Clear Sky

Clear Sky

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Clear Sky, Beauty Store, Da-2276, Dekkhinathiri Qtr, Dekkhinathiri Township, Naypyidaw.

Photos from Clear Sky's post 20/06/2023

မိုးဦးရာသီအတွက် up to 30% discount ​ပေးမယ့် Revlon ရဲ့ SuperLustrous Matte lipstick
မူရင်း​စျေး 22000 MMK
ယခု​စျေး 15000 MMK
Avocado Oil & Vitamin E ပါလို့ နှုတ်ခမ်းသားအားဖြည့်​​​​စေပြီး ပိုးသားကဲ့သို့ နူးညံ့​စေပါတယ်။
တ​နေ့တာလုံးအ​ရောင်မပျက်ဘဲ အ​ရောင်ထွက်လှတဲ့ နှုတ်ခမ်းနီ​လေးပါ။
ရနိုင်တဲ့အ​​ရောင်​လေး​တွေက
Baby Berry (No 580) , Mauve it Over (No 003)
Love That Pink (No 435),love is On (No 745)
Pink Velvet(No 423), In the red (No 007)
Fabulous Fig (No 009),Really Red( No 006)
Sandalwood Beige( No 240)
Cash on Delivery ရပါတယ်​နော်
3 ​ချောင်းယူလျင် ပို့ခ free ပါ
အရည်အ​သွေးစစ်မှန်​​ကြောင်း အာမခံပါတယ်​နော်
နှုတ်ခမ်းနီတိုင်းမှာ Scan ဖတ်စရာပါပါတယ်​နော်။

Photos from Clear Sky's post 11/04/2023

Edited by 16-4-202
(နှစ်သစ်ကိုကြိုတဲ့အနေနဲ့ 16- 4- 2023 မှ 18-4-2023 အထိ 3 ရက်အတွင်း မှာတဲ့သူများကို double promotion ပေးပါမယ်နော်။ 1 ထုပ် 30000/ ပါ။ 2 ထုတ်မှာရင် deli free ပါနော်။)

ဆပ်ပြာမွှေးဆီလေး ( Laundry Capsules) ရောင်းအုန်းမယ်နော်။ ဆပ်ပြာ+ အမွှေးဆီပါပြီးသား 2 in 1 ပါနော်။
ဂျပန်ဖော်မြူလာနဲ့ မလေးရှားက ထုတ်လုပ်တာပါရှင့်။
သူက non-toxic formulaနဲ့ပြုလုပ်ထားတာမို့
လက်အသားအရေကိုမထိခိုက်စေတဲ့အပြင်
အဝတ်အစားတွေကိုသာမန်ထက်10 ဆဖွေးစေပီး အဝတ်အစားတွေကို နူးညံ့ကျန်ခဲ့ပါတယ်။ လျှော်ပြီး မီးပူတိုက်ပြီးလို့ အဝတ်ကို အပြင်ထုတ်ဝတ်သွားရင်တောင် သူအနံသင်းသင်းလေးက Fresh ဖြစ်စေပါတယ်နော်။ 99 % Anti - Bacterial မို့ ကျန်းမာရေးအတွက်လည်း အထူးသင့်တော်ပါတယ်နော်။ အဝတ်အစား အရောင်မလွင့်အောင် ( Colour Protection ) အထူးထုတ်လုပ်ထားပါတယ်။
တစ်ထုပ်မှာ အလုံး 50 ပါပါတယ်။
အိမ်မှာ အဝတ်လျှော်စက်နဲ့လျှော်လို့ရသလို လက်နဲ့စိမ်ပီးလျှော်လို့ရတယ်ရှင့်

အဝတ်လျှော်စက်နဲ့ လျှော်မယ်ဆို စက်ရဲ့ kg ကို ကြည့်ပီး

4 to 5 kg ဆို 1လုံး
5 to 8 kg ဆို 2လုံး
8 to 10 kg ဆို 3 လုံး ထည့်ပေးရမှာပါ
အမွှေးရနံ့လေး ပိုချင်ရင် အပေါ်က အရည်အတွက်ထက် 1 လုံးဆီပိုထည့်နော်။
တခါလျှော် 3 လုံးထည့်ရင်တောင် 1 ထုတ်ကို 16 ခါလျှော်လို့ရပါတယ်။
ပုံမှာပြထားတဲ့အတိုင်း ဆပ်ပြာမွှေးလုံးလေးကို စက်ထဲ ဒီအတိုင်းထည့်လိုက်ပါနော်။ ကပ်ကျေးဖြင့် ဖောက်စရာမလိုပါဘူးရှင့်။ washing machine feeder ထဲမထည့်ပါနဲ့ ။ ဆပ်ပြာမွှေးလုံးတွေကို အဝတ်နဲ့အတူ စက်ထဲ ရောထည့်လိုက်ပါနော်။
1 ထုတ်ကို 33500/ ပါ။ အရင်ဝယ်သူ အယောက် 30 ကို Cash back 1000/- ပြန်ပေးမယ်နော်။
2 ထုတ်ဝယ်ရင် Cash back ပြန်ပေးမယ့်အပြင်Deli free ပါလုပ်ပေးမယ်နော်။
အိမ်အရောက် ငွေချေရပါတယ်ရှင့်။

