D' Hsu

D' Hsu

Share

🍀💦 သဘာဝအခြေပြု အလှအပ နှင့်
ကျန်းမာရေးထုတ်ကုန်များ 🍀 💦

21/05/2026

🍀မင်ဆုတို့ အညာနွေဟာဆိုရင်ဖြင့် -
အွန်းးး ပူတယ် ....🌞
အရမ်းး ပူ တယ် .... 🌞
(ထက်ထက် ဗားရှင်းဖြင့်ဖတ်ရန်) 🌚

နှစ်လွှာပေါင်း တရွက်ကိုမှ
ဟင်းချိုလုပ်သောက်တော့
ပူတာတောင် နည်း‌နေဦးမယ်
မမထက်ရယ် 😁😝
🍀

19/05/2026

ဘယ်လိုတွေ ဇောက်ထိုးလုပ်လိုက်ပြန်တာလဲ 🌝😶😶

Noti bar က အောက်ဆုံးရောက်နေ ။

အဲလိုဖြစ်ကြလားဟင် 😶

တယောက်ထဲ ဇောက်ထိုးမိုးမျှော်ဖြစ်နေတာတော့ မဟုတ်ဘူးမလားး ဟမ်

🌚

18/05/2026

❄️💦❄️💦❄️💦

မင်ဆုတို့အညာ
ခုရက်ပိုင်း mood ။
နောက်ရက်တွေ အပူချိန်ဆက်မြင့်နေဦးမယ်တဲ့ 😣

ခုရက်ပိုင်းကတော့
အညာသူစစ်စစ်တွေတောင်
ကိုယ့်အညာ နွေအပူ ဘယ်လိုနေရမလဲကို မသိတဲ့ရက်တွေပါပဲ ။

မီးမပျက်လို့သာ တော်တော့တယ် ။

သူငယ်ချင်းတယောက်ပြောသလို
စမ်းရေလေးလို အေးမြသွားအောင်
ပခုက္ကူ နယုန်ပွဲ လာကမယ့်
စမ်းရေမိုးလေးပဲ သွားကြည့်ရမလား မသိရှင် 😛

💦❄️

17/05/2026

💦🍀💦🍀💦တရက် တရက်
အပူကပိုလာပြီး အပူ‌ေအာင်း‌ေနတာ‌ေတွများ‌ေနတော့
အေးနေတာ၊အေးနေမှာ‌ေလးတွေပဲ မြင်‌ေနချင်၊ ထိ‌ေနချင်တာနဲ့ အတော်ပဲမို့
ဒီပို့စ်လေး copy ပြန်တင်လိုက်ပါတယ်နော်။

တချို့က ညဖက်ခြေထောက်ရေဆေးရင် အပူက အပေါ်ကိုတက်လာလို့ အပူကန်ပြီးပါးစပ်ထဲ အနာပေါက်တာလို့ပြောကြတယ်။

တကယ်က ပေါင်ရင်းကနေမလောင်းဖြစ်ရင်တောင် အပူ‌ေအာင်းအပူစုတဲ့ ဒူးခေါက်ခွက်နဲ့အထက်ကနေ
ရေဝအောင် အားရပါးရလောင်းပေးရင် ရပါတယ်တဲ့။

ခြေဖဝါးကနေ အပူတွေအကုန်ထွက်သွားအောင်
ရေလောင်းပြီးခနလောက်မှ ဖိနပ်ပြန်စီးပါ။

ဒါဆို အိပ်ရာမဝင်ခင် ခြေထောက်ရေဆေးရေလောင်းခြင်းရဲ့ အက်ျုးကျေးဇူးတွေ အများကြီးမို့ ဆက်ဖတ်ကြည့်ကြပါဦးနော် ။

