Yung’s vlogs
https://www.tiktok.com/@y_for_yung?_t=ZS-8wpvMDOJuC1&_r=1
Please follow for more entertainment video vlogs and knowledge🎀🥰
02/02/2026
အခုချိန်မှာ ဖင်လန်တစ်နိုင်ငံလုံးမှာ အပူချိန်ကျဆင်းပြီး အအေးချိန်ပိုမြင့်မားနေတာကြောင့် (-29ဒီဂရီထိ)အပြင်မှာ နှင်းမကျရင်တောင် အေးစိမ့်နေတာဘဲ
-22 ဒီဂရီကြီးမှာ မနက်၅နာရီထပြီး practical training သွားရတာ ပျော်စရာကြီးပါ(ငိုသံတော့နည်းနည်းပါတယ်) ဘယ်လောက်အေးလဲဆို မာဖလာတွေ ဆံပင် မျက်တောင်တွေမှာနှင်းခဲတွေဖြစ်တဲ့ထိဘဲ
Busနဲ့သွားလို့ရပေမယ့် ပိုက်ဆံချွေတာချင်တာကြောင့်ရယ် စက်ဘီးရှိတာကြောင့်ရယ်နဲ့ စက်ဘီးနဲ့ဘဲသွားတယ် အေးတာတောင် စိမ့်ပြီးပါးတွေတောင်ထုံတယ် ဒါပေမယ့်လဲမတတ်နိုင်သွားရအုံးမှာဘဲ 😄
နှင်းတွေကျတာကို အိမ်ကနေကြည့်ရင်တော့ အရမ်းဖြူစင်အေးမြပြီး လှပတယ် ဒါပေမယ့်အလုပ်သွားကျောင်းသွားရင်တော့ နှင်းတွေဟာ အနှောင့်အယှက်ကြီးကိုဖြစ်လို့ ညဆိုလဲမီးရောင်အောက်မှာ နှင်းတွေတလက်လက်နဲ့လှနေရော💕
နေလဲမထွက် ညအမှောင်ချိန်ကပိုများတော့အပြင်သွားရင်လဲကျောစိမ့်ပြီးကြောက်တယ်တော့🫠
ဒါတွေကဖင်လန်နိုင်ငံရဲ့ ဆောင်းရာသီမှာကြုံရဆုံရတဲ့ပျော်စရာလေးတွေနဲ့ အခက်အခဲလေးတွေပေါ့
#ဖင်လန်
26/01/2026
🇫🇮ဖင်လန်မှာနေရင်းထိုင်ရင်း ခြေထောက်ကျိုးပြီး emergency ရောက်သွားပါတယ်
ဒီကြောင်းအရာကို ရေးမယ်မရေးမယ်နဲ့ နောက်ဆုံးတော့ရေးဖို့ဆုံးဖြတ်လိုက်ပါတယ်
ဒီနေရာမှာကျွန်မ၃ပိုင်းခွဲပြောပါမယ်
၁။ဆေးရုံဆေးခန်းအကြောင်း
ဖင်လန်မှာ နေမကောင်းဖြစ်(သို့)ခန္ဓာကိုယ်ထိခိုက်တာဖြစ်ဖြစ် ဆေးရုံဆေးခန်းတွေမှာ မြန်မြန်ကုသမှုခံယူဖို့ဆိုတာလုံးဝမလွယ်ကူတဲ့အရာပါ
ကျွန်မဆို ညသန်းခေါင်မှာခြေထောက်ကျိုးပါတယ် လမ်းလျှောက်ကြည့်တော့မရပါဘူး ဆေးရုံဆေးခန်းသွားဖို့လဲနောက်ကျနေတော့ နောက်နေ့မှဘဲကျွန်မလှုပ်ရှားနိုင်ပါတယ် YTHSခေါ် တစ်နည်းအားဖြင့်ကျောင်းသားတွေအတွက်အခမဲ့ကုသပေးတဲ့နေရာမှာဖုန်းဆက်ပြီးbookingအရင်ယူဖို့လုပ်တော့ သူတို့မှာ
Emergency service မရှိကြောင်းပြောပြီး တစ်ခြားဆက်သွယ်လို့ရတဲ့ဆေးရုံရဲ့နံပါတ်ကိုပေးပါတယ် ဆက်သွယ်ကြည့်တော့လဲဆက်သွယ်လို့မရပြန်ပါဘူး အဲ့ဒီအချိန်ခြေထောက်ကလဲနာပြီးလမ်းလျှောက်လို့လုံးဝမရတော့ပါဘူး ဆေးရုံသွားဖို့ဆက်သွယ်တာနဲ့တင်နေ့တစ်ဝက်လောက်ကုန်နပါပြီ အဲ့တာနဲ့ဘဲစိတ်မရှည်တော့တဲ့အဆုံး112ကိုဘဲခေါ်လိုက်ပါတယ် ခေါ်တော့သူတို့ဘက်ကဘာဖြစ်တာလဲမေးတော့ ခြေထောက်ခေါက်သွားလို့ လမ်းလျှောက်လို့မရကြောင်း …….