Photos from Clear Sky's post 24/03/2023

နွေနဲ့ သင့်တော်တဲ့ ဇာအင်္ကျီရောင်းအုန်းမယ်နော်။
ကဲ မမတို့ နွေရာသီမှာ လေဝင်ပေါက်လေးနဲ့ ဇာအင်္ကျီအေးအေးလေးဝတ်မလား။ သင်္ကြန်တွင်း တရားစခန်းဝင်မလား။ ဆရာမကို ကန်တော့လက်ဆောင်ပေးမလား။ အားလုံးအတွက် အဆင်ပြေတဲ့ အင်္ကျီနော်။
ယိုးဒယားဇာ Grade A ကိုချုပ်ထားလို့ အသားမကောင်းမှာ ပူစရာမလိုပါဘူးနော်။
ချုပ်ရိုးနဲ့ ကြယ်သီးများ အထူးခိုင်ခံပါတယ်နော်။ အရှေ့ကော အနောက်ကော ပိတ်ဖောက်ဇာနော်။
လက်စကက ကိုယ်ထည် ကော်ပိတ်ခံထားပါတယ်။ လက်တိုက လူငယ်ကြိုက်ပုံစံလေး ချုပ်ထားပြီး ကော်ပိတ်မပါဘူးနော်။ အတိုင်းအထွာတွေကတော့ -

လက်စကအင်္ကျီအရှည် 20 လက်မ/ ရင် 36 မှ 38 လက်မ / လက်အရှည် 11.5 လက်မ
လက်တိုအင်္ကျီအရှည် 23 လက်မ / ရင် 34 မှ 36 လက်မ/ လက်အရှည် 7 လက်မ

စျေးနှုန်းက လက်စက. 18000/- ကျပ်
လက်တို 17000/- ကျပ်

** 2 ထည်အနည်းဆုံးယူရမှာပါနော်။ လက်စကနဲ့ လက်တို ​ရောယူလည်း ရပါတယ်။
အများကြီးဝယ်ရင် နည်းနည်းလေး လျော့ပေးပါအုန်းမယ်။ ဆိုင်မှာ နှစ်သောင်းကျော်အသာလေးရောင်းတဲ့ quality ပါနော်။
ကိုယ်ကြိုက်တဲ့ design ချုပ်ချင်ရင် 1 ပတ်စောင့်ရမယ်နော်။
Cash on Delivery ရတယ်နော်။

