Pyae Yati
Pakokku
17/12/2024
#လူ့ဘဝမှာ အစွဲအလန်း သိပ်ကြီးတဲ့သူတွေဟာ
တမလွန် ရောက်တဲ့အခါ...
အမျှဝေသံကြားရဖို့ 99% မသေချာဘူးတဲ့။
±±±±±±±±±±±±±±±±
🍀စာအုပ်အမည် - လူငယ်တစ်ယောက် စိတ်ဓာတ်ကျနေသည်
🍀စာရေးသူ - သော်တာမင်း
🍀စာမျက်နှာ - 144
🍀တန်ဖိုး - 8,000 ks
#စာညွှန်း---
❝ လူ့ဘဝမှာ အစွဲအလန်း သိပ်ကြီးတဲ့သူတွေဟာ
တမလွန် ရောက်တဲ့အခါ အမျှဝေသံကြားရဖို့ 99% မသေချာဘူးတဲ့။
ဒါကြောင့် ဘယ်လိုအရာမျိုးကိုမှ
လိုတာထက် ပိုပြီး မတွယ်တာ မစွဲလန်းမိပါစေနဲ့ ❞
“လူငယ်တစ်ယောက် စိတ်ဓာတ်ကျနေသည်” စာအုပ်မှာ အပိုင်း ( ၄ ) ပိုင်း ခွဲပြီး ရေးသားထားပါတယ်။
အပိုင်း ( ၁ ) မှာ အနာဂတ်ပျောက်နေသလို ခံစားရတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် စာတိုတွေကို ရေးသားထားပါတယ်။
အပိုင်း ( ၂ ) မှာ စိတ်ကျန်းမာရေးအပြင် Life Style နဲ့ ပတ်သက်တာတွေ ရေးသားထားပါတယ်။
အပိုင်း ( ၃ ) မှာ ကိုယ့်ကိုယ်ကိုယ် မေတ္တာပို့တတ်ဖို့၊ မိဘကို မေတ္တာပို့တတ်ဖို့အတွက် မေတ္တာပို့နည်းတွေ ရေးသားထားသလို ဘုရားတရား မမေ့ဖို့အတွက် စာစုတွေကိုလည်း ရေးသားထားပါတယ်။
အပိုင်း ( ၄ ) မှာတော့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးသားထားပါတယ်။
17/12/2024
#ညီမလေးရေ...
ကိုယ့်အပေါ် ကောင်းပြတိုင်းလည်း မယုံရဘူးနော်။ တချို့က အပေါ်ယံတွေ ညီမလေးရဲ့။ တချို့ဆက်ဆံရေးတွေက အတုလား၊ အစစ်လား ခွဲခြားတတ်ဖို့ ညီမလေး အများကြီး လေ့လာသင်ယူရဦးမယ်။
#သဟာဆွေလှိုင်း
#ချစ်ခဲ့ဖူးသည်_သို့သော်_ကျွန်မ_အခု_သန်မာနေပြီ
17/12/2024
#ငွေ မမက်ပါနဲ့။
#ငွေရနိုင်မယ့် အခြေအနေကိုသာ ထုဆစ်ပါ။
ငယ်စဉ်ကတော့ သူများလက်ထဲက ငွေကိုမြင်ရင် အဲဒီငွေတွေ ငါ့လက်ထဲရောက်လာရင် ကောင်းမှာပဲဆိုပြီး တွေးခဲ့ဖူးတယ်။စိတ်ထဲမှာ ငွေကို မက်မောခဲ့ဖူးတယ်။အခုတော့
အဲဒီလို မဟုတ်တော့ဘူး။ငါလည်း ဒီငွေလောက်တော့ ရှာနိုင်ရမှာပေါ့၊ငါ့မှာလည်း သူ့လို ငွေရှာနိုင်တဲ့အရည်အချင်းတွေ ရှိနေတာပဲ၊ငါကြိုးစားရင် ရမှာပဲဆိုတဲ့ အတွေးမျိုးကို ပိုပြီး တွေးဖြစ်လာတယ်။ငွေကို မက်နေတာမျိုး မဟုတ်တော့ဘဲ ငွေရနိုင်မယ့် အခြေအနေတွေကို ပိုပြီး မွတ်သိပ်နေခဲ့တာမျိုးပါ။
#သုနေ
📘 ၂၁ ရာစု လူငယ့်စိတ် လူငယ့်အတွေး
✍️ #မောင်ဘုန်း (သပြု)၊ သုနေ၊ အလင်းမြတ်၊
သဟာဆွေလှိုင်း၊ နူးနူးအောင်၊ နှင်းအေးလူ၊
ယွန်း Y....
