Sandar.Health & Beauty

Sandar.Health & Beauty

Share

ဒူးနာ.ခါးနာ.ဇက်ကျောတက်.ကျီးပေါင်း.တင်ပဆုံကြေညှပ်ခြင်း.ခါးကြောညှပ်ခြင်း ဝေဒနါများအတွက်

14/07/2025

လေးဖက်နာ၊ဂေါက်၊အဆစ်အမျက်ရောင်ရမ်းနာ
ရှိသူများအတွက် သဘာဝဓါတ်စာ နာနတ်သီးပြုတ်

နာနတ်သီးတစ်လုံးလုံးကိုအလည်အူတိုင်ပါမကျန်ပါးပါးလှီးပီး နာနတ်သီးမြုပ်ယုံလေးရေထည့်ပြီးနူးအောင်ပြုတ်

အချိုရည်သောက် ချဥ်ရင် သကြားအညိုလေးနဲနဲထည့်ပြုတ်

အအေးခံပြီး ရေခဲသေတ္တာထဲထည့်ထား

မောတဲ့အချိန်တိုင်းသောက်

အကောင်းဆုံးအအေးပဲ

အသည်းအတွက်အကောင်းဆုံးဆေးဖြစ်တဲ့အပြင်

လေးဖက်နာ၊ဂေါက်၊အဆစ်ရောင်သမားတွေအတွက် ရောင်ရမ်းမှုကိုသက်သာစေပါတယ် crd
__________________________________

14/07/2025

^^^ ခေါင်းကိုက်ခြင်းက
သင့်ရဲ့ ခန္ဓာမှာ ဘယ်လို
လက္ခဏာ ပြနေတယ်ဆိုတာ^*^
====================
••••••••••••••••••••••••••••••

Photos from Sandar.Health & Beauty's post 18/01/2025

#သံပရာသီး
သံပရာဖျော်က သင့်ရဲ့ ခန္ဓာကိုယ်အတွက် များစွာအထောက်အကူပေးနိုင်တဲ့အပြင် နေ့စဉ်သောက်သင့်တဲ့ ဖော်ျရည်တစ်မျိုးဆိုလည်း မမှားပါဘူး။ ဒါကြောင့် ယနေ့မှာ သင်သိပ်မသိသေးတဲ့ သံပရာသီးရဲ့ ကောင်းကျိုးတွေကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ်

(၁) အစာကြေစနစ်ကို ကောင်းမွန်စေခြင်း

သံပရာသီးမှာပါဝင်တဲ့ soluble fiber က သင့်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် တကယ့်ကို အစာခြေစနစ်အတွက်ကောင်းမွန်တဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။

(၂) နှလုံးရောဂါ ကိုကာကွယ်ပေးနိုင်ခြင်း

သံပရာသီးမှာ pectin တစ်မျိုးထဲသာမက ဗီတာမင် C ဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် မောပန်းနွမ်းနယ်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။

(၃) ကင်ဆာ ဆဲလ်တွေကို လျော့ချပေးနိုင်ခြင်း

ကင်ဆာရောဂါတွေ မဖြစ်ချင်ဘူးဆိုရင်တော့ သံပရာရည်ကို တစ်နေ့တစ်ခွက်သောက်သုံးပေးသင့်ပါတယ်။ သံပရာသီးထဲမှာပါတဲ့ d-limonene က ကင်ဆာဖြစ်ပေါ်စေတဲ့ ဆဲလ်တွေကို အကောင်းဆုံးလျော့ချပေးနိုင်တာကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

(၄) ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

ဒီတစ်ချက်တော့ သံပရာသီးမှ မဟုတ်ပါဘူး အချဉ်ဓာတ်ပါတဲ့ လိမ္မော်သီး၊ ရှောက်သီး စတဲ့ အသီးတွေက ကျောက်ကပ်မှာ ဖြစ်ပေါ်တတ်တဲ့ ကျောက်တည်ရောဂါကို မဖြစ်ပွားအောင်ကုသပေးနိုင်ပါတယ်။

