Sai Myo Win Kywe

Sai Myo Win Kywe

Share

ကျန်းမာရေးနှင့်အလှပ

17/07/2025

ကျွန်ုပ်ရဲ့ Facebook သုံးစွဲမှု ၂ နှစ်ပြည့် အထိမ်းအမှတ် ဆင်နွှဲနေတာ ဖြစ်ပါတယ်။ သင့်ရဲ့ အဆက်မပြတ် ကူညီပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ် ဒါကို သင့်အကူအညီ မပါဘဲ လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ 🙏🤗🎉

02/02/2024

အောင်မြင်ချင်ရင် သူများ ကိစ္စ

လျှာမရှည်၊ မစပ်စုပဲ…ကိုယ့် အကြောင်းကို

ပိုတွေးပြီး၊ ကိုယ့် အလုပ်ပဲ ပိုလုပ်ရတယ်။ 🤌🤭❤️

30/01/2024

မင်္ဂလာညချမ်းပါခင်ဗျား။
ဘေးရန်ကင်း၍ အေးချမ်းစွာ အိပ်စက်အနားယူနိုင်ကြပါစေ။

🇲🇲☯ စိုင်းမျိုးဝင်းကြွယ် ☯🇲🇲

Photos from Sai Myo Win Kywe's post 28/01/2024

ပြည့်စုံတဲ့ ယောက်ျားဆိုတာ...

၁။ မနက်တိုင်း ၅ နာရီမှာ အိပ်ယာထတယ်။
၂။ လေ့ကျင့်ခန်း နေ့တိုင်းလုပ်တယ်။

၃။ သူ့အိပ်ယာ သူခင်းတယ်။
၄။ နေတဲ့အခန်း သန့်ရှင်းရေး သူ့ဟာသူလုပ်တယ်။

၅။ သူ့အလုပ်ကိုသူ မခိုမကပ် သေချာလုပ်တယ်။
၆။ အရက် ၊ဘီယာကို လုံးဝမထိဘူး။

၇။ အစား ချေးမများဘူး။
၈။ ညဘက် အပြင်မှာ အလေမလိုက်ဘူး။

၉။ အချိန်ကို လေးစားတယ်။ နောက်ကျလေ့မရှိ။
၁၀။ နေ့တိုင်း ဘုရားရှိခိုးတယ်။

၁၁။ စာ နေ့တိုင်းဖတ်တယ်။
၁၂။ ည ၉နာရီတိတိမှာ အိပ်ယာဝင်တယ်။

Photos from Sai Myo Win Kywe's post 24/01/2024

ကြားကြတဲ့အတိုင်း
ထို့ကြောင့်ဤသို့

BGF ကိစ္စက ကျယ်ပြန့်ပါတယ်
နားမလည်တဲ့သူတွေ ကိုယ်ထင်ရာစွတ်ပြောနေတာပါ
DKBA-BGF / KPF -BGF ဘယ်လိုပေါ်လာလဲသိရင် BGFတွေရဲ့ စိတ်နေစိတ်ထားကို နားလည်ကြမှာပါ
အခုထိလည်း မာနယ်ပလောခေတ်ဒဏ်ရာတွေကနေ မသန်စွမ်းစစ်မှုထမ်းဟောင်း ၅ထောင်ကျော်နဲ့ မိသားစုတွေကို ဆက်လက်ထောက်ပံ့နေရတုန်းပါပဲ
ဒီ အဝန်းအဝိုင်းက ကျယ်ပြန့်သလို
စိတ်ချင်းဆက်နေတဲ့သူတွေအများကြီး
တပ်က သူတို့ဘက်ကို ခိုင်ခိုင်မာမာ
ရပ်တည်ပေးဖို့ပဲလိုတာပါ

ကရင်ပြည်နယ်က
တပ်နဲ့BGFသတင်းက
စောချစ်သူကို ဗိုလ်မှူးချုပ်ရာထူးပေးပြီး
ကရင်ပြည်နယ်လုံခြုံရေးနဲ့
ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို
ဦးဆောင်ခွင့်ပေးလိုက်တယ်တဲ့

