Fly from UK
UK နဲ့ Europe ဘက်မှပစ္စည်းများကိုစျေးမှန?
20/10/2021
သီတင်းကျွတ်အခါသမယမှာ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။ 🥰 🕯
19/09/2021
August လကုန်နဲ့ Sep လဆန်းလောက်က မှာထားတဲ့ ပစ္စည်းလေးတွေ ရောက်နေပြီနော် 😍
ခါတိုင်းထက် အချိန်နည်းနည်းကြာသွားလို့ Sorry ပါရှင် 😔အခု Cargo တွေနည်းနည်းဝင်ရခက်ပြီးအစစ်အဆေးများလို့ပါ 😔
ပစ္စည်းလေးတွေစစ်ပြီး Deli အပ်ပေးပါမယ်နော်🚚
အခုလောလောဆယ်တော့ Pre Order လေးတွေလက်ခံမှု ခဏရပ်ထားပါတယ် £ စျေးတွေအရမ်းတက်ပြီး စျေးမငြိမ်သေးလို့ပါဘ😩 orders လေးတွေပြန်လက်ခံပြီဆိုရင် page မှာတင်ပေးမယ်နော်
ဝယ်ယူအားပေးမှုကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🥰
Direct from UK 🇬🇧
10/09/2021
အားလုံးပဲ မင်္ဂလာပါ
Happy Friday 💕
Fly From UK မှာ Instock ရှိတာလေးတွေကို Live လုပ်ပြီးရောင်းပေးမယ်နော် 🛍
Instock ပစ္စည်းလေးတွေကတော့ Skincare မျိုးစုံ၊ Vitabiotics ကဆေးလေးတွေနဲ့ တခြားလူသုံးများတဲ့ဟာလေးတွေပါ 🤩
ဘာ Brand လေးတွေဖြစ်မလဲဆိုတာသိချင်ရင်တော့ Live လေးကို စောင့်ပြီးအားပေးကြပါအုံးလို့ 🥰
Live လုပ်မယ့်အချိန်လေးကတော့ မနက်ဖြန် 11 Sep စနေနေ့ ညနေ 6 နာရီဖြစ်ပါတယ်
Like & Share လုပ်တဲ့သူထဲက 1 ယောက်ကိုလည်း မဲဖောက်ပေးမှာဖြစ်ပါတယ် 🎁
Live လေးမှာ အားလုံးတွေ့မယ်နော် ❤️
‼️Fly From UK မှာ orders မှာမယ့် customers များအားအထူးအကြောင်းကြားခြင်း ‼️
ဝယ်သူတွေအဆင်ပြေအောင် Fly From UK မှာ Order တင်ရင် 100,000 Kyats အောက်ဆိုရင်ဘာ deposit မှပေးစရာမလိုပဲလုပ်ပေးထားပါတယ်
ဒါပေမယ့် တချို့ Customers တွေက order လေးတွေရောက်လာလို့ Messenger မှာ Cash on delivery လား Bank transfer လားဆိုတာ deli မအပ်ခင်မေးရင် Seen ဖြစ်ပြီး ဘာမှ ပြန်မပြောတော့တာကို တွေ့ရပါတယ် ❌❌
အစကတည်းက Order confirm မလုပ်ခင် waiting time 5 weeks ဆိုတာပြောပါတယ်။ 5 weeks မစောင့်နိုင်ရင်လည်း အစကတည်းက order မတင်ကြပါနဲ့
အခု orders တွေရောက်လာပြီလာပို့တော့မယ်ဆိုရင် message တွေ Seen ဖြစ်ပြီး ဘာမှပြန်မပြောကြတာ တော်တော်ဆိုးပါတယ် ဖုန်းဆက်လည်းဖုန်းမကိုင်တာတို့၊ ဖုန်းကိုင်ပြီး BANK TRANSFER လွှဲပေးမယ်ဆိုပြီး 2-3 ရက် မလွှဲပေးပြီးပျောက်သွားကြတာတော့ မလုပ်ကြပါနဲ့လို့အထူးမေတ္တာရပ်ခံအပ်ပါတယ်
