Newmind Us/Uk cosmetics store
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Newmind Us/Uk cosmetics store, Pakokku.
08/06/2021
Estee lauder foundation
Foundation လိမ်းပြီးရင် ကပ်စေးကပ်စေးမဖြစ်ဘူးနော်
တစ်ခြားfoundationလို
မျက်နှာက အဆီပြန်သလို ကြီးဖြစ်မနေဘူး
😍
7ml 13000ks
Tryကြည့်ပါ
မင်မင်တော့ 2လလောက်သုံးလို့ရတယ်🤗
အဆီပြန်တတ်သော သူတွေ ပိုအဆင်ပြေမယ်ရှင်
နွေရာသီနဲ့ကွက်တိ foundationလေး
04/06/2021
Hello Hello
မင်မင် ပြန်လာပါပြီရှင်
Give Away ကို ဒီတစ်ပတ် အတွင်း ဖောက်ပေးတော့မှာမို့ like and share ထပ်လုပ်ပေးရင် စိတ်မဆိုးပါဘူးလို့စ်😍
ဒီမင်မင်က အားနေ give awayပဲ ပေးချင်နေတာမို့
ေးကိုlike လုပ်ထားတာ မမှားပါဘူးရှန်🤗
Perfume တွေပါ ထပ်ထည့်ပြီး ရှယ် ပေးမှာပါနော်
Give away က within 1week အတွင်းနော်
#3ယောက် ဖောက်ပေးမယ်နော် ယေး💃🏻💃🏻💃🏻
ဒီpostကို shareလည်းရတယ်နော်
Group တွေထဲလည်း shareပေးနော်( only advertisement group)😍😍
Give away winner ရွေးပေးရတော့မလား
နောက်ရက်မှ ရွေးပေးရမလား တစ်ခြားပစ္စည်းလေးတွေပါ ထပ်ထည့်ပေးချင်လို့ပါ😍
နောက်ရက်မှ ရွေးပေးတော့မယ်နော်
31/01/2021
😍
ဝက်ခြံ,အဆီဖု,အမဲစက်,အမာရွတ် ရှိတဲ့ သူလေးတွေအတွက် All in one set လေးပါနော်
Muradက စျေးလည်းကောင်းသလို ပစ္စည်းလည်းကောင်းပါတယ်နော်👍👍
1♥Essential C cleanser Trial size(မျက်နှာမှာရှိတဲ့ အညစ်အကြေးတွေကို သေချာသန့်စင်ပေးနိုင်ပြီး skinကို အားဖြည့်ပေးနိုင်ပါတယ်)
2♥Rapid Age Spot Correcting Serum 30ml(သူက အသက်😊အမဲစက်တွေကို သက်သာစေတာ)
3♥Essential C Day moisture SPF 30PA+++
(နေ့ဆို sumcreamလိမ်းကို လိမ်းပေးရတယ်နော် သူလေးက moisture+suncream ဆိုတော့ perfectပဲ လုံးဝ ပြစ်ပြစ်ကြီးမနေဘူး ပါးပါးလေးပဲ👍အနံ့လေးကလည်းမွှေးတယ်👍)
4♥Vita- C Glycolic Brightening Serum(သူက exfoliate လုပ်ပေးတဲ့ serumလေး ညမှ သုံးနော်🤩 skinကို ကြည်စေတယ်,healthier ဖြစ်စေတယ်)
