Transform Ma Cho

Transform Ma Cho

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Transform Ma Cho, Health/Beauty, Pakokku.

Photos from Transform Ma Cho's post 06/11/2024

🌰 #ကြက်သွန် အပင်မသန်လို့ ဥချနည်းလို့ အပင်သန်ဆေး ဥချဆေးကောင်းရှာနေသူတွေအတွက် 🌰
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🌰ကြက်သွန် အပင်လဲသန်မယ်
🌰ကြက်သွန် ဥဆင်းအားလဲကောင်းမယ်
🌰ကြက်သွန် အလုံးလဲချောမယ်
🌰ကြက်သွန် ဥဆိုဒ်လဲညီမယ်
🌰ကြက်သွန် အလုံးလေးချောမယ်
🌰ကြက်သွန် အလေးချိန်လဲစီးမယ်
🌰ကြက်သွန် အထားလဲခံမယ်
🌰ကြက်သွန် အထွက်လဲတိုးမယ်

စတဲ့ အကျိုးရလဒ်တွေရရှိလိုပါက 👍

🇹🇭 ထိုင်းနိုင်ငံက ထုတ်လုပ်ထားတဲ့ (ထရန့်စဖောင်းပလပ် ) ရွက်ဖျန်းမြေသြဇာကို အသုံးပြုလိုက်ပါ

အသုံးပြုပုံအသေးစိတ်သိရှိလိုပါက ဟလိုလေးသာလုပ်လိုက်ပါ ☎09 454665668

🇲🇲 မြန်မာတစ်နိုင်ငံလုံးပစ္စည်းရောက်ငွေချေ ပို့ဆောင်ပေးနေပါပီ 👍


ွက်ဖျန်းမြေသြဇာဖြန့်ချီရေး
#ပခုက္ကူမြို့ကုမ္ပဏီတိုက်ရိုက်

Photos from Transform Ma Cho's post 03/11/2024

နှလုံး၊သွေးတိုး၊ဆီးချို ဝေဒနာ ရှင်များပါသောက်လို့ရတဲ့ သဘာဝအဆီကျ ဘရာဇီးကော်ဖီ
Brazilian Arabica Coffee🙆🙆

ဝိတ်ထိန်းလိုသူဝိတ်ချလိုသူများအတွက် Side Effect လုံးဝမရှိဘဲဝိတ်ကျစေတဲ့ အကောင်းဆုံးအဆီချကော်ဖီလေးဖြစ်ပါတယ်😍😍

Brazilian Arabica coffee ကပေးတဲ့အကျိုးအာနိသင်တွေကတော့

ဝိတ်ကျစေခြင်း
ဝိတ်မတက်စေရန်ထိန်းညှိပေးခြင်း
ကော်လာဂျင်ပါဝင်လို့ ကော်ဖီသောက်ရင်း အသားအရေတင်းရင်းစေပြီး အိုမင်းရင့်ရော်မှုတွေကိုလျှော့ချပေးနိုင်ခြင်း
သွေးထဲကအဆီဓာတ်ကိုထိန်းညှိပေးပြီး သွေးချိုဆီးချိုကာကွယ်ပေးနိုင်ခြင်း
အစာအိမ်အူလမ်းကြောင်းမှာကပ်ညိနေတဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးပြီး
ဝမ်းမှန်စေခြင်း
အူမကြီးကင်ဆာကိုကာကွယ်နိုင်ခြင်း
ရင်တုန်မှုကင်းဝေးခြင်း
အရိုးအဆစ်သန်မာခြင်း
စတဲ့အကျိုးကျေးဇူးများရရှိစေနိုင်ပါတယ်

😋အရသာကလည်းဘာကော်ဖီနှင့်မှမယှဉ်သာအောင်ကောင်းမွန်ပြီး

ကျန်းမာရေးအတွက်အလွန်အထောက်အကူပြုပေးတဲ့ ကော်ဖီလေးပါ

သောက်သုံးရန်အညွှန်းကတော့

😍အဆီကျပိန်ချင်သူများအတွက် မနက်စာမစားမီ၁၅မိနစ်အလိုတွင်တစ်ထုပ်🙆🙆😍

ညစာအစားထိုးကော်ဖီအဖြစ်တစ်ထုပ်
တစ်နေ့နှစ်ထုပ်သောက်နိုင်ပါတယ်

မှာယူပါက messenger သို့😊




#09454665668

Photos from Transform Ma Cho's post 02/11/2024

ကြက်သွန် စိုက်တဲ့တောင်သူတွေ အတွက်

"Transform မြေသြဇာ အသုံးပြုပုံ

- Transform 1 - 10 CC / ရေ 20 လီတာ ( 7 ) ရက်ဆယ်ရက် တစ်ကြိမ်ဖျန်းသွားပေးပါ

- Transform 1 - 10 CC ရေ 20 လီတာ

အဖူးပွင့်စလိုက်ချိန်တွင်
- Transform 1+2 {10cc+10cc}ရေ၂၀လီတာ

အသီးစလိုက်ချိန်တွင်

- Transform No 2 - 15 CC ရေ 20 လီတာဖြန်း
သုံးရန်

အသီးမသိမ်းခင် တစ်ပတ် ဆယ်ရက်လိုထိဖျန်းသွားပေးပါ

***မှတ်ချက်ရေမှုန်ရေမွှားဖြင့်သာဖြန်းရန်။****

ဝတ်မှုန်ကူးချိန်တွင်ဆေးဖျန်းခြင်းကိုရပ်နားထားရမည်

Transform သဘာဝမြေသြဇာကို အသုံးပြုလျှင်
T
အပင်အား ၊ အသီးအားကောင်းပြီး ပိုးကျသက်သာခြင်း၊