#ညအိပ်ရာမဝင်ခင်ခြေထောက်ရေဆေးခြင်း 🍀💦🍀💦🍀💦💦💦

၁။ တစ်နေကုန်အောင်းနေသော
အပူများ အောက်သို့လှည့်ပြီး
ခြေဖဝါးမှထွက်သွားနိုင်သည်။

၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်း
သွားကြိတ်ခြင်း၊ လျှာဝါးခြင်း
သွားရည်ကျခြင်းများ သက်သာ စေသည်။

၃။ ရင်ညွှန့်သို့တက်သောလေ
ဘဝင်သို့တက်သောလေ၊ နှလုံးသို့
တက်သော လေပူတို့ကို သက်သာစေသည်။

၄။ ခြေထောက်ကို သန့်စင်စွာဆေးပြီးအိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည်။

၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သက်သာစေသည်။

၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း
မျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည်။

၇။ ခန္ဓာကိုယ်အပူအအေးမျှတပြီး
ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။

၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကိုက်ခြင်းများမှ သက်သာစေသည်။

၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်
ပြောင်ခြင်းမှ သက်သာစေသည်။

၁၀။ ဆံပင်ဖြူခြင်းကို သက်သာစေသည်။

၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။

၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်း
ညိုခြင်းမှ သက်သာစေနိုင်သည်။

# ညအိပ်ရာဝင်ချိန်
ခြေထောက်ရေဆေးခြင်းဖြင့် ရောဂါအမျိုးမျိုးကို သက်သာစေနိုင်သည်။

# ကြွက်တက် ရောဂါ၊ အဆစ်ရောင်
အဆစ်ကိုက်ရောဂါ၊ လေးဘက်နာရောဂါ
သွားနှင့် သွားဖုံးရောင်၊ သွားဖုံးကြွရောဂါ
မျက်စိတိမ်ရောဂါနှင့် မျက်မှန်ဒီဂရီတိုးခြင်းအစာအိမ်လေပူထခြင်း၊ လေပူအထက်တက်၍မူးမော ရင်တုန်၊ နှလုံးလေရိုက်ရောဂါများပင်သက်သာသည်ဟုဆိုသည်။

# ခြေဆေးလျှင်လုံချည်၊ ထဘီကို
ပေါက်လယ်ထိအောင်မတင်ပြီး ရေအေးဖြင့်ခုနှစ်ခွက်ခန့် လောင်းဆေးသင့်သည်။
# ခြေဆေးပြီးနောက် ခေတ္တအပူထွက်အောင်စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။

💦💦💦 # နေ့စဉ် မှန်မှန်ပြုလုပ်မှသာ
အကျိုးရှိမည့်နည်းဖြစ်ပါသည်။ 💦💦💦

မူရင်းပို့စ်ပိူင်ရှင်ကို ကျေးဇူးတင်စွာနဲ့
Crd ပါရှင် 🙏။

အားလုံး ကျန်းမာအေးချမ်းကြပါစေရှင်။

ချစ်တဲ့
မင်ဆု 🍀
ပခုက္ကူမြို့ /ဧရာအနောက်မြို့။

16/05/2026

🍀🍀🍀🍀🍀
ပြောရဦးမယ်
#မုန်ညင်းဆီက‌ေတာ့ အကြီးကြီး အများကြီးကို မြတ်တယ်ရှင် ☺️

ဘယ်သူနဲ့နေ‌နေ
မုန်ညင်းဆီအကြောင်းစကားစပ်မိရင်
ရင်းနှီးတဲ့သူတွေကိုဆို
တဘူးတော့ ရှိ‌‌နေအောင်ဆောင်ထားနော်လို့ပြောဖြစ်တယ် ။
အထူးသဖြင့် ကလေးရှိတဲ့ညီမလေးတွေ အမတွေ ၊ လူကြီးမိဘ‌‌ေတွအတွက်ပါ။