Import From Uk
စောင့်ရမယ်နော် Saleက ခုမှ ချနေလို့ 😍😍
Uk. Official websiteကနေ ဝယ်ပေးတာပါရှင်
မင်မင်လေး အာမခံနိုင်တာက
100%Authentic and Date Fresh 💃🏻💃🏻
Price လေး cb လာမေးနော် တွက်ပေးမယ်😍
29/01/2021
ဝက်ခြံနဲ့ အဆီပြန်တတ်သော သူလေးတွေအတွက်
Review ကောင်းတွေးအများကြီးရထားတဲ့
setလေးပါနော်
1♥Gel cleanser
2♥Toner
3♥Serum
3မျိုး ပါတာလေးမှ 55000ksပါနော်
Instockပါရှင်
Serumထိ သုံးပြီးရင် သုံးနေကျ moisture,suncream ထပ်သုံးပေးပါနော်(ညဆိုရင်တော့ suncreamမလိုပုနော်😁)
ဒီ1 set မကုန်ခင် ဝက်ခြံ ပြသနာ ရှင်းသွားစေရမယ်ဆိုတာ အာမခံတယ် တစ်ကယ်👍👍👍
25/01/2021
Charlotte Tibury
ကိုယ်ကြွေရသော setting spray
free ဖြစ်လို့ အဆီပြန်သောသဲတို့လည်း ကြိုက်မယ်
လုံးဝမပါဘူး
#ရေဓာတ်အပြည့်ပေးနိုင်တယ်
#လုံးဝမိတ်ကပ်မပျက် မရွေ့တာ မင်မင့်အကြိုက်ဆုံအချက်😍(videoမှာ ကြည့်လိုက်နော်)
မိတ်ကပ်တွေလိမ်းပြီးရင် အဆီပြန်မှာ မကြောက်ရတော့ဘူး👌
မိတ်ကပ်မလိမ်းလည်း ရေဓာတ်ဖြည့်အနေနဲ့ဒါလေး သုံးပေးလို့ရ
အပြင်သွားရင် suncreamလေးလိမ်း ဒါလေးအပေါ်ကဖြန်း
Ok စိုပြေပဲ 👌👌
Price- 59000ks (100ml)
တစ်ကယ့်မရှိမဖြစ်လေး
23/01/2021
Suncream ဘယ်လောက်ထိအရေးပါလဲ
*******************************
တင်းတိပ်နဲ့အမဲစက်မတူပါဘူး😊😊
တင်းတိပ်မှာအဆင့် ၃ ဆင့်ရှိပါတယ်
အဆင့် ၁ @ မီးခိုးနုရောင်
အဆင့် ၂ @ မီးခိုးရင့်ရောင်
အဆင့် ၃ @ အနက်ရောင်ပါ
အဆင့် ၁ ဆိုရင် သူ့ဘာသူပျောက်နိုင်ပါတယ် #ရှားတယ်
အဆင့် ၂ ဆိုရင် တစ်ခုခုသုံးပေးရပါတယ် အချိန်ပေးရပေမယ့်ပျောက်နိုင်ပါသေးတယ်
အဆင့် ၃ ဆိုရင်တော့ လေဆာနဲ့မှပဲရပါတော့မယ်
#ချွင်းချက်_လေဆာနဲ့ကအသားနာတဲ့အပြင်ဆိုးကျိူးများပါတယ်
တင်းတိပ်ဖြစ်မလာဖို့ အပြင်သွားရင် sun cream လေးလိမ်းပေးပါ နေပူပုမိုးရွာရွာလိမ်းပါ SPF 50 ဆိုရင်တော့မျက်နှာအတွက်အဆင်ပြေပါတယ် Body အတွက်ဆိုရင်တော့ SPF 30(or)50 ပါတာသုံးပေးပါရှင့်
Spf များလေလေ နေရောင်ဒဏ်ကာကွယ်ပေးလေလေပါ....
