Medical knowledge

Medical knowledge

Share

ဆေးဝါ/ကျန်းမာရေးတွေနဲ့ ပတ်သက်ပြီး သိစရာ ဗဟုသုတလေးတွေ အမြဲတန်းတင်ပေးပါသည်။

Photos from Medical knowledge 's post 27/02/2024

Vitamin B1 , B6 , B12

Vitamin B1,B6,B12တို့သည် ဦးနှောက်နှင့်အာရုံကြောအဖွဲ့အစည်းအတွက်အလွန်အရေးကြီးသောVitaminများဖြစ်ပါတယ်။

Uses-Nerve ကြောများရောင်ခြင်း၊
-Nerve ကြောများနာကျင်ခြင်း၊
-လည်ပင်းကျီးပေါင်းတက်ခြင်း၊
-ခါးနာခြင်း၊
-ပခုံးဆစ်ရောင်ရမ်းကိုက်ခဲခြင်း တို့တွင်အသုံးပြုပါတယ်။
-အရက်နှင့်သွေးချိုဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါများတွင်အသုံးပြုပါတယ်။
-ရေယုန်ရောဂါဖြစ်ပြီး nerveရောင်ရမ်းနာကျင်ခြင်းအတွက်လည်းအသုံးပြုပါတယ်။
-မျက်နှာတစ်ခြမ်း နာကျင်ကိုက်ခဲသည့် အာရုံကြောရောင်ရောဂါတွင်လည်းအသုံးပြုပါတယ်။

မှတ်ချက်-ဆေးဝါးများအသုံးပြုမည်ဆိုလျှင် ဆရာဝန်(သို့မဟုတ်)ဆေးဝါးပညာရှင်များနှင့်တိုင်ပင်ပြီးမှသာအသုံးပြုရန်။

12/02/2024

အောက်ဖော်ပြသည့် ဆေးသည်.....ဖြစ်သည်။
A.သွေးကျဆေး
B.သွေးကျဲဆေး
Cသွေးတွင်းအဆီကျဆေး

Photos from Medical knowledge 's post 07/02/2024

Dextromethorphan (ဒက်စ်ထရိုမီသော်ဖန်)

ဦးနှောက်တွင်းရှိ ချောင်းဆိုးခြင်းကို လှုံ့ဆော်သော အစိတ်ပိုင်းကို ဖိနှိပ်ထားခြင်းအားဖြင့် ချောင်းဆိုးသက်သာစေသော ဆေးတစ်မျိုးဖြစ်ပါတယ်။

Uses-ချောင်းခြောက်ဆိုးခြင်း တွင်အသုံးပြုပါတယ်။

***ချောင်းဆိုးပျောက်ဆေးအရည် အများစုတွင် အဓိကပါဝင်သောဆေးဖြစ်ပါတယ်။
***ချောင်းဆိုးပျောက်ဆေးများတွင်လည်း အခြားဆေးများနှင့်တွဲ၍ ပါဝင်ပါတယ်။(ဥပမာ-Detussin တွင် Dextromethorphan နှင့် Bromhexine တို့တွဲ၍ပါဝင်ပါတယ်။)

***အိပ်ငိုက်ခြင်း၊ခေါင်းမူးခြင်း၊ဝမ်းဗိုက်မအီမသာဖြစ်ခြင်းမှ လွဲ၍ ထူးထူးထွေထွေ ဆေးအပြစ်မရှိပါ။

မှတ်ချက်-ဆေးဝါးများအသုံးပြုမည်ဆိုလျှင် ဆရာဝန်(သို့မဟုတ်)ဆေးဝါးပညာရှင်များနှင့်တိုင်ပင်ပြီးမှသာအသုံးပြုရန်။

03/02/2024

Hello !
အသားအရေ အတွက်ဆေးလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးမယ်နော် 💜

💙EV- O3💙

သူ့မှာ အသားအရေအတွက် လိုအပ်တာတွေပဲစုထားသလိုပါပဲ​နော်

🌸Vitamin E အသားအရေ အတွက်အဓိကပါပဲ အသားကြည်တယ် ၊ စိုပြေလာမယ်

🌸Wheat germ oil သူ့က anti aging အိုမင်းရင့်ရော်မှုကို တာဆီးပေးတော့ skin care တော်တော်များများမှာလဲတွေ့တယ် ။ သူ့တမျိုးထဲပါတဲ့ ဆေးတွေလည်းရှိတယ်။ သူတမျိုးထဲ သောက်ရင် လည်းရသလို
Vitamin E နဲ့ပေါင်းလိုက်တော့ အတိုင်းအထက်အလွန်ပေါ့။

