Troposphere Myanmar

Troposphere Myanmar

Share

Troposphere Myanmar is best luxury perfume

09/04/2025

💦သင်္ကြန်ပိတ်ရက်အသိပေးခြင်း💦
ယခုကြရောက်မည့် သင်္ကြန်ကာလများဖြစ်သော April လ 13 ရက်နေ့မှ 21 ရက်ထိ ကို Troposphere Myanmar ၏မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ရုံးပိတ်ရက်များအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်းနှင့် Online Sale & Ecommerce များထုတ်ပေးခြင်းကိစ္စရပ်များကို April လ 10 ရက်နေ့မှာနောက်ဆုံးထားထုတ်ပေးသွားမည်ဖြစ်ကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်... 🙏✨


#သင်္ကြန်ပိတ်ရက်အသိပေးခြင်း

Photos from Our Future Trading Company's post 04/04/2025

ငလျင်ဒဏ်သင့်ပြည်သူများသို့ OFT မှ လက်တွဲကူဖို့ ၄.၄.၂၀၂၅ ဒီနေ့မှာ စတင်ထွက်ခွာလာခဲ့ပါပြီ...🤍
အမြန်ဆုံးပြန်လည်ထူထောင်နိုင်ဖို့ လက်တွဲကူညီဖေးမကြပါစို့!💪

03/04/2025

အမြန်ဆုံးပြန်လည်ထူထောင်နိုင်ဖို့ လက်တွဲကူညီဖေးမကြပါစို့... 💪✨

ငလျင်ဒဏ်သင့်ပြည်သူများသို့ OFT မှ လက်တွဲကူ...🤝💛

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ (သောကြာနေ့) တွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေးနှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှ အသက်အိုးအိမ်များ၊ ချစ်ခင်သူများ၊ မိသားစုဝင်များ အစရှိသဖြင့် ဆုံးရှုံးပျက်စီးသွားကြသည့် ပြည်သူများအတွက် OUR FUTURE COMPANY မှ ထပ်တူခံစားရပြီး များစွာဝမ်းနည်းရပါတယ်....

ပြင်းထန်ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသများအတွက် စာနာနှစ်သိမ့်မှုအပြည့်နှင့် ကူညီဖေးမနိုင်ရန်အတွက် OUR FUTURE TRADING CO., LTD မှ မတည်အလှူငွေ သိန်း ၅၀၀ ကျပ် နှင့် JETAINE CORPORATION SDN. BHD မှ သိန်း ၂၀၀ ကျပ် ပူးပေါင်းပြီး ကျပ်သိန်းပေါင်း (၇၀၀) တန်ဖိုးရှိ အရေးပေါ်လိုအပ်သည့်ပစ္စည်းများ၊ အောက်ဆီဂျင်စက် 10လုံး ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ သောက်ရေသန့် နှင့် စားသောက်ကုန်ပစ္စည်းများကို အမှန်တကယ်လိုအပ်သည့်နေရာများသို့ OUR FUTURE TRADING CO., LTD မှ ဝန်ထမ်းမိသားစုများက သွားရောက်လှူဒါန်းပေးသွားမည်ဖြစ်ပါသည်...

ဒါ့အပြင် OUR FUTURE TRADING CO., LTD (MANDALAY OFFICE) မှ ငလျင်ဒဏ်ကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရသော ဝန်ထမ်းမိသားစုများကိုလဲ နေထိုင်ရေးအဆင်ပြေစေရန် နှင့် အခက်အခဲများအဆင်ပြေစေရန်အတွက် လှူဒါန်းကူညီပေးသွားမည်ဖြစ်ပါသည်...

