Amayar beauty

Amayar beauty

Share

အလှအပနဲ့ဆိုင်တာလေးတွေ‌ေဆွးနွေးမယ် ဖလှယ်ကြမယ်

10/07/2021

သင့်အသားအရေ နုပျိုလှပလာအောင်ညဘက်ပြုလုပ်သင့်သည့်အရာများ
🌛နေ့ဘက်ထက်ညဘက်မှာ အသားအရေကိုပိုမိုပြုပြင်ပေးပါတယ်
ညဘက်မှာပြုလုပ်တဲ့အမှားလေးတွေကြောင့် သင့်အသားအရေပျက်စီးတာများတယ် အဲကြောင့်ညဘက်ပြုလုပ်သင့်တဲ့ အလေ့အကျင့်လေးတွေပြောပြမယ်နော်
အပျင်းမကြီးဘဲဒီအလေ့အကျင့်လေးတွေကိုသာပုံမှန်လုပ်သွားရင် အသားအရေပိုမိုလှပလာမှာပါ
1. ပထမဆုံးအရေးကြီးဆုံးကတော့ မအိပ်ခင် နေ့ဘက်မှာကိုယ်လိမ်းထားသမျှ သနပ်ခါး မိတ်ကပ်အားလုံးကိုကုန်စင်အောင် ဖျက်ပစ်ရပါမယ်
ဒီအရာတွေက နေ့ဘက်မှာလိမ်းထားရင်လှပပေမဲ့ ညဘက်ဆိုရင်တော့ အသားအရေကိုတော်တော်လေးထိခိုက်ပျက်စီးပြီး အချိန်မတိုင်ခင်အိုမင်းရင့်ရော်စေပါတယ် အဲတော့cleansingသေချာလုပ်ပါ
2. Cleansingလုပ်ပြီးသွားရင်သေချာတာက မျက်နှာအသားအရေခြောက်သွားပါလိမ့်မယ် အဲတော့ တခြားskin careမလိမ်းချင်ရင်တောင် အနဲဆုံး moisturizerတခုခုလိမ်းပြီး အစိုဓာတ်ပြန်ဖြည့်ပေးရပါမယ်
မလိမ်းရင်အသားအရေခြောက်ပြီး အိုမင်းရင့်ရော်မယ် အရေပြားပြသာနာတွေဖြစ်လာပါ့မယ် အဲတော့ မျက်နှာသစ်ပြီးတိုင်း အစိုဓာတ်ပြန်ဖြည့်ပေးပါ
3. eyecreamလိမ်းပေးပါ ဇရာကိုဖော်ပြတဲ့အထင်ရှားဆုံးနေရာကမျက်လုံးပါ အဲတော့အသက်၂၀ကျော်လာရင်သေချာပေါက် eyecreamလိမ်းပေးဖို့လိုအပ်ပါတယ် eyecream ကစျေးကြီးလို့ ​ချွေတာချင်လဲရပါတယ် ကိုယ်သုံးနေကျ moisturizerကို မျက်လုံးတဝိုက်အပါ်ကိုပင့်ပင့်လိမ်းပေးပါ smile lineနေရာတွေကိုပါ ဂရုစိုက်လိမ်းပေးပါ
4. Lip balmတခုခုဆိုးပေးပါ အိပ်ခါနီးလှချင်လို့ နှုတ်ခမ်းကွဲလို့ဆိုပြီး နှုတ်ခမ်းနီတွေဆိုးမအိပ်ပါနဲ့ တကိုယ်လုံးမှာအပါးလွှာဆုံးနှုတ်ခမ်းလေးတွေက တခြားနေရာတွေထက် အစိုဓာတ်ပိုလိုအပ်ပါတယ် အမြဲတမ်းရေဓာတ်ပြည့်နေမှဖြစ်မှာပါ
5. အိပ်ရေးပျက်မခံပါနဲ့စောစောအိပ်ပါ
ည 10နာရီကနေ 2နာရီကြားအချိန်က အသားအရေကိုအကောင်းဆုံးပြန်လည်ပြုပြင်ပေးတဲ့အချိန်ပါ အဲအချိန်မှာကိုယ်က skincareသေချာလုပ်ပြီးအိပ်နေမယ်ဆိုရင် အသားအရေက သိသိသာသာကောင်းမွန်နုပျိုလာမှာပါ
အိပ်တဲ့နေရာမှာလဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့လိုအပ်ပါတယ် အဲတော့မအိပ်ခင်တနာရီလောက်အလိုကတည်းက ဖုန်း ကွန်ပျူတာ တီဗွီတို့ကြည့်မနေဖို့လိုပါတယ်အဲလိုမှအိပ်မနေရင်တော့အသားအရေပြုပြင်ဖို့အချိန်လွတ်သွားပြီး မျက်တွင်းညို မျက်အိတ်ဖောင်းခြင်းစတာတွေပါဖြစ်ပေါ်လာပါမယ်
6. ခေါင်းအုံးစွပ်ကိုသန့်ရှင်းအောင် ပုံမှန်လျှော်ဖွပ်ပါ ခေါင်းအုံးစွပ်ကညစ်ပတ်နေရင် ဖိအိပ်မိတဲ့ မျက်နှာအစိတ်အပိုင်းတွေမှာ ဝက်ခြံတွေထွက်လာပါလိမ့်မယ်
ဒီအချက်တွေကိုကောင်းကောင်းလိုက်နာမယ်ဆိုရင် သင့်အသားအရေဟာအရင်ကထက်ပိုမိုကောင်းမွန်လာပြီး အိုမင်းရင့်ရော်ခြင်းတွေကိုတားဆီးနိုင်ပါလိမ့်မယ် နုပျိုလှပလာလိမ်မ့်မယ်
❤️ချစ်ခြင်းဖြင့်❤️