14/12/2024
2024, November - Top (5)
--------------------------------------
🍀 (1) အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းအား - 6000 Ks
✍️ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝဆိုတာ ပန်းပွင့်လေး တစ်ပွင့်ရဲ့ဖြစ်တည်ရှင်သန်မှုနဲ့ အလားသဏ္ဌာန်တူပါတယ်။ အမျိုးသမီးဆိုတာ နူးညံ့တဲ့ စိတ်နှလုံးသားရှိပြီး ထိလွယ်၊ ရှလွယ်၊ ခံစားလွယ်ပါတယ်။
ချစ်တဲ့သူတွေအတွက် အစွမ်းကုန် မွှေးမြပြီး မချစ်တဲ့သူတွေအတွက် အဆိပ်အတောက်၊ ဒဏ်ရာဖြစ်စေလောက်အောင် စွမ်းနိုင်တဲ့ အံ့ဖွယ်မိန်းမသားတွေ ဖြစ်ပါတယ်။ ပန်းတွေရဲ့သဘာဝဟာ ပင်ကို နူးညံ့လှပလွန်းပေမဲ့ သူ့စရိုက်သဘာဝနဲ့သူမို့ အားနည်းချင် နည်းမယ်။ နေဒဏ်ကြောင့် နွမ်းချင် နွမ်းမယ်။ နေဒဏ်ခံရပြီးမှ လန်းချင် လန်းမယ်။ ခူးခြွေသူအတွက် အဆိပ်သင့်အောင် စူးသင့်ရင် စူးလိုက်မယ်။ ခူးခြွေသူလက်ထဲ အလိုက်သင့် သက်ဆင်းချင် သက်ဆင်းမယ်။ မေတ္တာစိတ်ကြောင့် ကမ္ဘာတစ်ခုလုံး မွှေးပျံ့အောင် စွမ်းနိုင်ပါတယ်။
ဒီစာအုပ်လေးကို ဖတ်မိလိုက်တဲ့ အမျိုးသမီးတိုင်း အတုယူသင့်တာ အတုယူ၊ ပြောင်းလဲသင့်တာ ပြောင်းလဲ၊ ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။
#နှင်းအေးလူ
🍀 (2) ကြိုးစားခြင်းနှင့် အောင်မြင်ခြင်း - 7000 Ks
✍️ ကြိုးစားခြင်းဆိုတာ လုပ်အားပဲ။ အဲဒီ 'လုပ်အား' ဆိုတာက ခွန်အားဗလ ရှိသူတိုင်း လုပ်လို့ရတယ်။ လုပ်နိုင်ကြတယ်။
• လုပ်အားကို ဉာဏ်ပညာ မပေါင်းနိုင်သမျှတော့ ကြိုးစားနေခြင်းက အရာထင်ဖို့ ခက်ခဲနေဦးမှာပါပဲ။
-----
• ကြိုးစားခြင်းကို ပိုပြီးတောက်ပစေဖို့၊ ပိုပြီးအရာထင်စေဖို့၊ ပိုပြီးပြည့်စုံစေဖို့အတွက် အရေးအကြီးဆုံးက ဉာဏ်ပညာပဲ။ တစ်နည်းအားဖြင့် ကောင်းမွန်တဲ့ စိတ်ကူးပဲ။
• ''စိတ်ကူးကောင်းတဲ့သူတွေက အရာရာမှာ သာလွန်ကြတယ်။ တချို့ဆိုရင် စိတ်ကူးလေးကြောင့်ပဲ တိုးတက်အောင်မြင်သွားကြတာ''
-----
• ဒီစာအုပ်ကို ဖတ်မိသူတိုင်း ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာမယ်လို့ အာမခံဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ဘယ်နည်းဘယ်ပုံ ကြိုးစားသင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး အတွေးလေးတွေ ပေးနိုင်ပါလိမ့်မယ်။ အကြံလေးတွေ ရနိုင်ပါလိမ့်မယ်။