ရင်ကြပ်ပြီး အသက်ရှူမရ‌ေနတာလား၊ကျောအောင့်လား၊ ဝမ်းချုပ်လား ၊ချွဲထ‌ေနတာလား၊
အစာမကြေတာလား မုန်ညင်းဆီလေးသာ စိမ့်အောင်လူးလိုက်
နွေးနွေးလေးနဲ့ အကုန်ပွင့် ရှင်းလင်းသွားတာကိုးရှင်။

ဒီမုန်ညင်းဆီဖိုးအတွက်နဲ့
‌ေရာင်းချင်လို့ပြောတာမဟုတ်မှန်းလဲ သိလို့ပြောဖြစ်တာပေါ့နော။

သူတို့ကိုယ်တိုင်ကလဲ ကြိုက်တယ်၊ဆောင်လဲ‌ေဆာင်ထားကြတာပါ ။
ကိုယ်တိုင်လဲ မုန်ညင်းဆီကို လက်ဆောင်အ‌ေနနဲ့လဲ‌‌ ပေးတယ်။ ဘုန်းဘုန်းတွေ လူကြီးတွေ
အကြောအချင်မကောင်းတဲ့သူတွေဆိုလဲ အခွင့်ကြုံတိုင်း လှူတယ်ရှင်။

Page မှာ တခြားပစ္စည်းတွေမှာပြီး မုန်ညင်းဆီသုံး‌နေကျမရှိလို့ မယူဖြစ်ရင် လက်ဆောင်‌လေးအနေနဲ့ထည့်ပေးဖြစ်တယ်။
နေထိုင်မ‌ေကာင်းကြုံတဲ့အခါ အသင့်ရှိနေပြီး သုံးရ‌စေချင်တာကြောင့်ပါ။

သူတို့ဆိုလဲ ဝယ်ထားတာက သုံးလို့ကုန်တာထက် အိမ်နီးနားချင်း‌တွေအသိတွေ နေထိုင်မကောင်းဖြစ်ရင်
ဘူးလေးတွေနဲ့ ခွဲခွဲထည့်ပေးလိုက်လို့
ကုန်တာများတယ်တဲ့ 💓💓🙏

အာ့ကြောင့်
မုန်ညင်းဆီ ကြိုက်ကြတဲ့သူတွေ
ကိုယ်တိုင်လဲ ရောဂါသက်သာတဲ့အပြင်
ကုသိုလ်အမြတ် အကြီးကြီး
အများကြီးပါ အဲလိုရနေပါတယ်ရှင်လို့ 😍☺️🥰💓🙏🙏🙏။


ကျန်းမာခြင်းသည် လာဘ်တပါး🍀🍀
အားလုံးလဲ ဘေးကင်း ကျန်းမာကြပါစေရှင်🙏🙏🙏 ။

ချစ်တဲ့
မင်ဆု 🍀
ပခုက္ကူမြို့/ဧရာအနောက်မြို့။

Photos from D' Hsu's post 12/05/2026

🍀💦🍀💦🍀

Photos from D' Hsu's post 10/05/2026

💦💦🌧️🌧️🌧️🌧️🍀🌧️🌧️🌧️

မိုးတွေ ရွာ‌ေနပြီဆို .....
ဂျစ်တူး အမွှေစိန်လေးတွေ
ဒီလိုဆော့ကုန်ကြပြီလား 🙈🙈
ခုလို ကလေးလေးဘဝပဲ
ထင်တိုင်းကြဲ စိတ်လွတ်ကိုယ်လွတ် ဆော့ရတာကို‌ေနာ 🥰💦💦

ရွှံဗွက်တွေ သဲတွေနဲ့ ဒီလို လက်လက်ထပြီး ပြန်လာတဲ့ ပေတလူး‌လေးတွေကို
ရေမသန့်လို့ ဘတ်တီးရီးယားပိုး‌‌ေတွ‌ေကြာင့်ဖြစ်တဲ့
အနာဖု အနာစိမ်း‌ေတွ
မ‌ပေါက်အောင်

ခြေချောင်းလက်ချောင်းတွေကြား၊
ဂျိုင်းကြား ‌ေ‌‌‌ပါင်ကြားနဲ့ တကိုယ်လုံးအနှံ့
ကင်ပွန်းမှုန့်‌ေလးနဲ့ရေနဲ့စပ်ပြီး
ဖွဖွလေး ပွတ်တိုက်ပြီး ရေပြန်ချိုး‌ေပးလိုက်ရင် ......