(၅) အသားအရည်ကို ကောင်းမွန်စေခြင်း

သံပရာသီးမှာ ပါဝင်တဲ့ ဗီတာမင် C က collagen ဓာတ်ကို ဖြစ်ပေါ်စေပြီး ပုံမှန်သောက်သုံးပေးမယ်ဆိုရင်တော့ ဖြူစင်ဝင်းလက်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

(၆) ပန်းနာရင်ကျပ်ရောဂါကို သက်သာစေခြင်း

သံပရာသီးကတော့ ပန်းနာရင်ကျပ်သမားတွေအတွက် အထူးသင့်လျော်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ကြွယ်ဝတဲ့ ဗီတာမင် C ဓာတ်က ပန်းနာရင်ကျပ်ရောဂါကို သက်သာပျောက်ကင်းစေပြီး တကယ့်ကို အထောက်အကူပြုတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် သံပရာရည်က သင်နေ့စဉ်သောက်သုံးနေတဲ့ ဖျော်ရည်တစ်ခုအဖြစ်မပါမဖြစ် ထားသင့်တဲ့ ကျန်းမာရေးဓာတ်စာ တစ်မျိုးပဲ ဖြစ်ပါတယ်။
#လင်းသိဒ္ဓိအောင်အာရုံကြောဆေး
#သမားတော်တိုင်းရင်းဆေး

18/01/2025

၁။ မီးလာလောက်မည့်အချိန်ကိုခန့်မှန်း၍ ဆန်ကိုကြိုတင်၍ ရေစိမ်ထားပါ။ တစ်နာရီ ၂နာရီလောက် ကြိုစိမ်ထားလည်း ရပါတယ်။

၂။ ဗြုန်းခနဲ မီးလာပါက ရေကိုသွန်လိုက်ပြီး
ရေမပါဘဲ ပေါင်းအိုးထဲထည့်ပြီး ခလုပ်ဖွင့်လိုက်ပါ (အိုးဖင်ပူနေစေရန်)

၃။ တစ်ပြိုင်နက်ထဲမှာပဲ ၃မိနစ်ရေနွေးအိုးကို အမြန်တည်ပါ

၄။ ရေနွေးအိုးဆူလျှင် ပေါင်းအိုးထဲသို့ထည့်ပါ

( ပေါင်းအိုးမှ ထမင်းအိုးဆူရန်လုံလောက်သောအပူစွမ်းအင်ယူရန်
ကြာမြင့်ချိန် နည်းသွားပါသည်)

ဤနည်းအတိုင်းချက်ပါက မိနစ်၂၀ကျော် မီးလာရုံဖြင့်
ထမင်းအိုးကျက်ပါသည်။

မြန်မာနိုင်ငံအတွက် ထမင်းအိုးအမြန်တည်နည်းအား
သေချာစွာ လေ့လာသုတေသနပြုပြီးမှ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

Crd

Photos from Sandar.Health & Beauty's post 19/03/2024

ဆီးနှင့် ကျောက်ကပ်အတွက် ရေဝါးရွက်
“ရေဝါးရွက်အကြောင်းဆေးနည်းများကိုအတော်များများဖျန့်ဝေခဲ့ကြတာတွေ့ရပါတယ်အင်မတန်လည်းအကျိုးရှိပါတယ် ”

သို့သော်လည်း တချို့မသိသေးသောသူများလည်းရှိပါတယ် ထို့ကြောင့်မသိသေးသောသူများရောသိပြီးသားသူများအတွက်ပါ ကြိုးစားပြီးရေဝါးပင်၏ဆေးအစွမ်းများကိုစုစည်းတင်ပြထားပါသည်။

