Lavender
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lavender, Health/Beauty, Pakokku.
မဟုတ်တဲ့သူက
မဟုတ်တဲ့အတိုင်း သွားမည် 🤭
12/12/2025
ပထမ သားနှစ်ယောက်တုန်းက ရိုးရိုးမွေးခဲ့တော့
အခုတတိယသားငယ်လေးကျ ခွဲမွေးဖြစ်တယ်
သားငယ်ကို တွေ့ချင်လွန်းပီး
စိတ်လှုပ်ရှားနေတော့ တညလုံးလည်း အိပ်မပျော်ဘူး
သားငယ် ကျန်းမာရေး ကောင်းပါ့မလား
တွေးပူ သူ့ငိုသံလေး ကြားရမှ ပျော်လိုက်တဲ့အပျော်ဆိုတာ 💛
မကြုံဖူးဘူး အပျော်လွန်ပီး ဗိုက်ခွဲထားတာကိုမေ့
စကားတွေ တအားပြော ခေါင်းလည်း ငြိမ်ငြိမ်မနေ 😁
10/12/2025
ရေချိုးပြီး ရုတ်တရက် သေဆုံးရခြင်း အကြောင်း
====================
ဒေါက်တာလှမိုးသူ ရေးသည်
====================
ရေချိုးပြီး ရုတ်တရက် sudden death ရသွားတတ်တာက အသက်ကြီးတဲ့သူ #(၆၀) ကျော်တွေမှာ များသောအားဖြင့် ဖြစ်တတ်ပေမယ့် လူလတ်ပိုင်းတွေထဲလည်း တွေ့လာရတဲ့အတွက် ဆင်ခြင်သင့်ပါတယ်
အောက်ပါ အချက်အလက်တွေက ရေချိုးပြီး ရုတ်တရက် သေဆုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။
#ရေချိုးပြီးပြီးချင်းအဲယားကွန်းခန်းထဲရုတ်တရက်ရောက်သွားရင် ခန္ဓာကိုယ်အပူချိန်က ရုတ်တရက် ပိုကျသွားပြီး ခန္ဓာကိုယ်က သွေးလှည့်ပတ်မှု စနစ်မှာ ပြဿနာဖြစ်ပြီး ဦးနှောက်ကို သွားတဲ့ သွေးတွေ နည်းသွားတတ်ပါတယ်အဲဒီအခါကျ နဂိုက နှလုံးနဲ့ သွေးတိုး ရှိနေသူ တွေမှာ ရုတ်တရက် ပြဿနာဝင်တတ်ပါတယ်။
#ခန္ဓာကိုယ်ကအရမ်းပင်ပန်းနွမ်းနယ်နေချိန်မှာရေချိုးရင်_
တအား ပင်ပန်းနေချိန်မှာ ရေချိုးလိုက်ရင် လန်းသွားမယ် ထင်ရပေမယ့် နွမ်းနယ်နေချိန်မှာ သွေးလှည့်ပတ် စီးဆင်းမှု က ထိုးစိုက်ကျ နေပါတယ်။ အဲဒီအချိန်မှာ ရေချိုးလိုက်ရင် (အထူးသဖြင့် ရေအေး) ပိုပြီး နုံးချိ သွားတာတို့ ရှော့ (shock) ရတာတို့ သတိလစ်တာတို့ ဖြစ်တတ်ပြီး ပြဿနာပေးနိုင်ပါတယ်။
#သွေးပေါင်ချိန်Pressureကျနေချိန်မှာရေချိုးမိရင်
ခန္ဓာကိုယ် အပူချိန်ကလည်း ကျနေတဲ့ အတွက် လူတွေက ရေနွေးလေးနဲ့ ချိုးဖို့ ပြင်ကြပါတယ်။ရေရဲ့ အပူချိန်က ခန္ဓာကိုယ် အပူချိန်ထက် များနေရင် ရုတ်တရက် ရှော့ (shock) ရခြင်း ဖြစ်တတ်ပါတယ်။ ရေအပူကြောင့်သွေးကြောတွေ က ကျယ်လာမယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ သွားနေတဲ့ သွေးတွေ ကမောက်ကမ ဖြစ်မယ် ပျော့ခွေနုံးပြီး မောပန်းလာရာက သတိလစ်တတ်ပါတယ် ။