Ambulance လေးလွှတ်ပေးလို့ရရင်လွှတ်ပေးပါ….လို့ပြောတော့ ambulance ကမအားလို့ လွှတ်မပေးနိုင်ဘူးလို့ပြောပါတယ် ဆေးရုံရောက်တော့ ကားတွေရှိနေပါတယ် ဆိုတော့ ဒီနေရာမှာပြောချင်တာက နိုင်ငံခြားသားတွေကိုဆို ဦးစားမပေးတဲ့အရိပ်အယောင်တွေမြင်ရပါတယ်
၂။ကုသပေးတဲ့ပုံစံ
အဲ့တာနဲ့ဘဲ သူငယ်ချင်းတွေကိုအကူအညီတောင်းပြီး အမတစ်ယောက်ရဲ့ကားနဲ့သွားလိုက်ရပါတယ်
ဆေးရုံ ESဆီရောက်သွားတော့လဲ တိုကင်နံပါတ်ယူပြီးစောင့်ရပါသေးတယ် ချက်ချင်းမကုပေးပါဘူး ကိုယ့်နံပါတ်ရောက်ပြီဆိုမှ registerလုပ်ရပါတယ် ပြီးတော့စောင့်ရပြန်ပါပြီ နာရီဝက်လောက်စောင့်ပြီးတော့ X-rayရိုက်ဖို့ခေါ်ပါပြီ ရိုက်လဲပြီးရော အဖြေသိရဖို့နာရီဝက်ထပ်စောင့်ရပြန်တယ် အဖြေရတော့အရိုးအက်နေသလိုမြင်ရတယ် သေချာသွားအောင်CT Scanရိုက်ဖို့လုပ်ရပြန်တယ် ရိုက်လဲပြီးရော ထပ်စောင့်ရပြန်တယ် တစ်နာရီလောက်စောင့်ပြီးတော့ဆရာဝန်ကလာခေါ်ပါတယ် အရိုးကအက်သွားတော့ ကျောက်ပတ်တီးစည်းရမယ့်အကြောင်း တစ်လလောက်ဘာမှကြီးမားစွာလှုပ်ရှားမရကြောင်းပြောပြီး ဆေးစာရယ် ကျောင်းအတွက်sick leaveရယ်ရေးပေးလိုက်ပါတယ်
အဲ့လိုနဲ့ဘဲ တစ်နေကုန်ပြီး ညထိပါရောက်သွားပါတယ်
ဒီနေရာမှာပြောချင်တာက ဖင်လန်မှာဘယ်လောက်ဘဲအရေးပေါ်ဖြစ်နေပါစေ စောင့်ရပါတယ် သေမယ့်လူဆိုသေပြီးနေလောက်ပါပြီး ရိုးရိုးဖျားနာတာလောက်နဲ့တော့ ဆေးခန်းလာမပြခိုင်းပါဘူး Nurse or Pharmacist တွေကဆေးဘဲညွှန်းပြီး ဝယ်သောက်ခိုင်းပါတယ်
သူငယ်ချင်းတစ်ယောက်ဆို ရင်သားမှာအကြိတ်ကြီးစမ်းမိလို့ဆေးခန်းသွားပြတာ ဆရာဝန်နဲ့မပြရသေးဘူး ရက်ချိန်းနှစ်ပတ်စောင့်ရပါတယ် ပြီးတော့ ultrasound ရိုက်ပြီးတော့ဆရာဝန်ကအဖြေပြောပြတယ် ခွဲဖို့ကိုခွဲမယ့်ဆေးရုံဆီလွှဲပြောင်းပေးပါတယ် ခွဲဖို့၂လလောက်စောင့်လိုက်ရပါတယ် စောင့်ရင်းနဲ့လူကပိုဆိုးလာရင်ဆိုတဲ့စိတ်နဲ့ပူနေရပါတယ်