🌸 Omega သူက အသားအရေအတွက်လည်းကောင်းတယ်။ မျက်စိ၊ ဦးနှောက်အတွက်လည်း brain functions တွေအတွက်လည်းပေးတယ်။
ဝက်ခြံဖြစ်တဲ့ သူတွေအတွက် ဆရာဝန်တော်တော်များများက omega 3 ကိုအသားအရေအတွက်ရော မလိုတဲ့ မကောင်းတဲ့ အဆီတေ မဖြစ်ဖို့ ပေးကြပါတယ်။

💁🏼‍♀️ ဒီအာနိသင် ၃ မျိုးရောထားတဲ့ ဒီဆေးလေးဟာဆိုရင်ဖြင့် ☺️☺️
မင်မင်မပြောတော့ဘူး သောက်ကြည့်ပါလို့
ဈေးနှုန်းလည်း သင့်တယ်
တစ်လစာကို တစ်သောင်းပတ်ဝန်းကျင်ပဲ ။
Collagen တွေ မသောက်ချင်သေးရင် ဒါလေးစမ်းသောက်လို့ရပါတယ်နော်💙

24/01/2024

ဒီနေ့ရော အသည်းကျော်လေးတွေအကြိုက် 𝐆𝐫𝐨𝐯𝐢𝐭 တိုက်ဖို့ Ready ပဲလား❓

သားသားမီးမီးတွေ နေ့ရက်တိုင်းမှာ လန်းဆန်းတက်ကြွဖို့နဲ့ ကိုယ်ခံအားကောင်းနေဖို့ဆို 𝐆𝐫𝐨𝐯𝐢𝐭 လေး နေ့တိုင်း တိုက်ပေးဖို့ လိုပါတယ်နော် 👶💪

ခုလို အအေးပိုလာတဲ့ရက်တွေမှာ ရာသီအကူးအပြောင်းကြောင့် နှာစေးချောင်းဆိုးမဖြစ်အောင်၊ နေမကောင်းမဖြစ်အောင်ဆိုရင် 𝐕𝐢𝐭𝐚𝐦𝐢𝐧 တွေ အများကြီးပါဝင်တဲ့ 𝐆𝐫𝐨𝐯𝐢𝐭 အားဆေးလေးကို တစ်နေ့တစ်ကြိမ် ပုံမှန်တိုက်ပေးဖို့ လိုပါတယ်....ဒါမှသာ ဘေဘီလေးတို့ ကိုယ်ခံစွမ်းအားကောင်းမွန်ပြီး ရောဂါဘေးအန္တရာယ်တွေကနေ ကင်းဝေးနိုင်မှာပါ ❄️🦠

𝐆𝐫𝐨𝐯𝐢𝐭 က 𝐌𝐢𝐱 𝐅𝐫𝐮𝐢𝐭 𝐅𝐥𝐚𝐯𝐨𝐫 လေးဖြစ်လို့ ဆေးခဲတွေ၊ ဆေးလုံးတွေသောက်ရမှာ ကြောက်တတ်တဲ့၊ ဆေးမသောက်ချင်ဘူး ခါးခါးကြီးလို့ အော်ငြင်းနေတတ်တဲ့ ဘေဘီလေးတွေအတွက်လည်း အဆင်ပြေစေတဲ့ အရည် Type လေးလည်း ဖြစ်ပါတယ်နော် 😋

ဒါကြောင့် ဆောင်းတွင်းမှာလည်း ဖျားနာခြင်းကင်းဝေးပြီး ဦးနှောက်ဥာဏ်ရည်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့အတွက် အထောက်အကူပြုပေးမယ့် 𝐆𝐫𝐨𝐯𝐢𝐭 အားဆေးလေးကို နေ့စဉ်တိုက်ပေးရင်း အသဲကျော်လေးတွေ အမြဲတမ်း ရွှင်လန်းဆော့ကစားနိုင်အောင် မေမေတို့က ကူညီပံ့ပိုးပေးလိုက်ရအောင်လားနော် 💛