တပ်နဲ့BGF ကွဲသွားတာ မဟုတ်ဘူး
အရင်က BGFရဲ့ အဓိကတာဝန်ရှိသူ
အမိန့်ပေးသူ သည်တပ်ဘက်က အရာရှိ
အခု က၇င်လူမျိုးစောချစ်သူ
ယခင်က BGF စစ်ကြောင်းတွေက
ဘာလုပ်လုပ် ပစ်ကူ စစ်ကူတောင်းနေ၇တာက
တပ်မမှူး -စကစမှူး- တိုင်း မှူး-ကက(ကြည်း)
အဲ့ဒီလို အဆင့်ဆင့်သွားနေ၇တာကနေ
အခုဆို ၇န်သူဖက် ကို Reactionလုပ်တာမြန်အောင်
ဒစကမှူး (BGF)-တိုင်းမှူး- ကက(ကြည်း)ဆိုပြီး
အမိန့်ပေးကွပ်ကဲမှူစံနစ်ကိုအဲ့လိုပြောင်းလိုက်တာပါ

သဘောက
KNU ကနေ DKBA ခွဲထွက်စက
DKBA က ဦးဆောင်ပြီး KNU ကိုလိုက်တွယ်ခဲ့သလို
ခုလည်း ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် BGF ဒစကမှူးတယောက်အနေနဲ့
အကူလက်ရုံးတပ်တွေပါကိုင်တွယ်ခိုင်းတဲ့သဘော
မင်းဦးဆောင်ပြီး လုပ်ပေရော့ကွာလို့
စောချစ်သူပုခုံးပေါ် တင်ပေးလိုက်တာပါ

ဒီလိုဆိုရင်ဖြင့်
ကရင်ပြည်နယ် ငြိမ်းချမ်းပြီနော်...

Crd

24/01/2024

BGFကဗိုလ်မှူးကြီး စောချစ်သူကို ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့်ပြီး
ဒေသဆိုင်ရာစစ်ဆင်ရေးကွပ်ကဲရေးမှုး(ဒကစ-BGF)
အဖြစ် တိုးမြှင်​့တာဝန်ပေး

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့များ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူအား ဒေသဆိုင်ရာစစ်ဆင်ရေးကွပ်ကဲရေးမှုး(ဒကစ-BGF) ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ကရင်ပြည်နယ်ခရီးစဥ်အတွင်း နယ်ခြားစောင့်တပ်များနှင့်တွေ့ဆုံခဲ့ပြီး ယခုကဲ့သို့ ရာထူးချီးမြှင့်ခဲ့ကြောင်း တပ်မတော်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းများထံမှ သိရသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ကို ၂၀၁၀ ခုနှစ် ဩဂုတ်လတွင် တိုးတက်သော ကရင့်အမျိုးသား တပ်မတော် DKBA မှခွဲထွက်ပြီး တပ်ရင်း ၁၂ ရင်းနှင့် ကရင့်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF မှ တပ်ရင်း ၁ ရင်း စုစုပေါင်း တပ်ရင်း ၁၃ ရင်းဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) များအထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် တပ်မှူး ၁၃ ဦးနှင့် တပ်ဖွဲ့ဝင် အရာရှိ၊
အရာခံ ၇၇ ဦးတို့ ဇန်နဝါရီ ၁၄ ရက်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရုံးတွင် နုတ်ထွက်စာ တင်လိုက်ကြောင်း သတင်းများထွက်ပေါ်လာပြီး အဆိုပါသတင်းများမှာသတင်းမှားများသာဖြစ်ကြောင်း သိရသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့တွင်လည်း တပ်နယ် ၄ တပ်နယ်မှူးလည်းဖြစ် ၁၀၂၂ တပ်ရင်းမှူးလည်းဖြစ်သည့် ဗိုလ်မှူးစောမုတ်သုန်မှလည်း နုတ်ထွက်စာ တင်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သေးသည်။

ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး အနေအထား မထိခိုက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကာ တပ်မတော်နှင့် အတူ KNU အကြမ်းဖက်သောင်းကျန်းသူများအား ဆက်လက်ခြေမှုန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းနောက်၂၀၁၀ ခုနှစ်တွင် တပ်မတော် လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်အဖြစ်စတင်ဖွဲ့ ခဲ့ပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF စတင်ဖွဲ့စည်းစဉ်က အင်အား ၃၀၀၀ ခန့် ရှိသော်လည်း လက်ရှိတွင် စုစုပေါင်းအင်အား ခြောက်ထောင်နီးပါးရှိကြောင်း သိရသည်။
SHသတင်းဌာန
Crd pan news