ဖင်လန်မှာဘဲလားဆိုတော့ EUတစ်ခွင်လုံးကဒီလို Helathcare services ကအရမ်းဆိုးပါတယ် ဒီတိုင်းကြီးပါဘဲ…
၃။Apteekki မှာဆေးဝယ်ရတဲ့အကြောင်းနဲ့ Kelaဆီကစရိတ်စခပြန်တောင်းတဲ့အကြောင်း
ဆေးဝယ်တဲ့နေရာမှာတော့ထွေထွေထူးထူးမရှိပါဘူး ထုံးစံတိုင်း တိုကင်နံပါတ်ယူပြီးစောင့် အလှည့်ကျရင်
ကိုယ့်ရဲ့ID cardတောင်းရင်ပြ မတောင်းရင်မလိုဆရာဝန်ရေးပေးလိုက်တဲ့ဆေးစာပြပြီး ဝယ်လိုက်ရင်ရပါ ဆေးတွေကတော့ စျေးနည်းတာရှိသလို စျေးကြီးတာကခပ်များများရယ်ပါ ဒါကြောင့်မြန်မာနိုင်ငံကဆေးဝါးတွေယူလာကြဖို့တိုက်တွန်းတာပါ
ဆေးတွေဝယ်ပြီးတော့ KelaဆီကReimbursement လုပ်ပါတယ် စရိတ်စခပြန်တောင်းတာပါ
တောင်းလို့ရလားလို့မေးရင် တောင်းလို့ရပါတယ်
ဘယ်လောက်ပြန်ရလဲလို့မေးရင်တော့ ဘယ်လောက်မှပြန်မရပါဘူး တစ်ဝက်တောင်ပြန်မရပါဘူး
ဆေးဝယ်တဲ့နေရာမှာသတ်မှတ်ချက်ရှိပါတယ် ၇၀€ပြည့်ရပါမယ် ၇၀€ဆိုရင်၄၀%ဆိုပြီးသတ်မှတ်ပြီးပေးပါတယ်တစ်နှစ်လုံးဆိုရင်ဘယ်လောက်ဆိုပြီးသတ်မှတ်ချက်ရှိပါတယ် အသေးစိတ်ကတော့ KELA website မှာဖတ်ကြည့်လို့ရပါတယ်
ဆေးဝယ်တာအတွက် ကျွန်မသုံးလိုက်တာက၇၀.၅၃€ပါ ပြန်ရလိုက်တာက၀.၁၀€ပါ🥹
ဆေးရုံဆေးစစ်တာဆရာဝန်နဲ့ပြတာအတွက်ကတော့ ပြန်မရပါဘူး public ဆေးရုံဖြစ်နေလို့ပါတဲ့
အဓိကပြောပြချင်တာက ဒီမှာဆေးရုံစရိတ် ဆေးဖိုးဝါးခကအရမ်းစျေးကြီးပါတယ်
အချုပ်အနေနဲ့ကတော့ ဖင်လန်မှာဖျားတာနာတာဖြစ်ရင် ကိုယ့်ဟာကိုယ် နလန်ပြန်ထူနိုင်အောင်လုပ်ရပါမယ်
ဆေးခန်းသွားရင် စောင့်ရမယ် စောင့်ရပါမယ် စောင်နိုင်မှရပါမယ် စရိတ်စခလဲအရမ်းကြီးတာမို့ ကြိုတင်ကာကွယ်မှုတွေလုပ်ပါ
Prevention is better than cure ပါ
အားဆေးတွေ သောက်ပါ multivitaminsတွေသောက်ပါ အိပ်ချိန်စားချိန်အတတ်နိုင်ဆုံးမှန်အောင်လုပ်ကြပါ vaccines တွေထိုးလာပါ ဆောင်းရာသီမှာဆိုနွေးနွေးထွေးထွေးနေကြပါ