26/06/2021

Moisturizerသုံးဖို့ဘာကြောင့်လိုအပ်သလဲ💦
ကျွန်မတို့ငယ်ငယ်ကတည်းကကြားဖူးနေကြစကားလေးရှိတယ် ရေအသက် တမနက်ဆိုတဲ့စကားလေး လူ့ခန္ဓာကိုယ်အတွက်ရေရဲ့အရေးပါပုံကိုပြောပြတဲ့စကားပေါ့
ဟုတ်ပြီးအသက်ရှင်ဖို့အတွက်ရေလိုအပ်သလို ကျွန်မတို့အသားအရေအတွက်လဲရေအရေးတကြီးလိုအပ်ပါတယ်
ကျွန်မတို့ခန္ဓာကိုယ်ကိုရေနဲ့အများဆုံးဖွဲ့စည်းထားတယ် ဒါမဲ့‌ကျွန်မတို့အသားအရေဟာ ရေဓာတ်ကိုအချိန်နဲ့အမျှဆုံးရှုံးနေတယ် ပတ်ဝန်းကျင် ရေ‌ လေအစရှိသည်ဖြင့်ထိတွေ့ရတဲ့အခါရေဓာတ်ဆုံးရှုံးရတယ်
အဲတော့ရေဓာတ်ပြန်ဖြည့်ပေးဖို့လိုတယ်ရေသောက်တာဟာ ခန္ဓာကိုယ်အတွက်အရမ်းကောင်းပြီး အသားအရေကြည်သန့်လာစေတယ်ဆိုပေမဲ့ အသားအရေချက်ချင်းစိုပြေလာဖို့ကျမလွယ်ပါဘူး
ဒါကြောင့် moisturizerလိမ်းပေးဖို့လိုအပ်တယ်
ဟုတ်ပြီ မလိမ်းရင်ဘာဖြစ်လာမလဲပေါ့နော်
ကျွန်မတို့ရေသောက်ဖို့မေ့နေတဲ့ရက်တွေဆို ဘယ်လိုနေလဲပြန်စဉ်းစားပါ နှုတ်ခမ်းတွေခြောက်လူလဲနေလို့မကောင်းဖြစ်တယ်မလား အဲလိုဘဲ အသားအရေကလဲရေဓာတ်မပြည့်ဝတဲ့အခါ တအားသိသာတယ် အသားတွေခြောက်လာမယ် ဝက်ခြံအဆီဖုတွေထွက်လာမယ် အသားတွေနီမြန်းလာမယ် ချွေးပေါက်ကျယ်လာမယ် အရေးအကြောင်းတွေပေါ်လာမယ် ဒါတွေက ရေဓာတ်မပြည့်ဝခြင်းရဲ့ အကျိုးဆက်တွေပါ
တချို့ကရှိတယ် အဆီပြန်လို့ moisturizerမလိမ်းဘူး မျက်နှာအဆီပြန်သလိုကြီးဖြစ်တာမကြိုက်လို့ဝက်ခြံထွက်မှာစိုးလို့နဲ့ မလိမ်းကြဘူး
အသားအရေအမျိုးအစားအားလုံးအတွက် moisturizerလိမ်းဖို့လိုအပ်ပါတယ်
အဓိကက ကိုယ်နဲ့သင့်တော်တဲ့ moisturizerကိုရွေးချယ်သုံးစွဲတတ်ဖို့ပါပဲ
*အသားအရေအမျိုးအစားအလိုက်ဘယ်လို moisturizerသုံးသင့်သလဲ
🔺Oilyနဲ့ combination skinသမားတွေက oil free gel type moisturizerတွေကိုသုံးသင့်ပါတယ် မျက်စိထဲမြင်အောင်ပြောရရင် aloe vera gelတို့လိုမျိုးပေါ့နော် bellaတို့
hearty heartတို့မှာလဲ ထုတ်တယ်
🔺Normal skinသမားတွေကတော့ gel creamမျိုးပေါ့နော် gel‌ေတာ့gelပဲထက်နဲနဲပျစ်တာမျိုးသုံးပေးသင့်တယ် face cream emlusionစသည်ဖြင့်သုံးရတယ်
🔺Dry to over dry skinသမားကျ
လုံးဝcreamအမျိုးအစားတွေသုံးသင့်တယ်တအားအသားခြောက်တဲ့သူဆို oilလေးတွေသုံးပေးသင့်တယ်
❤️ moisturizerပုံမှန်သုံးရင် ဘာဖြစ်လာမလဲ
အသားအရေစိုပြေလာမယ် အသားပတ်တာ ချွေးပေါက်ကျယ်တာ အဆီပြန်တာ ဝက်ခြံအဆီဖုထွက်တာအရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာတွေကို တား‌ဆီးပေးနိုင်တယ်
Moisturizerကိုအရမ်းဈေးကြီးတာကြီးပေးဝယ်သုံးတာထက် ကိုယ်နဲ့သင့်တော်တဲ့အမျိုးအစားကိုမှန်မှန်ကန်ကန်ရွေးချယ်သုံးတတ်ဖို့ပိုအရေးကြီးပါတယ်
မိန်းကလေးတိုင်းလှပနိုင်ကြပါစေ💙
Amayar beauty

25/06/2021

အလုပ်တွေရှုပ်နေတာနဲ့ pageလေးကိုလှည့်မကြည့်ဖြစ်ဘူး
မနက်ဖြန်ညကျရင်လူတိုင်းအတွက်အရေးတကြီးလိုအပ်တဲ့ အလှအပနဲ့ဆိုင်တဲ့ အရာလေးတခုပြောကြမယ်နော်🥰😘