မယူတော့ဘူးဆိုလည်း ပြက်ပြက်သားသား order မယူတော့ဘူးဆိုတာပြောလို့ရပါတယ်။ အရမ်းကြီးအတင်းထိုးမရောင်းပါဘူးနော်
Waiting time 5 weeks ကိုလည်း Deposit ပေးပြီး ယုံယုံကြည်ကြည်၊ စိတ်ရှည်စွာစောင့်ဆိုင်းပေးတဲ့ Customers တွေကိုလည်း အထူးကျေးဇူးတင်ပါတယ် 🥰
02/09/2021
မှာထားတဲ့ Vitabiotics ဆေးလေးတွေတစ်ဖြတ်ရောက်လာပြီနော် 😍
Instock လေးတွေကနောင်တစ်သုတ်မှပဲပါပါမယ်လို့ 🥰
Orders လေးတွေရောက်လာတဲ့ customers တွေကို ဒီနေ့အပြီးဆက်သွယ်ပြီး မနက်ဖြန် deli အပ်ပေးမယ်နော် 🚚 📦
Thank you so much for shopping with us 🛍
Direct from UK 🇬🇧
24/08/2021
ဝုအသားအရေလေးကို Lux skin က Mask လေးနဲ့ အပြီ Glow မယ် 🐶 😍
Credit to
Goldie The Golden Retriever
24/08/2021
🦠၂ဆကူးစက်မြန် Delta
📌Delta ကူးစက်ပျံ့နှံ့ပုံ
🔹Delta မျိုးစိတ်ဟာ အလွန်အမင်းကူးစက်လွယ်ပြီး အရင်ကိုဗစ်မျိုးစိတ်တွေထက် ၂ဆ‼️ပိုမိုကူးစက်မြန်ကြောင်းတွေ့ရှိရပါတယ်။
🔹တချို့သော လေ့လာတွေ့ရှိချက်တွေအရ Delta မျိုးစိတ်ဟာ ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာ အရင်မျိုးစိတ်တွေထက် ရောဂါပိုမိုပြင်းထန်ကြောင်းဖော်ပြထားပါတယ်။
🔹Canada နိုင်ငံနှင့် Scotland နိုင်ငံမှ လေ့လာတွေ့ရှိချက်အရ Delta မျိုးစိတ်ဟာ Alpha မျိုးစိတ် နှင့်တခြားသောမူလမျိုးစိတ်တွေထက် ဆေးရုံတက်ရောက်ကုသရတဲ့အခြေအနေပိုများကြောင်းဖော်ပြထားပါတယ်။
💉ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကတော့ အရမ်းကိုသတိထားရပါမယ်။ Delta မျိုးစိတ်ဟာ ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးထားတဲ့သူတွေမှာတောင် ရောဂါကူးစက်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားပြီး ရောဂါကူးစက်ခံရလျှင် လက္ခဏာပြတာလဲဖြစ်နိုင်သလို၊ လက္ခဏာမပြတာလဲဖြစ်နိုင်ပါတယ်။
👉🏻လက္ခဏာပြတဲ့သူတွေကတော့ တခြားသူတွေကို ရောဂါကူးစက်စေနိုင်ပြီး
👉🏻ရောဂါလက္ခဏာမပြတဲ့သူတွေဆိုရင် တခြားသူကို ရောဂါကူးစက်နိုင်လားဆိုတာကိုတော့ Centers for Disease Control and Prevention အဖွဲ့အစည်းမှ ဆက်လက်လေ့လာနေဆဲဖြစ်ပါတယ်။
