Mahar San Thu online shop
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mahar San Thu online shop, Health/Beauty, MRTV, , Takone, , Naypyitaw, Naypyidaw.
29/04/2024
😅
လမ်းကြုံလေ …
09/06/2022
☀️☀️☀️Sunscreenအကြောင်းသိကောင်းစရာ
Sunscreenတော်တော်များများမှာ SPFနဲ့PAဆိုပြီးပါတာတွေကို အားလုံးတွေ့ဖူးပြီးသားဖြစ်မှာပါ
ဒါတွေကဘာတွေလဲ??? ဘာအကျိုးသက်ရောက်မှုရှိလဲ???ဆိုတာကို မင်မင် သိသလောက်လေးပြောပြပေးချင်ပါတယ်
SPFဆိုတာကတော့ Sun Protecting Factor(နေရောင်ကာကွယ်ပေးတဲ့ဓာတ်)လို့ခေါ်ပါတယ်။ သူက နေရောင်ခြည်မှ UVB raysတွေကိုအဓိကကာကွယ်ပေးပါတယ်။ UVB raysတွေကတော့ sunburnလို့ခေါ်တဲ့ နေလောင်ဒဏ် နှင့် အသားရေနီမြန်းတာ၊ အသားမဲသွားတာ၊ အသားညိုညစ်ကြမ်းတမ်းတာ၊ အမဲစက်နဲ့တင်းတိတ်တွေကိုဖြစ်ပေါ်စေပါတယ်။
နေရောင်ခြည်ထဲမှာ UVA rayတွေလည်းရှိနေပါတယ်။ UVA raysတွေကိုတော့ Sun’s Silent Killers(နေရောင်အသံတိတ်လူသတ်သမားများ)လို့တင်စားခေါ်ဝေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူက UVB raysတွေလို နေလောင်လက္ခဏာတွေ အသားပူစပ်ပူလောင်ဖြစ်တာတွေမပြဘဲ အသားရေကိုထိခိုက်စေလို့ပါပဲ။ UVA rayတွေက UVB rayထက် အသားရေအတွင်းဆုံးထိဝင်ရောက်နိုင်ပြီး အသားရေကိုပျက်စီးစေခြင်း၊ အရေပြားကင်ဆာနှင့်အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းတွေကိုဖြစ်စေတဲ့အတွက် Sun’s Silent Killersလို့တောင်တင်စားခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။
UVC rayဆိုတာလည်းရှိပါသေးတယ်။ သူကတော့ကမ္ဘာ့လေထုကစုပ်ယူသွားတဲ့အတွက် လူ့အရေပြားကိုမရောက်စေပါဘူးတဲ့။
Sunscreenတွေမှာတွေ့ရတဲ့ PA+ဆိုတာကတော့ UVAကနေကာကွယ်ပေးတာပါ။ သူ့မှာလည်း ratingတွေရှိပါတယ်။
PA+ = Some UVA protection
PA++ =Moderate UVA protection
PA+++=High UVA protection
PA++++= Extremely UVA Protection
US FDAရဲ့အဆိုအရကတော့
လေ့လာစမ်းသပ်ချက်တွေအရ Broad Spectrum SPF 15နှင့်အထက် အသုံးပြုပေးရင်တော့ ရေပြားကင်ဆာဖြစ်ပွါးမှုနဲ့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းနှင့် နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့အရေပြားပြသနာတွေကိုလျော့ချနိုင်ပါတယ်လို့ဆိုထားပါတယ်။
Written by Su Mon( Beauté Infiny)
09/06/2022
#ဆံပင်ထိန်းသိမ်းနည်း (၆) မျိုး✨✨
၁။ နေ့တိုင်းခေါင်းလျှော်ခြင်းရှောင်ပါ။
နှစ်ရက်ခြား (သို့) သုံးရက်ခြား တစ်ခါလျှော်ပါ။ ခေါင်းခဏခဏလျှော်ခြင်းဟာ ဆံပင်အတွက်လိုအပ်တဲ့ ဦးရေအဆီကို ခြောက်သွေ့စေတယ်။
၂။ ဆာလဖိတ် နှင့် ဆီလီကွန်မပါသော ခေါင်းလျှော်ရည်ကို သုံးပါ။
၎င်း ဓာတုပစ္စည်းများဟာ ဆံသားကို ပျက်စီးစေတယ်
