EEPM Online shop

EEPM Online shop

Share

ချစ်မိတ်ဆွေများ ချမ်းမြေ့ကြပါစေ 🙏🏻🙏🏻🙏🏻

01/12/2025

ဒီဇင်ဘာလ အစမှ ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ 💛⚡☘️

19/11/2025
01/08/2025

🍀🍀🍀
Cloverလေးမြင်တဲ့အချိန်ကစပြီး
ကံကောင်းခြင်းဆိုတဲ့အရာတွေက
ဘဝထဲကို နေ့ရက်တိုင်းရောက်ရှိလာပါစေ...

Photos from EEPM Online shop's post 25/05/2025

နမိတ်ဆိုတာ တကယ်ရှိတယ်နော်🍀🌼💛

31/12/2024

၂၀၂၅နှစ်သစ်မှစ၍အသစ်အသစ်တွေပိုင်ဆိုင်ပါစေ🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉

Photos from EEPM Online shop's post 07/12/2024

2025 Calendar

Credit

Photos from EEPM Online shop's post 04/12/2024

အသားရည်ကြည်လင် ကျန်းမာ
သဘာဝသစ်သီးဖျော်ရည် smoothie 🍹🍹🍹

ဘယ်အသီး နဲ့ ဘယ်အသီး ရောပြီး သောက်ရင် ကောင်းလား ၊ မကောင်းဘူးလား ဆိုတာ စဉ်းစားနေစရာမလိုအောင် တပတ်စာ အတွက် ဖျော်သောက် လို့ရမည့် smoothie လေးတွေတင်ပေးလိုက်ပါတယ် 🍇🍓🍉🍌🍏🍎

ခန္တာကိုယ်ကလိုအပ်တဲ့
💌ဗီတာမင်တွေဖြည့်ပေးရုံသာမက
💌အူလမ်းကြောင်းကို သန့်ရှင်းပေးတယ်
💌ဗိုက်အဆီတွေကို ဖယ်ချပေးပြီး
💌အသားအရည်ကြည်လင်ဝင်းပစေပါတယ် ၊ သောက်ရတာ လန်းဆန်းနေတာပဲ

လုပ်နည်းလေးကတော့ပုံမှာပြထားပေးတဲ့ ပါဝင်ပစ္စည်းလေးတွေကို ဖျော်စက်ထဲထည့်ဖျော်လိုက်ရမှာပါ❤️

smoothies လေးများကို ရေအသင်အတင့် ဖျော်စက်ထဲထည့်ပြီး ဖျော်သောက်နိုင်ပါတယ်ရှင့် 💁🏻‍♀️💁🏻‍♀️

01/12/2024

Hello December🍁🍁🍁
ပိုက်ဆံကလွဲရင် ဘာမှသယ်မလာပါနဲ့ 😚😅

20/11/2024

အသက်ဆယ်နှစ်မှာ
ဘယ်သူ စာပိုတော်လဲပိုအရေးကြီးတယ်

အသက်နှစ်ဆယ်မှာ
ဘယ်သူ ရုပ်ပိုချောလဲပိုအရေးကြီးတယ်

အသက်သုံးဆယ်မှာ
ဘယ်သူ ပညာပိုတတ်လဲ
ဘယ်သူ ပိုချမ်းသာလဲပိုအရေးကြီးတယ်

အသက်လေးဆယ်မှာ
ဘဝမှာဘယ်သူ ပိုပျော်ရွင်လဲ
ဘယ်သူဘဝကို တန်ဖိုးရှိရှိဖြတ်သန်းနေလဲ
ပိုအရေးကြီးလာတယ်

အသက်ငါးဆယ်မှာ
ဘယ်သူပိုကျန်းမာလဲပိုအရေးကြီးလာတယ်

အသက်ခြောက်ဆယ်မှာ
ဘယ်သူပိုတရားရှိလဲ
ဘယ်သူပိုပြီးစိတ်ကိုချမ်းသာအောင်ထားတတ်သလဲ
ပိုအရေးကြီးလာတယ်

အသက်ခုနှစ်ဆယ်မှာ
ဘယ်သူ ကိုယ့်ခန္ဓာဝန်ကိုယ်ထမ်းနိုင်သေးလဲ
အရေးကြီးတယ်

အသက်ရှစ်ဆယ်မှာ
ဘယ်သူ အသက်ရှင်နေသေးလဲ
ပိုအရေးကြီးတယ်

နောက်ဆုံးအချိန်မှာတော့
ဘယ်သူ ဘဝကူးပိုကောင်းလဲ
ပိုအရေးကြီးတယ်။

Credit Original Uploader

07/11/2024

မိဘက…
သွေးတစ်စက်နဲ့ ပေးဆပ်ခဲ့လို့
လောကထဲရောက်
လူသားတစ်ယောက် ဖြစ်ခဲ့ရတာပါ။

လူလားမြောက်
အရွယ်လေးရောက်လာကြတော့
မိဘကျေးဇူး မသိတော့ဘူး။

တကယ်လို့သာ
အမသော မတ်ေတာမထားပဲ
အပြစ်အနာများနဲ့
ချေဖျက်ခဲ့မယ် ဆိုရင်
ဒီလောကမှာ
သား သမီး ဆိုတာ မရှိနိုင်ပါဘူး။