တကိုယ်လုံး ဂျီးကျွတ်‌ေဖွးသန့်သွားပြီး
မိတ်ဖု ခြင်ကိုက်ဖု ယားနာတွေလဲပျောက် ၊
တကိုယ်လုံး အပူအခိုးတွေလဲ ထွက်သွားလို့
နွေးနွေးထွေးထွေးနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ကောင်းသွာ‌း‌ေစမှာရှင် 😍🥰😍 ။

ကင်ပွန်းမှုန့်နံ့လေးကို ကလေးလေးတွေလဲ ကြိုက်ကြတယ်‌ေနာ်။
အစ်မ တယောက်ကပြောပြတယ် ။
သားသားက မွှေးတယ်မေမေ
လျက်တောင်စားချင်လာပြီလို့ ပြောတယ်တဲ့ 😆 💓💓

အာ့ကြောင့် ခုလိုရာသီချိန်နဲ့လဲ ကွက်တိအသုံးတည့်လို့ မေ‌ေမတို့တိုက်‌ေပးကြည့်ကြပါလို့ နော် 🥰🥰🥰။

ဪ ...ဒါနဲ့ နောက်ဆုံးပုံထိ ကြည့်သွား‌ေနာ်။
နောက်ဆုံးပုံက အသက်ရယ် 😜 ။
ဘယ်သူ့အသက်လဲတာ့ မသိဘူးရှင်🌚😛။

ချစ်တဲ့
မင်ဆု 🍀
ပခုက္ကူမြို့ /ဧရာအနာက်မြို့ ။

Photos from D' Hsu's post 09/05/2026

🍀💦🍀💦
ခုတခေါက် ကင်ပွန်းမှုန့်လေးကလေ အမှုန့်သားလေး ပိုနူးညံ့လို့
မျက်နာပါ တိုက်လို့ရတယ်နော် အလှလေးတို့ရေ 💦💦 💦💦

သကြားလေးနဲ့ကင်ပွန်းမှုန့်‌ေလးလက်ဖက်စားဇွန်းတဇွန်းစီထည့်၊ နနွင်းမှုန့်‌လေး နည်းနည်းပိစိထည့်၊
ရေလေးနည်းနည်း ထည့်စပ်ပြီး
မျက်နာအနှံ့ လည်ပင်း ဂုတ်တွေစက်ဝိုင်းပုံစံ ဖွဖွလေးပွတ်တိုက်ကြည့်နော် ။

အသားမညီ ကွက်နေတာတွေ၊
ဂုတ်မဲဂျွတ်တက်ပြီး လည်ပင်းမဲနေတာတွေ
တဖြေးဖြေး ပါးလာပြီး
ဝင်းဝင်းအိအိလေး ဖြစ်လာမှာပါ ။

ညနေရေချိုးတဲ့အချိန် ၊ညအိပ်ရာဝင်ရေချိုးတဲ့အချိန် တိုက်ပြီး
အဆီလေး ဖြစ်ဖြစ် ၊ moisture gelတမျိုးမျိုးဖြစ်ဖြစ် စိမ့်နေအောင် လူးပြီး အိပ်လိုက်‌ေနာ်။

မနက်ထ မျက်နာသစ်လိုက်ပြီးရင်ဝင်းဝင်းအိအိ ၊စိုစိုအိအိနဲ့ချောချောလေးဖြစ်‌ေနလို့ တော်တော်ပျော်သွားစေရမယ် 👍👍🥰💦💦💦