ဒီလောက်ဆိုရင်တော့ ဖင်လန်ရဲ့ health services တွေကဘယ်လိုဆိုတာသိကြပြီထင်ပါတယ် ကျွန်မရဲ့အတွေ့အကြုံကိုမှီငြမ်းပြီးပြောပြထားချင်းဖြစ်ပါတယ် တစ်ခြားမတူညီတဲ့အကြောင်းအရာများရှိရင်လဲcomment မှာရေးရင်းပြောပြလို့ရပါတယ်
အားလုံးဖျားနာခြင်းမှကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေ…..
08/01/2026
Moi
ဒီနေ့တော့ ဖင်လန်နိုင်ငံရဲ့inflation ဖြစ်လာတာနဲ့ပတ်သက်ပြီးပြောချင်ပါတယ်
အားလု့းလဲဖင်လန်နိုင်ငံရဲ့ PRနဲ့ပတ်သက်ပြီး ဥပဒေအပြောင်းအလဲကိုကြားမိကြမှာပါ
PRရဖို့ဆိုရင် အရင်က၄နှစ်နေထိုင်ရာကနေ ၆နှစ်ထိကိုတိုးမြင့်လိုက်တယ်
တစ်နှစ်ကို၄၀၀၀၀€ဝင်ငွေလစာရှိရမယ်ပေါ့နော်
ဖင်းစာကလဲC1level ထိတောင်တိုးမြင့်လိုက်တယ်
အဲ့ဒါတင်မဟုတ်ပါဘူး အခုဆို school lunchတောင် အရင်က၂.၉၅€ကနေ ၃.၁၀€ထိတိုးမြင့်လိုက်ပါတယ်
Inflation rateကအရမ်းမြင့်လာပါပြီ
ခါတိုင်းကျောင်းမှာနေ့လည်စာစားဖို့တက်ကြွနေသူက ခုဆိုနေ့လည်စားဖို့ တွက်ချက်နေရပါတယ်လို့
၃.၁၀€ဆိုတာကတော့မပြောပလောက်ပေမယ့်ဘယ်လောက်ထိတက်လာအုံးမယ်မှန်းမသိနိုင်ပါဘူး 😭
Marketတွေမှာဆိုလဲ ကုန်စျေးတွေ သိသာသာတက်လာပါတယ် ဆက်မတက်ဖို့ဘဲဆုတောင်းကြရတော့မှာပါ
PS. ပုံကတော့ခြေထောက်ကျိုးတုန်းက ချိုင်းထောက်နဲ့မဖြစ်မနေသွားရမယ်ဆိုတာကြောင့်သွားထားတာပါ😁
No regret- Hsu Rina
I made cover song. Ignore my face and enjoy my voice. ☺️
😝 hahaha
Snow therapy ❄️☃️
This is our achievement 🎂 Happy New Year🥳
31/12/2025
ဖင်လန်မှာလဲစပျစ်သီးတွေကုန်ပါပြီလို့🥹
ဖင်လန်မှာနှင်းတွေတအားကျနေပါပြီ🥹 #ဖင်လန်
Telephone
Website
Address
Myitkyina
Alerts
Be the first to know and let us send you an email when Yung’s vlogs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.