ရှေးဦးစွာ သတ္တလောကမှာ
လူသားအဖြစ်နဲ့
အပ်နှင်းပေးခဲ့တာ အဖေနဲ့ အမေ။

လောကကြီးရဲ့ အကြောင်းအကျိုးကို
သွန်သင်ပေးခဲ့တာ အဖေနဲ့ အမေ။

ဘုရား မရှိဘူး
တရား မရှိဘူး
သံဃာ မရွိဘူး လို့
ငြင်းဆိုချင်တယ် ဆိုရင်
ငြင်းဆိုခွင့် ရှိပါသေးတယ်။

သား သမီးတိုင်းမှာ…
မိဘမရှိဘူးလို့တော့
ငြင်းဆိုလို့မရပါဘူး အဖေနဲ့ အမေ။

သား သမီးတို့ အတွက်ဆို…
သူတစ်ပါးဆီမှာ မျက်နှာ အငယ်ခံရဲတာ
အဖေနဲ့ အမေ။

သား သမီးတို့ အတွက်ဆို…
အရှက်ကို ပေးရဲတာ အဖေနဲ့ အမေ။

သား သမီးတို့ အတွက်ဆို...
အသက်ကို ပေးရဲတာ အဖေနဲ့ အမေ။

သား သမီးတို့ အတွက်ဆို…
ဘဝကို ပေးရဲတာ အဖေနဲ့ အမေ။

သား သမီးတို့ အတွက်ဆို…
သေမင်းကို စိန်ခေါ်ရဲတာ အဖေနဲ့ အမေ။

အပြစ်အနာအများနဲ့
ပြည့်တန်ဆာ ဖြစ်နေပါစေ
မိဘဟာ မိဘပါ။

အကြွေးတွေလုံးလည်
လမ်းဘေးစျေးသည် ဖြစ်နေပါစေ
မိဘဟာ မိဘပါ။

တစ်အိမ်ဆင်း တစ်အိမ်တက်
ဖိနပ်ပျက်အောင်
အဝတ်လျှော်နေပါစေ
မိဘဟာ မိဘပါ။

ဘဝအကြောင်းမလှလို့
သူတောင်းစား ဖြစ်နေပါစေ
မိဘဟာ မိဘပါ။

ဘဝမှာ နုံခြာလွန်းလို့
ကိုယ့်သား သမီးတွေကို
ဘာမှ မပေးနိုင်ရင်တောင်
ဖြူစင်သော မေတ္တာတွေကိုတော့
မိဘလောက်
ဘယ်သူမှ မပေးနိုင်ဘူးဆိုတာ
ယုံပေးပါ။

တိရစ္ဆာန်ဖြစ်သော ကြက်မကြီးက
သူ့ကလေးတွေ
ရှာ၍ ရက်ကျွေးနေတာကို မြင်ရင်…

သြော်…
လူသားဖြစ်သော ငါ့မိဘတွေက
ငါတို့ကို
ဘယ်လိုပင်ပန်းကြီးစွာ ရှာဖွေ၍
ကျွေးမွေးခဲ့တာပါလား လို့
စဉ်းစားပေးပါ။

သား သမီးတွေ အနေနဲ့…
ဘယ်လိုတော်တော်
ဘယ်လောက်တတ်တတ်
ဘယ်လောက်ထက်မြက်

မိဘတွေက ပေးလိုက်သော
အသွေးအသားထဲက
ကျေးဇူး တရားတွေဆိုတာ
သား သမီးတိုင်း သတိရပေးပါ။

ဒါကြောင့်…

မိဘတွေအတွက်ဆို
သားဟာ
ကျားမဖြစ်ဘဲ
"အား"ဖြစ်ပါစေ…

မိဘတွေအတွက်ဆို
သမီးဟာ
မီးမဖြစ်ဘဲ
"ထီး"ဖြစ်ပါစေ…

မိဘတိုင်းဟာ…
သားတွေ သမီးတွေဆီက မျှော်လင့်တာ
ကား မဟုတ်ဘူး။
တိုက်အိမ် မဟုတ်ဘူး။

ပြန်၍ပေးလာသော
နွေးထွေးသော အကြင်နာ
အေးမြသော မေတ္တာ
စာနာစိတ်ထား ကရုဏာတွေပါ ဆိုတာ
သားတိုင်း သမီးတိုင်း သိကြပါစေ


#မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

Want your business to be the top-listed Beauty Salon in Naypyidaw?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Naypyidaw

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00