မှိုရောဂါကာကွယ်ခြင်း

အပင်တို့ရဲ့အစာချက်လုပ်ခြင်းအတွက် 24Hr လုပ်ဆောင်ပေးပါတယ်

Transform 1 ရဲ့့ နည်းပညာ က နာနိုအင်ဇိုင်း ဖြစ်ပါတယ်

#အပွင့်မြိုင်
#အသီးခိုင်
#အသီးထွား
#အရွက်စိမ်း
#အပင်သန်
#အဆိပ်အတောက်ကင်း
#ပါတ်ဝန်းကျင်အကျိုးပြု မှုနဲ့

Transform 2 ရဲ့ အပင်အတွက်ဖြည့်စွက်ဓါတ်စာ

#ပင်စည်အရွက်တို့မှမြန်စွာစိမ့်ဝင်ပြီး
#အပင်မှစားသောက်ရလွယ်ကူခြင်း
#လိုအပ်သောအာဟာရများသိမ်းဆည်းပေးနိုင်ခြင်း
#အထွက်နှုန်းတိုး
#ပါတ်ဝန်းကျင်အကျိုးပြု မှုများ
်းပညာဖြင့်ထုတ်လုပ်ထားမှု
#အပင်ရဲ့ဆဲလ်များအထိပို့ဆောင်ပေးမဲ့
#အထွက်နှုန်းတိုးစေ
#အပင်ကိုကောင်းစွာကြီးထွားစေမဲ့

Transformရဲ့ကောင်းကျိုးများ ဖြစ်ပါတယ်

Transform ရွက်ဖျန်းမြေသြဇာ ဖြန့်ချီရေး
ကုမ္ပဏီတိုက်ရိုက်
လက်လီလက်ကား
☎☎ 09454665668

မြန်မာတနိင်ငံလုံးပို့ပေးပါတယ်ရှင့်
တောင်သူကြီးများအားလုံးသီးနှံအထွတ်တိုးလို့ဈေးကောင်းရကြပါစေရှင့် 🙏🙏🙏


ုမ္ပဏီတိုက်ရိုက်ကိုယ်စားလှယ်

29/10/2024

တောင်သူတွေတွက်မရှိမဖြစ်ဆောင်ထားသင့်တဲ့ ဓာတုကင်းရွက်ဖြန်းမြေသြဇာ Transform ပါရှင်

Transform မြေသြဇာ အသုံးပြုပုံ (ပန်းမျိုးစုံ အညွန်း)

(မျိုးစေ့အား ရေတွင်စိမ်ရန်) အညွန့်စိမ်ရန်

- Transform 1 - 10 CC / ရေ 1 လီတာနှုန်း

(ပျိုးပင်အဆင့်)

- Transform 1 - 10 CC / ရေ 20 လီတာ ( 5 ) ရက်

(စိုက်ပြီး ပထမ ( 7 ) ရက်)

- Transform 1 - 10 CC ရေ 20 လီတာ
နောက် 20 CC ရေ 20 လီတာ ( 7 ) ရက်

(အရှိန်မြှင့်တင်စဉ်)

- Transform 1+2 - 10 CC / ရေ 20 လီတာ
ပန်းပွင့်အဖူးဖြစ်ပေါ်စဉ်

(အပင်သက်တမ်း 30 - 35 ရက်)

- Transform 2 - 10 CC / ရေ 20 လီတာ

(အသီးနုစွဲကပ်ချိန်)

- Transform 2 - 10 CC ရေ 20 လီတာ 7 ရက်

မှတ်ချက်ရေမှုန်ရေမွှားဖြင့်သာဖြန်းရန်။

Transform သဘာဝမြေသြဇာကို အသုံးပြုလျှင်

အပင်အား ၊ အသီးအားကောင်းပြီး ပိုးကျသက်သာခြင်း၊

မှိုရောဂါကာကွယ်ခြင်း

အခြားအားဆေး / မှိုဆေးများ အသုံးပြုစရာမလိုပဲ

ယခင်ကထက်ကုန်ကျစရိတ်သက်သာစေကာ သီးနှံများအောင်မြင်စေပါသည်။

အပင်တို့ရဲ့အစာချက်လုပ်ခြင်းအတွက် လုံးဝစိတ်မပူနဲ့တော့ Transform@24Hr

မိုးများအုံ့စိုင်း နေညိုမှိုင်းနေ၍ စိန်တစ်လုံးသရက်ကို - ပျ - မကျရေး အကြိုရေဖျန်းပေးရင်း
Transform 1 ရဲ့ နာနိုအင်ဇိုင်း
#အပွင့်မြိုင်
#အသီးခိုင်
#အသီးထွား
#အရွက်စိမ်း
#အပင်သန်
#အရင်းအနီးနည်း
#အဆိပ်အတောက်ကင်း
#ပါတ်ဝန်းကျင်အကျိုးပြု မှုနဲ့