09/06/2021

ခုတလော ခရီးသွားတာများတော့ နေပူမိပြီးအသားအရေတွေတော်တော်ပျက်စီးနေတာ
အိမ်ပြန်ရောက်မှ သေချာskincareနေရတယ်
အဓိကကတော့မျက်နှာအသားအရေပေါ့နော်
မျက်နှာကတော်တော်လေးကိုမည်းညစ်သွားတာသိသာတယ်
ဒါတောင်suncreamကိုသေချာလူးသွားတာနော်
အဲတော့မျက်နှာအသားအရေအတွက်ကိုယ်လုပ်တဲ့နည်းလမ်းလေးတွေပြောပြမယ်
နေ့ဘက်ဆို အပြင်ထွက်ထွက်မထွက်ထွက်suncreamကို‌ေသချာလူးဖြစ်တယ်ပြီးရင် အသားလေးအေးနေအောင်သနပ်ခါးပဲလူးဖြစ်တယ် မိတ်ကပ်လုံးဝမလိမ်းဘူး
နောက်တခု‌ရှားစောင်းလက်ပတ်နဲ့ပွတ်တယ် နေတိုင်းနီးပါးကို လုပ်တယ်
ညအိပ်ခါနီးဆို သေချာမျက်နှာသစ်တယ် မိတ်ကပ်မလိမ်းပေမဲ့လဲ လေထုထဲကဖုန်မှုန့်အညစ်အကြေးနဲ့ချွေးတွေရှိတယ် အဲဒါတွေကိုသေချာပြောင်အောင်သစ်တယ်
တိုနာလိမ်းတယ် မျက်နှာသစ်ပြီးကျန်နေတာတွေပြောင်အောင်လို့
ပြီးရင် maskကပ်တယ် ပြန်ရောက်ကတည်းကညတိုင်းနီးပါးကပ်ဖြစ်တယ် အထူးသဖြင့် whiteningပါတာနဲ့ moisturizerပါတာလေးတွေကပ်တယ်
အသားအရေကပျက်စီးဖို့ကျ တရက်နှစ်ရက်နဲ့ပျက်စီးလွယ်တယ်
ပြန်ကောင်းအောင်လုပ်ရရင် အရမ်းကြာတတ်တာ
လှချင်တော့လဲစိတ်ရှည်ရတာပေါ့နော်😘

08/06/2021

#အသားဖြူဖို့ ကိုယ်လုပ်ခဲ့ဖူးတဲ့ အိမ်တွင်းနည်းလေးတွေ ပြောပြမယ်
♥️နနွင်းနဲ့မန်ကျည်းမှည့်
ရေချိုးတိုင်း မန်ကျည်းသီးမှည့်ကိုနနွင်းမှုန့်ဖြူးပြီး တကိုယ်လုံးပွတ်တိုက်မယ် ဆယ်မိနစ်လောက်ထားပြီးရေဆေးချလိုက်တာပါ ရေတော့များများချိုးပေးရတယ်