Photos from Clear Sky's post 03/03/2023

နွေရာသီအတွက် Special Item လေး promotion ပေးမလို့ပါနော်။
ကျန်းမာရေးကောင်းအောင် အသားအရည်လှအောင် ရေသောက်ရမယ်။ ရေအပြင် ရေနွေးကြမ်း၊ ဖျော်ရည်တွေသောက်ကျတယ်လေနော်။ရိုးရိုးဖျော်ရည်ထက် ဒီဖျော်ရည်လေးသောက်ပါ။ ဖျော်ရည်လေးနာမည်က Oz Health Super Collagen & Vitamin C ရေဆူဆေးပြားပါနော်။ ဒီနေ့ခေတ်မှာ အပျိုဖြန်းလေးက စပြီး မတ်မတ်တို့အထိ လူပျိုလေးကစပြီး ဦးတို့အထိ မျက်နှာလေးတင်းရင်းလှပအောင် Focial masks သုံးတာတွေ ၊ location လိမ်းတာတွေ ၊ လုပ်ကြတယ်လေနော်။ ဒါအပြင် တဖြည်းဖြည်းကုန်သွားတဲ့ နာရီတွေကော နေ့စဥ် လှုပ်ရှားရုန်းကန်ရလို့ စိတ်ဖိစီးပြီး ရုပ်တွေရင့်သွားလို့
ဆေးထိုးတာတွေဆံပင်တွေ ပါးနေလို့ အရိုးတွေ မခိုင်မှာစိုးလို့ ဆေးတွေသောက်ကြတယ်မလား။ အဆီကျရန် နဲ့ ကိုယ်ခံအားကောင်းရန် ဗီမင်စီC တွေသောက်မယ်မလား။
ဒါတွေအတွက် ဖျော်ရည်လေးတစ်ခွက်သောက်ရုံနဲ့ ပြီးပြည့်စုံသွားမယ်ဆိုရင်ကော မသောက်ချင်ဘူးလား။
Marine Collagen မို့ ဘာသာမရွေးသောက်နိုင်ပါတယ်နော်။
စတော်ဘယ်ရီအနံလေးမို့ သောက်လို့သိပ်ကောင်း။
Zinc ပါလို့ ကိုယ်တွင်းတစ်သျှူးများ ပျက်စီယိုယင်းမှုကို လျော့နည်းစေပါတယ်။
Biotin ပါလို့ အသားအရည်ဆံပင် ဦးနှောက်နှင့်အာရုံကြောကို ကျန်းမာသန်စွမ်းစေပါတယ်။
Selenium က အိုမင်းရင့်ရော်မှုနဲ့ စိတ်ဖိစီးမှုကို အထူးတိုက်ဖျက်ပေးတဲ့ အစွမ်းထက် antioxidant တမျိုးပါ။Sugar Free မို့ ဆီးချိုသမားလည်းရ။
Vitamin C ပါလို့ collagen ကို ပိုမိုအစွမ်းထက်စေပြီး အဆီလည်းကျတယ်နော်။
ဂျာမနီကလာပြီး စင်ကာပူကနေတင်သွင်းတာနော်။ မြန်မာနိုင်ငံနဲ့ စင်ကပူကိုယ်စားလှယ်အဖြစ် တီကေ SG Authentic Group က ယူထားတာပါ​ေနာ် ။ မင်မင်က နေပြည်တော်ကိုယ်စားလှယ်ပါရှင့်။
ဒီ page မစခင် မနှစ်ကတည်းက ရောင်းနေတာပါ။ ဘယ်အရွယ်စသောက်သင့်လဲဆို 20 ကျော်အရွယ်ကနေ ဖိုးဖိုးဖွားဖွားတွေထိ ရပါတယ်။ နို့တိုက်မိခင်နဲ့ ကိုယ်ဝန်သယ်တွေ မသောက်ရဘူးနော်။
ဝယ်တာ မဝယ်တာ အသာထား။ Collagen နဲ့ပတ်သက်တဲ့ ရှင်းလင်းချက်တွေ၊ ဆရာဝန်ကြီးတွေ ရှင်းပြထားတာ နားထောင်ချင်ရင် cb မှာ လာတောင်းနော်။

ဆေး 1 ဗူး 22000/ ပါ
4 လပိုင်းထိ promotion က 3 ဗူးဝယ် 1 ဗူးလက်ဆောင်ပါ။
နုပျိုကျန်းမာ သွယ်လှကျပါစေနော်။

21/02/2023

ဒီနေ့ ဘာဝယ်ဝယ် 10% discount ပေးမယ်နော်။ 7th years marriage anniversary နဲ့ အိမ်က Head of Home ရဲ့ မွေးနေ့မို့လို့ပါ။

Photos from Clear Sky's post 20/02/2023

အရောင်စပ်လေးတွေနဲ့ အသားက စိုနေတဲ့ ချွန်းမျက်ဝန်းလက်ကော်
အခုတလော လက်ကော်တွေဘဲ ဓာတ်ကျနေလို့ ရောင်းအုန်းမယ်နော်
ထမီ 1 ထည်ဝယ်ရုံနဲ့ အကျီ 3 ထည်လောက်နဲ့ တွဲဝတ်လို့ရတယ်နော်။
1 ထည် 23000
3 ထည်ယူရင် 1 ထည်ကို 21500
5 ထည်နှင့်အထက် cb တွင် စုံစမ်းရန်။
Cash on Delivery ရတယ်နော် ။
အားပေးကြပါအုန်း မမတို့။

Photos from Clear Sky's post 11/02/2023

Buy 1 get 1 အစီအစဥ်လေးလာပြီနော်
Valentine Day အတွက် Amazing လေး
ငွေ 25500/သုံးပြီး 40000 နီးပါးတန်လေးများ မရချင်ဘူးလား။
ပုံမှာပြထားတဲ့ ကြိုက်နှစ်သက်ရာ လက်ကော်ချိတ် 1 ထည်ဝယ်ရုံနဲ့ Revlon lipstick 1 ချောင်းရမှာနော်။
ဒီလက်ဆောင်အတွက် မင်မင်ကို 1 ခုတည်းဘဲ ပြန်လုပ်ပေးနော်။
ဒီ Amazing အတွက် ဝယ်ယူချင်ရင် ဒီ post ကို Public နဲ့ Share ပြီး Share ထားတာလေးကို Ss ရိုက်ပြီး comment မှာပြပေးနော်။