Photos from Sai Myo Win Kywe's post 22/01/2024

ကျေးဇူးပါ အကိုရေး တပ်ဖွဲ့ အမှတ်တရ ပို့ပေးတဲ့အတွက် အမြဲထာဝရ လေးစားလျှက်ပါ ဗက စ က မ

21/01/2024

ဇေယျသိဒ္ဓိဆုတောင်းပြည့်စေတီတော်မြတ် စိန်ဒေါင်တံတိုင်း ရစ်သိုင်းကာရံရန်အတွက်- နေပြည်တော် စစ်ရုံးမိသားစုမှ ၈၃၀၀၀၀/ သိန်းကျပ် ကုသိုလ်ယူ လှုုဒါန်းပါသည်။
-----------------------------------------
မဟာရံတံတိုင်း ရစ်သိုင်းကာရံ
အန္တရာယ်များ ကင်းငြားအမှန်
အကျိုးဖလ မုချဧကန်
ရန်မဝိုင်း ကြံတိုင်းအောင်ခဲ့ပြန်
နိဗ္ဗာန်မြို့ ဆောင်ပို့ကုသလံ။ ။
crd

21/01/2024

မင်္ဂလာနံနက်ခင်းပါဗျ။
ကိုယ်စိတ်နှလုံး ရွှင်ပြုံးကြပါစေ
ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကြောင့် သတ္တဝါအားလုံး ဘေးကင်းကြပါစေ။

🇲🇲☯ စိုင်းမျိုးဝင်းကြွယ် ☯🇲🇲

Photos from Sai Myo Win Kywe's post 20/01/2024

. 👪 မနက်ဖြန် ပြာသိုလပြည့်
အမေများနေ့သို့ …👪

🙇 မြတ်ဘုရားကိုယ်တော်တိုင်
ချစ်သား.ချစ်သ္မီး ပရိသတ်လေးပါး

အပေါင်းတို့ မိဘတွေဟာ
သားသ္မီးများရဲ့အပေါ်မှာ အလွန်ကို

ကျေးဇူးများပါတယ်---တဲ့
မိဘတွေရဲ့ အပေါ်မှာ ဘယ်လိုအကြောင်း

ကိစ္စ မကျေနပ်မှုစတာတွေနဲ့ပဲ ကြုံကြုံ
မပြစ်မှား မစော်ကားကြပါနဲ့---တဲ့

🙇 အဖေဟာအဖေပါပဲ အမေဟာ
အမေပါပဲ လို့ ရင်ထဲ နှလုံးသားထဲမှာ

စွဲမြဲစွာမှတ်သားထားပြီး
ကျေးဇူးဆပ်ကြပါ။

🙇 ပြောပြီးသော စကား၊
လွန်ခဲ့ပြီးသော အချိန်၊

ဆုံးရှုံးသွားသော မိဘတို့မှာ၊
ပြန်ရနိုင်ရိုး ထုံးစံမရှိချေ။

🙇 ဒါကြောင့် သင်ဟာ~~~
အဖေ အမေကို မပြောမီ ချိန်ဆ၊

မလွန်မီ အသုံးချ၊
မိဘရှိစဉ် ပြုစုလုပ်ကျွေးခြင်းဟာ

အလွန်ကိုမွန်မြတ်ပြီး ဘုရားစတဲ့
သူတော်ကောင်းတွေ ချီးမွမ်းကြပါတယ်။

🙇 မိဘကျေးဇူးကို အထူးကျေမွန်အောင်
ပေးဆပ်နိုင်သော သား/သ္မီးလိမ္မာ

သားကောင်း/သ္မီးကောင်းရတနာများ
ဖြစ်ကြပါစေ~~~လို့…တောင်းဆုပတ္ထနာပြုရင်း…

မနက်ဖြန် ပြာသိုလပြည့် အမေများနေ့သို့-
မှတ်တမ်းရေးထိုး ဂုဏ်ပြုလိုက်ပါတယ်…

Ashinzavana

Want your business to be the top-listed Beauty Salon in Naypyidaw?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Naypyidaw