ဆေးနည်းနှင့်စာများအပြင်ပုံများပါလေ့လာပေးပါလို့တိုက်တွန်းလိုက်ပါတယ် ။

ကျွန်မရဲ့ ကျောက်ကပ်မှာ ကျောက်တွေမရှိတော့ဘူးတဲ့ လှိုက်ခနဲဝမ်းသာသွားမိတယ် ။

၄ နှစ်နီးပါးခံစားခဲ့ရတဲ့ကျောက်တည်တဲ့ဝေဒနာ အထူးကုဆေးခန်းများစွာပြခဲ့ပီး သက်သာလိုက်ပြန်ဖြစ်လိုက်နဲ့ အချိန်တွေ ကိုကုန်လွန်ခဲ့ရင်းက ဟိုစာအုပ်ဖတ်ဆေးနည်းလေးတွေတွေ့လိုက်လုပ် ကြည့် ကြားဖူးနားဝပြောပြတဲ့ဆေးတွေလိုက်သောက်ကြည့် ဆေးမှန်သမျှ အကုန်သောက်ကြည့်ခဲ့ပါတယ် ။

ကျွန်မရဲ့ဘယ်ဘက်ကျောက အမြဲအောင့်နေခဲ့တာရင်းနှီးသူတွေတောင်သိကြပါတယ် အဲ့လိုသောက်နေရင်းက ကျွန်မသံမနိုင်ကျောက်မနိုင်ဆေးပြားကို အညွှန်းအတိုင်းမှန်မှန်သောက်ခဲ့ပါတယ် ကျောအောင့်တာသက်သာလာတယ် ။

မေမေက ငါးပြေမနဲ့ဇောင်းခါးသီး ခဏခဏချက်ကျွေးတယ် ကျောက်ကျတယ်ဆိုလို့ ကျွန်မဖြစ်နေတဲ့ကျောက်က အနည်ဆိုတော့ရေများများသောက်ပီးအိုးနဲ့ ဆီးကိုကြည့်ရတာ သူများလိုဒေါက်ခနဲကျမှန်းသိတဲ့အနေအထားတော့မဟုတ်ပါဘူး ငါးပြေမကိုတခါမှမစားဘူး အရိုးများလို့ ရောဂါကြောင့် ကြိတ်ပီး စားခဲ့ပါတယ် ။

ကျောက်ကွဲရွက်ကိုကြိုသောက်တယ် သိပ်ခါးတာပေါ့ ခါးတူးနေတာ ဒါပေမဲ့ ရေဆာတိုင်းသောက်တယ် ။

နောက်ဆုံးတခုက တော့ ရေဝါးပင်ပါ ကျောက်ကပ်ဆေးနေရတဲ့သူတောင် ပကတိပြန်ကောင်းတယ် ဆိုလို့ ကျိုပြီး နေ့စဉ်သောက်တာခုထိပါပဲ ။

မြန်မာ့ဆေးနည်းတွေကို ကျွန်မသိပ်ယုံကြည်သွားပါပီ ယနေ့ကျွန်မရဲ့ ကျောက်ကပ်ထဲမှာ ရှိနေတဲ့ ကျောက်တွေမရှိတော့ဘူး လက်တွေ့လေ ကျွန်မလိုပဲ ဆီးရောဂါ ကျောက်တည်တဲ့ရောဂါရှိတဲ့ ဝေဒနာရှင်များလည်းအထက်ပါဆေးနည်းများကို သုံးစွဲမှီဝဲကြည့်ကြစေလိုပါတယ် ယုံယုံကြည်ကြည်နဲ့သောက်ပီး ပျောက်ကင်းနိုင်ကြပါစေရှင် …ဖတ်မိသမျှ_ကျန်းမာ_လှပ_သုတ

ကျောက်ကပ် အသက်ကယ်ဆေး ရေဝါးပင်

အခေါ်အဝေါ် နဲ့ ကုသပုံ ပြောလိုပါတယ် တရုတ် အခေါ် ရွှေကြူ ဆောင်။မြန်မာပြန် တော့ ရေဝါး ။မြန်မာအခေါ် မြက်ကြွတ်ပြာပင် (မြက်ကြွပ်ပင်ကသီးခြားရှိ) ခေါ်ပါတယ်။

