမှု အားနည်းတာနဲ့ အူသေးက စုတ်ယူနိုင်မှု လျော့နည်းတာကြောင့်ပါ။

၇ ။ ဝမ်းပျက်ဝမ်းလျောခြင်း..
အစာရွေ့ရှားချိန် မြန်ဆန်တာကြောင့် အာဟာရ စုတ်ယူနိုင်စွမ်းလျော့နည်းနိုင်ပါတယ်။ သင်ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို စားရင်တောင်ပါ။

၈ ။ စွမ်းအင်နည်းပါးခြင်း..
အာဟာရတွေကို မစုတ်ယူနိုင်တဲ့အတွက် ပင်ပန်းနွမ်းနယ်နိုင်ပါတယ်။

၉ ။ ဆံပင်ကျွတ်ခြင်း..
ဆံပင်ကျွတ်တာက သံဓာတ်ချို့တဲ့တာ၊ ပရိုတင်းရရှိမှုနည်းပါးတာ ၊ သိုင်းရွိုက်အားနည်းတာ ဒါမှမဟုတ် အူပြဿနာနဲ့ ဆက်စပ်မှု ရှိပါတယ်။

၁၀ ။ အစာစားချင်စိတ် အာသာပြင်းပြခြင်း..
အစာစားဖို့အာသာပြင်းပြနေတာက သူ မရရှိခဲ့တဲ့ သတ္တုဓာတ်နဲ့ စွမ်းအင်ကို ခန္ဓာကိုယ်က ရအောင် လိုက်ယူနေတာဖြစ်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
# ဒေါက်တာခင်မိုးမိုး

31/08/2026

အတွေးကောင်းတစ်ခုရရှိမှာမို့videoကိုအဆုံးထိကြည့်ပေးနော်

29/08/2026

ဒီပြဿနာတွေက ဒီဗီတာမင်နဲ့ ဒီသတ္တုဓာတ်တွေ လိုအပ်နေတာကြောင့်ပါ။
—————-
၁ ။ အသားအရေခြောက်သွေ့ခြင်း။
ဗီတာမင် A လိုအပ်နေတာကို ညွှန်ပြနေတာပါ။

၂ ။ မကြာခဏ ရောဂါပိုးကူးစက်ခံရခြင်း။
ဗီတာမင် C လိုအပ်နေပါတယ်။

၃ ။ စိတ်ဓာတ်ကျတာ ဒါမှမဟုတ် စိတ်ခံစားချက်မကောင်းခြင်း။
ဗီတာမင် E ၊ ဗီတာမင် B နဲ့ မဂ္ဂနီဆီယမ် လိုအပ်နေပါတယ်။

၄ ။ နှလုံးသွေးကြောပြဿနာဖြစ်နေခြင်း။
ဗီတာမင် B1 ( သိုင်ရာမင်း) လိုအပ်နေပါတယ်။

၅ ။ ရောင်ရမ်းမှုဖြစ်ခြင်း ဒါမှမဟုတ် ခံတွင်းမှာ အနာပေါက်ခြင်း။
ဗီတာမင် B2 ( ရိုင်ဘိုဖလေဘင်) လိုအပ်နေပါတယ်။

၆ ။ မှတ်ဥာဏ်ဆုံးရှုံးခြင်း ဒါမှမဟုတ် ဇဝေဇဝါဖြစ်ခြင်း။
ဗီတာမင် B3 ( နိုင်ရာစင်) လိုအပ်နေပါတယ်။

၇ ။ သွေးအားနည်းခြင်း ဒါမှမဟုတ် အားနည်းခြင်း။
ဗီတာမင် B6 နဲ့ သံဓာတ် လိုအပ်နေပါတယ်။

၈ ။ မွေးရာပါချို့ယွင်းခြင်း ဒါမှမဟုတ် သန္ဓေသားဖွံ့ဖြိုးမှု အားနည်းခြင်း။
ဖောလစ်အက်စစ်( ဗီတာမင် B9 ) လိုအပ်နေပါတယ်။

၉ ။ အာရုံကြော ဒါမှမဟုတ် မှတ်ဥာဏ်ပြဿနာ ။
ဗီတာမင် B12 လိုအပ်နေပါတယ်။

၁၀ ။ ဆံပင်ကျွတ်ခြင်း ဒါမှမဟုတ် လက်သည်းကျွတ်ဆတ်ခြင်း။
ဗီတာမင် B7 ( ဘိုင်အိုတင်)နဲ့ ဆီလီနီယမ် လိုအပ်နေပါတယ်။

၁၁ ။ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေခြင်း။
ဗီတာမင် B5 ( ပန်သိုသနစ်အက်စစ်) လိုအပ်နေပါတယ်။

၁၂ ။ ကြွက်တက်ခြင်း။
ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်လိုအပ်နေပါတယ်။

၁၃ ။ ဓမ္မတာလာစဉ်ကိုက်ခဲခြင်း။
သံဓာတ် လိုအပ်နေပါတယ်။

၁၄ ။ နှလုံးခုန်ရင်တုန်ခြင်း ဒါမှမဟုတ် စိုးရိမ်စိတ်များခြင်း။
မဂ္ဂနီဆီယမ် လိုအပ်နေပါတယ်။

၁၅ ။ အနာကျက်နှေးခြင်း ဒါမှမဟုတ် ဝက်ခြံပေါက်ခြင်း။
ဇင့် ( သွပ်) လိုအပ်နေပါတယ်။

၁၆ ။ အရိုးနာကျင်ခြင်း။
ကော့ပါး၊ ဗီတာမင် D နဲ့ ကယ်လ်ဆီယမ် လိုအပ်နေပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

28/08/2026

နေ့စဉ်စားသုံးပေးသင့်တဲ့အသီးတစ်မျိုးအကြောင်း👇

Want your business to be the top-listed Beauty Salon in Myeik?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


အမှတ် ၃၅၅ အောင်ချမ်းသာလမ်း, ရေပုန်းရပ် မြိတ်မြို့
Myeik
14051