Photos from Clear Sky's post 06/02/2023

စျေးချိုချိုနဲ့ ပေးချင်လို့ပါ
ချည်သားပိတ်ဖောက်ဇာ အနံကြီး 1 ကိုက် 7900
( 2 စပေါင်း 4 ကိုက်ယူပေးနော်)
ပထမဆုံးဝယ်သူ 3 ဦး နေပြည်တော်အတွင်း deli free ပါ
ပစည်းရောက် ငွေချေ ရပါတယ်ရှင့်

Photos from Clear Sky's post 03/02/2023

လက်ကားစျေးနီးပါးနဲ့ လက်လီဝယ်နိုင်မဲ့ ပိတ်ဖောက်ဇာလေးတွေ

ရုံးဝတ်၊ ကျောင်းဝတ်အတွက် လှပတဲ့ ပိတ်ဖောက်ဇာလေးတွေကို 1 စချင်းလက်လီဝယ်ရုံနဲ့ လက်ကားစျေးနီးပါးရမယ်ဆို ဝယ်ပျော်တယ်နော် မမတို့ ညီမလေးတို့။
အောက်မှာပြထားတဲ့ ဒီဇိုင်းလေးတွေကို လိုသလောက် ဖြတ်ပေးမယ်နော်။
1 ကိုက် 7000/ ကျပ်ပါ။
အနည်းဆုံး 4 စ (4 ကိုက်) ယူပေးနော်။
4 စ ကို ကြိုက်နှစ်သက်ရာ 4 မျိုး ယူလို့ရပါတယ်။ တယောက်တည်း ထည်လဲဝယ်လိုက်တော့ မမတို့။
ပစည်းရောက်ငွေချေရတယ်နော်။

Photos from Clear Sky's post 30/01/2023

အဖြေမှန်က 3 6 9 ပါ ။ 39 ဖြစ်ဖြစ် 69 ဖြစ်ဖြစ် မှန်ပါတယ်နော်။ မင်မင်ရဲ့ personal phone နောက်ဆုံး 3 လုံးက 369 ပါ။ အခု page ရဲ့ phone no နောက်ဆုံးအလုံးကလည်း 69 ပါ။ မှတ်ပုံတင်နံပါတ်က - - - 936 ပါ။ အလုပ်ရတော့ နေတဲ့တိုက်အမှတ်က 609 ပါ။ အိမ်ထောင်ကျတော့ ပြောင်းတဲ့တိုက်အမှတ်က 9 ပါ။ အခုနေတဲ့တိုက်နံပါတ်ကလည်း ပေါင်းရင် 9 ဘဲ။ ကျန်တာတွေလည်း အများကြီးရှိပါသေးတယ်။ မှတ်မှတ်ရရက အဲနံပါတ် 3 လုံးနဲ့ ထီဆုသေးသေးလေး ပေါက်ဖူးပါတယ်နော်။
အဖြေမှန်တဲ့သူ 2 ယောက်ရှိပါတယ်။ Jin Hui Yi နဲ့ Yin Yin Htun တို့ပါ။ မမနဲ့ ညီမငယ်ကို ထမီ 1 ထည်စီ လက်ဆောင်ပေးမယ်။ ဒါကြောင့် ဖုန်းနံပါတ်နဲ့ လိပ်စာကို cb ထဲ လာပို့ထားပေးပါနော်။ ကျန်တဲ့ ဝင်ရောက်ဖြေဆိုသူ တဦးတယောက်ချင်းကို ကျေးဇူးတင်ပါတယ်နော်။ ဆက်ပြီးတော့ ဝိုင်းရံပေးကြပါနော်။ Top Fan တွေ ဖြစ်တဲ့အထိပေါ့ ။ Top Fan တွေကို နေ့ထူးနေ့မြတ်တွေမှာ လက်ဆောင်လေးတွေ ပေးမယ်နော်။ တကယ်က လက်ဆောင်ပေးတယ်ဆိုတာ ပစည်းပေးရုံတင်မဟုတ်ပါဘူးနော်။ ကိုယ်ရဲ့ ခင်မင်မှုကို ပြတဲ့ သဘောပါ။

