Lynn Vlog
✅Prevention is better than Cure✅
06/10/2024
DNACPR အကြောင်းသိကောင်းစရာများ
DNACPR အကြောင်းသိကောင်းစရာများ DNACPR ဆိုတာကြားဖူးပေမဲ့သေချာမသိတဲ့သူတွေ ဒီ video ကိုကြည့်ပြီးသွားရင်နားလည်သဘောပေါက်သွားပါလိမ့်မယ်ဆေးကုသရေးမှာ...
04/10/2024
ကျောက်ကပ်ဆေးနေရတဲ့လူနာများသိထားသင့်သော dialysis disequilibrium syndrome
ကျောက်ကပ်ဆေးနေရတဲ့လူနာတွေကြုံရတတ်တဲ့ Dialysis disequilibrium syndrome နာတာရှည်ကျောက်ကပ်ပျက်နေလို့ ကျောက်ကပ်ခဏခဏဆေးရတဲ့ လူနာတွေမှာ ကြုံရတတ်တဲ့ Dialysis disequilibrium syndrome အကြောင်းကိုပြောပြပေ.....
30/09/2024
MRCEM Primary စာမေးပွဲအတွက်ဘယ်လိုပြင်ဆင်ကြမလဲ
MRCEM Primary စာမေးပွဲအတွက်ဘယ်လိုပြင်ဆင်ကြမလဲ MRCEM Primary စာမေးပွဲအတွက်ဘယ်လိုပြင်ဆင်ကြမလဲဆိုတာရယ် ကိုယ်ဖြေခဲ့တုန်းကဘယ်လိုပြင်ဆင်ခဲ့လဲဆိုတာရယ်ကို ဒီ video မှာပြ....
04/09/2023
ဘာလဲ ဘယ်လဲ PLAB ခရီးစဥ်
=====================
မကြာသေးခင်ကမှ PLAB 2 ကိုပူပူနွေးနွေးအောင်ထားတာမို့ PLAB ခရီးစဥ်အစအဆုံးအကြောင်းကိုပြောပြချင်ပါတယ်။ ကိုယ်တိုင်ပြင်ဆင်ခဲ့စဥ်တုန်းကလည်း အူလည်လည်ဖြစ်ခဲ့တဲ့အပိုင်းတွေရှိခဲ့လို့ ကိုယ့်လိုဖြစ်နေတဲ့သူတွေရှိရင် ကိုယ်ချင်းစာတဲ့အနေနဲ့ဒီပို့စ်ကိုစဥ်းစားပြီးရေးဖြစ်တာပါ။
👉 PLAB ဆိုတာ ယူကေနိုင်ငံမှာဆရာဝန်လာလုပ်ချင်တဲ့ နိုင်ငံတကာကဆရာဝန်တွေဖြေဆိုတဲ့ ဆေးကုသခွင့်လိုင်စင်ပါ။ ဒီလိုင်စင်ရပြီဆိုရင် ယူကေတစ်နိုင်ငံလုံးကဆေးရုံတွေမှာအလုပ်စလျှောက်လို့ရပါပြီ (ယူကေဆိုတာ အင်္ဂလန်၊ ဝေးလ်၊ စကော့တလန်နဲ့ မြောက်အိုင်ယာလန်စတဲ့ နိုင်ငံတွေကိုစုပေါင်းပြီးခေါ်တာပါ)
👉 PLAB ဖြေဖို့ဆိုအရင်ဆုံး englishစာ စာမေးပွဲအရင်ဖြေရပါတယ်။ IELTS or OET တစ်ခုခုဖြေရပါတယ်။ OET ဆို all grades B ရဖို့လိုပြီး IELTS ဆို all bands 7 နဲ့အထက်ရဖို့လိုပါတယ်။ အဲ့တာအောင်ပြီဆိုရင် GMC မှာ PLAB ဖြေဖို့ အကောင့်စဖွင့်လို့ရပါပြီ။ ကိုယ့်အလှည့်တုန်းကတော့ မဖြေခင်ထဲက GMC account ကိုကြိုဖွင့်ထားခဲ့တာပါ။ OET အောင်တာနဲ့ အဆင့်သင့်ဖြစ်အောင်လို့ပါ။
✅ OET အောင်ပြီဆို PLAB 1 ကိုစပြီးဖြေဖို့ ဘွတ်ကင်တင်လို့ရပါပြီ။ PLAB 1 ကတော့ theory ပိုင်းကိုမေးတာပါ။ စာနိုင်နိုင်ဖတ်နိုင် မေးခွန်းတွေများများလေ့ကျင့်နိုင်ရင်အဆင်ပြေပါတယ်။ ခုနောက်ပိုင်း UKMLE ပြောင်းသွားတော့မှာဖြစ်ပေမဲ့ လေ့လာရမဲ့စာတွေကတော့တူတူလို့ပဲသိရပါတယ်။ PLAB 1 seat ကဘွတ်ကင်တင်ရခက်တာမို့ ရတာနဲ့ တန်းပြီးဘွတ်ကင်တင်ထားဖို့အကြံပေးချင်ပါတယ်။ ကိုယ့်အလှည့်တုန်းက OET အောင်တာနဲ့ PLAB 1 ကြားထဲမှာ ၁၁လလောက်ကြာပြီးမှ seat ရခဲ့တာပါ။ တချို့က seat အမြန်လိုချင်လို့အေးဂျင့်နဲ့လုပ်ကြတာရှိပေမဲ့ ပေးရတဲ့ပိုက်ဆံကများတဲ့အပြင် risk များပါတယ်။ PLAB 1 ကို india, nepal, Bangladesh, dubai, sri lanka, nigeria, parkistan စတဲ့ exam centres ရှိတဲ့နိုင်ငံတွေမှာဖြေလို့ရပါတယ်။