ကောင်းဖို့ခက်ခဲပေမယ့်ကောင်းနိုင်ပါသေးတယ် စိတ်ဓာတ်ကျဖို့မလိုပါဘူးနော်💪💪💪 အသဲတွေအားလုံး skin လှလှလေးပိုင်ဆိုင်နိုင်ကြပါစေရှင့်
Crd ပါရှင်
22/01/2021
cleansing ကို မျက်နှာ နှစ်ခါသစ်တာလို့ ထင်တဲ့သူတွေရှိလား 😁😁
💧တော်တော်များများကို Double cleansing လုပ်ဖြစ်လား လို့မေးတဲ့အခါ မသိကြတာကို တွေ့ရပါတယ်။
🔰အဲ့ဒါကြောင့် Double cleansing လေးအကြောင်းကို ရေးထားပါတယ်။
💧တစ်ချို့က Double cleansing ဆိုတာက မျက်နှာ သစ်ဆေးနဲ့ နှစ်ခါ ထပ်ဆင့်ပြီး သစ်ရတာလား ဆိုပြီးလည်း မေးတတ်ကြပါတယ်။ မဟုတ်ပါဘူး။
🔎အဲ့ဒီတော့ Double cleansing /နည်းလမ်းနှစ်မျိုးနဲ့ နှစ်ဆင့် cleansing လုပ်တာလေးက ဘာလို့ အရေးကြီးရလဲဆိုတာလေးကို ပြောပြပါမယ်။
🔎ကိုယ်က ညဘက်ကို အိပ်ယာ မ၀င်ခင်မှာ မျက်နှာက အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေ၊ အဆီတွေ၊ မိတ်ကပ်လိမ်းရင်လည်း မိတ်ကပ်တွေ၊ သနပ်ခါးလိမ်းရင်လည်း သနပ်ခါးတွေ အကုန်လုံးကို သေချာလေး ပြောင်စင်သွားအောင် သန့်ရှင်းစင်ကြယ်ပေးဖို့ဟာ အလွန်အရေးကြီးပါတယ်။
➡️သေချာလေးပြောင်စင်သွားဖို့ဆိုရင် မျက်နှာသစ်ဆေး တစ်ခုတည်းကို ရေနဲ့ ရောပြီး သန့်စင်အောင် ပြောင်အောင် ပွတ်တိုက်နေတာထက်စာရင် ရှေ့မှာ အဆင့်တစ်ဆင့်ကို ထပ်ထည့်လိုက်တာ ပိုသင့်တော်ပါတယ်။ မျက်နှာသစ်ဆေး တစ်မျိုးတည်းကို သုံးပြီး ရှိသမျှ အညစ်အကြေးကို ပြောင်အောင် ဆေးချမယ်ဆိုရင် မျက်နှာကို တအားပွတ်မိတာတွေ၊ ခဏခဏ ဆေးရသလိုဖြစ်ပြီး irritate ဖြစ်တာ၊ အရေပြားကို ဒဏ်ပေးသလို ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မိတ်ကပ်တွေ လိမ်းထားရင် မျက်နှာသစ်ဆေးတစ်ခုတည်းနဲ့ဆို မပြောင်ပါဘူး။
မျက်နှာသစ်မချခင်မှာ ရှေ့မှာ အဆင့်တစ်ခု ထပ်ထည့်ပါတယ်။
➡️ရှေ့ကအဆင့်ကတော့ မိန်းကလေးတွေက အလွယ်တကူခေါ်ကြတာကတော့ မိတ်ကပ်ဖျက်တဲ့အဆင့်ပါ။
🚫အဲ့ဒီတော့ လွဲမှားကြပြန်တာက မိတ်ကပ်မလိမ်းထားတဲ့နေ့မှာဆို ရှေ့က အဆင့်ကို မလုပ်ကြတော့တာလေးတွေ ရှိပြန်ပါတယ်။ ယောက်ကျားလေးတွေဆိုရင်လည်း သူတို့ အတွက် မလိုအပ်ဘူးလို့ တွေးကောင်းတွေးနိုင်ပါတယ်။
➡️မိတ်ကပ် မလိမ်းလည်း ကိုယ်က skin care တွေလိမ်းထားမယ်၊ နေလောင်ကာခရင်မ် တွေလိမ်းထားမယ်၊ တစ်နေကုန် ဆီညှော်၊ ချေးညှော်တွေကပ်ညိနေမယ်၊ pollutants တွေရှိမယ်၊ ချွေးပေါက်လေးတွေထဲကို ပိတ်ချင်ချင်ဖြစ်နေပါတယ် အဲ့ဒါကြောင့် နှစ်ဆင့်သုံးပြီး သန့်စင်ပေးဖို့ အကြံပေးချင်ပါတယ်။