♥️ရှားစောင်းလက်ပတ်
နေလောင်တာအ‌ပူလောင်တာအတွက် အကောင်းဆုံးကတော့ ရှားစောင်းလက်ပတ်ပါပဲ
ရှားစောင်းလက်ပတ်ကိုအနေတော်ဖြတ် ဘေးကဆူးတွေဖယ်ပြီး မျက်နှာခန္ဓာကိုယ် အနှံ့ ပွတ်တိုက်ပြီးဆယ့်ငါးမိနစ်လောက်ထားရေဆေးချလိုက်ရုံပါပဲ အသားလေးကစိုစိုအိအိလေးနဲ့ ကြည်လာမှာပါ တပတ်ကိုနှစ်ရက်သုံးရက်လောက်လုပ်ဖြစ်တယ်
♥️သံပုရာသီး
သံပုရာသီးကအက်ဆစ်ဓာတ်ပါတော့ အသားဖြူတယ်ဆိုပြီးပွတ်တိုက်တာပဲ
မျက်နှာတော့မလုပ်စေချင်ဘူး ပြင်းတော့မျက်နှာလောင်သွားမှာစိုးလို့
♥️အာလူး
အာလူးကသဘာဝအစွန်းချွတ်ဆေးလို့ကြားဖူးတယ် အာလူးကိုပါးပါးလေလှီးပြီး မျက်နှာအနှံ့ကပ်တယ် ကြိတ်ပြီးတံတောင်ဆစ် ဒူးဆစ် ခြေမျက်စိတို့လိုမဲတဲ့နေရာတွေလဲ လိမ်းတယ်
♥️ခရမ်းချဉ်သီး +သကြား
ခရမ်းချဉ်သီးကိုထက်ခြမ်းခြမ်း သကြားကိုအမှုန့်ကြိတ်ထားတာလေးဖြူးပြီး ခန္ဓာကိုယ်အနှံ့ပွတ်တိုက်တယ် ပြီးရင်ဆယ့်ငါးမိနစ်လောက်ထားပြီးရေဆေးချတယ် scrubလုပ်တဲ့သဘောပေါ့
တအားကြမ်းကြမ်းတော့မပွတ်ရဘူးနော်
ကဲဒါတွေကတော့ ကျမ မလှချင်လေး ငယ်ငယ်ကတည်းက အသားဖြူအောင်လုပ်ခဲ့တဲ့
အိမ်တွင်းနည်း‌လမ်းလေးတွေပါ
ကိုဗစ်တွေ‌လဲ တစတစပိုပိုတွေ့လာရတော့ အန္တရာယ်ကင်းအောင် စတေးဟုမ်းကြရင်းအသားဖြူဖို့ကြိုးစားကြမယ်
အရာရာ‌အေးချမ်းသွားတာနဲ့ အလှပဆုံးအောင်ပွဲခံကြရအောင်နော်♥️