Transform 2 ရဲ့ အပင်အတွက်ဖြည့်စွက်ဓါတ်စာ

#ပင်စည်အရွက်တို့မှမြန်စွာစိမ့်ဝင်ပြီး
#အပင်မှစားသောက်ရလွယ်ကူခြင်း
#လိုအပ်သောအာဟာရများသိမ်းဆည်းပေးနိုင်ခြင်း
#အထွက်နှုန်းတိုး
#ပါတ်ဝန်းကျင်အကျိုးပြု မှုများ
်းပညာဖြင့်ထုတ်လုပ်ထားမှု
#အပင်ရဲ့ဆဲလ်များအထိပို့ဆောင်ပေးမဲ့
#အထွက်နှုံးတိုးစေ
#အပင်ကိုကောင်းစွာကြီးထွားစေမဲ့

Transformရဲ့ကောင်းကျိုးများ ဖြစ်ပါတယ်

☎09454665668

🙏🏻 ကျေးဇူးတင်ပါတယ်ရှင် 🙏🏻

#မချို
ုမ္ပဏီတိုက်ရိုက်ကိုယ်စားလှယ်
#ပစ္စည်းရောက်ငွေချေပို့ပေးသည်

Photos from Transform Ma Cho's post 07/09/2024

စိုက်ပျိုးရေးဆေးတင်မဟုတ်ပါဘူးရှင့်SCMမှလူသုံးကုန်ပစ္စည်းအမျိုးမျိုးမှာယူနိုင်ပါတယ်ရှင့်
သွားတိုက်ဆေး Roolonအော်ဒါရပြီးမပို့နိုင်တာကလည်းလမ်းပန်းဆက်သွယ်ရေးလေးကြောင့်ပါနော်
ကာကာလေးများနားလည်ပေးစေချင်ပါတယ်ရှင့်

ုမ္မဏီတိုက်ရိုက်ကိုယ်စားလှယ်
☎09454665668(or)cb

23/08/2024

ပေါင်းသတ်ဆေး နှစ်စဉ်ဆက်တိုက်
အသုံးပြုမှုနှင့် အကျိုးဆက်များ

ပေါင်းသတ်ဆေးကို ဆက်တိုက်သုံးရင် မြေပျက်တယ်လို့ ပြောလေ့ရှိကြတယ်။

ပေါင်းသတ်ဆေးက မြေဆီလွှာဖွဲ့စည်းမှုကို တိုက်ရိုက်ပျက်စီးစေတာလားဆိုတော့ မပျက်စီးစေပါဘူး။
ဒါဖြင့် ဘာကြောင့်မြေပျက်တယ်လို့ဆိုပါသလဲ။ တကယ်လည်း ပေါင်းသတ်ဆေး (အထူးသဖြင့် ရွေးချယ်မဲ့နဲ့ မြေပေါ်ဖျန်းဆေးတွေ၊ သို့မဟုတ် တမျိုးထဲကို သီးနှံရာသီ ၃ ခုလောက် ဆက်တိုက်သုံးခဲ့ရင်) မြေကျွံတာ၊ မြေသားဖွဲ့စည်းပုံပျက်တာ၊ အပင်ယိုင်လဲလွယ်တာ၊ သီးနှံအပင်ပေါက်မှုထိခိုက်စေလာတာ၊ သီးနှံဖြစ်ထွန်းမှုအားနည်းလာလို့ အာဟာရသွင်းအားစုတွေ ခါတိုင်းထက် ပိုထည့်လာရတာ၊ ရောဂါကျရောက်မှုများလာတာ၊ မြေကြပ်လာတာ၊ ရေထိန်းနိုင်စွမ်းနည်းလာတာ စတဲ့အကျိုးဆက်တွေကတော့ တကယ်ဖြစ်လာနိုင်ပါတယ်။

ဒါဆိုရင် ပေါင်းသတ်ဆေးဆက်တိုက်သုံးခြင်းက မြေဆီလွှာကို တိုက်ရိုက်မပျက်စီးစေဘူးဆိုရင်တောင် သွယ်ဝိုက်သောနည်းလမ်းနဲ့ ပျက်စီးစေတယ်လို့ သဘောပေါက်ရတော့မှာပါ။
သွယ်ဝိုက်သောနည်းလမ်းဆိုတာ ဘယ်လိုအချက်တွေကြောင့်ဖြစ်နိုင်ပါသလဲ။

ပေါင်းသတ်ဆေးကို မြေပေါ်တိုက်ရိုက်ဖျန်းမှမြေပျက်နိုင်တာ၊ ပေါင်းပင်ပေါ်ဖျန်းရင်တော့ မြေကိုမထိခိုက်နိုင်ဘူးလို့ လွဲမှားသောယူဆချက်တွေလည်း ရှိတတ်ကြပါတယ်။
ပေါင်းပင်ပေါ်ဖျန်းတဲ့ဆေးကလည်း ထိသေဆေးမဟုတ်တဲ့ ပင်လုံးပြန့်အာနိသင်ဖြစ်ရင် ဆေးက ပေါင်းပင်အမြစ်ကတဆင့် မြေဆီလွှာကို ရောက်ပါတယ်။
နော်ဇယ်က ထွက်လာတဲ့ဆေးစက်သည် ပေါင်းပင်ပေါ်သာမက ပေါင်းမရှိတဲ့မြေကြီးပေါ်ကိုလည်း ကျနိုင်ပါတယ်။
ဆိုတော့
ပေါင်းသတ်ဆေးကို ဘယ်လိုပဲဖျန်းဖျန်း မြေပေါ်ကျနိုင်တဲ့ပမာဏက ရှိပြီးသားဖြစ်ပါတယ်။
ပေါင်းသတ်ဆေးများကို နော်ဇယ်ကနေပက်ဖျန်းလိုက်တဲ့နောက် သဘာဝပတ်ဝန်းကျင်ကို ထိတွေ့တဲ့အချိန်ကစပြီး ဓာတ်ပြိုကွဲမှု၊ ဓာတ်တိုး၊ ဓာတ်လျော့မှု စတဲ့ဖြစ်စဉ်များစွာဖြစ်ပြီး အာနိသင်ဖြစ်ပေါ်ကာ ပေါင်းပင်ကို သက်ရောက်အဆိပ်သင့်မှုဖြစ်စေပါတယ်။
ဒီဖြစ်စဉ်တွေဖြစ်ဖို့ အပူချိန်၊အစိုဓာတ်၊ မြေအမျိုးအစားစတဲ့အခြေအနေတွေပေါ်မူတည်သလို မြေကြီးထဲမှာရှိတဲ့ အနုဇီဝသက်ရှိတွေကထုတ်ပေးတဲ့ အင်ဇိုင်းတွေရဲ့အကူအညီက များစွာအရေးပါပါတယ်။