🦠အရင်မျိုးစိတ်တွေတုန်းက ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ ကိုဗစ်ထပ်မံကူးစက်ခံရရင် ကာကွယ်ဆေးမထိုးထားတဲ့သူတွေထက် ခန္ဓာကိုယ်ထဲ ဗိုင်းရပ်စ်ပြန့်ပွါးနှုန်းဟာပိုမိုနည်းပါးစေပါတယ်။
‼️ဒါပေမယ့် Delta မျိုးစိတ်မှာတော့ ရောဂါကူးစက်ခံရရင် ကာကွယ်ဆေးထိုးထားသူဖြစ်ဖြစ်၊ မထိုးထားသူဖြစ်ဖြစ် ခန္ဓာကိုယ်ထဲ ဗိုင်းရပ်စ်ပြန့်ပွါးနှုန်းက အတူတူပဲဖြစ်ပါတယ်။ သို့သော် ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ တခြားသူကို ရောဂါကူးစေနိုင်တဲ့အချိန်ပမာဏက ပိုတိုစေနိုင်ပါတယ်။
📌Delta နှင့် ကိုဗစ်ကာကွယ်ဆေး
🇺🇸U.S နိုင်ငံမှာ အသုံးပြုတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကတော့ Delta မျိုးစိတ်အပါအဝင် တခြားမျိုးစိတ်ကြောင့်ဖြစ်စေနိုင်တဲ့ ရောဂါဆိုးရွားမှုတွေ၊ အသက်သေဆုံးမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့်တော့ မဟုတ်ပါဘူး။ တချို့ကာကွယ်ဆေးအပြည့်အဝထိုးထားတဲ့သူမှာတောင် ရောဂါထပ်မံကူးစက်ခံရနိုင်ပြီး ရောဂါလက္ခဏာခံစားစေနိုင်ပါတယ်။ သို့သော် ကာကွယ်ဆေးထိုးထားတဲ့အတွက်ကြောင့် ရောဂါဆိုးဆိုးရွားရွားဖြစ်တာတွေ၊ အသက်ဆုံးရှုံးရတာတွေကိုတော့ အတော်အတန်ကာကွယ်ပေးနိုင်ပါတယ်။
📌Masks တပ်ပါ
ကာကွယ်ဆေးတွေဟာ ရောဂါပြန့်ပွါးမှုနဲ့ ရောဂါဆိုးရွားမှု တွေကိုလျှော့ချနိုင်ဖို့ အဓိကအရေးပါတဲ့အချက်ဖြစ်ပေမယ့် ကာကွယ်ဆေးထိုးထားတိုင်းလဲ အပြည့်အဝမကာကွယ်နိုင်သေးပါဘူး။ ထပ်မံကူးစက်ခံရနိုင်ခြေရှိပါတယ်။
😷ဒါကြောင့် ရောဂါကူးစက်ပျံနှံ့မှုကို လျှော့ချနိုင်ဖို့အတွက် Mask များကို စနစ်တကျတပ်ဆင်ပြီး ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကို ဂရုတစိုက်လိုက်နာဖို့ အရေးကြီးပါတယ်။
Credit
Zifam
19/08/2021
Vitabiotics ဆေးနောက်တစ်သုတ်နဲ့ Zara, New Look ကမှာထားတဲ့ Orders လေးတွေ ဒီနေ့ London အ်မ်ကိုရောက်နေပါပြီ 🏠
မနက်ဖြန် Cargo နဲ့ထည့်ပေးမှာပါ မြန်မာနိုင်ငံကို September 1st week ထဲလောက်ရောက်ပါမယ်နော် 🚚 📦
18/08/2021
July လကုန်လောက်က မှာထားတဲ့ Oximeter တွေနဲ့ ဆေးလေးတွေတဖြတ် ဒီနေ့ရန်ကုန်ရောက်နေပါပြီ ☺️