ခေါ်လို့လွယ်တာနဲ့ ရေဝါးလို့ခေါ်တာပါ။ ဝါး အမျိုး အစား မဟုတ်ပါဘူး။

မျိုးကွဲ များရှိတယ်လို့သိရပေမဲ့ အိမ်မှာတော့ မြန်မာစိမ်း။ မြန်မာကျား။ နိုင်ငံခြား စိမ်း(အရွက်နဲနဲသေး)သုံးမျိုး ရှိပါတယ်။

အရွက် နောက်ကျောက ခရမ်းရောင် ဖြစ်ပါတယ်။မြေပေါ်မှာ ကပ်သွားပင်မျိုးဖြစ်လို့ အဆစ်တိုင်းမှာ အမြစ်ထွက်ပါတယ်။

” ကျောက်ကပ်ဝေဒနာကို ကုသပုံ ”

ကျောက်ကပ်ရောဂါ ဖြစ်နေရင် မျက်နှာအမ်း။လက် ခြေ ရောင်။ ဝမ်းဗိုက်ကယ် ထမင်းမစားနိုင်။ ဆီး မသွားနိုင် ဖြစ်ပါတယ်။အဲဒီ အခြေအနေကို ရောဂါ ပြင်းတယ်လို့ သတ်မှတ်ပါတယ်။

ရေဝါးပင် တပင်လုံး ၁၅ ကျပ်သား ကိုမြေအိုးနဲ ရေ သုံးခွက်တခွက် တင်အောင်ကြိုပြီး သောက်ရပါ့မယ်။တရက်စာပါ။

ဒုတိယနေ့ လဲ ဒီလိုဘဲ ကြိုသောက်ပြီးတာနဲ့ အရောင်စလျော့လာမယ်။ထမင်းစား လာပါမယ်။ တတိယနေ့ ကြသာက်ပြီး တာနဲ့ သက်သာ လာတော့တာပါဘဲ။ တဦး နဲ့ တဦး မတူတာလဲ ရှိပါတယ်။

တပတ် လောက် သောက်ပြီးတာနဲ့ လူကောင်းနီးပါးဖြစ်လာပါတယ်။ နောက်တပတ်လောက် ဆက်သောက်ပြီး ဆေးပြန်စစ်ကြည့်ပါ။ထူးခြားမှု တွေ့ရမှာပါ။

ဆေးကြိုသောက်တာကလဲ ရောဂါ သက် သာမှု ကိုကြည့်ပြီး ချဲ သောက်ပါ။ သဘောက၃၀ကျပ်သား နှစ်ရက်အစား သုံး ရက် ပေါ့။

လူနာ တယောက် အတွက် ရေဝါးပင် က၂ ပိသာကနေ ၄ပိသာ အထိ ကုန်ပါတယ်။၁/၂ ကြိမ် သောက်ရုံ နဲ့ အဆင်မပြေပါဘူး။

ဆေးပင်ကို ကြိုတဲ့အခါ သာမန်မတ်ခွက် အသေးနဲ့တောင် တနာရီခွဲလောက် ကြာလို့မီးသွေး မီးဖိုမှ အဆင်ပြေပါတယ်။

ကြုံလို့ ဆက်ပြောပါ့မယ်။ ရေဝါးပင်ကို ထောင်းပြီးအရည်ဟာ အဆိပ်ပြေလို့ အဆိပ် မိတဲ့ ခွေးတိုကြောင်တို့ ကိုတိုက်ပါက မိနစ်ပိုင်း အတွင်းပျောက်တယ်။

အပူလောင်ရင်လဲ အရည် လိမ်း။ ကင်း/ပျား အကိုက်ခံရ လဲ အရည်လိမ်းပါ။ခဏလေးနဲ့ ပျောက်ပါတယ်။လက်တွေ့ပါ။