မြေကြီးထဲမှာ အနုဇီဝသက်ရှိတွေ ရှင်သန်ပွါးများမှုအများဆုံးနေရာသည် မြေရဲ့အပေါ်ဆုံးအလွှာဖြစ်တဲ့ မြေဆွေးအလွှာ၊ သစ်ဆွေးအလွှာနဲ့ root zone လို့ခေါ်တဲ့ အပင်တွေရဲ့ အမြစ်မွှားပတ်လည်မှာ နေထိုင်ကြပါတယ်။
အမြစ်ဇုံ rhizosphere မှာ ဘာကြောင့်အနုဇီဝသက်ရှိတွေပိုများနေတတ်ပါသလဲ။
အပင်ရဲ့အမြစ်ကနေထုတ်ပေးတဲ့ root exudates လို့ခေါ်တဲ့ စွန့်ထုတ်ဓာတ်များဟာ အနုဇီဝသက်ရှိတွေရဲ့ အသက်ရှုမှု၊ အောက်စီဂျင်အသုံးပြုနိုင်မှုအတွက် ပံ့ပိုးပေးခြင်းကြောင့်ဖြစ်ပါတယ်။

မြေကြီးထဲမှာအနုဇီဝသက်ရှိအမျိုးအစားပေါင်းများစွာရှင်သန်နေထိုင်ပါတယ်။
အမြစ်ဇုံမှာ တွေ့ရမှုများတဲ့ အကျိုးပြုအနုဇီဝသက်ရှိတွေမှာ အရေးပါတာတွေကတော့
Rhizobium လို့ခေါ်တဲ့ လေထုထဲကနိုက်ထရိုဂျင်ကို အပင်ကစားသုံးနိုင်တဲ့ပုံစံဖြစ်အောင် ဖမ်းယူဖြိုခွဲပြောင်းလဲပေးနိုင်တဲ့ ဘက်တီးရီးယား၊
မြေကြီးထဲမှာရှိတဲ့ ဆာလဖာကို အပင်ကစားသုံးနိုင်အောင်ပျော်ဝင်စေနိုင်သော/ဓာတ်တိုးစေနိုင်သော Thiobacillus spp. ဘက်တီးရီးယား၊ ဖော့စ်ဖရပ်စ်ကို ပျော်ဝင်စေနိုင်သော Pseudomonas spp. ဘက်တီးရီးယား၊ ပိုတက်စီယမ်ကို ပျော်ဝင်စေနိုင်သော Aspergillus sp. Penicillium sp. Yeast စတဲ့မှိုများ (ဒီနေရာမှာ အများစုက Aspergillus မှိုကို အပင်ရောဂါဖြစ်စေသက်ရှိလို့ သိထားကြပါတယ်။

သို့သော် မျိုးစိတ်များစွာရှိတာကြောင့် အချို့ Aspergillus မျိုးစိတ်သည် အပင်ရောဂါ(မှိုအဆိပ်ထုတ်နိုင်သော) ဖြစ်စေမှိုဖြစ်ပြီး အချို့မျိုးစိတ်ကတော့ အကျိုးပြုတဲ့အမျိုးအစားဖြစ်ပါတယ်။

အလားတူပါပဲ Penecillium ကို အကျိုးပြုမှိုလို့သိထားကြပေမယ့် အချို့မျိုးစိတ်ကတော့ အပင်ကို ရောဂါဖြစ်စေပါတယ်)။
အမြစ်ဇုံမှာ တွေ့ရများတဲ့ အခြားအကျိုးပြုအနုဇီဝသက်ရှိတွေကတော့ actenomycetes, streptomycin, mycorrhiza, cellulose စတဲ့ အမျိုးအစားပေါင်းများစွာဖြစ်ပါတယ်။

ဒီအနုဇီဝသက်ရှိတွေဟာ မြေကြီးထဲကအာဟာရကို အပင်က စားသုံးနိုင်အောင် ပျော်ဝင်စေခြင်းနဲ့ကူညီပေးတာအပြင် မြေသားဖွဲ့စည်းပုံကောင်းမွန်စေရေး၊ အမြစ်စဉ်အင်အားကောင်းမွန်စေရေး၊ မြေတွင်း အောက်စီဂျင်လှည့်ပတ်မှု၊ အသုံးပြုလိုက်တဲ့ဓာတုဆေးတွေပြိုကွဲမှု၊ အင်ဇိုင်းလုပ်ငန်းစဉ်များ၊ မြေသားပေါ်ရှိ ပင်ကြွင်းပင်ကျန်များဆွေးမြေ့စေမှု စတဲ့ အခြေအနေများစွာအတွက် မရှိမဖြစ် အရေးပါတဲ့ကဏ္ဍမှာ ရှိနေပါတယ်။