၃။ ဆံပင်ပျော့ဆေး (Conditioner) ကိုရေအေးနဲ့ ဆေးပါ
တချို့က ဆံပင်ပျော့ဆေးကို ခေါင်းလျှော်ရည်လို ဦးရေပြားထဲထိ ပွတ်တိုက်ခေါင်းလျှော်ကြတယ်။ တကယ်တော့ ဆံပင်ပျော့ဆေးကို ဆံပင်များပေါ်မှာသာ ညင်သာစွာ ၅ မိနစ်ခန့်ပွတ်လိမ်းပြီးမှ ရေအေးနဲ့ ဆေးချပါ။
၄။ ဘီးကို မကြာခဏ ဆေးကြောပေးပါ
ဘီးမှာကပ်နေတဲ့ အဆီ၊ အမှိုက်၊ ချေး တွေဟာ ဆံသားတွေဆီ ကပ်ပါသွားတတ်တဲ့အတွက်
ဘီးကို ခကြာခဏ ရေနွေးနဲ့ ဆေးကြောပေးပါ။ ခေါင်းလျှော်ရည် (သို့) ဆပ်ပြာနဲ့ သေချာဆေးကြောပါ။
၅။ လေမှုတ်စက်အမြဲမသုံးရ
လေပူမှုတ်စက် တွေသုံးခြင်းဟာ ဦးရေနဲ့ ဆံသားတွေကို ခြောက်သွေ့ပျက်စီးစေပါတယ်။ အရေးကြီးကိစ္စရှိလို့ ဆံပင်အမြန်ခြောက်ချင်မှသုံးပါ။ ဆံပင်ကို တဘက်အနုသား (သို့) 100 cotton နဲ့လုပ်ထားတဲ့ T-Shirt အင်္ကျီနဲ့ ညင်သာစွာသုတ်တာ ပိုကောင်းပါတယ်။ ကြမ်းတမ်းတဲ့ အဝတ်တွေဟာ ဆံပင်နှစ်ခွဖြစ်စေပါတယ်။
၆။ မိမိဆံပင်ပုံစံ အတိုအရှည်၊ အထူအပါးပေါ်မူတည်ပြီး ဘီးတွေကို ပုံစံအလိုက် အသုံးပြုသင့်ပါတယ်။
လှပတဲ့ ဆံပင်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်
Telenor Data
6GB-5days
Price =2500ks
Billချေးမရ
Planကဒ်မရ
Bill 0 မဖြစ်ရ / bill100ks ရှိရပါတယ်။
များလက်ခံပါပြီ...
31/01/2021
Aluminium မီးကာပြားတွေရောက်ပြီနော်
အိမ်တိုင်းမှာ ဆောင်ထားသင့်တဲ့ မီးဖိုချောင်သုံး ပစ္စည်းလေးပါ
တကယ်အသုံးဝင် အသုံးကျလှပါတယ် တချပ်ဆိုတာ တပြား
ထဲပြောတာမဟုတ်ပါဘူးနော် တချပ်မှာ ၃ကန့်ပါတာမို့ ဘေးနှစ်ဖက်ရော နောက်ကျောရော အကုန်လုံပြီးသားပါနော်
31/01/2021
Morphe shadow 35ကွက်
ရောက်ထားပြီ
လက်ကား -3000
ဘယ်လိုတွေတောင်လှချက်
Morphe shadow
အရောင်ထွက်တွေကလည်းအရမ်း မိုက်တယ်နော်
အရမ်းလည်းတန်တယ်နော်
31/01/2021
Dior 5 in 1 ရေမွှေးSet ပြန်ရောက်ပါပီ
Dior Parfums Gift Set 5 ML (သင်းပျံ့မွှေးကြိုင်သော ရနံ့ငါးမျိုးပါ ရေမွှေး Set
လက်ကား - 3500
ရနံ့ ငါး မျိုး ပါရှိတဲ့ ရေမွှေး Set လေဖြစ်ပါတယ်။
သင်းပျံ့ပြီးမွှေးကြိုင်ပြီး တစ်နေ့တာ မိမိကိုယ်ကိုယ်
ယုံကြည်မှုများပေးစွမ်းနိုင် သော
ရနံ့လေးတွေပေးစွမ်းနိုင်တာကြောင့်
သုံးဖူးသူတိုင်းသိရှိပြီးသားဖြစ်ပါ တယ်။
အနံ့ လေးလဲ သင်း.....အမြင်လဲ တင့် တော့ လက်ဆောင် ပေးဖို့ အဆင်ပြေပါတယ်
31/01/2021
ဘက်စုံသုံး စောင်ထည့်အိတ်အသစ် ထပ်ရောက် ပြီနော်
31/01/2021
Cashmere ပုဝါ ဆိုဒ်ကြီး
အသား ကောင်း ရောက်ပါပြီ
31/01/2021
အိမ်ယာခင်း လှလှလေးတွေ
ရောက်ထားပါတယ်
အခင်း 1 ခု
ခေါင်းအုံးစွပ် 2
စောင်အစွပ် 1 ခု ပါတယ်နှော်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
MRTV, , Takone, , Naypyitaw
Naypyidaw