#အရက်သောက်ပြီးရေချိုးရင် အရက်မှာ ပါတဲ့ stimulants များဟာ သောက်နေချိန်မှာ အသည်းရဲ့ လုပ်ဆောင်မှုတွေကိုဟန့်တားလိုက်တဲ့ အတွက် ခန္ဓာကိုယ်မှာ စုထားတဲ့ သကြားဓာတ်တွေ ခပ်များများ လောင်ကျွမ်း သွားပါတယ်။
အဲဒီအချိန်မှာ ရုတ်တရက် ရေထချိုးရင် သွေးတွင်း သကြားဓာတ် levelကို အချိန်မီ ဖြည့်ဆည်း မပေးနိုင်ချိန်မှာ သွေးကြောတွေက ကျုံ့သွားပြီး လူကို အေးစက် လာစေပါတယ်
သွေးကြောတွေကို ထိခိုက် သွားစေတဲ့အတွက် လူကို ဒုက္ခပေး ပါတော့တယ်။
#အရမ်းဖျားအပူချိန်များနေချိန်မှာရေချိုးရင်
အပူချိန် (၁၀၀ ကျော်နေသူမှာ) ခန္ဓာကိုယ်က ပြန်လည်ထိန်း ညှိပေးတဲ့ စနစ် (system) က တအား အလုပ်လုပ်နေတဲ့ အတွက် ခန္ဓာကိုယ်တွင်း အပူချိန်ကို ၂၀% လောက် အပူသုံးစွဲမှု (heat consumption) က ရှိနေပါတယ်။
အဲဒီအချိန် ရုတ်တရက် ရေအေး ထချိုးရင် အလွယ်တကူ အေးစက် သွားနိုင်ပြီး လူကြီးတွေမှာ လေဖြတ် (stroke)တာမျိုး ဖြစ်တတ်ပါတယ်။
#ကလေးတွေအရမ်းဖျားရင်
ရေချိုးပေးကြတာ လုပ်လို့ ရပါတယ်။ ရေပတ်လေးတိုက် အပူချိန် အရင်ချပြီးမှ ရေချိုးရင် ပို အဆင်ပြေပါတယ်)
#အရမ်းဆာနေချိန်မှာ ရေချိုးရင်
ဆာလောင်နေချိန်မှာ သွေးတွင်းသကြားဓာတ် ကျနေနိုင်ပါတယ်။
ဗိုက်ဆာလေ သွေးတွင်းသကြားဓာတ် ကျလေပါ။
အဲဒီအချိန် ရေထချိုး လိုက်ရင် ခန္ဓာကိုယ်အတွက် သုံးစွဲ လောင်ကျွမ်း နေရမယ့် သကြားဓာတ် မလုံလောက်နိုင်တဲ့အတွက် မူးမော် ခေါင်းလည် ဖျော့တော့ သတိလစ်လေဖြတ်တာ (stroke) တွေ ဖြစ်တတ်ပါတယ် ။
#ညအချိန်ရေချိုးရင် ရေနွေးလေးနဲ့ ချိုးတယ် ဆိုရင်တောင်မှ ပြဿနာရှိနိုင်ပါတယ်။ ရေနွေးကြောင့်သွေးကြောတွေ ကျယ်လာရာကနေ သွေးပေါင်ချိန် ( pressure) က ကျ သွားတတ်တော့ နဂိုမူလ အကျသမား ဆိုရင် သွေးပေါင်ချိန် မတည်ငြိမ်တာတွေ ဖြစ်တာနဲ့ နှလုံး ထိသွားတတ်တဲ့ ပြဿနာ ဝင်တတ်ပါတယ်။
သတိလစ် . မေ့မျောတာတွေ ဆက်တိုက် ဖြစ်တတ်ပါတယ်
Dr Hla moe thu
#လေမဖြန်းအောင်ကြိုတင်ကာကွယ်
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the business
Telephone
Website
Address
Pakokku