ဒါ့အပြင် ပေါင်းသတ်ဆေးသည် မူလ AI ရဲ့ အက်ဆစ်ပုံစံကို အခြေခံပြီးထုတ်ထားတဲ့ အဆိပ်ဖြစ်ခြင်းကြောင့် ပေါင်းပင်ကိုသေစေသလို မြေကြီးထဲက အကျိုးပြုအနုဇီဝသက်ရှိတွေကိုလည်း အဆိပ်သင့်စေပါတယ်။
ပြောရရင် ပြိုကွဲဖို့ အနုဇီဝသက်ရှိကထုတ်တဲ့အင်ဇိုင်းကိုလည်းအသုံးချသလို အဆိပ်လည်းသင့်စေတဲ့ အခြေအနေပါ။

ပေါင်းသတ်ဆေးကို ဆက်တိုက်သုံးစွဲလာတဲ့အခါ မြေကိုတိုက်ရိုက်ပျက်စေတာမဟုတ်ပဲ မြေကိုအကျိုးပြုစေတဲ့ အနုဇီဝသက်ရှိဦးရေကို ထိခိုက်စေတာကြောင့် မြေရဲ့ဖွဲ့စည်းပုံပျက်၊ မြေဆီလွှာကျန်းမာရေးထိခိုက်ပြီး ကနဦးဖော်ပြခဲ့တဲ့ ဆိုးကျိုးရလဒ်တွေကို ဖြစ်စေတာပါ။

ဒါဆိုရင် ပေါင်းသတ်ဆေးတမျိုးဟာ အနုဇီဝသက်ရှိအားလုံးကို ထိခိုက်စေသလားလို့ ထင်စရာရှိပါတယ်။
ဆေးတိုင်းက ထိခိုက်စေနိုင်ပေမယ့် ဆေးအမျိုးအစားအလိုက် ပိုမိုထိခိုက်စေသော အနုဇီဝသက်ရှိအမျိုးအစားကွာခြားချက်ရှိပါတယ်။
ရွေးချယ်မဲ့အာနိသင်ရှိသောဆေးများကြောင့် Rhizobium, Pseudomonas ဘက်တီးရီးယာများထိခိုက်မှုပိုများပြီး အခြားဆေးအများစုကတော့ P နဲ့ K အပေါ် အရေးပါသော အနုဇီဝသက်ရှိကို သိသိသာသာထိခိုက်စေတယ်လို့ လေ့လာမှုများကဆိုပါတယ်။

N, P, K, Ca, Mg, S မမျှတမှုသည် အပင်ရောဂါပြင်းထန်မှုကို အားပေးစေနိုင်ပါတယ်။
အထူးသဖြင့် P, K, Ca နဲ့ Mg ချို့တဲ့ရင် သို့မဟုတ် မြေထဲမှာလုံလောက်သော်လည်း အပင်က မစားသုံးနိုင်လျှင် မြေဆောင်ရောဂါကျခဲ့ပါက ပြင်းထန်နိုင်ပါတယ်။
ဒီအာဟာရတွေကို အပင်က စားသုံးနိုင်အောင် ပျော်ဝင်စေဖို့ ကူညီတာက အနုဇီဝသက်ရှိတွေပါ။
ပေါင်းသတ်ဆေးကြောင့် အနုဇီဝသက်ရှိဦးရေ နည်းသွားရင် P,K, Ca,Mg ကို အပင်က စားသုံးဖို့ခက်ပါမယ်။
အပင်က အာဟာရလုံလောက်မျှတစွာမစားရရင် ရောဂါကျရောက်မှုပြင်းထန်ပါမယ်။
ပေါင်းသတ်ဆေးမပျော်ဝင်တာကြောင့် မြေထဲမှာ ဓာတ်ကြွင်းများပါမယ်၊ သီးနှံဖြစ်ထွန်းမှုထိခိုက်ပါမယ်၊ မြေသားဖွဲ့စည်းပုံပျက်ပါမယ်၊ မြေကြပ်ပါမယ်၊ အမြစ်ကမြေသားကို ကုပ်တွယ်နိုင်စွမ်းနည်းပါမယ်၊ အမြစ်အင်အားနည်းပါမယ်၊ အပင်ယိုင်လဲလွယ်ပါမယ်။

ဒါတွေကို ခြုံငုံလိုက်ရင် အဓိက ပေါင်းသတ်ဆေးကို စနစ်တကျမသုံးတာက အရင်းအမြစ်ဖြစ်ပါတယ်။
ဒါကြောင့် ယခုနှစ်မိုးရာသီမှာ သတိပေးလိုပါတယ်။
စပါးမှာ ပေါင်းသတ်ဆေးကို စနစ်တကျသုံးမှ၊ ယခင်က သုံးခဲ့တာကို ဆက်တိုက်မသုံးမှ ပဲမှာ အခြေအနေကောင်းမှာပါ။
မြေဆီလွှာကျန်းမာမှာပါ။