07/06/2021

ကိုယ်က‌ေမွးကတည်းက အသားဖြူတဲ့ထဲမပါဘူး အသားလတ်ရုံပဲ ဒါမဲ့ငယ်ငယ်လေးကတည်းကအသားဖြူချင်ခဲ့တာ ဘာလို့လဲဆိုတော့ လှချင်လို့ဆိုတာထက်ကိုယ်အချစ်ဆုံးအမက အသားဖြူတယ် သူ့ကိုချစ်တော့သူနဲ့တူချင်လို့ အသားဖြူချင်တာ
ဖြစ်ပုံက အဲလို
အဲတော့သိတတ်စကတည်းက အသားဖြူချင်လို့ အသားဖြူမယ်လို့ကြားဖူးသမျှနည်းလမ်းပေါင်းစုံလုပ်တယ် စာတွေဖတ်တယ်ရှာတယ် အစုံပါပဲ ကျောင်းသူဆိုတော့ ပိုက်ဆံသိပ်မကုန်တဲ့အိမ်တွင်းနည်းလမ်းတွေပေါ့
နောက်မှအဲနည်းလမ်းလေးတွေ သပ်သပ်ရေးဦးမယ် ကိုယ်လုပ်ဖူးသမျှပေါ့လေ
ဘာရယ်မဟုတ်ပါဘူး ငယ်ငယ်ကပုံလေးတွေ ထုတ်ကြည့်ရင်း ပိန်ပိန်မဲမဲလေးနဲ့ချစ်ဖို့ကောင်းတဲ့ကိုယ့်ကိုကိုရီချင်လို့😘😝

07/06/2021

နေပူထဲတောက်လျှောက်သွားတယ်
မေ့ပြီးsuncreamလဲမလိမ်းဖြစ်ဘူး ပြန်လာတော့ခန္ဓာကိုယ်မှာအဝတ်ဖုံးတဲ့နေရာ နာရီပတ်တဲ့နေရာတို့က အဖြူစင်းတွေဖြစ်လို့ ကျန်တဲ့နေရာတွေက မဲကျန်ခဲ့တယ် suncreamလိမ်းဖို့က ငါးမိနစ်မကြာပေမဲ့ အသားအရေနဂိုအတိုင်းဖြစ်ဖို့က ငါးရက်မကကြာတော့မယ် နောက်မှရတဲ့နောင်တက ဘယ်သွားသွားနေလောင်ကာပါတဲ့လိုးရှင်းလူး လက်ရှည်ဝတ်ရမယ်ဆိုတဲ့အသိပဲ

07/06/2021

Good Morning Everyone😘🥰

Want your business to be the top-listed Beauty Salon in Pakokku?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pakokku