Photos from Clear Sky's post 29/01/2023

အခုထိတော့ မမှန်သေးပါဘူး မမတို့ ၊ ညီမလေးတို့ရေ။
ဒါပေမယ့် အတော်လေး နီးစပ်တဲ့သူတွေ ရှိနေပါတယ်နော်။
အရှေ့နံပါတ်ပြောင်းလိုက်ရင် အနောက်နံပါတ် ပြင်လိုက်ရင် မှန်သွားနိုင်တာမျိုးပါ။
အားလုံးက ရင်ဘတ်ချင်း မဝေးကြပါဘူးနော်။
ဒါကြောင့် ပျော်ရွှင်စွာဖြင့် နောက်ထပ် နံပါတ်လေးတွေ ကံစမ်းချင်ရင် မမတို့ ညီမလေးတို့က နောက်တစ်ကြိမ် နံပါတ် 4 လုံးထပ်ရေးလို့ရတယ်နော်။ ကျန်တဲ့ မိတ်ဆွေတွေလည်း မြင်အောင် မမတို့က group (3)ခုလောက်မှာ share ပြီး နံပါတ်လေးတွေ ထပ်လာရေးပေးနော်။
မြန်မြန်လေးမှန်အောင် မင်မင်ရဲ့ ကဏန်း 3 လုံးအနက် ရှေ့ဆုံးနဲ့ နောက်ဆုံး နံပါတ်လေးတူတူ ၊ ဒုတိယနဲ့ နောက်ဆုံးအလုံးတူတူ အမှန်ပေးမယ်နော်။ နံပါတ်က ငယ်ရာကနေ ကြီးသွားတဲ့နံပါတ်လေးပါနော်။

Photos from Clear Sky's post 28/01/2023

လက်ဆောင်လေးပေးချင်လို့ပါ မမတို့ရေ
page စတင်တဲ့ 1 ပတ်အတွင်းမှာ Follow and like လုပ်ပေးတဲ့ အားပေးသူတွေနဲ့ ဝယ်ယူအားပေးတဲ့ တဦးတယောက်ချင်းကို ကျေးဇူးတင်ပါတယ်နော်။ ချစ်သောသူအားလုံးကို လက်ဆောင်ပေးနိုင်အောင် ကြိုးစားပါ့မယ်နော်။ အခုတော့ အောက်ပါပြထားတဲ့ ပိုးထည်ထမီလေးလက်ဆောင်ပေးမလို့ပါနော်။
မမတို့ ညီမလေးတို့ဘဝမှာ ကိုယ်နဲ့ ခဏ ခဏ ပတ်သက်နေတဲ့ ကိန်းကဏန်းတွေ ၊ တိုက်ဆိုင်မှုရှိနေတဲ့ နံပါတ်တွေ ၊ ကံကောင်းစေတဲ့ နံပါတ်လေးတွေ ရှိတတ်ကြတယ်မလား။ မင်မင်မှာလည်း အဲလို ကိန်းကဏန်း၊ နံပါတ်တွေ 3 လုံးက ဆယ့်စုနှစ် 2 ခုကျော် ပတ်သက်နေမြဲပါဘဲ။ မင်မင်နဲ့ တိုက်ဆိုင်တဲ့ မမတို့ ညီမလေးတို့ကို လက်ဆောင်ပေးချင်လို့ နံပါတ် 2 ခုကို comment မှာရေးပေးပါနော်။ 10 ကနေ 99 အတွင်းပေါ့။ 1 ယောက်ကို 3ခါရေးလို့ရပါတယ်။ နံပါတ် 2 ခုပေါ့။ သူငယ်ချင်းတို့ မိတ်ဆွေတို့ကိုလည်း တိုက်ဆိုင်မှုရှိ မရှိ ဝင်ရေးခိုင်းလို့ရပါတယ်နော် ။ မင်မင်ရဲ့ ကဏန်း 3 လုံးအနက် ရှေ့ဆုံးနဲ့ နောက်ဆုံး 2 လုံးတူသူက အဖြေမှန်တာပေါ့နော်။
ရင်ဘတ်ချင်းနီးတဲ့ မမတို့ ညီမလေးတို့ အနေနဲ့ နံပါတ် 2 လုံးရေး ၊ like and Follow လုပ်ပေးရုံပါဘဲနော်။ အဖြေမှန်ကို 30 ရက်နေ့ ပြောမယ်နော်။ မှန်တဲ့သူ 2 ယောက်ထက်ပိုရင် အရင်မှန်တဲ့ 2 ယောက်ပေးမယ်နော်။

Want your business to be the top-listed Beauty Salon in Naypyidaw?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Da-2276, Dekkhinathiri Qtr, Dekkhinathiri Township
Naypyidaw
15011