အနုဇီဝသက်ရှိဦးရေလျော့နည်းတာကို ချက်ခြင်းပြန်ဖြည့်ဖို့ နည်းလမ်းမရှိပါဘူး။
အချိန်ကာလအတိုင်းအတာတစ်ခုယူပြီး ဖြေးဖြေးခြင်းပြန်လည်အားယူရပါတယ်။
ဒီကာလထဲမှာ သီးနှံအထွက်လျော့တာ၊ ဓာတုဆေးတွေကို ဆက်မသုံးပဲ နေလို့မရတာကြောင့် ရေရှည်နိုင်ပါတယ်။
စနစ်တကျနဲ့ အသိပညာ၊ လိုက်နာဆောင်ရွက်မှု အလွန်အရေးကြီးပါတယ်။

Dr. DaDa
Ph. D Entomology
သီးနှံကာကွယ်ရေးဆိုင်ရာ အထွေထွေဗဟုသုတများ Page မှ ကူးယူဖော်ပြပါသည်။

09/08/2024

ပေါင်းသတ်ဆေးသည် အပင်ကိုသတ်သော ဆေးဖြစ်သဖြ င့် သုံးစွဲသူအနေဖြင့် ပေါင်းသတ်ဆေးနှင့် ပတ်သက်သော အခြေခံဗဟုသုတရှိရန် လိုပါသည်။
____________________

ပေါင်းပင်များကို နှိမ်နင်းနိုင်သည့်နည်းလမ်းများ

ပေါင်းပင်များသည် သီးနှံပင်နှင့် ရေ၊ အာဟာရဓာတ်၊ နေရောင်ခြည်တို့ကို ရယူယှဥ်ပြိုင်ကြသဖြ င့် သီးနှံပင်များ၏ အထွက်နှုန်းကို များစွာထိခိုက်စေပါသည်။ သီးနှံအရည်အသွေးကိုလည်း ကျဆင်းစေပါသည်။ ပေါင်းပင်များရှိနေခြင်းသည် ရောဂါပိုးမွှားတို့၏ ခိုအောင်းရာ နေရာသဖွယ် ဖြစ်စေပါသည်။ ပေါင်းပင်များမှ ဓာတုပစ္စည်းများထုတ်လုပ်ခြင်းဖြင့်လည်း သီးနှံပင်များကို ဒုက္ခဖြစ်စေပါသည်။

ထို့ကြောင့် ပေါင်းပင်များကို နှိမ်နင်းရာတွင်

(က) ထွန်ထယ်များဖြင့် မြေပြင်ခြ င်း

မိုးဦးကျသည်နှင့်တစ်ပြိုင်နက် ထွန်၊ ထယ်များဖြ င့် မြေကိုထိုးဆွပေးလျှင် ပေါင်းမျိုးစေ့များ ပေါက်လာစေပါသည်။ ထိုပေါက်လာသောပေါင်းပင်များကို ထပ်မံထွန်မွှေပေးခြင်းဖြင့်ဖျက်ဆီးပစ်ရပါမည်။ သီးနှံရိတ်သိမ်းပြီးလျှင်ပြီးခြင်း ထယ်ကို အခါအားလျော်စွာ ကြိမ်ဖန် များစွာ ထိုးပေးခြင်းဖြင့် ပေါင်းကိုနှိမ်နင်းနိုင်ပါသည်။

(ခ) လက်ဖြင့်နှုတ်ယူခြင်း

လက်ပေါင်းလိုက်ခြင်းသည် လက်သုံးကိရိယာငယ်တစ်ခုခုကို အသုံးပြုပြီး ပေါင်းနှိမ်နင်းခြင်း ဖြစ်သည်။ လက်ပေါင်းလိုက်ခြင်းဖြ င့် ပေါင်းပင်ငယ်များနှင့် အလွယ်တကူဆွဲနှုတ်နိုင်သည်။ တစ်နှစ်ခံပင်များအတွက် ထိရောက်မှုရှိသော်လည်း နှစ်ရှည်ခံပေါင်းပင်များကိုမူ ထိရောက်မှုမရှိပါ။

*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

(ဂ) စိုက်ခင်းကို ကြားလိုက်ခြ င်း

အတန်းလိုက်စိုက်ထားသော သီးနှံခင်းများတွင် ကြားလိုက်ကိရိယာများကို အသုံးပြုခြင်းဖြင့် အတန်းကြားတွင် ပေါက်သောပေါင်းပင်များကို နှိမ်နင်းနိုင်ပါသည်။ လက်တွန်းဘီးတပ်ပေါင်းလိုက်ကိရိယာများ၊ တိရစ္ဆာန်ဆွဲပေါင်းလိုက်ကိရိယာများနှင့် လယ်ထွန်စက်တပ်ပေါင်းလိုက်ကိရိယာများကို အသုံးပြုပါက ထိရောက်မှုရှိပြီး မြန်မြန်ဆန်ဆန် လုပ်ငန်းပြီးမြောက်ပါသည်။ အချိန်မီ ပေါင်းရှင်းနိုင်သဖြင့် သီးနှံအထွက်နှုန်း တိုးတက်စေပါသည်။