• နောက်ပြီး ဒီစာအုပ်ကို ဖတ်ရုံနဲ့ အောင်မြင်လာလိမ့်မယ်လို့လည်း မယူဆစေချင်ပါဘူး။ အောင်မြင်ဖို့အတွက် ဘယ်လို ကြိုးစားရမယ် ဆိုတာမျိုးကို တွေးမိဖို့၊ ကြိုးစားခြင်းကို အရောင်တင်နိုင်ဖို့၊ ပြီးတော့ အောင်မြင်ခြင်းကို မြင်အောင် ကြည့်တတ်ဖို့၊ အောင်မြင်ခြင်းကနေ ရရှိလာတဲ့ ခွန်အားတွေနဲ့ ပိုမိုကြီးမားတဲ့ အောင်မြင်ခြင်းတွေဆီကို တက်လှမ်းနိုင်ဖို့ စတာတွေကိုပဲ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
#သုနေ
🍀 (3) မျက်ရည်လွယ်သောသူများ ဖတ်ဖို့ - 6000 Ks
✍️ မျက်ရည်လွယ်သောသူများ ဖတ်ဖို့ စာအုပ်ထဲမှာ -
◾အငိုတိတ်စေမယ့် နည်းလမ်းတွေ
◾ ခံစားချက်ကို ချရေးနိုင်ဖို့အတွက် မေးခွန်းတွေ
◾အတွင်းစိတ် ငြိမ်းချမ်းစေမယ့် နည်းလမ်းတွေ
◾ အသည်းကွဲခြင်းကို ကုစားနည်းတွေ
◾ စိတ်ခွန်အားဖြစ်စေမယ့် ပုံပြင်တွေ
◾ စိတ်ခွန်အားပေး စာသားတွေ
◾ မနာလိုစိတ်ကို ပယ်ဖျက်နည်းတွေ
◾ စိတ်ဒဏ်ရာကို ကုစားနည်းတွေ
◾ ဘဝ ရှင်သန်နည်းတွေ
◾ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေနည်းတွေ များစွာပါဝင်ပါတယ်။
#သော်တာမင်း
🍀 (4) နားလည်ခွင့်လွှတ်ခြင်း - 7500 ks
✍️ "နားလည်ခွင့်လွှတ်ခြင်း" ဆိုတဲ့ ဒီစာအုပ်လေးကို အပုဒ်ရေ (၅၉) ပုဒ်နဲ့ ဖန်တီးထားတာပါ။ စိတ်ကို အေးချမ်းစေမယ့်၊ စိတ်ခွန်အားရစေမယ့် စာအုပ်လေးဖြစ်မှာ အသေအချာပါပဲ။
"နားလည်ခွင့်လွှတ်ခြင်း" ဆိုလို့ အရာရာတိုင်းကို နားလည်ရမယ်၊ ခွင့်လွှတ်ရမယ်လို့ ဆိုလိုချင်တာတော့ မဟုတ်ဘူး။
နားလည်ခွင့်လွှတ်လို့ ရတာတွေ ရှိသလို နားလည်ခွင့်လွှတ်လို့ မရတာတွေလည်း ရှိတတ်တာမို့ နားလည်ခွင့်လွှတ်နိုင်တာကို နားလည်ခွင့်လွှတ်ပြီး နားလည်ခွင့်လွှတ်လို့ မရနိုင်တဲ့အရာတွေကို လွှတ်ချပြီးတော့ စွန့်ပစ်ရဲဖို့လည်း လိုအပ်ပါတယ်။
ဒီစာအုပ်လေး ဖတ်ပြီးတာနဲ့ ''ဘာမှ မကျန်ခဲ့ဘူး'' ဆိုတဲ့ နောင်တမျိုး ကင်းဝေးစေပါလိမ့်မယ်။
💙 ဒီစာအုပ်လေးထဲမှာ စိတ်ကို အေးချမ်းစေမယ့် အကြောင်းတွေ...