#ကလေးအားဆေး

Photos from Medical knowledge 's post 22/01/2024

Losartan (လိုဆာတင်)

Angiotensin 2 ဆန့်ကျင်ဆေးတစ်မျိုးဖြစ်ပါတယ်။

Uses-သွေးတိုးရောဂါ၊
-သွေးချို ဆီးချိုရောဂါကြောင့် ကျောက်ကပ်ထိခိုက်ခြင်း တို့တွင် အသုံးပြုပါတယ်။
-နှလုံးအားလျော့ခြင်းတွင်လည်း အသုံးပြုနိုင်ပါတယ်။
-ချောင်းခြောက်ဆိုးခြင်း ဆေးအပြစ်ကိုမခံစားလိုသော လူနာများ ACE Inhibitor ဆေးအစားအသုံးပြုနိုင်ပါတယ်။

***ACE Inhibitors နှင့်အာနိသင်တူညီပါတယ်။
***သွေးကြောများကို ကျယ်စေပြီးသွေးပေါင်ကျစေနိုင်ပါတယ်။

မှတ်ချက်-ဆေးဝါးများအသုံးပြုမည်ဆိုလျှင် ဆရာဝန်(သို့မဟုတ်)ဆေးဝါးပညာရှင်များနှင့်တိုင်ပင်ပြီးမှသာအသုံးပြုရန်။

20/01/2024

ပါဝင်သော Norbactin သည် ….. ဆေးဖြစ်သည်။
(1) ဆီးချိုကျဆေး
(2) ပိုးသတ်ဆေး
(3) အအန်ပျောက်ဆေး

18/01/2024

မွေးဖွားလာကြတဲ့ ကံတွေမတူတာမို့

လောကဓံရဲ့ အချိုအခါး

ဖြတ်သန်းရပုံတွေလည်း ကွဲပြားကြတယ်။

ဒါကြောင့်

ကိုယ်လုပ်နိုင်တာကိုပဲ အကောင်းဆုံးလုပ်ပါ

ဘယ်သူနဲ့မှ ကိုယ့်ဘဝကို နှိုင်းယှဉ်ပြီး

စိတ်ပျက်အားငယ်နေစရာ မလိုပါဘူး!! ❤️

# မူရင်းရေးသားသူအားလေးစားစွာcreditပေးပါတယ်ရှင်🙏

28/12/2023

ဓါတ်ပုံပါ​ဆေးမှာ ------- ဖြစ်ပါသည်။
A. ရိုးရိုးအ​ရောင်ကျ​ဆေး
B. ပိုးသတ်​ဆေး
C. ဆီးချို​ဆေး
D. ​သွေး​ပေါင်ကျ​ဆေး

28/10/2023

သီတင်းကျွတ်လပြည့်နေ့

သီတင်းကျွတ်လပြည့်ည
ဆီမီးမြိုင်မြိုင် ထွန်းညှိကြ
ဗုဒ္ဓမြတ်စွာဘုရားသည်
တာဝတိံသာမှ မယ်တော်မိနတ်သားကို
အဘိဓမ္မာတရားနှင့် ကျေးဇူးဆပ်ခါ
သုံးလကြာ ဟောကြားရာ
ပြီးဆုံးသည့် အခါသမယ
လူ့ပြည်သို့ ပြန်လည်ကြွ

ဘုရင်မင်းမြတ်နှင့် ပရိသတ်အ‌များက
ဆီမီးများဖြင့် ကြိုဆိုပူဇော်ရာ
ထိုစဉ်အခါမှ စတင်ခဲ့ကြ
သီတင်းကျွတ်လပြည့်ည

မိဘနှင့် ဆရာသမား ကျေးဇူးရှင်များ
အသက်ကြီးသူ ဆွေမျိုးများအား
ဂါရဝတရားနှင့် ကန်တော့ကြ
သီတင်းကျွတ်လ။

ဒေါ်မြင့်မေ ( ဇီဇဝါနေသွေး)

Want your business to be the top-listed Beauty Salon in Myitkyina?
Click here to claim your Sponsored Listing.

Category

Website

Address


Myitkyina