အမြန်ဆုံးပြန်လည်ထူထောင်နိုင်ဖို့ လက်တွဲကူညီဖေးမကြပါစို့... 💪✨

30/03/2025

တည်ငြိမ်ပြီး ချစ်ဖို့ကောင်းတဲ့ရနံ့

Troposphere ရဲ့ Party Blossom Perfume ဟာ Base Notes အနေနဲ့ ပန်းသီးရနံ့နဲ့ သဘာဝစန္ဒကူးပန်းရဲ့ အနှစ်သာရကိုပေါင်းစပ်ထားတာကြောင့် တည်ငြိမ်တဲ့ Sweet Scent လေးကို ပေးစွမ်းနိုင်ပါတယ်

ပန်းရနံ့ရဲ့ တည်ငြိမ်မှုနဲ့အတူ ဆွဲဆောင်မှုရှိတဲ့ Scent လေးကိုပိုင်ဆိုင်နိုင်ဖို့ တစ်မျိုးတည်းနဲ့ ပေးစွမ်းနိုင်တဲ့ Party Blossom လေးကို ရွေးချယ်လိုက်တော့နော်...

Party Blossom – မိန်းကလေးတိုင်းရဲ့ Party Night Must-Have! ✨

22/03/2025

Strong Girl ရဲ့ Bold & Sexy Scent
Troposphere ရဲ့ Let’s Guess Perfume က Sexiest scent နဲ့ Sensational scent တို့ပေါင်းစပ်ထားပြီး Strong Girl တွေလို Confidence နဲ့ Powerကို ခံစားချင်တဲ့သူတွေအတွက် Perfect Perfume ...

ပုံမှန်အနံ့တွေလို ချိုချိုအီအီမဟုတ်ပဲ ပြင်းရှရှအနံ့လေးကြောင့် လူအများကြားထဲ ပေါ်လွင်စေပြီး
Strong girl တစ်ယောက်ရဲ့ Fearless Vibes နဲ့ Boldness ကို ပြသပေးကာ အချိန်တိုင်း ယုံကြည်မှုရှိစေပါတယ်

Let’s Guess – Strong girl လေးတွေအတွက် ရွေးချယ်စရာ Sexiest Scent

13/03/2025

Gentleman တို့အတွက် ရှေ့မှီနောက်မှီရနံ့

နွေဦးရဲ့ နေရောင်ခြည်လို နွေးထွေးပြီး ယုံကြည်မှုရှိတဲ့ Gentleman Vibe ကိုရရှိစေတဲ့
Chap Perfume ဟာ ရှေ့မှီနောက်မှီ ရနံ့လေးဖြစ်ပြီး 1920s Classic vibe နဲ့ 2020s Contemporary vibe ကိုပေါင်းစပ်ထားတဲ့ ရနံ့ဖြစ်တဲ့အတွက် အတွေးအခေါ်အသစ်နဲ့ အောင်မြင်မှုကို အမြဲရရှိစေလို့ Magic ဆန်တဲ့ Perfume ဖြစ်နေတာပေါ့...

Chap Perfume – ယုံကြည်မှုနဲ့ အောင်မြင်မှုကို ပြိုင်ဘက်များထက် ဦးဆောင်လိုသူ Gentlemen တို့အတွက် အကောင်းဆုံး ရွေးချယ်မှု! 💯

13/03/2025

တပေါင်းလပြည့်နေ့ 🌝✨
တပေါင်းလပြည့်နေ့ဟာ... မြန်မာပြက္ခဒိန်ရဲ့ ၁၂ လမြောက်လဖြစ်တဲ့ တပေါင်းလရဲ့ လပြည့်နေ့ဖြစ်ပါတယ်... ဒီနေ့ဟာ.. ဗုဒ္ဓဘာသာဝင်တွေအတွက် အထွတ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပြီး မြတ်စွာဘုရား တပည့်တော်သာဝကကြီးနှစ်ပါးဖြစ်တဲ့ ရှင်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလာန်တို့အား အဂ္ဂသာဝကဘွဲ့ပေးအပ်တဲ့နေ့တစ်နေ့လဲဖြစ်ပါတယ်...