💙 စာအုပ်တွေကို သဘောကျတတ်တဲ့ စာအုပ်ချစ်သူတွေရဲ့ စာအုပ်အပေါ် တန်ဖိုးထားတဲ့ အကြောင်းတွေ...
💙 မေတ္တာထားပြီး နားလည်မှုရှိစွာ ရှင်သန်နေထိုင်သင့်တဲ့အကြောင်းတွေ...
💙 နားလည်ခွင့်လွှတ်သင့်တာကို နားလည်ခွင့်လွှတ်ပြီး စိတ်ညစ်စရာတွေ နည်းပါးစွာနဲ့ နေထိုင်ရှင်သန်ကြည့်တဲ့အခါ စိတ်ပျော်ရွှင်ရတဲ့အကြောင်းတွေ...
💙 ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသင့်တဲ့အကြောင်းတွေ စတဲ့ အကြောင်းလေးတွေကို ဖတ်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။
"နားလည်ခွင့်လွှတ်ခြင်း" ဆိုတဲ့ ပန်းချီကားလေးဟာ ဘယ်လောက်အထိ သေသပ်လှပနေလည်းဆိုတာ ခံစားကြည့်ဖို့ ပန်ကြားလိုပါတယ်။
#သဟာဆွေလှိုင်း
🍀 (5) ချစ်ခဲ့ဖူးသည်၊ သို့သော်... ကျွန်မ အခု သန်မာနေပြီ - 7000 Ks
✍️ ဒီစာအုပ်လေးကို မိန်းကလေးတွေအတွက် အကျိုးရှိစေမယ့် စာစုလေးတွေနဲ့ စုဖွဲ့ ဖန်တီးပေးထားပါတယ်။
ဘယ်သူတွေ ဖတ်သင့်လဲဆိုရင်တော့...
မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ရာ မပြတ်မသား ဖြစ်နေတဲ့သူတွေ၊ Self-confidence ပိုရှိလာစေမယ့် နည်းလမ်းတွေကို လိုချင်နေတဲ့သူတွေ၊ Single life မှာဖြစ်ဖြစ်၊ ကိုယ့်ရဲ့လက်တွဲဖော်နဲ့ဖြစ်ဖြစ် Healthy relationship တစ်ခု တည်ဆောက်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် အကျိုးရှိစေမယ့် အကြောင်းအရာလေးတွေ ပါဝင်ပါတယ်။
အချစ်ကြောင့် ပြိုလဲခဲ့ရပေမဲ့လည်း ဘဝကို အကောင်းဆုံး ရှေ့ဆက်နိုင်တဲ့ မိန်းကလေးတွေအကြောင်း...
မိန်းကလေးတွေ သိထားသင့်တဲ့ ယောက်ျားလေးတွေရဲ့ စိတ်နေစိတ်ထားအကြောင်း...
မိန်းကလေးတစ်ယောက် ရင့်ကျက်သွားတဲ့အခါ ခပ်ချေချေနေတတ်သွားတဲ့အကြောင်း...
အိမ်မှုကိစ္စတွေ လုပ်ဖို့ထက် ပိုက်ဆံရှာရတာကို ပိုသဘောကျတဲ့ မိန်းကလေးတွေအကြောင်း...
ဘယ်တစ်စုံတစ်ယောက်ကိုမှ အားမကိုးဘဲ တစ်ယောက်တည်း ရှင်သန်ရပ်တည်နိုင်တယ်ဆိုတဲ့ မိန်းကလေးတွေအကြောင်း...