👉 PLAB 1 အောင်ပြီဆိုရင် PLAB 2 ဘွတ်ကင်ကိုတစ်ခါထဲတင်ရပါတယ်။ မဟုတ်ရင်ကိုယ်လိုချင်တဲ့ရက်မရပဲဖြစ်တတ်ပါတယ်။ PLAB 2 ကတော့ cinical exam ပါ။ စာဖတ်နိုင်ရုံနဲ့မရပဲ study partner ကောင်းကောင်းရှိဖို့လိုအပ်ပါတယ်။ PLAB 2 အတွက်ပြင်ဆင်တော့မယ်ဆို ဒီအောက်က topic ၇ခုကိုသေချာပိုင်နိုင်ထားဖို့လိုပါတယ်။
✅Consultation stations
✅Counselling stations
✅Prescription stations
✅Teaching stations
✅SIMMAN stations
✅Procedure stations
✅Examination stations
👉 PLAB 2 ဖြေဖို့အတွက် academy တစ်ခုခုကိုရွေးတက်ဖို့လိုပါတယ်(တချို့လည်း ကိုယ့်ဘာသာသေချာပြင်ဆင်ပြီးဖြေကြတဲ့သူတွေလည်းတွေ့ဖူးပါတယ်)။ aspire, dr swa mi, samson, common station, dr mo စတဲ့ academy တွေအများကြီးထဲကမှ dr mo academy မှာတက်ဖြစ်ခဲ့ပါတယ်။ ဘာရွေးရမှန်းမသိတာနဲ့ peer pressure ကြောင့်ရွေးဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့ကိုယ်တိုင်တက်ကြည့်တော့ကြိုက်ပါတယ်။ ကိုယ့်အတွက်တော်တော်လေးအဆင်ပြေခဲ့ပါတယ်(မှတ်ချက် - dr mo academy နဲ့ ဘာ affiliation မှမရှိပါ။ ကိုယ်တက်ခဲ့တဲ့ academy ဖြစ်လို့ညွန်းပေးတာပါ)။
🚨အခုနောက်ပိုင်း PLAB 2 အောင်ဖို့ဆိုရင် စာရဖို့လည်းလိုသလို အထူးသဖြင့် ပေးထားတဲ့အချိန်တိုအတွင်းမှာလူနာနဲ့ communication ကောင်းပြီး rapport တစ်ခုတည်ဆောက်တတ်ဖို့လိုပါတယ်(စာအရမ်းရပြီး mock tests ဖြေတိုင်းအောင်ပေမဲ့ တကယ်ဖြေတဲ့အခါမှာ မအောင်တဲ့သူတွေလည်းတွေ့ဖူးလို့ပါ)။ GMC အဓိကလိုချင်တာက လူနာရဲ့ concerns ကိုဘယ်လောက်ထိဖြေရှင်းပေးနိုင်လဲဆိုတာဖြစ်တဲ့အတွက် အဲ့အချက်ကိုအမြဲသတိထားနေဖို့လိုပါတယ်။
👉လူနာနဲ့တကယ်တွေ့တဲ့အခါမှာ ဘယ်လောက် confidence ရှိရှိ communicate လုပ်နိုင်သလဲဆိုတာက examiner တွေလိုချင်တဲ့အချက်တွေထဲကတစ်ခုဖြစ်လို့အဲ့အချက်ကိုလည်းသေချာလေ့ကျင့်ပြင်ဆင်သွားဖို့လိုပါတယ်။
စာမေးပွဲဖြေပြီးတဲ့အချိန်နဲ့ အောင်စာရင်းထွက်တဲ့အချိန်ကြားထဲမှာ အချိန်၃ပတ်ကြာတတ်ပြီး တစ်ခါတစ်လေအဲ့ထက်လည်းကြာတတ်ပါတယ်။ wednesday တိုင်းအောင်စာရင်းထွက်ပေမဲ့ thursday မှထွက်တဲ့အခေါက်တွေလည်းရှိပါတယ်(ကိုယ့်တုန်းကတော့ Thursday ညနေမှအောင်စာရင်းထွက်ခဲ့ပါတယ်)။
🚨နောက်တစ်ချက်ကတော့ ဘယ်စာမေးပွဲပဲဖြေဖြေ luck/blessing ကလည်းအရေးကြီးတာမို့ စာမေးပွဲမဖြေခင်နဲ့ ဖြေပြီးတဲ့အခါမှာ ကိုယ်ယုံကြည်သက်ဝင်ရာဘာသာတရားအတိုင်းကောင်းတာတွေလုပ်တာ၊ ဆုတောင်းတာမျိုးတွေလည်းလုပ်ဖို့အကြံပေးချင်ပါတယ်။ အနည်းဆုံးတော့ တရားထိုင်တာမျိုး၊ မနက်မိုးလင်းတာနဲ့ ဘုရားရှိခိုးပြီး စိတ်ကိုကြည်လင်သန့်ရှင်းအောင်ထားတာမျိုး၊ စိတ်ညစ်စရာတွေဆိုဝေးဝေးကရှောင်တာမျိုးတွေလုပ်ပါ။ ယုံကြည်မှုရှိပြီးတည်ငြိမ်နေတဲ့စိတ်နဲ့ စာမေးပွဲခန်းထဲဝင်သွားတာက ကိုယ်တစ်ယောက်ထဲတိုက်ရမဲ့စစ်ပွဲကို မတိုက်ခင်ထဲက 50% လောက်အောင်မြင်ပြီးသားနဲ့အတူတူပဲဖြစ်ပါတယ်။