Vitabiotics ကမှာထားတဲ့ဆေးလေးတွေကတော့ အလှည့်ကျ လုပ်ပေးနေပါတယ် 🥰 Orders လေးတွေရောက်ကြောင်း အကြောင်းကြား မခံရသေးတဲ့ Customers လေးတွေကတော့ မှာထားတဲ့ Orders လေးတွေက ဒီတစ်ခေါက်မပါသေးလို့ပါ ။ ရန်ကုန်ကို နောက်တစ်သုတ်ရောက်ရင် အမြန်လှမ်းပြောပေးပါမယ်နော် 📥 📞
ဒီတစ်ခေါက်မှာတော့ Instock လေးတွေမပါသေးပါဘူး မှာထားတဲ့ Orders လေးတွေပဲအရင်ဝယ်ပေးလိုက်တာမို့လို့ပါ 🥰
ဒီနေ့၊ မနက်ဖြန် အပြီး Pack လုပ်ပြီး သဘက်ခါ Deli အပ်ပေးလိုက်ပါမယ်နော် 🚚 📦
Thank you so much for Shopping with us 🥰
16/08/2021
Covid 19 ထပ်ဖြစ်နိုင်ခြေရှိ/မရှိ
📌Covid ဖြစ်ပြီးသွားပြီ၊ Antibody ထွက်ပြီးပြီဆိုပြီးသတိလက်လွတ်မနေသင့်ပါဘူး။ အကြောင်းကတော့ Covid ဖြစ်ပြီးလို့ Antibody ထွက်ပြီးတဲ့သူတွေမှာတောင် နောက်တစ်ကြိမ်ထပ်မံကူးစက်ခံရနိုင်တဲ့အတွက်ဖြစ်ပါတယ်။
🤺Covid ဖြစ်ပြီးလို့ Antibody ထွက်ပြီးပြီဆိုရင် ခြောက်လလောက်အထိကာကွယ်မှုရနိုင်တယ်လို့ ယခင်ကပြုလုပ်ထားတဲ့ သုတေသနစာစောင်များမှာဖော်ပြထားပါတယ်။ ဒါပေမယ့် အပြည့်အဝကာကွယ်မှုပေးနိုင်တယ်လို့မဆိုထားပါဘူး။ ပြောချင်တာကတော့ နောက်တစ်ကြိမ်ထပ်မံကူးစက်ခံရနိုင်တယ်ဆိုတာပါပဲ။
📌ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ Scientific Brief စာစောင် (May 10,2021) အရ Covid ကူးစက်ခံရဖူးသူများအနေနဲ့ ၇လအထိ နောက်တစ်ကြိမ်ကူးစက်ခံရမှုကို ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိကာကွယ်မှုပေးပဲဖြစ်ပါတယ်။ ဆိုလိုတာက ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းလောက်ကပြန်ဖြစ်နိုင်ပါတယ်။ ဒါတောင် ၇ လအတွင်းသာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ဖြစ်နိုင်ချေပိုများနိုင်ပါတယ်။
👉နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ အသက် ၆၅ နှစ်အထက်လူကြီးတွေမှာဆိုရင် Covid နောက်တစ်ခါကူးစက်ခံရနိုင်ခြေ ၅၀ ရာခိုင်နှုန်းရှိပါတယ်လို့အဆိုပါ WHO စာစောင်မှာဖော်ပြထားပါတယ်။
👴ဒါ့ကြောင့် အသက် ၆၅ နှစ်အထက်ရှိတဲ့သူများအနေနဲ့ နောက်တစ်ကြိမ်ထပ်မံကူးစက်မှုကိုကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးထိုးခြင်း၊ Covid 19 ကာကွယ်ရေးနည်းလမ်းများဖြစ်တဲ့ ခပ်ခွာခွာနေခြင်း၊ Mask တပ်ခြင်း၊ လက်ဆေးခြင်းများကို Covid ဖြစ်ပြီးသွားရင်တောင်ပိုပြီးဂရုတစိုက်လုပ်ဆောင်ကြဖို့ March 17, 2021 ထုတ် Lancet Journal ရဲ့ သုတေသနစတမ်းတစ်ခုမှလည်းတိုက်တွန်းထားပါတယ်(Reference တွင်ကြည့်ရှုနိုင်ပါသည်)။