(ဃ) ရေဖြင့်လွှမ်း၍ကာကွယ်နှိမ်နင်းခြင်း

စိုက်ခင်းကို ရေလွှမ်းထားခြင်းအားဖြ င့် အချို့သောပါင်းပင်များ၏ ကြီးထွားမှုကိုလျော့နည်းကစပြီး တဖြည်းဖြည်း အပင်များဝါလာကာ သေကျေပျက်ဆီးစေပါသည်။ ထို့အပြင် လယ်စပါးတွင် ရေလွှမ်းပေးခြင်းဖြင့် ပေါင်းစေ့များမပေါက်အောင် ဆောင်ရွက်နိုင်ပါသည်။သို့သော် ဤနည်းသည် ရေကြိုက်သော ပေါင်းပင်များအတွက် ထိရောက်မှုမရှိပါ။

(င) မီးရှို့၍နှိမ်နင်းခြင်း

ပေါင်းသတ်လောင်မီး (Flame Gun) ကိုအသုံးပြုပြီး သီးနှံစိုက်ခင်းများတွင် နုနယ်သော ပေါင်းပင်များကို သတ်ကြသည်။ အပင်များ ချက်ချင်းပင် နွမ်းပြီးလောင်ကျွမ်းသွားသဖြင့် အလွန်ထိရောက်သောနည်းဖြစ်သည်။ သီးနှံမစိုက်ပျိုးမီအချိန်၌လည်း စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များ၊ အပင်အကြွင်းအကျန်များနှင့် အမှိုက်သရိုက်များကို မီးရှို့၍ထိရောက်စွာနှိမ်နင်းနိုင်ပါသည်။

(စ) သီးနှံအလှည့်ကျစိုက်ပျိုးခြင်း

သီးနှံတစ်ခုတည်း ဆက်တိုက်စိုက်ပျိုးပါက ပေါက်ရောက်သော ပေါင်းမျိုးစိတ်များသည် သီးလှည့်စနစ်ဖြင့် စိုက်ပျိုးသောအခါ ပြောင်းလဲသွားပါသည်။ ထို့ကြောင့် သီးနှံအလိုက် ဒွန်တွဲပေါက်ရောက်တတ်သော ဆိုးရွားသည့်ပေါင်းပင်များ ပေါက်ရောက်မှုကို သီးလှည့်စိုက်စနစ်ဖြင့် ဟန့်တားနှိမ်နင်းနိုင်ပါသည်။

*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

(ဆ) ဇီဝနည်းဖြင့်နှိမ်နင်းခြ င်း

ဇီဝနည်းဖြင့်ပေါင်းနှိမ်နင်းခြင်းဆိုသည်မှာ အင်းဆက်ပိုးများ၊ ပင့်ကူနီများ၊ မှိုများ၊ တီပိုး၊ ဘက်တီးရီးယားများ၊ ငါး၊ နို့တိုက်သတ္တဝါ၊ ငှက်နှင့် ဘဲများ စသည့်သက်ရှိများကို အသုံးပြု၍ ပေါင်းကိုနှိမ်နင်းခြင်းဖြစ်သည်။

(ဇ) ပေါင်းသတ်ဆေးဖြင့်နှိမ်နင်းခြင်း

ဓာတုပေါင်းသတ်ဆေးများကို အသုံးပြု၍ ပေါင်းကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။ သို့သော် ပေါင်းသတ်ဆေးသည် အပင်ကိုသတ်သော ဆေးဖြစ်သဖြ င့် သုံးစွဲသူအနေဖြင့် ပေါင်းသတ်ကဆးနှင့် ပတ်သက်သော အခြေခံဗဟုသုတရှိရန် လိုပါသည်။

သို့မှသာ သီးနှံပင်ကို မထိခိုက်စေဘဲ ပေါင်းကိုထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်မည်ဖြစ်ပါသည်။ အချို့ပေါင်းသတ်ဆေးများသည် အပင်များကိုရွေးချယ်သတ်နိုင်ပြီး အချို့မှာ အပင်အားလုံးကို သေစေနိုင်ပါသည်။

အချို့မှာ လူနှင့်ကျွဲ၊ နွားများကိုပါ အဆိပ်ဖြစ်စေသဖြင့် အသုံးပြုရာတွင် လေ့လာပြီးမှဆင်ခြင်၍ အသုံးပြုသင့်ပါသည်။ ပေါင်းသတ်ဆေးအသုံးပြုရာတွင် ဆေးအမျိုးအစား၊ ဆေးနှုန်းထား၊ ဆေးပက်ဖျန်းပုံ၊ ပတ်ဝန်းကျင်အခြေအနေ၊ ပေါင်းပင်နှင့် သီးနှံပင်တို့၏ အပင်ကြီးထွားမှုအဆင့်၊ ပေါင်းပင်အမျိုးအစား စသည်တို့ မှန်ကန်ရပါမည်။

ပေါင်းသတ်ဆေးအမျိုးအစားများ

ပေါင်းသတ်ဆေးကို အမျိုးအစားခွဲခြားရာ၌ အပင်ပေါ်အကျိုးသက်ရောက်မှုကိုကြည့်၍လည်းကောင်း၊ ဓာတုဖွဲ့စည်းပုံကို ကြည့်၍လည်းကောင်း ခွဲခြားပါသည်။

*စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲမှာ မေးပါ*

စိုက်ပျိုးရေးပညာရှင်များက ပထမအချက်ကိုကြည့်၍ အောက်ပါအတိုင်းခွဲခြားပါသည်။

က။ အညွန့် သို့မဟုတ် မြေပေါ်အစိတ်အပိုင်းများကို ပက်ဖျန်းသည့် ပေါင်းသတ်ဆေး (Foliar Applied Herbicide)
ခ။ မြေတွင်းထည့်သွင်း၍ အသုံးပြုရသော ပေါင်းသတ်ဆေး (Soil Applied Herbicide)
ဂ။ ရွေးချယ်အာနိသင်ရှိသော ပေါင်းသတ်ဆေး(Selective Herbicide)
ဃ။ ရွေးချယ်အာနိသင်မရှိသော ပေါင်းသတ်ဆေး (Non Selective Herbicide)
င။ အပင်မစိုက်မီ စိုက်ခင်းအတွင်းရှိသော ပေါင်းပင်များကို ပက်ဖျန်းရသော ပေါင်းသတ်ဆေး (Pre-plant Herbicide)

စ။ မျိုးစေ့ချပြီး အပင်မပေါက်မီ မြေပေါ်ပက်ဖျန်းရသော ပေါင်းသတ်ဆေး (Pre-emergence Herbicide)
ဆ။ သီးနှံပင်နှင့် ပေါင်းပင်များပေါက်ရောက်ပြီးမှ ပက်ဖျန်းရသော ပေါင်းသတ်ဆေး (Post-emergence Herbicide)
ဇ။ ဆေးနှင့်ထိတွေ့သော အပင်အစိတ်အပိုင်းများကိုသာ သေစေနိုင်သော ပေါင်းသတ်ဆေး(ထိတွေ့သောပေါင်းသတ်ဆေး- Contact Herbicide)
စျ။ ဆေးနှင့်ထိတွေ့သော အပင်အစိတ်အပိုင်းများမှတစ်ဆင့် တစ်ပင်လုံးပျံ့နှံ့သော ပေါင်းသတ်ဆေး (ပင်လုံးပြန့်ပေါင်းသတ်ဆေး- Systemic Herbicide)

Crd #ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#စိုက်ပျိုးရေး
#အစိမ်းရောင်လမ်း

#ပေါင်းပင်

19/07/2024

မြေချဉ်ခြင်းကြောင့် သင့်စိုက်ခင်းမှာ ဒီလို နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

- ဓာတ်မြေသြဇာတွေကို သီးနှံပင်က အပြည့်အဝ မရယူနိုင်ခြင်း

-အပင်တွေကွက်ကြားကွက်ကြားသေခြင်း

- အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေပေါများခြင်းကြောင့် သီးနှံပင်များ ကြီးထွားမှုရပ်တန့်ပြီး ထိုင်နေခြင်း၊သံဆိပ်သင့်ပြီး နီတိုဖြစ်ခြင်း၊ အမြစ်များမည်းပုပ်ခြင်း

- စျေးကြီးပေးဝယ်ထားတဲ့ ဓာတ်မြေသြဇာတွေကို ရေညှိ/သကန်များက စားသွားခြင်း

- မြေချဉ်ခြင်းကြောင့် အကျိုးပြုအဏုဇီဝတွေ ဆုံးရှုံးသွားပြီး မြေဆီလွှာအရည်အသွေး ကျဆင်းသွားခြင်း

မြေချဉ်ခြင်းက ပေါ့ပေါ့လေးတွေးရမယ့် ပြဿနာမဟုတ်ဘူးဆိုတာ ဒီအချက်တွေကိုကြည့်ပြီး သိနိုင်မယ်ထင်ပါတယ်နော်။

တကယ်လို့ မြေချဉ်ခြင်းကိုသာ အချိန်မီမပြုပြင်ဘူးဆိုရင် မြေဆီလွှာက ရေရှည်မှာ စိုက်ပျိုးလို့မရနိုင်တော့တာမျိုး ဖြစ်နိုင်ပါတယ်။

ကိုယ့်စိုက်မြေကို နဂိုအတိုင်းပြန်လည်ကောင်းမွန်ဖို့ဆိုရင်ကျမတို့မှာ ရွေးချယ်စရာ၃ခု ရှိပါတယ်

၁- ဘာမှမစိုက်ဘဲ နှစ်ကာလကြာရှည်စွာမြေလှပ်ထားခြင်း

၂- နွားချေး ကြက်ချေး ချထားပီး၂နှစ်လောက်စောင့်ဆိုင်းခြင်း

၃- ထိုင်းနိုင်ငံကနေ တရားဝင်ဖြန့်ချီထားတဲ့၂ရက်အတွင်းမြေကိုပြုပြင်ပေးသော မြေပြင်မှုန့်ထုပ်ကိုသုံးစွဲခြင်း

ဒီနည်းလမ်းတွေကိုသုံးလို့ရပါတယ်နော်

ပျက်အစဉ် ပြင်ခဏ…တဲ့။
ပြဿနာရှိရင် အဖြေဆိုတာ ရှိစမြဲမို့ ခုပြောနေတဲ့ မြေချဉ်ခြင်းကို ဖြေရှင်းဖို့ Transform Soil(မြေပြင်မှုန့်) ရှိနေပီနော်

တကယ်လို့မြေပြင်မှုန့်ထုပ်ကိုမှာချင်တယ်ဆိုရင်တော့

☎095454665668

ကိုဆက်သွယ်လိုက်ပါရှင်
၃ဧကစာတစ်ထုပ် ၄၈၀၀၀ ကျပ်


ုမ္ပဏီတိုက်ရိုက်ကိုယ်စားလှယ်

Want your business to be the top-listed Beauty Salon in Pakokku?
Click here to claim your Sponsored Listing.

Category

Website

Address


Pakokku