Crd

19/03/2024

❣❣ ခါး အာရုံကြောညှပ်ခြင်း အကြောင်း ❣❣
=================================

တခါတလေမှာ ခါးနာတာလိုလိုနဲ့ ခါးနေရာမှာ မဟုတ်ဘဲ ခါးအောက် တင်ပဆုံခွက်နေရာမှာ နာနေပြီး လမ်း လျှောက်တဲ့အခါ မျက်ခနဲနာတာ သို့မဟုတ် တင်ပဆုံခွက်နေရာကနေ ခြေထောက်ထိ တောက်လျှောက်နာနေတာမျိုးနဲ့ ကြုံဖူးကြမှာပါ။

ဆေးပညာအရတော့ တင်ပဆုံအာရုံကြောညှပ်ခြင်းကို Sciatica လို့ခေါ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဘယ်ညာ တင်ပဆုံနှစ်ဖက်မှာ Sciatic nerve လို့ခေါ်တဲ့ တင်ပဆုံအာရုံကြောမကြီး တခုစီရှိပါတယ်။

ထိုတင်ပဆုံ အာရုံကြောမကြီးဟာ ခါးကနေ စ ထွက်လာသောကြောင့် ခါးအောက်ပိုင်းနေရာမှစပြီး ဒူးအောက်ထိရောက်ကာ ခြေထောက်မှာရှိတဲ့ ကြွက်သားများစွာကို ထိန်းချုပ်ပေးပါတယ်။

ခါးကြောညပ်ခြင်းသည် ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်သလဲ?

- အသက်ရွယ်ကြီးသူများ
- မကြာခဏ ခါးနာဖူးသူများ
- အလေးအပင် မ ရသူများ
- အကြောင်းအမျိူးမျိူးကြောင့် မတ်တပ်ရပ်/ထိုင် တာများသူများ၊
- ကား/ဆိုင်ကယ် အချိန်ကြာကြာ မောင်းနှင်ရသူများ
- အဝလွန်သူများ
- ဆီးချိူရောဂါရှိသူများ တွင် ပိုပြီးဖြစ်တတ်ပါတယ်။

ဖြစ်တတ်သည့် ရောဂါလက္ခဏာများ....

- ခါးနာခြင်း
- ခါးမှ တင်ပါး တစ်လျှောက် ကိုက်ခဲခြင်း
- တင်ပါးခွက် နေရာ စူးပီး နာကျင်ခြင်း
- ခြေထောက်တစ်လျှောက် နာကျင်ကိုက်ခဲခြင်း
- ခြေ‌ထောက်/ခြေဖဝါးများ ထုံ၊ကျဉ် ခြင်း
- ခြေထောက်ကြွက်သားများ အားနည်းလာခြင်း
တို့ဖြစ်တတ်ပါတယ်။

ခါးနာမှုမှ ကင်းဝေးစေရန်

၁။ ခါးကုန်း၍ ပစ္စည်းမရန် ဒူးကွေး၍ ဆောင့်ကြောင့်ထိုင်ပါ။ နောက်ကျောကို ဖျောင့်မတ်အောင်ထားပြီး ပစ္စည်းကို မိမိနှင့် နီးကပ်အောင်ကိုင်၍ မပါ။ ခါးကိုမသုံးဘဲ ဒူးအားကို အသုံးပြုရျ်ပြန်ထပါ။ မနေစဉ် ကိုယ်ကို လိမ်မသွားအောင်ဂရုပြုပါ။

၂။ ကြာရှည်စွာ ထိုင်သည့်အခါ တင်ပါးနှင့် ကျောကို နောက်မှီနှင့် ကပ်ထားသော တည့်တည်မတ်မတ်ထိုင်ရမည်။

၃။ လေးလံသောပစည်းများကို ရွှေ့သည့်အခါ
မဆွဲဘဲ တွန်းရျ် ရွှေ့ပါ။

၄။ ကြာရှည်စွာ ကားမောင်းရမည်ဆိုပါက မကြခဏ
နားနေပေးရန်။

၅။ ဒေါင့်မြင့်ဖိနပ်များ မစီးရပါ။

၆။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှု နည်းသူများတွင် ခါးပိုနာတတ်သည်။