အချစ်နဲ့ ခပ်ကင်းကင်းနေရင်း ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေကြတဲ့ မိန်းကလေးတွေရဲ့အကြောင်း စတဲ့အကြောင်းအရာများနဲ့အတူ...
ပတ်ဝန်းကျင်ရဲ့ ဝေဖန်ကဲ့ရဲ့မှုတွေကို ခပ်စွာစွာ တုံ့ပြန်တတ်တဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ရနိုင်သလို ငြိမ်းချမ်းအေးဆေးပြီး အကောင်းဆုံး လက်စားချေနည်း အနုပညာနဲ့ အပြုံးမပျက်၊ အမုန်းမပျက် တန်ပြန်တတ်တဲ့ ရင့်ကျက်တည်ငြိမ်ပြီး ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ကိုလည်း တွေ့ရနိုင်ပါလိမ့်မယ်။
တစ်ယောက်က ခပ်ချေချေလေး စွာလိုက်၊ တစ်ယောက်က ချော့လိုက်နဲ့ မတူညီတဲ့ ရသအစုံကို ခံစားရပါလိမ့်မယ်။
ဒီစာအုပ်လေး ဖတ်ပြီး ဘာမှမကျန်ခဲ့ဘူးဆိုတဲ့ နောင်တတွေ ကင်းဝေးစေရပါမယ့် စာအုပ်ကောင်းလေးဖြစ်တဲ့အကြောင်း...။
#သဟာဆွေလှိုင်း၊ #ယွန်း Y
14/12/2024
#ကိုယ့်အနေနဲ့ စီးပွားရေးကို ဘယ်လိုစတင်ရမယ်မှန်း မသိသေးဘူးဆိုရင်၊ ကြိုးစားမှုကို ဘယ်လိုအရှိန်တင်ရမယ်မှန်း မသိသေးဘူးဆိုရင် ဒီစာအုပ်လေးကို ဖတ်ကြည့်သင့်ပါတယ်။
🍀စာအုပ်အမည် - စီးပွားရေးကို ဘယ်လိုစတင်ရမှာလဲ
🍀စာရေးသူ - မျိုးကျော်ဦး(ချယ်ရီစံ)
🍀စာမျက်နှာ - ၁၁၀ (Hardcover)
🍀တန်ဖိုး - 9,000 ks
#စီးပွားရေးလုပ်တယ်ဆိုတာ အသက်အရွယ်တစ်ခုရောက်မှ၊ အချိန်ကာလ ကောင်းမှ၊ အရင်းအနှီးနဲ့ ဝမ်းစာပြည့်နေမှ လုပ်ရမှာမျိုး မဟုတ်ပါဘူး။ အဓိက အချက်က ကိုယ့်စိတ်မှာ လုပ်ချင်စိတ်ပြင်းပြလာပြီဆိုရင် စတင်လို့ ရပါတယ်။
ဘဝဆိုတဲ့ အချိန်ကာလဟာ တိုတောင်းလွန်းလှပါတယ်။ လူ့ဘဝ အချိန်ခဏလေးအတွင်းမှာ ပညာတွေချည်း သင်ယူပြီးမှ စီးပွားရေးလုပ်မယ်ဆိုရင် အရာရာမှာ နှောင့်နှေးသွားနိုင်ပါတယ်။ ဒီနေ့ခေတ်ထဲမှာ ပညာတွေ သင်ရင်း စီးပွားရေးကိုပါ တွဲလုပ်လို့ ရနေပါပြီ။ ဝန်ထမ်းဘဝကို ရောက်ရှိနေပြီး လက်ရှိဘဝက ပျော်စရာအနေအထားတစ်ခု ဖြစ်မနေခဲ့ဘူးဆိုရင်လည်း ဒါဟာ ဝမ်းနည်းစရာတော့ မဟုတ်ပါဘူး။
ရောက်နေတဲ့ အနေအထားကနေ တိုးတက်အောင်မြင်ဖို့ စီးပွားရေးကို ဝန်ထမ်းအလုပ်တစ်ဖက်နဲ့ တွဲလုပ်လို့ ရနိုင်ပါတယ်။ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ်မှာ ရပ်တည်ဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ ရလာတဲ့ဘဝမှာ ကြိုးစားရုန်းကန်မှုမရှိဘဲ အချိန်တွေ ကုန်ဆုံးသွားမှာ နှမြောစရာ ကောင်းလှပါတယ်။