တပတ် ၂ခါလောက် တိုက်ကြည့်လိုက်နော်။

၅၀သား - ၁၀၀၀၀
တပိသာမှ ၂၀၀၀၀ ထဲနဲ့
တကိုယ်လုံးစိတ်တိုင်းကျတိုက်
၂လ၊ ၃လ အားရပါးရ သုံးရပါတယ်။

Chemical မပါတဲ့
သဘာဝစစ်စစ် skin care လေး
ဖြစ်လို့ sensitive skin တွေအတွက်လဲ စိတ်ချရတယ်ရှင် 💦🍀🍀

သုံးကြည့်ကြည့်နော် 🥰🍀💦💦

ချစ်တဲ့
မင်ဆု 🍀
ပခုက္ကူမြို့/ဧရာအနောက်မြို့။

#ညိုသူဝင်း
#ဖြူသူလင်း
#ဆံကေသာလဲဝဲဖြာစင်းတဲ့
D' Hsu #ကင်ပွန်းမှုန့် 🍀💦🍀💦💦💦

08/05/2026

💦🍀💦🍀
ဒီနေ့ မုန်ညင်းဆီလာဝယ်သွားတဲ့ ညီမလေးကပြောသွားတယ် ။
D' Hsu pageက ငြိမ်နေလို့ ဆိုလား ။

ပစ္စည်းတွေပြတ်နေတာကြောင့်ရော၊
ပြန်ရပြီဆိုရင်လဲ အဆင်သင့်ဖြစ်မှ
ပြောချင်တာရော နဲ့
ပို့စ်တွေ မတင်ဖြစ်နေတာ ဟုတ်တယ်နော် ။

ခု -
🍀ကင်ပွန်းမှုန့်လဲ ရပြီ။
🍀မုန်ညင်းဆီလဲ ရပြီ။
🍀လက်ဖက်ရွက်စိမ်းဆီအနှစ် နဲ့
🍀ကြက်ဆူဆီလဲ ရပြီ။

နောက်ပြီး
💦🍀သဘာဝအဆီအနှစ် ပေါင်းခံဆီလဲ ရတော့မယ်ရှင် ။
ခုတခါ ပါဝင်ပစ္စည်းထဲမှာ
ဆံပင်အတွက် ကောင်းပေ့ဆိုတဲ့ herb powderတွေ ပိုများပြီး
သေချာရှယ် ပေါင်းခံထုတ်ထားတယ်နော် 😊။

ဘူးထည့်ပြီး အသင့်ဖြစ်ပြီဆိုတာနဲ့
ပို့စ်လဲ သေချာတင်လိုက်ပါမယ်ရှင်။
ဒါမယ့် ခုတော့ Pre order လေးတွေတောင် တက်နေတော့ ပျော်တာပေါ့နော 😛🫶🫶🥰☺️

ရှယ်ဆိုမှပဲ လက်ထဲထည့်ပေးချင်၊
သုံးစေချင်တာမလို့
သဘာဝစစ်စစ်တွေကို မက်မက်စက်စက် ကြိုက်ကြတဲ့သူလေးတွေ
ခုတခါလဲ စိတ်ချလက်ချနဲ့ အားရပါးရ ရှယ်သုံးပြီး
ခေါင်းအစခြေအဆုံး ရှယ်လှ‌ကြပါဦးလို့ 😍🥰🥰🥰။

ချစ်တဲ့
မင်ဆု 🍀
ပခုက္ကူမြို့ /ဧရာအနောက်မြို့

#သဘာဝစစ်စစ်ထုတ်ကုန်များ
#ကင်ပွန်းမှုန့်
#ကြက်ဆူဆီ
#လက်ဖက်ရွက်စိမ်းဆီအနှစ်
#‌ေဆးမုန်ညင်းဆီ
#ဆံသားပေါင်းနှပ်ပေါင်းခံဆီ
#ပခုက္ကူမြို့ ။