19/03/2024

ဇက်ကြောတက်လို့ ကပ်လိုက်တာ ကြာချိန်၈နာရီတောင် မစောင့်လ်ုက်ရဘူး ခနနဲ့ သက်သာသွားတယ်တဲ့😍

ဇက်ကြောတက်တာ တန်းပျောက်တယ် ခြေဖဝါးကပ်ပြီးအိပ်တာ အပူတွေထွက်ပြီး သက်သာသွားတယ်တဲ့ 😍

ခန္ဓာကိုယ် မှာအပူတွေအရမ်းများရင်လဲ အကြောတက်၊ အညောင်းထိုင် ပေါ့ပါးမှုမရှိတာတွေ ဖြစ်တတ်တယ် လေးကပ်ပြီး သက်သာမှုရကြတော့ မျှဝေရောင်းချသူကိုယ်ပါ ပျော်တယ်ကွယ်

ကိုယ်တိုင်လဲ ဇက်ကြောတက်တတ်သူမို့ သုံးကြည့်ပြီး သက်သာလို့ ဝေဒနါတူသူတွေကို ပြန်မျှဝေတယ် သုံးကြပြီး သက်သာကြတော့ ကူညီရတာ အရမ်းဝမ်းသာတယ် 😘😘

အကြောတက်၊ ညောင်းညာကိုက်ခဲနေပြီဆို တိုင်းရင်းဆေးကပ်ခွာလေးကို ကပ်ပေးဖ်ု့မမေ့နဲ့နော်

Photos from Sandar.Health & Beauty's post 21/07/2023

အချိန်မပေးနိုင်တော့လို့ ‌သေသေချာချာ မလုပ်နိုင်‌ေတာ့လို့ Hanuman Brand က ထုတ်တဲ့ပစ္စည်းတွေကို မရောင်းနိုင်တော့တာ😍

ပစ္စည်းမကောင်းလို့လည်း မဟုတ်ဘူး🙅
မရောင်းရလို့လည်း မဟုတ်ဘူး🙅

တကယ်တော့ အခုချိန်ထိ ကိုယ်လည်းသုံးနေတုန်းပဲ ဇက်ကြောတက်တဲ့အချိန်တိုင်း ကပ်နေတုန်းပဲ😍

ခုလည်း #အကြောတက်တာ သုံးချင်လို့ 2 ဘူးအမှာလေး😍

ကိုယ့်ကိုယုံကြည်ပြီး ပစ္စည်းမှာရုံမက ငွေပါတစ်ခါတည်းလွှဲပေးသော ကာကာ ကျေးဇူးပါ😍

09/06/2023

�နှလုံးကိုဖိပြီး_မအိပ်ကြနဲ့
----------------------------------
ဒေါက်တာ အောင်စိုးဝင်း•

ကမ္ဘာပေါ်မှာ လူတွေသေဆုံးနေရတဲ့
အကြောင်းရင်းကို လေ့လာကြရာမှာ
နှလုံးရောဂါကြောင့် သေဆုံးရခြင်းဟာ
အများဆုံးပဲလို့ ပညာရှင်များတွေ့ရှိထားပါတယ်။

နှလုံးရောဂါကတော့ အမျိုးမျိုးရှိပါတယ်။

အဲဒီလိုနှလုံးရောဂါ အမျိုးမျိုးဖြစ်လာရခြင်းရဲ့
cause တခုအကြောင်းကို
အခုပြောပြပေးသွားပါမယ်။

ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား
ရှိစဉ်တုန်းက လောကီလူသားတွေ
ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ နည်းတွေကို
ပေးခဲ့ပါတယ်။

