To Someone
Wellcome
13/07/2025
လောကမှာ
ဘယ် ယောကျ်ားကမှ ကိုယ်ချစ်ရတဲ့
အမျိုးသမီးတယောက်ကို ချစ်လျှက် နဲ့ လမ်းခွဲတယ်ဆိုတာ မရှိပါဘူးတဲ့
တကယ်ချစ်တဲ့သူက နီးစပ်ဖို့နဲ့ တကယ် ရယူ ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားပါတယ်တဲ့
တကယ် ချစ်တဲ့သူတိုင်း က ဘယ်လို situtationမျိုးမှာမဆိုကိုယ် ချစ်ရတဲ့သူ ရဲ့ လက် ကို ဘယ်သော အခါမှ လက်မလွတ် လိုက်ပါဘူးတဲ့
အကယ်၍များလက်လွတ်ခဲ့ သည် ရှိသော် အက်အမျိုးသားရဲ့ရင်ထဲဘဝထဲကနေ တကယ်မချစ် သေး လို့ပါတဲ့
30/05/2025
Me..ဟဲ့ရေ ငါလှတယ်မလား. ဂစ်တာရှိတ်လေးပေါ်အောင် ရိုက်ပေးနော်. Snap shoot လေး..
My fri....အေး ...လှတယ် ကမရေ အဲတိုင်းလေးနေနော် ရိုက်ပြီ..
Crd photo
16/04/2025
🤣🤣
14/04/2025
အေးလေ မပြောလိုက်ချင်ဘူး.
စားစရာမရှိ သူတို့ကျွေးထားမလိုလိုနဲ့
အတင်းယူခိုင်းနေတာ......
Photo crd
14/04/2025
သင်္ကြန်မုန့်ဖိုးပေး.............
အသားအရေထိန်းသိမ်းနည်း
အရွယ်သုံးပါးမှာ အသားအရည်ထိန်းသိမ်းနည်း👧👵
အသက် ၂၀ ကျော်အရွယ်မှာ အသားအရည်ထိန်းသိမ်းနည်း နဲ့ အသက်၅၀အရွယ်မှာအသားအရည်ထိန်းသိမ်းနည်းကဘယ်လိုမှမတူနိုင်ပါဘူး။🤔
အရွယ်သုံးပါးလုံးလှပနေဖို့အတွက်ဆိုအသားအရည်ထိန်းသိမ်းနည်းလေးသိထားဖို့လိုပါတယ်။😀
👉အသက်၂၀ အရွယ်🙋🙋
ငယ်တုန်းရွယ်တုန်းမှာ အသားအရည်ကို ဂရုစိုက်ထားမှကြီးတဲ့အခါတော်ကာကျပါမယ်။
နေရောင်ဒဏ်ကိုကာကွယ်ပါ။☀☀
အကောင်းဆုံးကတော့ SPF 30 လောက်ပါတဲ့ sun cream လိမ်းပါ။နေရောင်ဒဏ်က မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်စေသလို မျက်နှာပြင်ချောမွေ့မှုကင်းစေပြီး အညိုစက်တွေထွက်စေပါတယ်။
ဝက်ခြံတွေတိုက်ထုတ်ပါ။
ဆယ်ကျော်သက်အရွယ်မဟုတ်တော့လို့ဝက်ခြံထွက်လည်း ခဏလေးနဲ့ပျောက်သွားမှာလို့ ထင်ရင် သင်မှားသွားမှာပေါ့။မျက်နှာသစ်ရင် facial cleanser လေးနဲ့သစ်ပေးပါ။ မိတ်ကပ်လိမ်းပြီးတဲ့အခါ မိတ်ကပ်ဖျက်ဆေးနဲ့ဖျက်ပါ။
ချွေးပေါက်တွေကိုသန့်ရှင်းပေးပါ။
မျက်နှာပေါင်းတင်ပြီး ချွေးပေါက်တွေကိုသန့်ရှင်းပေးပါ။သဘာဝရွှံ့စေးဒါမှမဟုတ် charcoal ပါဝင်ဝင်တဲ့ facial mask ကိုရွေးဝယ်ပါ။