စာကိုအရမ်းမရှည်စေချင်လို့ ဒီထက်ပိုသိချင်တာမေးချင်တာရှိရင်လည်း ကွန်မန့်မှာမေးထားလို့ရပါတယ်။ အချိန်ရတာနဲ့ပြန်ဖြေပေးထားပါမယ်။ ကိုယ်တိုင်အချိန်ပေးပြီးရေးထားတဲ့စာဖြစ်လို့ ကိုယ့်အတွက်အသုံးဝင်တယ်၊ သူများကိုပြန်ပြီးရှဲပေးချင်တယ်ဆိုရင် တဆင့်ပြန်ကူးတာမျိုးမလုပ်ပဲ original post ကို share ပေးဖို့ကိုလည်းတောင်းဆိုပါတယ်။
PLAB journey ကိုလျှောက်လှမ်းနေကြသူအားလုံး လိုရာခရီးကိုအမြန်ဆုံးရောက်နိုင်ကြပါစေ🙏
For OET - https://fb.watch/mS3cOeRPKY/
Preparation of OET@home - https://fb.watch/mS3gCID9G8/
For PLAB 1 - https://fb.watch/mS3jNRVctz/
ကြားဖူးနားဝရှိသောကျန်းမာရေးအယူအဆအမှားများကိုဒီ video မှာပြောပြပေးထားပါတယ်
နှစ်စဥ်လူပေါင်း ၃သန်းကျော်ဟာ COPD ကိုခံစားနေရပြီး ၃ပုံ ၂ပုံဟာအချိန်လွန်မှရောဂါရှိတာကိုသိရပါတယ်။ အဲ့ဒီအထဲမှာသင်မပါစေဖို့ဒီ video ကိုကြည့်ဖြစ်အောင်ကြည့်ပါ။
value your breath, protect your lungs
YouTube - https://youtu.be/unnGHkY6DQ0
ကလေးတွေမှာတွေ့ရတတ်တဲ့ ပန်းနာရင်ကြပ်ရောဂါအကြောင်းနဲ့ပတ်သက်ပြီး ဒီ video မှာအသေးစိတ်ရှင်းပြထားပါတယ်
YouTube - https://youtu.be/kOufS2OWKTY
သင့်ပတ်ဝန်းကျင် OSA ဖြစ်နေတဲ့သူရှိရင်ဒီ video ကိုကြည့်ခိုင်းဖို့မမေ့ပါနဲ့
YouTube - https://youtu.be/JZr5P1nnwOY
ဒီ video မှာအသည်းရောင်အသားဝါအေပိုးရဲ့ကျန်းမာရေးအပေါ်သက်ရောက်မှုတွေကိုပြောပြပေးထားပါတယ်
YouTube - https://youtu.be/q-yUTdBId1I
Hi guys, in this video I'm gonna share my experience and how I prepared and passed PLAB 1 exam in December 2022. Please give a thumb up and subscribe my Youtube channel for more upcoming videos. See you soon!🍀
Youtube - https://youtu.be/k3NWYzVrIKc
off-road riding of the four-wheel cycle was really cool and fantastic...
Watching the traditional play of Sitadaevi in Balinese version drew our attention from everything...🤩🤩🤩
youtube - https://youtu.be/V94FRSO07Ak
GWK is one of the famous places tourist-attraction sites in Bali. Before that, we had a great breakfast in our residing hotel. Let's see how we did spend our time there 😍😍😍
youtube - https://youtu.be/2e56X4R2MY8
Click here to claim your Sponsored Listing.
Category
Contact the business
Address
Naypyidaw