အဲဒီထဲမှာ အိပ်စက်ခြင်းနဲ့ပတ်သက်လို့
လက်ယာဘက်ကို စောင်းအိပ်ဖို့
လမ်းညွှန်ခဲ့ပါတယ်။

လက်ဝဲဘက်ကို စောင်းမအိပ်ခိုင်းတာက
လက်ဝဲရင်အုံမှာ အချိန်တိုင်းခုန်နေတဲ့
နှလုံးရှိနေလို့ပါပဲ။

လက်ဝဲဘက်ကို စောင်းအိပ်တဲ့အခါမှာ
လွတ်လပ်စွာခုန်နေတဲ့နှလုံးကို
တက်ဖိထားသလို ဖြစ်နေပါတယ်။

ကိုယ်အလေးချိန် များတဲ့သူတွေဆို
ပိုဆိုးတာပေါ့။ အသက်တောင်
မနဲညှစ်ရှူနေကြရတယ် မဟုတ်လား။

အဲလိုတက်ဖိထားတော့ နှလုံးက
အရမ်းကို ရုန်းကန်ပြီး ခုန်နေရပါတယ်။

နှလုံးဟာ တကိုယ်လုံးကို သွေးပို့လွှတ်ဖို့
ညှစ်အားကောင်းကောင်းနဲ့ pump
လုပ်ပေးနေရတာ ဖြစ်တယ်။

သူ့ကိုတက်ဖိထားတော့
ညှစ်အားမကောင်းတော့ဘူး။

တကိုယ်လုံးကို သွေးမရောက်နိုင်တော့ဘူး။

တညလုံးများ တက်ဖိထားရင်
စဉ်းစားသာ ကြည့်ပါတော့။

နှလုံးမှာ အခန်း၄ခန်း ရှိတယ်။

တခန်းကနေ နောက်တခန်းကို
သွေးဝင်ဖို့အတွက် အဆို့ရှင်လို့ခေါ်တဲ့
တံခါးပေါက်တွေရှိတယ်။

နှလုံးကို တက်ဖိထားတော့ အဲဒီအဆို့ရှင်
တံခါးပေါက်တွေလည်း
အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူး။

နှလုံးကို သွေးဝင်လာတဲ့
သွေးပြန်ကြောတွေ ရှိတယ်၊
နှလုံးကနေပြန်ထွက်တဲ့
သွေးလွှတ်ကြောတွေရှိတယ်။

နှလုံးကိုတက်ဖိထားရင်
အဲဒီသွေးကြောတွေလည်း ပိတ်တတ်ပါတယ်။

သွေးလည်း တိုးတတ်တယ်။

ခန္ဓါကိုယ်မှာ နှလုံးက အခရာသိပ်ကျတာဗျ။

ကိုယ်တွင်းလုပ်ငန်း အရာရာတိုင်းကို
နှလုံးကနေ အားယူပြီး လုပ်နေရတာဖြစ်တယ်။

နှလုံးအားမရှိရင် ကျန်တဲ့အပိုင်းတွေလည်း
အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူး။

အစာမကြေတာတွေ၊ ဝမ်းချုပ်တာတွေ၊
ရင်ကျပ်တာတွေ၊ နွမ်းနယ်တာတွေ၊
မူးဝေတာတွေ စသည်ဖြင့် ဖြစ်ကြတာတွေက
နှလုံးမကောင်းတာကြောင့် ဖြစ်ရတာများတယ်။

ဆိုလိုချင်တာကတော့ နှလုံးဟာ
Mainပဲ။ နှလုံးကောင်းဖို့က
အခရာအကျဆုံးဖြစ်တယ်။

ဘယ်ဘက်ကို စောင်းအိပ်တတ်တဲ့သူတွေဟာ
နှလုံးအဖိခံထားတဲ့အတွက်
နှလုံးရဲ့လုပ်ဆောင်ချက်တွေ
ကျဆင်းတတ်တယ်။ ကြာရင်ဒဏ်ဖြစ်ပြီး
နှလုံးအားမကောင်းတော့ဘူး။
အဆို့ရှင်တွေ ပျက်စီးလွယ်တယ်။