အဲ့ဒီတော့ ပထမအဆင့်အနေနဲ့ဆိုရင်
-Cleansing Oil
-Micellar water
-Cleansing Balm
-Cleansing Milk
-Pre Cleanse
-Makeup remover
-Eye and Lip makeup remover
-Makeup wipes(not recommend for daily use)
အခု အပေါ်ပြောသွားတဲ့ ဟာတွေကတော့ Skin Care Product တွေမှာ တွေ့ရမယ့် စာသားတွေဖြစ်ပါတယ်။ ဒီလိုလေးတွေ ပါရင်တော့ ပထမအဆင့်အနေနဲ့ကို ထည့်သုံးရပါမယ်။
➡️အသားအရေ အမျိုးအစားပေါ်လိုက်ပြီး သုံးရတာလေးတွေ ကွာသွားပြန်ပါတယ်။ များသောအားဖြင့်ကတော့ Cleansing oil နဲ့ Micellar water တို့ကို ပိုသိကြပြီး ပိုသုံးကြပါတယ်။ ကိုယ်က မိတ်ကပ်လိမ်းထားတယ်ဆိုရင် oil လေးနဲ့ ခဏတင်ပြီး ပွတ်လိုက်ရင် မိတ်ကပ်တွေကော၊ ဆီညှော်ချေးညှော်တွေပါ ပါလာပြီး ပြောင်သွားပါတယ်။ Micellar water type သုံးမယ် ဆိုရင်လည်း တိုနာဂွမ်းလေးမှာ ထည့်ပြီးမျက်နှာက အညစ်အကြေးတွေပြောင်တဲ့အထိ၊ တိုနာဂွမ်းမှာ အမဲတွေမကျန်တော့ထိ သုံးပေးရပါမယ်။
✅ဒီအဆင့်ပြီးလို့ ပြောင်လောက်ပြီဆိုမှ ရိုးရိုး traditional နည်းအတိုင်း ကိုယ်သုံးနေကျ မျက်နှာသစ်ဆေးလေးကို သုံးပြီး ရေနဲ့ မျက်နှာသစ်ချလိုက်ပါ။
✅ဒီလောက်ဆိုရင် အတော်ကို ပြောင်သွားပြီဖြစ်ပါမယ်။ Double cleansing လုပ်တာကို အဆီပြန်တဲ့သူ၊ ၀က်ခြံပေါက်လွယ်တဲ့ အသားအရေရှိသူ၊ မိတ်ကပ် အမြဲလိမ်းတဲ့သူတွေကတော့ မဖြစ်မနေ လုပ်ပေးသင့်ပါတယ်။ အဓိကအားဖြင့်တော့ ညဘက် skin care တဲ့တစ်ချိန်မှာပဲ လုပ်ပေးရင်ကို ရပါပြီ။
✅အားလုံးပဲ ဒီလောက်ဆိုရင် Double Cleansing ဆိုတာ ဘာလဲဆိုတာကို သိသွားလောက်ကြပြီလို့ထင်ပါတယ်။
ါရှင့်
21/01/2021
Page စဖွင့်တဲ့ အထိမ်းအမှတ်အနေနဲ့
Give awayလေးပေးပါမယ်ရှင်
ဒီpageလေးကနေ USA/Uk မှ
perfume,skin care,cosmeticsများကို instock and preorder ရောင်းပေးပါမယ်နော်😍
စျေးနှုန်းမှန် ပစ္စည်းမှန် ကိုယ်တိုင်သုံးသော honest reviewတွေနဲ့ အကောင်းဆုံး serviceပေးပါ့မယ်ရှင်💄💋✍
1/pageကို like ပြီး ဒ
2/ဒီgive away postလေးကိုlike and public နဲshareပေးထားပါ
3/ဒီpostအောက်မှာ shareထားတဲ့ ssကို cmtလာပေးပါရှင်
4/ဒီpost cmtမှာ mentionအများဆုံး ခေါ်ပေးတဲ့ သဲလေးအတွက်လည်း အထူးpresentလေး ပေးမယ်နော်😍🤔
Give away winner ကို 14.2.2021 valentine dayမှာ ဖောက်ပေးပါမယ်ရှင်
give away winnerက
ဒီပုံထဲမှာပါတဲ့ itemsအားလုံး ရပါမယ်
Click here to claim your Sponsored Listing.
Website
Address
Pakokku