ဒီလိုနေ့မျိုးမှာ မြန်မာတို့ရဲ့ ဘာသာရေးယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ကို ထင်ဟပ်ပြသတဲ့ သဲပုံစေတီများ ပြုလုပ်ပြီးလဲ ကုသိုလ်ယူလေ့ရှိကြပါတယ်.. ဒါ့ကြောင့်ဒီလိုနေ့မျိုးမှာ ကုသိုလ်ကောင်းမှုများပြုလုပ်ပြီး ပျော်ရွှင်ရာ တပေါင်းလပြည့်နေ့ပွဲတော်ဖြစ်ပါစေလို့ Troposphere Myanmar မှဆုမွန်ကောင်းတောင်းအပ်လိုက်ရပါတယ်ခဗျာ...🙏🙏🙏

#တပေါင်းလပြည့်နေ့

07/03/2025

ချစ်စရာကောင်းတဲ့ ကောင်မလေးအသွင်ပြောင်းဖို့

နူးညံ့ပြီး ချစ်စရာကောင်းတဲ့ကောင်မလေးဖြစ်ဖို့အတွက် Troposphere ရဲ့ Flower Bomb နဲ့ ပုံစံပြောင်းလိုက်တော့နော်
Troposphere ရဲ့ Flower Bomb က ပန်းပေါင်းစုံရဲ့မွှေးရနံ့လေးနဲ့ Girly ဆန်တဲ့အနံ့ကို ပေးစွမ်းနိုင်တဲ့အပြင် ကောင်မလေးတွေအကြိုက် Jasmine, Rose, Peony စတဲ့ပန်းရနံ့တွေက ချစ်စဖွယ်ကောင်းပြီး အချိန်ကြာတဲ့ထိ Musk နဲ့ Patchouli တို့လို အနံ့လေးရရှိစေတာကြောင့်ချစ်စရာကောင်းတဲ့ ကောင်မလေးအသွင်ဖန်တီးဖို့ Flower Bomb လေးကိုသုံးလိုက်တော့နော်🌸💗

03/03/2025

ယုံကြည်မှုရှိတဲ့ အလုပ်သွားချိန်တိုင်းအတွက် မပါမဖြစ် 🧑‍💻💼
Gentlemen တို့ရဲ့ ရှေ့မှီနောက်မှီ ရနံ့ဖြစ်တဲ့ Chap Perfume ဟာ နွေဦးရဲ့ နေရောင်ခြည်လို နွေးထွေးပြီး အနံ့ရသူတိုင်းကို စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်မယ့် ရေမွှေးတစ်ခုပဲဖြစ်ပါတယ်။🍃

1920s ရဲ့ Classic vibe နဲ့ 2020s ရဲ့ Contemporary vibe ကို တိုက်ရိုက်ပေါင်းစပ်ထားတဲ့ ဒီရနံ့က ခေတ်သစ်ဆန်ပြီး ယုံကြည်မှုရှိတဲ့
အထိရောက်ဆုံးရနံ့တစ်ခုဖြစ်စေမှာ အသေအချာပဲနော်...

Chap Perfume – နေ့တိုင်းကို ယုံကြည်မှုနဲ့ဖြတ်သန်းလိုသူ Gentlemen တို့အတွက် အကောင်းဆုံး ရွေးချယ်မှု!💯

🇲🇲

21/02/2025

ပန်းခင်းထဲက မိန်းမလှလေး 🍃🫶
ကောင်လေးနဲ့ Date ဖို့လား?🥰
အလုပ်သွားရင် စွတ်ဖို့လား? 💻
ပွဲတက်ဖို့အတွက်လား? 💃
ဘယ်နေရာနဲ့မဆို လိုက်ဖက်ညီတဲ့ ပန်းရနံ့မျိုးစုံကို ထိထိမိမိပေါင်းစပ်ထားတဲ့ Troposphere ရဲ့ Flower Bomb Perfume ဟာ မိန်းမပျိုလေးတွေကြိုက်မယ့် Girly ဆန်တဲ့ ရနံ့တစ်ခုဖြစ်ပြီး တစ်နေ့တာလုံး ပန်းခင်းကြီးထဲမှာ ဖြတ်သန်းသွားလာနေရသလို ခံစားရစေတာကြောင့် ပန်းခင်းထဲက မိန်းမလှလေးဖြစ်ဖို့ဆို Flower Bomb တစ်မျိုးပဲ လိုတယ်နော် 🌼🌸🏵️🫶

🇲🇲

Want your business to be the top-listed Beauty Salon in Naypyidaw?
Click here to claim your Sponsored Listing.

Telephone

Website

Address


Naypyidaw

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 18:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00