06/05/2026

💦🍀💦🍀 ရောက်ပါပြီရှင် ။
သုံးဖူးသူတွေချည်းပဲဆိုတော့ အများကြီး မပြောတော့ပါဘူးနော် ။
မိတ်ဖု ၊ခြင်ကိုက်ဖု ယားတာ‌ေ‌တွ အယားပြေတယ် အပူထွက်တယ်။ အသားရေ ဝင်းစိုတယ်။
အခိုးငုတ် အပူငုတ်တာတွေ အခိုးပွင့်ပြီး ကိုယ်ရေအေးအေးလေးနဲ့
ပေါ့ပေါ့ပါးပါး အိပ်လို့ကောင်းတယ်။
‌ခေါင်းလျှော်ရင် ခေါင်းချွေးပြန်
အခိုးထွက်တာတွေမဖြစ်တော့ပဲ ဦးရေပြား အေးနေလို့
ဆံပင်လဲသန်တယ် ဆံပင်အရောင်တောက်ပြီး လှတယ်။

ခြေဆုံးခေါင်းဆုံး စိတ်ကြိုက်သုံး
အကုန်ကောင်းတဲ့ ဒီကင်ပွန်းမှုန့်ပါ။

ကံညံ့ကံဆိုး လာဘ်ပိတ်တာတွေကို
ကင်ပွန်းနဲ့ခေါင်းလျှော်ချရင်
အဆိုးအညံ့တွေ ပါသွားပြီး
ကံပွင့် လာဘ်ပွင့် ကျက်သရေတိုးစေပါတယ်ရှင် ။

အများကြီးမပြောလို့သာပဲ ဒီလောက်ပါပဲနော် ။

ကင်ပွန်းမှုန့်က ပြတ်နေတာကြာပြီဆိုတော့ မျှော်နေကြတဲ့သူတွေရော
ခုမှ စမ်းသုံးကြည့်မယ့် သူ‌ေလးတွေရော
အားရပါးရ သုံးပျော်အောင်
50သားမှ 10000
တပိသာ 20000 ထဲနဲ့
အားရပါးရ စိတ်တိုင်းကျသုံးကြပါလို့ နော် ။

ဘာလို့လဲမသိ ကင်ပွန်းမှုန့်တွေ
ဈေးတအားတက်သွားပြီး
တဆယ်သား 3500/4000ထိ ဖြစ်‌ေနတာပါ။

ဒါကြောင့် မင်ဆုလဲ ‌အရင်ဈေး
တပိသာ 13000နဲ့ ဘယ်လိုမှ
မရတော့ပေမယ့်
အနည်းဆုံးဈေးလေးနဲ့တော့ ရောင်းထား‌ေပးပါတယ်နော် ။

မင်ဆု ကင်ပွန်းမှုန့်လေးနဲ့ အားရပါးရရေချိုးခေါင်းလျှော်ပြီး
ခေါင်းအစခြေအဆုံး အေးမြလန်းဆန်းကြပါစေ 🍀💦

ကံပွင့်လာဘ်ပွင့်ပြီး ကျက်သရေအဖြာဖြာတိုးကြပါစေ 🍀💦

စိတ်ရှိတိုင်း အလှတိုးကြပါစေရှင် 🍀💦

#ညိုသူဝင်း
#ဖြူသူလင်း
#ဆံကေသာလဲဝဲဖြာစင်းတဲ့
D' Hsu #ကင်ပွန်းမှုန့်

အိမ်ရောက်ငွေချေ စိတ်အေးလက်အေး မှာယူနိုင်ပါတယ်ရှင်။

ချစ်တဲ့
မင်ဆု 🍀
ပခုက္ကူမြို့/ဧရာအနောက်မြို့ ။

Want your business to be the top-listed Beauty Salon in Pakokku?
Click here to claim your Sponsored Listing.

Category

Address


Pakokku