📌နောက်ထပ် တရတ်နိုင်ငံ Beijing Ditan ဆေးရုံမှာပြုလုပ်ထားတဲ့သုတေသနစာတမ်း တစ်ခုမှာတော့ လူပေါင်း ၁၀၉ ယောက်ကိုစမ်းသပ်ရာမှာ ၂၇ ရာခိုင်နှုန်းခန့် Covid 19 ရောဂါထပ်မံကူးစက်ခံရပြီး ထပ်မံကူးစက်ခံရသူများအနက်မှ ၂၄ ရာခိုင်နှုန်းပဲရောဂါလက္ခဏာပြတာကိုတွေ့ရပါတယ်။ ⏱အဆိုပါစာတမ်းအရ နောက်တစ်ကြိမ်ကူးစက်ခံရသူတွေဟာ ရောဂါပိုးစစ်ဆေးလို့ Negative ထွက်ပြီးနောက် ၁၇ ရက်ခန့်မှာ Positive ပြန်ဖြစ်နိုင်တယ်လို့လည်းဆိုထားပါတယ်။
Credit-Zifam
🚨ချစ်ရတဲ့ Customers များအားအသိပေးအကြောင်းကြားခြင်း 🚨
အခု ဆိုရင် $ စျေးတွေနဲ့အတူ £ စျေးတွေကပါအဆမတန် မြင့်တက်နေတာကြောင့် Order လေးတွေလက်ခံမှုကို ခေတ္တခဏ ရပ်ဆိုင်းထားပါမယ် 🛑
£ စျေးတွေတက်နေတာကြောင့် ကိုယ်ဝယ်တဲ့ပစ္စည်းစျေးကလည်းအရင်ကစျေးနဲ့မတူတော့ဘဲ စျေးမြင့်ကြီးတွေနဲ့ပေးဝယ်ရမလိုဖြစ်သွားပါလိမ့်မယ် 😔
Vitabiotics နဲ့ H&B ကမှာထားတဲ့ဆေးလေးတွေကတော့ 2 ခါခွဲဝင်ပါလိမ့်မယ်။ ပစ္စည်းလေးတွေ ရန်ကုန်ရောက်ပြီဆိုရင် မှာထားတဲ့ Customers လေးတွေကို cb မှာလာဆက်သွယ်ပေးလိုက်ပါမယ်နော် 📥
Order လေးတွေပြန်လက်ခံရင်လည်း Page မှာ ပြန်တင်ပေးပါမယ်
အားလုံးပဲ နားလည်ပေးကြလို့ ကျေးဇူးအထူးတင်ပါတယ်ရှင် 🥰
13/08/2021
မိန်းမတွေရဲ့ ကောင်းခြင်း ၅ ဖြာထဲမှာ ဆံပင်ကောင်းခြင်းက တစ်ခုအပါအဝင်ဖြစ်ပါတယ် 👩🏻🖤
မိန်းမတို့ဘုန်း ဆံထုံးဆိုသလို မိန်းမတစ်ယောက်ရဲ့ အလှအပကိုဖော်ကြူးတာ ဆံသား၊ ဆံပင်တွေပဲမဟုတ်လား 🥰
Vitabiotics ကထုတ်ထားတဲ့ Perfectil Hair ထဲမှာ ဆံသား၊ လက်သည်းတွေအတွက်အဓိကလိုအပ်တဲ့ Zinc, Biotin, Selenium တို့ပါပါတယ်
Cooper ပါဝင်တာကြောင့် ဆံပင်အရောင်ကိုလည်းနက်မှောင်သန်စွမ်းစေပါတယ် 🖤
ဒီဆေးလေးက ဆံပင်ကိုအာဟာရဖြည့်ပေးတဲ့အပြင်အသားအရ၊ လက်သည်းတွေအတွက်လိုအပ်တဲ့ Niacin, Biotin plus, B2 တွေလည်းပါပါတယ်
မိန်းမတစ်ယောက်အတွက်လိုအပ်တဲ့ 28 nutrients ပါတာကြောင့် ဆံပင်၊ အသားအရေ၊ လက်သည်း၊ ခြေသည်းတွေအတွက်ကောင်းပါတယ်
မှာယူချင်ရင်တော့ Cb ကိုလာခဲ့ပါနော်
Direct from UK 🇬🇧
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Naypyidaw
11141