👉အသက် ၃၀ နှင့် ၄၀ အရွယ်💁💁
အသက် ၃၀ မှာ ဟော်မုန်းအပြောင်းအလဲ နှင့်စိတ်ဖိစီးမှုတွေကြောင့် အရေပြား ကပုံမှန်သိပ်မဖြစ်တော့ပါဘူး။အသက် ၂၀ အရွယ်တုန်းက ဂရုမစိုက်မိခဲ့ဘူးဆိုရင် အခုဒီအရွယ်မှာ ဂရုစိုက်ပေးရမှာပါ။
အသားအရောင်ပြောင်းလာခြင်း
အသက် ၃၀ အရွယ်မှာဆို တော်တော်များများက အသားအရောင်ပြောင်းလာကြတယ်။များသောအားဖြင့်ကတော့ နေရောင်ကြောင့် ပျက်စီးသွားတာပေါ့။ဒါကြောင့်အကြံပြုချင်တာကတော့ ဗီတာမင် C တစ်နေ့တစ်လုံးသောက်ပေးပြီး ဗီတာမင်ကြွယ်ဝတဲ့ အသီးအနှံတွေစားသုံးပေးပါ။
ဟော်မုန်းကြောင့်ထွက်တဲ့ ဝက်ခြံတွေကိုတိုက်ထုတ်ပါ။
ဝက်ခြံအမာရွတ်တွေက သင် အသက် ၃၀အရွယ်မှာလည်း ရှိနေဦးမှာပါ။ဒီဝက်ခြံအမာရွတ်တွေကင်းဝေးချင်တယ်ဆိုရင်တော့ pH ဓာတ်များများပါတဲ့ toner ကိုသုံးပေးပါ။
အရေးအကြောင်းတွေကိုတားဆီးပါ။
ဗီတာမင် Aက ဆဲလ်တွေ ပျက်စီးသွားခြင်း မရှိအောင်ထိန်းထားပေးပါတယ်။ဒါကြောင့် အရေးအကြောင်းပေါ်ခြင်းနှင့် အသားအရောင်ပြောင်းလဲသွားခြင်းကို တိုက်ဖျက်ပေးမှာပါ။
အသက် ၄၀ အရွယ်မှာ တော့ ခန္ဓာကိုယ်ကျန်းမာအားပြည့်ဖို့ ဂရုစိုက်ပါ။
ရေဓာတ်ပြည့်နေပါစေ။
ဒီအသက်အရွယ်မှာ အရေပြားကအဆီဓာတ်တွေ လျော့နည်းသွားတဲ့အတွက် အသားအရည် ခြောက်သွေ့နေမှာပါ။ဒါကြောင့် ရေဓာတ်အားဖြည့်ပေးတဲ့ skin care products ကိုရွေးချယ်ဝယ်ယူပါ။
မျက်နှာအရောင်ထိုင်းမှိုင်းခြင်း
အသက် ၄၀ အရွယ်တွေမှာ ဆိုမျက်နှာဝင်းလက်မှုနည်းသွားတာသိသာလာပါပြီ။မျက်နှာဝင်းမွတ်ပြီး လှပနေဖို့အတွက် ဆို facial oilကအကောင်းဆုံးပါ။
👉အသက် ၅၀ အရွယ်နှင့် နှောင်းပိုင်း👵👵
ဒီအသက်အရွယ်မှာ အသိသာဆုံးက အရေးအကြောင်း ၊ အသားအရောင် မညီတော့တာ ၊ အရေပြားတွဲအိကျတာ နှင့် အသားအရည်ခြောက်သွေ့တာ တွေပါ။
- အရေပြားတင်းရင်းအောင်ဂရုစိုက်ပါ။
- အရေးအကြောင်းတွေကာကွယ်ပေးတဲ့beauty products တွေသုံးပါ။
- ဆဲလ်တွေပျက်စီးခြင်းမရှိရအောင်ကာကွယ်ပါ။
- အသားရည် ကျစ်လစ်အောင် လေ့ကျင့်ခန်းလုပ်ပေးပါ
ဒါဆိုရင်တော့ အရွယ် ၃ ပါးစလုံးမှာ လှပနေမှာပါ
Click here to claim your Sponsored Listing.
Category
Website
Address
Naypyidaw