အိပ်နေရင်းနဲ့ နှလုံးရပ်ပြီး သေတတ်တယ်။
ဒါကြောင့် လက်ဝဲဘက်ကို
စောင်းအိပ်တတ်တဲ့ အကျင့်ရှိရင်
ပြင်ဖို့လိုပါတယ်။

လက်ဝဲဘက်ကို လုံးလုံးစောင်းမအိပ်ပါနဲ့လို့
ပြောတာတော့ မဟုတ်ဘူး။

အညောင်းပြေခဏတော့
စောင်းအိပ်ချင်ကြမှာပဲ။
ခဏစောင်းအိပ်ရင်
ဖက်လုံးလိုခေါင်းအုံးလေးနဲ့
ရင်ဘတ်ကို အသာလေး
ခုထားပေးသင့်ပါတယ်။

ဘယ်ဘက်စောင်းပြီး အိပ်မပျော်သွားပါစေနဲ့။
အညောင်းပြေရင် position ပြန်ပြောင်းပါ။

အကောင်းဆုံးအိပ်နည်းကတော့
ကမ္ဘာ့သံလိုက်စက်ကွင်း လားရာမှန်ဖို့
ဦးခေါင်းကို တောင်ဘက်ထားပြီး
ပက်လက်လှန် အိပ်ခြင်းဖြစ်တယ်။

အခါအားလျော်စွာ လက်ယာဘက်ကို
စောင်းအိပ်နိုင်တယ်။ အဲဒီလို
အိပ်ရေးဝအောင်အိပ်ဖို့ ဖြစ်ပါတယ်။

အိပ်တဲ့အခါမှာလည်း
သူတော်ကောင်းအိပ်တဲ့ နည်းမျိုးနဲ့
အိပ်သင့်တယ်။

အလိုလောဘတွေ စဉ်းစားပြီးအိပ်ရင်
ပြိတ္တာအိပ်နည်း၊

မလိုဒေါသတွေ စဉ်းစားပြီးအိပ်ရင်
ငရဲသားအိပ်နည်း၊

ခေါင်းအုံးနဲ့ ခေါင်း ထိတာနဲ့အိပ်ပျော်သွားရင်
တိရစ္ဆာန်အိပ်နည်းလို့ခေါ်တယ်။

အဲဒီအိပ်နည်းတွေက အိပ်ပျော်ဖို့
ခက်ခဲတတ်တယ်။ ပက်လက်လေးလှန်
မျက်လုံးလေးမှိတ်ပြီး ကိုယ်အားသန်ရာ
တရားအမှတ်လေးနဲ့ အိပ်မှသာလျှင်
ယောဂီအိပ်နည်း၊ သူတော်ကောင်းအိပ်နည်း
ဖြစ်မှာဖြစ်ပါတယ်။

မိတ်ဆွေများ.....နှလုံးဟာ
သိပ်အရေးကြီးပါတယ်။

ခန္ဓာကိုယ်အတွက်လည်း
တန်ဖိုးကြီးလှပါတယ်။

နှလုံးမကောင်းရင် အသက်မရှည်နိုင်ပါဘူး။

ဒါကြောင့် နှလုံးရောဂါဖြစ်စေနိုင်တဲ့
အခြားသော အကြောင်းအရာတွေကိုလည်း
ဂရုစိုက်ကြရင်းနဲ့ လူသိနည်းလှတဲ့
အခုပြောပြတဲ့ အကြောင်းအရာလေးကိုလည်း
သတိထားမိကြဖို့ မျှဝေပေးလိုက်ပါတယ်။

Dr.အောင်စိုးဝင်

ကျန်းမာပျော်ရွှင်ကြပါစေ•

Want your business to be the top-listed Beauty Salon in Naypyidaw?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


ဇေယျသိဒ္ဓိရပ်ကွက်
Naypyidaw