ကိုယ့်အနေနဲ့ စီးပွားရေးကို ဘယ်လိုစတင်ရမယ်မှန်း မသိသေးဘူးဆိုရင်၊ ကြိုးစားမှုကို ဘယ်လိုအရှိန်တင်ရမယ်မှန်း မသိသေးဘူးဆိုရင် ဒီစာအုပ်လေးကို ဖတ်ကြည့်သင့်ပါတယ်။
#စီးပွားရေး #ကိုယ်ပိုင်စီးပွားရေး
14/12/2024
#တတိယအကြိမ် ပြန်ရနေပါပြီ
-----------------------------
🍀စာအုပ်အမည် - ကြိုးစားခြင်း နဲ့ အောင်မြင်ခြင်း
🍀စာရေးသူ - သုနေ
🍀စာမျက်နှာ - ၁၂၇
🍀တန်ဖိုး - 7,000 ks
#ကြိုးစားခြင်းဆိုတာ လုပ်အားပဲ။ အဲဒီ 'လုပ်အား' ဆိုတာက ခွန်အားဗလ ရှိသူတိုင်း လုပ်လို့ရတယ်။ လုပ်နိုင်ကြတယ်။
• လုပ်အားကို ဉာဏ်ပညာ မပေါင်းနိုင်သမျှတော့ ကြိုးစားနေခြင်းက အရာထင်ဖို့ ခက်ခဲနေဦးမှာပါပဲ။
-----
• ကြိုးစားခြင်းကို ပိုပြီးတောက်ပစေဖို့၊ ပိုပြီးအရာထင်စေဖို့၊ ပိုပြီးပြည့်စုံစေဖို့အတွက် အရေးအကြီးဆုံးက ဉာဏ်ပညာပဲ။ တစ်နည်းအားဖြင့် ကောင်းမွန်တဲ့ စိတ်ကူးပဲ။
• ''စိတ်ကူးကောင်းတဲ့သူတွေက အရာရာမှာ သာလွန်ကြတယ်။ တချို့ဆိုရင် စိတ်ကူးလေးကြောင့်ပဲ တိုးတက်အောင်မြင်သွားကြတာ''
-----
• ဒီစာအုပ်ကို ဖတ်မိသူတိုင်း ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာမယ်လို့ အာမခံဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ဘယ်နည်းဘယ်ပုံ ကြိုးစားသင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး အတွေးလေးတွေ ပေးနိုင်ပါလိမ့်မယ်။ အကြံလေးတွေ ရနိုင်ပါလိမ့်မယ်။
• နောက်ပြီး ဒီစာအုပ်ကို ဖတ်ရုံနဲ့ အောင်မြင်လာလိမ့်မယ်လို့လည်း မယူဆစေချင်ပါဘူး။ အောင်မြင်ဖို့အတွက် ဘယ်လို ကြိုးစားရမယ် ဆိုတာမျိုးကို တွေးမိဖို့၊ ကြိုးစားခြင်းကို အရောင်တင်နိုင်ဖို့၊ ပြီးတော့ အောင်မြင်ခြင်းကို မြင်အောင် ကြည့်တတ်ဖို့၊ အောင်မြင်ခြင်းကနေ ရရှိလာတဲ့ ခွန်အားတွေနဲ့ ပိုမိုကြီးမားတဲ့ အောင်မြင်ခြင်းတွေဆီကို တက်လှမ်းနိုင်ဖို့ စတာတွေကိုပဲ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
ာပေ
#သုနေ #ကြိုးစားခြင်းနဲ့အောင်မြင်ခြင်း
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pakokku